လက်ပံတောင်း သပိတ် စခန်းတွေ အကြမ်းဖက် ဖြိုခွဲခံရ | ဧရာဝတီ
သတင်း

လက်ပံတောင်း သပိတ် စခန်းတွေ အကြမ်းဖက် ဖြိုခွဲခံရ

Hits:1
  | |

မီးလောင်ဒဏ်ရာ ရရှိသည့် သံဃာတော်များနှင့် လူများကို မုံရွာ ဆေးရုံတွင် တွေ့ရစဉ် (ဓာတ်ပုံ – ဧရာဝတီ)

မုံရွာ လက်ပံတောင်းတောင် ပတ်ချာလည်က သပိတ်စခန်း ၆ ခုကို ရဲတွေက ဒီမနက် ၃ နာရီလောက်မှာ ၀င်စီးတယ်။ သပိတ်စခန်းတခုကို ကြေးနီ တူးဖော်ရာမှာ သုံးတဲ့ မီးသတ်ကား တစီးစီ ဦးတည်လာတယ်။ လူစု ခွဲရင်ခွဲ မခွဲရင် အင်အားသုံးပြီး နှိမ်နင်းရတော့မယ်လို့ စပီကာတွေနဲ့ အော်တယ်။ စခန်းတွေမှာ အိပ်နေတဲ့ လူတွေက မဖယ်ပေးဘဲ ဆက်ထိုင်နေတဲ့ အတွက် မီးသတ် ပိုက်တွေနဲ့ ထိုးတယ်။ လူတွေကမထဘဲ ငြိမ်နေတော့ မီးလောင်ဗုံးတွေနဲ့ စပစ်တော့တယ်။

သပိတ်စခန်းထဲက သံဃာတော်တပါးက “လက်ခလယ်လောက်ရှိတဲ့ ဖန်ပုလင်းလေးတွေ ပစ်သွင်းလိုက်တာ၊ အဲဒါတွေကနေ မီးပန်းတွေ ထွက်လာတယ်၊ အသားကိုထိရင် အသားလောင်တယ်၊ သင်္ကန်းကိုထိရင် သင်္ကန်းလောင်တယ်၊ မီးလောင်ဒဏ်ရာ ရတဲ့လူတွေ သိပ်များနေတယ်။ မန္တလေးက ဆရာတော်တပါးဆိုရင် တကိုယ်လုံး မီးလောင်သွားလို့ မန္တလေးကို ပြန်ပို့လိုက်ရတယ်” လို့ ပြောတယ်။

မနက် ၆ နာရီ လောက်အထိကို မုံရွာမြို့ ပြည်သူ့ဆေးရုံကြီးမှာ မီးလောင်ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားတဲ့ လူပေါင်း ၁၅ ယောက် ရှိတယ်။ အခုချိန်ထိဆိုရင် ၃၀ လောက် ရှိနေပြီ။ ဖောင်ကား အလယ်ရွာမှာရှိတဲ့ ဘုန်းကြီးကျောင်းမှာ အမျိုးသား သူနာပြု ကိုနောင်နောင်က ဒဏ်ရာ သိပ်မပြင်းထန်တဲ့ လူတွေကို ကုပေးနေတာ လူ ၇၀ ကျော်ရှိနေပြီ။

ဆေးရုံပို့ရမယ့် လူနာတွေကို မုံရွာ၊ ဆားလင်းကြီး၊ ပုလဲ၊ ယင်းမာပင်မြို့တွေက မုဒိတာ၊ သင်္ဂဟ၊ ကရုဏာမြင့်မိုရ်၊ ဆားလင်းကြီး၊ ကရုဏာရှင်၊ ဇီဝသုခ စတဲ့ နာရေးကူညီမှုအသင်းက ကားတွေနဲ့ လာသယ်နေကြတယ်။ သပိတ်စခန်းတွေမှာ ရှိနေတဲ့ အများစုက သံဃာတွေဖြစ်လို့ ဒဏ်ရာရသူတွေကလည်း သံဃာတော်တွေ များနေတယ်။ မုံရွာ ပြည်သူ့ဆေးရုံကြီးရဲ့ ရဟန်းဆောင်မှာက မီးလောင်ဒဏ်ရာရတဲ့ သံဃာတွေကို နေရာလွတ်တွေရှိနေလျက်နဲ့ လက်မခံတော့ဘဲ ကလေး ကုသဆောင်မှာ ထားတယ်။

ဒဏ်ရာပြင်းထန်လို့ မန္တလေးကို ပြန်ပို့လိုက်ရတဲ့ ပုလဲမြို့နယ်သား ရဟန်းတော် ဥူးသိက္ခာဉာဏ ကတော့ ပျံလွန်တော်မူသွားတယ်လို့ နာရေးကူညီမှုအသင်းတွေက ပြောနေကြပေမယ့် ဧရာဝတီက အတည်ပြုချက် မရနိုင်သေးပါဘူး။

မနေ့ညက သပိတ်ကို အားပေးတဲ့ မုံရွာ မြို့ပေါ်ကလူတွေက စခန်းတွေမှာ ည ၂ နာရီလောက် အထိကို လာရောက်စောင့်ကြည့် ပေးခဲ့ကြတယ်။ သူတို့ပြန်သွားပြီးနောက် မနက် ၃ နာရီ လောက်မှာ ၀င်စီးခံရတာပါ။

ဝမ်ပေါင် ကုမ္ပဏီရှေ့က သပိတ်စခန်း ခေါင်းဆောင်ဖြစ်သူ ကိုမြင့်ဦးက“ကျနော်တို့မှာ လက်နက်ဆိုလို့ ဘောလ်ပင်လေးတွေပဲ ပါတာပါ။ ကိုယ့်နိုင်ငံသား အချင်းချင်း ဒီလိုမျိုး လုပ်ရက်တာကို အရမ်းရင်နာတယ်ဗျာ” လို့ ငိုသံနဲ့ ပြောနေတယ်။

အခုအချိန်မှာ ၀မ်ပေါင် ကုမ္ပဏီရှိတဲ့ ပုသိမ်-မုံရွာ ကားလမ်းမကြီးကို ရဲတွေက ပိတ်ဆို့ ထားလိုက်ပြီ။ တာဝန်ကျ ရဲမှူးကတော့ မုံရွာခရိုင် ရဲမှူး ဦးတင်ဝင်း ဖြစ်တယ်။

ပုလဲ မြို့နယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ၀မ်ပေါင်ကုမ္ပဏီက ၀ာာဝန်ရှိသူတွေနဲ့ သပိတ် ခေါင်းဆောင်တွေကို ညှိနှိုင်းပေးဖို့ ပြောဆိုနေပေမယ့် ကုမ္ပဏီဘက်က အထဲကို ၀င်ခွင့်မပြုခဲ့လို့ လွှတ်တော် ကိုယ်စားလှယ်လည်း ၀င်ပေါက် အပြင်မှာရပ်နေရတယ်။

ရန်ကုန်က ဦးနေမျိုးဇင်နဲ့ အဖွဲ့ကလည်း မနေ့ညက ဖျက်ဆီး ခံထားရတဲ့ သပိတ်စခန်းတွေနဲ့ လယ်တီ ဆရာတော်ဘုရားကြီးရဲ့ ကျောင်းတွေဆီကို အကူအညီပေးဖို့ သွားနေတယ်။

အခု ပြဿနာဖြစ်နေတဲ့ ၀မ်ပေါင် ကုမ္ပဏီရှေ့ကို မုံရွာမြို့နဲ့ အခြားမြို့တွေကနေ လာရောက်ကြတဲ့ လူတွေလည်း ရာနဲ့ချီ ရောက်နေတယ်။

ဒီနေ့မှာ ကြိုတင် သတင်း ထုတ်ပြန်ထားတဲ့အတိုင်း ဒေါ်အောင်ဆန်စုကြည်ဟာ ဒေသခံ ပြည်သူတွေနဲ့ တွေ့ဆုံဖို့ လက်ပံတောင်းကို လာနေပါတယ်။ တွေ့ဆုံမယ့် နေရာကတော့ ၀မ်ပေါင်ကုမ္ပဏီနဲ့ နီးနီးလေးမှာပါ။ စင်မြင့် တခုဆောက်ထားပြီးတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အဖွဲ့ဝင်တွေက လုံခြုံရေး ယူထားတာကို တွေ့ရပါတယ်။

လက်ပံတောင်း တောင်ပတ်ချာလည်မှာရှိတဲ့ သပိတ်စခန်း ၆ခုလုံးပျက်သွားပါပြီ။ နောက် မနက်က မီးလောင်ခံရတဲ့ နေရာအပျက်စီးတွေကိုလဲ အစအနတစ်ခုမှမကျန်အောင် သိမ်းဆည်းထားလိုက်လို့ ညက ဒီအဖြစ်အပျက်ဖြစ်ခဲ့တယ်ဆိုတဲ့ အရိပ်အယောင်တွေ မတွေ့ရတော့ပါဘူး။

မနက်က ဘုန်းကြီးကျောင်းတကျောင်းကို ဝင်ဖမ်းလို့ ထွက်ပြေးနေရတဲ့ လူ ၁၀၀ လောက်ပဲ ဖောင်းကားအလယ်ရွာမှာ ပုန်းခိုနေကြတယ်။

သပိတ်စခန်း ၆ ခုပေါင်းမှာဆိုရင် ဘုန်းကြီးအပါး ၃၀၀နဲ့ ၄၀၀ကြားရှိတယ်လို့ သိရပါတယ်။ ရွာခံလူတွေက ၇၀ လောက်ပဲ ရှိပါတယ်။ အခုဆိုရင် မုံရွာမြို့ပေါ်က သံဃာတွေနဲ့ အနီးအနားရွာတွေက သံဃာတွေက ပြန်ကုန်ကြတယ်။ ကျန်နေခဲ့တဲ့ သံဃာတွေကတော့ မန္တလေး၊ ပခုက္ကူ စတဲ့ စခန်းနဲ့ ဝေးတဲ့နေရာတွေကပါ။

“ဒေါ်အောင်ဆန်းစုကြည်၊ မုံရွာက လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်နဲ့ ၀မ်ပေါင်ကုမ္ပဏီက လူတွေအားလုံး ညှိနှိုင်းပြီးလို့ ထွက်လာတဲ့ရလဒ်ကို ကျနော်တို့ စောင့်ကြည့်နေပါတယ်” လို့ သပိတ်ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဝင့်ကျော့မှူးက ပြောတယ်လို့ မုံရွာမှာရောက်နေတဲ့ ဧရာဝတီ သတင်းထောက်က ပေးပို့ပါတယ်။

(မုံရွာမှ ဧရာဝတီ သတင်းထောက် လဖိုင်နှင့် ရန်ကုန်မှ ကြယ်ပြာ ပူးပေါင်း ရေးသားသည်။)


WSJ LIVE VIDEO:

19 Responses

Leave a Reply

  1. ပြသနာ ဖြစ်လာရင် ခေါင်းသုံးပြီး မဖြေရှင်းဘဲ လက်နက်သုံးပြီး ဖြေရှင်းတာ ဗမာအစိုးရ ရဲ့အကျင့်ဘဲလေ…..ဒီပြသနာ ကတော့ တပူပေါ် နှစ်ပူဆင့် ဆိုသလို ဖြစ်သွားပြီ……ရခိုင်အရေးလဲ မပြီးသေး…..

    • Make the Burma for free China get out Now Now

    • တမင်တကာ ဖန်တီးထားတဲ့ကိစ္စတွေဘဲဟာ….
      အချိန်မရွေး ကိုက်လို့ရတယ်ဆိုပြီး အစွယ် ထုတ်ပြတာသက်သက်….

      ဒီလို ယုတ်ညံ့တဲ့ အမူအကျင့်တွေနဲ့…လူ့အခွင့်အရေးတို့၊ ဒီမိုကရေစီတို့ကို လျှာအရိုးမရှိလျှောက်ပြောနေတာ…နောက်ထပ် မျိုးဆက် ၃ ဆက်ကနေ ၅ ဆက် (3 to 5 generations) လူစော်နံဘို့..ဝေးပါသေးတယ်လေ…..။

  2. Unarmed demonstrators got attacked? For what? These poor farmers deserve at least fair compensation instead of ruthless attack. The attackers will pay the price sooner or later for the crime they committed against these innocent farmers. Lets wait and see.

  3. မောင်ပျာလောင်

    ပြသနာဟာ လူထုကဖေါ်တာမဟုတ်ဖူး။ စစ်ဗိုလ်တွေပိုင်တဲ့ ဦးပိုင်ကဖေါ်တာ။ အခုထက်ထိ တရုတ်ဆီက ငွေဘယ်လောက်ရတယ်ဆိုတာ မဖေါ်ပြသေးဘူး။ ငွေတွေရလည်း အောက်ချေ စစ်သည်တော်တွေ တပြားမှမရဘူး၊ စစ်ဗိုလ်တွေကြီးဘဲခွဲယူတယ်။ နာမယ်ပြက်တော့ စစ်တပ်ကြီးတခုလုံးခံရတယ်။ အောက်ချေကစစ်သည်တွေ အကျပ်တွေ ဒီလိုလက်ပိုက်ကြည့် မနေပါနဲ့ တော့၊ လူထုဘက်ကရပ်တည်ပါတော့။

  4. ဒါနဲ့ ဆိုရင်နှစ်ခါရှိသွားပြီး.. အရမ်းကို အရုပ်ဆိုးအကျည်းတန်သွားပြီ..ဒါကြီးက ငွေရေးကြေးရေးနဲ့ လည်းသက်ဆိုင်တဲ့ တိုက်ပွဲတစ်ခုဘဲ၊ ဘုရားမရှိတဲ့ အချိန်မှာ ရပာန်ပာာဘုရားဘဲ..ရပာန်းပာာ ၀ိနည်းနဲ့ မညီလည်း သူအပြစ်သူခံလိမ့် မယ်၊ ကိုကွယ်ပြီးရိုသေကိုင်ရှိုင်းရမှာက အစိုးရနဲ့ ပြည်သူပြည်သား ဒကာ ဒကာမတွေအလုပ်..ဒီသပိတ်ပွဲကလည်း. ရပာန်းတွေဝင်မပါလို့ မရဘူးလေ. အုပ်ချုပ်ရေးပိုင်းကလူတွေဆီမှာ. တရားနည်းလမ်းကျပါတယ်ဆိုတာ ဘယ်နေရာမှာမှ ရှာမတွေ့ လို့ ဘဲလေ…ရေးဆွဲထားတာက အခြေခံဥပဒေမှ မပာုတ်တာ..အပေါ်လူကာဗာလုပ်တဲ့  ဥပဒေဘဲလေ.. အရှေ့ အလယ်ပိုင်းက ပုံစံမျိုး ကျင်သုံးလို့ မရဘူးလေ၊ တယုတ်ကြီးက မင်းတို့ ဘယ်လိုဖြေရှင်းမလဲလို့ တစ်ခွန်းမေးလိုက်တာနဲ့ …ဒူးတုန်တုန် နဲ့ သေးတွေထွက်ကျပြီး ဒီဘက်မှာ ကိုယ့် လူမျိုးကို လာပြန်ရမ်းတဲ့ အကွက်ဘဲ.. မရမ်းလို့ လည်းမရဘူးလေ..ချပြလို့ လည်းမရတော့ တဲ့ လက်ပံတောင်းတောင် စီမံကိန်းရဲ့ ငွေရေးကြေးရေး အရှုပ်တော်ပုံကြီးဘဲ..မြန်မာလူမျိုးက အာဏာရယ် ငွေကြေးရယ် သာယာမှုရယ် သိမ့် မက်မောတာဗျ ၊မကြာခင်ရက်ပိုင်းက ရခိုင်အရေးပြသနာ ကို သမတ ရယ် ဘုန်းကြီးတွေရယ်..မွတ်ဆလင်ခေါင်းဆောင်တွေရယ်..ရှင်းတယ်။ အဲ့ ဒီမှာ အငြိမ်စားသံအမတ်ကြီး လှမောင် က ငြိမ်ချမ်းစွာယှဉ်တွဲနေထိုင်ချင်းလို့ ပြောသွားတယ်။ပြောမှာပေါ့ လေ ဖျက်လိုဖျက်ဆီးလုပ်လို့ အရမ်းကောင်းတဲ့ နိုင်ငံလေ။ ဒါကလူမျိုးရေးလဲမပာုတ်ဘူး ဘာသာရေးလဲမပာုတ်ဘူး ကိုယ်တိုင်းပြည်ကို ကျုးကျော်လာတာ ပြသနာဖြစ်တော့ မှလူမျိုးရေးနဲ့ ဘာသာရေးကို ဦးတည်ပြီအေ၇ှ့ အလယ်ပိုင်းကိုလှမ်းအော်တယ်။ ဦးသိန်းစိန် အရမ်းပျော့ ညံ့လွန်းနေတယ်။

    • မြန်မာ တိုင်းရင်းသူ

      ကိုBurmathwe, တယုတ်ကြီးက မင်းတို့ ဘယ်လို ဖြေရှင်းမလဲလို့ တခွန်းမေးလိုက်တာနဲ့ ဒူးတုန်တုန်နဲ့ သေးတွေ ထွက်ကျပြီး “ဖေဖေကြီးရယ်၊ တားတား ဘယ်လို လုပ်ရမလဲ တိတော့ဘူး” ဆိုလို့ ဟိုက ဓါတုလက်နက်နဲ့ ပစ်ခိုင်းတာ နေမှာပေါ့။ ထုတ်တောင် ပေးသလား မသိ။ နေပါဦး။ ဆန္ဒပြသူတွေကို အဲသလို အကြမ်းဖက်ခ တရုတ်တွေက ဘယ်လောက် ပေးသလဲ အရင် မေးကြည့်ကြပါဦး။

    • ထောက်ခံတယ်ဗျာ

  5. ဦးသိန်းစိန်နှင့် အပေါင်းအပါများသည် အမျိုးဘာသာ သာသနာရေရှည်တည်တံ့ ဖွံဖြိုးရန်အတွက် ဆရာတော်ကြီးများအား သင်္ကန်းနဲ့ လှုဖွယ် ရာများကို ဆက်ကပ်လှုဒါဏ်းပူဇော်ပါသည်။ MRTV သတင်းများကိုကြေငြာလို့ ပြီးပါပြီခင်ဗျာ။

  6. hey,Mr,goverment are you clean goverment.you are very shameless……are you buddism?or not!get out of our country now!!!we don’t need you!!!!!!!!!!

  7. မြန်မာအစိုးရလားလူသတ်ကောင်တွေလားရခိုင်မှာလူနဲစုမွစ္စ်လင်တွေကိုသတ်တယ်အခုဗမာ တွေကိုသတ်တယ်ရွှေဝါရောင်တော်လှန်ရေးမှာလဲသံဃာတော်တွေကိုသတ်တယ်အခုလဲဆန္ဒ ပြနေတဲ့သံဃာတော်တွေကိုရက်ရက်စက်စက်မီးလောင်ဗုံးတွေဖေါက်ခွဲပြီးမီးရှိုသတ်ပြန်ပါပြီသမ တရဲ့အမိန့်မပါဘဲနဲ့တော့မသတ်နိုင်ပါဘူး၊သမတမှာတာဝန်အပြည့်ရှိတယ်ဦးအောင်မင်းတရုပ် ကြောက်တယ်ပြောတာအမှန်ပါဘဲစစ်အစိုးရမမှန်မကန်လုပ်ခဲ့သမျှအားလုံးမှာသမတ ကိုယ်တိုင်ပါဝင်ခဲ့တာဆိုတော့ကနေ့ပြည်သူတွေအပေါ်မှာရက်စက်စွာဖြင့်အကြမ်းဖက်တာ မထူးဆန်းပါဘူး၊ဒီသမတကိုဘဲထောက်ခံပါတယ်ဆိုပြီးစီတန်းလမ်းလျှောက်ခဲ့တဲ့သံဃာတွေ ပြန်စဉ်စားလို့ရပါပြီ

  8. Thank you for your kindly pay attention to me!

  9. ရက်တိုင်သတင်းကိုပို့ပေးပါ kyimaungzaw1@gmail

  10. မြန်မာပြည်သူပြည်သားအပေါင်းတို့ …မူလတန်းမှာသင်ကြားခဲ့ တာမမှတ်မိကြဘူးလား၊…” ပြိုင်တူတွန်းလျှင်ရွေ့ နိုင်ပါသည်တဲ့ ”…၀မ်ပေါင် မပြောနဲ့ အရပ်သားအမည်ခံ စစ်အစိုးရလည်းမခံနိုင်ပါဘူး။သံဃာတွေလည်းရှေ့ ဆုံးကပါနေပြီဘဲ..ခင်ဗျားတို့ သန်း ၆၀ လူထုက ဘာလို့ လက်ပိုက်ကြည့် နေလဲ..ဗိုလ်ချုပ်အောင်ဆန်းက တရားပောာပြီး လွတ်လပ်ရေးကိုရခဲ့ တာမပာုတ်ဘူး…သူကိုယ်တိုင်တိုက်ခဲ့ တာ..ဘယ်နိုင်ငံမှာမှ စစ်တပ်စီးပွားရှာတယ်လို့ မရှိဘူး..ရှာရင်လည်းစစ်တပ် မပာုတ်ဘူး..သူပုန်ဘဲ၊သူပုန်ဆိုတာလက်နက် နဲ့ ဘဲအနိုင်ယူနိုင်တာ..ညာဏ်မရှိဘူးလေ..မြန်မာပြည်ကစစ်တပ်က..သူပုန်စစ်တပ်ဘဲ၊ကချင်ကိုတိုက်တာကလည်း..မြန်မာပြည်မှာ သံယံဇာတအထွက်ဆုံးက ကချင်ပြည်နယ်ဘဲလေ..မြန်မာ ထလော ..ထလောမြန်မာ…

  11. ၀မ်ပေါင် ကုမ္မဏီ ကို ကြည့်ရတာ တရုတ်ကုမ္မဏီ ဖြစ်ဖို့များတယ်။ အရင်တုန်းက အင်္ဂလိပ်၊ ဂျပန်တို့က မြန်မာပြည်ကို လူအင်အား၊ လက်နက်အင်အား အသာနဲ့ သူ့ကျွန်ဘ၀ကို သွင်းခဲ့တယ်။ အခုတရုတ်ကလည်း အတူတူပဲ။ မြန်မာပြည်ကို တဖြည်းဖြည်းနဲ့ ၀ါးမျိုနေတာ။ ကျွန်တော်တို့မြန်မာပြည်မှာ ရှိသမျှ ရွှေဆိုင်တွေကိုကြည့်ခြင်းအားဖြင့်လည်း သိသာတယ်။ အင်္ဂလိပ်နဲ့ ဂျပန်တို့က မြန်မာနိုင်ငံကို စစ်နည်းဗျူဟာ နဲ့ နယ်ချဲ့ခဲ့တဲ့ အတိုင်းပဲ တရုတ်ကလည်း စီပွားရေးနဲ့ နယ်ချဲ့နေတယ်ဆိုတာ မြန်မာပြည်သူပြည်သားများ အားလုံး သိကြဖို့လိုတယ်။ ပြည်ပအားကိုး ပုဆိန်ရိုး​ဆိုတဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ စာသားနေရာမှာ တရုတ်အားကိုး *** ဆိုတဲ့ စာသားက ပိုမှန်လိမ့်မယ်။

  12. ဒါလုံးဝမဖြစ်သင့်ဘူးရဟန်တွေကိုဒီလိုလုပ်တာရင်ထဲကိုအောင့်သွားတယ်

  13. The Burmese army doing the same like that to our Shan people for almost been 60 years already. But lie to the world for peace talks now. How we can trust them?

  14. နာမည်အထွက်မခံဘဲနောက်ကွယ်ကနေဒီအနေထားဖြစ်လာစေမယ့်ဖော်လန်ဖားအစီရင်ခံစာတွေနဲ့
    ဇာတ်ညွှန်းရေးခဲ့သူဟာလိမ္မာပါးနပ်လှတဲ့သာအေးဖြစ်ပါတယ်၊
    ဘုတလင်မဲဆန္ဒနယ်ကနေဇွတ်အတင်းတက်လာတဲ့ပြည်သူ့ကိုယ်စားလှယ်အတုဖြစ်တဲ့သာအေးဟာ
    စစ်အစိုးရကိုယနေ့တိုင်ဖက်တွယ်နေဆဲဖြစ်ပီးအများပြည်သူနဲ့ဝန်ထမ်းများအပေါ်အာဏာရှင်ဆန်ဆန်
    ဖိနှိပ်အုပ်ချုပ်ပီးသူ့သားနှင့်သူ့သမက်များကစစ်ကိုင်းတိုင်းအတွင်းရှိလျှပ်စစ်နှင့်ဆောက်လုပ်ရေးလုပ်ငန်းများ
    ကိုလက်ဝါးကြီးအုပ်လျှက်ရှိနေသူပါ၊ကန်ထရိုက်များကိုခေါ်ယူပီးသတ်မှတ်ရက်ကျော်လွန်ပါကဒဏ်ကြေးကို
    ရက်အလိုက်ပေးဆောင်ရမည်ဟုခြိမ်းခြောက်ရှင်းထုတ်ပီးသူ့သား၏ကုမ္ပဏီကိုပီးချင်တဲ့အချိန်မှပီး၊အဖေနှင့်
    သားစည်းဝါးကိုက်လုပ်နေရုံတွင်မက ဂရိတ်ဝေါကဲ့သို့တရုတ်လူမျိုးပိုင်လုပ်ငန်းများတွင်လည်းအစုရှယ်ယာများ
    ပါဝင်ထားသူဖြစ်ပါတယ်။မုံရွာမြို့တွင်ဦးသန်းဇော်ရွှေကိုသိဒ္ဒိတင်၍မြှောက်စားပေးနေသူလည်းဖြစ်ပါသည်။
    သာအေးသည်ဒေါ်အောင်ဆန်းစုကြည်အားမလိုလားသူစစ်အစိုးရအမာခံတဦးဖြစ်ပါသည်၊
    မနေ့ကဒေါ်အောင်ဆန်းစုကြည်အလာတွင်ရှောင်ထွက်သွားခဲ့ပါသည်၊
    ဒဏ်ရာရသံဃာများကိုယခုတိုင်၊ကိုယ့်လိပ်ပြာကိုယ်မသန့်၍သွားရောက်မေးမြန်းခြင်းမပြုရဲသော သာအေး
    ကိုကြည့်ခြင်းဖြင့်၎င်းပါဝင်ပတ်သက်နေမှုကိုမြင်သာစေပါသည်။

  15. Ashame of those responsible for this brutal event. We ask special investigation team to get the truth. Everyone who ordered this violent attack on unarmed people should be punished according to law.