ရန်ကုန်နှင့် ဆန်ဖရန်စစ္စကို ညီအစ်မမြို့တော်ဖြစ်ရေး ဆောင်ရွက်မည်ဟုဆို | ဧရာဝတီ

ရန်ကုန်နှင့် ဆန်ဖရန်စစ္စကို ညီအစ်မမြို့တော်ဖြစ်ရေး ဆောင်ရွက်မည်ဟုဆို

Hits:1
  | |
ဆန်ဖရန်စစ္စကို မြို့တွင်း မြင်ကွင်းတခု

ဆန်ဖရန်စစ္စကို မြို့တွင်း မြင်ကွင်းတခု

ရန်ကုန်နှင့် အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကို မြို့တို့ကို ညီအစ်မ မြို့တော်အဖြစ် ပူးပေါင်းနိုင်ရန် ညှိနှိုင်းနေပြီဖြစ်ကြောင်း  သိရသည်။

မြန်မာပြည်သို့ ခေတ္တရောက်ရှိနေသည့် အမေရိကန်နိုင်ငံ ဆန်ဖရန် စစ္စကိုမြို့ အခြေစိုက် အမေရိကန်မြန်မာ ကုန်သည်ကြီးများ အသင်း (USA Myanmar Chamber of Commerce) ၏ အဖွဲ့ဝင်တဦးဖြစ်သူ ဦးဖိလစ်မောင်က ရန်ကုန်မြို့ တော်ဝင်နှင်း ဆီခန်းမတွင် ဒီဇင်ဘာ ၉ ရက်နေ့က ကျင်းပသော “လူငယ်နှင့် စွန့်ဦးတီထွင်ခြင်း” ဟောပြောပွဲ၌ အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်နဲ့တော့ မူအားဖြင့် သဘောတူထားပြီးပြီ။ ဒါပေမယ့် အစိုးရအဖွဲ့အစည်းတွေ ကြားမှာ ဗျူရိုကရက် ဆန်တာတွေက ရှိနေတုန်းပဲဖြစ်နေတယ်။ ဆုံးဖြတ်ချက်မှားမှာ ကြောက်နေတာလားတော့ မသိဘူး” ဟု ၎င်းက အထက်ပါ ဟောပြောပွဲ အပြီးတွင် ဧရာဝတီသို့ ပြောသည်။

ညီအစ်မမြို့တော် အဖြစ် ပူးပေါင်းနိုင်ရေး စီမံကိန်းတွင် ရန်ကုန်မြို့နှင့် ဆန်ဖရန်စစ္စကို မြို့ရှိ ရှေးဟောင်း အဆောက် အအုံများသည် တည်ဆောက်ပုံခြင်း နီးစပ်သောကြောင့် ယင်းတို့ကို ထိန်းသိမ်းသွားနိုင်ရန်၊ ရန်ကုန်ရှိ ကားလမ်း ပိတ်ဆို့မှု များကို ဖြေရှင်းပေးနိုင်မည့် စနစ်များ၊ မြောင်းပိတ်ဆို့မှုကို ဖြေရှင်းပေးနိုင်မည့် စနစ်များ၊ ငလျင်ဒဏ်ခံ အဆောက်အဦး တည်ဆောက်နိုင်ရန်၊ ကျန်းမာရေးနှင့် ပညာရေး ဗဟုသုတပေးနိုင်ရန် စသည့် အစီအစဉ်များ ပါဝင် ရေးဆွဲထားကြောင်း သိရသည်။

ရန်ကုန်မြို့တွင် ဈေးသည်များအား နေရာအတည်တကျ ချထားပေးခြင်း မရှိသည့်အတွက် လမ်းများပေါ်တွင် ရောင်းချသည်ကို တွေ့နေရကြောင်း၊ မော်တော်ယာဉ်များ များပြားလာသော်လည်း လမ်းစနစ်များ သေချာစွာ ရေးဆွဲထားခြင်း မရှိသည့် အတွက် လမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်နေကြောင်း၊ မြောင်းပိတ်ဆို့မှုများကိုလည်း တွေ့နေရကြောင်း၊ ငလျင်ဒဏ်ခံ အဆောက်အဦး များလည်း မရှိသည့်အတွက် အကြောင်းအရင်း ရှိလာပါက အချိန်မရွေး ပျက်စီးဆုံးရှုံးမှုများ ဖြစ်လာနိုင်ကြောင်း၊ ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ ဗဟုသုတများလည်း နည်းပါးနေကြောင်း ဦးဖိလစ်မောင်က သုံးသပ်သည်။

“Sister City လုပ်မယ်ဆိုရင် ဆန်ဖရန်စ္စကိုမြို့ တမြို့လုံးကို တည်ဆောက်ခဲ့တဲ့ ပညာရှင်တွေလည်း ပါဝင်ဆောင်ရွက်မှာပါ၊ ယဉ်ကျေးမှု ဆိုင်ရာတွေလည်း ဖလှယ်နိုင်မယ်” ဟု သူက ဆိုသည်။

ရန်ကုန်နှင့် ဆန်ဖရန်စစ္စကိုမြို့ကို ညီအစ်မ မြို့တော်အဖြစ် အကောင်အထည် ဖော်နိုင်ရန် ဒီဇင်ဘာ ပထမပတ် အတွင်း ဆန်ဖရန်စစ္စကို မြို့တော်ဝန်၏ဇနီးနှင့် မြို့တော် တည်ဆောက်စဉ်က ပါဝင်ခဲ့သည့် အတတ်ပညာရှင်များ၊ အမေရိကန် အခြေစိုက် အမေရိကန်မြန်မာ ကုန်သည်ကြီးများ အသင်း၏ တာဝန်ရှိသူတို့က ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် တခြား အစိုးရ အဖွဲ့အစည်းများသို့ ညှိနှိုင်းထားပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းကို လာမည့် ၆ လ အတွင်း စတင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖွယ် ရှိပြီး စီမံကိန်း စတင်ပါက ဆန်ဖရန်စစ္စကိုမြို့တော်ဝန်က ရန်ကုန်မြို့သို့ လာရောက်မည်ဖြစ်ကြောင်းလည်း ဦးဖိလစ်မောင်က ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ ဧရာဝတီက ဆက်သွယ်မေးမြန်းရာ ဖြေကြားခြင်းမရှိပေ။

ဆန်ဖရန်စစ္စကိုမြို့သည် အီတလီ၊ အိန္ဒိယ၊ စပိန်၊ ဗီယက်နမ်၊ ပိုလန်၊ ဖိလစ်ပိုင်၊ ပြင်သစ်၊ တောင်ကိုရီးယား၊ တရုတ်၊ ဂျပန်၊ သြစတြေးလျ၊ ထိုင်ဝမ်၊ ဂရိနှင့် ဆွစ်ဇာလန် နိုင်ငံ အစရှိသည့် နိုင်ငံပေါင်း ၂၁ နိုင်ငံမှ မြို့ ၂၁ မြို့နှင့် ညီအစ်မ မြို့တော်အဖြစ် ဆက်သွယ်ထားပြီး ဖြစ်ကြောင်း သိရသည်။


9 Responses

Leave a Reply

  1. ပြည်သူတွေအတွက် ဒါဟာ ကောင်းတဲ့ အလုပ်ပဲ မြန်မာအစိုးက လက်ခံသင့်တာပေါ့။

  2. စိတ်ကူးမယဉ်ပါနှင့်

  3. Come on! We do not even know who Philip Maung is. He may act like a big fish from a big pond. We never see his name in the news media in San Francisco.

  4. မြန်မာ တိုင်းရင်းသူ

    ဘာလဲ ညီအမ မြို့ဆိုတာ။ မကြားဘူးသေးလို့ ရှင်းပြပါဦး။
    ဘယ်သူက အမ၊ ဘယ်သူက ညီမလဲ။
    အမလုပ်ပြီး ပစ္စည်းအကောင်း အသစ်တွေ သူက အရင်သုံး၊ သူမကြိုက်တာ၊ သုံးပြီးသား အဟောင်းကျမှ ညီမလေး လာပေးပြီး မမက ညီမလေးကို ချစ်တယ်နော် နာမည်ကောင်း ယူသွားမှာ ကြောက်တယ်။ ညီမလေးတို့လဲ အကောင်းကြိုက်၊ ပစ္စည်း အသစ် သုံးချင်၊ သုံးလဲ သုံးတတ်ပါတယ်နော်။

  5. မောင်ပျာလောင်

    ဂေး အိုလန်ပစ်တွေ ဆန်ဖရန်စစ္စကို မှာလုပ်ခဲ့သလို၊ ရန်ကုန်မှာလည်း လုပ်ဦးမှားလား အကို၊
    ကောင်းလားအကို ?၊ ကောင်းလားအကို ?၊ အဟီးးး
    ကောင်းရင် ကောင်းတယ် မှတ်၊ ကောင်းရင် ကောင်းတယ် မှတ်၊

  6. ဆောင်းပါးမှာပါသလို လမ်းဘေးဈေးသည်များစနစ်တကျရှိစေရေး ၊ ကားလမ်းပိတ်ဆို့မှုများ ရှင်းလင်းရေး ၊ ရေမြောင်းပိတ်ဆို့မှုများကို ဖြေရှင်းပေးနိုင်မည့်စနစ်များရှိစေရေး ၊ ငလျင်ဒဏ်ခံအဆောက်အဦများ တည်ဆောက်ရေး ၊ ကျန်းမာရေး ပညာရေးဗဟုသုတများ ရရှိစေရေး အစရှိသည့်အချက်များသည် ယနေ့ ရန်ကုန်မြို့တော်အတွက် အလျင်အမြန်လိုအပ်နေသောအချက်အလက်များ ဖြစ်ပေသည် ။ နိုင်ငံတကာမြို့တော်များအဆင့်သို့ တက်လှမ်းနိုင်ရန် အတွက် ယင်းကဲ့သို့ အတွေ့အကြုံရှိသူများထံမှ နည်းပညာအကြံဥာဏ်များ ရယူဖို့လိုအပ်လှပေသည် ။ အရာရာတွင် နိုင်ငံခြားသားဆိုပါက ငါတို့အပေါ်လူလည်ကျမှာလား ။ ငါတို့အပေါ်က အမြတ်ထုတ်ဖို့လာတာလား ။ ငါတို့ကို ခေတ်သစ်ကိုလိုနီပြုချင်လို့လား စတဲ့ ခေတ်ဟောင်းစနစ်ဟောင်းအတွေးအခေါ်တွေ ၊ စစ်အစိုးရအိုင်ဒီယာအဟောင်း တွေ ၊ ဦးနေဝင်း အကြွင်းအကျန်အိုင်ဒီယာဟောင်းတွေကို စွန့်လွှတ်သင့်ကြပေသည် ။

    • မြန်မာ တိုင်းရင်းသူ

      ငါတို့ အပေါ် လူလည်ကျမှာလား၊ အမြတ်ထုတ်ဘို့ လာတာလား ဆိုတာက နိုင်ငံခြားသားဖြစ်ဖြစ်၊ ကိုယ့်တိုင်းပြည်သား ဖြစ်ဖြစ် စိုးရိမ်စွာနဲ့ မေးရမှာပါ။ အပေါ်က (Shwe Yoe) မေးထားသလို ဖိလစ်မောင် ဘယ်သူလဲ၊ ဘယ်လို အောင်မြင်တဲ့ (အချို့ အမြင်ကတော့ ဖျံကျခဲ့တဲ့) စီးပွားရေးသမားလဲ ကြားထားဘူးတာလေး ရေးပါမယ်။ အမေရိကားမှာ ဆူရှီး လုပ်ငန်းရှင် တချို့ဟာ အမေရိကန် ဈေးဆိုင်တွေမှာ ဆူရှီးရောင်းတဲ့ ကောင်တာလေး ပေးပါ။ ဘယ်လောက် ပေးပါ့မယ် ဆိုပြီး ဈေးညှိနှိုင်း၊ ဆိုင်လေး ဖွင့်ပြီး ဆူရှီးခေါ်တဲ့ ဂျပန်အစာတွေ ရောင်းကြတယ်။ အချို့ဆိုင်တွေ အောင်မြင်ပေမယ့် အချို့နေရာတွေကတော့ ဆိုင်လည်ပတ်နိုင်ရုံ အသင့်အတင့်ပေါ့။ အချို့ရပ်ကွက်က အဖြူတွေက လုံးဝ အားမပေး၊ မကြိုက်ကြတော့ အရင်းပြုတ်၊ အရှုံးပိုက်ရတဲ့ ဆူရှီးသမားတွေလဲ ရှိခဲ့တယ်။ ဒါပေမယ့် ထိုထိုသော သူများဟာ မိမိတို့ဘာသာ သုညဘ၀ အောက်ခြေကစလို့ ဆူရှီးဆိုင် ထောင်ခဲ့ကြတာ။ ဖိလစ်မောင် လုပ်တဲ့ ပုံစံက အစကနေ မစဘူး။ ဆူရှီး ဆိုင် တဆိုင် အောင်မြင်သွားမှ အဲသည် အမေရိကန်ဈေးကို လူပိုင် လူနိုင်တွေနဲ့ ကပ်ပြီး၊ ပေးသင့်သူကိုလဲ ပေးသင့်သလောက် ပိုပိုသာသာ ပေးပြီး (ဗမာပြည်မှာ လုပ်ပိုင်ခွင့်တွေ လျှောက်သလို) သူ့ကို လုပ်ပိုင်ခွင့်ပေးရင် ဘယ်လောက် ပိုပေးမယ် ၀င်ယူတာ။ သူများ တည်ထောင်ထားတဲ့ ဆိုင်ကို အပိုပေး ဖြတ်အုပ်တာ။ စီးပွားရေး လောကဆိုတာ သည်လိုပဲ ဆိုပေမယ့် သူများ ထမင်းအိုးခွဲပြီး ရေကန်အသင့် ကြာအသင့် နေရာယူချင်တာတော့ မနှစ်မြို့ဘူး။ သည်အခြေအနေကို ကြည့်ရင် သူခေါ်လာမယ့် ဆန်ဖရန်က မြန်မာစီးပွားရေးသမားတွေဆိုတာ ဘယ်သူတွေလဲ မှန်းကြည့်နိုင်တယ်။ ဆန်ဖရန်မှာ မြန်မာဆိုတာ ၈၈နဲ့ ပတ်သက်ပြီး လာသူက လွဲရင် ကျန်တာ တရုပ်ချည်းပဲ။ ဗမာလိုတောင် ၀ဲတဲတဲ နည်းနည်းပဲ ပြောတတ်သူတွေ။ အောင်မြင်တဲ့ စီးပွားရေးသမား ဆိုတိုင်း အထင်မကြီးပါနဲ့။ တေဇ ကို အထင်ကြီးကြသလား။

  7. ရွေမန်းတင်မောင် ရဲ့ ဇတ်ထဲက စကားနဲ့ပြောရရင်တော့ “ဟုတ်ပါ့မလား မောင်ကာဌုရယ်”။
    တော်ကြာ လက်ပန်တောင်လို ကန့်ကွက်ထာတို့ ဘာညာတို့ ပေါ်လာအုံးမယ်။ ခေတ်ကိုက ဆန္ဒပြကြတဲ့ ခေတ် အခြေအနေကိုလည်း ထည့်တွက်အုံး။ အောင်မြင်ရင်တော့ ကောင်းပါတယ်။ လွယ်လွယ်နဲ့တော့ မဖြစ်လာနိုင်ဘူး။
    စည်းမဲ့ ကမ်းမဲ့ အမှိုက်ပစ်ထာတွေ ၊တွေ့တဲ့နေရာ ကွမ်းတံထွေးထွေး တာမျိုးတွေ ဒီမှာတော်တော် ပြုပြင်ရအုံးမှာ။

  8. I wonder why we r waiting, asking for others’ help and act… let’s change ourslelf, carrry ourslelf, do ourself … but it is the most difficult thing to start and do …coz we ( over 60 million ) were used to live wrongly for more than 40 yrs. But if we really want to… lets start today ,nothing can stop us… and dont wait other.. understand that biggest issue is some powerful citizens are seems like … dont want to , or dont dare to, or…