သတင်း

အဓမ္မသိမ်းလယ်မြေများ ဦးပိုင်နှင့် ဗိုလ်ချုပ်များ ယူထားကြောင်း စစ်ဆေးတွေ့ရှိ

Hits:1
  | |
Print This Post

သဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်ရေး လုပ်ငန်းခွင်တခု။ လယ်မြေများကို သိမ်းယူကာ စစ်ဗိုလ်ချုပ်များ၏ သားသမီး ဆွေမျိုးများက စီမံကိန်းမြေအဖြစ် ကုမ္ပဏီများသို့ သိန်းထောင်ချီ ပြန်လည်ရောင်းချခဲ့ကြသည် (ဓာတ်ပုံ – Shwe Gas Movement)

ရခိုင်ပြည်နယ်၌ လယ်မြေ အဓမ္မသိမ်းယူမှုကို စစ်တပ်က အများဆုံး လုပ်ထားကြောင်း၊ သိမ်းထားသည့် လယ်မြေများကိုလည်း သိမ်းယူသည့် စစ်တပ်အတွက် အသုံးမပြုဘဲ စီးပွားရေး ဦးပိုင်လီမီတက် အမည်ပေါက်၊ စစ်ဗိုလ်ချုပ် ဆွေမျိုးများ၏ အမည်ပေါက်ဖြင့် လုပ်ဆောင်ထားသည်ကို တွေ့ရကြောင်း စုံးစမ်းရေး ကော်မရှင်အဖွဲ့ထံမှ သိရသည်။

“စစ်တပ်ပိုင်မြေဆိုပြီး အဓမ္မ သိမ်းထားတာတွေ မြို့နယ်အများစုမှာ တွေ့ရတယ်။ ဒါပေမယ့် စစ်တပ်က အသုံးပြုနေတာ မတွေ့ရဘဲ ဦးပိုင် အမည်ဖောက်ပေးထားတာ၊ စီးပွားရေးသမားတွေကို ငှားစားထားတွေကို တွေ့ရတယ်” ဟု လယ်ယာမြေ သိမ်းယူမှု စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က ဧရာဝတီသို့ ပြောသည်။

အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်ပြီး စစ်တပ် လွှတ်တော် ကိုယ်စားလှယ် ဒု ဗိုလ်မှူးကြီး စိုးရွှေ ဦးဆောင်သော လယ်ယာမြေ သိမ်းယူမှု စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့သည် ပြီးခဲ့သည့် သီတင်းပတ်မှ စတင်၍ ရခိုင်ပြည်နယ်အတွင်း လှည့်လည် စစ်ဆေးနေရာ ကျောက်ဖြူ၊ သံတွဲ၊ ဂွ၊ အမ်း၊ မင်းပြား၊ တောင်ကုတ် စသည့် မြို့နယ်များတွင် စစ်ဆေးလျက်ရှိသည်။

ရခိုင်ပြည်နယ်အတွင်းရှိ အစိုးရ စစ်တပ်က အဓမ္မသိမ်းယူထားသည့် လယ်ယာမြေဆိုင်ရာ အမှုများကို စုံစမ်းစစ်ဆေးရေး ကော်မရှင်က စစ်ဆေးပြီးနောက် မူလပိုင်ရှင် လယ်သမားများ ပြန်လည်ရရှိရေး ဆောင်ရွက်သွားမည်ဟု သိရသည်။

ကျောက်ဖြူမြို့နယ် အတွင်းရှိ လယ်မြေအများစုကို ထိုဒေသ၌ အခြေစိုက်ထားသည့် ဓည၀တီ ရေတပ်စခန်းဌာနချုပ် လက်အောက်ခံ တပ်ရင်းများနှင့် ခြေမြန်တပ်ရင်း ၅၄၂၊ ထောက်လှမ်းရေးတပ်တို့က သိမ်းဆည်းထားကြောင်း ဦးဘရှိန်က ပြောသည်။

စစ်တပ်မှ သိမ်းယူထားသည့် လယ်မြေများသည် ဘိုးဘွားစဉ်ဆက် ဓားမဦးချ လုပ်ကိုင်စားသောက်လာသည့် လယ်မြေများ ဖြစ်ကြောင်း၊ တချို့သော လယ်ယာမြေကွက်များမှာ ဘိုးဘွားစဉ်ဆက် လုပ်ကိုင်စားသောက်ခဲ့သော်လည်း အမည်ပေါက် လုပ်ဆောင်ထားမှု မရှိကြောင်း  ကျောက်ဖြူမြို့နယ် ဂုံးချိန်ရွာခံ လယ်သမားတဦးက ပြောသည်။

၎င်းက “ဘိုးစဉ်ဘောင်ဆက် ဒီလိုပဲ လုပ်စားလာကြတော့ အမည်ပေါက်လုပ်ထားရမှန်း ကျနော်တို့ နားမလည်ပါဘူး။ အခုတော့ ကျနော်တို့ လယ်တွေကို  စစ်တပ်နာမည်၊ ဦးပိုင်နာမည်၊ စစ်ဗိုလ်ချုပ် သားသမီးတွေ၊ ဇနီး စတဲ့ နာမည်တွေနဲ့ချည်းပဲ” ဟု ဆိုသည်။

ကျောက်ဖြူမြို့နယ်၌ တည်ဆောက်နေသော ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်းနှင့် ဆက်စပ်လုပ်ငန်းများ၊ ဂက်စ်ပိုက်လိုင်း ဖြတ်သန်းရာ လမ်းကြောင်းတလျှောက်ရှိ လယ်မြေများ၊ နွားစားကျက်မြေများကို ထိုဒေသရှိ စစ်တပ်များနှင့် ရခိုင်ပြည်နယ် စစ်တိုင်းမှူးတာဝန် ထမ်းဆောင်ခဲ့ကြသည့် စစ်ဗိုလ်ချုပ်များ၏ မိသားစုပိုင်များအဖြစ် လုပ်ဆောင်၍ စီမံကိန်း ကုမ္ပဏီများကို ကျပ်သိန်းပေါင်းများစွာဖြင့် ပြန်လည်ရောင်းချခဲ့ကြောင်း ဒေသခံများက ပြောသည်။

ရခိုင်ဒေသ၌ တိုင်းမှူး တာဝန်ယူခဲ့ကြသော ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ၀င်းမြင့်၊ ဗိုလ်ချုပ် မောင်ဦး၊ ဗိုလ်ချုပ် သောင်းအေး၊ ဗိုလ်မှူးချုပ် သူရမောင်နီ၊ ပို့ဆောင်ရေး ၀န်ကြီးဟောင်း ဗိုလ်ချုပ် သိန်းဆွေ စသူတို့က သိမ်းယူ၍ ၎င်းတို့၏ မိသားစုဝင်များ အမည်ဖောက်ကြောင်း၊ ထိုလယ်မြေများသည် ရွှေဂက်စ် စီမံကိန်း ဧရိယာတွင် ပါဝင်သည့်အတွက် လျော်ကြေးငွေ ကျပ်သိန်းထောင်ချီ၍ ရရှိခဲ့ကြကြောင်း သိရသည်။

ကျောက်ဖြူ အခြေစိုက် ထောက်လှမ်းရေးတပ်တခုက သိမ်းထားသည့် စေတီယျကျေးရွာအနီးရှိ မြေကွက်နှင့် အုန်းခြံတချို့၏ ပိုင်ရှင်နာမည်တွင် ရခိုင်ပြည်နယ်၏ စစ်တိုင်းမှူး တာဝန်ထမ်းဆောင်ခဲ့သည့် ယခင် နအဖအစိုးရ အတွင်းရေးမှူး (၃) ဒု ဗိုလ်ချုပ်ကြီး ၀င်းမြင့်၏ သမီး အမည်ပေါက်နေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း ဦးဘရှိန်က ပြောသည်။

၎င်းက “ထောက်လှမ်းရေးတပ် ၁၀ က သိမ်းထားတာကို ဗိုလ်ချုပ် ၀င်းမြင့် သမီး နန်းရတနာဝင်း နာမည်နဲ့လုပ်ထားတာ တွေ့တယ်၊ လယ်ဧက မများပေမယ့် မတရား သိမ်းယူထားတာ တွေ့ရတယ်။ အုန်းခင်း တချို့လည်း ပါဝင်နေတယ်။ ဒါတွေကို မူလပိုင်ရှင်ကို ပြန်ပေးသင့်တယ်။ ပြန်ပေးအောင်လည်း တိုက်တွန်းသွားမှာပါ” ဟု ဆိုသည်။

ကျောက်ဖြူမြို့နယ်နှင့် သံတွဲမြို့နယ်တို့ရှိ စစ်တပ်က အဓမ္မ သိမ်းယူထားသော လယ်မြေများအား မူလပိုင်ရှင် လယ်သမားများကို ပြန်ပေးရန် မည်သို့လုပ်ဆောင်ပေးမည်ကို သိလိုကြောင်း လွှတ်တော်အစည်းအဝေး၌ မေးမြန်းခဲ့ဖူးရာ ထိုမြေများသည် စစ်တပ်အသုံးပြုရန် တရားဝင် သိမ်းယူထားသည့်အတွက် ပြန်လည်ပေးရန် မရှိဟု ထိုစဉ်က ကာကွယ်ရေးဝန်ကြီးက ဖြေဆိုခဲ့သည်ဟု ဦးဘရှိန်က ပြောသည်။

သံတွဲမြို့နယ်၊ ငပလီကမ်းခြေ အနီးရှိ ဒေသခံများ ပိုင်ဆိုင်သည့် အုန်းသီးခြံများကို စစ်တပ်က သိမ်းယူ၍ အနီးရှိ ဟိုတယ်အား ကျပ် သိန်း ၁၀၀ ဖြင့် ပြန်လည် အငှားချထားကြောင်း သိရပြီး၊ ဂွမြို့နယ်အတွင်း သိမ်းယူထားသည့် လယ်မြေများကို စစ်တပ်က သိမ်းယူ၍ စီးပွားဦးပိုင် အမည်လုပ်ဆောင်ထားကြောင်း၊ စစ်တပ်သိမ်းမြေ အများစုမှာ ဦးပိုင်ထံ လွှဲအပ်ပေးထားကြောင်း သိရသည်။

မြန်မာတနိုင်ငံလုံးတွင် စစ်တပ်နှင့် ၎င်းတို့နှင့်နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်များက သိမ်းယူထားသည့် လယ်မြေဧက သိန်းပေါင်း များစွာရှိကြောင်း၊ ထိုကိစ္စများကို စုံစမ်းစစ်ဆေးရန် ပြည်ထောင်စု လွှတ်တော်က တိုင်းနှင့် ပြည်နယ်အလိုက် ကော်မရှင်များ ဖွဲ့စည်းပေးထားကြောင်း၊ မိမိတို့ တာဝန်ယူထားရာ ဒေသများမှ စစ်ဆေးတွေရှိချက်များကို ပြည်ထောင်စု လွှတ်တော်သို့ တင်ပြရမည် ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောသည်။

ယခင် စစ်အုပ်ချုပ်ရေးကာလ ဖြစ်၍ အမိန့်အာဏာကျင့်သုံး၍ အဓမ္မ သိမ်းယူခဲ့သော်လည်း ယခုအခါ လယ်သမားများထံ ပြန်လည် ပေးအပ်သင့်ကြောင်း၊ ထိုသို့ လုပ်ဆောင်ရန် အဓိက တာဝန်ရှိသူမှာ ပြည်ထောင်စု အစိုးရသာ ဖြစ်ကြောင်း ဦးဘရှိန်က ပြောသည်။

“ကျနော်တို့က စစ်ဆေးတွေ့ရှိမှုတွေကို ပြည်ထောင်စုလွှတ်တော် တင်ပြပြီး အတည်ပြုချက်ယူမယ်၊ ပြီးရင် အစိုးရရဲ့ သက်ဆိုင်ရာ ဌာနတွေကို ပေးပို့မယ်။ အစိုးရဌာနတွေက ဘယ်လောက် လိုက်နာ ဆောင်ရွက်ပေးမလဲဆိုတာ စောင့်ကြည့်ရဦးမှာပါ” ဟု ၎င်းက ဆိုသည်။


WSJ LIVE VIDEO:

17 Responses

Leave a Reply

  1. Oh my gosh! This is the way they are trying to build Democracy. If the wolves are to guard the meat, they are the ones who eat them all instead of guarding safely. What will Thein Sein say about this? The current government needs to resign and the people must form the new government then. Crooks are no longer wanted to run our Union. Treason is absolutely happening in Burma. Traitors must not hold power even a day longer. How can the people thrust these crooks?

  2. What the hell has been going on? Are they Buddhists? After sucking our blood for more than fifty years and they still want to take all of our belongings? Do they still feel pity what they have done to the poor farmers? My parents always teach me to love and care the ones who are poorer than myself. How did their parents raise these generals? How do they raise their own children? To rob? To persecute? In the name of the government, these generals are out of bound. In the history of Burma, even the ancient kings did not do to their subjects like this. I cannot imagine at all when I read this article. This is even beyond nightmares.

    I thought rapes, tortures and killings were committed by soldiers in the past, actually more crimes are being committed by their bosses. This is no way near we the people can forgive and forget. Because it seems like they thoroughly planned and intentionally committed. All the soldiers who are with the right mind must leave and go home because most of them might not know that they are obeying command from the evil commanders. Dying might be a better choice than following the robbers to the ordinary soldiers. Everybody loves money but we need to earn it. Taking away someone’s property with guns and bullets is purely robbery. Ministry of Defense must be called from now on “Ministry of Robbery”.

  3. စစ်တပ်က နိုင်ငံချစ်တဲ့နည်းပါဗျာ။
    အဲလောက်တောင် ချစ်နေမှတော့ သေလဲ အဲမတရား သိမ်းထားတဲ့ မြေမှာပဲ မြှုပ်ပေးလိုက်ပါဗျာ။
    ဦးသိန်းစိန်အစိုးရ ကို အယုံကြည်မရှိတော့ဘူး။

  4. LOOK!!!! Army OWNS the whole BURMA with GUN!!!!!!

  5. တောင်သူလယ်သမားများ (ကိုယ်စား)

    ( မြန်မာတနိုင်ငံလုံးတွင် စစ်တပ်နှင့် ၎င်းတို့နှင့်နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်များက သိမ်းယူထားသည့် လယ်မြေဧက သိန်းပေါင်း များစွာရှိကြောင်း)
    သိမ်းယူထားသူများစာရင်းကို သိမ်းထားသောဧကနှင့် ပူးတွဲဖေါ်ပြပေးပါရန် ရင်နင့်စွာ ပန်ကြားအပ်ပါသည်။

  6. Unbelievable and laughable. I know now why Thein Sein is silent not saying a word. It seems like money is everything to them. We all do love money but we have to earn it. People reap what they sowed. Even a witch will not do this horrible thing. They are not ashamed of themselves but we all are ashamed of them. Ne Win was really bad but Than Shwe was worse and their disciples are the worst. These generals are our national shame indeed.

  7. Pls scribe to me all your deliveries news.

  8. စစ်တပ်အုပ်ချုပ်မှု အနှစ်ငါးဆယ်နီးပါးခြောက်ဆယ်မှာ ဗမာစစ်တပ်ဟာ သူခိုးဂျပိုး ၊သူသတ်ဓါးပြ၊ ပြည်သူပိုင်ပစ္စည်းကို ခိုးဝှက်လုယက်၊ မိသားစုကောင်းစားရေးအတွက် သာမန်တောင်သူလယ်သမားတွေရဲ့ လယ်တွေကို မတရားသိမ်းယူ ဒီလိုအောက်တန်းကျတဲ့လုပ်ရပ်တွေကိုလုပ်တာ ကမ္ဘာမှာ ဘယ်စစ်တပ်မှ မရှိဘူးထင်တယ်။ ကမ္ဘာ့အလယ်မှာ မြန်မာတွေရဲ့ ဂုဏ်သိက္ခာတွေကိုဆွဲချနေတာလဲ ဒီလိုအာဏာရှင်တွေနဲ့ စစ်တပ်ခေါင်းဆောင်ဆိုသူတွေပဲ။

  9. No we feel that the country has come to a critical stage where the people come to know and disclose all the Generals wealth, their wrongdoings in the past and unthinkable treasons to the country committed by them. The only ways to continue development of the country is : call for unconditional revision of Fundamental rules followed by snap election.

  10. Is this ,changing the way to Democracy? Nothing changes.25% of Military members are in Hluttaw(Parliament).Every thing is still the same,like 5-6 decades,some even worst.Still they are occupying by force,intentionally by rob,the civilian’s land in whole Burma.Our land is Tavoy,(Dawei),which was legally registered by our great grand father in 1928,was also taken by Information Ministry and KhaWaTa in 1991,which was burned ,But,other neighbour’s were given back.Several times claims,nothing strange.The land is now worth in Billion by Italian -Thai multi Billion Dollar Project.They should give us back,because they had planned to take it and share for their own.That land is infront of Zaygyee and Anauk Yat(Arzani corner)in Dawei.We want our land. “Stop occupying the civilian’s Land,for your sakes….Generals,Cronies and Authorities.”

  11. မောင်မောင်ကျော်ဝင်း

ွ”ကျနော်တို့က စစ်ဆေးတွေ့ရှိမှုတွေကို ပြည်ထောင်စုလွှတ်တော် တင်ပြပြီး အတည်ပြုချက်ယူမယ်၊ ပြီးရင် အစိုးရရဲ့ သက်ဆိုင်ရာ ဌာနတွေကို ပေးပို့မယ်။ အစိုးရဌာနတွေက ဘယ်လောက် လိုက်နာ ဆောင်ရွက်ပေးမလဲဆိုတာ စောင့်ကြည့်ရဦးမှာပါ” ဟု လယ်ယာမြေ သိမ်းယူမှု စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က ဧရာဝတီသို့ ပြောသည်။
    ဦးဘရှိန်ရေအဲဒီအချက်အလက်တွေကိုမီဒီယာတွေကိုလည်းဖြန့်ဝေပေးစေလိုပါတယ်။မီဒီယာ
    သမားတွေကိုလည်းရှော့မတွက်စေလိုပါ။ဝါရှင်တန်ပို့စ်ကသတင်းထောက်နှစ်ယောက်သမတ
    နစ်(က)ဆင်ပြုတ်ကျအောင်စွမ်းဆောင်နိုင်တဲ့သာဓကရှိခဲ့သေးတယ်ဆိုရင်ကျုပ်တို့ဗမာပြည်
    မှာလည်းသမတမပြောနဲ့စစ်အာဏာရှင်တဖွဲ့လုံးပြုတ်ကျအောင်မစွမ်းဆောင်နိုင်ဘူးလို့ဘယ်
    သူပြောရဲလဲ။

  12. ပါကြီးဖိုး

    အစိုးရမှ ဆင်းရဲမှုတိုက်ဖျက်ရေး ဘာညာဆိုပြီး ပြောဆိုသံတွေကြားခဲ့ဖူးတယ်။ အစိုးရကသာ ဆင်းရဲမှုကို အမှန်တကယ်တိုက်ဖျက်လိုရင်တော့ တောင်သူလယ်သမားများထံမှ အာဏာနဲ့သိမ်းယူထားခဲ့တဲ့ လယ်ယာခြံမြေဥယာဉ်တွေအားလုံးကို မူလပိုင်ရှင်တွေဆီကို ပြန်ပေးလိုက်ပါ။ မြန်မာပြည်အနှံ့ လွတ်တဲ့မြို့နယ်မရှိသလောက် မြေယာမတရားအသိမ်းခံရမှု ရှိခဲ့မယ်ထင်တယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာပြည်ဒေသတချို့ကို ခရီးထွက်လာတဲ့အခါတိုင်း ရောက်တဲ့ဒေသတိုင်းမှာ မြေယာမတရားအသိမ်းခံရမှုတွေကို ကိုယ်တိုင်မြင်တွေ့ခဲ့ရလို့ပါပဲ။

  13. Very sorry for that news but it is not strange in Myanmar .This country is unlucky country under Military unfair management ,torture to country people.Let to down the military in Luttaw and government. Every where military influence in Myanmar. They don’t sympathize the grass-root people. One day, revolution occur like civil war………………..(I don’t like)

  14. အဲဒီလိုမျိုးစုံစမ်းစစ်ဆေးရေးဖွဲ့ စစ်ဆေးတာကို အရမ်းသဘောကျတယ်။ကြိုက်တယ်။စစ်တပ်က လူကြီးတွေပဲချမ်းသာနေတာကြာပါပြီ။ ဒါမှရှင်းရှင်းလင်းလင်းတရားမျှမျှတ တဖြစ်မှာ။ ပြည်သူ တွေကလဲ စစ်တပ်အပေါ်ယုံကြည်ကိုးစားကြမှာ။
    လက်ရှိဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့စစ်တပ်ကတော့ ဒီလိုမျိုးလုပ်မှာ မဟုတ်တော့ဘူးလို့ထင်ပါတယ်။သူတို့လက်ထက်မှာ ငယ်သားတွေကို သေချာလိုက်ကြည့်ပြီး လိုအပ်တာတွေ ဖြည့်ဆည်းပေးနေတဲ့သတင်းတွေကြားရတာဝမ်းသာစရာပါပဲ။

  15. ဒီလိုအောက်တန်းကျတဲ့လုပ်ရပ်တွေကိုလုပ်တာ ကမ္ဘာမှာ ဘယ်စစ်တပ်မှ မရှိဘူးထင်တယ်။

  16. လက်နက်အားကိုး ပုဆိန်ရိုး တရုတ်အားကိုးတာ ဒို့မြန်မာစစ်တပ်ပါ။

  17. ဗမာစစ်တပ်ဆိုပြီး သိမ်းကြုံး မပြောပါနဲ့ ။ လူကို လူလို ပြောကြပါ ။။