လဂျားယန်သာမက ကချင်ပြည်နယ်အနှံ့ ထိုးစစ်များရပ်ပေးသင့်ကြောင်း KIO ထုတ်ပြန် | ဧရာဝတီ

လဂျားယန်သာမက ကချင်ပြည်နယ်အနှံ့ ထိုးစစ်များရပ်ပေးသင့်ကြောင်း KIO ထုတ်ပြန်

Hits:4,078
  | |

လဂျားယန် ဒေသရှိ KIA စစ်သားတစ်ဦး (ဓာတ်ပုံ – ဧရာဝတီ)

လဂျားယန် ဒေသတွင်သာ မက ကချင်ပြည်နယ် ဒေသအနှံ့တွင် မြန်မာ့ တပ်မတော်၏ စစ်ရေးထိုးစစ်ဆင်မှုကို လျှော့ချသင့်ကြောင်း ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO) က ယနေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

ဇန်န၀ါရီလ ၁၈ ရက်နေ့က ပြည်ထောင်စု မြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည့် ကြေညာချက် အမှတ် ၃/ ၂၀၁၂ တွင် တပ်မတော်အနေဖြင့် လဂျားယန် စခန်းရှိ စစ်သည်များ လုံခြုံရေးနှင့် မြစ်ကြီးနား ဗန်းမော် ပြည်ထောင်စု လမ်းမကြီး လုံခြုံရေးအတွက် လိုအပ်သည့် ကန့်သတ် ရည်မှန်းချက်များကို ရရှိပြီး ဖြစ်သောကြာင့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၃ ရက်နေ့ နံနက် ၆ နာရီမှ စတင်ပြီး လဂျားယန်ရှိ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများကို ရပ်ဆိုင်းမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီးနောက် KIO က အထက်ပါအတိုင်း ပြန်လည် ထုတ်ပြန်ခဲ့သည်။

“လဂျားယန်ဟာ ပထမ ခြေလှမ်းဖြစ်နိုင်ပါတယ်။ နောက် ကချင်ပြည်နယ် တနယ်လုံးအတွက် ဘယ်နေ့ ဒီလို ကြေညာလာမလဲ ဆိုတာ ကျနော်တို့ မျှော်လင့်နေတယ်။ စစ်ရေး အရှိန် လျော့သွားတာနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ဖို့ ကျနော်တို့ တိုက်တွန်း သွားမယ်” ဟု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ (Peace Creation Group) မှ ဦးဆန်းအောင်က ဧရာဝတီကို ပြောသည်။

၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် တရုတ်နိုင်ငံ ရွှေလီမြို့၌ နောက်ဆုံးအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ပြီးနောက် ၂ လ အကြာတွင် စစ်ရေးအရှိန် ပြန်လည် မြင့်တက်လာပြီး ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် လဂျားယန်ဒေသရှိ ပွိုင့် ၇၇၁ တောင်ကုန်းကို မြန်မာ့ တပ်မတော်မှ လေကြောင်းပစ်ကူ တိုက်ခိုက်ခဲ့ပြီး စစ်ရေးအရှိန် ဆက်လက် မြင့်တက်နေခဲ့သည်။

၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၈ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကချင်ပြည်နယ် အင်ဂျန်းယန် မဲဆန္ဒနယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများကို ချက်ချင်း ရပ်ဆိုင်းပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ အမြန်ဆုံး ပြန်စရန်အတွက် အရေးတကြီး အဆိုတရပ် တင်သွင်းခဲ့ရာ ထိုနေ့
ညနေပိုင်းတွင် ယင်းအဆိုကို အတည်ပြုခဲ့သည်။

“လွှတ်တော်ရဲ့ အတည်ပြုချက်နဲ့ တိုက်တွန်းချက်တွေကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က ကြိုဆိုမှာပါ။ အခုအချိန်အထိ KIA နဲ့ အဆက်အသွယ် မရသေးဘူး။ ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်” ဟု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့မှ တာဝန်ရှိသူ တဦးက ပြောသည်။

KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာနှင့် အနီးဆုံး ဒေသဖြစ်သည့် လဂျားယန် ဒေသတွင် မြန်မာ့ တပ်မတော်မှ ထိုးစစ်ဆင်မှု ရပ်ဆိုင်း လိုက်ကြောင်း သတင်းထုတ်ပြန်ပြီးနောက် ယနေ့ နံနက်ပိုင်းတွင် ဖားကန့်မြို့နယ် ကာမိုင်းမြို့နယ်ခွဲ ရဲစခန်းက KIA တပ်မဟာ ၆ မှ ၀င်ရောက် တိုက်ခိုက်ရာ ၂ ဦးကျဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ရဲဇာနည် facebook စာမျက်နှာတွင် ဖော်ပြထားသည်။


9 Responses

Leave a Reply

  1. တိုက်လေယဉ်မသုံးရင်လုံဝမနိုင်ပါဘူး။မြန်မာတပ်မတော်ရဲ့သတ္တိဆိုတာတိုက်လေယာဥအားကိုးနဲ့ပြောတာလားမသိဘူး။

  2. please Correct the date 19January 2013 . 06:00AM
    *****၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၃ ရက်နေ့ နံနက် ၆ နာရီမှ စတင်ပြီး လဂျားယန်ရှိ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများကို ရပ်ဆိုင်းမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီးနောက် KIO က အထက်ပါအတိုင်း ပြန်လည် ထုတ်ပြန်ခဲ့သည်။

  3. ငြိမ်းချမ်းရေး အကျိုးဆောင်တွေ အလုပ်ကို ကြိုးကြိုးစားစား
    လုပ်ပေးပါ လူထုလည်း အတော်နာနေပြီ

  4. ဗန်းမော်-လွယ်ဂျယ်လမ်းမှာ ကေအိုင်အေက 19-01-2013 ရက်နေ့က အပြစ်မဲ့ပြည်သူလူထုရဲ့ ဗင်ကား ( ၂ )နှစ်စီး နှင့် ဟိုင်းလတ်ကား ( ၁ )စီးကို မိုင်းခွဲတိုက်ခိုက်တာ ပြည်သူလူထုတွေ ဒဏ်ရာရသွားတယ် အများကြီးပဲ အနည်းဆုံး ( ၁၉ ) ယောက်လောက်ရှိတယ်။စစ်တပ်ကဘယ်သူမှမပါဘူး အပြစ်မဲ့တဲ့ခရီးသွားပြည်သူလူထုကို တိုက်ခိုက်တာ ခင်ဗျားတို့ သတင်းဌာနတွေသိရဲ့လား ။ မယုံဘူးဆိုရင် ခင်ဗျားတို့ သတင်းဌာနက သတင်းထောက်တွေကို လွယ်ဂျယ်-ဗန်းမော်လမ်းက ကားသမားတွေ၊ ပြည်သူလူထုတွေကို ကေအိုင်အေကဘယ်လိုမိုင်းခွဲတယ်ဆိုတာ လာမေးကြည့်ပါ။ကေအိုင်အေက ဒါမျိုးတွေလုပ်နေရင် အကြမ်းဖက်စစ်သွေးကြွတွေနဲ့ အတူတူပဲလို့ ကျွန်တော်တို့ ပြည်သူလူထုတွေက ထင်မြင်ယူဆတယ်။ အစိုးရမကောင်းတဲ့ သတင်းလည်းတင်ပေါ့။ဒီလို ကေအိုင်အေရဲ့ ရက်စက်ယုတ်မာတဲ့ လုပ်ရပ်တွေကိုလည်း သတင်းအဖြစ်တင်ပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။

  5. တရုတ်ကဗမာလေယဉ်ရောင်းကချင်ကိုတော့လေယဉ်ပြစ်သေန နုနုင်ငံင်တ်တွင်ရောင်းကြားကမြတ်တာကတရုတ်ပါ။နိုထပါတောမြန်မာပြည်နိုင်ငံနာလှပါပြီ။

    • Absolutely. The Chinese are laughing and laughing. Their balls are almost pumping out of the skins now and they will fall everywhere in Burma.

      • They didn’t use any chinese jet fighters.Also,chinese not supplied any arms to kia.Just supply to WA.You know why?Wa=Chinese.Aung Nat = Gote kyar.

  6. ကချင်လေး

    မောင်လဆိုင်း ပြောတာအမှန်ပါ။မျှမျှတတ မြင်ပါ။ရေးပါ။ခံစားနေရတာက ကျွန်တော်တို့ ကချင်ပြည်နယ်သားတွေပါ။