ယာယီ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး သက်တမ်း ထပ်တိုး | ဧရာဝတီ
သတင်းတို

ယာယီ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး သက်တမ်း ထပ်တိုး

Hits:431
  | |

ထိုင်းနိုင်ငံ၌ ရောက်ရှိနေသည့် မြန်မာ အလုပ်သမားများအတွက် ယာယီ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး လုပ်ငန်းစဉ်ကို ၃ လ ထပ်မံ တိုးမြှင့် ပေးလိုက်ကြောင်း သိရသည်။ ပြီးခဲ့သည့် ရက်ပိုင်းက သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ် ယင့်လပ် ရှင်နာဝပ်တို့ တွေ့ဆုံစဉ် ထိုင်းဝန်ကြီးချုပ်က ၃ လ သက်တမ်းတိုးရန် ကတိပေး လိုက်ခြင်း ဖြစ်သည်။ ထိုင်းအစိုးရ အလုပ်သမား ၀န်ကြီးဌာနက ယင်း လုပ်ငန်းစဉ်သည် ဒီဇင်ဘာ ၁၄ ရက်၌ သက်တမ်းကုန်ဆုံးပြီ ဖြစ်၍ ထပ်မံ သက်တမ်းတိုးခြင်း မပြုတော့ကြောင်း မကြာသေး ခင် က ကြေညာထားသည်။ ထိုင်းနိုင်ငံအတွင်း၌ မြန်မာရွှေ့ပြောင်းလုပ်သား ၂.၅ သန်းခန့်ရှိပြီး အလုပ်သမား ၁ သန်းခန့်သည် မှတ်ပုံတင် မပြုလုပ်ရသေးဟု ခန့်မှန်းကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။


One Response

Leave a Reply

  1. မင်းကြီးညို

    သမ္မတကြီးရဲ့ကျေးဇူးပေါ့ဗျာ။ နိုင်ငံ့ခေါင်းဆောင်အချင်းချင်း ညှိနှိုင်းဆွေးနွေးလုပ်ကိုင်ကြတော့
    မြန်မာအုပ်သမားတွေအတွက် အဆင်ပြေသွားတာပေါ့။ ဒီနေရာမှာ နိုင်ငံ့ခေါင်းဆောင်မဖြစ်
    သေးတဲ့ ပါတီခေါင်းဆောင်တယောက်က ညှိနှိုင်းတယ်ဆိုရင်တော့ အောင်မြင်မှာ မဟုတ်ဘူး။
    မြန်မာစကားပုံမှာ ဒူးနေရာဒူး၊ တော်နေရာတော်တဲ့။ ဆုံးဖြတ်လုပ်ပိုင်ခွင့်ရှိသူအချင်းချင်းနဲ့လုပ်
    ဆောင်မှသာ အဆင်ပြေမယ်ဆိုတာ သတိပြုသင့်ပါတယ်။