ဦးပိုင် လီမိတက် ဘာလဲ | ဧရာဝတီ
သတင်း

ဦးပိုင် လီမိတက် ဘာလဲ

Hits:1
  | |

နိုဝင်ဘာလ ၃၀ ရက်နေ့ ညနေက ရန်ကုန်မြို့ ဦးပိုင် လီမိတက်ရှေ့တွင် လက်ပံတောင်း သပိတ် အကြမ်းဖက် ဖြိုခွင်းမှုအတွက် ဆန္ဒပြပြီး တောင်းဆိုချက်များ ထုတ်ဖော်စဉ် (ဓာတ်ပုံ – ကောင်းညီဟန် / ဧရာဝတီ)

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေး သပိတ်စခန်းဖွင့်ကာ ဆန္ဒထုတ်ဖော်နေကြသည့် သံဃာတော်များနှင့် ဒေသခံပြည်သူများအား နိုဝင်ဘာလ ၂၉ ရက်နေ့၌ အင်အားသုံး အကြမ်းဖက် ဆောင်ရွက်ခဲ့မှုတွင် စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်လည်း ပါဝင်ပတ်သက်နေသည်။

အဘယ်ကြောင့်ဆိုသော် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို တရုတ်နိုင်ငံမှ ၀မ်ပေါင်ကုမ္ပဏီနှင့် ဦးပိုင်လီမိတက်တို့ အကျိုးတူ ပူးပေါင်းလုပ်ဆောင်နေခြင်းကြောင့် ဖြစ်သည်။ စစ်ဗိုလ်ချုပ်ကြီးများ ဦးစီးသည့် စီးပွားရေး ဦးပိုင်လီမီတက်သည် ကြေးနီစီမံကိန်းကြီး အပြင် မြန်မာနိုင်ငံ၏ အဓိကျသည့် စီးပွားရေးလုပ်ငန်း အများအပြားကိုလည်း ပိုင်ဆိုင်လုပ်ကိုင်လျက် ရှိသည်။

ထိုစီမံကိန်းသည် စစ်တပ်အတွက် အရေးပါသည့် စီမံကိန်းဖြစ်ပြီး စစ်တပ်မှ အငြိမ်းစားယူထားသည့် ရဲဘော်မိသားစုများအတွက် ဖြစ်ကြောင်းလည်း ကာကွယ်ရေး ၀န်ကြီး ဒု ဗိုလ်ချုပ်ကြီး ဝေလွင်က ပြီးခဲ့သည့် သီတင်းပတ်က ပြည်ထောင်စုလွှတ်တော် ၌ ဖြေဆို ခဲ့သေးသည်။

ထိုစီမံကိန်းသည် စစ်တပ်ပိုင် ဦးပိုင် လီမိတက်နှင့်တရုတ်နိုင်ငံတို့အကြား အကျိုးတူ ပူးပေါင်းလုပ်ဆောင်နေခြင်းကြောင့် မျက်နှာမပျက်စေလိုကြောင်း ဒု ဗိုလ်ချုပ်ကြီး ဝေလွင်က ကြေးနီစီမံကိန်းနှင့်ပ တ်သက်၍ ဖြေဆိုသွားသည်။

ဦးပိုင် လီမီတက်အား ၁၉၉၀ ပြည့်နှစ်တွင် ယခင်စစ်အစိုးရ၏ စစ်တပ်အကြီးအကဲများ ဦးဆောင်၍ ဖွဲ့စည်းတည်ထောင်ခဲ့ခြင်း ဖြစ်ပြီး ရည်ရွယ်ချက်မှာ တပ်မတော်သားများနှင့် မိသားစုဝင်များ၊ တပ်မတော် အငြိမ်းစားများ စားဝတ်နေရေး ပြေလည်စေရန်ဟု သိရသည်။ ဦးပိုင်၏ လက်ရှိ ဥက္ကဋ္ဌ မှာ စစ်ရေးချုပ် ဒု ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး ဖြစ်ပြီး၊ လက်ရှိ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးလည်း ဦးပိုင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သေးသည်။

ဦးပိုင် လီမိတက်သည်  ဗန္ဓုလ သယ်ယူပို့ဆောင်ရေး လုပ်ငန်း၊ ကျောက်မျက်၊ သတ္တု တူးဖော်ရေး လုပ်ငန်းများ၊ ရေနံတူးဖော်ရေး၊ သဘာဝဓာတ်ငွေ့ ရှာဖွေရေး၊ မွေးမြူရေး၊ စိုက်ပျိုးရေး၊ ရေလုပ်ငန်း၊ ခရီးသွားလုပ်ငန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းများ၊ ဘဏ်လုပ်ငန်းများ စသည်ဖြင့် လုပ်ငန်းအများ အပြားကိုလည်း ကုမ္ပဏီပေါင်း ၅၀ ၀န်းကျင်ဖြင့် လုပ်ဆောင်နေကြောင်း မောင်အောင်မျိုး ရေးသားသည့် Building the Tatmadaw: Myanmar Armed Forces Since 1948 စာအုပ်တွင် ဖော်ပြထားသည်။

ထို့အတူ ကြယ်ငါးပွင့်သဘောင်္လိုင်း၊ ပြည်တွင်းရေကြောင်းပိုင် လုပ်ငန်းတချို့၊ လောင်စာဆီ အရောင်းဆိုင်များ၊ ပြည်ပမှ ကားတင်သွင်းခွင့် ပါမစ်များနှင့် တခြားသော စီးပွားရေးလုပ်ငန်း အများအပြားကိုလည်း ပိုင်ဆိုင်ထားကြောင်း ၀ီကီလိ(ခ်) အင်တာနက်စာ မျက်နှာ၌ ဖော်ပြထားသည်။ အလားတူ ပြည်ပ ဆန်တင်ပို့မှု၏ ၄၀ ရာခိုင်နှုန်းကိုလည်း ဦးပိုင် လီမိတက်က တင်ပို့ခွင့် ရရှိထားသည်။

ဘီယာချက်စက်ရုံ၊ စီးကရက်စက်ရုံ၊ သောက်ရေသန့် ထုတ်လုပ်ရေး လုပ်ငန်းများ၊ သကြားစက်၊ ပလတ်စတစ် ထုတ်လုပ်သည့် စက်ရုံလုပ်ငန်းများလည်း လုပ်ကိုင်ထားသည်။ ထိုသို့ စီးပွားရေးလုပ်ငန်း အများစုကို လုပ်ကိုင်ဆောင်ရွက်နေသော်လည်း စစ်ဗိုလ်ချုပ်ကြီးများ ဦးစီးနေခြင်းကြောင့် ထိုလုပ်ငန်းများနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှုလည်း မရှိပေ။

မြန်မာအစိုးရသည် ၂၀၁၁ ခုနှစ်မှစ၍ အခွန်တိမ်းရှောင်မှု ပပျောက်စေရန် ဆောင်ရွက်နေသော်လည်း နိုင်ငံတော် အဖွဲ့အစည်းများနှင့် စီးပွားရေး ဦးပိုင်လီမီတက်သည် အခွန်ပေးဆောင်ရန် မလိုအပ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာန ညွန်ကြားရေးမှူး ဦးအောင်မိုးကြည်က ၂၀၁၁ ခုနှစ်  နှစ်ဆန်းပိုင်းတွင် ဧရာဝတီသို့ ပြောဆိုခဲ့သည်။

ဦးပိုင် လီမီတက်သည် စစ်အစိုးရလက်ထက် နိုင်ငံ၏ စီးပွားရေး လုပ်ငန်းအများအပြားကို ဦးစီးထားပြီး လက်ရှိ ဦးသိန်းစိန် အစိုးရ လက်ထက်တွင်လည်း ထိုလုပ်ငန်းများကို လက်ဝါးကြီးအုပ် ချူပ်ကိုင်ထားဆဲ ဖြစ်သည်။ စင်ကာပူနှင့် တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံ ထားသည့် စီပွားရေး လုပ်ငန်းအများစုနှင့် အကျိုးတူ ပူးပေါင်းလုပ်ကိုင်နေကြောင်း ၀ီကီလိ(ခ်) ၌ ဖော်ပြထားသည်။

ကာကွယ်ရေး ၀န်ကြီး ဒု ဗိုလ်ချုပ်ကြီး ဝေလွင်ပြောသကဲ့သို့ ဦးပိုင်နှင့် ကြေးနီစီမံကိန်းသည် တပ်မတော် အောက်ခြေရဲဘော်များ၊ အငြိမ်းစား တပ်မတော်သားများ မိသားစုများ၏ သက်သာချောင်ချိရေးအတွက် ဖွဲ့စည်းထားခြင်းဟု ပြောဆိုနေသည့်တိုင် အမှန်တကယ် အကျိုးအမြတ် ခံစားနေသူများမှာ တပ်မတော်၏ ထိပ်ပိုင်း ခေါင်းဆောင်များသာ ဖြစ်ကြောင်း သိရသည်။

တပ်ရင်းတခုလျှင် ကျပ်ငွေသိန်း ၂၀၀ မှ ၃၀၀ စီ ထည့်ဝင်ရကြောင်း၊ ထိုသို့ ထည့်ဝင်နိုင်ရန်အတွက် အောက်ခြေရဲဘော်များက အစ တပ်မတော်သားများ၏ လစာထဲမှ စုငွေအဖြစ် လစဉ် ဖြတ်တောက်သည့်အတွက် လစာကျပ်ငွေ တသိန်းအောက်သာ ရရှိသည့် ရဲဘော် မိသားစုများမှာစားဝတ်နေရေး ကျပ်တည်းလေ့ရှိသည်ဟု စစ်တပ်အသိုင်းအ၀ိုင်းက ပြောသည်။

ဦးပိုင် လီမိတက်သည် ၂၀၀၇ ခုနှစ်တွင် ရင်းနှီးမှုရန်ပုံငွေ ကျပ်သန်းပေါင်း ၄၀၀၀၀ အထိခွင့်ပြုခဲ့ကြောင်း မောင်အောင်မျိုး၏ စာအုပ်၌ ရေးသားထားသည်။ ရှယ်ယာထည့်ဝင်ရသည့် တပ်ရင်းများအတွက် အကျိုးအမြတ်ငွေကို ရှယ်ယာအများစု ထည့်ဝင်သည့်သူများအား နှစ်စဉ်ထုတ်ပေးကြောင်းလည်း သိရသည်။


WSJ LIVE VIDEO:

27 Responses

Leave a Reply

  1. ဦး – ဆိုတာလေးတွေ့တော့ လူဦးမင်းနဲ့ ဖိုးသူတော်ဦးမင်းအကြောင်းသွားသတိရမိတယ်။ သူ တို့နှစ်ယောက်ကလည်း စကားပြောအင်မတန်လည်တာကိုး။ အခုလည်း တပ်မတော်သားများ
    နှင့် မိသားစုဝင်များ၊ တပ်မတော် အငြိမ်းစားများအတွက်လို့ပြောပြန်တာပါဘဲ။ ကန်ဇွန်းရွက် စိုက်စားနေရတဲ့ တပ်မတော်သားတွေ၊ အိမ်ကသမီးလေး မကောင်းတာ လုပ်စားနေရတဲ့ တပ်မ
    တော် အငြိမ်းစားတွေကို ဘယ်ချောင်များသွာထားပါလိမ့်။ ဒီအထဲမှာ ဘဘကြီးဆိုသူတွေတော့ ဘယ်ပါလိမ့်မတုန်း။

    • ငါတို့မိန်းမတွေကိုငါတို့အတတ်နိုင်ဆုံးထိန်းသိမ်းထားနိုင်လို့၊စားရေးသောက်ရေးမလုံလောက်
      တဲ့အခုလိုပုံစံမျိုးနဲ့ဆိုရင်၊ဒို့မိန်းမတွေပြည့်တန်ဆာဖြစ်တာကြာပြီလို့အရင်းနှီးဆုံးစစ်သားသူ
ုငယ်ချင်းတစ်ဦးပြောဖူးတယ်။

  2. It is so disgusting. We all know that corruption is deeply rooted in the greedy bellies of the military officers. How horrible is the mentality of these officers who claimed themselves as saviors of the Union. Self-serving service is not heroic but very evil. Crooked communist China and these corrupt military officers need to pay the price. Their ambition itself is very much satanic. All these crooks must be expelled from government service immediately. If Thein Sein himself is part of the deal, he must resign immediately too. Thein Sein has been so silent about this issue. After spending almost half of the state budget for Defense Service and also after robbing the resources Burma had to fill their own families, they still do want to give the nation back to the people is so criminal. How can we forgive these people. How much more they want to get? This is the reason we the people are made by them the poorest of the poor in the whole world. We want it or not, Burma will see another round of bloodshed in order to get the real democracy. Thein Sein may never lead us into the real democratic society in the Union of Burma.

  3. စစ်မုန်း

    ဦးပိုင်အဖွဲ့အစည်းက ၂၀၀၈ ဥပဒေနဲ့ ညီသလား။
    စစ်အစိုးရလက်ထက်ကအဖွဲ့အစည်းဖြစ်နေရင် ဖျက်သိမ်းသင့်ပါပြီ။
    အခွန်ဆောင်စရာမလိုဘူးဆိုရင် ဥပဒေအထက်ကအဖွဲ့အစည်း ၊ ဥပဒေပြင်ပက အဖွဲ့အစည်းပေါ့။ “ဦးပိုင်” မရှိသင့်တော့ပါဘူး။
    ဦးပိုင်အုပ်ချုပ်ရေးပိုင်းမှာ တာဝန်ယူနေတဲ့စစ်ဗိုလ်တွေ လာဘ်ဘယ်လိုယူသလဲ သိသလား။
    ချမ်းသာတဲ့စစ်ဗိုလ်တွေထဲမှာ အဆင့်အလိုက်စီရင်(၁) ဦးအောင်သောင်း (၂) ဗိုလ်သန်းရွှေ ပြီးရင် ဦးပိုင်မှာ ရုံးထိုင်နေတဲ့စစ်ဗိုလ်တွေပဲ။ ဟုတ် မဟုတ် သိချင်ရင် စုံစမ်းရေးဆင်းလိုက် စမ်းပါ။

  4. ကိုကိုမိုးမင်း

    ဘာမှမသိပေမဲ. အောက်ခြေ၀န်ထမ်းရဲဘော်တွေနဲ.အငြိမ်းစားရဲဘောတွေတွက်ဆိုတဲ.စကားကိုတော.အတိအကျပြောပါရစေ ယနေ.ထိ ဦးပိုင်ကထုတ်ပေးတာ ဘာတခုမှမရသေးပါဘူးခင်ဗျာ။မယုံရင်ဗိုလ်ချုပ်ကြီးများခင်ဗျားကျွန်တော်တို.အောက်ခြေရဲဘော်တွေအထိ သေချာစုံစမ်းကြည်.ပါ။ခံစားခွင်.ဘာမှမရသေးဘဲ ကျွန်တော်တို.လိုရဲဘော်တွေကိုနံမည်တပ်တာကတော့ မကောင်းဘူးထင်ပါတယ်။စားတဲ.နေရာမှာတပည်.သားသမီးအတွက်ဆိုပြီးလူကြားကောင်းအောင်ဟစ်တာကတော.မကောင်းဘူးထင်ပါတယ်ခင်ဗျာ။

  5. WANT TO KNOW MORE

  6. EX Military Welfair Foundation ဆိုပြီတကမ္ဘာလုံးမှာစစ်သားဟောင်းများကူညီဆောင်မရေး ရံပုံငွေအဖြစ်နဲ့စက်ရုံအလုပ်ရုံတွေရှိကြပါတယ်၊ဒါတွေကိုပါလီမန်အစိုးရတွေကနေပြီးချမှတ်ပေး ရပါတယ်၊တပ်မတော်ကသူလိုချင်တဲ့စီးပွါးရေးလုပ်ငန်းအားလုံးကိုသိမ်းယူထားလို့မရပါဘူးယခု မြန်မာ့တပ်မတော်မှသိမ်းယူထားသည့်စီးပွါးရေးအားလုံးမှာတိုင်းပြည်အတွက်အရေးကြီးတန် ဘိုးကြီးသည့်စီးပွါးရေးများဖြစ်နေပါသဖြင့်တိုင်းပြည်အတွင်းပြည်သူ့အကျိုးအတွက်လိုအပ်နေ သည့်လုပ်ငန်းများဖြစ်နေပါသည်၊ပညာရေးနှင့်ကျမ္မာရေးကဏ္ဍတွင်အလွန်အရေးကြီးနေသည့် ဘတ်ဂျက်လိုနေသည့်အချိန်တွင်ဦးပိုင်လီမီတက်မှစီးပွါးရေးအားလုံးကိုလက်ဝါးကြီးအုပ်ထား မှု့မှာမှန်ကန်ခြင်းမရှိပါသဖြင့်ပါလီမန်တွင်ထိုအမှုကိုပြန်လယ်သုံးသပ်၍နိုင်ငံအကျိုးရှိစေရန် ဆောင်ရွက်သင့်ပါပြီ။

  7. What about other government employee?
    Is it fair to support only military men ?
    Don’t try to say we are only the persons given our lives for the country.
    This is the duty that you accept with your desire.

    • Nang Mya Thway Aung

      Best is U Pine should gone with their Military Government!!!!!
      Best is U Pine should gone with their Military Government!!!!!
      Best is U Pine should gone with their Military Government!!!!!
      Best is U Pine should gone with their Military Government!!!!!
      Best is U Pine should gone with their Military Government!!!!!
      Best is U Pine should gone with their Military Government!!!!!
      Best is U Pine should gone with their Military Government!!!!!
      Best is U Pine should gone with their Military Government!!!!!
      Best is U Pine should gone with their Military Government!!!!!

    • That’s right.

  8. I had been served in military (Burma Navy) for 13 years and now a pensioner (not prisoner) since 1979. I’m getting my pension over 300 ks/month. Just imagine how could I can survive with this amount of money? I can have only a cup of coffee and a slice of bread with this money at the end of the month, excluded my wife and daughter. Dictator Than Shwe is getting 10,000,000 Kyats/month plus + + +. as he was a Sr:General and I was other Rank. What did Myanmar Economic Holding Limited is saying. They don’t care all the military pensioners except ex: generals. So it is very clear that this M E H L is only for ex: gens:

    • မောင်မောင်ကျော်ဝင်း

      The retired officers of the Army should found a secret organization for assassination of the ex-generals and generals in service. There is no other ways
      to teach lesson to those bastards except to eliminate them. People are already fed up with Alibaba and 40 thieves. Try to stop these vermin before it spread
      to the world. Tom Clancy you have a good story. Come to Burma.

  9. တိုင်းပြည်မှာ ၀န်ကြီးဌာနတစ်ခုက မိမိဝန်ကြီးဌာန တစ်ခုတည်းအကျိုးစီးပွားအတွက် တိုင်းပြည်
    ၏သယံဇာတကို ထုတ်ယူသုံးစွဲပိုင်ခွင့်ရှိပါသလား။ အဲသလိုလုပ်တာ ဒီမိုကရေစီလား။

  10. ဝေလွင်ပြောသကဲ့သို့တပ်မတော်နှင့်ရဲဘော်များအတွက်ဟုဆိုရသော်လည်း တပ်တွင်းရှိရဲဘော်
    များ၏ တပ်တန်းလျား နေ မိသားစုများတွင် ခြုံစရာစောင်မပြောနှင့် အုန်းစရာ ခေါင်းအုံးတောင်
    မရှိဘူး။ ဒီကြားထဲ တပ်ရင်းမှူးကတော်က ငွေတိုးပေးစားလို့ လစာထုတ်ရင် လစာတောင်လက်
    ထဲမရောက်ဘူး၊အတိုးနဲ့အရင်းဖြတ်ယူထားတယ်။ဒါတွေကို အပေါ်ရောက်သွးတဲ့ ဗိုလ်ချုပ်တွေက
    သိပါလျှက်နဲ့မသိချင်ယောင်ဆောင်နေကြတာ။

  11. တိုင်းပြည်တစ်ပြည်လုံး ကောင်းစားရေးကို ထည့်တွက် မပြောဘဲ စစ်သားကောင်းစားရေးအတွက်ဘဲ သီးသန့်ရွေးချယ်ပြောနေတာ ဒီလူတွေ ရှက်ရကောင်းမှန်း မသိဘူးလား။ တစ်ပြည်လုံးမှာရှိတဲ့ နိုင်ငံဝန်ထမ်းအသီးသီးရဲ့ မျက်နှာကိုမှမထောက် စစ်သားအဓိက၀ါဒကို လက်ကိုင်ထားပြီး ပြည်သူ့ကိုယ်စားပြု လွှတ်တော်ထဲမှာ ပြည်သူ့အကျိုးကို ဥပေက္ခာပြုပြီး ကိုယ်ကျိုးအတွက် ကိုယ်လိုရာဆွဲပြောနေတယ်ဆိုတာ တော်တော်ကို လွဲနေတာပါ။ အမှားတွေများလွန်းလို့.. ကိုယ့်ကိုယ်ကို မှားလို့မှားနေမှန်းတောင် မသိနိုင်တော့ပါလား။

  12. ဦးပိုင် ဆိုနာမည်တောင် မကြားခြင်ဘူး

    • မောင်ငြိမ်း

      ဦးပိုင်ဆိုတာ ထိပ်ပိုင်း ဦးပိုင်းကသူတွေ ပိုင်တဲ့ဟာပါ အောက်ခြေစစ်သည်များ၏ လစာငွေထဲ မှလစဉ်ဖြတ်တောက် ဦးပိုင်ထည့်ခိုင်းပြီး တပ်မတော်သားမိသားစု၊ အငြိမ်းစားမိသားစုကို အသုံး ချပြီး စီးပွားရှာ၍ တပ်မတော်ခေါင်းဆောင်းပိုင်းမိသားစုများ၏ ကိုယ်ကျိုးရှာစီးပွာရေး သက်သက် သာဖြစ်ပါသည်။
      လက်ရှိ အောက်ခြေစစ်သည်များနှင့် အငြိမ်းစားအောက်ခြေစစ်သည်များ၏ဘ၀ကတော့ ပြော စရာပင်မလိုပါ အားလုံးအသိပင်ဖြစ်ပါသည်။

  13. Why UMEHL and MEC have got a lot of top secrete
    things? Who is processing those cases?

  14. In the world history, top secrete things is ever related
    to the secrete bank accounts of foreign countries.

  15. ဗဟုသုတနည်းတယ်ပဲပြောရင်ခံရမှာပါ။ အရင်ကသိသလောက် ဦးပိုင်ဟာ သယ်ယူပို့ဆောင်
    ရေးနဲ့ စားအုန်းဆီရောင်းဝယ် ရေးတို့ပဲသိထားတာ အခု ဧရာဝတီကိုဖတ်မှဦးပိုင် ရဲ့ လက်ဝါး
    ကြီးအုပ်ထားတာတွေဟာ လက်ခံနိုင်စရာမရှိလောက်အောင်ကိုများပြားနေတာတွေ့ရတယ်။
    အဆိုးဆုံးကအခွန်မဆောင်တာ တိုင်းပြည်လည်းနစ်နာတယ်။
    ဒီပုံစံနဲ့သာဆိုရင် မြန်မာတွေချွတ်ခြုံကျဖို့ပဲရှိတော့တယ်။ နိုင်ငံတော်ရဲ့သယံဇာတတွေသာမက
    စီးပွားရေးလုပ်ငန်းအားလုံးနီးပါးကိုချုပ်ကိုင်ထားတာတွေ့ရတယ်။ ဘယ်လို့လုပ်ပြီးမြန်မာပြည်
    သူတွေချမ်းသာတော့မှာလဲ လူနည်းစုပဲကောင်းစားရေးအတွက်ဖြစ်နေတယ်။

    •ုသူခိုးဂျပိုးစိတ်ဓာတ်ရှိသူတွေလက်နက်ကိုင်ပြီးတိုင်းပြည်အုပ်ချုပ်တော့အဲဒီတိုင်းပြည်ဖွတ်ဖြစ်ပြီပေါ့။

  16. As long as this wicked company is not regulated by the Hlutdaws into law, the government must not allow to exist. The government has to support the men and women in the government service through the proper way. This illegal business is showing the true color of the current government. We the people will not allow to let these kinds of business in the Union of Burma as long as the rule of law is at work. By the way, these generals still want to receive huge grants for their housemaids, lawn-keeper and drivers from State Funds. How greedy they really are. I understand now that they have been true disciples of the Chinese.

  17. စစ်တပ်ကစီးပွားရေးလုပ်တော့

    တရုတ်ကိုကြောက်ရတာဖြစ်လာတယ်။

    စီးပွားရေးကစလိုက်တာ အာဏာလက်မလွှတ်ချင်တော့ တပ်မတော်တခုလုံးကို အမျိုးသားနိုင်ငံရေးလို့ တင်ပေးရတယ်

    ဘယ်သူကမှအယုံအကြည်မရှိနိုင်တော့ဘူး ကိုယ်တိုင်သမာဓိ မရှိတော့ နားလည် မှုပေးနေကြတာကိုတောင် လက်ခံနိုင်စွမ်းမရှိတော့တဲ့အဆင့်ရောက်နေပြီ။

    ဇယာကို ခံစားရတော့ အကုန်ကြောက် တွေ့တာ ကြားတာ မြင်တာ အကုန်ကြောက် တော့ပိုက်ဆံတအားလိုတယ်

    နောက် ဘနဖူး သိုက်တူးရှဆားချက်ရ ဂွင်ဆင်ရ ကြံဖန်ရ

    ဘယ်လိုပြင်မလည်း စီးပွားရေး ကိုယ်ကျိုးမရှာရ မလုပ်ရ

  18. ဦးပိုင်ဖျက်ရင်ဖျက်မဖျက်ရင်သူများထက်နှစ်ဆအခွန်ဆောင်ပါ ။ဒါဘဲပြောချင်
    တယ်။သာအေးစာမရေး မင်းအရင်တုံးကရိုးသားချင်ယောက်ဆောင်ခဲ့ပြီးအထက်
    ရောက်အောင်ဖားယားပြီးသွားခဲ့တာတွေမသိဘူးများမှတ်နေလား။

  19. အလကားစစ်ဗိုလ်ရူပ်တွေက ဘာတစ်ခုမှ မသိမတတ်ဘဲ တိုင်းပြည်ကို တယုတ်လက်ထဲ ထိုးအပ်နေကြတာ မိုက်မဲမူအတိသာ ဖြစ်တယ်။လူဆိုလျှင် အသိဥာဏ် ရှိရမယ်။တိရစ္ဆာန်ဆိုရင်တော့ ဆက်မိုက်ကြပေါ့။

  20. Who are secret bank account owners ?
    There must be a lot of billions.

    • ဇော်လွင်

      ဦးပိုင်ဆိုတာမရှိသင့်တော့ဘူး။ပြည်သူတစ်ရပ်လုးံညီညီညွတ်ညွတ်ဆန္ဒပြဘို့တော့လိုနေပြီ။