သတင်း

ရခိုင်ပဋိပက္ခ နောက်ဆက်တွဲ စိုးရိမ်မှုများ ရှိနေဆဲ

Hits:1
  | |
Print This Post

စစ်တွေမြို့ရှိ ဒုက္ခသည် စခန်းတခု (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

ရခိုင်ပြည်နယ်တွင် လုံခြုံရေးအခြေအနေ တိုးတက်ကောင်းမွန်လာပြီဖြစ်၍ မိမိတို့ နေရပ်သို့ ပြန်လည် အခြေချနေထိုင်ရန် အာဏာပိုင်များက ပြန်လည်ခေါ်ယူနေသော်လည်း ဒုက္ခသည်များမှာ စိုးရိမ်မှုများရှိနေပြီး မပြန်လိုသေးကြောင်း သိရသည်။

ရခိုင်လူမျိုးများနှင့် မွတ်စလင်များ တဖက်ဖက်က အင်အားများသည့် ရပ်ရွာများတွင် ပြန်လည်နေရာချရန် စိတ်မချသေးသည့်အတွက် မပြန်လိုကြသေးဟု သိရှိရသည်။

မြောက်ဦးမြို့ အလိုတော်ပြည့် ဘုန်းတော်ကြီးကျောင်းရှိ ဒုက္ခသည်စခန်း၌ ခိုလှုံနေသူ ဒေါ်စန္ဒာဦးက “မပြန်ရဲသေးဘူး။ ပြန်လို့လည်း မရနိုင်သေးဘူး ထင်တယ်။ ကျမတို့ ရွာပတ်ဝန်းကျင်မှာက သူတို့ရွာတွေ များကြီးရှိတာ။ သူတို့ရှိ နေသမျှ ကာလပတ်လုံး ရွာကို လုံးဝမပြန်ရဲသေးဘူး။ ရွာပြန်သွားရင် စိတ်ချလက်ချနေလို့ ရနိုင်တာမှ မဟုတ်တာ။ လုံခြုံရေးတွေ ရှိတယ် ဆိုပေမယ့် သူတို့က အချိန်ပြည့် တာဝန်ယူနိုင်မလား” ဟု ပြောသည်။

မွတ်စလင်များ အနေဖြင့်လည်း မိမိတို့ နေရင်းဒေသသို့ ပြန်ရန်ဆန္ဒရှိသော်လည်း စီးပွားရေး၊ လူမှုရေး အခက်အခဲများနှင့် လူမျိုးစုများအကြား စိုးရိမ်မကင်းဖြစ်မှုများ ရှိနေသေးကြောင်း၊ ထို့အပြင် တချို့ဒေသများတွင် မှတ်ပုံတင်နှင့် သန်းခေါင်စာရင်း စစ်ဆေးမှုများ ပြုလုပ်နေသဖြင့် လက်ရှိ နေထိုင်ရာနေရာတွင်ပင် ဆက်လက်နေထိုင်ဖွယ် ရှိနေကြောင်း စစ်တွေမြို့ သဲချောင်းရှိ ကိုစိုးလွင်က ပြောသည်။

အဆိုပါ သဲချောင်းအတွင်း ပေါက်တောနှင့် ကျောက်ဖြူတို့မှ ထွက်ပြေးလာသော မွတ်စလင်များ ရှိနေကြောင်း၊ လက်ရှိ အချိန်တွင် ၎င်းတို့သည် ဒုက္ခသည်စာရင်း မ၀င်သောကြောင့် ထောက်ပံ့ကူညီမှုများလည်း မရရှိကြကြောင်း ၎င်းက ဆက်ပြောသည်။

“သူတို့က ပြန်ဖို့ကိုလည်း ကြောက်နေကြတယ်။ ဒီမှာက ကိုယ့်ဘာသာဝင် အချင်းချင်း ကူညီမှုတွေရတယ်။ အခု ကျောက်ဖြူမှာဆိုရင် ချထားပေးတဲ့နေရာက မြို့နဲ့လည်း အလှမ်းဝေးတယ်။ သူတို့ရဲ့ စားရေးသောက်ရေး အတွက်လည်း အဆင်မပြေမှာ စိုးရိမ်ကြတယ်။ ပြန်ချင်ပေမယ့် မပြန်ရဲကြဘူး။ ဟိုရောက်ပြီးမှ ရိက္ခာပေးမယ့်သူ မရှိရင် ပိုးဆိုးမှာကို စိုးရိမ်ကြတာ။ ပေါက်တောဘက်က လူတွေဆိုရင်လည်း ရခိုင်လူမျိုးတွေ နေထိုင်တာများတော့ သူတို့ရဲ့ လုံခြုံရေးကို ပြန်စိုးရိမ်ကြပြန်ရော။ အစိုးရဘက်က တိတိကျကျနဲ့ သေသေချာချာ စီစဉ်ပေးမယ်ဆိုရင်တော့ သူတို့ ပြန်ချင်နေကြတယ်” ဟု ကိုစိုးလွင်က ပြောသည်။

မွတ်စလင်နှင့် ရခိုင်တိုင်းရင်းသား နှစ်ဖက်စလုံးသည် လုံခြုံရေးတပ်ဖွဲ့များ အကူအညီဖြင့် သွားလာမှုများ ပြုလုပ်နေကြရသော်လည်း လုံခြုံရေး ပြန်လည် ရုပ်သိမ်းသွားလျှင် ထပ်မံဖြစ်ပွားလာမည့်အရေးကို စိုးရိမ်သောကြောင့် ၎င်းတို့နေရပ်ကို ပြန်နိုင်ရန် အချိန်ကြာမြင့်ဦးမည်ဟု ခန့်မှန်းရကြောင်း၊ ၎င်းတို့အနေဖြင့် ပဋိပက္ခဖြစ်ပွားခဲ့သော နေရာများသို့ နေရပ်ပြန် နေထိုင်ကြရန် စစ်တပ်မှ တိုက်တွန်းထားသော်လည်း လူမျိုးစုနှစ်ဖက်အကြား ယုံကြည်မှု မရှိတော့သည်ကို တွေ့ရှိရကြောင်း ရခိုင်လူငယ်ကွန်ရက်မှ ခေါင်းဆောင်တဦးဖြစ်သူ ကိုထွန်းထွန်းက ပြောသည်။

“ပုရိန်ကုန်းရွာဆိုရင် ဘေးပတ်လည်မှာ မွတ်စလင်ရွာတွေပဲ ရှိတာ။ လုံခြုံရေးတွေရှိတယ် ဆိုပေမယ့် အတိုင်းအတာ တခုအထိပဲလေ။ အမြဲတမ်း တာဝန်ယူနိုင်မှာ မို့လို့လား” ဟု ၎င်းက ပြောသည်။

ရခိုင်ပဋိပက္ခ ဒုက္ခသည်များအတွက် အစားအသောက်နှင့် နေမှုထိုင်ရေး ပံ့ပိုးကူညီပေးမှုများသည် တဖြည်းဖြည်း လျော့နည်းစ ပြုလာပြီဖြစ်ကြောင်း၊ ယခုအခါ ဆောင်းရာသီဝင်လာပြီ ဖြစ်၍ ဒုက္ခသည်များအတွက် နေရေးထိုင်ရေး အပ်ချက်များ ပိုမိုများပြားလာပြီဖြစ်ကြောင်းလည်း ကိုထွန်းထွန်းက ဆိုသည်။

၎င်းက ဆက်လက်၍ “ရက်ရှည်လာတော့ အလှူတွေကလည်း ၂၅ ရာခိုင်နှုန်းလောက် လျော့လာတယ်။ အခုဆိုရင် စောင်တို့၊ အနွေးထည်တို့ လိုအပ်လာပြီ။ တချို့လူတွေက အ၀တ်တထည်ကိုယ်တစ်ခုနဲ့ ထွက်ပြေးလာတော့ ဘာမှမရှိကြဘူး။ ကျနော်တို့ကတဆင့် လှူဒါန်းတဲ့သူတွေကိုတော့ ဆောင်းရာသီ လိုအပ်တာလေးတွေ ပိုလှူဖို့ ပြောထားတယ်။ အစိုးရဘက်က ဆန်လေး ဘာလေး လာလှူတာလောက်ပဲ ကြားရတယ်။ တခြား ဘာမှ အကူအညီပေးတာ မတွေ့ရသေးဘူး” ဟု ပြောသည်။

တချို့ရွာများတွင် နေအိမ်များအားလုံး မီးလောင်ပျက်စီးသွားသဖြင့် ၎င်းတို့အတွက် အိုးအိမ်အခက်အခဲများလည်း ရှိနေကြောင်း မြောက်ဦးမြို့ အလိုတော်ပြည့်ဆရာတော်က မိန့်ကြားသည်။


WSJ LIVE VIDEO:

8 Responses

Leave a Reply

  1. ဘင်္ဂလားဒေ့ရှ် နိုင်ငံက လူတွေဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေလောက်ကတည်းက အိမ်နီးချင်း နိုင်ငံတွေနဲ့ အခြားနိုင်ငံတွေဆီကို တရားဝင် ဖြစ်စေ၊ တရားမဝင် ဖြစ်စေ သွားရောက်ပြီး အမြဲတမ်း နေထိုင်ခွင့်ကို လိမ်လည်လျှောက်ထားပြီး ရယူနေခဲ့ကြပါတယ်။
    အဲဒီအထဲက အဖြစ်တခုကတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ လက်ရှိ အာဏာရပါတီ အဝါမီလိဂ် ပါတီဝင်တဦးဟာ ဂျာမနီနိုင်ငံကို သွားရောက်ပြီးတော့ အမြဲတမ်း နေထိုင်ခွင့်ရဖို့ ပွဲစားနဲ့ စီစဉ်ပြီး လိမ်လည်လျှောက်ထားရာမှာ သူဟာ မြန်မာနိုင်ငံကလာတဲ့ နှိပ်စက်ခံ ရိုဟင်ဂျာ ဖြစ်တယ်လို့ ဆိုပါတယ်။ လျှောက်ထားစဉ်အတွင်းမှာ ဂျာမနီအစိုးရက တာဝန်ယူ ထောက်ပံ့ရေးတွေ ပေးထားလို့ အလုပ်မလုပ်ရတဲ့ ဥပဒေ ရှိပေမယ့် သူဟာ အလုပ်ခိုးလုပ်နေတာကြောင့် ခဏခဏ ဖမ်းခံရပါတယ်။ ဒါပေမယ့် ပြန်ပြန်လွှတ်လာပါတယ်။ နောက်ဆုံး ဂျာမနီအစိုးရက သူ့ကို နေထိုင်ခွင့် ချပေးလိုက်ပါတယ်။

    သူ့လိုမျိုး ရထားတဲ့ သူတွေကလည်း ဘင်္ဂလားဒေ့ရှ် အသိုင်းအဝိုင်းက လုပ်တဲ့ ပွဲတွေကို တက်ရောက်ပါတယ်။ သူတို့မိသားစုရှိရာဘင်္ဂလားဒေ့ရှ် နိုင်ငံကို အလည်အပတ် ပြန်ကြပါတယ်။

    သူ့လိုမျိုး ရိုဟင်ဂျာ ဟန်ဆောင်ပြီး လုပ်စားနေကြတဲ့ ဘင်္ဂလားဒေ့ရှှ်် နိုင်ငံသား (၃ဝဝ) ကျော် ရှိနေပြီး နောက်ထပ် (၁ဝဝ) လောက်ကတော့ ဆုံးဖြတ်ချက် မကျသေးပါဘူး။ သူတို့တွေဟာ ဂျာမနီသာမက ပြင်သစ်၊ နော်ဝေ၊ ဆွီဒင်၊ ဒိန်းမတ်၊ အီတလီနဲ့ အခြားနိုင်ငံများစွာတို့မှာလည်း အလားတူ ဇာတ်လမ်းတွေနဲ့ လိမ်လည် လုပ်စားနေကြပါတယ်။

    အံ့အားသင့်စရာ ကောင်းတာကတော့ ဒါကို ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ ပေါ်လစီ ရေးဆွဲသူတွေ ကိုယ်တိုင်က သိရှိနေတဲ့ကိစ္စ၊ အာဏာရပါတီကိုယ်တိုင်က ထောက်ခံပေးနေတဲ့ ကိစ္စပါပဲ။

    ဒါကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေ ဖြစ်တဲ့ မြန်မာအပါအဝင် အခြားနိုင်ငံတွေကို ဘင်္ဂလာဒက်ရှ်တွေ နည်းမျိုးစုံနဲ့ ခိုးဝင်နေကြမှာကို တွေးကြည့်နိုင်ပါတယ်။ သူတို့ဟာ အခုလိုမျိုး ကမ္ဘာပတ်ပြီး လုပ်စားနေကြတယ် ဆိုကတည်းက သူတို့ ပြည်သူတွေကြားမှာ ဒီကိစ္စဟာ ဘယ်လောက်တောင် ရေပန်းစား လူကြိုက်များနေမလဲ.. ပွဲစားတွေ ဘယ်လောက် စီးပွားဖြစ် ကျွမ်းကျင်နေမလဲ.. အစိုးရက မမြင်ချင်ယောင်ဆောင်ပြီး တဖက်လှည့် အားပေးနေမလဲ … စသဖြင့် တွေးဆကြည့်နိုင်ပါတယ်။

    ဒါကြောင့် မြန်မာနိုင်ငံထဲကို ရခိုင်ပြည်ဘက်ကနေ ဘင်္ဂလီတွေ ခိုးဝင်နေကြတာ ပေါ့ဆဆ တွက်လို့ မရနိုင်ပါဘူး။ ခုတောင် ကလေးမြို့မှာ ဖမ်းမိတဲ့ ခိုးဝင် ဘင်္ဂလီတွေ ရှိနေပြီး ခုထက်ထိ ပွဲစားလုပ်တဲ့ ဂိုဏ်းတွေကို မမိသေးသလို ဘယ်နေရာကနေ အစပြု ခိုးဝင်လာသလဲ ဆိုတာကိုလည်း မြန်မာဘက်က မဖော်ထုတ် မတားဆီးနိုင်သေးတာ တွေ့ရပါတယ်။

    စိတ်ပျက်ရလောက်တဲ့ သတင်းဖြစ်ပေမယ့် စိတ်မပျက် အားမလျှော့ကြစေလိုပါ။ အတတ်နိုင်ဆုံး ကာကွယ် တားဆီးဖို့အတွက် အစိုးရနဲ့ ပြည်သူတွေ နားလည်မှုရှိရှိ၊ အမြော်အမြင်ရှိရှိ ပူးပေါင်းလက်တွဲ လုပ်ဆောင်ရင် သေချာပေါက် အောင်မြင်နိုင်မယ့်ကိစ္စ ဖြစ်ပါတယ်။

  2. ဘာကြောင့်ဘင်ဂလားသေ့စ်နိုင်ငံကိုအပြစ်ရှာနေတာလဲဗမာတွေလဲအနောက်တိုင်းနိုင်ငံတွေမှာ ဒီလိုဘဲလိမ်ပြီနိုင်ငံသားလျှောက်နေတာဘဲယိုးဒယားမှာဆိုရင်ပိုဆိုးပေါ့မြန်မာပြည်ကတိုင်းရင်းသားပေါင်းစုံ ၁၀ နှစ်ကတ်ရဘို့အတွက်ဘတ်ငွေ ၂သောင်းကနေ ၃သောင်းအထိပေးပြီနေထိုင်ခွင့်ရအောင်လုပ်နေကြတာဘဲကိုယ့်နိုင်ငံရဲ့အခြေအနေပေါ်မှာမူ တည်တာဘဲ၊ကိုယ်ကိုတိုင်လဲဂျာမနီမှာဒီလိုဘဲနေထိုင်ခွင့်နဲ့နေတော့ဒီဇာတ်လမ်းကိုရေးနိုင် တာပေါ့၊ကရင်ဒုက္ဒသယ်တွေနံမယ်ခံပြီးအနောက်တိုင်းကိုရောက်သွားတဲ့ဗမာတွေအများ ကြီးရှိပါတယ်၊ကိုယ့်မျက်စိကမျက်ချီးတွေကိုအရင်ဆေးလိုက်ပါအုံး၊မျက်စိရှင်းသွားရင်လော ကကြီးလှပလာပါလိမ့မယ်။

    • To Mr TM,
      ဘင်္ဂလားဒေ.၇ှ်.ကို ထိတာနဲ.မခံမ၇ပ်နိုင် တုန်.ပြန်နေတာဘာသဘောပါလဲ..ကိုယ်.မျက်ချေး
      ကိုယ်အ၇င်ကြည်.ပြီးမှသူတပါးကိုဝေဖန်ပါလို.ဆိုပြီးတော.ကိုယ်တိုင်ကတော.တလွဲလုပ်နေ
      တယ်..mr tm က မြန်မာလား? ဘင်္ဂလားဒေ.၇ှ်.နိုင်ငံသားလား? မြန်မာေ၇သောက်.မြန်မာ
      ဆန်စားပြီး..ဘင်္ဂလားဒေ.၇ှ်.ကိုကာကွယ်နေတာ၇ှက်တက်၇င် လဲသေလို.၇နေတယ်..အ၇င်
      တခါကလည်းအေ၇ာဝတီက ကျတော်.ကွန်မန်းကိုမဖော်ပြပေးပါ..အခုမဖော်ပြပေးလဲ ၇ပါ
      တယ်..အေ၇ာဝတီဟာဘာလဲဆိုတာလူတိုင်းနားလည်ပါတယ်

      မွန်ပြည်နယ်သားတစ်ဦး

    • သိဒ္ဓိမောင်

      ဘင်္ဂလားအကြောင်းပြောနေတဲ့သူတွေ ဘင်္ဂလားကိုရောရောက်ဖူးလို့လား၊ ဘင်္ဂလားဘက်ကနာနေရအောင် ဘင်္ဂလားအကြောင်းဘယ်လောက်သိလို့လဲ၊ စားစရာမရှိရတဲ့အထဲ ကလေးတွေတပြုံကြီးမွေး၊ မိန်းမတွေ ယူ သားဖေါက်လုပ်ငန်းလုပ်နေသလားမှတ်ရတယ်၊သွားကြည့်လိုက်ပါ၊ရောက်ဖူးအောင်၊လေ့လာရအောင်ပေါ့၊အနာဂတ်ဆိုတာဘာမှန်းမသိပဲ အခုလည်းလောက်ငှအောင်မကျွေးနိုင်၊အဲတာကို ကလေးတွေ မွေးထားတာ အများကြီး၊ မိန်းမက ကိုယ်ဝန်လွယ်ထားသေးတယ်၊ မွေးထားတဲ့ကလေးတွေအရွယ်ရောက်ရင် သူများနိုင်ငံထဲခိုးဝင်ခိုင်းမယ့်အနာဂတ်ပဲဖြစ်လိမ့်မယ်ထင်တယ်၊သားသမီးပညာရေး အနာဂတ်ရေရှည်ကောင်းမွန်စွာ၊လူတန်းစေ့စွာရပ်တည်ရေးအတွက်စဉ်းစားရင် အဲလိုမိသားစုမှာ ကလေး၂ယောက်ထက်၊ မိန်းမ၁ယောက်ထက် ပိုရှိစရာအကြောင်းမရှိဘူး၊အဲလိုမိသားစုတွေ များလို့ population က သန်း၂၀၀ ကျော်နေတာ…. ၊တိုင်းပြည်က သေးသေးလေး၊ ပီးတော့နိုင်ငံတကာကို လက်ဖြန့်တောင်းနေရတာ၊အဲတာ ဘင်္ဂလားအကြောင်းတစေ့တစောင်းပါပဲ…ဆက်မပြောတော့ပါဘူး။ပြောရမယ်ဆို ဆုံးမှာမဟုတ်ဘူး ။ဘင်္ဂလားဘက်ကနာနေရင် အဲနိုင်ငံမှာ လိုအပ်နေတာတွေကို အလုပ်အကျွေးသွားပြုလိုက်ပါ၊လက်တွေ့ကျကျကူညီလို့ရတာပေါ့။

    • မြန်မာ တိုင်းရင်းသူ

      တခြားနိုင်ငံတွေမှာ နေခွင့်တောင်းထားတဲ့ မြန်မာပြည်က လူတွေက အေးအေးဆေးဆေးနေတယ်။ အဲသည်တိုင်းပြည်မှာ နေခွင့် အလုပ်လုပ်ခွင့်ပဲ တောင်းတယ်။ တိုင်းရင်းသား မတောင်းဘူး။ နယ်မြေ မတောင်းဘူး။ နောက်နောင်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တောင်းပြီး နိုင်ငံငယ် ခွဲထုတ်သွားမှာ မစိုးရိမ်ရဘူး။ အိမ်ရှင်နိုင်ငံသားတွေကို လည်လှီး မသတ်ဘူး၊ မုဒိန်း မကျင့်ဘူး၊ အိမ်တွေ မီးမရှို့ဘူး။ အေးအေးဆေးဆေး အလုပ်လုပ်၊ ကိုယ့်ထမင်း ကိုယ်ရှာစားနေတာတွေ။

    • Mr.TM, just use common sense , Bangladesh has been facing population explosion, there is no place left to live on and to plant on. Bangladesh can not feed her all mouths.Bg is facing serious population problem. The whole world know this. The country can not support her people any longer, and her government aware of it. So, people look for any where to go, and the government let them.Because Bangladesh government knows there will be all possible serious problem in near future . I know this , because i lived there.

      • I agree with mg mg u.
        The source problem is baby producing machine.
        The policy or culture that give a lot of birth.
        To solve the problem, the Bangladesh government need to control population ( pregnancy ) Like china.
        ” One child one family “.
        ” One child one family ” policy make a beautiful society.
        This is better for Bangladesh and the world.

  3. မင်းကြီးညို

    mr TM ကို သဘောမတွေ့ဘူး။ ခင်ဗျားဟာ သတင်း ဆောင်းပါး အယ်ဒီတာ့အာဘော် စသည်
    ဖြင့် စုံနေအောင်ကွန်မင့်တွေလိုက်ရေးနေတာပဲ။ ရေးတိုင်းလဲ မွတ်စလင်ဘာသာဝင်တွေကို
    ဘက်လိုက်ပြီး ရေးနေတာပဲ။ ခင်ဗျားတို့မွတ်စလင်ဘာသာဝင်တွေအများစုနေထိုင်တဲ့ဘင်္ဂလား
    ဒေ့ရှ်နိုင်ငံဟာ ဧရိယာကျဉ်းကျဉ်းလေးမှာ လူဦးရေပြွတ်သိပ်ပြီးများနေတော့ တခြားနိုင်ငံတွေ
    ထဲကို ခိုးဝင်ကြတယ်။ မူရင်းအိမ်ရှင်နိုင်ငံသားတွေကို ပြဿနာရှာ အုပ်စုဖွဲ့ရန်ရှာ၊ အိမ်ရှင်နိုင်ငံ
    သားတွေ မနေရဲလို့ထွက်ပြေးသွားတဲ့အခါ မြေယာတွေကိုသိမ်းယူကြတယ်။ ကျွန်တော်တို့ရခိုင်
    ဒေသကိုတော့ ကိုဆိုဗိုနိုင်ငံလိုအဖြစ်မခံနှိုင်ပါဘူး။ခင်ဗျားကမွတ်စလင်ဆိုတော့ကြေနပ်မှာပေါ့