သိမ်းမြေများ ပြန်မပေးလျှင် ဆန္ဒပြမည်ဟု စစ်တပ်ကို အရပ်သားများ သတိပေး | ဧရာဝတီ

သိမ်းမြေများ ပြန်မပေးလျှင် ဆန္ဒပြမည်ဟု စစ်တပ်ကို အရပ်သားများ သတိပေး

Hits:1
  | |

ဧရာဝတီတိုင်း မြောင်းမြမြို့နယ်တွင် ကရင်တော်လှန်ရေး ပြောက်ကျားတပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့စဉ် အစိုးရတပ်က သိမ်းယူခဲ့သော ခြံမြေများကို ပြန်ရရှိရန် ပိုင်ရှင်အရပ်သားများက သမ္မထံတိုင်ကြား၍ တောင်းဆိုလျက်ရှိပြီး မရရှိပါက ဆန္ဒပြမည်ဟု ခြံပိုင်ရှင်များက စစ်တပ်ကို သတိပေး ပြောဆိုလိုက်သည်။

ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်အတွင်းတွင် တပ်မြေအဖြစ် သိမ်းရန် ကျောက်တိုင် စိုက်ထူထားသော ပင်ငိုကျေးရွာ တောင်ယာဧက ၆၁၀ ဧကမှ တနေရာ (ဓာတ်ပုံ - ဧရာဝတီ)

မြောင်းမြမြို့နယ် တဇင်ကုန်းကြီး ကျေးရွာအုပ်စုပိုင် ဥယာဉ်ခြံမြေ ဧက ၂၈၀ ကျော်ကို ၁၉၉၁ ခုနှစ်က ကရင်တော်လှန်ရေး အဖွဲ့များနှင့် အစိုးရတပ်တို့ ဖြစ်ပွားခဲ့သော အုံးပင်စုတိုက်ပွဲ ကာလကတွင် အနောက်တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်း (၉၃) က နယ်မြေစိုးမိုးရေးကို အကြောင်းပြ၍ သိမ်းယူခဲ့ခြင်းဖြစ်ပြီး ထိုမြေများကို မူလပိုင်ရှင်များက ပြန်ရရှိရန် ကြိုးပမ်းနေကြခြင်းဖြစ်သည်။

“သမ္မတကြီးဆီကိုလည်း အထောက်အထားတွေနဲ့တကွ ကျနော်တို့ ထပ်စာတင်ထားပါတယ်။ တရားဥပဒေနဲ့အညီ ဆောင်ရွက်ပေးမယ်လို့လည်း မျှော်လင့်ပါတယ်။ ဘယ်လိုမှ ဖြေရှင်းမပေးဘူး။ အကြောင်းပြန်ခြင်းလည်း မရှိဘူးဆိုရင်တော့ ကျနော်တို့ ဘိုးဘွားပိုင်မြေတွေ ပြန်ရဖို့အတွက် ဆန္ဒပြတောင်းဆိုရလိမ့်မယ်” ဟု လယ် ၈ ဧက အသိမ်းခံထားရသူ ဦးအေးမြင့်က ဧရာဝတီသို့ ပြောသည်။

မူလပိုင်ရှင် ၄၆ ဦးထံမှ သိမ်းယူထားသော ထိုဥယျာဉ်ခြံမြေများထဲတွင် သီဟိုပင်များကို အဓိက စိုက်ပျိုးထားပြီး ဝါးနှင့် တခြား သီးနှံပင်များကိုလည်း စိုက်ပျိုးထားကာ စစ်တပ် ရန်ပုံငွေအဖြစ် ပုဂ္ဂလိကလုပ်ငန်းရှင်များထံ သီးစားခယူ၍ လေလံပေး လုပ်ကိုင်ခွင့်ပြုထားကြောင်း ခြံပိုင်ရှင်များက ဆိုသည်။

တခြား ခြံပိုင်ရှင်တဦးကလည်း “ဟိုတုန်းကတော့ စစ်တပ်ခေတ်ဆိုတော့ ကျနော်တို့ တောင်းလည်း ကိုယ့်ပစ္စည်းနဲ့ကိုယ် ထပ်နာဖို့ပဲ ရှိတယ်လေ။ အခုဟာ သမ္မတကြီးကလည်း ဒီမိုကရေစီနိုင်ငံလို့ ပြောလာတော့ ကျနော်တို့ မြေတွေကို တရားမျှတစွာနဲ့ ပြန်ပေးဖို့ တောင်းဆိုတာပါ” ဟု ပြောသည်။

ယင်းခြံမြေများ ပြန်ရရှိရေးနှင့် ပတ်သက်၍ ခြံပိုင်ရှင်များစုပေါင်းကာ မြောင်းမြမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ အကူအညီဖြင့် သမ္မတဦးသိန်းစိန်ထံ ယခင်နှစ် အောက်တိုဘာလပိုင်းက စာပို့တိုင်ကြားခဲ့ပြီး ၂ လအကြာတွင် သမ္မတအမိန့်ဖြင့် နေပြည်တော် စစ်ရုံးက ကွင်းဆင်း၍ တပ်နှင့် ခြံရှင်များကို ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်ခဲ့သော်လည်း တိကျသော အဖြေကို ခြံရှင်များထံ အကြောင်းပြန်ခဲ့ခြင်းမရှိဟု သိရသည်။

ထို့ကြောင့် ခြံရှင်များက ယခုနှစ် ဧပြီလတွင် မြောင်းမြမြို့ပေါ်တက်၍ သက်ဆိုင်ရာအစိုးရ ရုံးများရှေ့သို့ သွားရောက်ကာ ဆန္ဒပြတောင်းဆိုကြရန် တင်ပြရာတွင် မြောင်းမြမြို့နယ်အုပ်ချုပ်ရေးမှူးက အထက်ကို စာတင်ပေးမည်ဟုဆိုသဖြင့် စောင့်ဆိုင်းခဲ့ကြပြီး ယခုလအတွင်း အကြောင်းပြန်ကြားလာခြင်း မရှိပါက ဆန္ဒပြကြရန် ပြင်ဆင်နေကြခြင်းဖြစ်သည်။

အလားတူ ဧရာဝတီတိုင်း မအူပင်မြို့နယ် မလက်တို ကျေးရွာအုပ်စု လယ်သမားများထံမှ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ကြံ့ခိုင်ရေးပါတီတို့က သိမ်းယူထားသော လယ်ဧက ၂၀၀ ကျော် ပြန်ရရှိရေး ဖြေရှင်းပေးရန် သမ္မတ ဦးသိန်းစိန်ထံ NLD ပါတီမှ လယ်သမားအရေး ဆောင်ရွက်သူ မစုစုနွေးက ယခုလ ၁၆ ရက်နေ့က စာပို့ တိုင်ကြားထားကြောင်းသိရသည်။

ထိုလယ်မြေများကိုလည်း ကာကွယ်ရေးဝန်ကြီးဌာနနှင့် ကြံ့ခိုင်ရေးပါတီတို့က သိမ်းယူပြီး ငါးမွေးကန်များပြုလုပ်ကာ ပုဂ္ဂလိကလုပ်ငန်းရှင်များ ကို ရန်ပုံငွေရရှိရေးအတွက် လုပ်ကိုင်ခွင့်ချပေးထားသည်။ ယင်းအခြေအနေကို သမ္မတထံ တိုင်ကြားထားသော်လည်း အကြောင်းပြန်ခြင်း၊ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း သိရသည်။

ယခုနှစ် ဇန်န၀ါရီလအတွင်းကလည်း ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်အတွင်းရှိ ရွာ ၄ ရွာမှ တောင်သူ ၁၅၀ ကျော်၏ ခြံမြေ ဧက ၇၀၀ ကျော်အား ရဲသင်တန်းကျောင်း ဆောက်ရန်နှင့် တပ်မြေအဖြစ် သိမ်းယူရန်စီစဉ်နေခြင်းနှင့် ပတ်သက်ပြီး ဒေသခံများက သမ္မတဦးသိန်းစိန်ထံ စာရေးသားပေးပို့ တိုင်ကြားခဲ့သေးသည်။


17 Responses

Leave a Reply

  1. ဆန္ဒပြမနေနဲ့၊ မလကားပဲ၊ မနက်မိုးလင်းတာနဲ့ သူတို့အော်နေတာကိုက ဘာတဲ့၊ …..ဒါ တို့မြေ…ဒီဟာ တို့မြေ….ဟိုဟာလဲ ငါတို့မြေ၊ …တို့ မြေ…..တို့မြေ…

  2. Please stop robbing and bullying your own citizen at gun points. If the army cannot give the lands back to the owners, then pay compensations. They are all human like you, soldiers.

  3. ပူစီကွေးလေး

    ပြည်သူတွေကြားထဲမှာစစ်တပ်၊ရဲ…ဆိုတာနဲ့…လူပါးဝတဲ့ကောင်တွေလို့မြင်နေပြီ

  4. Very good comment

  5. စောက်ရမ်းရှောက်ပြောမနေနဲ့။ ဘယ်စစ်သားမှအလကားမြေမသိမ်းဘူး။ မြေရလာရင် စောက်အပင်တွေစိုက်ခိုင်းလို့ ဖင်ယားတာတောင်မကုတ်နိုင်ဘူး။ လယ်မစိုက်ချင်လို့တပ်ထဲဝင်လာတာကွ။

  6. ဆန္ဒပြတာဒီမိုကေ၇စီပြ၇ုပ်ပါ။ဒါပေမဲ့ဒီအချိန်မှာ
    ညောင်သီးလဲစာညှို့သံလဲနားစွန့်ဆိုသလိုသတိ
    ကြီး
    ကြီးထားကြဖို့တော့လိုပါတယ်။ဗုဒ္ဒ၇ဲ့မဇ္ဈိမပဋိပဒါ
    နည်းဟာလောကုတ္တ၇ာမှာနိဗ္ဗာန်ထိပို့နိုင်သလိုလော
    ကီမှာသုံး၇င်ဘာမဆိုအမှားနည်းနိုင်ပါတယ်။
    မျိုးချစ်(အမျိုးချစ်မဟုတ်)နိုင်ငံေ၇းသမားတွေ
    ကပြည်သူတွေထိန်းမတ်လမ်းပြပါလို့မေတ္တာ၇ပ်
    ပါတယ်။လမ်းစလျှောက်ခါစမှာလဲတတ်ကွဲတတ်
    လို့ပါ။ဒါသဘာဝပါ။အပ်ြအလှန်နားလည်သည်း
    ခံကြဖို့လဲမေတ္တာ၇ပ်ပါတယ်။
    ဒါပေမဲ့ဆုံးဖြတ်ပြီးလို့စမီပြီဆို၇င်တော.သတ္တိ
    ၇ှိ၇ှိနဲ့ဇွဲမလျော့တန်းဆက်လုပ်ဖို့လိုပါတယ်။

  7. ဟုတ်ပပူစီကွေးလေးရေ။ မှန်လိုက်တာအဲ့ဒီလိုကို
    မြင်နေပါပြီ။ အထက်ကအထက်ကဆိုတဲ့စကား
    နဲ့လာလာလုပ်စားနေကြသူတွေကိုလည်းသတ်ပစ်
    ချင်နေပြီ။

  8. အဲ့ဒီထဲမှာ ပူစီကွေးလေး ပြောသလို လူတိုင်းတော့မဟုတ်ပါဘူး။ကျနော်တို့ အောက်ခြေစစ်သားတွေ ဘ၀ ခင်ဗျားတို့မှ မသိဘဲ

  9. ဒေါ်အောင်ဆန်းစုကြည် အားကိုးနဲ့ အကုန်လုံးကမိုက်ကုန်ကြပြီ။ ဘယ်လူကိုမှ ခွေးမထင်ဘူးကွ။ အောင့်ငည်းထားတာကြာပြီဆိုတော့ ဆော်ပလော်တီးကုန်ကြပြီ။ အန်တီစု တစ်ယောက် လွှတ်တော်ထဲဝင်ပြီး တစ်နိုင်ငံလုံးအတွက် ခြုံပြီး အလုပ်လုပ်ရမလား။ဒါမှမဟုတ်…ဟိုနားမီးတစ ဒီနားမီးတစ်စ ထတောက်လိုက်နဲ့…ဘယ်ဟာကို အရင်လုပ်ရမလည်း မသိဘူး။ ဒီလူတွေ ထဖြစ်နေတာ ကြံ့ဖွတ်က အကွက်ဆင်ပြီး စစ်အုပ်ချုပ်ရေးနောက်ပြန်လှည့်အောင် အဆင်းဘီးတပ် မီးတောက်ပေါ် ဓါတ်ဆီလောင်းထည့်တဲ့ဗျူဟာနဲ့တူတယ်။ အစပိုင်းလေးကိုပဲ ရှုပ်ယှက်ခတ်နေအောင်လုပ်နေကြတာ။ဒါမှ တိုင်းပြည်လိုအပ်

  10. တစ်ခါလာလည်း ဆန္ဒပြမယ် ဆန္ဒပြမယ်နဲ့
    ဒါလားဒီမိုကရေစီ
    ဟိုဘုမသိဘမသိကောင်တွေကလည်း
    မြှောက်ပေး အလုပ်မရှိအကိုင်မရှိ နည်းနည်းတော့ လုပ်ပြမှရမှာဆိုတော့ အနေအစားချောင်အောင် မြှောက်ပေးနေတာကို အဟုတ်ထင်တဲ့ကောင်တွေကလည်း အရူးလိုလိုက်လုပ်နေတာပဲ
    ပြောတော့ လေတစ်လုံးမိုးတစ်လုံးနဲ့ အဲဒီကောင်တွေရဲ့ ခေါင်းဆောင်ဘာတွေလုပ်နေလည်း
    အိပ်ပျော်နေတာလား
    မသိချင်ယောင်ဆောင်နေတာလား
    အသံကောင်းဟစ်မနေနဲ့
    ပြည်တွင်းမှာငြိမ်းချမ်းအောင်လုပ်ပါဆိုနေမှ
    သူလုပ်တပ်တာဒါပဲလားမသိဘူး

  11. ဒါတောင်အာဏာမရသေးဘူး
    အာဏာများရလာရင်တော့ မလွယ်ဘူး
    ဟိုစကားလိုဖြစ်နေပြီ
    ရှေ့ဘုန်းကြီးကတစ်ချက်ခေါက်တယ်
    နောက်ဘုန်းကြီးက ခဏခဏခေါက်တယ်လို့ ပြောရမလိုဖြစ်နေပြီ

  12. နတ်ဆိုး (Russia )

    ပြည်သူများ ဆန္ဒ ဘယ်လိုပြပြ အရာထင်မည် မဟုတ်ပါ = လမင်းကို ဟောင်သော—ကြက်တူရွေ;လိုဖြစ်မည်။ ဥပဒေ တွေရှိပါတယ်။ စစ်တပ်က မြေတွေ မသိမ်းပါဘူး နိုင်ငံတော်၏ လုံခြုံရေး အတွက် တစ်ချို့ နေရာတွေ မှာ ခေတ္တ ခဏတပ်ဆွဲထားတာပါ ။ စစ်တပ်ဆိုတာ ပိုင်ဆိုင်မှု ဘာတစ်ခုမှ မရှိပါဘူး။ သူတို့ရဲ့ စိတ်ထဲမှာ နိုင်ငံတော်နှင့်ပြည်သူအတွက်သာ ရှိပါတယ်ဗျာ။ ပြည်သူတွေ အထင်မလွဲ ကြပါနဲ့ ။ယခု ဆန္ဒပြခဲ့လျှင်လည် ဒါ နိုင်ငံတော်ကို ဆန္ဒ ပြတာနဲ့ အတူတူဖြစ်သွားပါတယ်။

  13. My opinion is, present government and NLD are really working for the country and people now. Only a group of people who are greedy and don’t want democracy, making problem to the people to be riot. That is to be patient for present government and find out problem where come from.

  14. It is human right. Go ahead .

  15. ကဒေါင်းညင်သာ

    ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခြင်းသည် လူသားတိုင်း၏ မွေးရာပါ ရပိုင်ခွင့်ဖြစ်သည်။ ဆန္ဒပြခြင်းသည် ဆူပူခြင်းမဟုတ်။ ပုန်ကန်ခြင်းမဟုတ်။ အာဏာရှင်အစိုးရ အဆက်ဆက် ၀ါဒဖြန့်စကားများ ယခု အစိုးရလက်ထက်တွင် အကျုံးမ၀င်တော့။ သင်တို့၏ အမြင်များ ဒီမိုကရေစီအစိုးရလက်ထက်တွင် ပြောင်းလဲဖို့သာ လိုတော့သည်။

  16. ဘာပဲဖြစ်ဖြစ် အခုလိုဖြစ်နေရခြင်းဟာ တစ်ပါတီ စစ်တပ် စတဲ့အာဏာရှင် နေ၀င်း သန်းရွှေတို့ကြောင့်ဖြစ်ရတယ်ဆိုတာ ဘယ်သူမှငြင်းလို့မရတဲ့ ထာဝရအမှန်တရားပါပဲ