သမ္မတ အိုဘားမား မိန့်ခွန်းကို ဘယ်လို မြင်ကြသလဲ | ဧရာဝတီ

သမ္မတ အိုဘားမား မိန့်ခွန်းကို ဘယ်လို မြင်ကြသလဲ

Hits:1
  | |

နိုဝင်ဘာလ ၁၉ ရက်နေ့က အမေရိကန် သမ္မတ အိုဘားမား ရန်ကုန် တက္ကသိုလ်တွင် မိန့်ခွန်းပြောကြားနေစဉ် (ဓာတ်ပုံ – ကောင်းညီဟန် / ဧရာဝတီ)

မြန်မာနိုင်ငံသို့ နိုဝင်ဘာလ ၁၉ ရက်နေ့က ပထမဆုံးအကြိမ် လာရောက်လည်ပတ်ခဲ့သော အမေရိကန်သမ္မတ အိုဘားမားက ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် မိနစ် ၃၀ ကြာ သမိုင်းဝင်မိန့်ခွန်း ပြောကြားခဲ့သည်။ ယင်းမိန့်ခွန်းတွင် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်မှု၊ အမျိုးသားပြန်လည်သင့်မြတ်ရေး စသည့် အကြောင်းများကို အသေးစိတ် ပြောဆိုသွားသည်။

ပြည်သူသာလျှင် နိုင်ငံတခု၏ အချုပ်အခြာအာဏာကို အဓိက ပိုင်ဆိုင်ပြီး ဒီမိုကရေစီစနစ် တည်ဆောက်ရေးအတွက် အမေရိကန်က ကူညီပံ့ပိုးပါမည်ဟု ကတိပြုသွားသည်။ မြန်မာ့ဒီမိုကရေစီပန်းတိုင်သို့ ခရီးရှည်ကြီး ဆက်လျှောက်ရဦးမည် ဖြစ်ပြီး ယင်းခရီးရှည်အတွက် မြန်မာပြည်သူများနှင့်အတူ အမေရိကန်က ရပ်တည်မည်ဟုလည်း ဆိုထားသည်။ ရန်ကုန်တက္ကသိုလ်တွင် သမ္မတ အိုဘားမား မိန့်ခွန်းမပြောကြားမီနှင့် ပြောကြားအပြီး ထင်မြင်ယူဆချက်များကို ဧရာဝတီသတင်းထောက် သာလွန်ဇောင်းထက်က တွေ့ဆုံမေးမြန်းထားပါသည်။

သီတဂူဆရာတော် အရှင်ဉာဏိဿရ

အိုဘားမားကို မည်းမည်းလေးမြင်တယ်။ အသားမည်းပေမယ့် အသည်းဖြူတယ်လို့ ယူဆတယ်။

 

 

 


ဦးမင်းကိုနိုင် (၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်)

ကျနော်တို့ အနာဂတ်မျိုးဆက်တွေ အတွက်ပါပဲ။ သူတို့အတွက် စွမ်းရည်တွေ မြှင့်တင်ပေးဖို့ နိုင်ငံတကာက ကူညီရမယ်။ သူတို့မျိုးဆက်က တိုင်းပြည်ကို တည်ဆောက်မယ့်သူတွေ ဖြစ်တဲ့အတွက် သူတို့အတွက် ပညာတော်သင် ကိစ္စတွေကအစ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ အားကောင်းအောင် ၀ိုင်းပြီးကြိုးစားပေးဖို့ ပြောခဲ့ပါတယ်။ သူ့အနေနဲ့ အလေးအနက် ထားတယ်ဆိုတာ ပြောပါတယ်။

 

 

ကိုမျိုးရန်နောင်သိန်း (ဗေဒါအင်စတီကျူ)

ကျနော်တို့နဲ့ သီးခြားတွေ့တဲ့ အချိန်မှာတော့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေကို တန်ဖိုးထားတယ်ဆိုတာ ပြောတယ်။ ဒီလိုတွေနဲ့တွေ့ချင်လို့ ရုန်ကန်းမှုတွေကို အားပေးချင်လို့ အဓိကလာတဲ့အကြောင်း ပြောသွားတယ်။ အတိုချုပ်ကတော့ ဒါပါပဲ။ ကျနော်တို့နဲ့တွေ့တဲ့အချိန်မှာ ကျနော်ပြောလိုက်တာက ပြည်တွင်းမှာရှိတဲ့သူတွေက မြန်မာပြည်ကို ကိုယ်စားပြုတယ်။ အဲဒီတော့ ပြည်ပလူတွေ ဘာပြောတယ်ဆိုတာထက် ပြည်တွင်းကလူတွေကို ပိုပြီးတော့ ဂရုစိုက်ပါ။ မြန်မာပြည်တွင်းမှာ ပိုပြီးတော့ Engagement ပိုလုပ်ပါ။ စစ်တပ်နဲ့ ပိုပြီးပူးပေါင်းဆောင်ရွက်ပေးဖို့လည်း ကျနော်ပြောတယ်။ သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် သူတို့ ပိုပြီးတော့ ပညာပိုရသွားမယ်။ အဲဒါကို ပြောပါတယ်။ သူအဲဒါကြောင့် မြန်မာပြည်လာတဲ့ အကြောင်းလို့ သမ္မတက သူပြောတယ်။ ရိုဟင်ဂျာကိစ္စကလည်း ဘာသာရေးကိစ္စ မဟုတ်ဘူး။ နယ်စပ်ဖြတ်ကျော်တဲ့ ကိစ္စဖြစ်တယ်။

ဒေါက်တာ သန့်မြင့်ဦး (သမိုင်းပညာရှင်)

ရန်ကုန်တက္ကသိုလ်ပေါ့၊ နေရာရွေးချယ်မှုက အရမ်းအရေးကြီးတယ်။ နှစ်ပေါင်း ၅၀ စစ်အစိုးရက အဆိုးဆုံးက ပညာရေးစနစ်အပေါ် သက်ရောက်မှု အဆိုးဆုံးပဲ။ အခု ရန်ကုန်တက္ကသိုလ်မှာ သမ္မတအိုဘားမား လာပြီးတော့ စကားပြောတော့ နည်းနည်းလေးတော့ အချိုးအကွေ့တခုကို ရောက်ပြီလို့ ပြောလို့ရတယ်။ သူရဲ့ မိန့်ခွန်းကလည်း ကောင်းတယ်၊ သဘောကျတယ်။ သူပြောပြတဲ့ အမေရိကန်သမိုင်းကလည်း ကျနော်တို့ မျှော်လင့်ချက်တွေနဲ့ ဘယ်လို ချိတ်နိုင်မလဲဆိုတာကို နည်းနည်းလေးပြောပြတာလည်း ကောင်းတယ်လို့ ထင်တယ်။

ကျနော်တို့က ကွဲပြားခြားနားမှုတွေကို အားနည်းချက်အနေနဲ့ မစဉ်းစားဘဲ အင်အားအနေနဲ့ စဉ်းစားတာကလည်း အရမ်းအရေးကြီးတယ် ထင်ပါတယ်။ ဒါကိုတော့ တိုင်းရင်းသားလူနည်းစုတွေက သေသေချာချာ နားလည်တယ် ထင်တယ်။ လူအများကတော့ နားမလည်ဘူး။ ဒီငြိမ်းချမ်းရေးဆွေးနွေးမှုတွေ အောင်မြင်ဖို့ မတူကွဲပြားမှုတွေကို ဘယ်လိုတန်ဖိုးထားရမယ်၊ ဘယ်လိုကောင်းတယ်ဆိုတာ သေသေချာချာနားလည်ဖို့လို့ ထင်တယ်။

အမေရိကန် သမ္မတ ဒီကိုလာတာက အခုရောက်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေက နောက်ပြန်လှည့်ရင် အမေရိကန်က လက်မခံဘူးဆိုတဲ့ လက္ခဏာပဲ။ မြန်မာ-အမေရိကန် ဆက်ဆံရေး အားကောင်းလာမယ် ထင်တယ်။ အိုဘားမားပြောတာက မြန်မာပြုပြင်ပြောင်းလဲမှုသာ အောင်မြင်သွားရင် တကမ္ဘာလုံးအတွက် နမူနာဖြစ်သွားနိုင်တယ်။ ၂၁ ရာစုအတွက် အမေရိကန်-တရုတ်ဆက်ဆံရေးက ဘယ်လိုဖြစ်မယ်ဆိုတာ မသိနိုင်သေးတဲ့အချိန်မှာ မြန်မာနိုင်ငံက ပူးပေါင်းဆောင်ရွက်မှု ဇုန်တခုဖြစ်လာမယ်ဆိုရင် သိပ်ကောင်းတယ်။ မြန်မာနိုင်ငံက တရုတ်နဲ့အမေရိကန်ကို ပူးပေါင်းဆောင်ရွက်ဖို့ ထောက်ပံ့ပေးနိုင်မယ်ဆိုရင် ကောင်းတယ်။ တရုတ်ဘက်မှာတော့ အမေရိကန်နဲ့ ပတ်သက်လို့ စိတ်ပူပန်မှုရှိမှာပဲ။

ဒေါက်တာ တူးဂျာ (ကချင်ပြည်နယ် တိုးတက်ရေး ပါတီ – KSPP)

ကျနော် အိုဘားမား မိန့်ခွန်းကို သဘောကျတယ်။ အမေရိကန်က မြန်မာပြည်ကို ချန်မထားဘူး။ စာနာတယ်၊ တိုးတက်စေချင်တယ်။ တော်တော်လည်း ထင်ထင်ပေါ်ပေါ် တွေ့နေရပြီ။ ပိုပြီးတော့ ဖွံ့ဖြိုးတိုးတက်လာအောင် အားပေးသွားတာပေါ့။ ပြဿနာတွေ ရှိနေတယ်ဆိုတာ သိတယ်။ အမေရိကန်သမိုင်းကို ဥပမာ ပေးသွားတယ်။ ရခိုင်ပြည်နယ်မှာ ပြဿနာတွေရှိတယ်၊ ကချင်မှာလည်း စစ်မီးမငြိမ်းသေးဘူး။ ဒါတွေလည်း ပြေလည်မှုရရှိအောင် အားလုံး ပြေပြေလည်လည်ဖြစ်အောင် ဖြေရှင်းရမယ်။ ကျောသားရင်သား မခွဲခြားဘဲနဲ့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက် တည်ဆောက်ဖို့ ပြောသွားတယ်။

ခြုံပြီးတော့ ပြောရင် ရန်ကုန်တက္ကသိုလ်မှာ အိုဘားမားပြောသွားတဲ့ တန်ဖိုးရှိတဲ့ သမိုင်းဝင်မိန့်ခွန်းပါပဲ။ မြန်မာပြည်သူတွေကို ပစ်မထားဘူး။ ဒီက ပြည်သူပြည်သားတွေလည်း အမေရိကန် ပြည်သူပြည်သားတွေလို ဖြစ်ပေါ်စေချင်တဲ့ စေတနာကို မြင်ရပါတယ်။ ရန်ကုန်တက္ကသိုလ်ကို ရွေးချယ်တဲ့အပိုင်းကတော့ သမိုင်းတင်တဲ့နေရာ ဖြစ်တယ်။ နိုင်ငံ့ခေါင်းဆောင်တွေ ပေါ်ထွန်းတဲ့နေရာကို သူပြန်လာပြီး မိန့်ခွန်းပြောတာက ကျောင်းသားလူငယ်တွေကို အားပေးတာပဲ။ မိန့်ခွန်း တက်ရောက်နားထောင်တဲ့သူတွေမှာလည်း လူငယ်တွေများတယ်။ လူငယ်တွေများတယ်ဆိုတာက အနာဂတ်အတွက် ရည်ညွန်းတာပဲ။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း မကြာခဏဆိုသလို ထုတ်ဖော်ပြောကြားတဲ့အတွက် သူဘယ်လောက် တန်ဖိုးထားတယ်ဆိုတာ ပြတာပဲ။ သူရဲ့တန်ဖိုးထားမှုတွေကို ပေါ်လွင်စေပါတယ်။

ဒေါက်တာအေးမောင် (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ)

(ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို) သူ့အနေနဲ့ သုံးခွင့်ရှိတဲ့သဘော ရှိမှာပေါ့။ ကျနော်တို့ကတော့ မကြိုက်ချင်ဘူး။ ရင်ကြားစေ့ရေးဆိုတာ တိုင်းရင်းသား အချင်းချင်းကတော့ ဖြစ်နိုင်တာပေါ့။ တိုင်းရင်းသား မဟုတ်တဲ့ပုဂ္ဂိုလ်တွေ၊ အခြားတနေရာက လာတဲ့ပုဂ္ဂိုလ်တွေက အမည်သစ်ထွင်ပြီးကာမှ ရည်မှန်းချက်ကြီးကြီး လုပ်တာမျိုးမို့လို့ အိုဘားမား လေ့လာဖို့လိုပါတယ်။ ဒါနဲ့ပတ်သက်ပြီး အကုန်လုံးရဲ့သဘောထားတခု ထွက်နိုင်ပါတယ်။ ကျနော် မကြိုက်ဘူး။ သူက လွတ်လွတ်လပ်လပ် တိုင်းပြည်ကဆိုတော့ မည်သည့်နိုင်ငံကိုမဆို လွတ်လွတ်လပ်လပ် ပြောဆိုဝေဖန်နိုင်တယ်။ သူရဲ့အမြင်ကိုးဗျ။ ဒါပေမယ့် နိုင်ငံတခုကို လာတဲ့ခေါင်းဆောင်ဆိုတာက ဒီနိုင်ငံနဲ့ပတ်သက်တဲ့ အသုံးအနှုန်းတခုကို သုံးမယ်ဆိုရင် ဇာစ်မြစ်ကို လေ့လာဖို့လိုမယ်။ သူက ကမ္ဘာ့ခေါင်းဆောင်လေ။ ကမ္ဘာ့ခေါင်းဆောင်ဆိုတာက ကမ္ဘာကြီးတခုလုံး အပ်ကျတာကအစ သိနေတယ်ဆိုရင်လေ။ အိုဘားမားက မွတ်စလင်ပဲ။ နောက်မှ ခရစ်ယာန်ပြောင်းတယ်လို့ သိတာကိုး။ ဒါပေမယ့် ကျနော်တို့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လုံးဝမကြိုက်ဘူး။ သူက လွတ်လွတ်လပ်လပ်နေရာက လာတဲ့လူသားကိုးဗျ။

ဦးဇော်အေးမောင် (ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး၊ ရခိုင်တိုင်းဒေသကြီးအစိုးရ)

သူ့မိန့်ခွန်းကို သဘောကျတယ်၊ ကောင်းတယ်။ သမ္မတကြီး အိုဘားမားက ရိုဟင်ဂျာလို့ သုံးနှုန်းသွားတာက တောင်းဆိုနေတဲ့လူတွေကို အသိအမှတ်ပြုပြီးတော့ ငြိမ်းချမ်းရေးအတွက် ညွှန်းပြီးတော့ ပြောသွားတယ်လို့ ထင်တယ်။ အသိအမှတ်ပြုတယ်လို့တော့ မဟုတ်ဘူး။ သဘောမကျဘူး။ ဒါပေမယ့် အဲဒီအုပ်စုကို ညွှန်းပြီး ညွှန်းပြီးတော့ ပြောတာပါ။ ကမ္ဘာပေါ်မှာ အချုပ်အခြာ အာဏာက ပြည်သူပဲ ပိုင်တယ်။ ပြည်သူရွေးတဲ့ သမ္မတက ပြည်သူ့ကိုယ်စား အုပ်ချုပ်ရတယ်။ ပြည်သူ့အကျိုးကိုပဲ ဦးစားပေးပြီး လုပ်တယ်။ ပြည်သူ့ဆန္ဒကိုပဲ လိုက်လျောရမယ်။ မြစ်ဆုံကိစ္စမှာ ပြည်သူ့ဆန္ဒ လိုက်လျောတာကို သူကြိုဆိုတယ်။ သူ့နိုင်ငံမှာ သူဒီလိုပဲ သွားနေရတယ်။ သူ့နိုင်ငံမှာ ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံး စစ်တပ်ဆိုတာရှိတယ်။ အဲဒီစစ်တပ်ဆိုတာက ပြည်သူရွေးထားတဲ့သမ္မတရဲ့ အမိန့်အောက်မှာပဲ ရှိရတယ်ဆိုတာလည်း ပြောသွားတယ်။ ဒါက ကျနော်တို့ ဒီမိုကရေစီနိုင်ငံကို သွားမယ်ဆိုရင် ခံယူရမယ့် ခံယူချက်တွေပဲလို့ ထင်မြင်ပါတယ်။

ဦးဌေးဦး (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယ ဥက္ကဋ္ဌ)

သမ္မတ အိုဘားမားက သူရဲ့ ပထမသက်တမ်းအတွင်းမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို သူနားလည်တယ်။ သူနားလည်တဲ့အတွက် အားပေးကူညီမှုတွေ လုပ်ခဲ့တယ်။ ဒုတိယ သက်တမ်းအတွင်းမှာ ဦးဦးဖျားဖျား အာဆီယံ အစည်းအဝေး လာတက်ရင်းနဲ့ ကျနော်တို့နိုင်ငံကို ၀င်လာတယ်။ အရင်တုန်းကလည်း နားလည်မှုရှိတဲ့ပုဂ္ဂိုလ်၊ အခုလည်း လာတယ်ဆိုတော့ ကျနော်တို့ရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို ပိုပြီး အားပေးကူညီမှုတွေ လုပ်လာလိမ့်မယ်။ သူအလေးထားတာဖြစ်လို့ ပိုပြီးတော့ မြန်မြန်ဆန်ဆန် အကျိုးရှိမယ်။

ဦးဇိုဇမ် (ချင်းအမျိုးသားပါတီ ဥက္ကဋ္ဌ)

အိုဘားမားမိန့်ခွန်းက ကျနော်တို့ မျှော်လင့်ထားသလို မဟုတ်ဘူး။ အိုဘားမားက ဒီမိုကရေစီက ရွေးကောက်ပွဲ သင်တန်းလာပို့ချနေတာ။ ကျနော်တို့ တိုင်းပြည်ရဲ့ တိုးတက်ဖွံ့ဖြိုးဖို့ နည်းနည်းလမ်းကြောင်းပေးတာတော့ ရှိတာပေါ့။ ဒါပေမယ့် သူတို့ရဲ့ထုံးစံအတိုင်း သူတို့ကိုယ်ကျိုးစီးပွား အဓိကပဲ။ ပြီးတော့ မြောက်ကိုရီးယားကို သတိပေးချင်တာလည်း ပါတယ်။ မြောက်ကိုရီးယားကို မဆီမဆိုင် ကျနော်တို့ဆီကနေ သတင်းစကား ပါးလိုက်သေးတယ်။ တခု ကျနော်ဘ၀င်မကျတာ တိုင်းရင်းသားအမျိုးပေါင်း ၁၀၀ ကျော်တယ် ရှိတယ်ဆိုတဲ့ သတင်းအမှားကို သူရလိုက်တယ်။ ဒါကတော့ ကျနော်တို့ တိုင်းရင်းသား ၁၀၀ ကျော်မရှိဘူး။ ၁၀၀ ကျော်ရှိတယ်ဆိုတာ ဒီက အစိုးရ အစဉ်အဆက်ရဲ့ တိုင်းရင်းသားတွေကို ခွဲခြားစိတ်ဖြာပြီးတော့ သေးနိုင်သမျှ သေးအောင်လုပ်တဲ့ အခြေအနေကို လက်ခံထားရတာ။ တိုင်းရင်းသား ၁၀၀ ကျော်ဆိုတာ လက်မခံဘူး။ အဲဒါကို လာမယ့် ၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်တဲ့အခါကျရင် အဖြစ်မှန် ဖော်ထုတ်ချင်တယ်။

ရခိုင်ပြည်အကြောင်း ပြောတဲ့အခါမှာလည်း မြန်မာနိုင်ငံရဲ့ ရာဇ၀င် သိပ်သိပုံမရပါဘူး။ ပြည်ထောင်စုမြန်မာနိုင်ငံ ဘယ်လိုဖွဲ့စည်းတယ်ဆိုတာက အစပေါ့၊ သိမယ့်ပုံ မပေါ်ဘူး။ ကြားလို့ကောင်းအောင် ပြောသွားတာ။ ကျနော့်အာရုံထဲကို လေးလေးနက်နက် မထိရောက်ခဲ့ဘူး။ အဓိက အရေးကြီးဆုံးက ဖက်ဒရယ် ပြည်ထောင်စုကိစ္စကို သူတခွန်းမှ ထည့်မပြောဘူး။ ကျနော်ဒီအချိန်မှာ ဖက်ဒရယ်ဆိုတာ သူတို့ကိုယ်တိုင် ဒီမိုကရေစီစနစ်ကို အောင်အောင်မြင်မြင် ထူထောင်နိုင်တာ ဖက်ဒရယ်ကြောင့်ပဲ။ အဲဒီကိစ္စ တခွန်းပြောရင်တောင် ကျနော် ၀မ်းသာမှာပါ။ အဲဒါကို လုံးဝမပြောဘူး။ အဆင့်တွေကျော်ပြီး လျှောက်ပြောနေတယ်။ ဒီမိုကရေစီအောင်မြင်ဖို့က ငြိမ်းချမ်းရေးမရလို့ မအောင်မြင်ဘူး။ ငြိမ်းချမ်းရေးမရတာကလည်း တိုင်းရင်းသားတွေက လက်နက်ကိုင်လို့ ငြိမ်းချမ်းရေးမရတာ။ တိုင်းရင်းသား လက်နက်စွန့်လို့ရအောင် ကျန်တဲ့အသိုင်းအ၀ိုင်းက ဘာတွေ ပံ့ပိုးသင့်သလဲ။ ဘာတွေဝိုင်းပြီး ဆွေးနွေးပေးရမလဲ။ အဲဒါအခြေခံအချက်ပဲ။ တကယ့်တိုင်းပြည်ကို သူတို့နိုင်ငံလို ထူထောင်ဖို့ဆိုတာ ငြိမ်းချမ်းရေးရဖို့ဆိုတာ ဖွဲ့စည်းပုံ အခြေခံဥပဒေက ဖက်ဒရယ်စနစ် ဖြစ်ရမယ်။ ဒါတွေကို မပြောဘဲ အဆင့်ကျော် ပြောသွားတယ်၊ လိုအပ်ချက်ကို မပြောဘူး။ ဒီမိုကရေစီ သင်ပုန်းကြီး ဖတ်စာလာရွတ်တာ။ ကျနော်တို့က ဒီမိုကရေစီရဖို့ မိုးပေါ်က ရေခံသောက်သလို လုပ်နေတဲ့လူတွေ မဟုတ်ဘူး။ သွေးနဲ့သားနဲ့ အသက်နဲ့ရင်းပြီး လုပ်နေကြတာ၊ တိုက်ပွဲဝင်နေကြတာ။ အခုမှ ရေးရေးလေး ပေါ်လာတဲ့အချိန်မှာ တကယ့်ကို ဗိုလ်ချုပ်အောင်ဆန်း ပြောသလို တက်ထောင်ပြီး အော်ချင်နေကြတယ်။ လူထုရှေ့မှာ စကားပြောတဲ့နေရာမှာ ပါတီကြီးတခုလောက်ကို အမွှန်းတင်လိုက်တာမျိုး။ ကျနော်တို့ ပါတီစုံစနစ်ပါ။ ကျနော်တို့ နားလည်သွားပါတယ်၊ ဘယ်သူ့အတွက် စည်းရုံးရေး လာဆင်းတယ်ဆိုတာကို နားလည်သွားတယ်။

ဦးခင်မောင်ဆွေ (အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဋ္ဌ)

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အသိအမှတ်ပြုတဲ့သဘော ဖြစ်တဲ့အတွက် မြန်မာနိုင်ငံကို နိုင်ငံတကာမှာ စိတ်ဝင်စားလာကြ တာပေါ့။ မြန်မာပြည်သူတွေရဲ့ အခက်အခဲတွေ ကြိုးပမ်းမှုတွေကို အသိအမှတ်ပြု ကြိုဆိုတယ်ဆိုတော့ ကောင်းတယ်။ သို့သော်လည်း အိုဘားမားကလည်း အခြားနိုင်ငံ ခေါင်းဆောင်တွေလိုပဲ သူတို့ အမျိုးသားအကျိုးစီးပွားအတွက်ပဲ ပြောတာပါပဲ။ လူ့အခွင့်အရေး ဆိုတာကလည်း နိုင်ငံခြားရေး ပေါ်လစီပဲလေ။ ရခိုင်ကိစ္စကို ပြောတုန်းက လူ့အခွင့်အရေးကိစ္စကို ပြောခြင်းအားဖြင့် သူ့ကိုကြည့်ရတာ မွတ်စလင်နိုင်ငံတွေရဲ့ စိတ်မသက်သာမှုကို ပြေလျော့သွားအောင် သုံးနှုန်းသွားတယ်။ ဒီနိုင်ငံမှာ မသုံးတဲ့ စကားတခွန်းကို သူသုံးသွားတယ်။ ဒီနိုင်ငံက တရားဝင်လက်မခံတဲ့ အသုံးအနှုန်းတခုကို သူသုံးသွားတယ်။ မွတ်စလင်နိုင်ငံတွေအပေါ် နှစ်သိမ့်နေတာက အမျိုးသား အကျိုးစီးပွား ရေနံလုံခြုံရေးအတွက်များ သက်ဆိုင်နေမလားလို့ သံသယရှိတယ်။ လာတာကောင်းတယ်။ သူ့ကတိအတိုင်း ဆက်လုပ်ဆောင်ပေးဖို့ လိုတယ်။ ဒါပေမယ့်လည်း သူ့အမျိုးသားအကျိုးစီးပွား အဓိကဆိုတာ နိုင်ငံတကာ ခေါင်းဆောင်တွေရဲ့ အစဉ်အလာတိုင်းပါပဲ။     ။


31 Responses

Leave a Reply

  1. အမေရိကန် သမ္မတ အိုဘားမားရဲ့မိန့်ခွန်းအပေါ် ဝေဖဖန်ကြတာတွေဖက် မိတဲ့အခါ စိတ်ထဲမှာ ဘ၀င်မကျတာလေးတစ်ခုဖြစ်သွားတာရှိတယ်.. အဲ့ဒါက ဦးဇိုဇမ် (ချင်းအမျိုးသားပါတီ ဥက္ကဋ္ဌ) ပြောတဲ့ “လူထုရှေ့မှာ စကားပြောတဲ့နေရာမှာ ပါတီကြီးတခုလောက်ကို အမွှန်းတင်လိုက်တာမျိုး။ ကျနော်တို့ ပါတီစုံစနစ်ပါ။ ကျနော်တို့ နားလည်သွားပါတယ်၊ ဘယ်သူ့အတွက် စည်းရုံးရေး လာဆင်းတယ်ဆိုတာကို နားလည်သွားတယ်” ဆိုတဲ့ စကားကိုပါ.. ဦးဇိုဇမ်ကကော အိုဘားမားရဲ့ ခရီးစဉ်က မြန်မာနိုင်ငံကို စီးပွားရေး၊ နိုင်ငံရေးအရ အများကြီး အကျိုးရှိခဲ့တာကို သိပုံမပေါ်ဘူး.. အိုဘားမားက သူ့နံမည်တပ်ပြီး မပြောခဲ့တာကို တော်တော်ခံပြင်းနေပုံရတယ်. သူသာ မြန်မာနိုင်ငံကောင်းစားတာကို မြင်ချင်ရင် မနာလိုတွေဖြစ်စရာမလိုပါဘူး.. ယူတတ်ရင် ရစရာတွေအများကြီးပါ.. နောက်ဆုံးတော့ ဦးဇိုဇမ်က သူ့ ချင်းပြည်နယ်ကောင်းစားရေး၊ သူ့ပါတီ ကောင်းစားရေး၊ သူကောင်းစားထင်ပေါ်ရေးသက်သက်ပဲ အလိုရှိတယ်လို့ သတ်မှတ်မိပါတယ်.. စစ်အစိုးရ အာဏာရူးတွေနဲ့ တစ်တန်းထဲမဟုတ်ရင်တောင် သိပ်တော့ ကွာမယ်မထင်ဘူး. တစ်မျိုးသားလုံးရေးနဲ့ ခြုံပြီး မမြင်တတ်တဲ့သူလို့ပဲ ထင်မှတ်မိတယ်..

  2. ထာဝရမိတ်ဆွေ၊ထာဝရရန်သူဆိုတာမရှိပါဘူး။ထာဝရအကျိုးစီးပွားပဲရှိတယ်ကွ။
    သူ့ အမျိုးသားအကျိုးစီးပွားအဓိကထားမှာပဲ။စာဖတ်ကြ။ငတုံးမဖြစ်စေနဲ့ ။အကုန်လူလည်ကြီးပဲ။

  3. ထာဝရမိတ်ဆွေ၊ထာဝရရန်သူဆိုတာမရှိပါဘူး။ထာဝရအကျိုးစီးပွားပဲရှိတယ်ကွ။
    သူ့ အမျိုးသားအကျိုးစီးပွားအဓိကထားမှာပဲ။စာဖတ်ကြ။ငတုံးမဖြစ်စေနဲ့ ။အကုန်လူလည်ကြီးပဲ။
    အိုဘားမားဆီကုန်ခံပြီးအလကားမလားဘူးကွ။သူနိုင်ငံစီးပွားရေးဦးမော့ရမယ်လို့ ကတိပေးထားလို့ စီးပွားရေးစားကျက်လာရှာတာကွ။

  4. ဧရာဝတီရေ စီးဆင်းပါ ပျော်ရွေင် ငြိမ်း ချမ်း မှု တို့ မျှ ဝေလို့ ပေး ပါ။ ငါတို့ရဲ့မနက်ဖြန် မျာ့း့ 

  5. ကောင်းပါတယ်..ကောင်းတာလုပ်ရင်ကောင်းတာကို
    လိုက်ပြီးပံ့ပိုးပေးတက်တာအမေရိကန်ရဲ့စနစ်ကောင်းပါ။
    ဆိုးတာမြင်ရင်လည်းအပြတ်သတ်ဝေဖန်နေတာပဲလေ…
    အမေရိကန်လိုမြန်မာနိုင်ငံကြီးချမ်းသာပါစေ…
    လူတွေလည်းကောင်းလာပါစေ..
    ကမ္ဘာကြီးမှာအမေရိကန်ကိုအားကျရင်ကျ..မကျရင်
    အားပြိုင်ချင်တဲ့နိုင်ငံတွေချည်းပဲ…

  6. To ဦးဇိုဇမ် (ချင်းအမျိုးသားပါတီ ဥက္ကဋ္ဌ),
    Federal state is not related with democracy. Democracy is a system but federal is state.Some countries which practice federal state do not have democracy such as former Soviet Union. You need to learn International Politics.
    Cyrus

    • To
      U Zo Zam,
      I support his comment. You should learn more in politics. I am very sorry
      for people with less political experience involved in such kind of political ethic group. Please make sure before your comments.

      Be careful.

  7. ကျွန်တော့်အမြင်လေးလည်း သုံးသပ်တင်ပြချင်ပါတယ်… သူ့မိန့်ခွန်းအပေါ် ဘယ်လိုမြင်သလဲဆိုတဲ့ဟာလေးနဲ့ပတ်သက်ပြီးတော့ပါ..နာရီဝက်လောက်ပဲ အချိန်ရပြီးပြောသွားတဲ့မိန့်ခွန်းအပေါ် အမျိုးမျိုး ကိုယ့်စိတ်ခံစားချက်အရ သုံးသပ်ကောက်ချက်ချနိုင်ပါတယ်…ပထမဆုံးအနေနဲ့ကျွန်တော် သဘောကျတာက နေရာရွေးချယ်မှုပါ…တက္ကသိုလ်ကြီးကိုလေးစားကြောင်းပြသွားတယ်..ဗိုလ်ချုပ်တို့ဦးသန့်တို့ကို လေးစားကြောင်းပြသသွားတယ်..ဒေါ်အောင်ဆန်းစုကြည်ကို လေးစားကြောင်း ပြသသွားတယ်..ဒါတွေက သဘောကျစရာအချက်တွေပါ..သူတို့နိုင်ငံနဲ့ယှဉ်ပြီးတော့ ဥပမာလေးတွေပေးပြီးပြောသွားတယ်..ဒီမိုကရေစီစနစ်အကြောင်းပြောပြသွားတယ်.. ဒါလေးတွေကို သဘောကျပါတယ်..ဒါပေမဲ့….ဒီမိုကရေစီစနစ်ရှင်သန်ပြီးဖြစ်တဲ့ အမေရိကန်နိုင်ငံမှာ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ အတူယှဉ်တွဲနေထိုင်တာကိုဖော်ကျူးပြီး…ရခိုင်အရေးကို ပြောသွားတဲ့အခါမှာတော့ မြန် မာပြည်ကလူတွေရဲ့မျှော်လင့်ချက်နဲ့ အံချော်သွားတာ တွေ့ရပါတယ်။ ဘယ်ကလာတဲ့လူဘဲဖြစ်ဖြစ် ဘယ်ဘာသာကိုးကွယ်တဲ့သူပဲဖြစ်ဖြစ်..ဒါတွေက အရေးမကြီးပါဘူး..လို့ပြောသွားတဲ့အခါမှာ…ရခိုင်အရေးနဲ့ တိုက်ရိုက်သက်ဆိုင်သလိုဖြစ်သွားပါတယ်..မြန်မာပြည်က လူတွေရဲ့ ရင်ထဲမှာ အဲဒီလောက်ဒီမိုကရေစီစိတ်ဓါတ်မရင့်သန်သေးပါဘူး..လူမျိုးရေး ရှေ့တန်းတင်ထားတဲ့ပုဂ္ဂိုလ် ကြီးတွေဆိုရင် ပိုလို့တောင်ကြိုက်မှာ မဟုတ်တော့ပါဘူး..သူ ဆိုလိုရင်းအဓိပ္ပာယ်က တိုင်းရင်းသားတွေအားလုံးကို ရည်ညွှန်းတယ်လို့ထင်ပါတယ်…ဒါပေမဲ့ လတ်တလောဖြစ်နေတဲ့ ပြသနာတွေအရရိုဟင်ဂျာအရေးနဲ့ မွတ်စလင်အရေးကိုဦးတည်ပြီးပြောသွားသလိုဖြစ်သွားပါတယ်။ ရိုဟင်ဂျာလို့သုံးနှုန်းသွားတာကလဲ..ဖြစ်နေတဲ့ ပြသနာအပေါ် ပေါါ်လွင်အောင် သုံးနှုန်းသွားတယ်လို့ ယူဆပါတယ်..ရိုဟင်ဂျာဆိုတာ မရှိပါဘူး ၊ အဲဒီအသုံးအနှုံးကို ပြည်သူတွေလက်မခံဘူး ဆိုတာတွေထိတော့သူသိပုံမရပါဘူး။
    နောက်ဆုံး ခြုံငုံပြီးပြောရမယ်ဆိုရင်တော့ သဘောကျပါတယ်။ ဒါပေမဲ့..ကိုယ်စီကိုယ်စီမျှော်လင့်ချက်တွေနဲ့ ရှုထောင့်အမျိုးမျိုးကနေ စောင့်ပြီးနားထောင်ကြတဲ့ လူတွေအားလုံးတော့ စိတ်ကျေနပ်မှုရမှာမဟုတ်ပါဘူး။ တချို့က ရခိုင်အရေးကို သမ္မတကြီး ဦးသိန်းစိန်ပြောသလို..ရိုဟင်ဂျာလူမျိုးဆိုတာ မြန်မာပြည်မှာ မရှိပါဘူး ဆိုတာမျိုးကို သူများထုတ်ပြောမလားလို့မျှော်လင့်ချင်မျှော်လင့်မယ်..နိုင်ငံရေးပါတီ အသီးသီးရဲ့နာမည်တွေကို တစ်ခုချင်းထုတ်ပြောပြီး..ဂုဏ်ပြုစေချင်တဲ့လူတွေလည်းရှိမယ်..
    အမျိုးမျိုးပေါ့ဗျာ..ရေအပြည့်ပါမယ်ထင်တဲ့ပုံးလို့ ယူဆပြီးအားစိုက်မလိုက်တဲ့အခါ ရေကတ၀က်ပဲပါတော့ ပေါ့သွားတာကြောင့်..ဖင်ကပ်လောက်ပဲပါတယ်လို့ အထင်ရောက်သွားတဲ့ သဘောမျိုးပါ..ဘာပဲဖြစ်ဖြစ်..မြန်မာ့ဒီမိုကရေစီအရေးမှာ တစိုက်မတ်မတ် အားပေးလာတဲ့အတွက် ကျေးဇူးတင်တယ်..နောက်ကိုလည်း အကူအညီတွေပေးအုံးမှာဖြစ်တဲ့အတွက် မြန်မာ့ဒီမိုကရေစီလမ်းကြောင်းဟာ သူ့ကြောင့်ပိုပြီးအားကောင်းလာမယ်လို့ ယူဆပါတယ်

  8. ပါကြီးဖိုး

    သာမာန်ပြည်သူအများစုကတော့ သမတအိုဘားမားမိန့်ခွန်းကို သဘောကျကြမယ်ထင်ပါတယ်။ သီတဂူဆရာတော်ကြီးရဲ့မှတ်ချက်ကိုလည်း သဘောကျတယ်။ မြန်မာနိုင်ငံ လက်ရှိအခြေအနေရောက်လာအောင် သမတအိုဘားမားအစိုးရရဲ့ ကူညီပံ့ပိုးမှုကို အသိအမှတ်ပြုရမှာပါ။ ရှေ့ဆက်ပြီး အမေရိကန်ရဲ့ အကူအညီကို ရယူရအုံးမှာပါ။ စစ်အာဏာရှင်စနစ်မှ မြန်မာနိုင်ငံ လွတ်မြောက်မယ့် အရိပ်အရောင်သန်းစသာ ရှိပါသေးတယ်။ စစ်အာဏာရှင်စနစ်မှလွတ်မြောက်ဖို့ ကြိုးပမ်းနေကြတဲ့ ခေါင်းဆောင်တွေကြားမှာ သွေးကွဲစေမယ့် သဘောထားအမြင် ပြောဆိုမှုတွေကြားလာနေရပါတယ်။ ကိုယ့်ဆန္ဒတစ်ခုတတည်းကို ရှေ့တန်းတင်လို့ မရပါဘူး။ မဇ္ဈိမာ ပဋိပဒါလမ်းစဉ်ဟာ နေရာတိုင်းမှာ မှန်ကန်ပါတယ်။ သာမာပြည်သူတွေကို ပြန်ငဲ့စေချင်ပါတယ်။ လွတ်လပ်ရေးရပြီးကတည်းက ကွဲပြဲလာခဲ့တာပါ။ မြန်မာပြည် မျှော်လင့်ချက်ရောင်ခြည် သန်းစပဲရှိပါသေးတယ်။ တိုင်းရင်းသားပြည်သူများအားလုံး အေးချမ်းစွာ လူ့ဂုဏ်သိက္ခာပြည့်ဝစွာ နေထိုင် အသက်ရှင်ခွင့် ပေးကြစေလိုပါတယ်။

  9. Those 3 persons, Yakhine Aye Maung,Chinn Zoe Sa,and Khin Mg Swe,are racist minded ,narrow minded,people. Their words shows their minds,and they do not have Democracy way of thinking.Just talk thoroughly,with race intentionally means words.They are not worth to stand in their positions.Shameful.

  10. မြန်မာ တိုင်းရင်းသူ

    သူတို့ (အမေရိကန်) အကျိုးစီးပွားအတွက် လာတယ် ဆိုတာ တကယ် မှန်ပါတယ်။ အရင် စစ်တပ်က တရုတ်ပြည်နဲ့ လုပ်နေတာတွေကို သူတို့နဲ့ ပြောင်းလုပ်အောင် သူတို့ဘက်ကလဲ ပေးမယ်၊ သည်ဘက်ကလဲ ရစရာတွေ ရှိတယ်လေ။ အာရှမှာ တရုတ်အင်အား တောင့်လာတော့၊ ဗမာပြည်ဖြတ်ပြီး တရုတ်က လမ်းဖေါက်၊ ရခိုင်မှာ တရုတ်ပိုင် ဆိပ်ကမ်းတွေ လုပ်လာမှာ လာထိန်းချင်လို့ ဗမာပြည်ကို အရင်ပေးတာ၊ ဗမာပြည်ကနေ သူတို့ ပြန်ရစရာတွေ ထိုက်တန်စွာ ရှိနေတာကိုး။ ဒါပေမယ့် ပေးရတာချင်း၊ ယူသွားတာချင်း အတူတူမှာ စစ်ဗိုလ်တွေနဲ့ စီးပွားရေးသမား လက်တဆုပ်စာပဲ ရပြီးရင်း ရ၊ ဖြုန်းနေကြတာထက် အခြေခံ လူတန်းစားတွေ တတိုင်းပြည်လုံး မျှတစွာ ရမယ့် အတွက် လက်ခံပါတယ်။

  11. I am so sorry to hear a negative comment from U Zo Zam.
    We must accept any good thing from any person.
    I am sure Myanmar pyi has a brighter future.

  12. ကျွန်တော်တို့လူမျိုးတွေအမြင်တွေကျဉ်းနေသမျှကာလပတ်လုံး အချိန်တိုတိုအတွင်းအောင်မြင်တဲ့လမ်းကြောင်းပေါ်ရောက်လာမှာမဟုတ်ဘူး… နိုင်ငံအတွင်းမှာရှိနေတဲ့လူတွေတော်တော်များများက သူ့လူမျိုးကိုယ့်လူမျိုးလုနေကြတယ်… ကမ္ဘာမှာလူမျိုးပေါင်းစုံနေနေကြတဲ့နိုင်ငံတွေကဟိုးးးးအရှေ့ကိုရောက်နေကြပြီ… ကိုယ်တွေနိုင်ငံမှာတော့ဘာမဟုတ်တဲ့ရိုဟင်ဂျာကိုပဲဂရုအစိုက်လွန်ပြီး…အရှေ့ကိုမရောက်နိုင်ဘူးဖြစ်နေတယ်… ကိုသန့်မြင့်ဦးရဲ့အမြင်လေးကိုသဘောကျပါတယ်…

  13. ဥပမာဆို အမေရိကန်မှာဆိုရင် Green Card ရထားရုံနဲ့ မဲပေးလို့မရဘူး။ စင်ကာပူမှာ PR ရထားတဲ့သူတွေ မဲပေးလို့မရဘူး။ လူနည်းစု လူများစုဆိုတဲ့ နေရာမှာ နိုင်ငံသားကိုပဲ ဦးစားပေး စဉ်းစားတယ်ဆိုတာ နိုင်ငံတိုင်းရဲ့ ကမ္ဘာ့နိယာမပဲ။ ဒါကိုတော့ ခွဲခွဲခြားခြား နားလည်ဖို့လိုတယ်” ဟု ဦးကိုကိုကြီးက ပြောကြားခဲ့သည်။
    ရယ်စရာတောင်ကောင်းလိုက်တာ ကိုကိုကြီးရာ…မင်းစာအများကြီးဖတ်လိုက်ဦး… ပြီးရင်သဘောထားလည်းကြီးကြီးထားတတ်အောင်ကျင့်ဦး…ရိုဟင်ဂျာကိုမင်းတို့ကြိုက်သလိုခေါ် ဒါပေမယ့်သူတို့ကို PR ဆိုတဲ့အဆင့်ပဲပေးပြီး
    နိုင်ငံအတွင်းမှာခွဲခြားဆက်ဆံမှုမပြုပဲမင်းတို့အတူလက်တွဲနေနိုင်လို့လား… မင်းတို့ရဲ့အရည်အချင်းတွေကိုတဖြည်းဖြည်းချင်းသိသိလာပြီ…ဘာမှမဟုတ်မှန်းဆိုတာ… နိုင်ငံတိုးတက်ဖို့ကိုသာအဓိကထားကြပါ… ငါတို့နိုင်ငံအမြန်ဆုံးတိုးတက်နိုင်ပါစေ…

  14. ကေါင်းပါတယ်အအိုဘါးမါး

  15. ဦးဇိုဇမ်. ကိုထောက်ခံပံတယ်
    အမှန်ပြောတာ
    အမှန်ပြေားတဲ့လူသတိ့ထားပြီးနေပါ

  16. နိုင်းလေး

    အချို့ကလည်း သမတ အိုဘားမားက ပထမသက်တမ်းလား၊ ဒုတိယ သက်တမ်းလားတောင် မသိရှာဘူး။ ဒါနဲ့ပဲ အဖွဲ့ဝင် သန်းချီရှိတဲ့ ပါတီ အထွေထွေအတွင်းရေးမှုး လုပ်နေသေးတယ်။ အံ့ရော…အံ့ရော…

    အချို့ကလည်း ပြည်တွင်းအသံ၊ ပြည်တွင်းအသံ… ပြည်တွင်းက ဘာမှ လှုပ်ရှားလို့ မရအောင် ဖိနှိပ်ထားချိန်မှာ ပြည်ပက လူတွေရဲ့ အသံက ဘယ်လောက် ထိရောက်ခဲ့သလဲဆိုတာ မလေ့လာ… ကိုယ့်ဂုဏ်ကိုယ်ဖေါ်နေကြလေရဲ့….

    အချို့က လူ့အခွင့်အရေးနဲ့ ပြည်တွင်းရေးကို ရောချ. ရောချ လုပ်နေတာလည်း တွေ့ရ..

    ကြားရ. ကြားရ. နားဝမှာ မချမ်းသာပါလားနော်…..

  17. ဦးဇိုဇမ်ကို တခုလောက်မေးချင်တာက သူ့မှာ ဒေါ်အောင်ဆန်းစုကြည်လောက် အရည်အချင်း၊ဖြောင့်မတ်မှုနဲ့ ပေးဆပ်မှုတွေ ရှိခဲ့ပါသလားဆိုတာပါ။ စိတ်ထဲမှာ မနာလိုစိတ် ဘယ်လောက် ပျင်းပြနေတယ်ဆိုတာ စကား စကားတွေထဲမှာ မြင်နေရတယ်။

    • To U Zo Zam,

      You can hear the voice and comments from all over the country over
      your review. It is time to stop your political career as well as leadership
      post from your Chin ethic group. Please !!!!

  18. Everybody has the right to have own opinion. But he should not overlook the desire of 60 million people. And also, we should have vision and broad-mind. Now our country is striving to become a Nation that cannot be looked through the nose by the world. As such, we have to concentrate the process that can support our living standard and then prosperity. Now, we should forget about disagreements among ourselves and march towards winning genuine Democracy. Whatever the comments, President Obama and USA is truly inspirational for present situation of our country.

  19. မိန့်ခွန်းကိုတော့ အတော်များများဝေဖန်ပြီးကြလို့ ထပ်ပြီးမဝေဖန်တော့ပါဘူး ။ အိုဘားမားရဲ့လုံခြုံရေးတွေလုပ်ရပ် ကိုတော့ မကြိုက်ပါဘူး ။ ဂုဏ်ပြုတပ်ဖွဲ့ကို သူတို့ကလာပြီးစစ်ဆေးနေတာ ၊ ရွှေတိဂုံဘုရားပေါ်ကို ဘိနပ်ချွတ်ရမှာ ကြောင့် မတက်ဖြစ်တော့ဘူးဆိုပြီး ၊ လုံခြုံရေးနဲ့ ဘုရားပေါ်မှာဘိနပ်ချွတ်ရမှာ ဘာမှမပတ်သက်ပါဘူး ။ အင်္ဂလိပ်-မြန်မာ စစ်ပွဲဖြစ်ခဲ့ရတာ ဘုရားပေါ်ဘိနပ်စီးခဲ့လို့ဆိုတာ သမိုင်းမှာအထင်အရှားပါ ။ ဒီတစ်ခါတော့ သည်းညည်းခံလိုက် ပါပြီ ။ နောက်တစ်ခါလာရင် သူ့လုံခြုံရေးလည်း လက်နက်ယူလာခွင့်မရှိစေရ ။ ဂုဏ်ပြုတပ်ဖွဲ့ကိုလည်း သူတို့ ဝင်ရောက်မစွက်ဖက်စေရ ။ မြန်မာပြည်ကိုလာရင် မြန်မာ့ယဉ်ကျေးမှုများကို လိုက်နာရမည်လို့ နိုင်ငံကြီးသားများ သိနားလည်နိုင်ကြပါစေ ။

  20. ဒေါက်တာအေးမောင်က မလွတ်လတ်သေးတဲ့နေရာမှာများ ဆက်နေ နေသေးတာလားဗျာ သနားစရာဘဲနော်—–

  21. သမတအိုဘားမားရဲ့မိန့်ခွန်းကိုတော့ဝေဖန်စရာမရှိပါဘူး၊ဝေဖန်ရေးသမားတွေရဲ့ဝေဖန်ချက်တွေ ကသူတို့ရဲ့စရိုက်တွေကိုပေါ်လွှင်စေပါတယ်၊ဒေါက်တာသန်းမြင့်ဦးလိုပညာတတ်သမိုင်းပညာရှင် တဦးရဲ့ဝေဖန်ချက်ကသူ့ရဲ့အရည်အချင်းကိုပါဖေါ်ပြထားပါတယ်၊ဒေါက်တာဆိုတဲ့အေးမောင်တ ယောက်ကတော့လွှတ်တော်ကိုယ်စားလယ်ဆိုတဲ့ဂုဏ်ပုဒ်ကလေးကိုတောင်မထိမ်းသိန်းနိုင် တော့ဘူးရိုဟင်ဂျာဆိုတဲ့စကားလုံးကိုအိုဘားမားသုံးလိုက်လို့အိပ်မပျော်တော့ဘူး၊ဦးခင်မောင်ဆွေတ ယောက်လဲနိုင်ငံရေးပါတီဥက္ကဋ္ဌတယောက်လုပ်နေပြီးစိတ်ဓါတ်ကတော့အေးမောင်အတိုင်းဘဲ၊ဦးဇော်အေးမောင်ကတော့တိုင်းရင်းသားရေးရာဝန်ကြီးပီသပါတယ်ရှေ့ရှောက်တိုးတက် မယ့်အရည်အချင်းနဲ့ပြည့်စုံမယ်ထင်ပါတယ်၊ဦးဇိုဇမ်ကတော့အလားအလာမရှိတဲ့သူမို့လို့မဝေ ဖန်တော့ပါဘူး။အိုဘားမားနဲ့ဒေါ်အောင်ဆန်းစုကြည်တို့ပူးပေါင်ပြီးမြန်မာပြည်ကြီးတိုးတက်ငြိမ် ချမ်းအောင်ဆောင်ရွက်နိုင်ကြပါစေ။

  22. သမ္မတကိုထောက်ခံပါတယ်။သမ္မတထောက်ခံတဲ့ အိုဘားမား ကိုလဲထောက်ခံ ပါတယ်။ပြည်သူထောက်ခံတဲ့ အမေဆုပ ကိုလဲထောက်ခံပါတယ်။သမ္မတတောင်စေတနာထားနိုင်သေးတာ ကိုယ်ကလဲ ထားနိုင်အောင်ကြိုး စားပါ။သမ္မတ ကိုယုံကြည် ပေးပါ။သူစေတနာ ပာာ ယခင်အစိုးရနဲ့နှိုင်း ကြည့်ပါ။အမေဆုကိုတော့ မပြောတော့ပါဘူး။သူ့ကိုလူတိုင်းက
    ချစ်ကြတော့ ။အိုဘားမားကလဲ သမ္မတ ကိုထောက်ခံလို့လာတာ။အင်းစိတ်မကောင်းစရာကတော့ ကိုယ့်ပါတီ စွဲလေးနဲ့ မကောင်းပြောတာကတော့ သူယူတဲ့ရာထူး ကိုတောင်အားမနာဘူး။စေတနာထား ပေးရင် လူထုက အလိုလို ထောက် ခံလာမှာ ပါ။လူထုမထောက်ခံ တာအဲလိုစိတ်ပါ။ လူထုထောက်ခံတာတာ့ ကြားဖြတ်ရွေးကောက်ပွဲက အနိုင်ရတဲ့ ပါတီလိုစိတ်မွေးပါ။သူ့လိုအနစ်နာခံရင်ပြည်သူတွေရဲ့ ယုံကြည်မူ မဲတွေ ရောက်ရှိလာမှာါပပါ။ ပြည်သူတွေ ရွေးကောက်တဲ့ သူကိုပြောရင်သူ့ကိုရွေးကောက်တဲ့ သူတွေကို အသုံးမကြဘူးလို့ပြောသလို ဖြစ်နေတယ်။ဒါကြောင့် ကိုယ့်ပသူ့လိုစိတ်လေးမွေးပါ

  23. သမ္မတကိုထောက်ခံပါတယ်။သမ္မတထောက်ခံတဲ့ အိုဘားမား ကိုလဲထောက်ခံ ပါတယ်။ပြည်သူထောက်ခံတဲ့ အမေဆုပ ကိုလဲထောက်ခံပါတယ်။သမ္မတတောင်စေတနာထားနိုင်သေးတာ ကိုယ်ကလဲ ထားနိုင်အောင်ကြိုး စားပါ။သမ္မတ ကိုယုံကြည် ပေးပါ။သူစေတနာ ပာာ ယခင်အစိုးရနဲ့နှိုင်း ကြည့်ပါ။အမေဆုကိုတော့ မပြောတော့ပါဘူး။သူ့ကိုလူတိုင်းက
    ချစ်ကြတော့ ။အိုဘားမားကလဲ သမ္မတ ကိုထောက်ခံလို့လာတာ။အင်းစိတ်မကောင်းစရာကတော့ ကိုယ့်ပါတီ စွဲလေးနဲ့ မကောင်းပြောတာကတော့ သူယူတဲ့ရာထူး ကိုတောင်အားမနာဘူး။စေတနာထား ပေးရင် လူထုက အလိုလို ထောက် ခံလာမှာ ပါ။လူထုမထောက်ခံ တာအဲလိုစိတ်ပါ။ လူထုထောက်ခံတာတာ့ ကြားဖြတ်ရွေးကောက်ပွဲက အနိုင်ရတဲ့ ပါတီလိုစိတ်မွေးပါ။သူ့လိုအနစ်နာခံရင်ပြည်သူတွေရဲ့ ယုံကြည်မူ မဲတွေ ရောက်ရှိလာမှာါပပါ။ ပြည်သူတွေ ရွေးကောက်တဲ့ သူကိုပြောရင်သူ့ကိုရွေးကောက်တဲ့ သူတွေကို အသုံးမကြဘူးလို့ပြောသလို ဖြစ်နေတယ်။ဒါကြောင့် ကိုယ့်ပသူ့လိုစိတ်လေးမွေးပါ

  24. မြန်မာနိုင်ငံ ခေါင်းဆောင်တွေအားလုံး သဘောထားကြီးကြီးနှင်အ ဟောင်းမေ့အသစ်စပါ
    လူဖြူလူမဲ ခွဲခြားရးဝါဒစွန့်လွတ်ပါ တိုးတက်မည်