သမ္မတဦးသိန်းစိန်က ငြိမ်းချမ်းရေးဆွေးနွေးရန် ကေအိုင်အေကို ဖိတ်ခေါ် | ဧရာဝတီ
သတင်း

သမ္မတဦးသိန်းစိန်က ငြိမ်းချမ်းရေးဆွေးနွေးရန် ကေအိုင်အေကို ဖိတ်ခေါ်

Hits:4,127
  | |

သမ္မတဦးသိန်းစိန်၊ ဒုတိယသသမ္မတဒေါက်တာစိုင်းမောက်ခမ်းတို့နှင့်အတူ ပထမအကြိမ်မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုဖိုရမ် အစည်းအဝေးဖွင့်ပွဲ အခမ်းအနားတက်ရောက်လာသော နိုင်ငံခြားကိုယ်စားလှယ်များအမှတ်တရ ဓာတ်ပုံရိုက်ကူးကြစဉ်။(ဓာတ်ပုံသာလွန်ဇောင်းထက်/ဧရာဝတီ)

သမ္မတဦးသိန်းစိန်က ကချင်လွတ်မြောက်ရေးတပ်မတော်(ကေအိုင်အေ)နှင့် အစိုးရအကြား ငြိမ်းချမ်းရေးဆောင်ရွက်ရန် ဆွေးနွေးလိုကြောင်း ယနေ့ တရားဝင်ဖိတ်ခေါ်ကမ်းလှမ်းလိုက်သည်။

နေပြည်တော်ရှိ MICC ခန်းမတွင် ယနေ့ မနက် ၉ နာရီက ကျင်းပသော ပထမအကြိမ်မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုဖိုရမ် အစည်းအဝေးဖွင့်ပွဲ အခမ်းအနား မိန့်ခွန်းပြောကြားစဉ် သမ္မတဦးသိန်းစိန်က ကချင်ကေအိုင်အေအဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ပါကြောင်း ထည့်သွင်းပြောကြားသွားခြင်းဖြစ်သည်။

သမ္မတဦးသိန်းစိန်က တပ်မတော်က ဆောင်ရွက်လျက်ရှိသော စစ်ရေးလှုပ်ရှားမှုများကို ရပ်ဆိုင်းရန် ၎င်းအနေဖြင့် အမိန့်ပေးလိုက်ပြီဖြစ်ပြီး ကေအိုင်အေအနေနှင့်လည်း စစ်ရေးလှုပ်ရှားမှုများ ရပ်ဆိုင်းထားရန် လိုအပ်ကြောင်း၊ ၎င်းအနေဖြင့် ငြိမ်းချမ်းရေးရရှိသည်အထိ ဆောင်ရွက်ရန် ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း ဦးသိန်းစိန်က ပြောသည်။

“အလျဉ်းသင့်လို့ ကေအိုင်အေအဖွဲ့နဲ့ ငြိမ်းချမ်းရေးကိစ္စကို ပြောပြလိုပါတယ်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရရှိသည်အထိ ကျနော်အနေနဲ့ ဆောင်ရွက်မှာဖြစ်ပါတယ်။ ကေအိုင်အိုကိုလည်း ငြိမ်းချမ်းရေးဆောင်ရွက်ဖို့ ဆက်လက်ကမ်းလှမ်း ထားပြီး ယခုလည်း ဒီနေရာကနေ ထပ်မံဖိတ်ခေါ်လိုက်ပါတယ်။ မကြာမီ ငြိမ်းချမ်းရေးကို လက်ကမ်းလာနိုင်မယ်လို့ ယုံကြည်ထားပါတယ်။ ယခုအခါ တပ်မတော်က အကန့်အသတ်နဲ့ ဆောင်ရွက်နေတဲ့ စစ်ရေးဆောင်ရွက်မှုများရပ်ဆိုင်းဖို့ ကျနော်အနေနဲ့ အမိန့်ပေးထားပြီးဖြစ်ပါတယ်။ တဖက်ကလည်း အလားတူ ရပ်ဆိုင်းပေးထားဖို့လိုအပ်ပါတယ်” ဟု ဦးသိန်းစိန်က ဆက်လက်ပြောသည်။

အစိုးရနှင့်အပစ်အခတ်ရပ်စဲထားသော လက်နက်ကိုင်အဖွဲ့၁၀ ဖွဲ့နှင့် နိုင်ငံရေးဆွေးနွေးမှုများကို ယခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်ပြုလုပ်မည်ဟု ဦးသိန်းစိန်က ဆိုသည်။

“ကေအိုင်အိုကလွဲပြီး ကျန်တဲ့အဖွဲ့ ၁၀ ဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီး Political dialogue ကိစ္စတွေကို ၂၀၁၃ နှစ်ဦးပိုင်းမှာ စပြီး ဆောင်ရွက်ဖို့ ပြင်ဆင်နေပါတယ်” ဟု သမ္မတ ဦးသိန်းစိန်က ဆက်လက် ပြောသည်။

၁၈ လကြာဖြစ်ပွားလျက်ရှိသော ကေအိုင်အေနှင့် အစိုးရတပ်များအကြား တိုက်ပွဲများကြောင့် လူဦးရေ တသိန်း နီးပါး အိုးအိမ်များစွန့်ခွာထွက်ပြေးနေကြရကြောင်း ကချင်လူမှုအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ယမန်နေ့ကလည်း ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့ကလည်း ကေအိုင်အေနှင့်အစိုးရအကြား တိုက်ပွဲများရပ်ဆိုင်းပြီး ငြိမ်းချမ်းရေးဆွေးနွေးရန် နှစ်ဖက်စလုံးကို တိုက်တွန်းကြောင်း ကြေညာချက်များ ထုတ်ပြန်ခဲ့ကြသည်။

မြန်မာအစိုးရသတင်းထုတ်ပြန်ရေးအဖွဲ့ကလည်း ကချင်ပြည်နယ် လဂျားယန်ဒေသတွင် တပ်မတော်အနေဖြင့် နယ်မြေရှင်းလင်းမှုများဆောင်ရွက်ပြီးစီးသည့်အတွက် စစ်ရေးလှုပ်ရှားမှုများကို ယနေ့ မနက် စတင်ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ယမန်နေ့က ထုတ်ပြန်ကြေညာသွားသည်။


WSJ LIVE VIDEO:

13 Responses

Leave a Reply

  1. Is Thein Sein still talking about peace talk? Why not political dialogue?

  2. kio က ၁၉ .၁.၂၀၁၃ နံနက်၁၁.၀၀နာရီခန့်တွင်ဆိုင်ကယ်ကယ်ရီသမားများလိုက်ပါလာသောhilux ကားအားလက်ပြစ်ဘုန်းများဖြင့်တိုက်ခိုက်ကြောင်းလွယ်ကျယ်ဗန်းမော်လမ်၂၈မိုင်တွင်

  3. yangon့နေပြည်တော်တခြားနိုင်ငံတွေကနေပြီတော့စစ်ပွဲရပ်တို့ဘာတိုအော်မနေပ်နဲ့ကချင်ပြည်နယ်ကိုလဲလာကြည့်ကြပါအုန်းဘာစီးပွာရေးမှလဲလုပ်လိုမရတော့ဘူးkio kia ကရှိသမျှနယ်စပ်အပေါက်တွေကိုလိုက်ဖျက်ဆီးနေတယ် သူတို့မိန်းမနဲ့ကလေးတွေကိုကြတော့ဒုခသယ်စခန်းပို့ထားတယ် ကိုမင်းကိုနိုင်ကိုလဲပြောပေးပါအုန်းလိုက်ဇာတခုထဲမကြည့်နဲ့လို့လိုက်ဇာက kia စခန်း
    ဗန်းမော်တို့လွယ်ကျယ်တို့၃ရက်လောက်လာနေပြီးပြည်သူအသံနားထောင်ပေးပါအုန်း
    ဒါမှဘယ်သူကဘာလဲသိမှာ

  4. kioကဦးလနန်ပြည်သူတွေထိကုန်ပြည်ဘာပြေမလဲ

    • First, all burmese army must retreat from their position at Front Line. Second , all burmese army must getout from Kachin Land and then, Automaticaly Peace become in Kachin Land . Third , KIO and Burma generals/leaders must meeting at Third Country and need invite to International Deligates. So, Burma generals and leaders cannot Lies again, then, they easily can discuss Political dialouge.

  5. အစိုးရဘက်ကတော့ရပ်နေပြီ၊ဒီနေ့(၁၉)ရက်မှာပဲ ကေအိုင်အေဘက်ကထောင်ထားတဲ့ မိုင်းကြောင့် ဗန်းမော်-မိုးမောက်-လွယ်ဂျယ်ကားလမ်းတွင် ဟိုင်းလန်(၁)စီး၊ဘင်(၂)စီး မိုင်းထိပြီး လူ(၁၂)ဦးခန့် ဒဏ်ရရနေပါတယ်၊တဘက်က ရပ်တော့ နောက်တစ်ဘက်ကတိုက်နေရင် မကောင်းဘူး၊လက်ခုတ်ဆိုတာ(၂)ဖက်တီးမှ မြည်တာ၊ကေအိုင်အေဘက်ကလည်း ၇ပ်ပါလို့ပြောချင်ပါတယ်

  6. You shouldn’t invited them and stopped war.They never trust you(burmese).You can not trust them too.They never gonna stop this war even you stopped.You shouldn’t gave them one more hance.You should respect your own soldiers ,lost in this war.Why they gave their lives,for what?For a hill?Anyway,I am from army and really hate this war game.I am a soldier.Can not say sweet words.I will leave from army as soon as i have a chance.Not do or die anymore for any reason.

  7. U Thein sein LONG LIFE

  8. Thein Sein talking about Peace talk, it is a Political Treat on Kachin!!!

  9. ရိုးသားဘို့ တော့လိုတယ်နော်- မီဒီယာမှာ လူကြားကောင်းယုံလေးပြောတာတော့ လူတိုင်းပြောတတ်တယ်။ ယခင်က သမတကြီးက စစ်ဆင်ရေးလုပ်နေတဲ့ ကိစ္စရပ်ဆိုင်းထားဘို့  အမိန့် ပေးထားတာကို တပ်မတော်က မလိုက်နာဘဲ လေယာဉ်တွေနဲ.တောင် စစ်ပွဲတွေ ဆင်နွှဲလိုက်သေးတယ်။ အခုတခါ ထပ်ပြီးညွှန်ကြားတယ်ဆိုတော့ အရင်တခါ ညွှန်ကြားတာကို တပ်မတော်က မလိုက်နာဘူးဆိုတဲ့သဘောသက်ရောက်နေတယ်။ ဆိုစေ-မြဲစေတဲ့–

  10. အရင်က အဖြစ်တွေကို ခဏ ဘေးဖယ်ထားပြီး လက်ရှိအခြေအနေကို လက်တွေ.လုပ်ကြည့်တာ ခေတ်နဲ.ညီမယ်လို.ယူဆမိပါတယ်။ တကယ့်နိုင်ငံရေးသမား /ခေါင်းဆောင်ကောင်းတွေ ကတော့ ပြောင်းလွယ်ပြင်လွယ် ရှိခြင်း ဆိုတာကို ရှက်စရာ လို.မယူဆတတ်ကြပါဘူး။ KIA ခေါင်းဆောင်တွေက ရှက်စရာလို.ထင်ပြီး ပြောင်းလဲမပေးသေးတာက အဖြေလို.ထင်ပါတယ်။ အစိုးရပြောတဲ့အတိုင်း တဆင့်ပဲ လိုက်လျောပေးပြီး တကယ်ပဲ တိုင်းရင်းသားပေါင်းစုံပါတဲ့ညီလာခံ မလုပ်ပေးဘူးဆိုမှ လက်ရှိစွဲကိုင်ထားတဲ့မူကို ဆက်လုပ်ပေါ့။ ဒါဆို ကမ္ဘာ ကလဲ ထောက်ခံမှာပဲ၊တိုင်းရင်းသားအားလုံးတင် မကဘူး နိုင်ငံရေးအင်အားစုတွေ အားလုံး ပါလာလိမ့်မယ်။ပြည်သူတွေလဲ အသက်ရှူချောင်မယ်၊(လူသစ်တောင် ပိုပြီးစုဖို.အချိန်ရသေးတယ်)။ လက်ရှိအတိုင်းကတော့ KIA အသာရ ဖို.မဖြစ်နိုင်ဘူး။ မီဒီယာဆိုတာ နှစ်ဖက်စလုံးမှာ ရှိပါတယ်၊ဖွလဲ ခဏပဲရမယ် ။အမှန်တရာဆိုတာ အကြာဆုံ(၃)ရက်လောက်ဆိုပေါ်လာလိမ့်မယ်။

  11. we think KIO should accept President’s offer. Peace talk is the only solution now. If they refuse to take dialogue,people will punish them.