လူနည်းစု အရေး ဒေါ်အောင်ဆန်း စုကြည် နှုတ်ဆိတ် မနေသင့် | ဧရာဝတီ
လူနည်းစု အရေး ဒေါ်အောင်ဆန်း စုကြည် နှုတ်ဆိတ် မနေသင့်
Hits:18,802
  | |
တခါတရံ စကားလုံး ဝေါဟာရများသည် ပဋိပက္ခကို မီးထိုးပေးတတ်သည်။ သို့ရာတွင် ဆိတ်ဆိတ်ငြိမ်ခြင်းကလည်း မဖြစ်မနေ ငြှိမ်းသတ်ရန်လိုနေသည့် မီးတောက်မီးလျှံကို အားပေးသည့် အောက်စီဂျင်ကဲ့သို့ ဖြစ်သည်။ ယင်းကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သိမြင်သဘောပေါက်သင့်သည်။ တနေ့နေ့ တချိန်ချိန်တွင် သူ ဦးဆောင်မည်ဟု မျှော်မှန်းထားသော တိုင်းပြည်ကို လောင်မြိုက်နေသော အရေးအခင်းများနှင့် ခပ်ခွာခွာ နေ၍ မရပေ။
ဝမ်းနည်းဖွယ် ကောင်းသည်မှာ ၂၀၁၁ ဇွန်လက စပြီး ပြန်လည်ဖြစ်ပွားခဲ့သော ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် အစိုးရတပ်မတော်တို့ အကြား တိုက်ပွဲများသည် တနှစ်ခွဲကျော် ကြာလာခဲ့ပြီး ထောက်ပံ့မှု လုံလောက်စွာ မရသော စစ်ပြေး ဒုက္ခသည် ၇ သောင်းခွဲကျော်ရှိလာခဲ့သော်လည်း ယမန်နှစ်ကပင် နော်ဝေနိုင်ငံသို့ သွားရောက်၍ ၁၉၉၁ ခုနှစ်တွင် ရရှိခဲ့သော နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် တဦးအနေဖြင့် စစ်ရပ်စဲရေး မည်သို့မျှ တိုက်တွန်းပြောဆိုမှု မရှိသေးခြင်းပင်။
အလားတူ ကုလသမဂ္ဂဒုက္ခသည်များမဟာမင်းကြီးရုံး၏ အဆို လွန်ခဲ့သည့် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော ရခိုင်အရေးနှင့်ပတ်သက်ပြီး လူပေါင်း တစ်သောင်းသုံးထောင်ခန့် လှေစီးထွက်ပြေးကြရပြီး လူပေါင်း ၄၈၅ ယောက် ရေနစ်သေဆုံးခဲ့ရထိရှိလာခဲ့သော ပဋိပက္ခကို ယခုအချိန်ထိ ဒေါ်အောင်ဆန်းစုကြည်၏ ရပ်တည်ချက်မှာ စက်တင်ဘာလအတွင်း အမေရိကန်ပြည်ထောင်စုသို့ သွားရောက်စဉ်က “မည်သည့်ဘက်ကိုမျှ မီးမထိုးပေး” ဟူ၍ ဖြေကြားချက်မျှသာ ဖြစ်သည်။
တိုင်းပြည်တွင် နှစ်ပေါင်းများစွာကြာ ဖြစ်ပွားလာခဲ့သော လူနည်းစုအရေး ကိစ္စရပ်များအား ထိုသို့ အနှစ်အသားမပါသည့် တုန့်ပြန်ချက်များသည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် မဲအများစု အနိုင်ရရန်နှင့် သမ္မတရာထူးကိုပင် တာဝန်ယူရန် မျှော်မှန်းထားသော ဒေါ်အောင်ဆန်းစုကြည် ယခင်ကကဲ့သို့ အဖိနှိပ်ခံလူထုများကိုယ်စား ပြောဆိုရပ်တည်ခဲ့မှုမှ ပြောင်းလဲလာပြီကို ပြဆိုနေခြင်းပင်။ သွေးထွက်သံယိုမှုများ စစ်ပွဲများ ရပ်ဆိုင်းရမည်၊ သို့မဟုတ်ပါက အတိတ်ဒဏ်ရာများ ဖြေဖျောက်နိုင်မည်မဟုတ်ဟု ယခင်ကကဲ့သို့ မပြောဆိုမီ အစိုးရနှင့် တပ်မတော်၏ အရိပ်အကဲကို ဒေါ်အောင်ဆန်းစုကြည် ယနေ့အခါ ကြည့်နေရပြီဖြစ်သည်။
ပြီးခဲ့သည့် သောင်္ကြာနေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဌာနချုပ်၌ ကျင်းပသော လွတ်လပ်ရေးနေ့ အခမ်းအနားတွင် လွတ်လပ်ဖွံ့ဖြိုးသော နိုင်ငံကို ထူထောင်လိုလျှင် လူတိုင်း မိမိခြေထောက်ပေါ်မိမိ ရပ်နိုင်ရန် ကြိုးပမ်းကြရမည်ဟု ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်းခဲ့ပါသည်။ ကယ်တင်ရှင်အဖြစ် မည်သူ့ကိုမျှ မျှော်လင့်မနေရန်လည်း သတိပေးပါသည်။ မှန်ပါသည်၊ မြန်မာနိုင်ငံတွင် ကယ်တင်ရှင် မလိုပါ။ သို့သော် ခေါင်းဆောင် လိုပါသည်။ နှစ်ပေါင်းများစွာ စွန့်လွှတ် ရင်းနှီးမှုများဖြင့် ယုံကြည်တည်ဆောက်လာခဲ့သော ခိုင်မာပြတ်သားသည့် ဒေါ်အောင်ဆန်းစုကြည်၏ ခေါင်းဆောင်မှုကို မြေပြန့်နေ မြန်မာတိုင်းရင်းသားများသာမက လူနည်းစု တောင်ပေါ်တိုင်းရင်းသားများ၊ ဘာသာကွဲနိုင်ငံသားများကလည်း လိုလားမည်ဖြစ်သည်။
ဒီမိုကရေစီနည်းလမ်းအရ ညီညွတ်မှုကို လိုလားသော မြန်မာ့ဒီမိုကရေစီခေါင်းဆောင်အဖို့ လူနည်းစုအရေးတွင်လည်း နှုတ်ဆိတ်မနေသင့်ချေ။ ဒီမိုကရေစီဆိုသည် လူများစု၏ ဆုံးဖြတ်ချက်ကို လေးစားဆောင်ရွက်ရုံမက လူနည်းစုအခွင့်အရေးကိုလည်း ကာကွယ်စောင့်ရှောက်ရမည် မဟုတ်လော။
62 Responses
Leave a Reply
  1. သူမက နိုင်ငံကို ရှေ့တိုးလိုမူကို အရှိန်မရပ်ချင်လို့ (သို့) စစ်တပ်ကို ပြတ်ပြတ်သားသားဝေဖန်မူဟာ အာဏာရရှိရေးကိုထိခိုက်မှာ ဆိုးလို့ (သို့) သူမနှင့်ဦးသိန်းစိန် မည်ကဲ့သို့သော Hidden Negotiate လုပ်ထားမူကို ထိခိုက်မှာစိုးလို့…လို့ဆိုပြန်ရင်လည်း… လက်ပန်းတောင်းတောင်တုန်းက ကျတော့ ချက်ခြင်းရောက်သွားတယ်နော်…ပြောလိုက်တာ အရမ်းအားရပြတ်သားတယ်… ဒါပေမဲ့ တိုင်းရင်းသားအရေး ဘာလို့မပြောတာလည်း… စဉ်းစားရကျပ်တယ်… တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ဘာအဆင်မပြေထားတာရှိခဲ့လို့လည်း (သို့) တိုင်းရင်းသားခေါင်းဆောင်တွေကကော နင်တိုင်းရင်းသားအရေးဝင် မပါနဲ့လို့ ပြောဖူးခဲ့ကြသလား… :P တခါတည်းအပြစ်မတင်ဝံ့လို့ လိုက်စဉ်းစားကြည့်တာပါ…
    ဒါပေမဲ့ သူက ဧရာဝတီ အယ်ဒီတာ့အာဘော်အရ သူက နိုင်ငံရဲ့ Icon ဖြစ်နေမူ…ငြိမ်းချမ်းရေးဆုရထားမူတွေအရ သူ personal အရမပြောခြင်တောင် သူမ ဂုဏ်သိက္ခာအရ စိတ်မပါလည်းပြောသင့်တာတော့သေခြာတာပေါ့ တိုင်းသားခေါင်းဆောင်တွေက သူမအပေါ်ပြောဆိုမူမှားခဲ့သည်ရှိသော်တောင် သူမအနေနဲ့ တိုင်းရင်းသားတွေကို ပြည်သူအနေနဲ့ပဲမြင်ပြီး တတိုင်းပြည်လုံးကို အာဏာမရှိသေးပေမဲ့ သူမရဲ့ နုတ်စကားနဲ့ နွေးထွေမူပေးနိုင်ပါတယ်…ခုတော့ ကေအိုင်အေ မပြောနဲ့ ကချင်ဆိုတာတောင်ပြောမထွက်တာကို တော်တော်လေးတော့ စဉ်းစားရကျပ်စေတယ်…
    • မြန်မာ တိုင်းရင်းသူ
      ငိုင် က ရေးခဲ့တယ်။ ‘တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ဘာအဆင်မပြေထားတာရှိခဲ့လို့လည်း (သို့) တိုင်းရင်းသားခေါင်းဆောင်တွေကကော နင်တိုင်းရင်းသားအရေးဝင် မပါနဲ့လို့ ပြောဖူးခဲ့ကြသလား…’
      ပြည်ပ နိုင်ငံတခုမှာ ကချင်စစ်ဘေး ဒုက္ခသည်တွေကို ကူညီဘို့ ရံပုံငွေ ရှာမယ်ဆိုပြီး မြန်မာပြည်ကွန်မြူနီတီ (တိုင်းရင်းသား ပေါင်းစုံ ပါတယ်။ မြန်မာပြည်ဖွား တရုတ်၊ ကုလားတွေလဲ ပါတယ်) တခုက ဈေးရောင်း ဖျော်ဖြေပွဲလေး လုပ်တယ်။ အဲသည်မှာ ငွေကြေး ပြေလည်ပုံ ရတဲ့ အပျံစား ၀တ်ထားတဲ့ ကချင်အမျိုးသမီး တဦးက (ကချင်ကွန်မြူနီတီ ခေါင်းဆောင် တဦးရဲ့ ဇနီးတဲ့) ခေါင်းစီးမှာ ဘာလို့ ဒုက္ခသည် ထည့်ထားရတာလဲ။ ငါတို့ ကချင်တွေက ဒုက္ခသည် မဟုတ်ဘူး။ ငါတို့ဘာသာ နေနိုင်တယ်။ နင်တို့ အကူ မလိုဘူးတွေ ၀ူးဝူးဝါးဝါး ထလုပ်တယ်။ ဘေးလူတွေက ခင်ဗျားတို့ အဆင်ပြေသူတွေ ဆိုတာ သိပါတယ်။ ပြည်တွင်းကချင်ပြည်နယ်က ဒုက္ခသည်တွေကို ဆိုလိုတာပါ ပြောတာကို လက်မခံလို့ ကူညီလိုသူတွေက ဆိုင်းဘုတ်ကို ဖြုတ်ပြီး ဒုက္ခသည် ဆိုတဲ့ စာသား ဖြုတ်ပေးရတယ် တဲ့။ ကျွန်မကတော့ သူ စောစောစီးစီး မူးပြီး လျှောက်ရမ်းနေတယ် ထင်တာပဲ။ မဟုတ်လဲ ယောက်ျားကို မကြည်လို့လား။
  2. i m sure that somethings wrong with Irrawaddy obviously.
  3. I believe that Daw Aung San Su Kyi will keeps more silent if she become the president of Myanmar what she calls Burma.
  4. အယ်ဒီတာ့အာဘော်ကို ထောက်ခံပါတယ် ။ ဒေါ်အောင်ဆန်းစုကြည် မည်သည့်အတွက်ကြောင့် နှုတ်ဆိတ်နေပါ သနည်း ဟု ထောက်ရှုနေကြသူများ တဖြည်းဖြည်းများလာပြီဖြစ်သည် ။ ယခင်လို နှုတ်စောင်းမထက်တော့သည်မှာ အသက်အရွယ်ကြောင်းပေဘဲလား ဟုလည်း နားလည်ပေးကြည့်မိသည် ။ သို့သော် တိုင်းပြည်ခေါင်းဆောင်သမ္မတ လုပ်လိုသည်ဟုပင်ပြောဆိုလာပြန်တော့လည်း ထိုအတွေး မှားမှန်းသိလာရသည် ။ သမ္မတဦးသိန်းစိန် တပ်မတော် အပေါ် သြဇာမရှိတော့သည်မှာ သေချာနေသည့်အချိန်တွင် ဒေါ်စုကြည်အနေဖြင့် လက်ရှိတွင် လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်သာ ဖြစ်သည့်အတွက် တပ်မတော်အပေါ် ဝေဖန်ချက်များ ၊ တိုင်းရင်းသား လူနည်းစုများအတွက် သဘောထားမှတ်ချက်များ ၊ လက်ပန်းတောင်းတောင်ကိစ္စတွင် နစ်နာခဲ့သူ ပြည်သူများ ၊ ရဟန်းသံဃာများ အတွက် ထုတ်ပြန်ကြေငြာချက်များကို ယခင်ကဲ့သို့ မြန်မြန်ဆန်ဆန်ထုတ်ပြန်ကြေငြာသင့်ပေသည် ။ လာမည့်ရွေးကောက်ပွဲအနိုင်ရလာဒ်တိုင်အောင်စောင့်နေခဲ့မည်ဆိုလျင်တော့ ……
    ဆက်သွယ်ရေး ဒုဝန်ကြီး ဖြစ်သွားခဲ့သူဆိုလျင်လည်း ဒုဝန်ကြီး မဖြစ်ခင်ပြောကြားသွားခဲ့သည့်စကားများကို မေ့သွားခြင်းတော့ ဟုတ်ဟန်မတူပေ ။ အစိုးရအဖွဲ့အတွင်း ရောက်ရှိသွားခဲ့သောကြောင့် အစိုးရနှင့်တပ်မတော်ကို မလွန်ဆန်နိုင်တော့သည့်သဘော…..
    မည်သူမဆို အာဏာဆိုသည့် ခုံနေရာပေါ်ကိုရောက်ခဲ့ပါက ပြည်သူအများစုရဲ့လိုလားချက်များကို လျစ်လျူရှုတတ် ကြသည့် လူတို့၏ သဘောသဘာဝများပင် ဖြစ်သည် ။
    • From Ye Yint Nge Blog
      ဒေါ်အောင်ဆန်းစုကြည်ဟာ ဗမာပြည်သူပြည်သားတွေ အကုန်လုံး ကို စည်းလုံးညီညွတ်မှုကိုပေးဖို့ အလားအလာတရပ်အနေနဲ့
      အီးမေးလ်ကဖြစ်ဖြစ်ပေါ့။တိုင်းရင်းသားအစုအဖွဲ့တွေဖုတ်လေသည့်ငပိရှိတယ်လို့တောင်မမှတ်တဲ့အပြင်သူတို့ဖာသူ့တို့တောင်
      လုပ်ပြလိုက်ကြသေးတယ်။သေနတ်နထင်နားတေ့တော့မှအမေကယ်ပါဆိုရင်တော့နောက်ဘ၀ကြမှပဲသားရယ်လို့ပြောရမလိုပါပဲ။
      အာအက်ဖ်အေကတဆင့်ရဲရင့်ငယ်မေးမြန်းတုံးကစစ်အစိုးရကိုရင်ဆိုင်ဖို့မှာတိုင်းရင်းသားတွေကလည်းသူ့အပေါ်ယုံယုံကြည်ကြည်
      နဲ့ရပ်တည်ပေးကြဖို့လိုတယ်လို့ဖြေဆိုခဲ့ဖူးပါတယ်
  5. ဒေါ်အောင်ဆန်းစုကြည် အနေ နှင့် ကြားဝင်ဖြန်ဖြေပေးခြင်း လုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်လာလိမ့်မည် ဟုပြည်သူ လူထု က မျှော်လင့်နေကြပါသည်။ သို့သော် ပြည်သူအများ မျှော် လင့်ထား သလို ရလဒ် မထွက်လာပါက သို့မဟုတ် ပြေလည် နိုင်စရာ ကို မဖြစ်နိုင်မှန်း သိနေ၍ ကြားမဝင် ပဲနေခြင်းလား ဆို တာ စဉ်းစားမရဖြစ်ရပါသည်။ မည်သို့ဆိုစေ ၈၈ ကျောင်းသား များတောင် ကြားဝင်ညှိနိုင်းပေး နေသည့် အချိန်တွင် ငြိမ်းချမ်းရေး နိုဘယ်ဆု ပိုင်ရှင်တစ်ဦးအနေ နှင့်ရော မြန်မာပြည်၏ဒီမိုကရေစီခေါင်း ဆောင်တဦးအနေ နှင့်ပါ ဒေါ်အောင်ဆန်းစုကြည် တခုခုတော့ လုပ်ပြ သင့်သည် ဟု ရိုးသားစွာ မြင်ပါသည်။
    • စစ်ခေါင်းဆောင်တွေက တင်းမာနေတုန်းပဲဆိုတာနားမလဲဘူးလား စစ်တပ်ကဒေါ်စုဘက် လှည့်လာပြီး ဖမ်းဟယ်ချုပ်ဟယ်ဖြစ်လာရင် ဘယ်လိုလုပ်မလဲ စစ်တပ်ကိုမင်းတို့ တာဝန်ယူရဲလို့လား ခုလိုဖြစ်လာအောင် ဒေါ်စုကို အပြစ်မြင်လာအောင်ဖြစ်လာမယ်ဆိုတာ ဒေါ်စုလုံဝသိပါလိမ်မယ် kia kio အခြေမလှမှ ဒေါ်စုကိုလက်ညှိုးမထိုးပါနဲု့kia kio အသာစီးရခဲ့တုန်းက အဲလိုတွေးခဲ့ဘူးလား ဟားးးးးး ဝေးသေးတယ် မင်းတို့ပျော်ခဲ့ကြတယ်မို့လား အဲတုံးက အဲဒီတာ့အာဘော်ဆိုတာလဲ မပေါ်သေးဘူးနဲ့တူတယ်နော်
  6. pps၁၂၃၄၅
    ပြည်တွင်း မီဒီယာ များ နှင့် ဆန့်ကျင်ကာ တိုင်းရင်းများ ဘက်မှခံစားနားလည်း ပေးခြင်းကို အထူးကျေးဇူးတင်ပါသည်။
    “သခင်အောင်ဆန်း စစ်သေနာပတိချုပ် ဘဝ က သူ့ကို သာမာန် လူ တစ်ဦး ဟု ပြည်သူ အများက ထင်ထားခဲ့သော်လည်း သခင်အောင်ဆန်း တိုင်းရင်းသား များ နှင့် ပေါင်းကာ လွပ်လပ်ရေး ကို အတူတကွ ရယူနိုင်ခဲ့ခြင်း ကြောင့် သခင်အောင်ဆန်း၏ ဂုဏ်ကို တက်စေကာ အနော်ရထာ၊ ဘုရင့်နောင် နှင့် အလောင်းဘုရား တို့ကဲ့သို့သော တိုင်းပြည်ကို ပြန်လည်ထူထောင်နိုင်သော မင်းတစ်ပါး ကဲ့သို့ပြည်သူများ က သတ်မှတ်ခဲ့ကြပါသည်။
    သခင်အောင်ဆန်း လမ်းကို သာလိုက်ပါ ဟု ဒေါ်စု ကို တောင်းဆိုပါရစေ။
    ကျွန်တော် ဧရာဝတီ ကို ဖတ်ခဲ့တာ ၁၀ နှစ်ရှိပါပြီ။ ယခု လည်း ဖတ်နေဆဲပါ။ နောင်လည်း ဆက် ဖတ်နေမှာပါ။
  7. နှုပ်ပိတ် လို့ နှုပ်ဆိတ်ခြင်းလား (သို့) နှုပ်ဆိတ် လို့ နှုပ်ပိတ်ထားပါလားလို့ထင်ရတာလား?
  8. Aung San Suu Kyi is peace himself now. She don’t want to talk about Kachin.
    She need just peace Prize. So, She waiting that and what country wiil be call
    for me got o take Peace prize.
    • မြန်မာပြည်သား
      လွှတ်တော်ထဲ ဝင်ပြီး စစ်တပ် အရာရှိ တွေနဲ့ ပေါင်းပြီး ကတည်း က သူလည်း ရွှေမန်း ဇာတ်ထဲ ရောက်သွားပြီလား မသိ။
      ဇာတ် ဆရာ အလိုကျ က နေရပြီလား မသိ။
      စဉ်းစားရတော့ ခက်တယ်။
  9. Silence means acceptance. We were not silent when Suu Kyi was unfairly detained or put under house-arrest. We were 100% with her. She is the daughter of our hero, more importantly, she is smart, intelligent and respected. Her voices have been heard from every corner of the globe. KIO wants to talk and discuss the political issues while Thein Sein offers them only peace talk. Kachins signed peace agreement with SLORC(SPDC) but it did not bear fruit or meet the political demand the KIO has been fighting for for the last six decades. The current government signed peace agreement with various armed groups which we cannot tell how long they will last because there is no guaranty for political solution. In short, we the people including many many Myanmars want to establish Federal Union. We the ethnics do not mind if all divisions become federal states too. We are not asking presidency or Union Government ministerial positions but the system which is Federalism. Centralization is not the way the Union Government might run our country. Centralization is not good for the ethnics, and it is not good either for the Myanmars. If Suu Kyi believes in Federalism and Self-determination in the land of the Union of Burma, she must not keep herself silent but speak out what she believes.
  10. ဒေါ်အောင်ဆန်းစုကြည်က နုတ်ဆိတ်နေခြင်းလည်းမဟုတ်သလို၊ ခပ်ခွာခွာနေ နေတာလည်း မဟုတ်ပါဘူး။ အရှင်းဆုံးပြောရရင် ဓါးခုတ်ရာ လက်ဝင်မလျှိုတာပါဘဲ။
    • ဒါဆိုခေါင်းဆောင် လို့သတ်မှတ်လို့ရပါ့အုံးမလာ? ခွေ့နေတဲ့ကျွဲနှစ်ကောင် နဲ့မပတ်သက်ချင်တောင်မှ မြေစာပင် ဒုကခသယ်တွေအတွက်တော့ပြောသင့်တယ်ထင်တာဘဲ
  11. သူရဇော်ဟိန်း
    အခု အချိန်မျိုးမှာ နှုတ်ဆိတ်နေခြင်းဟာ ဂရုစိုက်ပြုစုရမဲ့ နာနေသူကို ဥပေက္ကာပြု တာနဲ့ တူပါတယ်။
    ခြံစည်းရိုး ပေါ် ခွထိုင်တတ်တဲ့သူဆီကို ကျွန်တော်တို့ ဘ၀တွေ အပ်ထားဖို့ ဆိုတာတော့ ဘယ်လိုမှ မဖြစ်နိုင်ပါ။
    စစ်ဗိုလ်ချုပ်တွေရဲ့ အသဲနှလုံးတွေရဖို့ ပြည်သူတွေရဲ့ ဘ၀တွေနဲ့ အလောင်းအစား မလုပ်သင့်ပါ။
    သူရဇော်ဟိန်း
  12. အုပ်ချုပ်ရေး နယ်ပယ်မှာ အောက်ခြေက နေ သမ္မတအထိ
    စီးပွားရေး နယ်ပယ်မှာ ငပိသည် ကနေ လေကြောင်းလိုင်းတွေ ဟော်တယ်ကြီးတွေအထိ
    လူမှုရေး နယ်ပယ်မှာ တစ်တိုင်းပြည်လုံးကို တံခါးပိတ်ပြီး လက်ညွှိုးထောင် ခေါင်းညိတ်ခိုင်း…
    ဒီလူတွေကို ငဲ့နေတယ် ဆိုရင်တော့ တိုင်းပြည် ဘယ်တော့ ငြိမ်းချမ်းမှာ မဟုတ်ဘူး။
  13. Although I don’t agree to whatever Daw Su said,I agree to the fact that she don’t want to make the conflict worse. KIO and bengalis are different issue. In Kachin issue,both goverment and KIO are to be blamed. Both sides don’t obey human rights. Both are the same. So,we should not put pressure on Daw Su. Long live Daw Su !!
    • ဘုန်းဘုန်
      what both bide ? SPDC is attacking side. KIA resist. Kachin state lost a lot.
      SPDC is wrong. KIA is right.
  14. Apart from our own people ,the outside world has noticed her silence over the Rakhine conflict and Kachin war.It is weird to see a person who was conferred a prestigious Nobel Peace Prize is shunning from showing her own stand in the time of her own country’s serious situation .It should be questioned, does she want to concentrate only on power sharing with quasi military government ,or doesn’t she want to get involved with minorities’s affairs. She rendered her negligence to calls from EU, OIC, Delai Lama,and UN.As she didn’t make any phenomenal commitment even to her own country’s peace , her prestige as a Nobel Laureate may lapse and her image as a people’s leader will be questioned.
  15. KIO က ပွင့်လင်းလေ ခေါင်းပေါ်တက်လေ ဖြစ်နေတာ
    ဘယ်သူဝငိဝင် မလွယ်ပါဘူး
  16. ပြောတော့လွယ်တယ်- လုပ်ရတာခက်တယ်- နှုတ်ဆိတ်ချင်လို့  ဆိတ်နေတယ်မထင်နဲ့ -သူ့ ခင်မျာ-အားရှာတာ မဟုတ်ဘူး။ အဆိုတော်တွေနဲ့ တွေ့ ရ-လေလံပွဲသွားရ-ဟိုမှာ မိန့် ခွန်းပြောရ-ဒီမှာမိန့် ခွန်းပြောရ- အဲပြီးတော့ စည်းလုံးညီညွတ်ကြပါလို့  ပြည်သူတွေကိုတိုက်တွန်းပြီး-သူမ ပါတီအဖွဲ့ ဝင်တွေ ကွဲကြ-ပြဲကြတာတွေတောင် ညီညွတ်ရေးလုပ်မပေးနိုင်လောက်အောင်ကို အလုပ်တွေများနေလို့ လှည့်မကြည့်အားဘူး-သိတယ်မဟုတ်လား- ၂၀၁၅ မှာ သမတ ဖြစ်ရင် ဒိထက် အလုပ်ရှူပ်ဦးမှာ-အဲဒီတော့ ကိုယ့်ဘာသာ ငြိမ်းချမ်းရေး ရအောင်လုပ်ကြပေါ့ဗျာ-
  17. အမှတ်ပြောရရင်။အောင်ဆန်စုကြည်ကိုလေးမယုံပါဘူး။ကျွန်တော်တိုင်းရင်းးးသားတွင်အတွက်ဆ
    မျာ်လင့်ချက်ဘာမှမရှိကအဒဘူး
  18. I believe that Daw Aung San Su Kyi will keeps more silent and careless for minority
    if she become the president of Myanmar what she calls Burma.
  19. Thats right. I agree with irrawaddy.
  20. Valid point!
    But you should also think that she may know something behind this conflict between KIA and Gov, which might be hard to disclose to public.
    We all knew that she is the type of person who will not be hesitant to interfere things which are supposed to do.
    I am sure she will do it when the time is right.
    Or leave it for Presdent Thein Sein or our students leaders of 88.
    Anyway it is a good suggestion from Editor.
  21. All is true,and I have appreciate,his Article,which shows the truth.
  22. On the matter of war between the Army and KIA ;
    Daw Aung San Sukyi is not a goverment official. She was not requested as a mediator between them by both of fighting parties. This is civil war and both had their own political ambitions. If you had studied their past interviews in the journals you will heeded that they don’t show reliance on her. They didn’t ask for it.
    On the Arakan matter :
    The Arakanese peoples had lost their rights since longtime ago. Because they don’t had the right of self-determination the current problems occurred. Forget about the so-called Rohingya. They are Bengalies who had their own country.
  23. Morally Daw Suu should speak out Kachin conflict since she was a leader in democracy rights. Even she is not directly responsible to this but as a Member of Parliment (MP) she have to voice out regarding about this conflict. I am not lecturing Daw Suu but No leader is perfect. Look around other democratic countries, how opposition party behave to the ruling party.
    Very fuuny to me was that there are no opposition parties in myanmar parliment. It looks like parliment is fake.
    Is democracy is more important than national reconciltion ? I don’t think so. despite myanmar experiance in short parlimentary democracy after independance, civil war broke up after 1962. So myanmar people need to think seriously which is more important for myanmar future.
    Democracy and National reconcilation for peace.
  24. စင်္ကာပူနိုင်ငံတွင်…မြန်မာနိုင်ရှိတိုင်းတိုင်းအားလုံးအပြင် နိုင်ငံအသီးသီးမှလူမျိုးပေါင်းစုံနေထိုင်
    လုပ်ကိုင် လျှက်ရှိပါသည်၊ မည်သည့်အသံမျှမကြားရပါ တရားဥပဒေစိုးမိုးရေး အရေးပါကြောင်း
    သုံးသပ်မိပါသည်။
    လူ့အခွင့်အရေးနှင့်တရားဥပဒေစိုးမိုးရေး ကိုတောင်းဆို လုပ်ကိုင်နေသောသူသာ ငြိမ်းချမ်းရေးကို ကြိုးစားအားထုတ်သူသာဖြစ်ပေသည်။
    • You r right.People forgot to change them self.Still barking by comment.funny
    • မြန်မာ တိုင်းရင်းသူ
      အမေရိကန်နိုင်ငံမှာ ပြည်နယ်ပေါင်း ငါးဆယ်ကျော်ဟာ ဖယ်ဒရယ် ဗဟို အစိုးရရဲ့ အတည်ပြုချက်နဲ့ ကိုယ်ပိုင် သီးသန့် ပြည်နယ် ဥပဒေတွေနဲ့ အုပ်ချုပ်နေကြတယ်။ ပြည်နယ်တိုင်းမှာ ကမ္ဘာ အရပ်ရပ်က လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ နောက်ခံ ပေါင်းစုံ နေကြတယ်။ ယုံကြည်ချက်မှာလဲ အမေရိကန်ကို အရင်းရှင်ဆိုပြီး အမြဲ တိုက်ခိုက်တဲ့ ဆိုရှယ်လစ်တွေ ကွန်မြူနစ်တွေ ရှိတယ်။ တချို့ဆို ရယ်ရတယ်။ သူတို့ကိုယ်တိုင်ကတော့ ဆိုရှယ်လစ် ကွန်မြူနစ် ခေါင်းဆောင်ကြီးတွေဆိုပြီး သူတို့ နေရာမှာ နေပေမယ့် မိန်းမနဲ့ ကလေးတွေကျတော့ သည်မှာ အလယ်လတ်လူတန်းစားထက် သာအောင် အထက်တန်းလွှာ သူဌေးတွေလို ထောက်ပန့် ပို့ထားတယ်။ အဓိက ပြောချင်တာက သည်လို မတူ ကွဲပြားသော နောက်ခံတွေ ရှိကြပေမယ့် oomoe ရေးသလိုပဲ တရားဥပဒေ စိုးမိုးမှုရှိပြီး လူတိုင်း လူ့အခွင့်အရေး၊ တဘက်လူကို လေးစားမှု အရင်းခံ ဆက်ဆန်နေထိုင်ကြတော့ လက်တွဲ ညီညီ နေနိုင်ကြတယ်။ အမေရိကားမှာ အသက်ပြည့်ပြီး စိတ်ကျမ်းမာရေး ကောင်းရင် လူတိုင်း သေနပ် ၀ယ်နိုင်တယ်။ တလက် ၂လက်တောင် မဟုတ်ဘူး။ စက်သေနပ်တွေ ၀ယ်ကိုင်နိုင်တယ်။ အီတာလျံနဲ့ အိုင်းရစ်တွေ နယ်မြေလုတဲ့ မာဖီယား ဂိုဏ်း စစ်ပွဲတွေ မရှိတော့တာ နှစ်ပေါင်း ရာချီ ချန်ခဲ့ပါပြီ။
  25. ကချင်ကိစ္စမှာ မြန်မာအစိုးရတပ်နဲ့ ကချင်တပ်တို့ကြား နှစ်ဖက်စလုံးမှာရှိကြတဲ့ လောဘ၊အတ္တ၊မာန၊ပါဝါ တွေကြောင့် စစ်ပွဲတွေအသက်ဆက်နေတယ်လို့ယူဆရပါတယ်။ ကြားထဲက မြန်မာနဲ့ကချင်နှစ်ဘက်စလုံးက စစ်သားတွေအသက်ဆုံး၊ မိန်းမတွေမုဆိုးဖြစ်၊ကလေးတွေ ဖအေမဲ့ဖြစ်ကြရတာပဲအဖတ်တင်ပါတယ်။ မြန်မာဘက်ကပဲကျကျ၊ကချင်ဘက်ကပဲကျကျ တိုင်းပြည်အတွက်ဆုံးရှုံးမှုချည်းသာဖြစ်ပါတယ်။ ဒါ့အပြင်နှစ်ဖက်စလုံးကကုန်ကျခဲ့တဲ့စစ်စရိတ်တွေဟာလည်း ကတယ်တမ်းကြည့်ရင်မြန်မာပြည်ရဲ့ ဘဏ္ဍာငွေတွေဆုံးရှုံးတာပါပဲ။
    အဲဒီအချက်ကို ဒေါ်စုကသိပါလိမ့်မယ်။ သူမကနှုတ်မဆိတ်ပဲ တတွတ်တွတ်ပြောနေလည်းလေကုန်၊သံပြာ ဖြစ်ရုံကလွဲပြီး ဘာမှထူးမယ်မထင်။ အာဏာအရှိဆုံးလို့ဆိုတဲ့ စစ်ဘောင်းဘီချွတ်ထားတဲ့ သမ္မတဦးသိန်းစိန်ဒီလောက်ပြောနေတာတောင် ချနေကြသေးတာဗျာ။ ဒေါ်စုကမြန်မာပြည်ထဲမှာ သေနတ်တောင်ကိုင်ခဲ့ဘူးတာ မဟုတ်ဘူး။ ဆိုလိုတာက ဒေါ်စုကမြန်မာစစ်တပ်ကို သူ့ဖက်(ပြည်သူတွေဖက်)ပါအောင် စည်းရုံးနေရတဲ့အချိန်မှာ စစ်တပ်နဲ့ထိပ်တိုက်တွေ့ပြီး ပြဿနာထပ်မတက်ချင်လို့ ဆိတ်ဆိတ်နေတယ်လို့ယူဆပါတယ်။ သိတော်မူကြတဲ့အတိုင်းလက်ရှိမြန်မာစစ်တပ် ဆိုတာဟာလည်းအထက်ကဆရာတွေအတွက်ဆို(တိုင်းပြည်နဲ့ပြည်သူအတွက်မဟုတ်) အရိုးကြေကြေ အရည်ခမ်းခမ်း ပြည်သူနဲ့အတိုက်ခံမှန်သမျှကို ရွပ်ရွပ်ချွံချွံ သတ်ဖြတ်အနိုင်ကျင့်ရဲကြတဲ့ ငရဲကောင်း(သူရဲကောင်းမဟုတ်) တွေဆိုတော့ ဒေါ်စုအနေနဲ့အခုလိုနှုတ်ဆိတ်နေခြင်းဟာ အရာမရောက်ပဲ ပါးစပ်သေနတ်ပစ်နေခြင်းထက် ပိုကောင်းပါလိမ့်မယ်။ ပြီးတော့ကချင်ခေါင်းဆောင်တွေဘက်ကလည်း သဘောထားတင်းမာပြီး ကိုယ့်လူမျိုးအကျိုးထက် မိမိကိုယ်ကျိုးသက်သက်သာကြည့်ပြီး ခေါင်းမာ၊တင်းခံနေသူတွေရှိနေတယ်ဆိုတာ သူမရိပ်မိမယ်ထင်တယ်။
    ဒေါ်စုအပေါ်မှာ ဆန္ဒတွေ သိပ်ပြီးမစောကြပါနဲ့ဗျာ။ သူမမှာလည်းရန်သူတွေဝိုင်းနေတဲ့ကြားထဲမှာ အသက်ကိုစွန့်ပြီး တိုင်းပြည်ကိုကယ်ဖို့၊တိုးတက်အောင်လုပ်ဖို့ကြိုးစားနေရှာတာပါ။ သူမအသက်လည်းကြီးရှာပါပြီ။ သူများတွေလို နိုင်ငံရေးကိုအယောင်ပြ၊တိုင်းပြည်ချစ်ဟန်ပြပြီး သူတို့ဆွေစဉ်မျိုးဆက်ကျိကျိတက် ချမ်းသာအောင်လုပ်နေတာမျိုး မဟုတ်ပါဘူး။ ရေရှည်ကိုကြည့်ကြပါ။ သူမလုပ်ခဲ့တာတွေကိုပြန်သုံးသပ်ကြပါ။ သူမဟာဘယ်နည်းနဲ့မှ ဖခင်ရဲ့မျက်နှာကိုမထောက်ထားပဲ တိုင်းရင်းသားတွေရဲ့ အကျိုးကိုဥပက္ခာပြုလိမ့်မယ်လို့ မထင်ပါ။ အချိန်တော့ပေးဖို့လိုပါမည်။ (ဥပမာလေး တခုတော့ပေးချင်ပါရဲ့။ ။ အကယ်၍ ၂၀၁၅မှာ NLD အနိုင်ရပြီး ဒေါ်စုက မြန်မာသမ္မတ ဖြစ်လာခဲ့ပြီဆိုပါစို့။ စစ်တပ်ကသာ အခုလိုပဲ သမ္မတစကားနားမထောင်ပဲ ကလန်ကဆန်လုပ်နေဦးမယ်ဆိုရင် သူမဘာလုပ်နိုင်မလဲ။ စစ်တပ်က အာဏာပြန်သိမ်းလို့ သူမတောင်တိုင်းပြည်ထဲက ထွက်ပြေးရတဲ့ အဖြစ်တောင် ရောက်သွားနိုင်သေးတယ်။)။ စိတ်ရှည်ရှည်ထားပြီး သူမကိုနားလည်ပေးကြပါစို့။ ၀ိုင်းရံပေးကြပါစို့။ ထောက်ခံပေးကြပါစို့။ မြန်မာတပြည်လုံး ငြိမ်းချမ်းသာယာဝပြောပါစေ။
    • thank bamar .i agree 100% your comment.
    • မြန်မာ တိုင်းရင်းသူ
      ကျေးဇူးတင်ပါတယ် ကိုဗမာ။ ပြောထား ရေးထားသမျှ အကုန်မှန်ပါတယ်။ အန်တီစု သမတ ဖြစ်ချင်တယ် ဆိုတာက သူသာ သမတ ဖြစ်ခဲ့ရင် ရခိုင်နယ်မြေမှာ ရခိုင်တွေပဲ ဦးစားပေး ပေးနေပြီး ကျန်သူတွေက လူဝင်မှု ကြီးကြပ်ရေး ဥပဒေနဲ့ အညီ နိုင်ငံသား ဖြစ်ခွင့်ပြည့်စုံရင် မြန်မာနိုင်ငံသား ဖြစ်ရမယ်၊ ကချင်ပြည်နယ်မှာလဲ စစ်ပွဲတွေ ရပ်ပြီး သူမကို သောင်းသောင်းဖျဖျကြိုဆိုခဲ့တဲ့ ကချင်လူထု အေးချမ်းစွာ နေခွင့် ရမယ်၊ ရဟန်းသံဃာတွေလဲ မျက်ရည်ယိုဗုံးကြောင့် မျက်ရည်မကျပဲ မီးလောင်မခံရဘူး။ ဒါတွေ ဖြစ်အောင် သူမ သမတ ဖြစ်ချင်တာပါ။ ကြည့်နေပါ။ သူမ သမတ သက်တမ်း ၄ နှစ်မှာ စိတ်ချရအောင် လုပ်ပြီးရင် သူ့ကို ထပ်ရွေးတောင် သူမ သမတ ထပ်လုပ်မယ် မထင်ပါ။ လူငယ်တွေထဲက စိတ်ချရသူကို လက်လွှဲ တင်ပေးခဲ့မှာပါ။ ကိုယ့်အမေ ကိုယ့်အဖွားနဲ့ ကိုယ်ချင်းစာကြပါ။ စိတ်ပုတီးကိုင် တရားထိုင်ပြီး ကိုယ့်ဘ၀အတွက် မလုပ်ပဲ အများအတွက် လုပ်ပေးနေသူပါ။
    • THE TIME WILL MAKE THE TRUE DECISION.
  26. Our Lady has too much gray hair in recent days. Maybe, she is working from inside so hard. Sooner or later we will see her effort. We all need to wait and see patiently. I do not believe she is with the terrorists. I still do believe that she is shedding her tear for the victims of this inhumane assault. But, Than Shwe maybe behind this assault which Thein Sein and Daw Suu have no power to contain the fire. Min Aung Hlaing’s power is beyond president’s power according to 2008 Nargis constitution.
  27. I agree with Sunny. We know she ( Daw Su ) can do nothing much. But she should speak out at least one time as Nobel laureate. We support her and voted her party.We enjoyed when she received Nobel peace Prize. Other Nobel pease prize winners speak out when she was in house arrest.
    She suppose to be our mother of freedom. Now she behaves like step mother.I feel so sorry.
  28. ပါကြီးဖိုး
    အဆမတန်ပြင်းထန်တဲ့ စစ်အစိုးရရဲ့ (အသတ်ကိုတောင် လုပ်ကြံဖို့အထိ) ဖိနှိပ်မှုလောကဓံကို ခံခဲ့ဖူးတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက်တော့ အခုလို တိုက်ခိုက်ဝေဖန်မှုတွေကြောင့် သူမရဲ့တိုင်းပြည်နဲ့ ပြည်သူအပေါ်ထားတဲ့ သန့်စင်မွန်မြတ်တဲ့ စေတနာနဲ့ သူမသွားနေတဲ့ နိုင်ငံရေး ဦးတည်ချက်ကို ဝေဝါးသွေဖီစေမှာ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို ရာထူးမက်သူ ဆုတံဆိပ်မက်မောသူလို့ ထင်မြင်ရင်တော့ ဒါဟာ စဉ်းစားဥာဏ်မရင့်ကျက်မှုကို ပြရာရောက်ပါတယ်။
  29. ဒေါ်စုကို မဝေဖန်နဲ့ မိုးကြိုးပစ်တတ်တယ်။ ဟိုတနေ့က ဆောင်းပါးတပုဒ်မှာ ခင်ညွန့်တို့ လက်ထက်ကပေါ့ အစိုးရဝေဖန်ရင် ထောင်နန်းစံပြီဆရာပဲတဲ့။ NLD အာဏာရလာ ရင်လဲ NLD နဲ့ ဒေါ်စုကိုဝေဖန်ရင် ထောင်ထက်ဆိုးတဲ့ ရစရာမရှိအောင် ဝိုင်းဆဲ ခံရမှာ။ သူဘာလုပ်လုပ် မလုပ်လုပ် မဝေဖန်ရဲလောက်အောင်ပါပဲ။ ခု ကချင် ကိစ္စမှာလဲ စစ်တပ်ပဲ လွန်လွန် KIA ပဲ လွန်လွန် အပစ်ရပ်ဖို့တော့ လိုတာ အမှန်ပါပဲ။ ခေါင်းဆောင်တွေက သေမှာမဟုတ်ပါဘူး။ အောက်ခြေစစ်သားနဲ့ အပြစ်မဲ့ ကချင်တွေပဲသေမှာဒုက္ခရောက်မှာ။ ၂၀၁၂ ရွေးကောက်ပွဲတုန်းက ဆင်တွေ ကျားတွေ ဖမ်းမယ်ပြောပြီး ခုတော့………၂၄နှစ်လုံးလုံး ဝိုင်းထောက်ခံလာတာ ခုတော့ အန်ဂျီအိုတွေ လုပ်ရမယ့် ရန်ပုံငွေရှာ ပျော်ပွဲရွှင်ပွဲမှာပဲ အချိန်တွေ ကုန်နေကြပါလားဗျား။ အဲဒါက အစိုးရနဲ့ အန်ဂျီအိုအလုပ်ပါ။ အစိုးလုပ်လာအောင် တိုက်တွန်းရမှာ။ အင်းအားကြီး အတိုက်ခံ ပါတီက ပရဟိတ လုပ်ဖို့ပဲလာဗျာ။ အရင်က စစ်အစိုးရကို ဖော်လန်းဖား အနုပညာသမားတွေလဲ ခုတော့ တော်လှန်ရေးသမားတွေ ဖြစ်လို့ပေါ့။တိုင်းရင်းသားတွေ အသံနားထောင်ကြည့်တာ ဘယ်ဗမာ ခေါင်းဆောင်မှ မယုံတော့ဘူး။ ကိုယ်တိုင်လုပ်မှ ရတော့မယ်ဆိုတာ သဘောပေါက်သွားပါပြီး။ အစထဲက ကိုယ်ပိုင်လုပ်မှ ရမယ်လို့ ပြောခဲ့ရင် ကျနော်တို့ ခေါင်းဆောင် မလိုခဲ့တာ အမှန်ပါ။ ခုတော့…………ရခိုင်အရေး၊ ကချင်အရေးမှာ ကြတော့ နှုတ်ဆိပ်နေပြီး လက်ပံတောင်းမှာကြတော့ မှ ထလုပ်တာလဲ ကျနော့် ပါစွန်နယ်အရ ဘဝင်မကျပါ။ ကေအိုင်အေ မှားတယ်ပဲ ထားဦး စစ်ပွဲရပ်အောင်တော့ လူထုခေါင်းဆောင်အနေနဲ့ ပြောရင် ကျနော်တို့ ပါစပ်ပေါင်းများစွာ ပြောတာထက် ပိုလေးနက်မှာတော့အမှန်ပါ။ခုတော……ကျနော့် ကွန်မန်းတော့ မဖျက်လောက်ဘူးထင်ပါတယ်။
    • Its true. We the ethnics and the Burmese are suffering under this regime. It is not about Burmese or Kachins but a fwe bad apples who enjoy power for too long and for them it is difficult to lose it. Older generals will fade away(They want it or not). And new generations will adapt modern ideology. Suu Kyi also will go down in history as she is a human being. We will still be okay without her. Because she is not God.
  30. Editor
    Editor
    I always trust her.She never betray to people of Myanmar .She has given her life to Burma and she put her life in danger .Do you people think she is doing for to become president .I am so sorry to read some comments .Sometime I wonder she is not worth for our own selfish, narrow minded, uneducated and always first in their self interest people .Yes she is silence if she necessary .She is playing with tigers who still want military government .She is always in danger don’t you people know that. The war has created by both of power mad people .If they want people first they need to find the way to make peace .Why she get blame which she is not creator also she has no power . Kachin and Military both they really want peace, they both leave their selfishness .That is answer .
  31. ဒေါ်စုဆိတ်ဆိတ်နေခြင်းကိုအနည်းငယ်နားလည်နိုင်ပါသည်။ လက်ပန်းတောင်းကိစ္စ
    ချက်ခြင်းသွားပြီးဖြေရှင်းတာဟာလက်နက်မဲ့နဲ့ လက်နက်ရှိပြဿနာကြောင့်သူဝင်နိုင်ပါတယ်
    သူ့ရဲ့လမ်းစဉ်ကငြိမ်းချမ်းစွာပြောင်းလဲခြင်းဘဲလေ။ကချင်နဲ့ရခိုင်မှာကြတော့လက်ပန်းတောင်း
    တောင်နဲ့မတူဘူးလေ ကချင်ပြဿနာကလက်နက်ရှိအချင်းချင်းချကြတာလေ။ရခိုင်ပြဿနာကလည်း မိန်းကလေး
    တစ်ယောက်အသတ်ခံရတာကိုတရားဥပဒေအတိုင်းမသွားဘဲ ဘာမှမဆိုင်တဲ့မူဆလင်အများ
    ကြီးကိုရိုက်သတ်လိုက်တာက ငြိမ်းချမ်းစွာပြဿနာဖြေရှင်းနည်းနဲ့ရခိုင်တွေကလုပ်ခဲ့တာမှ
    မဟုတ်တာ။ဒေါ်စုအဲ့ဒီနှစ်ခုကိုဘယ်လိုဝင်ရမှာလဲ။လက်ပန်းတောင်းတောင်ကငြိမ်းချမ်းစွာနဲံ
    သူတို့ရနစ်နာချက်တွေကိုအဆင့်ဆင့်တင်ပြနေရဲသားနဲ့လစ်လျူရှူလို့သပိတ်စခန်းစဖြစ်ပြီး
    မတရားဖျက်ဆီးခံရတာလေ။
    အားလုံးသတိရှိရှိနဲ့ဆင်ခြင်ကြည့်ကြပါ။စစ်အစိုးရကအင်္ဂလိပ်ခေတ်ကလိုတောင်ပေါ်
    မြေအောက်သွေးခွဲနည်းနဲ့ဒေါ်စုနဲ့တိုင်းရင်းသားသွေးခွဲနည်းကိုလုပ်နေတာကိုမမြင်ရင်တော့
    တစ်သက်လုံးမြန်မာနိုင်ငံကတော့အာဏာရှင်လက်ကလွတ်လပ်ရေးရမှာမဟုတ်တော့ဘူး။
    ကျွန်မတိုင်းရင်းသားဖြစ်ပြီးတော့ ဘာသာခြားတစ်ယောက်ပါ။ဒေါ်စုကိုနားလည်နိုင်ပါတယ်။
    သေချာတာကတော့သူမအာဏာရူးနဲ့ဥစ္စာရူးတစ်ယောက်မဟုတ်တာပါဘဲ။
    ဒါကြောင့်လည်းသူမကိုကျွန်မမြန်မာလူမျိုးထဲမှာအလေးစားဆုံးပါဘဲ။
    • ဟုတ်တော့ဟုတ်ပါတယ် ဒါပေမဲ့ ရင်ထဲမှာ ယားကျိယားကျိဖြစ်နေတာတော့အမှန်ဘဲ
  32. Ummmmm!!! ဒေါ် အောင်ဆန်းစုကြည်ကို အပြစ်တင်လို ခြင်း မဟုတ်ပါ။ သူမက ဒီ ကိစ္စကို ဘယ်လို ကယ်တင်ရမလဲ ဆို ပြီး အချိန်
    ယူ ပြီးစဉ်းစားလေ ….အချိန်ဆွဲလွန်း အားကြီးပြီး ဗမာ အသေခံစစ်သားတွေရော ကချင်တပ်သားတွေရော မရဏကျည်တောင့် တွေကြောင့်အသက်ဆူံးရှုံးတာပဲ အဖတ်တင်ပါ၏။ ဒါကို အပြစ်တော့ မတင်ရက်ပါ ဒါပေမဲ့ ကမ္ဘာ့ ငြိမ်းချမ်ရေး နိုဘယ် ဆုရှင် တစ်ယောက်ကို တရပ်ကွက်လုံးနှင့် တစ်ကမ္ဘာလုံးက မေးခွန်းထုတ်စရာ ဖြစ်လာပါ ပြီ။ဆိုတော့ ကဲ ဗမာညဏ် ဗမာဦးဏှောက် တွေနဲ့ ဘယ်သူက ဘာတွေ ကာကွယ် ပြီးဆင်ချေတွေ ပေးကြဦးမလဲ ဆိုတာ စောင့်ကြည့်ကြတာပေါ့။
  33. After reading most comments I now understand why our country is like this. Most people are stupid. What the hack do you people want her to say? Someone tell me if u know what she should say.
    • ၀ိုင်းအာကြတာတော့ လူတိုင်းလုပ်နိုင်ကြလေကုန်၏။ ဘာကို၊ဘယ်လို၊ဘယ်အချိန် မှာလုပ်ရမလဲဆိုတာ ကျုပ်လည်း မသိလို့ ဘာမှပြောတော့ဘာဘူးဗျာ။
  34. People here are talking like as if this is the very simple and straight forward thing regarding the issue. Not like two men fighting in the street and someone standing there should interrupt just to stop the fight. It’s not that simple people. Please look at the bigger picture and these sort of things take time, often a long time. Not like if she say ” I protest the fighting, pls stop!” then both parties stop fighting immediately. Not that simple!!
  35. နေရာတကာဒေါ်စုကြည်ပါမှပြီးမှာလား။ဒေါ်စုအခုနေသေသွားပြီဆိုဘယ်လိုလုပ်မလဲ။နောက်ဒေါ်စုပေါ်လာသည်အထိစောင့်ဦးမလား။အခုအသေသေးတာလို့ ပြောလို့ ရတယ်။သေသွားပြီလို့ သဘောထားလုပ်လိုက်တော့မြန်မြန်ခရီးမရောက်ဘူးလား။နှစ်ဦးနဲ့ ပြေလညအောင်လုပ်လို့ ရတယ်ကိစကို သုံးဦးမလိုပါဘူး။ဒီကိစကအစကတည်းက ဘာကမ်းလှမ်းမှုမျိုးမှမရှိဘဲစကတည်းကလက်နက်နဲ့ ဖြေရှင်းရင်တစ်မျိုး။အခုက အပစ်ပြန်ရပ်ဖို့ ပြောတယ်။ကေအိုင်အေက နိုင်ငံရေးမှဆွေးနွေးမယ်ပြောတယ်။အစိုးရကအရင်ကတည်းကနောက်လာမယ့်အစိုးရနဲ့ မှနိုင်ငံရေးဆွေးနွေးမယ်လို့ ပြောပြီးသား။အခုလည်းမဆွေးနွေးဘူးလို့ မပြောဘူး။အပစ်ရပ်လိုက်ရင် ဒီလိုညိစရာမရှိဘူးဆိုတာ အခုနောက်ဆက်တွဲတွေကသက်သေဘဲ။သဘောတူညီချက်အရတပ်နေရာချပြီးတိုက်တဲ့သူက မှားမှာဘဲ။အပစ်မရပ်ဘူး။ဟိုကတပ်တစ်တပ်ကျွံ့ နေတယ်။ရိကာပို့ ဖို့အကြောင်းပြတယ်။တကယ်တိုက်စစ်မဆင်ဘဲခုခံစစ်မှာဒီလိုရိကာပို့ ရင်းငြိကောင်းငြိနိုင်တယ်။အဲဒါကိုအကြောင်းပြပြီးတိုက်တာလဲဖြစ်နိုင်တယ်။အဲဒီတော့အဖြေကရှင်းအောင်အပစ်ရပ်ပြီးနိုင်ငံရေးဆွေါ်နွေးမယ်ဆို ပြသနာရှင်းသွားမယ်။မဆွေးနွေးဘူးလား။ပြန်တိုက်မယ်။ကိုယ်တစ်ယောက်ထဲမှမဟုတ်တာ။ဒါပေမယ့်အဲဒီလိုမတွေးဘူး။ကေအိုင်အေဘက်ကသာနေတုံးကတော့ ကေအိုင်အေကော။အတိုက်အခံကော၊မီဒီယာကော ဘာသံမှမထွက်ဘူး။ကိုယ့်ဘက်ကနိမ့်ပြီဆိုတော့ ဘယ်သူကယ်ပါ။အသံထွက်ပါဖြစ်လာရော။
    ကေအိုင်အိုအမျိုးသားညီလာခံမှာတင်ခဲ့တဲ့ပရိုပိုဇယ်(၁၉)ချက်ကိုလေ့လာပြီး၂၀၀၈ ဖွဲ့ စည်းပုံနဲ့ ဘာတွေကွဲလွဲလို့ လက်မခံတာလဲလေ့လာလိုက်ရင် တော်တော်များများကတူတယ်။အဓိကအချက်က နယ်ခြားစောင့်တပ်မလုပ်ချင်ဘူး။ပြည်ထောင်စုတပ်မတော်ထဲမှာပါချင်တယ်။ဒါလဲသဘောကအတူတူဘဲ။ကွဲပြားတယ်လို့ ထင်ရင် ပေါ်တင် တောင်းညှိလို့ ရကောင်းရနိုင်တယ်။နောက်သယံဇာတခွဲဝေမှု။ကျန်တာနိုင်ငံသားအပြင်၊ပြည်နယ်သားဖြစ်ခွင့်(နောက်နောင်ရွေးကောက်ပွဲတွေမှာ ဗမာတွေရွှေ့ ပြောင်းအခြေချပြီးအာဏာလုသွားမှာစိုးပုံရတယ်။ဗမာ၊ရှမ်း၊လီဆူး..ဒီလူမျိုးအားလုံးကိုဘယ်လို စည်းရုံးပြီးနိုင်ငံရေးသြဇာတည်ဆောက်မလဲဆိုလဲအတွေးမရှိဘဲ။ကိုယ့်လူမျိုးများရင်ကိုယ့်လူမျိုးကိုယ်ဘဲအုပ်ချုပ်မယ်ဆိုတဲ့အတွေးဖြစ်မယ်)။နောက် ပြည်နယ်ဝန်ကြီးချုပ်တွေကို ပြည်သူဆနအရရွေးကောက်ချင်တယ်။ကျန်တာတွေတော့ ကွဲလွဲတောင်ကြီးကြီးမားမားမရှိဘူးထင်တယ်။တန်းတူအခွင့်အရေးရှိတယ်။နောက်အားလုံးဘုံလိုလားချက်ဖြစ်တဲ့ စစ်တပ်ရဲ့ပါဝင်မှု။ဒါကတော့ တစ်ချို့ အတိုက်အခံတွေလဲဒီလိုနဲ့  လွှတ်တော်ထဲကဝင်ပြီးပြင်မယ်ဆိုဝင်ကြတာဘဲ။
    နောက်ဆုံးကောက်ချက်ချချင်တာကတော့ကေအိုင်အေ က တန်းတူရေးဆိုတာ သူတို့ ရဲ့လက်ရှိအနေအထားထက်မလျော့တဲ့တန်းတူမှုမျိုးကိုဆိုလိုတာ၊တိုင်းရင်းသားတန်းတူရေးမဟုတ်ဘူး၊ဒါကြောင့်နယ်ခြားစောင့်တပ်မဖွဲ့ ချင်ဘဲ ဆက်တိုက်နေတယ်။လွှတ်တော်ပြင်ပဆွေးနွေးပြီးကိုယ်လိုချင်တဲ့အနေအထားရမှ ဆိုတဲ့ပုံမျိုးလို့ ဘဲထင်တယ်။လွှတ်တော်တွင်းကဆို
    ပြည်သူဆနတွေလာတော့မှာကိုး
    အဲဒီတော့ဗျယ။မီဒီယာတွေအနေနဲ့ လဲ မြန်မြန်အပစ်ရပ်ဖို့ ကေအိုင်အိုကိုတိုက်တွန်းပြီး၊နိုင်ငံရေးဆွေးနွေးဖို့ အစိုးရကိုတောင်းဆိုပေးတာက ပိုခရီးရောက်မယ်ထင်တယ်။ဒီကိစမှာအရေးကြီးအစိုးတပ်မတော်၊ကေအိုင်အေ၊အိုပါ။
    • အမှန်တကယ်လဲ အမေစု နှုတ်ဆိတ်မနေသင့်တော့ပါဘူး။
      အမေစုရဲ့ ပြည်သူတွေယုံကြည်မှုကိုမပျောက်စေချင်ပါ။
  36. ပွင်း ပွင်း လင်း လင်း ပြား မယ် အမေစု အာဏါရှုး မဟုတ်ပါ
    ၁၀၀ရာခိုင်နှုးံ ပြည် လက်ခံပါတယ်
    အမေက အမေကအရှေ့ ကိုခုန် ဖို့ အား ယူနေတာပါ
    အမေ ရင်ထဲး မှာ ခံစား နေ ရမယ်လို့ထင်ပါတယ်
    အမေ ရဲ့ နုတ် ဆိတ် မူ့ကြောင့် လူတွေ အသက်အများ
    ကြီးဆုံး ရှုံး သွားပါပြီး
    အမေကနိုင်ငံအတွက်အများကြီးရင်းထားတာပါ အမေ
    နုတ် ဆိပ်မနေပါနဲ့
    အမေပျက်ပျက်သားသားပြောဆိုပါ အမေပြေားရမယ်
    အားလုံးကအမေ့ကိုမျော်လင့်ထားတာပါ
    ကျွန်တော်အပါဝင် လူအများစုကအမေနုတ်ဆိတ်နေတယ်
    လို့ထင်ပါတယ်
    အမေဆိုးဆိုးဝါးဝါးတွေထပ်မဖြစ်အောင်အမေနုတ်ဆိပ်မနေ
    ပါနဲ့
    အမေဘာမဟုတ်တဲ့ကိစ္စနဲ့လူတွေသေနေရတယ် အပစ်မဲ့
    ကလေးတွေ
  37. ဧရာဝတီ အရမ်လေးစားတယ်
  38. အပေါ်မှာမိ?က်ရေးထားတယ် အမေစုအာဏါရရင်
    ဘာလုပ်ပေးမယ်ညာလုပ်ုပေးမယ်ရေးထားတယ်
    နံက်ဖြန် အာဏာရမလား?
    အာဏါရတဲ့အထိနုတ်ဆိတ်နေရင်လူတွေဘယ်လောက်
    ထပ်သေဦးမလဲး အိုးမဲးအိမ်မဲ့ဘယ်လောက်ဖြစ်ဦးမလဲး
    အမေကိစ္စတိုင်း ကိစ္စတိုင်း နုတ်ဆိပ်မနေသင့်တော့ပါ
  39. စစ်အစိုရသည် အင်းဂလိပ်တွေနဲ့ အတူတူပါပဲး
    နယ်ချဲးအင်းဂလိပ်များသည်သွေးခွဲး နယ်နမိတ်
    ပြသာနာလုပ်ပြီးသွားတယ်
    သိ့ရက်သားနဲ့နုတ်ဆိပ်မနေသင့်ပါ
    ရင်သွေးးငယ်လေးတွေကိုတော့ကြည့်သင့်ပါတယ်
  40. နိုင်ငံရေးရဲ့လှဲ့ကွက်တွေကိုနားမလယ်တော့ဒေါ်စုကိုအပြစ်မြင်ကြတာကိုမှားတယ်လို့မဆိုခြင်ပါ ဘူး၊တိုင်းပြည်ကိုနောက်ပြန်ဆွဲချင်နေတဲ့စစ်တပ်လူကြီးတွေရဲ့လှဲ့ကွက်ထဲကိုဒေါ်စုဝင်သွားရင်ဒီ ထက်ဆိုးတဲ့အခြေနေကိုမရောက်စေချင်လို့ဒေါ်စုနှိပ်ပိတ်နေတာလို့ဘဲထင်ပါတယ်၊မွစ္စလင်တွေ အများကြီးအသတ်ခံခဲ့ရတာကိုဝမ်းမနည်းပါဘူးဘာကြောင့်လဲဆိုတော့မြန်မာနိုင်ငံကြီး ကောင်းစားရေးအတွက်သူတို့ရဲ့အသက်တွေကိုစတေးခဲ့ကြရတာပါသူတို့ကိုဘုရားသခင် နိဗာန်ကိုပို့ဆောင်ပါလိမ့်မယ်
  41. နိုင်ငံရေးလှဲ့ကွက်ထဲဒေါ်စုဝင်လာအောင်နောက်ကြောင်းပြန်စစ်ဗိုလ်ချုပ်တစုနဲ့အခွင့်ထူးခံနိုင်ငံ ရေးသမားတချို့ရဲ့စီစဉ်ထားတဲ့လှဲ့ကွက်ထဲဒေါ်စုဝင်သွားရင်နိုင်ငံပျက်ဆီးသွားမှာပေါ့၊ဒီစီစဉ်မှု့ ကြောင့်သေဆုံးသွားတဲ့သူတွေဟာနိုင်ငံတော်အတွက်စတေးခံရသူတွေဘဲသူတို့အတွက် ကောင်းရာကောင်းကြောင်းစု တောင်းပေးဘို့ကကျန်ခဲ့တဲ့သူတွေရဲ့တာဝန်ပါဘဲ