ရခိုင် ပဋိပက္ခ မျိုးတုံးသတ်ဖြတ်ခြင်းမျိုး မဟုတ်ဟု ဒေါက်တာ စိုင်းမောက်ခမ်း ပြော | ဧရာဝတီ
သတင်း

ရခိုင် ပဋိပက္ခ မျိုးတုံးသတ်ဖြတ်ခြင်းမျိုး မဟုတ်ဟု ဒေါက်တာ စိုင်းမောက်ခမ်း ပြော

Hits:1
  | |

အယ်လ်ဂျာဇီးယား ရုပ်သံဌာနက တင်ဆက်သည့် The Hidden Genocide သတင်းမှတ်တမ်း ကြော်ငြာ

ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများသည် လူမျိုးတုံး သတ်ဖြတ်ခြင်းဖြစ်စေရန် ကြိုးပမ်းမှုမျိုးမဟုတ်ကြောင်း ဒု သမ္မတ  ဒေါက်တာ စိုင်းမောက်ခမ်းက ပြောဆို လိုက်သည်။

လူမျိုးစု မျိုးနွယ်တုံးရန် ကြိုးပမ်းမှုပုံစံမျိုး သတင်း၊ ထင်ယောင်ထင်မှား ရေးသား တင်ပြမှုများရှိခဲ့ပြီး ယင်းတို့သည် အမှန်တရားနှင့် လုံးဝဆန့်ကျင်နေသည်ဟူသော ဒေါက်တာ စိုင်းမောက်ခမ်း၏ ပြောကြားချက်ကို တနင်္ဂနွေနေ့က မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

ဒေါက်တာ စိုင်းမောက်ခမ်းသည် ဒီဇင်ဘာ ၇ ရက်နေ့က ရခိုင်ပြည်နယ်သို့ သွားရောက်ပြီး ဒေသခံ ဒုက္ခသည်များနှင့် တွေ့ဆုံ၍ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်ရန် ဆောင်ရွက်သည့် ခရီးစဉ်အတွင်း၌ ထိုသို့ ပြောကြား သွားခြင်း ဖြစ် သည်။

နိုင်ငံခြားရေး ၀န်ကြီးဌာနကလည်း အယ်လ်ဂျာဇီးရာ သတင်းဌာန က ထုတ်လွှင့်မည့် ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်သည့် ရုပ် သံ သတင်း အစီအစဉ်၌ဖော်ပြမည်ဖြစ်သော ရိုဟင်ဂျာ(ဘင်္ဂါလီ)များကို လူမျိုးတုံးစေရန် သတ်ဖြတ်လုပ်ဆောင်နေသည် ဆိုသော သတင်းမှတ်တမ်း ကို ကန့်ကွက်ကြောင်း ဒီဇင်ဘာ ၆ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ထားသည်။

အယ်လ်ဂျာဇီးရာ သတင်းဌာနသည် ရခိုင်အရေးနှင့် ပတ်သက်သည့် ရုပ်သံ သတင်း အစီအစဉ်ကို ဒီဇင်ဘာ ၉ ရက်မှ ၁၃ ရက် အထိ အင်္ဂလိပ် ဘာသာဖြင့် ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း ကြေညာထားပြီး လက်ရှိတွင် The Hidden Genocide အမည်ဖြင့် ပြ သလျက် ရှိသည်။ ဒီဇင်ဘာ ၈ ရက်မှ ၁၂ ရက်အထိ အာရပ်ဘာသာဖြင့် ထုတ်လွှင့်ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံသို့ ပြီးခဲ့သည် အပတ်အတွင်းက ရောက်ရှိလာသော ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေး ဆိုင်ရာ ဒုတိယ အထွေထွေ အတွင်းရေးမှူးချုပ် ဗယ်လာရီ အေးမို့စ်က“မျိုးတုံးသတ်ဖြတ်မှုဆိုတဲ့ စကားလုံးမျိုးတော့ အသေအချာ မလေ့ လာ မစုံစမ်းဘဲနဲ့တော့ မပြောသင့်ပါဘူး။ ကျမကတော့ ရခိုင်ပြည်နယ်မှာ နေတဲ့ လူမှု အဖွဲ့အစည်း အချင်းချင်း မသင့်မြတ် ရာက ဖြစ်လာတဲ့ အကြမ်းဖက်မှုလို့ပဲ မြင်ပါတယ်”ဟု ပြောဆို သည်။
ဗယ်လာရီ အေးမို့စ်က ၎င်းသွားရောက်လေ့လာခဲ့သည့် ရခိုင်ပြည်နယ် ခရီးစဉ်နှင့် ပတ်သက်ပြီး ဒီဇင်ဘာ ၇ ရက်နေ့က ရန်ကုန်မြို့၌ ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် ထိုသို့ပြောကြားခြင်း ဖြစ်သည်။

ဒီဇင်ဘာ ၈ ရက်နေ့တွင် ရန်ကုန်မြို့ နိုင်ငံခြားရေးဝန်ကြီးရုံး၌ ရခိုင်ပြည်နယ် အခြေအနေနှင့်စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲ ကျင်း ပ ရာ နယ်စပ်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒု ဗိုလ်ချုပ်ကြီး သိန်းဌေးက ရှင်းလင်းပြောကြားသည်။

ဒု ဗိုလ်ချုပ်ကြီး သိန်းဌေးက“အယ်ဂျာဇီးရာ ဆိုတာ သတင်းဌာန တခုပဲ ဖြစ်ပါတယ်။ သူကလည်း သူပုံဖော်ချင်တဲ့ ကိစ္စတွေပုံဖော် တာပါ။ သူပြောတဲ့ဟာတွေ အားလုံး အမှန်တွေ မဟုတ်ပါဘူး”ဟု ပြောသည်။

ရခိုင်ဒေသ အဖြစ်အပျက်သည် လူမျိုးရေး၊ ဘာသာရေးနှင့် မသက်ဆိုင်ကြောင်း၊ နိုင်ငံရေး မျှော်မှန်းချက်များကို မိမိလိုလားသည့် ပုံသဏ္ဍန်များ ဖြစ်လာရန် မီဒီယာနှင့် ဖန်တီးခြင်း ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်၌ ၁၉၈၀ ပြည့်နှစ်တွင် ဘင်္ဂါလီလူမျိုး၂ သိန်းခွဲရှိပြီး၂၀၁၂ ခုနှစ်၌ ၁၀ သိန်း ဖြစ်လာခဲ့ကြောင်း၊ မောင်တော ဒေသတွင် ဘင်္ဂါလီ ၉၄ ရာခိုင်နှုန်း၊ ရခိုင် ၆ ရာခိုင်နှုန်းရှိ၍ လက်ရှိ အခြေအနေတွင် လုံခြုံရေးနှင့် စားဝတ်နေရေး မူလ အခြေအနေသို့ ပြန် လည် ရောက်ရှိနေပြီ ဖြစ်ကြောင်း ဒု ဗိုလ်ချုပ်ကြီး သိန်းဌေးက ဆက်ပြောသည်။

ပြည်ထဲရေး ၀န်ကြီးဌာန ဒုဝန်ကြီး ရဲချုပ် ကျော်ကျော်ထွန်းကလည်း“မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရယ်၊ တပ်မတော်ရယ် ပူးပေါင်းပြီးတော့မှ လူမျိုးစု နှစ်ခုအဆင်ပြေ နေထိုင်နိုင်အောင် စီစဉ်ဆောင်ရွက်ပေးထားပါတယ်။ လက်ရှိအခြေအနေမှာတော့ တဖွဲ့နဲ့တဖွဲ့၊ တဦးနဲ့ တဦးက လုံခြုံရေးတွေ ကြားထဲကနေပဲ အဆင်ပြေအောင် နေထိုင်နိုင်တဲ့ အနေအထားမျိုး ရှိပါတယ်။ ရေရှည်အတွက် ဒီထက်ပိုပြီး ကောင်းမွန်အောင် ဆက်လက်ပြီး ဆောင်ရွက်သွားမယ်”ဟု သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

နယ်စပ်ဒေသ ဆိုင်ရာ အစိုးရပိုင်း၏ လုပ်ထုံးလုပ်နည်းများနှင့် ဒေသခံများ၏ လိုက်နာ ကျင့်သုံးရမည့် စည်းမျဉ်းစည်းကမ်းပိုင်း ဆိုင်ရာများနှင့်ပတ်သက်ပြီး လူဝင်မှုကြီးကြပ်ရေး ၀န်ကြီးဌာန ၀န်ကြီး ဦးခင်ရီကလည်း ရှင်းလင်း ပြောကြားသည်။

“နိုင်ငံသားရယ်လို့ ဖြစ်သွားရင် လွတ်လပ်စွာ သွားလာခွင့်ရှိတာ မှန်ပါတယ်။ ရခိုင်ဒေသမှာရှိတဲ့ ပုဂ္ဂိုလ်တွေ အတွက်ကျတော့ ခရီးသွားတဲ့အခါ အဆင့်ဆင့်တိုင်ကြားပြီး သွားရတာ လုပ်သင့် လုပ်ထိုက်တဲ့ အလုပ်ပါ။ နယ်စပ်ခြင်းဆက်စပ်ပြီး ခွဲခြားရန်ခက်ခဲတဲ့ ဒေသတွေမှာ မြို့နယ်၊ ခရိုင်၊ တိုင်းကျော် ခရီးသွားမယ်ဆိုရင် ခွင့်ပြုချက်ယူရတာဟာ သူ့နိုင်ငံသား၊ ကိုယ့်နိုင်ငံသား မှားမှာ စိုးရိမ် ရသည့် အတွက် ဖြစ်တယ်”ဟု ဦးခင်ရီက ပြောဆိုသွားသည်။

ရမ်းဗြဲမြို့နယ် ကျောက်နီမော် ဒေသမှ မသီတာထွေး အသတ်ခံရမှု နှင့်ဆက်စပ်၍ ဇွန်လဆန်းမှ စတင်ခဲ့သော ရခိုင်ဒေသတွင်း ပဋိပက္ခများကြောင့် သေဆုံးသူ ၈၀ ၀န်းကျင်၊ ဒဏ်ရာရသူ ၁၁၂ ဦး၊ လူနေအိမ် ၅၀၀၀ ၀န်းကျင်၊ ဘုန်းကြီးကျောင်း ၁၄ ကျောင်း၊ စာသင်ကျောင်း ၃ ကျောင်း၊ ဗလီ ၁၇ ခု ပျက်စီးခဲ့ကြောင်း နယ်စပ်ရေးရာ ၀န်ကြီး ဒု ဗိုလ်ချုပ်ကြီး သိန်းဌေး က ဇူလိုင်လ ၃၀ ရက် နေ့ သတင်းစာ ရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။

ရခိုင် ပဋိပက္ခများနှင့် ပတ်သက်၍ ဖော်ထုတ်ရန် စုံစမ်းရေး ကော်မရှင်အဖွဲ့အား သာသနာရေး ဦးစီးဌာန ညွန်ချုပ် အငြိမ်းစား ဒေါက်တာ မျိုးညွန့် ဦးဆောင်ပြီး ခရစ်ယာန် ဘာသာရေး ခေါင်းဆောင်များ၊ အစ္စလမ် ဘာသာရေး ခေါင်းဆောင်များနှင့် နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များ၊ ပညာရှင်များ စသည့် ၂၇ ဦးဖြင့် သြဂုတ်လ ၁၇ ရက်နေ့တွင် သမ္မတ က တာဝန်ပေးဖွဲ့စည်းခဲ့သည်။ ယင်း စုံစမ်းရေးကော်မရှင် ၏ တွေ့ရှိချက်များကို သမ္မတထံ ပြန်လည်တင်ပြရမည် ဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာလ အတွင်းကလည်း ရခိုင်ပြည်နယ်၌ တကျော့ပြန် ပဋိပက္ခဖြစ်ပွားခဲ့ပြီး လူ ၁၀၀ ကျော် သေဆုံးခဲ့သေး သည်။


16 Responses

Leave a Reply

  1. It is all non sense whatever he said. He said that in 1980, There was 250000 Bangali. Now it grows to 1 million. It is fact that from 1987 In Rakhine, Muslim people are not allowed to travel even inside the cities. If someone want to travel one village to another he has to take permission from authority. Apart from that someone wants to marry they have to get permission from authority. Then where the chance of Bangladesh people move to Rakhine. Moreover if they are truthful, they can made open interview with Phil Rees. He challenges for interview. And he said he has sound proof. Go and make open discussion with Phil Rees.

  2. There is no genocide in our country. Most of OIC countries are breaking human rights. In Saudi, no woman can drive and she must wear face mask by law. How terrible !! OIC is trying to eliminate non-islamic country.

  3. There is no genocide in our country. OIC is trying to do genocide to eliminate non-muslims.

  4. Okay, we cannot accept as Genocide,But,if it is only problem between Yakhine race and Bangali or Rohinjar’s problem,in western Burma,(Rakhine state),why, many Bangali or Rohinjar in refugees camps ? Why…Many Burmese people attack,demonstrate,using very low words in many comments in internet, with unreasonable and insulting,worst words to Islam Believers ? Muslims are called to any one who had faith and worship to Islam religion.But now a days many many Burmese people does’nt know what is race ? what is religion,because all Muslims are not Bangali or Kalars as they have mentioned.Some news agency mentioned as Myoe or Khamee or Maramar gyee as Rokhine Buddhist ethic race,but,..no,totally wrong.They are dark too, and their faces are more looks alike Kalars…Again so….What is Kalars???Any one who came from India are called Kalars, Then where is Bayanathi,or who is Arthawka (Asoka) King,Anguilimala,Daywadat,Yama,Letkhanar,Thiwi King,Thuwannathama? Who are they?Where are they from? Are they from Burma? These insulting person with dull knowledge should studied,learn,to have more experience,to insults the second largest population people in the world.

    • crystal vision your words are all correct. I agree your words. People
      from Myanmar should study more.

    • many many Burmese people does’nt know what is race ? what is religion,because all Muslims are not Bangali or Kalars as they have mentioned
      Any one who came from India are called Kalars, Then where is Bayanathi,or who is Arthawka (Asoka) King,Anguilimala,Daywadat,Yama,Letkhanar,Thiwi King,Thuwannathama? Who are they?Where are they from? Are they from Burma?

      Ans: Kalar is meant foreigner from another countries.

      Muslims are called to any one who had faith and worship to Islam religion

      Ans: As long as OIC and muslims nations interfere in myanmar internal affair, myanmar have the right to response to any countries. How dare you fabricated the untrue stories to the world ? Syria is in civil war. Syrian government and rebel groups are committing genocide their own citizens. Why not Muslims see that ? Sunni kill Shiite in Iraq, UAE, pakistan,afganistan, and indonesia…..Turkey killed stateless kurds. Don’t mentions about how much non muslims being killed in thoses muslims nations. Facts do not lie.

    • Well! You said so. I wish your people behave like human beings. You need to go back home. You have caused enough problems into Burma. You have caused enough nightmares for the world. Instead of giving us endless lectures, please go home where you belong. Wherever you reside, it is becoming bad neighborhood. If you cannot live with us peacefully, the only thing you can do is going back home. We do not want you to live in our backyard. I hope you understand what caused all these messes. We have tolerated you enough in the past. We no longer want to see your faces in our land. Pack your belongings and just leave.

  5. There is no organization based on religion just like OIC. There is no organization of christian countries or organisation of buddhist countries. How terrible is OIC countries ??? Their intentions are very dirty.

    • Why can you say the intentions of OIC are so dirty ?Can you say which intentions of the OIC are dirty, specificallly? Do you know that OIC is an international organization which has a seat in UN GENERAL ASSEMBLY? You should not bite what you can reach with your half baked knowledge.

    • Why can you say the intentions of OIC are so dirty ?Can you say which intentions of the OIC are dirty, specificallly? Do you know that OIC is an international organization which has a seat in UN GENERAL ASSEMBLY? You should not bite what you can reach

    • I really don’t know what is OIC inention. But I see only one thing that OIC is just to interfere into non-muslim contry and support their people(muslim) to spread islam religion to all over the world. We don’t really need to care that OIC is an international organization which has a seat in UN GENERAL ASSEMBLY or whatever. Of courese if population or power is big enough in the world UN may allow that. Take a Look at in Syria! Over forty thousand civilians pure muslim had died and until now that UN can’t stop yet. Somemore where is OIC for Syria? Shame on you!! Just take care of your own islamic country’s genocide first before interfere in our Bddhist-country.

  6. ဒုသမတစိုင်းမောင်ခမ်းက…လူမျိုးစုမျိုးနွယ်တုံးရန်ကြိုးပမ်းမှုပုံစံမျိုးသတင်းထင်ယောင်ထင်မှား ရေးသားတင်ပြမှုများရှိခဲ့ပြီးယင်းတို့သည်အမှန်တရားနှင့်လုံးဝဆန့်ကျင်နေသည်ဟုဆိုပါတယ် ဒေါက်တာစိုင်းမောင်ခမ်းမျက်စိအားနဲတယ်နဲ့တူတယ်ဘာကြောင့်လဲဆိုတော့ရိုက်ပြထားတဲ့ ရိုက်ကွက်တွေကရုပ်ရှင်ဇတ်လမ်းတခုမှမဟုတ်တာငြင်းစရာလဲတနေရာမှမတွေ့ရဘူး The Hidden Genocide လို့အမည်ပေးထားလို့လူမျိုးတုံးသတ်ဖြတ်မှုဆိုထားတာကတော့အမှန်ဘဲဒီသတင်းကိုကြည့်ရှု ကြတဲ့ပညာရှင်တွေကဆုံးဖြတ်ကြလိမ့်မယ်။ကုလသမဂ္ဂလူသားချင်းစာနာမှုအကူအညီပေး ရေးဆိုင်ရာဒုအထွေထွေအတွင်းရေးမှူးဗယ်လာရီအေးမို့စ်ကအမျိုးတုံးသတ်ဖြတ်မှုလို့ဆိုတဲ့ စကားလုံးမျိုးတော့အသေအချာမလေ့လာမစုံစမ်းဘဲနဲ့တော့မပြောသင့်ပါဘူးကျမကတော့ရခိုင်ပြည်နယ်မှာနေတဲ့လူမှုအဖွဲ့အစည်းအချင်းချင်းမသင့်မြတ်ရာကဖြစ်တဲ့အကြမ်းဖက်မှုလို့ဘဲ မြင်ပါတယ်တဲ့သူကနာရီပိုင်းကလေးဘဲရခိုင်ပြည်ကိုသွားလယ်လာတာသူ့ဘေးမှာစစ်ဗိုလ်ချုပ် တို့ပြည်နယ်ဝန်ကြီးတို့ပါနေတာသူဘယ်မြင်နိုင်မှာလဲ၊ဒီသတင်းကိုရိုက်တဲ့သတင်းထောက်က လနဲ့ချီပြီးရခိုင်ပြည်ထဲမှာအသက်စွန့်ရိုက်ကူးခဲ့တာသူ့အမြင်နဲ့ဘယ်တူကြမလဲ။ဒုဗိုလ်ချုပ်ကြီး သိန်းဋ္ဌေးကအယ်လ်ဂျာဇီရားဆိုတာသတင်းဋ္ဌာနတခုဘဲသူပုံဖေါ်ချင်တဲ့ကိစ္စတွေပုံဖေါ်ထား တာပါသူပြောတဲ့ဟာတွေဟာအားလုံးအမှန်တွေမဟုတ်ပါဘူးလို့ဆိုတော့အားလုံးမဟုတ် တောင်အမှားတွေမဟုတ်ဘူးဆိုတာကိုဝန်ခံတဲ့သဘောပါဘဲ၊ရခိုင်ဒေသအဖြစ်အပျက်သည်လူမျိုးရေးဘာသာရေးနဲ့မသက်ဆိုင်ကြောင်နိုင်ငံရေးမျှော်မှန်းချက်များကိုမိမိလိုလားသည့်ပုံ သဏ္ဍန်များဖြစ်လာရန်ဖန်တီးခြင်းလို့ဆိုတော့ဒီအကြမ်းဖက်မှုဟာအစိုးရသို့မဟုတ်RNDPရဲ့ နိုင်ငံရေးပရောဂကြောင့်ဖန်တီးတာလို့ဆိုလို့ရတာပေါ့ဒုဗိုလ်ချုပ်ကြီးသိန်းဋ္ဌေးတယောက်ပညာ မတတ်တာလားရူးချင်ယောင်ဆောင်နေတာလားဗိုလ်ချုပ်နေဝင်းမောင်းထုတ်ပြီးပြန်ခေါ်လာ တဲ့ရိုဟင်ဂျာက၃သိန်းကျော်တယ်မောင်ထုတ်မခံရတဲ့ရိုဟင်ဂျာကအများကြီးရှိသေးတယ် ဘင်းဂလားသေ့စ်မှာကျန်သေးတာကလဲ၂သိန်းကျော်တယ်ဒါဆိုရင်၁၉၈၀တုံးကရိုဟင်ဂျာ ၂သိန်းခွဲဆိုတဲ့စာရင်းဘယ်ကလာလဲ၊ဒုပြည်ထဲရေးဝန်ကြီးရဲချုပ်ကျော်ကျော်ထွန်းရဲ့အပြောအ ရရဲနဲ့တပ်ရဲ့အစီအစဉ်နဲ့လူမျိုးစုနှစ်စုအတူပူးပေါင်းနေထိုင်နိုင်တဲ့အခြေအနေရှိနေပြီတဲ့ယုံရမှာ လားအမှန်ကိုပြောနိုင်အောင်ကြိုးစားပါအုံး၊ သတင်းမှတ်တမ်းတခုလုံး မှာရိုဟင်ဂျာတွေကသတ်တာမီးရှိုတာတခုမှလဲမတွေ့ရဘူးရခိုင်တွေဘဲလုပ်နေကြတာရိုဟင် ဂျာကိုတင်မဟုတ်ဘူးမရမာကြီးမိသားစုတွေပါသူတို့အကြမ်းဖက်မှုမှာခံခဲ့ရသေးတယ်။

    • Mr TM လူမျိုးတုန်းသတ်တယ်လိုသိလာရင် ကိုနိုင်ငံကို ကိုယ်ပြန်ပါလားဘာလုပ်ဖို့နေတာလေး သူများနိုင်ငံ မှာ ဒါမှ မဟုတ်ရင် မင်းတိုးကိုကယ်တင်ချင်တွယ် လို လာပြီးချစ်ပြနေတယ်မဟုတ်လား လာခေါ်ခိုင်းလိုက်ပါ

  7. Human rights and illegal immigration are different issues. When illegal immigrants want to get benefits, no country on earth, even the US will not offer them that. Burma has been patient enough to let these illegals live for too long until they themselves created violence. And these illegals are crying like babies to the world that genocide happened to them. Fabricating stories will not help them get their agendas. Bengali people belong to Bangladesh and Bengal Province of India, not Burma. The Muslim countries are behaving like the ones who do care about human rights. Shame on them. We no longer want to hear anything about these illegals. Send them home where they belong.