ဆက်သွယ်ရေး အရာရှိ အများအပြား ခေါ်ယူစစ်ဆေးခံရ | ဧရာဝတီ
သတင်း
ဆက်သွယ်ရေး အရာရှိ အများအပြား ခေါ်ယူစစ်ဆေးခံရ
Hits:12,015
  | |
ဆက်သွယ်ရေးဝန်ကြီးနှင့် အရာရှိများ ၀န်ကြီးဌာနတွင်း လုပ်ငန်းများကို လိုက်လံစစ်ဆေးကြည့်ရှုနေစဉ် (ဓာတ်ပုံ – ဆက်သွယ်ရေး ၀န်ကြီးဌာန)
သမ္မတဦးသိန်းစိန်က ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းထွန်းကို ရာထူးမှ ဖယ်ရှားပြီးနောက် ပြည်ထဲရေးဝန်ကြီးဌာန အထူး စုံစမ်းစစ်ဆေးရေး ဦးစီးဌာနက မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အဆင့်မြင့်အရာရှိကြီးများကို နေပြည်တော်တွင် ခေါ်ယူ စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
သမ္မတဦးသိန်းစိန်က ဇန်န၀ါရီလ ၁၆ ရက်နေ့တွင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီး ဦးသိန်းထွန်း၊ သာသနာရေးဝန်ကြီး သူရဦးမြင့်မောင်တို့ကို ရာထူးမှ နုတ်ထွက်ခွင့်ပြုသည်ဟု ထုတ်ပြန်ကြေညာ ပြီးနောက် ဇန်န၀ါရီလ ၁၇ ရက်နေ့တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အထွေထွေမန်နေဂျာ၊ အင်ဂျင်နီယာချုပ်ကဲ့သို့သော အရာရှိများအပါအ၀င် အဆင့်မြင့် အရာရှိကြီးများကို နေပြည်တော်သို့ ခေါ်ယူစစ်ဆေးခြင်း ဖြစ်ကြောင်းသိရှိရသည်။
“၀န်ကြီး ထွက်သွားပြီးတဲ့ နောက်တနေ့မှာပဲ ရန်ကုန်က ဆက်သွယ်ရေး အရာရှိကြီးတွေကို နေပြည်တော်ကို ခေါ်စစ်ပါတယ်။ ပထမတော့ ၈ ဦး၊ ဒါပေမယ့် အစစ်ဆေး ခံရတဲ့သူတွေနဲ့ ဆက်စပ်တာတွေ ထပ်ခေါ်တော့ ခေါ်စစ်ဆေး ခံရတဲ့သူတွေ အရေအတွက်များတယ်လို့ သိရပါတယ်” ဟု နေပြည်တော်အစိုးရ အသိုင်းအ၀န်းနှင့် နီးစပ်သူတဦးက ပြောသည်။
ဆက်သွယ်ရေး အရာရှိများကို ခေါ်ယူစစ်ဆေးမှု၏ အဓိက အကြောင်းအရင်းမှာ မိုဘိုင်းလ်ဖုန်းကတ်နှင့် အင်တာနက် ၀န်ဆောင်မှု လုပ်ငန်းများ ချထားပေးရာတွင် အကျင့်ပျက်ခြစားမှု၊ လာဘ်ပေးလာဘ်ယူမှုများ ကျူးလွန်မှု ရှိ၊ မရှိ ခေါ်ယူ စစ်ဆေးခြင်းဖြစ်ပြီး ၀န်ကြီးဌာနတွင်း အကျင့်ပျက်ခြစားမှုများနှင့် တိုက်ရိုက် ဆက်စပ်နေကြောင်း၊ သမ္မတဦးသိန်းစိန်က ဆက်သွယ်ရေး ၀န်ကြီးဦးသိန်းထွန်းနှင့် သာသနာရေးဝန်ကြီး သူရဦးမြင့်မောင်တို့ကို ၀န်ကြီးရာထူး တာဝန်များမှ အနားပေးခဲ့ခြင်းသည် လာဘ်ပေးလာဘ်ယူမှု၊ အကျင့်ပျက်ခြစားမှု၊ အမိန့်မနာခံမှု များကြောင့်ဖြစ်ကြောင်း အစိုးရနှင့် နီးစပ်သည့် အသိုင်းအဝန်းမှ သိရသည်။
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးသောင်းတင်ကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အရာရှိများ ခေါ်ယူစစ်ဆေးခံရမှုနှင့်ပတ်သက်ပြီး ဧရာဝတီက မေးမြန်းရာ ဦးသောင်းတင်က မှတ်ချက် မပေးလိုကြောင်း ပြောသည်။
“ကျနော် မှတ်ချက် ပေးစရာ မရှိသေးပါဘူး” ဟု ဦးသောင်းတင်က ဆိုသည်။
နေပြည်တော်တွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အရာရှိများ ခေါ်ယူစစ်ဆေးခြင်းကို ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဦးဆောင်သော  လာဘ်ပေးလာဘ်ယူမှု အရေးယူ ဆောင်ရွက်ရေး ကော်မတီက တိုက်ရိုက် ကိုင်တွယ်လျှက်ရှိကြောင်း သိရှိရသည်။
လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေး ကော်မတီကို ဇန်န၀ါရီလ ၈ ရက်နေ့တွင် သမ္မတဦးသိန်းစိန်က ဖွဲ့စည်းလိုက်ပြီး ယင်းအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ အဖွဲ့ဝင်များအဖြစ် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ သမ္မတရုံး ၀န်ကြီးများဖြစ်ကြသည့် ဦးသိန်းညွှန့်၊ ဦးစိုးမောင်၊ ဦးစိုးသိန်း၊ ဦးတင်နိုင်သိန်း၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာထွန်းရှင်၊ သမ္မတ၏ ဥပဒေအကြံပေး ဦးသန်းကျော်၊ အတွင်းရေးမှူးအဖြစ် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်းအပါအ၀င် စုစုပေါင်း ၉ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။
ယင်းကဲ့သို့ ဆက်သွယ်ရေးဝန်ကြီးဌာနတွင်း အကျင့်ပျက်ခြစားမှုများနှင့် ပတ်သက်၍ စစ်ဆေးရာတွင် ပွင့်လင်းမြင်သာမှု မရှိကြောင်း၊ ယခင် စစ်အစိုးရလက်ထက် လာဘ်ပေးလာဘ်ယူမှုများတွင် ပါဝင် ပတ်သက်ခဲ့ပြီး ယခု အစိုးရအဖွဲ့အတွင်း ပါဝင် ဆောင်ရွက်နေသူများပါ ထိခိုက်လာနိုင်ဖွယ် ရှိသောကြောင့် ဖြေရှင်းရာတွင် ပွင့်လင်းမြင်သာမှု မရှိဟု ယူဆရကြောင်း လေ့လာ သုံးသပ်သူများက ဝေဖန်နေကြသည်။
WSJ LIVE VIDEO:
20 Responses
Leave a Reply
  1. Why did Thein Sein let go the two ministers then? They were the ones who need to be investigated. Letting the big fishes to slip away and investigated smaller fishes does not make sense to me.
  2. ကျွန်တော်ကြားရတဲံ့ သတင်းကတော့ ၀န်ကြီးကိုလည်း ခေါ်ယူစစ်ဆေးနေတဲ့ လိုကြားရပါတယ်။ ပြည်သူလူထုကို လိမ်ညာပြီး လူထုဆီကငွေတွေ မတရားယူဖို.ကြိုးစားနေတဲ့လူတစုသာဖြစ်ပါတယ်။
  3. မြန်မာပြည်သား
    စစ်ဆေးရမယ့် သူတွေကော လာဘ်ပေးလာဘ်ယူ မှု နှင့်ကင်းရဲ့လားလို့ ထောက်ပြချင်ပါတယ်။
    MIC ဥက္ကဌကြီးလောက် တလွဲလုပ်တဲ့လူ တောင် စစ်ဆေးရေး ကော်မရှင်ထဲမှာ ပါတယ်တဲ့။
    ဂိုဏ်း မတူတဲ့လူကို ထုတ်လိုက်တာလား။ ဂိုဏ်တူသားတွေကို ပါစားပေးတာလား။
    ဟီး။ ပြည်သူတွေကတော့ ရိုးနေပါပြီး။ အစိုးရ တစ်ဖွဲ့လုံးပြုတ်သွားတဲ့ရက်ကျမှပဲ ပြည်သူတွေ ပြုံးပျော်နိုင်တော့မည်။
  4. အဲလိုကိစ္စတွေ အများကြီးရှိသေးတယ်ဆိုတာ လူတော်တော်များများသိကြပါတယ်….
    လာဘ်ယူတဲ့သူတွေမှာဘဲ အပြစ်ရှိတာလား …. လာဘ်ပေးတဲ့သူတွေကိုကော ဘယ်လိုလုပ်မယ်လို့စိတ်ကူးထားလဲ
  5. အမရာဒေ၀ီ
    ကို ဖြိုးဝေအောင် ကောင်းရာ သုဂတိ ရောက်ပါစေ
  6. ပုတ်တဲ့လက်ချောင်းကိုလက်မေါင်းမရောက်ခင်ဖြတ်ပစ်တါအကေါင်းဆုံးပါ။
  7. ဘယ်သူကဘယ်သူ့ ကိုစစ် စစ် အမှန်အတိုင်းဖြစ်၇မယ် ပွင့်လင်းမှု၇ှိ၇မယ် အဖျား၇ှူးမသွား၇ဘူး ဒီလုပ်ကွက်တွေက
    ၇ိုးနေပြီဗျာ၊စစ်နေပြီစစ်နေပြီဆိုပြီးနောက်တော့ဘာသတင်းမှမကြား၇တော့ဘူး၊စစ်ဆေးသူဘက်ကိုမျှားဦးလဲလှဲ့ လာ
ေ၇ာအားလုံးဖုံးဖိလိုက်ေ၇ာဘယ်သူမှမသိလိုက်၇ဘူး၇ိုးနေပြီ။
  8. ဌေးဝင်း
    ဆက်သွယ်ေ၇းတခုထဲမဟုတ်ပါဘူး…..၀န်ကြီးဌာနတိုင်းပါဘဲ…အဲဒီလိုလိုက်စစ်ဆေးတော့..ဘာတွေ့မှာလဲ..ခိုးတဲ့သူက..ခိုးပါတယ်လို့ပြောပါမလား။..၀န်ကြီးကအစ..ဝေစားမျှစားလုပ်နေကြတာ။
  9. လာက်ပေးလာက်ယူဖြစ်ပွားမှု့ပေါ်ပေါက်ပါက မည်သူမည်ဝါဟု အလျှော့ပေး ဒဏ်ခက်စရာမလိုပဲကို ပြင်းထန်စွာအပြစ်ပေးသင့်ပါတယ် အဘယ်အတွက်ကြောင့်ဆိုသော်လာက်ပေးလာက်ယူဆောင်ရွက်ခြင်း၏အကျင့်ပျက်ချစားမှုက တိုင်းပြည်တိုးတက် ကောင်းမွန်အောင်ဖော်ဆောင်သူများ တနည်း မှန်ကန်စွာလုပ်ကိုင်မည် လူတန်းစားတွေအတွက်လာက်ပေးလာက်ယ.ူဆောင်ရွက်မှု့က အထက်ဖားအောက်ဖိ အောက်ခြေ၀န်ထမ်းတွေနဲ့ တိုင်းပြည်အတွက် အမှန်တကယ် အလုပ် ကိုလုပ်ကိုင်ခြင်သူ များအတွက် လာက်ပေးကာနေရာယူတက်တဲ့အကျင့်ဆိုးတွေကြောင့်နိုင်ငံတော် တိုးတက်မှု့တွင် ရှေ့ကို(၁၀)ဆလှမ်းတိုင်း နောက်ကို (၁၀)ဆပြန်ရောက်နေတယ် နောက်ပြီး သူများကို ပြောလျှင် ကိုမျက်ချေးကိုပြန်ကြည့်မှ ရမယ်နော် သူများကို(၁)ချောင်းထိုးရင် ကိုယ့်ကို လဲပြန်ထိုးမှ ရှက်စရာဖြစ်နေဦးမယ် လူတွေကခက်တယ် ကိုထက်နှိမ့်တဲ့လူဆိုရင် ထိုးချကြတယ် အကြောင်းသိတွေဖြစ်နေပြန်တော့လည်းလာက်ပေးလာက်ယ.ူသာလုပ်တယ်လို့ပေါ်ပေါက် ပါက လူရင်းခြင်း ဘယ်လိုအရေးယူဆောင်ရွက်မယ်ဆိုတာကို ကြည့်ခြင်ပါတယ်
  10. နောက်ထပ်လူတွေကျန်ဦးမယ်
  11. နိုင်ငံတော်ကို တကယ်တိုးတက်စေချင်ရင် လာဘ်ပေးလာဘ်ယူမှုကို အမြစ်ဖြတ်ချေမှုန့်ပစ်ရမှာဖြစ်တယ်…ယူသူရော ပေးသူကိုပါ ဥပဒေနဲ့အညီ ထိုက်ထိုက်တန်တန် အရေးယူစေချင်ပါတယ်…
  12. အရမ်းသတင်းစုံလို့ဖတ်ရတာကောင်းပါတယ်
  13. So who is going to investigate Soe Thein. It is conflict of interest. So he will never be investigated? I heard Soe Thein is the worst as he has so much power dealing businesses in Myanmar. All projects have to go through him.
  14. အောင်ကြီး
    မြန်မာ့ဆက်သွယ်ရေးက ပြည်သူ့မျက်နှာမကြည့်ဘဲ နှစ်ပေါက်တစ်ပေါက် ရိုက်စားလုပ်နေတာ ကြာပါပြီ။ ဒီဝန်ကြီးရော အရင်ဝန်ကြီးတွေပါ တိုင်းပြည်မျက်နှာမကြည့်တဲ့ ဗြောင်လိမ်ဗြောင်စား လူစားမျိုးတွေပါ။ အမြန်ဆုံးဖြုတ်ယုံတင်မကဘူး ထိရောက်မြင်သာစွာ အရေးယူသင့်ပါတယ်။ သာသနာရေးဝန်ကြီးဆိုတာလည်း ဘာသာ၊ သာသနာကို ဖျက်ဆီးနေတဲ့ အာဏာရှင်သက်သက်ပါ။ မဟနကို ခပိုက်ဆောင်တပ်လို သဘောထားဖွဲ့စည်းပြီး ဘာသာမဲ့လုပ်ရပ်တွေနဲ့ သာသနာကို ဖျက်ဆီးနေတာ တစ်တိုင်းပြည်လုံးသိပါတယ်။
  15. pps၁၂၃၄၅
    ယခင် စစ် အစိုးရ အဆက်ဆက် လက်ထက်မှာလည်း ပုန်ကန်မည်ဟု ယူဆသော သူများ သို့ အနည်းငယ် ပိုမို မှန်ကန်သောသူများကို ဤကဲ့သို့ စွဲချက်တင် တတ် ကာ အရေးယူလေ့ရှိကြပါသည်။ သို့သော် ထိုအရေးယူမှု တွင် ကုတ်ကုတ်ကုတ် ကုတ် နှင့် မတရား လာဘ် စားတတ်သူများ လွတ်သွားလေ့ရှိပြီး ရောမိရောရာ စားတတ် သူများ ထောင်ကျသွားလေ့ရှိခဲ့ပါသည်။
    ကိုစိုးသိန်း ဘာဆေးကောင်းလို့ အရေးအယူ အခံရသေး တာလည်း ဆိုတာကလည်း စဉ်းစား စရာဖြစ်နေပါသည်။
    ကမ္ဘာအေးဗီလာ အတွင်း ခေတ်မှီမှီ ဆောက်လုပ်ထားသော အိမ်ကြီးသည် တိုင်းပြည် အတွက် လား မည်သူ့ အတွက်လား မသိနိုင်သေးသ၍ ပြည်သူများ အမှန်ကို မသိနိုင်။
    လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။ လို့ဆုတောင်းရင်း သာ တိုင်းပြည် အတွက် ဆုတောင်းပေးလိုက်ပါသည်။
  16. ဗျာ…အဲလိုလား မြန်မာပြည်က စကိုင်းနက်ဆိုလား စကိုင်းပျက်ဆိုလား ခရိုနီတစ်ယောက်ပိုင်တဲ့ အင်တာနက်လိုင်း ၀န်ဆောင်မှု တစ်ခုက
    ကျနော်တို့စကိုင်းနက်လား ပျက် လား က ခိုင်တယ်
    ဟုတ်ကဲ့လားဗျာ
    သေချာတာပေါ့ သမ္မတ ကြီးတောင်ရှယ်ယာပါတယ်ဆိုပဲ
    (၂၀၁၅ ထိတော့ သေချာသွားပြီပေါ့ဗျာ လူတိုင်းခေါင်းပေါ်တက်နေဖို့…
    ဆက်သွယ်ရေးဂြိလ်တု ပြောပါတယ်)
  17. Thaanks alot for the latest news, AYEYARWADY.
  18. အတွင်းသိ
    ရတနာပုံတယ်လီပို့ရဲ့CEO ဉီးတင်ဝင်းကျန်သေးတယ်။သူကဝန်ကြီးခန့်တဲ့သူ ဝန်ကြီးနဲ့တစ်ပတ်စဉ်ထဲ တကျိတ်ထဲတစ်ဉာဏ်ထဲ