ဆန္ဒပြမှုများကြောင့် ရင်းနှီးမြှုပ်နှံသူများ နောက်တွန့်မည်ကို စီးပွားရေး လုပ်ငန်းရှင်များ စိုးရိမ်နေ | ဧရာဝတီ

ဆန္ဒပြမှုများကြောင့် ရင်းနှီးမြှုပ်နှံသူများ နောက်တွန့်မည်ကို စီးပွားရေး လုပ်ငန်းရှင်များ စိုးရိမ်နေ

  | |

ယခုနှစ် စက်တင်ဘာ လဆန်းပိုင်းက တွေ့ရသော လှိုင်သာယာ စက်မှုဇုန် ၄ ရှိ SMK အထည်ချုပ်စက်ရုံမှ ဆန္ဒပြ အလုပ်သမားများ (ဓာတ်ပုံ – ခင်သြ / ဧရာဝတီ)

မြန်မာနိုင်ငံကို နိုင်ငံတကာက အာရုံစိုက်မှု များပြားလာချိန်တွင် သဘာ၀၀န်းကျင် ထိန်းသိမ်းရေး တက်ကြွ လှုပ်ရှားသူ များက ဦးဆောင်၍ စီမံကိန်းများနှင့် ပတ်သက်သည့် ဆန္ဒပြမှုများ မကြာခဏ ပြုလုပ်နေသည့်အတွက် ဝင်ရောက်လာမည့် ရင်းနှီးမြှုပ်နှံမှုများအပေါ် အဟန့်အတား ဖြစ်လာမည်ကို တချို့သော ပြည်တွင်း စီးပွားရေး သမားများက စိုးရိမ်နေကြောင်း သိရသည်။

နိုင်ငံတနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် စက်မှုကဏ္ဍ ထူထောင်ရေး အရေးကြီးကြောင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများက စက်ရုံများ လာရောက် ဆောက်လုပ်စဉ် သဘာဝ ၀န်းကျင်ရေးရာကိစ္စ အကြောင်းပြု၍ ကန့်ကွက်ဆန္ဒပြနေမည် ဆိုပါက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ၀င်လာရန် နောက်တွန့်သွားနိုင်ကြောင်း စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများက ဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာလက ကျင်းပခဲ့သည့် ဩစတြေးလျနိုင်ငံ Macquarie တက္ကသိုလ်မှ စီးပွားရေး ပါမောက္ခ Sean Turnell ၏ “မြန်မာနိုင်ငံ စီးပွားရေး ပြုပြင်ပြောင်းလဲရေးနှင့် လိုအပ်ချက်များ” အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရာတွင်  စီးပွားရေးလုပ်ငန်းရှင်များနှင့် သဘာ၀၀န်းကျင် ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူများ တက်ရောက်ခဲ့ပြီး အထက်ပါ အမြင်များ ဆွေးနွေးခဲ့ကြသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများအား ကန့်ကွက် ဆန္ဒပြရခြင်းမှာ အိမ်နီးခြင်းနိုင်ငံများ ဖြစ်သော တရုတ်၊ ထိုင်း စသည့် နိုင်ငံများက မြန်မာနိုင်ငံတွင် အများဆုံး လာရောက်ရင်းနှီးမြှုပ်နှံကြရာ၌ သဘာ၀၀န်းကျင် ထိခိုက်စေသည့် အကျိုးဆက်များအား စစ်ဆေးရာတွင် နိုင်ငံတကာ၌ လုပ်ကိုင်ကြသကဲ့သို့ စနစ်တကျ လုပ်ကိုင်ခဲ့ခြင်းမျိုး မရှိကြောင်း၊ စနစ်တကျ မရှိခြင်းကို အဟန့်အတား မရှိပါက ဒေသခံပြည်သူများနှင့် သဘာ၀၀န်းကျင် အပေါ် ထိခိုက်မှုများ များပြားလာနိုင်ကြောင်း၊ ယင်း အချက်တို့ကြောင့် ဆန္ဒပြကြခြင်းဖြစ်ကြောင်း သဘာ၀၀န်းကျင် ထိန်းသိမ်းရေး တက်ကြွ လှုပ်ရှားသူများက ပြောသည်။

“အခုလောလောဆယ် သဘာ၀၀န်းကျင် ထိန်းသိမ်းရေး ဥပဒေ ထွက်တာတောင်မှ နည်းဥပဒေ မထွက်သေးဘူးလေ။ အဲဒီတော့ ဘာပဲပြောပြော သိက္ခာရှိတဲ့ Branded ကုမ္ပဏီကြီးတွေက ဒီလို အောက်ဈေးနဲ့ ၀င်မလာဘဲနဲ့ လုပ်နည်း ကိုင်နည်း တွေက အစ နိုင်ငံတကာ စံနှုန်းအရ အဆင့်မီမီ အလုပ်လုပ်ရမယ်။ ကျမတို့ နိုင်ငံအတွက်က တကယ့် စည်းစနစ်ရှိတဲ့ နိုင်ငံခြား တိုင်းပြည်တွေက မလာမှာ ကြောက်စရာ မရှိပါဘူး” ဟု သဘာ၀၀န်းကျင် ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူ အောင်ပင်လယ် သဘာ၀၀န်းကျင် မဂ္ဂဇင်း အယ်ဒီတာချုပ် ဒေါ်ဒေ၀ီသန့်စင်က ဧရာဝတီသို့ ပြောသည်။

ရင်းနှီးမြှုပ်နှံမှုများ ထပ်မံဝင်ရောက်လာပါက စနစ်မကျမှုများ၊ အဟန့်အတား မရှိခဲ့မှုများ ထပ်မံ ဖြစ်ပွားမည်ကို စိုးရိမ်ရကြောင်း၊ ဆန္ဒပြမှုများ ရှိနေသောကြောင့် ဥပဒေပြုသူများအပါအဝင် အစိုးရကပါ ပြည်သူများ၏ အသံကိုနားထောင်၍ လိုအပ်ချက်များ ဖြည့်ဆည်းကာ ဥပဒေကို ပြဌာန်းနိုင်မည်ဖြစ်ကြောင်း သဘာဝ ၀န်းကျင် ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူ တဦးက ရှင်းပြသည်။

သဘာ၀၀န်းကျင် ထိခိုက်စေသည့် စီးပွားရေး လုပ်ငန်းများအား ကန့်ကွက်သည့် လှုပ်ရှားမှုများသည် ဧရာဝတီမြစ်ဆုံ စီမံကိန်းကို တနိုင်ငံလုံး အတိုင်းအတာဖြင့် ကန့်ကွက်မှုမှ စတင် အရှိန်ရလာခဲ့ခြင်းဖြစ်ပြီး ထားဝယ်ရေနက် ဆိပ်ကမ်း စီမံကိန်း၊ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း၊ ပုဂံဝန်းကျင် ဟိုတယ်များ ဆောက်လုပ်ခွင့် မပြုရေး စသည်ဖြင့် ဆက်တိုက် လှုပ်ရှားခဲ့ကြသည်။

“စီးပွားရေးနဲ့ သဘာ၀၀န်းကျင် သဟဇာတ မဖြစ်ဘဲ ပျက်စီးစေတာတွေက တခြားနိုင်ငံတွေ မှာလည်း ဖြစ်ခဲ့ဖူးတယ်။ တရုတ်မှာလည်း ဖြစ်တယ်၊ ဗီယက်နမ်မှာလည်း ဖြစ်တယ်။ အဲဒီလို ဖြစ်နေတာတွေကို အမြဲတမ်း စောင့်ကြည့်ပြီး ထောက်ပြဖို့ အတွက်က အားလုံးမှာ တာဝန်ရှိပါတယ်” ဟု မြန်မာနိုင်ငံ စီးပွားရေးနှင့် ပတ်သတ်၍ ပါမောက္ခ Sean Turnell က အလုပ်ရုံဆွေးနွေးပွဲတွင် ပြောခဲ့သည်။

အဆိုပါ ကိစ္စကို ဖြေရှင်းရန် Sean Turnell က အကြံပေးရာ၌ သဘာ၀၀န်းကျင် ညစ်ညမ်းစေမည့် စီးပွားရေး လုပ်ငန်းများကို ဒဏ်ကြေး မြင့်မားစွာ ချမှတ်ခြင်းအားဖြင့် ကာကွယ်နိုင်ကြောင်း၊ ဒဏ်ကြေးမြင့်သဖြင့် အဆိုပါ လုပ်ငန်းအား လုပ်ကိုင်ရန် မက်လုံး နည်းသွားမည် ဖြစ်ကြောင်း၊ မက်လုံးနည်းသွားခြင်း အားဖြင့် အဆိုပါ စီးပွားရေး လုပ်ငန်း လုပ်ကိုင်ရန် အလားအလာ နည်းသွားမည်ဖြစ်ကြောင်း အကြံပြု ရှင်းပြသည်။

ပထမ မြန်မာ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီလီမိတက်၏ ဥက္ကဋ္ဌနှင့် လှိုင်သာယာ စက်မှုဇုန် ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က “ဒီလို ဆန္ဒပြတဲ့ အတွက် ၀င်လာမယ့် ရင်းနှီးမြုပ်နှံမှုတွေကို အဟန့်အတားကြီးတော့ မဖြစ်ပါဘူး။ တကယ်တမ်း ကုန်ပစ္စည်း ထုတ်လုပ်တဲ့ အခါကျတော့ သူတို့ နိုင်ငံမှာ လက်မခံချင်တာကို ဒီဘက်ကို လာလုပ်ချင်တယ်၊ ဒီဘက်ကလည်း ကြိုတင်သိတော့ ဒါကိုတားကြတာပေါ့။ အမှန်ကတော့ သူတို့ နိုင်ငံမှာ လက်ခံလို့ ရတဲ့ဟာမျိုးဆို ဒီမှာလည်း လက်ခံလို့ ရပါတယ်။ သဘာ၀၀န်းကျင် အနှောင့်အယှက်မဖြစ်ဘူး ဆိုရင် ပြီးသွားတာပါပဲ” ဟု ဧရာဝတီသို့ ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက နေပြည်တော်၌ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ Myanmar Global Investment ဖိုရမ်တွင် သမ္မတရုံး ၀န်ကြီး ဦးစိုးသိန်း၊ စွမ်းအင် ဒုတိယ၀န်ကြီး ဦးထင်အောင်၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် ဒဲရစ်မစ်ချဲလ်တို့ အပါအ၀င် ပြည်တွင်း ပြည်ပမှ ပညာရှင်များက စွမ်းအင်ကဏ္ဍ၊ ဘဏ်လုပ်ငန်း၊ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု၊ မြေယာနှင့် အိမ်ခြံမြေ ရင်းနှီးမြုပ်နှံမှု၊ လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးရေးကဏ္ဍ ဆိုင်ရာများ ဆွေးနွေးခဲ့ ကြကြောင်း သိရသည်။


9 Responses

Leave a Reply

  1. What the Business men, U Myat Thin Aung, said is exactly correct. Foreign investors who used to do their businesses with full commitment on EIA and SIA will not be deterred to come to work in Myanmar. They might be also pleased to see the people fighting for their rights against the unfair, greedy and above-the law cronies with whom they don’t want to partner. However, our people should be very careful to carryout their demonstrations without involving any political and personal benefits.

  2. မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းရှင် ကြီးတွေလို. ခေါ်နေတာဟာ ၊ နိင်ငံတကာ စီးပွားရေးလုပ်ငန်းရှင် ကြီးတွေလို အဆင်.မမှီဘူးလို.ပြောချင်ပါတယ် ၊ နိုင်ငံတကာအဆင့်ရှိတဲ့လုပ်ငန်းရှင်တွေကလဲ ၊ ဒီလိုမလုပ်ပါဘူး ၊ လက်ရှိရန်ကုန်မြို.ကနံမည်ကြီးကုန်တိုက်ရဲ. အဖြစ်အပျက်ကိုကြည်.ရင်သိနိုင်ပါတယ်။ နိုင်ငံတော်သမတကိုယ်တိုင်က ပြည်သူလူထုကို ဆက်သွယ်ရေး အဆင်ပြေချောမွှေ.ပြီး လူနေမူအဆင်.အတန်းမြင်.အောင် ဟန်းဖုံးတွေ ဈေးချိုချို နဲ.ရောင်ပေးဖို. အစိုးရတဖွဲ.လုံးကိုရော ဆက်သွယ်ရေး ၀န်ကြီးဌာနကိုပါ ညွှန်ကြားနေတဲ. အချိန်မှာ ၊ စီတီးမတ် ကုန်တိုက်မှာတော. ၀န်ထမ်းအားလုံးကို ၊ ၀န်ထမ်းတွေ ကိုယ်ပိုင် ပိုက်ဆံနဲ. ၀ယ်ထားတဲ. ဟန်းဖုံး တွေကို ၊ အလုပ်ထဲရောက်တာနဲ. ပိတ်ထားရမယ် ၊ ဆက်သွယ်မူမလုပ်ရဘူး ၊ မိသားစုဘာဖြစ်ဖြစ် ၊ လုံးဝမဆက်ရဘူး၊ ဆက်ရင် အလုပ် ထုတ်ပြစ်မယ်လို. ၊ ဒေါ်ဝင်းဝင်းတင်. က စာထုတ်ချိန်းခြောက် အနိုင်ကျင်.နေပါတယ် ၊၊ တကယ်ဆိုရင် စီတီးမတ် ၀န်ထမ်းတွေရဲ. ကိုယ်ပိုင်လွတ်လပ်ခွင်.ကို ၊ E.C ( အလုပ်ရှင် – အလုပ်သမား စာချုပ် ) ဘောင်ပြင်ကနေ ပိတ်ပင်နေတာ မျိုးတွေ လုပ်လို.မရပါဘူး ။ စီတီးမတ် ကို အလုပ်သမားဝန်ကြီးဌာနအနေနဲ. အရေးယူ သင်.ပါတယ် ။ မီဒီယာတွေ ဒီအကြောင်းကို ဖေါ်ထုတ်ရေးသားသင်.ပါတယ် ၊ စီတီးမတ် ၀န်ထမ်းတွေကို ကူညီတောင်းဆိုသင်.ပါတယ် ။

    • In my opinion, anybody who is at work or at the meeting should not be allowed to use their mobile-phone except emergency, otherwise how to care their customer? allowing the use of phone without any sound reason is just like allowing talking office hours at the Government’s office!
      But I agree that using phone during office hour is allowed in case of emergency!

      • တကယ်ဆိုရင် စီတီးမတ် ၀န်ထမ်းတွေရဲ. ကိုယ်ပိုင်လွတ်လပ်ခွင်.ကို ၊ E.C ( အလုပ်ရှင် – အလုပ်သမား စာချုပ် ) ဘောင်ပြင်ကနေ ပိတ်ပင်နေတာ မျိုးတွေ လုပ်လို.မရပါဘူး ။ What i am highlight about is E.C ( Employment Contract ) . Every employer and employee need to be sign up and study for term & condition , before they carry out their duty for both party , i try to civilize our country people . This is my target . Do not complicate and mess up with teashop talk .

  3.္ဒ္ဓဝင်ရောက်လာမည့် ရင်းနှီးမြှုပ်နှံမှုများအပေါ် အဟန့်အတား ဖြစ်လာမည် – ခရိုနီတွေကတော့ ဒီအတိုင်းပြောမှာပါ။ ခရိုနီ၊ စစ်အုပ်စု၊ ဘောင်းဘီချွတ်အမတ် အကုန်လုံးဟာ တစိတ်တည်း တ၀မ်းတည်းဘဲ။ ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်ပြောတာကတော့ အမှန်တရားပါဘဲ။

  4. မြန်မာ တိုင်းရင်းသူ

    သတ်မှတ်ထားတဲ့ တနေ့ နေ့စား လုပ်ခ၊ သတ်မှတ်ထားတဲ့ တနေ့ လုပ်ချိန် ၈ နာရီ၊ ၈နာရီ ကျော်ရင် အချိန်ပို လုပ်ခ ပထမ ၂ နာရီမှာ တဆခွဲ၊ နောက် ၂ နာရီမှာ ၂ဆ။ ဒါပေမယ့် လူတယောက်ကို တနေ့ ၁၂ နာရီ၊ တပတ်ကို နာရီ ၆၀ ထက် ပို မခိုင်းရ။ တပတ်ကို အနည်းဆုံး တရက် အနားပေးရမယ်။ ရုံးပိတ်ရက်တွေ ခေါ်ခိုင်းရင် ၂ဆ ပေးရမယ်။ ဒါကို အလုပ်ရှင်ဘက်က တိတိကျကျ လိုက်နာပြီး အလုပ်ခန့်ကတည်းက ဘာတွေ လုပ်ရမယ်၊ ဘယ်လို လုပ်ရမယ်။ ဘယ်လောက်ပေးမယ်။ ထမင်းစားချိန် နာရီဝက်နဲ့ အလုပ်မှာ ပုံမှန် တနေ့ကို ၈ နာရီ ခွဲ နေရမယ်။ ဒါပေမယ့် အလုပ်စပြီး ၂ နာရီအကြာမှာ ၁၀ မိနစ်နား၊ နောက် ၂ နာရီမှာ နာရီဝက် ထမင်းစား ဆင်း၊ အလုပ် ပြန်စပြီး ၂ နာရီမှာ ၁၀ မိနစ်နား။ အရေးတကြီး အိမ်သာသွားချင်လျှင် အခြေအနေကြည့်ပြီး အလုပ်သမား ခေါင်းဆောင် (Line leader) တွေက ခွင့်ပြု။ ခဏခဏသွားတာ၊ နေ့တိုင်းလုပ်နေရင် သတိပေးတန်ပေး၊ မဟုတ်လဲ ၁၀မိနစ် နားချိန်ထဲက ဖြတ်။ ဒီလို တိတိကျကျ လုပ်လိုက်ရင် အလုပ်သမားတွေက ဘာကို ထပ် တောင်းဆိုရမှာလဲ။ အခုဟာက အလုပ်ရှင်တွေဘက်က အသာယူထားတာတွေ များလွန်းနေလို့ပေါ့။

  5. မင်းကြီးညို

    မြစ်ဆုံကိစ္စလဲဆန္ဒပြ၊ လက်ပတောင်းတောင်ကိစ္စလဲဆန္ဒပြ၊ တရုတ်ဓါတ်ငွေ့ပိုက်လိုင်းကိစ္စလဲ
    ဆန္ဒပြ၊ မိုးထိမိုးမိရွှေတွင်းကိစ္စလဲဆန္ဒပြ၊ ထားဝယ်စီမံကိန်းမှာလဲဆန္ဒပြ၊ အထည်ချုပ်စက်ရုံ
    တွေမှာလဲဆန္ဒပြ၊ လယ်သမားတွေကလဲဆန္ဒပြ၊ ဘာစီမံကိန်းတခုမှလုပ်လို့မရအောင် ဆန္ဒပြ
    နှောက်ယှက်နေကြတာက အစိုးရအာဏာပိုင်တွေကို မထေမဲ့မြင်ပြုရာရောက်နေတယ်။ ထိုင်းနိုင်ငံကဒီမိုကရေစီနိုင်ငံပါ။ ထားဝယ်စီမံကိန်းဆိုတာ ထိုင်းအစိုးရက လုပ်ကိုင်တာပါ။
    ဒီမိုကရေစီနည်းစနစ်နဲ့လုပ်တာကိုတောင် ဆန္ဒပြတယ်ဆိုတော့ မလွန်လွန်းဘူးလား။ ရင်းနှီး
    မြှုပ်မှုမလုပ်ရရင်တိုင်းပြည်အတွက် ဘယ်က၀င်ငွေရမှာလဲ။ ၀င်ငွေမရှိရင် ပညာရေး ကျန်း
    မာရေး ကာကွယ်ရေးစတဲ့ ၀န်ထမ်းတွေအတွက် ဘယ်က၀င်ငွေနဲ့ လစာပေးရမှာလဲ။ဘယ်
    က ၀င်ငွေနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်နှိုင်မှာလဲ။

    • ကိုမင်းကြီးညို၊ ဆန္ဒပြရတယ်ဆိုတာ အစိုးရမှာ အချို့သော အားနည်းချက်တွေ ရှိနေလို့ပါ။ မြန်မာအစိုးရ က သက်ဆိုင်ရာ တရုတ်နှင့် ထိုင်းနိုင်ငံများနှင့် စာချုပ်ချုပ်ဆိုထားသော်လည်း ထိုစီမံကိန်းများကို broker လုပ်သူ အစိုးရ နှင့် ရင်းနှီးသောကုန်သည်များ မှာ အမြတ် အများစုကို ခံစားခွင့်ရရှိနေပါသည်။ ဒီမိုကရေစီ အစိုးရ များ အနေဖြင့် ယခင်က ဖြစ်ပေါ်ခဲ့သော အရှုပ်ထုပ်များကို မဖြေရှင်းနိုင်ပါ က နောက် နှစ် ၂၀ မြန်မာပြည်မကောင်းနိုင်။ ယခု အစိုးရကောင်းစားနေသည်မှာ စာနယ်ဇင်းများ၏ အားပေးမှုကြောင့်ဖြစ်ပါသည်။ နောက် နှစိ၂၀ တွင် scholar များ ထိုအရှုပ်ထုတ်များကို ရှာဖွေနိုင်ပါမှ မြန်မာပြည်ရေရှည်ကောင်းပါမည်။ တိုင်းပြည်ကို မော်စီတုံးကဲ့သို့ လျှင်မြန်စွာ တိုးတက်အောင် ဆောင်ရွက်လိုကြသော သူများကို macro-economic နယ်ပယ်တွင် opportunists များကဲ့သို့အဓိပါယ်ဖွင့်လေ့ရှိပါသည်။ ကျွန်တော့ အမြင်အားဖြင့် ယခု မြန်မာပြည်တွင် ဖြစ်ပေါ်နေသော တပ်မတော်နှင့် ပြည်သူပြဿနာ၊ တပ်မတော်နှင့် တိုင်းရင်းသားပြဿနာ၊ လူမျိုးစု အဓိကရုံးများကို ရေရှည်စီမံကိန်းဆွဲပြီး ဖြေရှင်းပြစ်မှသာ တိုင်းပြည်ကောင်းစားနိုင်ပါမည်။ ရင်းနှီးမြှပ်နှံမှု မလာသော အချက်များကို ကျွန်တော် comment ရေးခဲ့ပါသည်။ သို့သော် ဖေါ်ပြခြင်းမခံရပါ။ ယနေ့မြန်မာပြည်တွင် ဖြစ်ပေါ်နေသော ပြဿနာသည် အစိုးရပိုင်းတွင် လူတော်လူတတ်လို့ ထင်နေသော မိမိကိုယ်ကို လူတော်လို့ထင်နေသောလူများများ နေခြင်းဖြစ်ပါသည်။ ယခုလူများ တိုင်းပြည်ပေါ်ကောင်းမကောင်း နောင် ၁၀ ကြာလျှင်ပြည်သူများ သိလာပါလိမ့်မည်။ ကျွန်တော် ဆိုလိုသည်မှာ ပြုပြင်ပြောင်းလဲမှု အကျိုးကို နောင်၁၀ နှစ်ကြာမှ အကျိုးခံစားရမည်ကို ဆိုလိုပါသည်

  6. The business world must be the one which to follow the international norm first. Other than that demonstration and protest will happen everyday. If the businessmen worry about losing foreign investment because of protests, they need to run business in the right way. We have seen too much corruptions inside the Thein Sein’s administration. Land-seizures is the worst of the worst. Seizing lands for their own families is what damaging the image of this government.