အမေရိကန် သံအမတ် မွန်နှင့် ကရင် နယ်မြေသို့ သွား | ဧရာဝတီ

အမေရိကန် သံအမတ် မွန်နှင့် ကရင် နယ်မြေသို့ သွား

Hits:3,513
  | |

ရန်ကုန်မြို့ အမေရိကန်သံရုံးတွင် ယမန်နှစ် မတ်လ ၁၅ ရက်နေ့က ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ တွေ့ရသည့် မစ္စတာ ဒဲရက် မစ်ချယ် (ဓာတ်ပုံ – ဧရာဝတီ)

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရက် မစ်ချဲလ်သည် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်သို့ ပထမဆုံးအကြိမ် သွားရောက်ကြောင်း အမေရိကန် သံရုံး၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

ဇန်န၀ါရီ ၁၁ ရက်မှ ၁၃ ရက်နေ့အထိ ခရီးစဉ်တွင် အဆိုပါဒေသများရှိ အစိုးရအဖွဲ့ဝင်များ၊ အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ် စားလှယ်များ၊ ဘာသာရေး အဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီများ၊ လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံ၍ ဒေသခံများကြုံတွေ့နေသော ကိစ္စရပ်များ၊ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် မြန်မာအစိုးရတို့အကြား အပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံရေးဆွေးနွေးမှုများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်၌ ပါရှိသည်။

ဇန်န၀ါရီ ၁၂ ရက်နေ့ ည ၇ နာရီ၌ မော်လမြိုင်မြို့ပေါ်ရှိ ကမ်းနားဟိုတယ်တွင် ပြုလုပ်မည့် ညစာစားပွဲတွင် အမေရိကန်သံအမတ်နှင့် အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသော မွန်ပြည်သစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ မွန်ဒီမိုကရေစီပါတီတို့နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီမှ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် နိုင်တလညီက ပြောသည်။

“ကျနော်တို့ရဲ့ နိုင်ငံရေးမူကတော့ တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီရဲ့ မူအတိုင်းပါပဲ။ အခုလောလောဆယ် ကျနော်တို့တဖွဲ့တည်းနဲ့ နိုင်ငံရေးဆွေးနွေးမှုမျိုးကို မလုပ်ဘူး။ အဓိက အားလုံးပါဝင်လာနိုင်တဲ့အခါကြမှ ဆွေးနွေးမယ်”ဟု ၄င်းက ဆိုသည်။

အစိုးရက တနိုင်ငံလုံး ငြိမ်းချမ်းရေးရလိုပါက ကချင်ပြည်နယ်တွင် တိုက်ခိုက်နေမှုများကို ရပ်တန့်ရန် လိုအပ်ကြောင်း အမေရိကန် သံအမတ်နှင့် တွေ့ဆုံစဉ် ပြောကြားသွားမည်ဖြစ်ကြောင်းလည်း နိုင်တလညီ က ဆက်ပြောသည်။

အမေရိကန် သံအမတ်အနေဖြင့် မိမိတို့နှင့် ညစာစားရုံတင် လာရောက်ခြင်း မဖြစ်နိုင်ကြောင်း၊ မိမိတို့နိုင်ငံတွင် ဖြစ်ပျက်နေသော  လက်ရှိငြိမ်းချမ်းရေး ဖြစ်စဉ်များနှင့် ဆွေးနွေးခွင့်ရရှိလိမ့်မည်ဟု မျှော်လင့်ကြောင်း မွန်ဒီမိုကရေစီပါတီ၏ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ မင်းစိုးလင်း က ပြောဆိုသည်။

“လက်ရှိ အစိုးရနဲ့ အရင်အစိုးရက ဘာမှ သိပ်မကွာပါဘူး၊ အ၀တ်အစားတွေ ပြောင်းသွားတာလောက်ပဲ ရှိသေးတယ်”ဟု ၄င်းက ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် ရေရှည်တည်တံ့သော ထာဝရငြိမ်းချမ်းမှုမျိုး လိုအပ်ကြောင်း၊ ငြိမ်းချမ်းရေး မရှိဘဲနှင့် နိုင်ငံရေး ဆွေးနွေးမှုမျိုး မဖြစ်နိုင်ကြောင်း၊ လက်ရှိကာလတွင် အစိုးရ လုပ်ဆောင်နေမှုများသည် ရိုးသားမှုမရှိသေးဟု ထင်မြင်မိကြောင်း မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဌ နိုင်ငွေသိန်း က ပြောဆိုသည်။

“ကချင်ပြည်သူတွေကို ကျနော် သနားမိတယ်။ သူတို့က ပညာရေးမှာလည်း ကောင်းကောင်း သင်ကြားခွင့် ရတာမဟုတ်ဘူး။ အနေဆင်းရဲ၊ အစားဆင်းရဲနဲ့ နေနေရတယ်။ အစိုးရကလည်း အရင်ထဲက အဲဒီလူတွေအတွက် ဘာမှလုပ်ပေးခဲ့တာမဟုတ်ဘူး။ အဲလူတွေကို သွားတိုက်ခိုက်နေတာ ဘာထူးမှာလဲ”ဟုလည်း ၄င်းက ဆိုသည်။

အစိုးရအနေဖြင့် ငြိမ်းချမ်းရေး အစစ်အမှန်လိုချင်လျှင် ယခု ကချင်ပြည်နယ်တွင် တိုက်ခိုက်နေမှုများကို ရပ်တန့်ရန်လိုအပ်ကြောင်း၊ တစ်ဖက်တွင် ငြိမ်းချမ်းရေးကိုအကောင်အထည်ဖော်နေသလို တစ်ဖက်တွင်လည်း တိုက်ခိုက်နေမှုများပြုလုပ်နေခြင်းက မလုပ်သင့်သော လုပ်ရပ်တခုဖြစ်ကြောင်း နိုင်ငွေသိမ်းက ဆက်ပြောသည်။

အမေရိကန် သံအမတ်အနေဖြင့် မွန်ပြည်နယ်တွင် တရက် နေမည်ဖြစ်ပြီး ကရင်ပြည်နယ် ဘားအံမြို့၌ ကရင်လူမျိုးခေါင်း ဆောင်များနှင့် ဇန်န၀ါရီ ၁၃ ရက်နေ့တွင် ဆက်လက်တွေ့ဆုံ သွားမည်ဖြစ်ကြောင်း သိရသည်။


3 Responses

Leave a Reply

  1. American should must support to Ethnic People and UNFC, especially to Kachin People, because Kachin People are already fight for American and British [ Alliance ] in World War 2 . But now British and American [Alliance] are try to forget the Thanks Works of Kachin People. If so, they [ British and American ] will became Thankless Nations/People .

  2. ကဲ ကရင်ပြည်နယ်က ဘာသာရေးခေါင်းဆောင်များရပ်မိရပ်ဖများနဲ့ ကရင်မျိုးချစ်စိတ်ရှိသူကရင်ပြည်သူတွေအပေါ်တကယ်သနားကြင်နာစိတ်ရှိပြီး အမှန်တကယ်စစ်မှန်တဲ့ငြိမ်းချမ်းရေးကို လိုလားသူများ အခု ဇန်န၀ါရီလ (၁၃)ရက်နေ့မှာလာရောက်မဲ့ အမေရိကန်သံအမတ်နဲ့တွေ့တဲ့အခါ တကယ်ပြည်ကရင်ပြည်သူတွေ ရရှိနေတဲ့ငြိမ်းချမ်းရေး လူထုတွေရဲ့ အမှန်တကယ်ခံစားနေရတဲ့ လူ့အခွင့်အရေးအခြေအနေမှန်တွေကို ထင်ထင်ရှားရှား မြင်တွေ့သွားအောင်ရှင်းလင်းတင်ပြသွားဖို့လိုပါလိမ့်မယ်။
    ဘာဖြစ်လို့လဲဆိုတော့ ဒီအမေရိကန်သံအမတ်ပြန်သွားတဲ့အခါ သူတို့လွှတ်တော်မှာပြန်လယ်တင်ပြတဲ့ Report ဟာအတည်ဖြစ်မှာမို့ ဗမာပြည်ပေါ် ချမှတ်ထားတဲ့ အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဟာ အစစ်အမှန်ဟူပ်မဟုပ်ပေါ်လွင်မှာမို့ပါ။
    NKU ငြိမ်းခေါင်းဆောင်တွေရဲ့ ကရင်ပြည်သူလူထုအပေါ် အာမခံနိုင်မှုတွေ အင်မတန်အားနဲပြီး လွှတ်တော်တွင်းမှာ အင်မတန်အားကောင်းပြီး တိုင်းရင်းသားများ မြှော်လင့်ချက်တွေထားခဲ့မိတဲ့ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာတိုင်းရင်းသားတွေအရေးကို ရေငုံနုတ် ပိတ်နေယုံမက မီဒီယာတွေ အခြားအဖွဲ့အစည်းတွေက ဖိအားပေးပြီး မေးလာတဲ့ ကချင်ပြည်နယ် တိုက်ပွဲတွေကိစ္စမေးလာတာတောင်မှ လွှတ်တော်ကတာဝန်ပေးမှသာကြားဝင်စေ့စပ်ဖြန်ဖြေရေးဝင်လုပ်မယ်ဆိုတာ သူကိုတိုင်ပြောစကားကြားကြရတဲ့အတွက် ။မိမိကိုကို ပဲ အားကိုးကြ ပါဆိုတာဟာ ကျွန်မတို့ အားလုံး ကို့အားကိုကိုးကြရတော့မယ်ဆိုတဲ့ Message ကိုပေးလိုက်တာပဲလို့နားလယ်ပါတယ်။သူတော့ဘာမှမလုပ်ပေးနိုင်တော့ဖူးလို့နားလယ် လိုက်ပါတယ်။
    ခေါင်းဆောင်စောဘဦးကြီးရဲ့ ကရင့်တော်လှန်ရေးမူထဲက လက်နက်မချရေး ရန်ကုန်မှာကရင်တွေအားလုံးသွားပြီးလယ်စင်းမခံသရွှေ့ဆိုတဲ့မူအရ KNU ခေါင်းဆောင်တွေ ရန်ကုန်တင်မက နေပြည်တော်အထိတောင်သွားပြီး လယ်စင်းခံနေပေမဲ့ ကရင်လူထူတရပ်လုံး သွားပြီးလယ်စင်းမခံ ကြပါနဲ့ဆိုတဲ့ စကားကို ဒီနေ့မှာကျရောက်တဲ့ ကရင်နှစ်သစ်ကူး Message အဖြစ် ပေးလိုက်ပါစေ
    (နန်းမယ်လီ) ခေတ်တ နော်ဝေရောက်

  3. KIA က လူပြန်ပေးလုပ် ရှမ်းရွာတွေ အနိုင်ကျင့် လမ်းတွေ
    တတားတွေချိုး မီးရထားတွေဖေါက်ခွဲ လုပ်ချင်တိုင်း
    လုပ်နေတာတွေ တစ်စက်မှ မဝေဖန်ရဲကြဘူးလား
    ကချင်ပြည်နယ်မှာလည်း ဗန်းမော် ကနေ ထိပ်အထိ
    လူမျိုးပေါင်းစုံ နေပါတယ် တိုင်းရင်းသားဆိုတိုင်း
    အရာရာ မှန်နေတော့မှာလား