သတင်း

လက်ပံတောင်းအရေး ကော်မရှင် အမြန်ဖွဲ့ စစ်ဆေးမည်

Hits:1
  | |
Print This Post

မုံရွာ ဟောပြောပွဲအပြီး ပြန်လည်ထွက်ခွာလာသော ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ – မန်းသားလေး / ဧရာဝတီ)

လက်ပံတောင်းတောင် အရေးကိစ္စကို ကော်မရှင်အမြန်ဆုံးဖွဲ့ပြီး အများအကျိုး ဖြစ်မဖြစ် သေချာစွာ ပြန်စစ်ဆေးသွားမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာလ ၃၀ရက်နေ့ မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

ယင်းကော်မရှင်တွင် လက်ပံတောင်းတောင် ဒေသခံများ၊ ကုမ္ပဏီမှ ကိုယ်စားလှယ်များ၊ အာဏာပိုင်များနှင့် ပညာရှင်များ ပါဝင်အောင် ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း သိရသည်။

“ကျမအနေနဲ့ ဦးပိုင်ကုမ္ပဏီနဲ့လည်း တွေ့ပြီးပါပြီ။ ကုမ္ပဏီဘက်ကလည်း ဒေသခံတွေရဲ့ အကျိုးရလဒ်ကို အလေးထားပြီး လုပ်ဆောင်ဖို့ ဆန္ဒလည်း ရှိနေပါတယ်။ ရေရှည်နိုင်ငံ့ရဲ့ အကျိုးကို ဘယ်လို ဖော်ဆောင်မလဲဆိုတာလည်း အဓိက ကျပါတယ်။ လွန်ခဲ့တဲ့ နှစ် ၆၀ က လုပ်ခဲ့တဲ့ စီမံကိန်းမှာ ပြည်သူတွေရဲ့ ထောက်ခံချက်မပါဘဲ လုပ်ခဲ့တဲ့အတွက် ခုလို ပြသနာတွေ ဖြစ်တာပါ” ဟု ၄င်းက ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် မုံရွာမြို့သို့ နိုဝင်ဘာလ ၂၉ ရက်နေ့က ရောက်ရှိပြီး ယင်းနေ့မှာပင် လက်ပံတောင်းတောင်တွင် အခြေစိုက်နေသော ၀မ်ပေါင်ကုမ္ပဏီသို့ သွားရောက်ကာ တရုတ်လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့သည်။ ထို့နောက် ည ၆ နာရီတွင် လက်ပံတောင်းတောင် စီမံကိန်းတွင် ဟောပြောပွဲ ပြုလုပ်ခဲ့သေးသည်။ ယင်းဟောပြောပွဲသို့ အနယ်နယ်အရပ်ရပ်မှ ဒေသခံ သောင်းနှင့်ချီကာလာရောက်နားထောင်ခဲ့သည်။

ယင်းနောက် ည ၇ နာရီခွဲတွင် လက်ပံတောင်းတောင် ဒေသခံများကို သူတည်းခိုနေသည့် မုံရွာမြို့ ၀င်းယူနတီ ဟိုတယ်တွင် တွေ့ဆုံကာ ဒေသခံများ၏ ပြောကြားချက်များကို နားထောင်ခဲ့သည်။

“ကျမတို့ ဒဏ်ရာရရှိခဲ့ပုံတွေကို အမေစု ပြောပြတော့ သူကျမကိုဖက်ပြီး မျက်ရည်တွေ ၀ဲနေတာကို တွေ့ခဲ့ရပါတယ်။ တော်တော်စိတ်မကောင်း ဖြစ်နေတဲ့အနေထားပါ” ဟု ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည့် မဖြူဖြူဝင်းက ပြောသည်။

ထို့နောက် နိုဝင်ဘာလ ၃၀ ရက်နေ့နံနက် ၈ နာရီခွဲတွင် မုံရွာမြို့ ဇက်ဆိပ် သဲသောင်ပြင်တွင် တနာရီကျော်ကြာ မိန့်ခွန်းပြောခဲ့သေးသည်။

ယင်းမိန့်ခွန်းတွင် ကျမအနေနဲ့ အဆင်ပြေပြေ သိက္ခာရှိရှိနှင့် ဒီပြသနာကို ဖြေရှင်းချင်တယ်။ ဒီပြသနာကို ဖြေရှင်းတဲ့အခါမှာ ကျမတို့ ဒေသခံတွေရဲ့ ရေရှည်အကျိုးကို အခြေခံပြီး ကျမဖြေရှင်းပါ့မယ်။ ကျမအတွက် ပြည်သူတွေရဲ့ အားလိုပါတယ်။ ကျမအနေနဲ့ အကောင်းဆုံးဖြစ်အောင် အဖြေရှာ လုပ်ဆောင်ပြီး ကျမရဲ့ ဆုံးဖြတ်ချက်ကို ပြည်သူတွေကို ချပြသွားမှာပါ။ ဘာကြောင့် ဒီလို ဆုံးဖြတ်တယ်ဆိုတာကိုလည်း ကျမအနေနဲ့ ပြည်သူသိအောင် ပြောကြားသွားမှာပါ။ ပြည်သူမပါဘဲ လုပ်ဆောင်တဲ့ ဘယ်စီမံကိန်းမှ မအောင်မြင်နိုင်ဘူးဆိုတာ ဒီပြသနာက သက်သေပါပဲ” ဟု ပြောကြားခဲ့သည်။

လက်ပံတောင်းတောင် စီမံကိန်း ရပ်ဆိုင်းရန်အတွက် ရက်ရှည်လများ လုပ်ဆောင်သပိတ်စခန်းကို နိုဝင်ဘာလ ၃၀ ရက်နေ့စတင်ပြီး ပိတ်သိမ်းတော့မည် ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ပိတ်သိမ်းရခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်၏ ကြားဝင်စေ့စပ်မှုကြောင့် သပိတ်မှောက်နေသော သပိတ်စခန်းများကို ဆက်လုက် မလုပ်ဆောင်တော့ကြောင်း ၀က်မှေးကျေးရွာမှ မဖြူဖြူဝင်းက ပြောသည်။

“ကျမ အန်တီနဲ့လည်း တွေ့ပြီးပါပြီ။ အန်တီဆီက အားရကျေနပ်စရာကောင်းတဲ့ အဖြေတွေကိုလည်း ကြားပြီးပါပြီ။ အဲဒါကြောင့် ခုကျမတို့ လုပ်ဆောင်နေတဲ့ သပိတ်စခန်းကို ဆက်လက် မလုပ်ဆောင်တော့ပါဘူး။ ဒါပေမယ့် တခြားနည်းတွေနဲ့တော့ ဒီအရေးကို ဆောင်ရွက်နေဦးမှာပါ” ဟု ၄င်းက ပြောသည်။

“ကျမတို့နိုင်ငံ တိုးတက်ဖို့အတွက် အာဃာတတို့ အမုန်းတရားတွေကို ရင်ထဲမှာ မထားစေချင်ဘူး။ ပြသနာတခုဖြစ်သွားပြီဆိုရင် အဲဒီပြသနာကို အကောင်းဆုံးနည်းလမ်းနဲ့ ဖြေရှင်းရမယ်။ ကျမ ဒီဒေသခံတွေကို တော်တော် အားရပါတယ်။ သူတို့လုပ်တာ သူတို့နယ်မြေဒေသကို သူတို့ကာကွယ်တာသာ ဖြစ်ပါတယ်။ ကျမတွေ့ဆုံ စကားပြောတဲ့အခါမှာ သူတို့မှာ ဘာအညှိုးအာဃာတမှ မရှိပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသေးသည်။

“နောက်ပြီး တရုတ်နိုင်ငံဆိုတာ ကျမတို့ ကျေးဇူးရှင်အနေနဲ့ ရပ်တည်တာမျိုးတွေ ကျမလက်မခံပါဘူး။ သူဟာ ကျမတို့ ကျေးဇူးရှင် မဟုတ်ပါဘူး။ အိမ်နီးချင်းပါ။ အိမ်နီးချင်းကောင်း ပီသဖို့ပဲ လိုပါတယ်” ဟု ထပ်မံ ပြောကြားခဲ့သေးသည်။

နိုဝင်ဘာလ ၂၉ ရက်နေ့ ဖြစ်ပွားခဲ့သည့် သပိတ်စခန်းကို မီးကျည်ဗုံးများ ပစ်ပေါက်မှုတွင် ထိုကဲ့သို့ အဘယ်ကြောင့် လုပ်ဆောင်ရသည်ကို ရဲအရာရှိများကလည်း သေချာစုံစမ်းပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ်တွင် ရဲမှူးတဦးက ပြောကြားခဲ့သည်ဟု သိရသည်။

ယင်း ပစ်ပေါက်မှုကြောင့် ဒေသခံများ ဒဏ်ရာများနှင့် ထိခိုက်မှုများ ရှိခဲ့သည်။ လက်ရှိ မုံရွာဆေးရုံတွင် ရဟန်းသံဃာ ၂၇ ပါး ဆေးရုံတက်နေရပြီး ၂ ပါးမှာ ပြင်းထန်သည့်ဒဏ်ရာများနှင့် ဆေးကုသမှု ခံနေရသည်။ ယင်းနှစ်ပါးတွင် ပခုက္ကူမြို့ မန္တလေး အလယ်တိုက် ကျောင်းတွင် သီတင်းသုံးနေသည့် ဦးစန္ဒောဘာသမှာ ဘယ်ဘက်မျက်လုံး ဖောက်ထုတ်ရမည် ဖြစ်ကြောင်း ဆေးရုံမှ တာဝန်ရှိသည့် ဆရာဝန်တဦးက ဖုန်းနှင့် ပြောကြားခဲ့သည်။

အခြေနေဆိုးသည့် ရဟန်းတပါးကိုလည်း မန္တလေးပြည်သူဆေးရုံသို့ အမြန်ဆုံးပို့ ခွဲစိတ်မှု ခံယူနေကြောင်း သိရသည်။

မုံရွာဆေးရုံသို့ သီတဂူဆရာတော်မှ လာရောက်ပြီး ဒဏ်ရာရရှိနေသော လူနာများအတွက် ငွေကျပ် ၂၅ သိန်း လှူဒါန်းခဲ့သည်။ ထို့အပြင် ဆရာတော်မှ ယခု မြင်ကွင်းမျာ ကြည့်ရသည်မှာ ဆိုးရွားလှကြောင်း၊ ရေနှင့် ပက်သော်လည်း ပက်သည့် ရေမှာ ငရဲရေသာ ဖြစ်ကြောင်း ဆေးရုံတက်သည့် သံဃာတော်များကို တရားဓမ္မနှင့် နှစ်သိမ့်အားပေးခဲ့သည်။

ရန်ကုန် နာမှုကူညီရေးအသင်းမှ ဦးကျော်သူလည်း နေ့လည် ၂ နာရီကျော်တွင် ယင်းဆေးရုံသို့ ရောက်လာကာ ဆရာတော် သံဃာတော်များကို တပါးလျှင် ငွေကျပ် ၃ သောင်းဆီ လှူဒါန်းခဲ့သည်။

“ဆေးရုံက ဆေးဝါးတွေ လုံလောက်တယ်ပြောလို့ ၀တ္ထုငွေပဲ လှူခဲ့တာယ်။ မြင်ကွင်းကတော့ တော်တော်ဆိုးပါတယ်။ မျက်လုံးထိထားတဲ့ ကိုယ်တော် တပါးဆိုရင် မျက်လုံးဖောက်ထုတ်ရမယ့် အနေထားပါ။ ဒဏ်ရာတွေကလည်း အသားတွေကို လှိုက်စားနေတယ်။ ဆေးပညာနားလည်တဲ့ ကျနော့် မိတ်ဆွေတဦး အပြောအရတော့ ဒီလို Chemical ကြောင့်ဖြစ်တဲ့ ဒဏ်ရာတွေကို ကုသတဲ့ဆေး မြန်မာနိုင်ငံမှာ မရှိသေးဘူးလို့ ပြောတယ်။ သူကပဲ နိုင်ငံခြားကနေ အဲဒီလို ကုသနိုင်တဲ့ ဆေးတွေကို ပို့ပေးမယ်လို့ ပြောပါတယ်။ ကျနော့်ဆီ ရောက်ရင် ဆေးရုံကို ထပ်ပြီး ပေးပို့လှူဒါန်းသွားမှာပါ” ဟု ဦးကျော်သူက ဧရာဝတီကို ပြောခဲ့သည်။

လက်ရှိ ဒဏ်ရာရရှိသည့် လူနာများကို ရောဂါများ ဆက်လက် တိုးပွားမှု မဖြစ်ပေါ်စေရန် ဆေးရုံမှ အထူးဂရုစိုက် ကုသမှု ပေးနေပြီး တချို့ဒဏ်ရာရရှိသည့် လူနာများမှာ ဆေးရုံက ဆင်းသွားပြီ ဖြစ်ကြောင်း သိရသည်။ စစ်ကိုင်းတိုင်း ၀န်ကြီးချုပ် သာအေး နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ကျင်းပသည့် အောင်လက်မှတ် ကပ်လှူသည့် ပွဲတွင် သံဃာတော်များကို ဆွမ်းကပ်ခွင့်မပေးဘဲ သပိတ်မှောက်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း မုံရွာမြို့ ဇောတိကရွာမ ကျောင်းတိုက်တွင် သီတင်းသုံးနေသော သံဃာ အပါး ၁၂၀၀ ကို ၀န်ကြီးချုပ်က ဆွမ်းလောင်းလှူဖို့ လျှောက်ထားသည့်အခါ သံဃာတော်များက ၀န်ကြီးချုပ်နှင့် အဖွဲ့များကို လက်မခံခဲ့ပေ။ နိုဝင်ဘာလ ၂၉ ရက်နေ့ သံဃာတော်များကို အကြမ်းဖက်သည့်လုပ်ရပ်မှာ ၀န်ကြီးချုပ် ဦးသာအေး၏ လက်ချက်ဖြစ်ခြင်းနှင့် ၄င်းတွင် တာဝန်အများဆုံး ရှိခြင်းတို့ကြောင့် ၄င်းဆက်ကပ်သော ဆွမ်းကို လက်မခံခြင်းဖြစ်ကြောင်း ယင်းကျောင်းရှိ သံဃာတပါးက ဧရာဝတီကို ပြောသည်။


WSJ LIVE VIDEO:

17 Responses

Leave a Reply

  1. We should truly suport her. She is the only one who can bring peace and win-win situation among local public, companies involved and the government. To me, it is almost impossible to make the ongoing project to stop completely as this was the consequences of the foolishness the previous millitary overnment. But the negotiation can bring justic to local public who were suffering from land loss, environmental destructions and poor health issues due to the side effects of the project. I do believe that A May Su can negotiate with government to put the pressure on Wanbao & Millitary back company not only to compensate local public for their sufferings, but also to take care of byproducts (waste) not to occur further environmental destructions. Cheers!

  2. Minister of Internal Affairs and all officers who were involved in attacking peaceful protesters needs to be prosecuted. Using force to peaceful protesters is unacceptable.

  3. ဘုန်းဘုန်း

    ရည်ရွယ်ချက် ရှိရှိ ဖြင့် နာကျင်စေအောင် နှိမ်နှင်း နှိပ်ကွတ်ခြင်း
    ဖြစ်စဉ် ကို ကြည့် သော်
    (၁) ရေ ဖြင့် ပက် ဖျန်း ခြင်း
    (၂) ဗုံး နဲ့  ပြစ် ထည့် ခြင်း
    လုပ်ငန်းစဉ် (၁) အရ ခံရသော သူ သည် ရေစိုသွားပါ သည်။
    လုပ်ငန်းစဉ် (၂) အရ ဗုံး ထဲ တွင် phosphorus အဖြူရောင် မီးစုန်းမှုန့်  ပါ သော အခါ
    မီးစုန်း သည် လေ နှင့် ရေ တွင် အလွန် လွယ်ကူ စွာ ဓါတ်ပြု ၍ မီးလောင်စေသည်။
    အောက်ပါညီမျှခြင်း ကြည့်ပါ။

    P + O2 ===extremely burn==== PO2
    မီးစုန်း + အောက်ဆီဂျင်===== ပြင်းထန်စွာမီးလောင်====မီးစုန်းဒိုင်အောက်ဆိုက်
    ဤညီမျှခြင်း ကို ကြည့်ခြင်းဖြင့် မီးစုန်းသည် ကုန်သည်အထိ လောင်ကျွမ်းနေမည် မှာသေချာ
    သည်။
    ရေ နှင့် ဆိုလျှင် ပိုဆိုးသည်။
    အောက်ပါညီမျှခြင်း ကြည့်ပါ။
    P + HO2 ===extremely burn==== PO2 + H2
    မီးစုန်း + ရေ ===== ပြင်းထန်စွာမီးလောင်====မီးစုန်းဒိုင်အောက်ဆိုက် + ဟိုက်ဒရိုဂျင်
    H2 (fire at high temperature)+ O2 ====explosion or flame ==== H2O
    ဟိုက်ဒရိုဂျင် ( ပြင်းထန်သောမီး)+ အောက်ဆီဂျင်===ပေါက်ကွဲခြင်း (သို့ ) မီးလျှံ===ရေ
    ဤ နေရာတွင် ဟိုက်ဒရိုဂျင် ဗုံး ကို သတိရပါ။
    ဆက်လက်၍ ရေ သည် ကျန်ရှိ မီးစုန်း နှင့် ဓါတ်ပြု ၍ တကျော့ပြန် နောက် တကျော့ပြန် မီးလောင် စေသည်။
    ထို့ ကြောင့် ရေ နှင့် ပက်ဖျန်း ခြင်း သည် သာမန်ရိုးရိုး လေ ( ရေ နှင့် မပက်ဖျန်း ခြင်း ) ထက် လေး ရှစ် ဆ မက ပို ၍ ပြင်းထန်သည်။

    • ကျော်ကျော်

      စဉ်းစားစရာရှိတာက တခြားမဟုတ်ပါ။ မုံရွာမှာဉီးပိုင်ကပိုင်ဆိုင်တဲ့အက်ဆစ်စက်ရုံရှိတယ်။
      တယုတ်ဝမ်ပေါင်ကလည်းမူလကလက်နက်၊ကျည်ဆံထုတ်လုပ်တဲ့ကုမ်မဏီဆိုတော့ဝမ်
      ပေါင်နဲ့စစ်တပ်ပူးပေါင်းပြီးအရေးပေါ်မီးလောင်ဗုံးတွေ ထုတ်လုပ်ပြီးသပိတ်စခန်းကိုဖြိုခွင်း
      တာဖြစ်နိုင်တယ်။ ဒီအကြမ်းဘက်လုပ်ရပ်ကိုခွင့်မလွှတ်သင့်ပါ။စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့
      မလိုပါ။အဲဒီညကပါဝင်ကျူးလွန်ခဲ့ကြတဲ့ရဲတပ်ဖွဲ့နဲ့ကိုသာအေးတို့ကိုဖမ်းခဿျုပ်ပြီးမှတ်လောက်
      သားလောက်အောင်အပြစ်ပေးရမယ်။သိန်းစိန်အစိုးရကလည်းဒါဏ်ရာအနာတရရထားတဲ့
      ဘုန်းကြီးတွေကိုတယောက်မကျန်သူတို့ဒါဏ်ရာတွေပျောက်ကင်းတဲ့အထိတာဝန်ယူပေးရ
      မှာဖြစ်ပြီးသင့်လျော်တဲ့လျော်ကြေးငွေတွေကိုပေးအပ်ရမှာဖြစ်ပါတယ်။ဒေါ်စုတယောက်
      ထဲကိုအစစအရာရာမလွဲအပ်ပါနဲ့။သူ့မှာလည်းလုပ်စရာတွေအများကြီးရှိတယ်ဆိုတာ
      နားလည်ဖို့ကောင်းပါတယ်။ဝမ်ပေါင်နဲ့ဉီးပိုင်တို့ရဲ့မသမာမှုကတော့ဖုံးကွယ်ထားလို့မရပါ။
      မကြာမီအမှုမှန်ပေါ်လာမှာပါ။စုံစမ်းရေးကော်မရှင်ဖွဲ့ပြီးပြသနာဖြေရှင်းချင်ပါတယ်ဆိုလျှင်
      လည်းဒီပဲယင်းလုပ်ကြံမှုကြီးကိုချန်ထားရန်မဖြစ်နိုင်ပါ။

  4. စစ်ကိုင်းတိုင်း မုံရွာမြို့ ဇောတိကရွာမ ကျောင်းတိုက်တွင် သီတင်းသုံးနေသော သံဃာ အပါး ၁၂၀၀ ကို ၀န်ကြီးချုပ်က ဆွမ်းလောင်းလှူဖို့ လျှောက်ထားသည့်အခါ သံဃာတော်များက ၀န်ကြီးချုပ်နှင့် အဖွဲ့များကို လက်မခံခဲ့ပေ။ နိုဝင်ဘာလ ၂၉ ရက်နေ့ သံဃာတော်များကို အကြမ်းဖက်သည့်လုပ်ရပ်မှာ ၀န်ကြီးချုပ် ဦးသာအေး၏ လက်ချက်ဖြစ်ခြင်းနှင့် ၄င်းတွင် တာဝန်အများဆုံး ရှိခြင်းတို့ကြောင့် ၄င်းဆက်ကပ်သော ဆွမ်းကို လက်မခံခြင်းဖြစ်ကြောင်း ယင်းကျောင်းရှိ သံဃာတပါးက ဧရာဝတီကို ပြောသည်။
    သာဓု သာဓု သာဓုပါဘုရား။

  5. သူများနိုင်ငံတွေမှာလို တာဝန်ရှိတဲ့သူတွေ နှုတ်ထွက်ပေးဖို့ တောင်းဆိုချင်ပါတယ်။ ဒီလောက် အထိဖြစ်ပျက်နေတာ အကျည်းတန်လွန်းပါတယ်။ နိုင်ငံသားတစ်ဦးအနေနဲ့ စိတ်မကောင်းပါ။ ဗုဒ္ဓဘာသာဝင်တစ်ဦးအနေနဲ့ တုန်လှုပ်မိပါတယ်။

  6. ဖိုးလုံး

    “နောက်ပြီး တရုတ်နိုင်ငံဆိုတာ ကျမတို့ ကျေးဇူးရှင်အနေနဲ့ ရပ်တည်တာမျိုးတွေ ကျမလက်မခံပါဘူး။ သူဟာ ကျမတို့ ကျေးဇူးရှင် မဟုတ်ပါဘူး။ အိမ်နီးချင်းပါ။ အိမ်နီးချင်းကောင်း ပီသဖို့ပဲ လိုပါတယ်” ဟု ထပ်မံ ပြောကြားခဲ့သေးသည်။”
    ကျွန်တော်ဘက်လိုက်ပြီးတော့ပြောတာမဟုတ်ဘူးနော်။ နိုင်ငံ့ခေါင်းဆောင်အရည်အချင်းနဲ့ပြည့်စုံတဲ့ သူရဲ့ပါးစပ်က အထက်ပါစကားမျိုးပဲထွက်တယ်။
    အဲ..တရုတ်ကိုကြောက်နေရတယ်လို့ ပါးစပ်ကထွက်တဲ့သူကို ဘယ်ပြည်သူတွေကယုံကြည်အားကိုးလို့ရမလဲ။ စဉ်းစားကြည့်လေ..သူကိုယ်တိုင်ကိုကကြောက်နေမှတော့ဖြင့်.. ကျုပ်တို့တနိုင်ငံလုံးကို တရုတ်လက်ထဲ ထိုးအပ်ဖို့ပဲ ရှိတော့မပေါ့ဗျာ။

  7. သာအေးရဲ့ဖော်လန်ဖားတဲ့အစီရင်ခံစာတွေနဲ့ဒီလိုဖြစ်အောင်လုပ်ခဲ့တာပါ၊
    တိုင်းအတွင်းရှိလူထုနှင့်ဝန်ထမ်းများကိုအာဏာရှင်ဆန်ဆန်ဖိနှိပ်အုပ်ချုပ်နေတဲ့
    စစ်အစိုးရကိုယနေ့တိုင်ဖက်တွယ်ပီး၊မုံရွာမှာ ဦးသန်းဇော်ရွှေကိုသိဒ္ဒိတင်ပစားပေးနေ
    သူသာအေးဟာ စစ်ကိုင်းတိုင်းအတွင်းရှိဆောက်လုပ်ရေး နှင့်လျှပ်စစ်ကဏ္ဏတွေမှာ
    သူ့သား၊သူ့သမက်တွေကိုလုပ်ပိုင်ခွင့်ရအောင်အခွင့်အာဏာကို၊ကိုယ်ကျိုးအတွက်သုံးနေသူ
    ဖြစ်ပါတယ်၊တရုတ်လူမျိုးများပိုင်ဆိုင်တဲ့ ဂရိတ်ဝေါလိုကုမ္ပဏီတွေရဲ့အစုရှယ်ရာဝင်ဖြစ်ပါတယ်၊
    ဒေါ်အောင်ဆန်းစုကြည်ကိုမလိုလားတဲ့စစ်အစိုးရလက်ကျန်အမာခံဖြစ်သူ သာအေးဟာ
    အလွန်လိမ္မာပါးနပ်လှသူဖြစ်ပီးသူပါဝင်ပတ်သက်နေမှုကိုပိပိရိရိဖုံးထားနိုင်သူတယောက်
    ဖြစ်ပါတယ်။

  8. Thar Aye is rejected by Monks. He must be rejected by all other monks in Burma and all the believers too. Then impeach him for good.

  9. ယခုလောလောဆယ်အရေးကြီးဆုံးကဒါဏ်ရာရရှိထားသူတွေကိုနိုင်ငံခြားဆေးပညာရှင်တွေနဲ့ပြ သခြင်းအားဖြင့် Chamical သုံးမသုံးသိနိုင်ပြီးဒါဏ်ရာကိုလဲလွယ်ကုူစွာကုသနိုင်မည်ဖြစ်ပါသည် Chamical နှင့်ရရှိသောဒါဏ်ရာသည်လွယ်ကူစွာမကုသနိုင်ရုံတင်မဟုပ်အသားအတွင်းတွင်တဖြေးဖြေး လောင်ကြွမ်းနေတတ်ပါသည်၊ထို့ကြောင့်နိုင်ငံခြားသံမှူးများမှတဆင့်အကူအညီယူသင့်ပါသည်။

  10. အလွန်အရေးကြီးသည့်အချက်မှာဒါဏ်ရာရရှိထားသူများကိုနိုင်ငံခြားဆေးပညာရှင်များနှင့်ပြသ သင့်ပါသည်၊ Chamical သုံးမသုံးသိရန်နှင့်သုံးထားပါကကုသရန်ဆေးဝါးမြန်မာပြည်တွင်မရှိ ခြင်းကြောင့်နိုင်ငံခြားသံမှူးများမှတဆင့်အကူအညီယူ၍ကုသရန်လိုအပ်ပါသည်၊ဒီအမှုကိုလဲကု လသမဂ္ဂသို့တင်ပြသင့်ပါသည်။အမိန့်ပေးသူအစိုးရအပိုင်းကဖြစ်လျှင်လိုအပ်သလိုအပြစ်ဒါဏ် ချမှတ်ပြီးတရုပ်ကုမွဏီကအမိန့်ပေးသူဖြစ်လျှင်တရုပ်ကုမွဏီကိုပိတ်ပြစ်ပေးရပါလိမ့်မည်။

  11. သူတို့တတွေကိုယ်စား အထူးရင်လေးမိပါတယ်။ သံသရာအဆက်ဆက် မတွေးဝံ့စရာပါဘဲ။
    ဘာကိုသွား သတိရလည်းဆိုတော့ ငရဲပြည်မှာ ဒယ်အိုးလောက်ပါ့မလားပေါ့။ အေးလေ – မလောက်ခဲ့ရင်လည်း ပူစရာတော့ လိုမယ်မထင်ပါဘူး။ တရုပ်က ဦးပိုင်နဲ့ဖက်စပ် ဒယ်အိုးစက်ရုံ
    လာတည်လိမ့်မယ်ဆိုတာ အလိုလိုသိနေသလိုပါဘဲ။
    စစ်သား + ရဲသား = ငရဲသား ဆိုတာပါဘဲ။

  12. ၀န်ကြီးချုပ်သာအေး…ကိုယ့်အပြစ်ကိုယ်ဝန်ခံမယ်မထင်ဘူး…တယောက်ကိုလွှဲချလိမ့်မယ်…

  13. As determination in the beginning, oversea experts should also be participated in committee.

  14. မင်းမျိုးနိုင်

    အိမ်နီးချင်းကောင်းမပီသတဲ့အထောက်အထားတွေခိုင်လုံတယ်ဆိုရင်သံတမာန်အဆက်အ
    သွယ်ဖြတ်တောက်ဖို့ကျိုးစားရမှာဖြစ်ပါတယ်။ဒါဟာနိုင်ငံတနိုင်ငံရဲ့လုပ်ပိုင်ခွင့်ဖြစ်ပါတယ်။
    လောလောဆယ်ကြည့်မယ်ဆိုရင် တယုတ်ဟာကျုပ်တို့နိုင်ငံရဲ့သဘာဝရင်းမြစ်တွေကိုအသား
    ထဲကလောက်ဖြစ်တဲ့ဗမာစစ်အစိုးရနဲ့ပေါင်းပြီးဝေစားမျှစားလုပ်နေတာကြာပါပြီ။ကချင်စစ်ဘေး
    ဒုတ်ခသယ်တွေဗမာစစ်တပ်ရဲ့အန်တရယ်ကိုရှောင်ရှားဖို့တရုပ်နယ်စပ်ထဲဝင်ပြေးကြတဲ့အခါ
    တယုတ်တွေကချင်စစ်ဘေးဒုတ်ခသယ်တွေကိုသူတို့နယ်မြေထဲကမောင်းထုတ်ခဲ့ကြတယ်။ဒါ့
    အပြင်ဗမာစစ်ရဇ၀တ်ကောင်တွေနဲ့ပေါင်းပြီးဗမာနိုင်ငံပြည်သူတွေရဲ့အကျိုးကိုပစ်ပယ်ပြီးအ
    တင်းအဓမသူတို့အကျိုးစီးပွါးအတွက်လုပ်ဆောင်နေတာဟာတပါးတိုင်းပြည်ရဲ့အချုပ်အချာကိုထိပါးရာကျနေပါတယ်။
    ဒါကြောင့်နေ့ခင်းကြောင်တောင်ကိုယ့်အိမ်ထဲဝင်ပြီးမဖွယ်မရာလာလုပ်နေတဲ့တယုတ်ပေါက်ဖေါ်ကိုဆက်ပြီးမိတ်ဆွေအဖြစ်သည်း
    ညည်းခံဆက်ဆံမယ်ဆိုရင်တော့ကျုပ်တို့အမျိုးသားခေါင်းဆောင်ကြီးမကွယ်လွန်မီကပြောသွားခဲ့တဲ့စကားတွေကိုအမှတ်ရကြပါ
    လို့ပဲပြောပါရစေခင်ဗျား။