အင်တာဗျူး

လက်ပံတောင်း အင်အားသုံး ဖြိုခွင်းမှုကို ဒီလိုမြင်ကြတယ် (၂)

Hits:1
  | |
Print This Post

လက်ပံတောင်း သပိတ်ဖြိုခွင်းမှု ရန်ကုန် ဆန္ဒပြပွဲ (ဇာနည်မာန် / ဧရာဝတီ)

စစ်ကိုင်းတိုင်း မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်ကို နိုဝင်ဘာလ ၂၈ ရက်နေ့ မနက် ၃ နာရီလောက်မှာ ရဲတပ်ဖွဲ့က လူစုခွဲဖို့ ဝင်ရောက်စီးနင်းခဲ့ပါတယ်။ စီးနင်းရာမှာ မီးသတ်ပိုက်၊ မီးခိုးဗုံးတွေကို အသုံးပြုတယ်ဆိုပေမယ့် သပိတ်စခန်းက သံဃာတော်နဲ့ လူတွေ ဆိုးရွားစွာ မီးလောင်ဒဏ်ခံရတာကြောင့် မီးလောင်ဗုံး သုံးစွဲတယ်ဆိုပြီးတော့လည်း ပြောဆိုနေကြပါတယ်။ ဒီလို အလွန်အကျွံ အင်အားသုံး ဖြိုခွင်းမှုကို လူတန်းစားအလွှာ အသီးသီးရဲ့ တုံ့ပြန်မှုတွေကို ဧရာဝတီ သတင်းထောက် လင်းသန့်က စုစည်း တင်ပြထားပါတယ်။

သီတဂူ ဆရာတော် အရှင် ဉာဏိဿရ

ကိုယ်တော်တို့ သည်းခံကြပါ။ ဒီပြဿနာက ရေနဲ့ ဖြန်းတာပဲ။ ဒါပေမယ့် ငရဲပြည်က ရေဖြစ်နေတယ်။ (မုံရွာဆေးရုံကြီးတွင် ဒဏ်ရာရ သံဃာတော်များကို လာရောက်တွေ့ဆုံစဉ် မိန့်ကြားချက်)

ဒေါ်အောင်ဆန်းစုကြည် ( အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ)

မလိုအပ်ဘဲ ဘာကြောင့် အင်အားသုံးနှိမ်နင်းခဲ့တယ်ဆိုတာကို ပြည်သူတွေအနေနဲ့ သိခွင့်ရှိတယ်။ ကျမအဲဒီကိစ္စနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေနဲ့ ဒီနေ့တွေ့ပြီး မေးမယ်။

(ယနေ့နံနက် မုံရွာတွင် ပြောသော မိန့်ခွန်းမှ)

ဦးညွန့်ဆွေ (အငြိမ်းစား ဒု နိုင်ငံခြားရေး ၀န်ကြီး)

မြန်မာပြည်မှာ အပြောင်းအလဲက တကယ်ဖြစ်နေတာပါ။ အဲဒီလိုအချိန်မှာ စေတနာမှန်ဖို့ လိုပါတယ်။ အခုလို ပြဿနာဖြစ်တာ လုံးဝမကောင်းပါဘူး။ သွားနေတဲ့လမ်းကြောင်းကို ထိခိုက်နိုင်ပါတယ်။

ဦးစိုးညွန့် (တော်ဝင်နှင်းဆီ ဖောင်ဒေးရှင်း တာဝန်ခံ)

ဒီကိစ္စပြောရမှာတောင်မှ ပါးစပ်က မထွက်ပါဘူးဗျာ။ ဒီဟာက အင်မတန်ရိုင်းပြတဲ့အပြုအမှုပဲ။ ဒါမျိုးဆိုတာက အာဏာရှင်အုပ်ချုပ်တဲ့ နိုင်ငံမျိုးမှာ လုပ်တာဘဲ။ ဒီလို ဒီမိုကရေစီနိုင်ငံ တည်ဆောက်မယ်လို့ ကြွေးကြော် အော်ဟစ်ပြီးတော့မှ ကျနော်တို့က မယုံ့တယုံနဲ့ ဖြစ်နေတဲ့အချိန်မှာ လုပ်လိုက်တာကြီးကတော့ ကျနော်တို့ တော်တော်လေး တွေဝေသွားတယ်။ ဆိုလိုတာက ယုံကြည်ရမှာ တော်တော် ခက်သွားတယ်ဗျာ။

ကျနော်တို့ ငယ်ငယ်တုန်းက အမေရိကန်သံရုံးရှေ့ ဆန္ဒပြတုန်းက အတွေ့အကြုံရှိတယ်။ မျက်ရည် ယိုဗုံးတွေ သုံးတာဘဲ။ ရေနဲ့ မျက်နှာသစ်လိုက်ရင် ပျောက်သွားတာပဲ။ အခုဟာက အဲဒီလို မဟုတ်ဘူး။ ကလပ်စတာ ဗုံးလိုဟာမျိုး တွေဖြစ်နေတယ်။ ကျနော်သုံးသပ်တာတော့ တရုတ်ကများ ဒီလက်နက်တွေ ထုတ်ပေးလားပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီလုံထိန်းတပ်တွေကို တရုတ်ကုမ္ပဏီက ငှားရမ်းထားတယ်ဆိုတော့ ကျနော်တို့ မြန်မာနိုင်ငံမှာ လက်နက်ကိုင်တပ်ဖွဲ့ကို ငှားနိုင်တယ်ဆိုတာ စည်းမျည်းစည်းကမ်းလည်း မရှိဘူး။ လုပ်ရိုးလုပ်စဉ်လည်း မဟုတ်ဘူး။ အဲဒါကို လုပ်ငန်းအတွက် ငှားထားတယ်ဆိုတော့ သဘောက ဦးပိုင် ဖြစ်နေလို့လား။ ဦးပိုင်က စစ်တပ်ပဲ၊ သူအာဏာ မကုန်သေးဘူးဆိုတာလည်း ပြနေတယ်။

နောက်တချက်က မြန်မာနဲ့ အမေရိကန်နဲ့ ဆက်ဆံရေးကို ဖျက်ဆီးဖို့ လက်နက်ဆန်းတွေ သုံးပြီးတော့ လူတွေ ထိန်းမနိုင်၊ သိမ်းမနိုင် ဖြစ်အောင် လုပ်ပြီးတော့မှ တရုတ်ဘက်က အစီအစဉ်တကျ လုပ်လားလို့တော့ ကျနော့်မှာ သံသယရှိတယ်။ ကျနော်တို့ မြန်မာ့သမိုင်းမှာ ဒီလို လက်နက်မျိုးမတွေ့ဖူးဘူး။ အရေပြားထိရင် မီးတွေ လောင်တယ်ဆိုတဲ့ဟာက။

နောက်တချက်က ရခိုင်ကိစ္စတုန်းကလည်း ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီးစဉ်နဲ့ တိုက်ပြီးတော့မှ ကျောက်နီမော်မှာ မုဒိန်းမှု၊ လူသတ်မှု ကျူးလွန်တာ ဖြစ်တယ်။ နောက်တောင်ကုတ်မှာ လူ ၁၀ ဦးကို သတ်တယ်။ မြန်မာနိုင်ငံလိုဟာမျိုးမှာ စာရွက်တရွက်ဝေတာတောင်မှ ချက်ချင်းမိတဲ့နိုင်ငံမှာ လူ ၁၀ ယောက်ကို ပေါ်ပေါ်ထင်ထင်ကြီး သတ်ပစ်တာ မမိဘူးဆိုတာက စနစ်တကျ လုပ်ထားတာကြီး။ ပြီးမှ သူတို့ အရှုပ်အထုပ်ကို မထိန်းနိုင် မသိမ်းနိုင်ဖြစ်ပြီး အခုချိန်ထိ ဖြစ်သွားတာ။ အခုလည်း ဒေါ်အောင်ဆန်းစုကြည် လာမယ်ဆိုတာ တရားဝင်ကြေညာပြီးပြီ။ ဒေါ်စုလာမယ်ဆိုတဲ့နေ့ မနက် ၃ နာရီကျတော့မှ အခုလို ထလုပ်လိုက်တဲ့ဟာက ကစားတယ်လို့ပဲ ကျနော်တော့ မြင်တယ်လေ။ ဘာလို့လဲဆိုတော့ လုပ်ချင်ရင် အစောကြီးကတည်းက လုပ်ပါလားဗျာ။ အခု လာတယ်ဆိုတာလည်း လွှတ်တော်ထဲမှာ ကြေညာပြီး ဒါကို ကြားဝင်ဆောင်ရွက်မယ် ဆိုပြီးတော့ ဒေါ်ခင်စန်းလှိုင်တို့ ဘာတို့က လာတယ်ဆိုတော့ တဖက်မှာလည်း နောက်ပြန်ဆွဲချင်တဲ့ အုပ်စုက အင်အားရှိသေးတယ်ဗျ။ လက်မည်းကြီးတွေ အရိပ်မည်းကြီးတွေ ရှိနေသလားလို့ သံသယ ကျနော့်မှာ ရှိတယ်။

ဦးမြင့်သိန်းဖေ (မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဟောင်း)

အခု ကျနော်တို့သွားနေတဲ့ ပွင့်လင်းမြင်သာတဲ့ ဒီမိုကရေစီ နိုင်ငံမှာတော့ ဒါကြီးက မကောင်းဘူးပေါ့ဗျာ။ ကျနော်တို့ သွားနေတဲ့လမ်းကို အနှောက်အယှက်တော့ ဖြစ်မယ်လို့ထင်တယ်။ ကျနော်တို့အားလုံး နိုင်ငံတော် အစိုးရရော ပြည်သူပြည်သားတွေရော ညီညီညွတ်ညွတ်နဲ့ ရှေ့ဆက်သွားမယ့် ခရီးကို သွားမယ်ဆိုလို့ရှိရင်တော့ အားလုံး အောင်မြင်မယ်လို့ ကျနော်တို့ ယူဆပါတယ်။

ဦးမော်လင်း (ပြည်သူ့ခေတ် အယ်ဒီတာချုပ်)

မူအရ ပြောမယ်ဆိုရင် ဘယ်လို အကြမ်းဖက်တာမျိုးကိုမဆို ကျနော်တို့ ဘယ်လိုမှ သဘောမတူနိုင်ဘူး။ အကြမ်းဖက် ဖြေရှင်းတဲ့နည်းဟာ ဘယ်တုန်းကမှ မအောင်မြင်ခဲ့သလို ဘယ်တော့မှလည်း အောင်မြင်မှာ မဟုတ်ဘူး။ ဒါကတော့ အခြေခံမူဘဲ။ ကျနော်အနေနဲ့ ပြည်သူ့ခေတ် အယ်ဒီတာချုပ် အနေနဲ့ပြောတာပါ။ ဒီလို ပြဿနာ အရေးအခင်းတွေ ပေါ်တိုင်းပေါ်တိုင်းမှာလည်း ဘယ်လို အကြမ်းဖက်နည်းသုံးပြီး ဖြေရှင်းတာကို ကျနော်တို့က ဘယ်တော့မှလည်း လက်မခံဘူး။

နောက်တခုက တကယ့် ပြဿနာ အရင်းအမြစ်ကိုတော့ အကုန်လုံးက နည်းလမ်းရှာပြီး အဖြေရှာနေကြတယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း သွားတယ်။ စုံစမ်းရေးကော်မရှင်တို့ ဘာတို့လည်း လုပ်မယ်လို့ လွှတ်တော်ကနေ ပြောထားတာလည်း ရှိတယ်။ တကယ့်အရင်းအမြစ် ပြဿနာကို အဖြေရှာတာကိုတော့ ကြိုဆိုတယ်။ ဒါဟာ ရှာဖွေရမှာပေါ့။ အစိုးရအနေနဲ့က တခြား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့တောင်မှ စေ့စပ်မယ်၊ ညှိနှိုင်းမယ်၊ အဖြေရှာမယ်ဆိုတဲ့ ဟာမျိုးလုပ်နေတဲ့အချိန်မှာ အခုဟာက လက်နက်လည်း ရှိတဲ့သူတွေ မဟုတ်ဘူး။ ဒါက ပြည်သူလူထု၊ သဘောကတော့ သူတို့ပြဿနာ ရှိလာတဲ့အခါမှာ သူတို့ ဆန္ဒပြမှာဘဲ။ ဒါကို အကြမ်းဖက် ဖြေရှင်းတာတော့ တော်တော့်ကို အရုပ်ဆိုးတဲ့ အပြုအမူလို့ပဲမြင်တယ်။

ဦးလှမြင့် ( အငြိမ်းစား ရူပဗေဒပါမောက္ခ- မန္တလေးတက္ကသိုလ်)

အခုဖြစ်ရပ်တွေ ကြည့်ရတာ Hard Line (သဘောထားတင်းမာသူ) အုပ်စု တက်လာတယ်လို့ မြင်တယ်။ Transition to Democracy (ဒီမိုကရေစီအသွင် ကူးပြောင်းရေး) မဟုတ်ဘူး ထင်တယ်။ နည်းနည်း ကြမ်းမယ့်သဘောမျိုး၊ ခြိမ်းခြောက်တဲ့ သဘောမျိုးနဲ့ ရှင်းတယ်လို့ ထင်တယ်။ နောက်ပြီးတော့ Napalm bomb (နပန်းဗုံး) လိုမျိုး သုံးတယ်ထင်တယ်လို့ ဦးခင်မောင်ညို (ဒေါက်တာ ခင်မောင်ညို) ကလည်း ရှင်းပြသွား တယ်လေ။ အဲဒီဗုံးမျိုးက ဓာတုပစ္စည်းသဘော ပါတယ်လေ။ Tear Gas မျိုး မဟုတ်ဘူး။ သူတို့ ဗြောင်လိမ်နေတယ် ထင်တယ်။ Napalm bomb မျိုးက အမေရိကန်တောင်မှ ဗီယက်နမ် စစ်ပွဲမှာသုံးခဲ့တာ။ သိပ်ရက်စက်လွန်းလို့ နောက်ပိုင်း သူတို့ မသုံးတော့ဘူး။ အဲဒီတုန်းက သမ္မတလည်း ကလေးမလေး တယောက် မီးလောင်ပျက်ဆီး တာကိုမြင်ပြီး တော်တော် စိတ်ထိခိုက်သွားတယ် ပြောတယ်။


WSJ LIVE VIDEO:

15 Responses

Leave a Reply

  1. thein sein government get out at once.

  2. အဲ့ဒီနေ့က တာဝန်ကျတွေ တာဝန်ယူ ပါဝင်လှုပ်ရှားခဲ့တဲ့ အရာရှိအယုတ်တမာကောင်တွေကို သတင်းစာတွေမှာ ဓါတ်ပုံနဲ့တကွ ဖေါ်ပြပြီး ပြတ်သားထိရာက်တဲ့ အရေးယူမှုတွေ ဖေါ်ဆောင်ပေးရန် တောင်းဆိုကြပါ။
    ပြည်ထောင်စု အစိုးရ နဲ့ တရုတ် လူ၊ တရုတ်ကျွန်တွေ ကို ထိရောက်သော အရေးယူမှုပြုလုပ်ပြီး အမျိုးသားသစ္စာဖေါက်များ အဖြစ် ဖေါ်ထုတ်ပေးပါ။

  3. ဦးသိန်းစိန်ကို ဦးသန်းရွှေ ကြိုးကိုင်နေတယ် ဆိုတာရှင်းနေပြီ…

  4. မြန်မာ တိုင်းရင်းသူ

    အခုလည်း ဒေါ်အောင်ဆန်းစုကြည် လာမယ်ဆိုတာ တရားဝင်ကြေညာပြီးပြီ။ ဒေါ်စုလာမယ်ဆိုတဲ့နေ့ မနက် ၃ နာရီကျတော့မှ အခုလို ထလုပ်လိုက်တဲ့ဟာက ကစားတယ်လို့ပဲ ကျနော်တော့ မြင်တယ်လေ။ ဘာလို့လဲဆိုတော့ လုပ်ချင်ရင် အစောကြီးကတည်းက လုပ်ပါလားဗျာ။ အခု လာတယ်ဆိုတာလည်း လွှတ်တော်ထဲမှာ ကြေညာပြီး
    [ဦးစိုးညွန့် (တော်ဝင်နှင်းဆီ ဖောင်ဒေးရှင်း တာဝန်ခံ)]
    တတိုင်းပြည်လုံး၊ ပြည်ပမှာပါ ဆူအောင် ပူအောင် တမင် လုပ်တယ် ထင်ပါတယ်။ ဒါမှ စစ်တပ်က အာဏာ တက်သိမ်းမယ်လေ။ အခုက အခြေအနေတွေက ရခိုင်မှာ ထိမ်းမရ၊ ကချင်မှာ လုပ်ချင်တာ လုပ်မရ ဖြစ်နေတာ။

  5. နပန်းဗုံးဟုတ်ချင်လည်းဟုတ်ပါလိမ့်မယ်။ သူ့တို့အချင်းချင်း ရယ်လားမောလားပြောတာ ကတော့ ကြိုင်ကြိုင်ဗုံးတဲ့ဗျ။

  6. People start loosing confidence on the President after unacceptable harsh action on the LPT demonstrators was allowed by him.

  7. I totally agree with U Soe Nyunt’s comment.
    The good relation with US and Myanmar might be affected/damaged by this event. We should consider carefully and wisely that who will get benefits if the fledgling good relationship between the US and Myanmar is damaged.
    The Foreign investors might be delay to invest in Burma. The cronies will try to monopolize all Business in Myanmar again! The innocent citizens will get more suffer than before.
    We should expose the persons who are behind the scene, who are the true culprits and try them to drag before the Court.

    • It looks like Cristie Island format. Someone higher than Theis Sein may mastermind behind the Scene. Who Knows? Opinion of Ko Soe Nyunt (TawWin Rose Foundation) is much possible. China bomb squad probably orchestrated the LPT operation. According to Gen. Wai Lwin response to Daw Khin San Hlaing, China-Burma Denfense Department JV compensated just 709 millions Kyats to people for 13587.81 acre in LPT area. Let’s say 1 million USD. They do not want to pay anymore. That’s it. It just 0.1% of total investment in LPT. It is bullshit. They did not want to take responsibilities to people who lost their lands and suffering environmental impact. Ledi Sayardaw’s holy place looks like isolated island in the middle of mine excavation, no retaining wall built to support the building. But china mining engineer told Daw Suu “it is international standard”. No it is china standard. Deep shit. So It is clear. It should be second Cristie island operation. Tibet monks burnt down them self, set fire them self, so china evil took a chance to do testing on Burmese monks. Time factors on Rakhine turmoil and London trip, then LapPanDaung trip and fire bombs are very logical games. The riot police underestimated the intensity of bombs and chemical reacts to the water.
      Every good burmese citizen knows Burma Dictators are always cheated on people and rest of the world. In that violence, there are no reason to see thing positive. The way that Thein Sein crackdown to people was very crucial in history. Most interesting things are on the way now. Time to quit U Thein Sein, you and your whole Cabinet members including Thar Aye should step down. Because they were born to be a gang of evil. All police officers and responsible personnel of Myanmar Holding Ltd., must be jailed. Hopefully Daw Suu investigation commission will not be cheated again like U Tin Aung Heine commission in Hpone Maw scandal. May be Daw Suu, Min Ko Naing and others will be pressured like Rakhine commission does. They may have possible threaten again by government thugs. Who guarantee the security of Daw Suu and others? No way. Sniper can shot at someone any times. One sad thing, why ethnic groups including KIA did not condemn the violence. Be safe people. Keep supporting to democratic activity in Burma.

  8. I totally agree with U Soe Nyunt’s comment.
    The good relation with US and Myanmar might be affected/damaged by this event. We should consider carefully and wisely that who will get benefits if the fledgling good relationship between the US and Myanmar is damaged.
    The Foreign investors might be delay to invest in Burma. The cronies will try to monopolize all Business in Myanmar again! The innocent citizens will more suffer than before.
    We should expose the persons who are behind the scene, who are the true culprits and try them to drag before the Court.
    I totally agree with U Soe Nyunt’s comment.
    The good relation with US and Myanmar might be affected/damaged by this event. We should consider carefully and wisely that who will get benefits if the fledgling good relationship between the US and Myanmar is damaged.
    The Foreign investors might be delay to invest in Burma. The cronies will try to monopolize all Business in Myanmar again! The innocent citizens will more suffer than before.
    We should expose the persons who are behind the scene, who are the true culprits and try them to drag before the Court.

  9. I think this event is well planned and it might cause the damage the good relationship between Ahmay Su and the Thein Sein Government.
    Please consider wisely who might be the culprit:
    the China?
    the cronies?
    Shwe Mann?
    Than Shwe?
    the opportunist (although I include in the list above, they might have no power to involve in this event)
    and the hardliners among the government?

    Anyhow, the government has the sole responsibility and we should ask the government to take prompt action ( but don’t try to cover the true story) and investigate this event.

  10. မင်းသားခေါင်းဆောင်းထားတဲ့ ဦးသိန်းစိန် ဘီလူးရုပ်၊ ဘီလူးအစွယ်တွေ ပြနေပါပြီ၊
    ဒီမိုကရေစီ သဘောအရ အများသဘောမတူတာတွေ လေးစားရပါမယ်၊
    ဒီမိုကရေစီလမ်းကြောင်းဆီကို ချီတက်နေပါတယ်ဆိုတဲ့ စစ်ယူနီဖောင်းချွတ်တွေရဲ့ စကားတွေ
    ဘယ်လိုနည်းနဲ့မျှ ယုံကြည်စရာ အကြောင်းမရှိတော့ပါ။
    ဦးပိုင်၊ တရုတ်၊ စစ်တပ် ထိရင် ဘယ်သူမှ မချန်ဘူး ၊ အပြတ်ရှင်းမယ် ဆိုတဲ့ မူတွေ ရှိပြီးသားပါ။
    ပြည်သူလူထုများခင်ဗျား… ပြည်သူထံမှ ဆင်သက်လာတဲ့ အာဏာကို ပြည်သူတွေ စိုးမိုးနိုင်အောင်
    ပြည်သူတိုက်ပွဲ ဆင်နွဲကြပါ။ အစိုးရကောင်း တစ်ရပ်ပေါ်ထွန်းလာရေး ပြည်သူတိုင်းတာဝန်ဖြစ်သည်။

  11. သူရဇော်ဟိန်း

    အရေးအကြီးဆုံးက ဗုံးထဲမှာ ဘယ်လိုဓါတုပစ္စည်းတွေပါသလဲဆိုတာ အစိုးရဖက်က ပြောရပါမယ်။ ဒါမှ ဆေးလဲသိ ကုသနည်းအမှန်လဲ ရွေးချယ်နိုင်မှာပါ။

    ဒါဏ်ရာရခဲ့သူတွေကို အပြင်းအထန် ဂရှစိုက် ပြုစု ကုသပေးနေကြတယ်လို့ ယုံကြည်ပါတယ်။ ပိုပြီး နားလည်သိနိုင်တဲ့သူ နဲ့ ပစ္စည်းကရိယာတွေရှိရာဆီမှာ အမြန်ဆုံး သွားပြီး ကုသပေးသင့်ပါတယ်။ ကုသနေတဲ့ ဆရာဝန်တွေက “ဘယ်လိုဖြစ်တာလဲ မသိဘူးလို့” ပြောလာခဲ့ရင် အရမ်းနောက်ကျသွားနိုင်ပါတယ်။ ဒါဏ်ရာရတဲ့သူတိုင်းကို ရှာပြီး သေသေချာချာ ကုသမှုပေး ကုသမှုခံယူစေရပါမယ်။

    အခုလို အင်အားသုံး ဖြိုခွင်းမှုကို အားလုံးနဲ့ အတူ ရှုတ်ချ ဆန့်ကျင်ပါတယ်။

    သမ္မတကြီး ကိုယ်တိုင် ဒီကိစ္စကို ထွက်ရှင်းပြစေချင်ပါတယ်။ ဒီစီမံကိန်းကို ၀န်ကြီးချုပ်ဟောင်း ဦးသိန်းစိန်ရှေ့မှာ လက်မှတ်ရေးထိုးခဲ့တာလို့ မှတ်မိနေပါတယ်။

    ယခုလို ဒေသခံတို့၏ ဘဝများစွာနစ်နာထိခိုက်မှု၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်ပြားစေမှု များပါဝင်သည့် စီမံကိန်းမျိုးတွင် ဦးပိုင်ကဲ့သို့ စစ်တပ်ဆိုင်ရာ ဖွဲ့အစည်းများ မပါစေသင့်ပါ။ အခုလို ပုဆိန်ရိုး အလုပ် လုပ်ရတာ သူတို့အတွက်လဲ မကောင်း၊ ပြည်သူတွေလဲ ပိုပြီး နစ်နာစေပါတယ်။

    ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အသက်ဝင်နေသရွေ့ စစ်အာဏာရှင်စံနစ်ကို ဆုပ်ကိုင်ထားချင်သူ စစ်ဗိုလ်ချုပ်တွေက ကိုယ့်ကိုယ်ကို ဘိုလို့ထင် ဘ၀င်မြောက်ပြီး မလုပ်သင့်တာတွေ ဆက်လုပ်နေကြဦးမှာပါပဲ။ အခုကိစ္စက စစ်တပ်ကို လာမထိနဲ့ မီးပွင့်သွားမယ်ဆိုသူတွေရဲ့ လက်ချက်ဖြစ်မှာပါ။ စစ်မှန်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရှိလာမှသာ မိဘက ဘယ်သူလဲဆိုတာ အဲဒီစစ်ဗိုလ်ချုပ်တွေ သိလာနိုင်မှာပါ။

  12. i totally agree with u soe nyunt.
    နောက်တချက်က ရခိုင်ကိစ္စတုန်းကလည်း ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီးစဉ်နဲ့တိုက်ပြီးတော့မှ ကျောက်နီမော်မှာ မုဒိန်းမှု၊

    လူသတ်မှု ကျူးလွန်တာ ဖြစ်တယ်။ နောက်တောင်ကုတ်မှာလူ ၁၀ ဦးကို သတ်တယ်။ မြန်မာနိုင်ငံလိုဟာမျိုးမှာ

    စာရွက်တရွက်ဝေတာတောင်မှ ချက်ချင်းမိတဲ့နိုင်ငံမှာလူ ၁၀ ယောက်ကိုပေါ်ပေါ်ထင်ထင်ကြီး သတ်ပစ်တာမမိဘူးဆိုတာက စနစ်တကျ

    လုပ်ထားတာကြီး။ ပြီးမှသူတို့ အရှုပ်အထုပ်ကိုမထိန်းနိုင် မသိမ်းနိုင်ဖြစ်ပြီး အခုချိန်ထိ ဖြစ်သွားတာ။ အခုလည်း ဒေါ်အောင်ဆန်းစုကြည်

    လာမယ်ဆိုတာတရားဝင်ကြေညာပြီးပြီ။ဒေါ်စုလာမယ်ဆိုတဲ့နေ့ မနက် ၃ နာရီကျတော့မှ အခုလို ထလုပ်လိုက်တဲ့ဟာက

    ကစားတယ်လို့ပဲ ကျနော်တော့ မြင်တယ်လေ။ ဘာလို့လဲဆိုတော့ လုပ်ချင်ရင်အစောကြီးကတည်းက လုပ်ပါလားဗျာ။အခု

    လာတယ်ဆိုတာလည်း လွှတ်တော်ထဲမှာ ကြေညာပြီး ဒါကို ကြားဝင်ဆောင်ရွက်မယ် ဆိုပြီးတော့ ဒေါ်ခင်စန်းလှိုင်တို့ ဘာတို့က

    လာတယ်ဆိုတော့ တဖက်မှာလည်း နောက်ပြန်ဆွဲချင်တဲ့ အုပ်စုကအင်အားရှိသေးတယ်ဗျ။ လက်မည်းကြီးတွေ အရိပ်မည်းကြီးတွေ

    ရှိနေသလားလို့ သံသယ ကျနော့်မှာ ရှိတယ်။

  13. လက်နက်အသစ်ကို ဘယ်မှာမှ မစမ်းသပ်ရသေးဘဲ မြန်မာနိုင်ငံက ပထမဆုံးစမ်းသပ်လိုက်တာဖြစ်မယ်။ ဒီလက်နက် က မြောက်ကိုရီးယားက ရတာလား-တရုပ်ဆီက ရတာလား- ဒါဘဲ ပြောစရာရှိတယ်။ အကြမ်းဖက်တဲ့ကိစ္စကတော့ ရိုးနေပြီ-
    လုပ်ရိုးလုပ်စဉ် တခုပါ- လက်နက် ကိုင်ထားသမျှ ဘယ်သူ့ ကိုမျှ ထီမထင်တဲ့ ကောင်တွေလေ- သက်တော်ထင်ရှား ဘုရားရှင် လာတားတောင် မီးလောင်ဗုံးနဲ့ ပစ်ချင်ပြစ်မယ်။ ငရဲဆိုတာ နောက်ဘ၀မှ ရရှိခံစားရမှာလေ- လက်ရှိ မ၀ရေစားလဲ လက်မလွတ်ဘို့  အရေးကြီးတယ်-

  14. နိုင်ငံသား အခွင့်အရေးကို မျက်ကွယ်ပြုတာဟာ
    တရားဥပဒေကို ဆန့်ကျင်တာဖြစ်တယ်။

    သာကီသွေး