တရားမ၀င် ကုန်သွယ်သူများ တရားစွဲဆို အရေးယူရန် ဒု သမ္မတ ညွှန်ကြား | ဧရာဝတီ
စီးပွားရေး

တရားမ၀င် ကုန်သွယ်သူများ တရားစွဲဆို အရေးယူရန် ဒု သမ္မတ ညွှန်ကြား

Hits:15,693
  | |

မြ၀တီ-ရန်ကုန် လမ်းကြောင်းပေါ်ရှိ ညောင်ခါးရှည်ဂိတ်တွင် ရွေ့လျားစစ်ဆေးရေးအဖွဲ့က ကုန်စည်များကို စစ်ဆေးနေစဉ် (ဓာတ်ပုံ – ကျော်ဖြိုးသာ / ဧရာဝတီ)

နယ်စပ်ဒေသမှ ပြည်တွင်းသို့ တရားမ၀င် ကူးသန်းရောင်းဝယ်နေသော ကုန်သွယ်သူများ အားလုံးကို ဒီဇင်ဘာလ ၃၁ ရက်နေ့မှ စတင်ပြီး ဥပဒေနှင့်အညီ တရားစွဲဆို အရေးယူသွားရန် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ညွှန်ကြားထားကြောင်း သိရှိရသည်။

ဒု သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး ရာထူးမှ နုတ်ထွက်သွားပြီးနောက် ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ကုန်သွယ်ရေးနှင့် သက်ဆိုင်သော ကဏ္ဍကို လွှဲပြောင်းတာဝန်ယူခဲ့ကြောင်း၊ ယင်းနောက် တရားမ၀င် ကုန်စည်စီးဆင်းမှုကို ဟန့်တားနိုင်ရေးအတွက် ၀န်ကြီးဌာနများနှင့် ဒေသခံ တိုင်း/ပြည်နယ် အစိုးရများပါဝင်သော အထူးအစည်းအဝေးများ ဆက်တိုက်ကျင်းပပြီး ရွေ့လျားစစ်ဆေးရေး အဖွဲ့များ ဖွဲ့စည်းစေခဲ့ကြောင်း၊ ယင်းအဖွဲ့များသည် တရားမ၀င် ကုန်သွယ်မှုများကို ရှာဖွေဖမ်းဆီးပြီး ပထမအဆင့် ပညာပေးခြင်းများ ပြုလုပ်စေကာ ပညာပေးကာလ ကျော်လွန်ပါက တရားမ၀င် ကုန်ပစ္စည်းများကို ဖမ်းဆီးအရေးယူခြင်း၊ တရားမ၀င် ကုန်သွယ်သူများကို ဖော်ထုတ် တရားစွဲဆိုခြင်းများ ပြုလုပ်ရန် ဒေါက်တာ စိုင်းမောက်ခမ်းက ညွှန်ကြားထားကြောင်း ၀န်ကြီးဌာနများထံမှ သတင်းရရှိသည်။

ရွေ့လျားစစ်ဆေးရေးအဖွဲ့တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် မီဒီယာများ ပါဝင်ကြောင်း သိရှိရသည်။

“Mobile Team တွေနဲ့ ကုန်ကားတွေကိုစစ်ပြီး တရားမ၀င် ကုန်သွယ်တာတွေကို ပညာပေးနေပါတယ်။ ပညာပေးကာလ ၃ လ သတ်မှတ်ထားတာ လာမယ့် ဒီဇင်ဘာလ ၃၁ ရက်နေ့ဆိုရင် ပညာပေး ကာလသက်တမ်း ကုန်ပါပြီ။ အဲဒါကြောင့်မို့လို့ နောက်ပိုင်းဆိုရင်တော့ တရားမ၀င် ကုန်သွယ်တာတွေကို ပြည်သူ့ဘဏ္ဍာသိမ်းမယ်။ တရားမ၀င် ကုန်တွေတင်လာတဲ့ ကားဒရိုင်ဘာ၊ စပယ်ယာ၊ နောက်ကွယ်ကနေ တရားမ၀င် ကုန်သွယ်တဲ့သူ တွေအားလုံး ဖော်ထုတ် အရေးယူသွားဖို့ ရှိပါတယ်” ဟု မြ၀တီ-ရန်ကုန် လမ်းတလျှောက်တွင် စစ်ဆေးရေး ဆောင်ရွက်နေသော နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနမှ  ဒု ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက ဧရာဝတီသို့ ပြောသည်။

လတ်တလော စစ်ဆေးချက်များအရ တရားမ၀င် ကုန်သွယ်မှုများကို စစ်ဆေးလျက်ရှိရာတွင် ပုံစံနှစ်မျိုးဖြင့် ကုန်သွယ်နေသည်ကို တွေ့ရှိရကြောင်း၊ ကန့်သတ် ကုန်ပစ္စည်းများကို တရားမ၀င် သယ်ယူခြင်းနှင့် ခွင့်ပြုထားသော ကုန်ပစ္စည်းများကို လိုင်စင်မလျှောက်ဘဲ တင်သွင်းခြင်း နှစ်မျိုး တွေ့ရကြောင်း သိရှိရသည်။

“အရက်၊ ဘီယာ၊ ဝေဖာ၊ တရားမ၀င် ဆေးဝါးအပါအ၀င် ကန့်သတ်ပစ္စည်း ၁၅ မျိုး တင်သွင်းခွင့် ပိတ်ပင်ထားတယ်။ အထူးသဖြင့် ထိုင်းနိုင်ငံထုတ် အရက်၊ ဘီယာတွေ အများဆုံး သယ်ကြတယ်။ လောလောဆယ်တော့ တနေ့ကို သိန်းရာဂဏန်းဖိုးလောက် ဖမ်းမိတယ်” ဟု ဦးသိန်းထွန်းဦးက ဆိုသည်။

ဖမ်းဆီးရရှိသည့် ကန့်သတ်ကုန်ပစ္စည်းများတွင် ထိုင်းနိုင်ငံထုတ် Chang (ဆင်နှစ်ကောင်) ဘီယာ၊ Spy ဝိုင်၊ Singha ဘီယာများ အများဆုံး ဖမ်းဆီးရရှိနေသည်ဟု သိရှိရသည်။

တရားဝင် လိုင်စင်ထုတ်ပေးလျက်ရှိသော ကုန်ပစ္စည်းများကို လိုင်စင်မလျှောက်၊ အခွန်မဆောင်ဘဲ သယ်ယူမှုကိုလည်း နေ့စဉ် စစ်ဆေးဖမ်းဆီးရရှိကြောင်း သိရသည်။

ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၏ ရွေ့လျားစစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်းပြီး စစ်ဆေးခိုင်းသည့် စီမံချက်အပေါ် ကုန်သည်များနှင့် ပြည်ထောင်စု ၀န်ကြီးများအကြား မကျေလည်မှုများ ရှိနေကြောင်း၊ အထူးသဖြင့် ကုန်သွယ်မှု စီးဆင်းရေးကို အဟန့်အတားဖြစ်စေပြီး လာဘ်ပေးလာဘ်ယူမှုများ တကျော့ပြန် ဖြစ်ပေါ်လာနိုင်သည်ဆိုသော စိုးရိမ်မှုရှိကြကြောင်း၊ လတ်တလောတွင် နယ်မြေ အေးချမ်းမှုမရှိသည့် ဒေသများ၌ ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၏ စီမံချက်မှာ မအောင်မြင်ကြောင်း သိရှိရသည်။

“နယ်မြေအေးချမ်းမှု မရှိတဲ့ဒေသတွေမှာ Mobile Team ရဲ့ စစ်ဆေးမှုတွေက မအောင်မြင်ဘူး။ လုံခြုံရေးအရ နေ့ဘက်ပဲ စစ်ပြီး ညဘက်တွေမှာ Mobile Team က ကုန်ကားတွေကို မစစ်ရဲဘူး။ အဲဒီတော့ ညဆိုရင် တရားမ၀င် ကုန်သွယ်ကားတွေ တန်းစီပြီး ထွက်ကြတယ်။ မူဆယ်လမ်းကြောင်းမှာဆိုရင် ရှောင်ကွင်းလမ်းတွေက များတယ်။

ရှောင်ကွင်းလမ်းတွေမှာကလည်း ဒေသခံအာဏာပိုင်တွေပဲ ဂိတ်ဖွင့်တောင်းနေကြတာ။ အပေါ်က တင်းကျပ်လေလေ အောက်မှာက ပိုပြီးအလုပ်ဖြစ်နေတာတွေ အများကြီးပဲ” ဟု နယ်စပ်ဒေသနှင့် ဆက်စပ်ကုန်သွယ်နေသူ ကုန်သည်တဦးက ရှင်းပြသည်။

ရွေ့လျားစစ်ဆေးရေး အဖွဲ့များ ဖွဲ့စည်းပြီး တရားမ၀င် ကုန်သွယ်မှုများ စစ်ဆေးပြီးနောက် တရားဝင် ကုန်သွယ်မှု ပမာဏအနည်းငယ် မြင့်တက်လာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနထံမှ သိရှိရသည်။

ရွေ့လျားစစ်ဆေးရေး အဖွဲ့တွင် ပါဝင်တာဝန်ထမ်းဆောင်သည့် အစိုးရ၀န်ထမ်းများသည် အဖွဲ့တွင် တာဝန်မထမ်းဆောင်မီ ပိုင်ဆိုင်မှုများ တင်ပြကြေညာရကြောင်း သိရသည်။


WSJ LIVE VIDEO:

16 Responses

Leave a Reply

  1. တရားဝင်ဖြစ်အောင်လုပ်ပေးလိုက်ပါ။ နိုင်ငံတကာလုပ်နည်းတွေလည်းလေ့လာကြပါအုန်း။
    မဆလ ကတည်းက လုပ်လာခဲ့တာ။ ဘယ်မှာအောင်မြင်လို့  လည်း။
    တစိတ်ရှိ ဖမ်းမယ်/သိမ်းမယ် လုပ်နေတာဘယ်သူတွေနစ်နာမှာလည်း?ဘယ်သူတွေအကျင့်ပျက်မှာလည်း?ဘယ်သူတွေဆုံးရှူံးမှာလည်း?
    အားလုံးက ကိုယ့်နိုင်ငံသားတွေပဲမဟုတ်လား?
    မူးယစ်ဆေးဝါး/လက်နက်ခဲယမ်း/လူမှောင်ခိုတွေပဲနိုင်ငံတကာမှာဖမ်းကြတာပါ။
    စကာတစ်ခွန်းကြားဘူးမှာပါ။ တပိုင်တစ်စပဲဖော်ပြပါမယ် “ပြည်ဝမ်းကို မဖောက်ရာတဲ့” မင်းကျင့်တရားနဲ့ ညီအောင်ကျင့်ဖို့ လုပ်ကြပါအုန်း
    အာဏာရှင်တွေရဲ့ လုပ်နည်းတွေကိုမစွန့် လွှတ်နိုင်သေးဘူးလား? လက်ပန်းတောင်းတောင်မှာလည်း မှားခဲ့ ကြပြီးပြီ။
    အခုလည်းထပ်မှားကြအုန်းမှာလား?
    ပညာရှင်တွေနဲ့ သေသေချာချာ ဆွေးနွေးပြီး ဒီထက်ကောင်းတဲ့/အားလုံးကောင်းမဲ့ (win win situation) ကိုရွေးသင့်ပါတယ်။
    ပြည်သူအသံကိုနားထောင်မယ်ဆိုလို့ ပြည်သူတစ်ယောက်အနေနဲ့ တင်ပြလိုက်တာပါ။

  2. တရားစွဲတော့ တရားရုံးတွေ အလုပ်ဖြစ်တာပေါ့။ လာဘ်စားမှူ တိုက်ဖျက်နေတာလား? လာဘ်စားမှူ တိုးပွားအောင်လုပ်နေတာလား?

  3. သြော် ပွင့်လိုက် ဖွင့်လိုက် စားလိုက်။ အချိန်ကိုက်ကို ဖြစ်လို့။ တိုင်းပြည်မှာ လူကြီးဆိုတဲ့လူတွေနား ကပ်ပြီး ပေါင်းစား လုပ်စား များ စားလို့ဝသွားမှ သူများ လုပ်တာ လိုက်လုပ်တဲ့သူများ အဖမ်းခံရတော့မည်။ တိုင်းပြည်မှာ ဥပဒေဆိုတာ တစ်ခုထည်းရှိတယ် ဆိုပေမယ့် မတူညီတဲ့ လများ အတွက် ညွှန်ကြားချက် တွေ အမျိုးမျိုးကွဲပြားတယ် ဆိုတယ် ပြည်သူတွေ သိသွားပြီ မဟုတ်လား။ ဒါတို့မြေပါ တို့ဘိုးဘွားတွေ တည်ထောင်ခဲ့တဲ့ မြေပါ။ လူတစ်စု အတွက် မဟုတ်ပါဘူး။ စာနယ်ဇင်းတွေ မျက်နှာလိုက် ရင်တော့ ပြည်သူလူထု က ကိုယ့်လမ်းကြောင်း ကိုယ်လျှောက် ရပါတော့မည်။ နောက်ပြည်လှန့်မည်ဆိုသော လူဆိုးကြီးကို ငဲ့နေရ သ၍ ပြည်သူများ ဆက်လက်ဒုက္ခ ရောက်နေဦးမည် ဖြစ်ပါသည်။။။

  4. ကုန်တွေချစစ်တာတွေ့ ရတယ်။ ကုန်တင်ကုန်ချခတွေဘယ်သူပေးမှာလည်း? စားသုံးသူတွေပဲကျခံရမယ်ထင်တယ်။
    တိုင်းပြည်က အခွန်ဘယ်လောက်ရမလည်းတော့ မသိဘူး။ ပြည်သူလူထု အိပ်ထဲကတော့ပါမှာသေချာတယ်။ ကုန်ဈေးနှူန်းကျဆင်း ရေး ကတော့ ဝေးအုန်းမှာပဲ။ ဆင်းရဲမှူတိုက်ဖျက်ရေးက ဒါလား။

  5. ယာဉ်မောင်းတွေ/စပယ်ယာတွေပါ တရားစွဲမယ်ဆိုပါလား ကြောက်စရာကြီးပါလား။
    အဲဒီ ကုန်စည်တွေကိုပါသုံးမယ့် သူတွေကိုပါ အရေးယူ တော့မလားမသိဘူး။ နောင်ဆိုရင်ပြောတာပါ။
    အမိန်ပေးတဲသူ နဲ့  စစ်ဆေးနေတဲ့သူတွေ ကတော့ အဲဒီ ကုန်စည်တွေ မသုံးပဲ ပြည်တွင်းဖြစ်တွေပဲသုံးကြတယ်ထင်ပါတယ်။
    သူတို့ အိမ်တွေမှာ ရှိတဲ့ အသုံးအဆောင်တွေကတော့ အခွန်ဆောင်ပြီး သားတွေပဲဖြစ်မယ်ထင်ပါတယ်။

  6. တရားမဝင် ကုန်သွယ်မှု ပပျောက်ရန် ပြည်တွင်းထွက်ကုန်မှအပ ကျန်လူသုံးကုန်အားလုံး(မူးယစ်ဆေးဝါးနှင့်လက်နက်မပါ) သင့်တော်သော အခွန်သတ်မှတ်ပေး စေခြင်သည်။

  7. How about the big compaines?
    Like ” Shwe than lwin ” ?
    You dare to touch them ?

  8. As long as drugs and arms smuggling do not happen, give them citation and let them pay the fines. Unloading this much from the truck seems illogical. It does not seem like the truck is loaded with expensive goods. Tax evasion and violation of traffic law, just write citations and let them pay at the proper locations. Bribery and handing cash to the officers must not be allowed at all time.

  9. ကုန်သည်တဦး

    တရားမ၀င် လမ်းကြောင်းက ယနေ့  တိုင်ပျောက်ပျက်သွားခြင်းမရှိသေးပါ။ ထို့ အတူ လာဘ်ပေးလာဘ်ယူလဲ ပို တိုးတက်နေပါသည်။ တရားဝင်အခွန်ပေးဆောင်ရပြန်သော်လည်း ကုန်သည်ကြီး များ မှအပ ကျန်ကုန်သည်လေးများ အတွက် အခွန်နှုန်းထားမှာ မသက်သာပါ။ဂျူတီဆောင်လျှင် one stop service ဆိုသော်လည်း တင်သွင်းကုန်အမယ်သစ်ဖြစ်လျှင် ရက်ပေါင်းများစွာ စောင့်ဆိုင်းရပြန်ပါသည်။ကုန်သွယ်ရေးဇုန်မှ ခွင့်ပြုချက်ရယူပြီး တရားဝင်ထွက်ခွာလာသော ကုန်တင်ယာဉ်တိုင်းကို mobile team အဖွဲ့  တည်ရှိရာနေရာတွင် စစ်ဆေးခံရန် နာရီပေါင်းများစွာ စောင့်ဆိုင်းရခြင်း၊ ကုန်ပစည်းများ တင်ချခြင်း တို့ ပြုလုပ်ရခြင်း အတွက်ကြောင့် မလိုလားအပ်သော အချိန်ကြန့် ကြာမှုများ ဖြစ်ပေါ်လျက်ရှိပါသည်။ mobile teamဟုဆိုသော်လည်း နေရာအတည်တကျ ယူထားခြင်း၊ကုန်တင်ယာဉ်+လူစီးယာဉ် များအားလုံး အားစစ်ဆေးသောကြောင့်ခရီးသွားလုပ်သားပြည်သူများနှင့်ကုန်သည်များမှာ စိတ်အနှောက်အယှက်ဖြစ်ရုံသာမက ကုန်စည်မြန်ဆန်စွာ စီးဆင်းရေးအတွက် အတားအဆီးတခုဖြစ်နေပါသည်။ထိုမျှမက သက်ဆိုင်ရာအာဏာပိုင် များနှင့် ရင်းနှီးစွာ ပတ်သတ်သောကုန်သည်ကြီးများအတွက် mobile team မှာအသုံးမ၀င်ပါ။ ကုန်သည်များမှာ ပစည်းစစ်ဆေးချိန်တိုတောင်းသက်သာရန်အတွက် လာဘ်ငွေပေးကာ သွားလာရနေကြောင်း… ထို့ ကြောင့် ကုန်ဈေးနှုန်းကျဆင်းရန်မှာ လုံးဝ.. လုံးဝ… မဖြစ်နိုင်ပါ။ Mobile team အလိုမရှိ။။။။။

  10. မောင်ထင်းရှုး

    အလကား လျှောက်လုပ်နေတာ

  11. လက်ရှိအဆင်ပြေနေတဲ့ ကားတင်သွင်းခွင့်ပြု တဲ့ ဥပမာ လိုအားလုံးနီးပါးအဆင်ပြေမယ်နည်းလမ်းမျိုးတွေကို ရွေးချယ် ပြီး တင်သွင်းသူလည်းအဆင်ပြေ
    နိုင်ငံတော်လည်းအခွန်ရ တာဝန်ရှိသူတွေလည်းလုပ်ကိုင်ရ တာထိမ်းချုပ်ရတာ ပိုလွယ်ကူလာ
    အောင်စဉ်း စားရအမဲ့ အစား မအောင်မြင်နိုင်တဲ့ နည်းလမ်းဟောင်း တွေသုံး မအောင်မြင်တော့
    ဟိုလူ လွဲချ ဒီလူလွဲချ နောက်ဆုံးအောက်က၀န်ထမ်းတွေ ပဲအပြစ်ပုံချ ထောင်ထဲထည့်အဲဒီ
    ဆေးခါးကြီးတွေကို ရပ်တန့်သင့်ပြီထင်ပါတယ်။

  12. ရန်ကုန်သား

    ဒေါက်တာစိုင်းမောက်ခမ်းခင်ဗျား ..
    သေဌေးကြီးတဦးပိုင်တဲ့ ရန်ကုန်က ဆိပ်ကမ်းကို သွားကြည့်စေလိုပါတယ်။
    “တံခါး မရှိ ၊ ဒါးမရှိ” ဇာတ် နဲ့ “ရွှေသမင် ဘယ်ကထွက်”ဇာတ်များ ဆက်လက်ပြသဆဲပါ။

  13. mobile teams အဖွဲ့ ဝငိများရှဲ့  ပိုင်ဆိုင်မှု ကို တာဝန်မထမ်းဆောင်ခင် ကြေငြာ ခိုင်းတော့ကော ဘာထူးလာမှာလည်း နောက်ပိုင်မှရ တာတွေကို အခြာနည်းတွေများစွာ နဲ့ သိမ်းထားမှာပေါ့။ ဒါမျိုးက စစ်အစိုးရ လက်အောက်မှာ နှစ်ပေါင်း ၂၀ ကျော် နေလာတော့ လူတိုင်းလုပ်တပ်နေပါပြီ။တခြာနည်း ကို ပြောင်ပြီးစဉ်းစားကြည့် ပါဗျာ။

  14. I don't know nothing

    တကယ်လုပ်ရမှာက နယ်မြေ တစ်ခု ကို One Gate system (Import Gate and Export Gate)
    Import and Export check point and approved (Share duty and Management systems)

    1)Myanmar custom check for quantity, weight, company name and address, importer license and shipper name, shipping agent name etc….,(must sign approved letter by name and position) records with network system
    After That
    2)Myanmar FDA check for Quality Control, Expire date, if necessary check fo lab test (importer must pay fee for test fee)…….ect, dangerous foods or any items not allow to export to Myanmar (We are human being, We don’t want to eat animal food)……(must sign approved letter by name and position) records with network system
    then
    3) Paid for duty fee or any other fee, Myanmar Tax Revenue must be received for payment
    (must be sign approved letter by name and position) records with network system
    Before leave the Gate
    4) Check for make sure everythings is correct paper then log tag with security number by records
    ( if log tag is broken or something wrong that is different case) kept it all import items.
    After all finished, can leave the custom gate.
    5) Every 100 miles must be stop by weight stations (records with camera and data network) if somethings wrong,duty officer must be report to highway police.
    6) Only highway police can stop which truck is not right then check for paper work and log tag numbers ( if somethings wrong that’s they are case)
    7) Any Final destination all trucks must be going to stop at custom port , Example (Yangon custom port or any city port) must be recheck for all corrected paper and weight everythings same before quality and quantity and log tag numbers and fees.
    After pass everything they can ship/delivery by anywhere they want.
    Our peoples and Country be safe.

    ***Don’t care about for နယ်စပ် ကုန်သည်ကြီးများ အသင်း , try to make our peoples trouble and rape money from our country. also they are trying to control for our country exchange rate too. So sorry for say like that, It’s true.***

  15. အထက်လူကြီးတွေကတော့ ဖမ်းဖို့ဘဲ လွယ်လွယ်နဲ့အမိန့်ချဖို့ဘဲလုပ်တတ်တယ်
    နယ်စပ်က တပိုင်တနိုင်လုပ်စားတဲ့လူတန်းစားက၉၉% လောက်ရှိတယ် လူတွေအဆင်ပြေအောင် ဘယ်လိုလုပ်ပေးရမယ် မရှိဘူး အောက်ခြေအထိဆင်းကြည့်ခံစားကြည့်ပါ ဒုသမ္မတ ရေ …ရှမ်းပြည်အရေးဘာတခုမှလုပ်မပေးနိုင်
    နယ်စပ်က အကောက်ခွန်ကလူတွေက ရိုင်းမှရိုင်း မသိလို့နားမလည်လို့သွားမေးရင် ဟောက်ထုတ်ခံရတယ် ဖမ်းမယ်စီးမယ်ထပ်လုပ်ရင် ပြည်သူကတော့ ပိုငတ်ဒုက္ခရောက်ဖို့ဘဲရှိတယ်