အစိုးရ ပူးပေါင်းတပ်များ KIA ကို ယနေ့ နံနက် ထိုးစစ်ဆင် | ဧရာဝတီ
သတင်း

အစိုးရ ပူးပေါင်းတပ်များ KIA ကို ယနေ့ နံနက် ထိုးစစ်ဆင်

Hits:1
  | |

ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ – KIA)

ကချင်ပြည်နယ် လဂျားယန်ဒေသအတွင်းရှိ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) စခန်းများကို ယနေ့နံနက်တွင်အစိုးရ ပူးပေါင်း တပ်ရင်းများက ထိုးစစ်ဆင် တိုက်ခိုက်ပြီးနောက် KIA က အမြင့်ဆုံး တပ်လှန့်ထားကြောင်း သိရသည်။

အစိုးရတပ် ခြေမြန်တပ်ရင်း (ခမရ) ၃၈၈၊ ၃၈၃ နှင့် ခြေလျင်တပ်ရင်း (ခလရ) ၄၀ ပူးပေါင်းတပ်များ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် KIA လိုင်ဇာဌာနချုပ် အပါအ၀င် ရှေ့တန်းစခန်းများကို တပ်လှန့်ထားခြင်း ဖြစ်ကြောင်း ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးလနန်က ဧရာဝတီသို့ ပြောသည်။

ယနေ့နံနက် ၅ နာရီမှ စတင်၍ KIA တပ် စခန်းများကို အစိုးရတပ်က ၁၀၅ မမ လက်နက်ကြီးများနှင့် စစ်ရဟတ်ယာဉ်များကို အသုံးပြု၍ တိုက်ခိုက်ကြောင်း ၎င်းက ဆိုသည်။

“မြေပြင်နဲ့ သူတို့ အရင်တက်တယ်။ နောက်ပြီးတော့ လက်နက်ကြီးတွေနဲ့ ကာပြီး ပစ်ပေးတယ်။ အဲဒီမှာ သူတို့ လေယာဉ်နဲ့ ထပ်ပြီးတော့ ဒုံကျဉ်နဲ့ ပြန်ပစ်ကူပေးတယ်” ဟု ဦးလနန်က ဆက်ပြောသည်။

ဦးလနန်၏ အဆိုအရ အစိုးရတပ်က Mi-24 စစ်သုံးရဟတ်ယာဉ် အမျိုးအစားကို အသုံးပြုကြောင်း ဆိုသည်။ သို့သော်လည်း အစိုးရတပ်က ယင်းရဟတ်ယာဉ်များ အသုံးပြုခြင်း ရှိမရှိကို ဧရာဝတီက သီးခြား အတည်ပြုချက် မရရှိသေးပါ။

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ပွဲများတွင် အစိုးရတပ်က ဥရောပက ရောင်းချရန် ပိတ်ပင်ထားသော ဆွီဒင်နိုင်ငံလုပ် လက်နက်များကို အသုံးပြုနေကြောင်းလည်း သတင်းများ ထွက်ပေါ်နေသည်။

ဆွီဒင်နိုင်ငံလုပ် အဆင့်မြင့် M-3 Carl Gustaf လက်နက်များကို KIA က သိမ်းဆည်းရမိပြီး အဆိုပါ လက်နက်သည် တင့်ကားကဲ့သို့သော အမာစား ယာဉ်မျိုးကိုပင် အလွယ်တကူ ဖျက်ဆီးနိုင်စွမ်းရှိ၍ ပြည်တွင်း စစ်မျိုးတွင် သုံးစွဲလေ့ မရှိကြောင်း သိရသည်။

KIA ဌာနချုပ်နှင့် အနီးအနားတွင် လတ်တလော ထိုးစစ်ဆင်မူနှင့် ပတ်သက်၍ အကြောင်းရင်းကို မသိရှိရသော်လည်း အစိုးရတပ်များ အနေနှင့် စစ်ရေးနည်းဗျူဟာ ပြောင်းပြီး တိုက်ခိုက်နေသည်ဟု ယူဆရကြောင်း ဦးလနန်က ပြောသည်။

“ဒီဘက်မှာ ထိုးစစ်ဆင်လာတာနဲ့ အမျှ ဒီနေ့ မနက် ၁၀ နာရီလောက်မှာ တိုက်ပွဲ ပြန်စနေတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် သူတို့ စစ်မျက်နှာကို ဖြန့်ကြက်တဲ့ သဘောလည်း ဖြစ်နိုင်တယ်။ ဒါကြောင့် ကျနော်တို့ ဗဟိုဌာနချုပ်သာမက အရေးကြီးတဲ့ နေရာဒေသတွေကို တပ်လှန့်ထားတဲ့ အနေအထားမှာ ရောက်နေတယ်” ဟု ၎င်းက ဆိုသည်။

အစိုးရအနေနှင့် KIA ဌာနချုပ် အနီးအနားသို့ စစ်ရဟတ်ယာဉ်ကို အသုံးပြု၍ တိုက်ခိုက်ရာ ပထမဆုံးအကြိမ် ဖြစ်သည့်အတွက် KIA ရှေ့တန်း တပ်စခန်းများကို တပ်လှန့်ရခြင်း ဖြစ်ကြောင်းလည်း သိရသည်။

အစိုးရ ပူးပေါင်းတပ်များကို ခုခံတိုက်ခိုက်ရာတွင် KIA တပ်ဖွဲ့နှင့်အတူ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မြောက်ပိုင်း တပ်ဖွဲ့ဝင်များ ပါဝင်ကြောင်း သိရသည်။

လတ်တလောတွင် နှစ်ဖက် အကျအဆုံး စာရင်းများကို မသိရှိရပေ။

တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေသူများကို ကုလသမဂ္ဂမှ အကူအညီပေးလိုသော်လည်း မြန်မာအစိုးရက လုံခြုံရေး အခြေအနေအရ ခွင့်ပြုထားခြင်း မရှိကြောင်း၊ ကုလသမဂ္ဂ အဖွဲ့အစည်းများအနေဖြင့် ကချင်ပြည်နယ် စစ်ဘေးသင့် ဒေသများသို့ ၀င်ရောက် အကူအညီပေးနိုင်ရန် မြန်မာအစိုးရထံတွင် ခွင့်ပြုချက် တောင်းထားကြောင်း သိရသည်။


14 Responses

Leave a Reply

  1. Where is PEACE? How can they ignore PRESIDENT order to stop attacking KIO?

  2. Min Aung Hlaing should be investigated and arrested by PARLIAMENT for ignoring PRESIDENT”S order not to attack.

  3. Well! Guns and Bullets will never solve our political problems. More lives including the soldiers will be lost forever. The path on which the Thein Sein administration is leading us will end up in graveyard.

  4. မြန်မာပြည်သား

    စစ် တပ်က ဘုန်းကြီးတွေ ကို နှပ်ပြီးရင် တိုင်းရင်းသားတွေကို သတ် ဒါတွေပဲလုပ်တတ်တယ်။

  5. KIA ကကချင်တစ်မျိုးလုံးကိုကိုယ်စားပြုတယ်လို့ကချင်လူမျိုးတွေကခံယူထားရင်
    ကချင်တစ်မျိုးလုံးကိုKIAကိုကူပေးကြပါအဲ့ဒီလိုမှမဟုတ်ရင်ဒုက္ခရောက်တော့မယ်။
    ကျန်တဲ့တိုင်းရင်းသားမျိုးနွယ်စုတွေကလည်းတစ်ပြိုင်တည်းဝိုင်းကူပေးကြပါ။
    တစ်ချိန်က KIAnက စစ်အစိုးရကိုတရုတ်ဖျောင်းဖြမှုကြောင့်ယုံကြည်ပြီးငြိမ်း
    ချမ်းရေးယူခဲ့တဲ့အမှားကိုလည်းခွင့်လွှတ်ပေးလိုက်ကြပါ။အခုတရုတ်က
    သူတို့ကိုပြန်သတ်နေပြီလေးမြစ်ဆုံ အရေးမှာမကျေနပ်လို့။ဝတွေကလည်းတိုင်း
    ရင်းသားတွေမှန်ရင်အချင်းချင်းကူညီပေးကြပါ။တရုတ်ကိုယုံတဲ့အားကိုးတဲ့တိုင်းရင်း
    သားတွေအားလုံးကိုပြောလိုက်မယ် ယုံရင်မှားမယ်လို့။

    • ပေါက်စ

      ညီမလေး မှားနေပြီ။ တရုတ်ဖျောင့်ဖြလို့မဟုတ်ဘူး။ KIO ခေါင်းဆောင်တွေက သူတို့ရဲ့ခွန်အားနဲ့လုပ်သင့်လုပ်ထိုက်တာကို နိုင်ငံရေးဘောင်ထဲမှာရသလောက်ကြိုးစားမယ်
      ဆိုတဲ့ အတွေးနဲ့လုပ်ကြတာ။ နိုင်ငံရေးလုပ်ရမဲ့အချိန်နဲ့ စစ်ရေးဆင်နွှဲရမယ့်အချိန် ကိုသ
      ဘောပေါက်တဲ့အဖွဲ့အစည်းတခုလို့ထင်တယ်။ ခပ်ရှင်းရှင်းပြောရင် တခြားတိုင်းရင်းသားအဖွဲ့
      တွေထက် နိုင်ငံရေးနဲ့ စစ်ရေးကို ဟန်ချက်ညီကစားနိုင်တာတွေ့ရတယ်။ KIA သာစစ်မတိုက်
      ရင် နိုင်ငံတကာကို မြန်မာတိုင်းရင်းသားအရေးတောင်ပြစရာမရှိဘဲဖြစ်သွားနိုင်တယ်။ စစ်အစိုးရ တရုတ်အားကိုးတာထက်စာရင် တိုင်းရင်းသားတွေတရုတ်အားကိုးတာ စာဖွဲ့စရာတောင်မရှိဘူး။ ကချင်ဒုက္ခသည်နဲ့ ကိုးကန့်ဒုက္ခသည် ယှဉ်ကြည့်လိုက်ပါ။ တရုတ်တွေ ဘယ်လိုလုပ်ပေးလည်းဆိုတာ။ ညီမလေးအင်တာနက်ကနေနည်းနည်း စာပိုဖတ်ရင် သဘောပေါက်လာပါလိမ့်မယ်။

  6. မြန်မာ

    ယနေ့မြန်မာစစ်တပ်ဆိုတာ အိမ်ကျယ်အဆင့်ပဲရှိပါတယ်။ ပြည်သူနဲ့တိုင်းရင်းသားတွေကို လက်နက်အားကိုးနဲ့ အနိုင်ကျင့် မတရားကိုယ်ကျိုးစီးပွားရှာ ဒါပဲလုပ်တတ်တာ။ အဲ…ပြည်ပတပ်တို့၊အဖွဲ့အစည်းတို့နဲ့တွေ့ရင်တော့ ခံခဲ့ရတာချည်းပါပဲ။

  7. KIA တရုတ်အားကိုးပြီး လေကျယ် မိုင်းခွဲ ဆက်ကြေးကောက်
    ရှမ်းရွာတွေကို အနိုင်ကျင့် လူအဓမ္မစုဆောင်း အရေးကြုံရင်
    ခေါင်းဆောင်တွေ ပြေးဘို့ နယ်စပ်မှာ အထိုင်ချ ဆွေးနွေးပွဲ
    တွေကိုလည်း အမျိုးမျိုးရစ် မှတ်လောက်အောင် ချတာဘဲ
    ကောင်းတယ် ။

    • Your accusation on KIA have no prove.
      BURMESE ARMY is accused by international human rights with good evidence. Burmese government is killing and and protecting CHIENESE investment .

    • တရုတ် အားကိုး တာ ၊ လက်နက်မဲ့ တွေတော် သေနတ် နှင့်ပစ်တာ၊ သားစဉ်မြေးဆက် ကောင်းစားနေတာ အားလုံးက တပ်မတော် အရာရှိ ကြီးတွေ နှင့် သူတို့ အပေါင်း အသင်းများသာ………..။ တိုင်းပြည်ကတော့ သခင်အောင်ဆန်းပြောခဲ့ သလို ဖာသည် တိုင်းပြည် ဖြစ်နေပြီ။ ချဟေ့ အန်တီစု ပြောသလို ဘယ်လို မိသားစုက ပေါက်ဖွား လာခဲ့သလဲ ဆိုတာ……..
      ရိုင်းရိုင်းပြောရင်တော့ ……….ဥ…………..က

  8. ပါကြီးဖိုး

    အသေခံတိုက်ရသူတွေက နှစ်ဖတ်စလုံးက အောက်ခြေရဲဘော်တွေပါ။ မြေဇာပင်ဖြစ်ရတဲ့သူတွေက အပြစ်မဲ့ကချင်တိုင်းရင်းသားများနဲ့ ပြည်သူတွေပါ။ နှစ်ဖတ်စလုံးက ပစ်ခတ်နေကြတဲ့ လက်နက်တွေနဲ့ ကျည်ဆံတွေက ပြည်သူ့ဘဏ္ဍာငွေနဲ့ ဝယ်ရတာပါ။ မြန်မာပြည်အတွက် အားလုံးအရှုံးတွေချည်းပါပဲ။ စစ်ကြောင့် ဖြစ်ပေါ်လာရတဲ့ ကြီးမားတဲ့ ဆုံးရှုံးမှုအပေါ်မှာ အခြေခံပြီး အမြတ်ထွက်တဲ့ လူနည်းစုလည်း ရှိနေပါတယ်။ စစ်ကြောင့် တိုင်းရင်းသားပြည်သူများ ဒုက္ခပင်လယ်ဝေနေကြရတာဟာ လူနည်းစုရဲ့ ကိုယ်ကျိုးအတ္တကြောင့်ပါပဲ။

  9. KIA စခန်းတွေ အားလုံးကျသွားလဲ နိုင်ငံရေးဆွေးနွေးပွဲ ဆက်လုပ်လို.ရပါတယ်။ ဘာလို.လဲဆိုတော့ လူကြီးတွေရဲ့ပိုင်ဆိုင်မှုတွေနဲ.မိသားစုတွေက တခြားနိုင်ငံ တွေမှာထားတာလေ။ ကြိုးစားထားကြ KIA ရဲဘော်တို.ရေ၊ တို.လူကြီးတွေ မင်းတို.ကိုကြည့်မနေပါဘူး။ဝေ့လည်ကြောင်ပါတ် ဆွေးနွေးပွဲတွေဆက်လုပ်ပါဦးမယ်။ လောလောဆယ်တော့—?

  10. မြန်မာ့တပ်မတော်မှာတော့ ၁၉၈၀ ခုနှစ် တွေကတည်းက Carlgustav တွေသုံးနေတာဘဲ။ ကပစ ကလည်း BA 84 အနေနဲ့ထုတ်တာဘဲလေ။ တပ်ရင်းအကူပစ်လက်နက်ကြီးအဖြစ် သုံးလာတာ ဆယ်စုနှစ် (၃) ခုလောက်ရှိပြီဘဲ ။ သူတို့ကဘာလို့ အခုမှတရေးနိုးနေရတာလဲ ?
    နောက်ပြီးတော့ အခုဓါတ်ပုံထဲမှာပြထားတဲ့ သေနတ်က (ခြေလျင်မှာတော့ဒီကောင်ကြီးတွေကိုလဲသေနတ်ဘဲ ခေါ်တယ်) မြန်မာ့တပ်မတော်ရဲ့အမှတ်အသား တံဆိပ်ဘာမှမတွေ့ရဘူး Original Serial No ဘဲပါတယ်ဆိုရင်တော့ ဒါတို့တပ် က သေနတ်မဟုတ်ဘူး၊ မြန်မာ့တပ်မတော်မှာ G3 / G4 လို တစ်ကိုယ်ရေသုံးသေနတ်(ရဲဘော်တိုင်းကိုင်ပြီးပစ်နိုင်တဲ့သေနတ်) တောင် ကိုယ်ပိုင်အမှတ်ရှိတယ် ၊ ဒီတော့ ဒုဗိုလ်မှုးကြီးတစ်ယောက် အမိန့်ပေးမှ ပစ်လို့ရတဲ့ Carlgustav လို သေနတ်မှာ မြန်မာ့တပ်မတော်အမှတ်အသား မပါရင် ဒါ တို့သေနတ် မဟုတ်ဘူး၊
    နောက်ပြီး Cargustav လို သေနတ်ကြီးကိုတောင် စစ်မြေပြင်မှာ လက်လွတ်စပယ် ပစ်ပြီးပြေးရလောက်အောင် တို့ ရဲဘော်တွေ မညံ့လောက်သေးဘူးထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကသာလွန်အင်အားနဲ့ ထိုးစစ်ဆင်နေတဲ့ တပ် မှ မဟုတ်တာ၊ ဗကပ တွေ သာလွန်အင်အား နဲ့ (လူ၃၀၊၄၀ ကို ၁၀၀၀ လောက်နဲ့) ၀ိုင်းတိုက်နေတဲ့ခေတ်တုန်းကတောင် ၃လက်မ စိန်ပြောင်း တို့လို MG 42 စက်လတ် တို့လို တပ်ရင်းအကူပစ်လက်နက်ကြီးတွေဟာ ဆယ်ခါ့ရံတစ်ခါ မှပါတာပါ။
    ဒီတော့တို့ထင်တာက ဒီသေနတ်ကြီးကို သူတို့ဟာသူတို့ တစ်နေရာက၀ယ်၊ တပ်ကသိမ်းမိတယ်ဆိုပြီး Propaganda လုပ် ၊ တပ်ဆိုရင် အသေရရအရှင်ရရ ဆော်မယ်ဆိုတဲ့ အချို့မီဒီယာတွေကလည်း တစ်ဆိတ် ကို တစ်အိတ်လုပ်လိုက်တာလို့ ထင်ပါတယ်ခင်ဗျား။

  11. တပ်မတော် အရာရှိကြီး တစ်ဥိး၏ ပြောကြားချက် အရ ထို ၈၄ မမ များကို ဦးနေဝင်းလက်ထက် ၁၉၈၃ ခုနှစ်လောက်တွင် အမေရိကန်ပြည်ထောင်စု မှ တိတ်တိတ် ပုန်းထောက်ပံ့ခဲ့ကြောင်း၊ ထိုလက်နက်များကို အစိုးရ တပ်များက KNU တပ်များကို တိုက်ရာတွင် သုံးခဲ့သဖြင့် တပ်မှုးတစ်ယောက် ထိုစဉ်က ထုတ်ပယ်ခံခဲ့ရကြောင်သိရပါသည်။ သို့သော် နဝတ လက်ထက် မဲသဝေါ၊ မော်ဖိုးကေ၊ မာနယ်ပလော နှင့် မဲလ စခန်းများ ကို တိုက်ရာတွင် ကွန်ကရစ် ဘန်ကာများကို ဖြိုခွင်း ရန် ထိုစဉ်က စစ်ရာထူးခန့်ချုပ် ဗိုလ်ချုပ်မောင်လှ၏ အမိန့်ဖြင့် ထုတ်သုံးခဲ့ကြောင်း သိရပါသည်။ ထို့နောက် SSA စခန်းများကို ဖြိုခွင်းရန် ဒုချုပ်ဖြစ်လာခဲ့သူ မောင်အေး အမိန့်ဖြင့် ထုတ်သုံးခဲ့ကြောင်းသိရပါသည်။ ဆိုရှယ်လစ် အစိုးရ လက်ထက်တွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ကို ဦးစားပေးခဲ့၍ ပြည်တွင်းစစ် တွင် ထိုကဲ့သို့သော လက်နက်များကို ထုတ်မသုံးခဲ့သော်လည်း နဝတ လက်ထက်တွင် မောင်လှ နှင့် မောင်အေး ကဲ့သို့သော စစ်ခေါင်းဆောင်များက တိုင်းရင်းသားများကို မျိုးဖြုတ် သတ်ဖြတ်ရန် ထိုကဲ့သို့ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။