
မက်စ်မြန်မာကုမ္ပဏီက လှူဒါန်းထားသော ရန်ကင်းကလေးဆေးရုံတွင် တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ကုမ္ပဏီပိုင်ရှင်ဦးဇော်ဇော်။ (ဓာတ်ပုံ – မက်စ်မြန်မာ)
စစ်အစိုးရ လက်ထက်မှာ နည်းမျိုးစုံနဲ့ ချမ်းသာကြွယ်ဝလာတဲ့ ခရိုနီသူဌေးကြီးတွေကို ပြုပြင်ဖို့ ပြန်လည် အခွင့်အရေး ပေးရမယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်က အခုလ အစောပိုင်းမှာ ပြောဆိုလိုက်တဲ့အခါ ဝေဖန်ဆွေးနွေးမှုတွေ ဂယက်ရိုက်ခဲ့ပါတယ်။
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (န၀တ)၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) လက်ထက်တွေမှာ ချမ်းသာကြွယ်ဝလာတဲ့ သူဌေးတွေကို ခရိုနီဟု ခေါ်ဆိုနေကြပြီး ချမ်းသာလာပုံ ချမ်းသာလာနည်းတွေမှာ မတရားမှုတွေ ပါ မပါ စိစစ်ဖို့ လိုကြောင်း၊ ဘယ်သူမဆို ပြစ်မှု ကျူးလွန်ကြောင်း မတွေ့သမျှ အပြစ်မဲ့လို့ သတ်မှတ်ရမှာ ဖြစ်ပြီး အပြစ်ရှိခဲ့သည့်တိုင် ပြန်လည် ပြုပြင်ပိုင်ခွင့် ပေးဖို့ လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု အပါအ၀င် အနောက်နိုင်ငံကြီးတွေက လူ့အခွင့်အရေး ချိုးဖောက်တဲ့ စစ်အစိုးရနဲ့ နီးစပ်တဲ့ မြန်မာ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေကို စီးပွားရေးပိတ်ဆို့မှု စာရင်းထဲ ထည့်ထားပါတယ်။
အမေရိကန်နိုင်ငံလို ဒီမိုကရေစီနိုင်ငံကြီးများမှာတောင် ချမ်းသာကြွယ်ဝတဲ့ သူဌေးကြီးတွေဟာ မတရား ခေါင်းပုံဖြတ်မှုများ အသုံးပြု ချမ်းသာခဲ့ကြပေမယ့် နောက်ပိုင်းမှာ ပရဟိတအကျိုး၊ ကမ္ဘာ့နိုင်ငံသူ နိုင်ငံသားများ၏ အကျိုး သယ်ပိုးသောသူတွေ ဖြစ်လာကြောင်း၊ မြန်မာ ခရိုနီသူဌေးကြီးတချို့နဲ့ ကုမ္ပဏီတွေက NLD ရဲ့ ပညာရေး၊ ကျန်းမာရေး၊ ဒီမိုကရေစီ ပြောင်းလဲရေးအတွက် ငွေကြေးများလှူဒါန်းလာ ခြင်းအပေါ် ကြိုဆိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ယမန်နှစ် နှစ်ကုန်က ကျင်းပတဲ့ NLD ရဲ့ ပညာရေးကွန်ရက် ၂ နှစ်ပြည့် ရန်ပုံငွေပွဲတော်မှာ ခရိုနီ သူဌေးကြီးတွေဖြစ်တဲ့ ဦးကျော်ဝင်း (ရွှေသံလွင် / Sky Net ရုပ်သံ) က အလှူငွေ ကျပ်သိန်း ၁၃၅၀၊ ဦးတေဇ (ထူးကုမ္ပဏီ) က အလှူငွေ ကျပ်သိန်း ၇၀၀ အသီးသီး လှူဒါန်းခဲ့ပါတယ်။ အခုလထဲမှာ ဦးဇော်ဇော် (မက်စ်မြန်မာ) က ဆောက်လုပ်လှူဒါန်းတဲ့ ရန်ကင်း ကလေးဆေးရုံကို ဒေါ်အောင်ဆန်းစုကြည် သွားရောက် လည်ပတ်ခဲ့ပါတယ်။
သမ္မတ ဦးသိန်းစိန်ရဲ့ စီးပွားရေးအကြံပေး ဒေါက်တာဦးမြင့် ကလည်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ရာမှာ မြန်မာ့ခရိုနီ သူဌေးကြီးတွေကို ပစ်ပယ်လို့ မရဘူးလို့ ထောက်ပြ ပြောဆိုဖူးပါတယ်။
ပွင့်လင်းစပြုလာတဲ့ မြန်မာနိုင်ငံမှာ ခရိုနီ သူဌေးကြီးတွေဟာ ကျောင်းဆောက်၊ ဆေးရုံဆောက်ရုံနဲ့ လုံလောက်ပြီလားလို့ မေးခွန်းထုတ်စရာရှိပါတယ်။ အရင် စစ်အစိုးရ လက်ထက်တွေတုန်းက မတရားနည်းနဲ့ ရယူထားတဲ့ မြေယာတွေ၊ လုပ်ငန်းတွေကို ပြန်လည်ပေးအပ်တာမျိုး၊ လျော်ကြေးပေးတာမျိုး၊ နည်းမျိုးစုံနဲ့ ကိုယ့်အိတ်ထဲ ရောက်နေတဲ့ ချမ်းသာကြွယ်ဝမှုတွေကို အရပ်ဖက် အဖွဲ့အစည်းတွေကို စိတ်ရောကိုယ်ပါ ထောက်ပံ့ကူညီခြင်းဖြင့် ပြန်လုပ်ပေးတာမျိုး စတာတွေ လုပ်မှသာ သူတို့ ရုန်းထွက်ချင်နေတဲ့ ပိတ်ဆို့အရေးယူခံရမှု အနှောင်အဖွဲ့ကနေ လွတ်မြောက်ဖို့ လမ်းစ ဖြစ်နိုင်မှာပါ။
မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမှာ ခရိုနီ သူဌေးကြီးတွေရဲ့ အခန်းကဏ္ဍ အရေးကြီးသလား၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရိုနီအပေါ် သဘောထားအပေါ် ထင်မြင်ချက်တွေ ဘယ်လိုရှိမလဲ၊ အရင်က အတိတ်မည်းတွေ ရှိနေတဲ့ ခရိုနီ သူဌေးကြီးတွေ နိုင်ငံရဲ့ ဖွံ့ဖြိုးမှုအတွက် ပါဝင်ထောက်ကူမယ်ဆိုရင် သူတို့ကို ခွင့်လွှတ်ပေးသင့်သလား စတာတွေကို ဒီတပတ် ဧရာဝတီ ဖိုရမ်မှာ ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါတယ်။
ခွင့်လွှတ်တာ မလွှတ်တာထက် သတ်ပြစ်လို့မှ မရတာ၊ ယိုးဒယားကို မြန်မာသိမ်းသလိုပေါ့၊ ကိုယ်တိုင်လည်းစောင့်ပြီး မအုပ်ချုပ်နိုင်၊ မီးအကုန်ရှို့ခဲ့လို့လည်းမကောင်း ဆိုတော့ အမြင်ကျယ်ကျယ်လေးကြည့်ကြရအောင်လား ညီအကိုတို့….
Did Alaungpaya not kill even children and pregnant women in Ayuthaya and destroyed the palace? That’s why the Thai people do not want to hear the name Aung Zay Ya. Several innocent Burmese young men who have the same name got beaten up by the Thais because of the ugly history.
This is not just about the cronies. The generals themselves need to transform themselves. When confiscated lands were registered under the names of the family members of the generals, Suu Kyi and members of her Rule of Law Committee have to step up to clean the whole house. When the cronies were granted too much favors by the generals, corruption had been intertwined between cronies and the generals. Unlawful give-and-take must be thoroughly investigated. Generals must not be exempted from investigation too. Suu Kyi’s tone is changing and so soft. If found by the Rule of Law Committee that both sides broke the law, then confiscate their wealth. The generals’ wealth and their legal incomes must be investigated and if found the gap, the generals need to give back what they did not earn. Other than that Rule of Law Committee will be just a waste of time and energy. Their tax records and their assets are the useful sources to reveal the truth. Doctor U Myint’s view must not be allowed to influence the work of Rule of Law Committee.
ပြောရတာ ဂွကျတယ်ဗျ။ လူတွေကမတရား ဇွတ်ထောက်ခံနေတယ် ဝေဖန်စရာရှိရင် ဝေဖန်ရမှာပဲ။
ခုအချိန်ဟာ ခရိုနီ ကိုကာကွယ်ရမယ့်အချိန်မဟုတ်သေးဘူး
ပြည်တွင်းစစ်နဲ့ လယ်သိမ်းခံ လယ်သမားတွေကို အရင် ဦးစားပေး လုပ်သင့်ပါတယ်။ ငတ်ပြီးသေရမှာ ဆင်းရဲသားဗျ။ ခရိုနီတွေက သေမဲ့အထဲ မပါသေးတော့ အရေးမကြီးသေးဘူးထင်ပါတယ်။
ခုခရိုနီတွေက ဘယ်ဂိတ်လို ဒေါ်လာ ဘီလျံချီလှူတာ မဟုတ်သေးဘူးဗျ
သူတို့လှူတာ သိန်း၁၀၀၀ ဝန်းကျင် စက်မှုဇုံအတွက် သိမ်းထားတဲ့ လယ် တစ်ဧက တန်ဖိုးထက်တောင် နဲနေသေးတယ်ဗျ။
ဒီလောက်လေးလှူတာ ကျနော်တို့က အရည်ပျော်ရမှာလား။
အဲခရိုနီတွေက ချမ်းသာတာ တိုင်းပြည်ဆင်းရဲတာ နဲ့ တိုက်ရိုက် အချိုးကျတယ်ဗျ။
ဘာပဲပြောပြော NLD ကိုတော့ ခုရက်ပိုင်း ဝေဖန်မှုရှိလာတာတော့ အမှန်ပဲ။ အေးရှားတိုင်း ကတောင် ဝေဖန်ထားတယ်ဗျ။
ခရိုနီတွေအနေနဲ့ ပြောင်းလဲချင်ရင် မတရားသိမ်းထားတဲ့လယ်တွေ အမြန်ပေး ဒါမှမဟုတ် ထိုက်တန်အောင် လျော်ကြေးပေးရပါမယ်။
ခုလို ဟိုပြေးကပ် ဒီပြေးကပ်တဲ့ အဆင့်လောက်နဲ့တော့ သူတော်ကောင်းဖြစ်မလာနိုင်ဘူးဆိုတာ သိစေချင်တယ်။
ဒေါ်စု အနေနဲ့လဲ သူကိုယ်တိုင်ထောက်ခံ ခဲ့တဲ့ စီးပွားရေး ပိတ်ဆို့ မှုကြီးမှာ မတရားကြီးပွားလာတဲ့ ခရိုနီကို ကာကွယ်နေတာ မိမိရဲ့ ရိုးသားတဲ့ နိုင်ငံရေး သမားဘဝကို ထိခိုက်စေပါတယ်။ ငြိမ်းချမ်းရေး နိုးဗယ်ဆုရှင်အနေနဲ့ ခရိုနီ ကာကွယ်နေမယ့်အစား ကချင် ပြည်တွင်းစစ်ရပ်စဲရေးမှာ ပါဝင်ခြင်းဖြင့် ပြည်သူကို အလုပ်ကျွေးပြုသင့်ပါတယ်။
ပထမတစ်ချက်က မြန်မာနိုင်ငံက အမေရိကန်လိုနိုင်ငံတွေနဲ့ အပြည်အ၀မတူသေးတာပဲ။ ခုလိုစပ်ကူးမတ်ကူး အချိန်မှာ croniesတွေက သူတို့ပေးထားတာနဲ့ တူတဲ့တန်ဖိုးပြန်ယူမှာပဲ။ ဒီနည်းနဲ့ ဒေါ်စုရဲ့နာမည်ကောင်းတွေကို ၀ယ်ယူသွားမှာ စိုးရိမ်ရပါတယ်။
Every country has cronies story,and then transformed to well established firms later.
Especially recenly grown China,Malaysia started with cronies backed economy.Deng Xiao Peng created about 50 cronies under his direct authoriy at the beginning of open market economy in China and then assigned each and individual crony to bring in new 10 nos cronies under their wing and again newcomer cronies to bring in the certain amount then expand the national interests within the Chinese national strong hold.
Mahathir also practised the same.
what’s the content of this forum?Just to show average jealous and stupid foreign worker minded Myanmar citizen character?
ငါးကြင်းဆီနဲ့ငါးကြင်းကျော်နေကြတယ်လို့တော့မြင်မိတာပဲ။
ဘယ်သူငါးကြင်းလည်းဆိုတာတော့….?
နေဝင်းလက်ထက်၊ စစ်ပြန်စစ်မှုထမ်းဟောင်းအစည်းအဝေးတစ်ခုမှာ ဒင်းပြောတာ လမ်းသွားရင်းကြားလိုက်ဘူးတာမှတ်မိသေးတယ်….။
“ငါးမူးထဲနဲ့ငါးကြင်းခေါင်းကိုင်ဘို့ မစဉ်းစားနဲ့”….တဲ့..။
ခုတစ်လောအလှုပ်ဆုံးအကြောင်းအရာဖြစ်နေသလို စိတ်ဝင်စားစရာကောင်းလို့ ကျွန်တော့် အမြင်ကိုနည်းနည်း ၀င်ပြောပါရစေ။ ခရိုနီဆိုတာနဲ့ပတ်သတ်ပြီးဒေါ်စုပြောတဲ့အမြင်ကို ကျွန်တော်လေးလေးနက်နက်ထောက်ခံသလို ဒီကိစ္စမျိုးပြောရင် ဒါမျိုးရှုပ်ပွသွားနိုင်တယ်ဆိုတာ သိပေမယ့် ရဲရဲဝံ့ဝံ့ပြောရဲတဲ့ ဒေါ်စုကိုလည်းအရမ်းလေးစားမိပါတယ်။ ဘာလို့ဒေါ်စုပြောတာ ကိုထောက်ခံရသလဲဆိုရင် ခွဲခြားမြင်နိုင်စွမ်းရှိသလို လက်တွေ့ကျတဲ့စကားဖြစ်လို့ပါ။ လွန်ခဲ့တဲ့ အနှစ်(၂၀)ကျော်စစ်အစိုးရလက်အောက်မှာ စီးပွားရေုးလုပ်တဲ့သူတိုင်း အစိုးရပိုင်း၊ အစိုးရတာဝန်ရှိသူပိုင်း၊ စစ်ဗိုလ်ကြီးဗိုလ်ကလေးတွေနဲ့မပတ်သတ်ဘဲ စီးပွားရေးဘယ်လိုမှလုပ်လို့မရလို့ပါပဲ။ ဘာလို့လဲဆိုတော့ အစိုးရရဲ့အခန်းကဏ္ဍက အရမ်းကို ကြီးမားလွန်းလို့ပါ။ အဲလိုပတ်သတ်မယ်ဆိုရင်လည်း ပုံမှန်မဟုတ်တဲ့နည်းလမ်းတွေနဲ့ပဲ ပတ်သတ်ရတာများပါတယ်။ ဘာလို့လဲဆိုတော့ တိုင်းပြည်မှာ အကျင့်ပျက်ခြစားလာဘ်စား မှုဟာ ကပ်ရောဂါဆိုးကြီးလိုကျရောက်ပြီး လူတိုင်းကိုစနစ်တကျကူးစက်နေလို့ပါ။ ဒီတော့ တကယ်တမ်းခရိုနီလို့ပြောရင် တော်တော်များများကတော့ အကျုံးဝင်နေပါလိမ့်မယ်။ ပမာဏကြီးတာနဲ့သေးတာပဲကွာတာပါ။ ဒီတော့ ခရိုနီဆိုတာကို အခြေခံပြီး ဒေါသဖြစ်နေတာ က ယထာဘူထမကျဘူးလို့ထင်မိတယ်။ ဒါပေမဲ့ အဲဒီခရိုနီတွေထဲမှာကို (၂)ပိုင်းပြန်မြင်ပါ တယ်။ (၁) ကတော့ အာဏာပိုင်တွေနဲ့ ရင်းနှီးမှုကို အခြေခံပြီး ကြီးပွားအောင်လုပ်တာ၊ ချမ်းသာအောင်လုပ်တာက တစ်ပိုင်း (၂) ကတော့ အဲလိုရင်းနှီးလို့ ရမ်းကားချင်တိုင်းရမ်းကားး၊ မိုက်ရိုင်းချင်တိုင်းမိုက်ရိုင်းပြီး Crimes against Humanity လူသားမျိုးနွယ်စုတစ်ခုလုံးကို အန္တရာယ်ဖြစ်စေနိုင်တဲ့အလုပ်(လက်နက်အရောင်းအ၀ယ်လုပ်တာ၊ မူးယစ်ဆေးဝါးအရောင်းအ၀ယ်လုပ်တာ)မျိုးလုပ်တဲ့လူမျိုး၊ Crimes against Society လူ့အဖွဲ့အစည်းကို အန္တရာယ်ဖြစ်စေနိုင်တဲ့အလုပ် (သဘာဝပတ်ဝန်းကျင်ပျက် စီးအောင်လုပ်တာ) လုပ်တဲ့လူမျိုး၊ ဥပေဒပအလုပ်တွေကိုလုပ်နေတဲ့လူမျိုးတစ်ပိုင်းပါပဲ။ ဒုတိယတစ်ပိုင်းကတော့ ခရိုနီနဲ့မဆိုင်တော့ပါဘူး။ ရာဇ၀တ်သားပုံစံမျိုးဖြစ်သွားပါပြီ။ အဲဒါကိုတော့ ခွဲခြားကြည့်မြင် ဖို့လိုတယ်လို့မြင်ပါတယ်။ အဲဒါကိုရောချပြီး ခရိုနီခရိုနီဆိုတာနဲ့ အမျက်ပွားနေရင်တော့ အကျိုးမဖြစ်ပါဘူး။ ကျွန်တော့်အမြင်လုပ်ရမှာကတော့ အရင်ဆုံး နိုင်ငံမှာအကျင့်ပျက်မှုတွေလျော့နည်း၊ ပပျောက်အောင်လုပ်ရမယ်။ နောက်တစ်ချက်ကတော့ ခရိုနီပဲဖြစ်ဖြစ်၊ ခရိုဝါပဲဖြစ်ဖြစ် အရင်ပုံစံဟောင်းနဲ့အလုပ်မလုပ်နိုင်အောင်လုပ်ရမယ်။ အဲလိုပဲ နောက်ထပ်ခရိုနီတွေမပေါ် အောင်လုပ်ရမယ်။ ဒေါ်စုအမြင်ကတော့ ခရိုနီဆိုတာနဲ့ အဓိပ္ပာယ်ဘာမှန်းမသိဘဲ အမြင်ကျဉ်းကျဉ်းနဲ့ လျှောက်ဆဲနေတာမျိုးကိုသဘောမကျဘူး။ သူတို့ကောင်းတာလုပ်ရင်လုပ်ခွင့်ပေးရမယ်။ ဒါပေမဲ့ ဆိုးတဲ့လူမျိုး၊ ခုနဒုတိယလူတန်းစားမျိုးကိုတော့ သူ့အနေနဲ့ ဖယ်ကျဉ်သွားမယ်လို့မြင်ပါတယ်။ အဲဒါကြောင့်လည်း အပြစ်ရှိတယ်ဆိုတာ မထင်ရှားသရွေ့ပြစ်ဒဏ်ပေးလို့မရဘူးလို့ပြောခဲ့တာဖြစ်ပါမယ်။
အပေါ်ကကောင် မင်းရေးတာ မိုက်တယ်ပြောရမယ်။ တို့ရပ်ကွက်ထဲက ဘုရားလူကြီးက နအဖခေတ်မှာ ရပ်ကွက်လူကြီးနဲ့ပေါင်းပြီး လမ်းမြေတွေခိုးတယ်။ သူ့ခြံကလမ်းထောင့်မှာ အရင်ကျဉ်းကျဉ်းလေး၊ နောက်တော်တော် ကျယ်သွားတာ.. လမ်းကတော်တော် ကျဉ်းသွားတယ်။ ရပ်ကွက်လူကြီးပိုင်လို့ ဘယ်သူမှမပြောရဲဘူး။ ခုတော့ဗျာ အဲဒီဘုရားလူကြီးက ထွက်သမျှဂျာ နယ်တွေဖတ်ပြီး ခရိုနီအလိုမရှိ၊ သူခိုးကြီးတွေ အလိုမရှိ၊ မတရားမှုအလိုမရှိဆိုပြီးအော်နေ ဟစ်နေတာ ကြားလို့တောင် မကောင်းဘူး။ ခရိုနီဆိုတာ ဘာမှန်းမသိဘူး၊ လွှတ်ကိုမုန်းနေတော့တာပဲ။ တစ်ချို့များရှိသေးတယ်။ ခုအပေါ်မှာ မာမီစုနဲ့အတူတွေ့ရတဲ့ မောင်ဇော်ဇော်ကို မက်(စ်)မြန် မာကုမ္ပဏီပိုင်ရှင်ဆိုပြီး မက်(စ်) အချိုရည်ထုတ်တယ်၊ မက်(စ်)အချိုရည်က ဆေးသကြားများ တယ်။ လူကြီးတွေနဲ့ပိုင်လို့ ဘယ်သူမှမစစ်ရဲဘူးဆိုပြီး လျှောက်ပြော၊ လျှောက်ဆဲကြတော့ တာပဲ။ အဲဒါတွေယုံပြီး ၀ီကီလိမှာတောင် မက်(စ်)မြန်မာ အချိုရည်ပိုင်ရှင်၊ ပက်(စ်)စီဦးသိန်း ထွန်းသားမက်ဆိုပြီး လျှောက်ရေးတယ်။ မြန်မာနိုင်ငံကို မရောက်ဘူးတဲ့နိုင်ငံတကာ မီဒီချာကြီး တွေဆိုပိုဆိုးပေါ့..ပေါက်ကရ အကုန်လျှောက်ရေးတာပဲ။ တကယ်တော့ မက်(စ်)အချိုရည် ကိုမောင်ဇော်ဇော်နဲ့ ဘာမှကိုမဆိုင်ဘူး။ မောင်ဇော်ဇော်က ဦးသိန်းထွန်းနဲ့လည်း ဘာမှကိုမဆိုင်ဘူး။ လေဖမ်းဝါးတန်းချည်ကြတယ်ဆိုတာ ဒါမျိုးပဲနေတာ ငါ့ကောင်ရေ….
We agree your comments. But the most important thing is “Nobody shall be above the law.” From now, rule of law must be strickly maintained.
Do you want Suu Kyi to maintain Nargis 2008 Law strictly? The law itself is what the problem is. Rule of Law? This is the question already. Suu Kyi accepted the wrong position because the law itself is corrupt law and Suu Kyi is fighting the enemy with useless weapon.
Once a thief…always a thief… လို့ပြောလို့မရသလို.. the end does not justify the mean… ကောင်းမှုလုပ်လို့ မကောင်းတာတွေက ပျောက်ကွယ်မသွားပါဘူး … ခုချိန်မှာ အလိုအပ်ဆုံးအရာက စည်းလုံးညီညွတ်မှုပါပဲ. .ဝေးဝေးမကြည့်. .နေ့စဉ်ကိုယ်လုပ်နေတဲ့ အလုပ်တွေဟာ ဘာအတွက်လဲ.. ဘာရည်ရွယ်ချက်လဲဆိုတာ ပြန်သုံးသပ်ဖို့လိုပါတယ်.. လူတိုင်းပြည့်စုံချင်ကြပါတယ်.. ဒုက္ခမခံချင်ကြပါဘူး… ခုဒုက္ခခံတယ်ဆိုရင်တောင် နောင်တချိန်ကောင်းဖို့ပဲဆိုတာဖြစ်မှာပါ..
ခေတ်ပျက်သဋ္ဌေးပဲပြောပြော… လုံ့လအားထုတ်မှုမရှိရင်.. ဘယ်အရာမှဖြစ်မလာပါဘူး…
နိုင်ငံတစ်ခုကောင်းဖို့. .ခေါင်ထိပ်မှစ တိုင်ခြေအထိ သူ့တာဝန်သူထမ်းဆောင်နိုင်ဖို့ လိုအပ်ပါတယ် အစစအရာရာ နောက်ကျနေပြီဖြစ်တဲ့ တိုင်းပြည်မှာ.. တစ်ဦးနဲ့တစ်ဦး အပြစ်ပြောနေမယ့်အစား.. ရှိပြီးသားအရင်းအမြစ်တွေကို ကောင်းမွန်စွာ အသုံးချတက်ဖို့လိုပါတယ် လူတိုင်းမှာကောင်းတာလေးတွေ ရှိတက်ပါတယ်… တသက်လုံး မကောင်းမြင်မယ့်အစား.. မတူတာကိုအချင်းမပွါးပဲ.. တူတာလေးတွေကိုပဲယူရင်း. ကိုယ့်နိုင်ငံတကယ် ကောင်းစားဖို့ လူတိုင်းကြိုးစားဖို့လိုတယ်… လွယ်လွယ်ရတဲ့အရာဟာ လွယ်လွယ်ပဲ ပျောက်သွားတက်တာမို့… အလွယ်လမ်းစဉ်မလိုက်ကြပါနဲ့လို့ ဆန္ဒပြုရင်း
ခရိုနီဆို ရင်တော့ တို့ လုံးဝ လက်မခံနိုင်ဘူး။
Pls don’t see one side way! Cronies only they sucked the National Sources and going be rich today. But the bad leadership U Ne Win and his followers, Military Regime sucked all the States National Sources, big corruptions and killed innocent people, monks, labors and our next generation students, all are still in ground full with their blood and bones a lot. They ruled and made our Country in poverty and people living with fear, No Human Rights. Today! Nobody or New Government and any political parties, no action to take them, Law and Order right now. So 50 millions of our Burmese people need to know the condition and event of time, to go straight forward Democray first and going what happening that you needs and wishes.
ခရိုနီကိုဒေါ်စုထိလို့မရတော့ပါဖူး ခရိုနီကိုထိယင် စစ်ဗိုလ်ချုပ်တွေနဲ့သူတို့မိသားစုတွေပါအကုန်ဥပဒေကြောင်းအရရှင်းလင်းရတော့မှာမို့ အင်မတန်ခက်ခဲတဲ့ကိစ္စပါ။ခရိုနီတွေဆီကရတဲ့ငွေတွေနဲ့ခရိုနီပြန်ဖြစ်လာကြတဲ့ စစ်တပ်အသိုင်းအ၀န်းကြီးဟာ ထုထည်ခိုင်ခန့်နေကြပြီလေ။
Rule of Law အရဆိုယင်တော့အကုန်ပါမှာကို။ဦးနေ၀င်းခေတ်ကလိုပြည်သူပိုင်သိမ်းလို့မှမရတာ။ဦးခင်ညွှန့်လက်ထက်ကလိုပဲ ဘိန်းနဲ့ချမ်းသာလာတဲ့ ငွေမဲတွေခ၀ါချခွင့်ပြုသလို Max ဇော်ဇော်အပါအ၀င် ခရိုနီတွေအားလုံးပြည်သူတွေထင်သာမြင်သာမဲ့ အလှူတွေပေးခိုင်းပြီး ဇောတိကဘွဲ့တွေပေး လူကြီးလူကောင်းစာရင်းသွင်းပြီး ပုံစံတမျိုးနဲ့ ဆက်အသက်ရှင်ကြပေါ့ ဒါပဲရှိတော့တာပဲ Rule of Law ……is to protect the wealth of Cronies.
Building our Union on corruption or built with laundered money and controlled by the crooks forever is the thing we never want to see. We did not even want to hear their names and we did not even want to see their pictures. Because we believed that the crooks and their bosses channeled down the state fund into their purses. Legalizing bloodstained drug money and money from cronies ……..? Do we not have other ways to find solution to rebuild our Union? If we have not known about these people and piling up corruptions, our conscience might be clean and sincere. I hope people’s mentality will not be influenced by corruption to see and accept the corrupt way as legitimate way of life. There are a lot of wealthy Mexicans who are running drug cartels but their society is filled with fear and corruption. The name democracy is not good enough to build the nation. All the citizens need to live under the same constitution and the law of the land. As long as corrupt people are above the law and only poor people are under the law, the land will never see real peace of mind. I write this comment with my broken heart for my country.
စိတ်ပျက်စရာပဲ ဗျာ
သိန်း၃၀၀၀ ဒေါ်လာ ၃သိန်းကျော်ကျော်လောက်ရတာ ဒီလောက်တောင် ဖြစ်နေကြလား
နိုင်ငံတကာသူဌေးကြီးတွေလို လှူရင် ခရိုနီတွေကို ဘုရားလို ကိုယ်းကွယ်နေကြမလားပဲ။
ရီရတယ် နိုင်ငံရေးသမားတွေက politician is professional liar တဲ့
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဇော်ဇော်ကို တွဲပြီးမြင်ရတော့ တခြားလူတွေတော့ဘယ်လိုနေမယ်မသိဘူး။ ကျွန်တော်ကတော့ အရမ်းဝမ်းသာပါတယ်။ ဇော်ဇော်ဟာ ကျွန်တော့်ငယ်သူငယ်ချင်းပါ။ ခုလိုပြောလို့ ဆန္ဒဂတိပါတယ်ဆိုပြီးအပြစ်တင်ရင်လည်းခံရမှာပါပဲ။ ဒါပေမဲ့ သူနဲ့မတွေ့တာတော့တော်တော်ကြာသွားပြီဖြစ် သလို သူ့ဘာသာဘယ်လောက်ချမ်းသာသာ သူ့ဆီက ငါးပြားတစိတောင် မစားထားဖူးတော့ပြောရတာလိပ်ပြာ လုံပါတယ်။ သူဟာ အမှောင်ခေတ်က တခြားသူဌေးတွေနဲ့လုံးဝမတူဘူးလို့မြင်ပါတယ်။ မာန်မာနမရှိသလို တိုင်းပြည်အတွက်ဆို အမြဲတမ်းပဲကူညီဆောင်ရွက်ပေးချင်စိတ်ရှိတဲ့သူမျိုးပါ။ ဒါက ငယ်ငယ်ကတည်းကပါ။ ကျောင်းမှာတုန်းကလည်း လူမှုရေး၊ ဘာသာရေး၊ တိုင်းရေးပြည်ေ၇းတွေမှာ သူအမြဲတမ်းတက်တက်ကြွကြွ ပါပါတယ်။ ၈၈ ဖြစ်တော့ ကျွန်တော်တို့တရားပွဲလုပ်မယ်ဆိုပြီးခုံတွေအတူမခဲ့တာ၊ ပစ်လို့ထွက်ပြေးခဲ့ရတာတွေ မှတ်မိပါသေးတယ်။ ပြောချင်တာကတော့ သူတိုင်းပြည်ကိုကောင်းစေချင်တဲ့စေတနာရှိတယ်၊ အရည်အချင်း လည်းရှိတယ်။ ငွေကြေးအင်အားလည်းရှိတယ်။ သူ့လိုလူဒေါ်စုကိုကူညီရင် ဒေါ်စုအတွက်တစ်အားလို့ထင် တယ်။
ဟုတ်ပါတယ်ဇော်ဇော်က ကျွန်မတို့ကျောင်းထွက်ပါ။သူကပိုကြီးပါတယ်။စိတ်ထားတော့
တစ်ကယ်ကောင်းရှာပါတယ်။ လူမိုက်တွေရဲ့ခေတ်မှာဒုက္ခရောက်သူတွေကိုကူညီ
ဖို့အတွက်သူလည်းယုံအောင်နည်းနည်းတော့မိုက်ပြရတာပေါ့လေ။
မာဖီးယားဂိုဏ်းထဲဝင်သွားတဲ့spyလိုပေါ့တစ်ကယ့်စိတ်ရင်းကတော့ကောင်းရှာပါတယ်။
တကယ်က ခရိုနီဆိုပြီး တိုင်းပြည်အတွက်အန္တရာယ်ရှိတဲ့လူက နှစ်ယောက်ပဲရှိတယ်။ အဲဒါတေဇနဲ့ထွန်းမြင့်နိုင်(ခ)စတီဗင်လောပဲ။ တေဇက လက်နက်မှောင်ခို၊ ထွန်းမြင့်နိုင်က ဘိန်းဘုရင်လော်စစ်ဟန်သား/တရုတ်။ ဒါကြောင့်လည်း အမေရိကန်အစိုးရက နောက်ဆုံးပိတ်တဲ့ sanction မှာ သူတို့နှစ်ယောက်ပိုင်တဲ့လုပ်ငန်းတွေကိုပဲ Targeted Sanction လုပ်ပြီး ပိတ်ပစ်လိုက်တာ။ ADG ဘဏ်ကြီးပါပါ သွားတယ်။ အမေရိကန်ဘာကြောင့် ဒီနှစ်ယောက်ထဲကိုရွေးပိတ်ရတာလဲ။ ရှင်းနေတာပဲ။ ဒီနှစ်ယောက်က တိုင်းပြည်အတွက် အန္တရာယ်ရှိတဲ့လူ/အန္တရာယ်ပေးခဲ့တဲ့လူဖြစ်နေလို့ပေါ့..ဒေါ်စုကို တစ်ခုတော့ သတိပေးချင် တယ်။ ကျန်တဲ့လူတွေနဲ့ပေါင်းချင်ပေါင်းပါ။ အဲဒီနှစ်ယောက်ကိုတော့ ရှောင်စေချင်တယ်။
I fully agree with “Nyi Nyi Tar”, January 18th comment.. You are right…
ရွှေသံလွင်ကျော်ဝင်းလည်း ဘာမှမထူးဘူး။ တေဇမတက်လာခင်တုန်းကတည်းက မူလလက်ဟောင်းခရိုနီ။ တေဇတက်လာတော့ သူ့နာမည်ကျသွားပြီး လူသိပ်မသိတာ။ တေဇဆိုတာ ဘာမှန်းသူများမသိခင်တုန်းက သူလည်း လက်နက်တွေဝယ်ပေးဖူးတာပဲ။ အကောက်ခွန်အရာရှိမင်းများကို မေးကြည့်ပေါ့။ ခင်ညွှန့်နဲ့ပေါင်းပြီး ရိုက်ထားတာတွေ၊ ပြည်သူကို နှိပ်စက်ထားတာတွေ အများကြီး။ တချိန်တုန်းက ဘာစီမံကိန်း၊ ဘာကွန်ဒို ညာကွန်ဒို ဆိုတာတွေ အကုန် ရွှေသံလွင်နဲ့လွတ်တာမဟုတ်ဘူး။ ခင်ညွှန့်လည်းပြုတ်ရော ဘယ်သူ့အဘခေါ်ရမှန်းမသိ ဟိုအဘနားလိုလို ဒီအဘနားလိုလို ယောင်လည်လည်ဖြစ်နေရာက တေဇက လျင်လို့ သူ့ကို ကျော်သွားတာ။ အဲ့ဒီတုန်းက သူပြောဖူးတယ်။ သူ့စည်းစိမ်တွေကုန်ချင်သလောက်ကုန်ပစေ၊ စည်းစိမ်ဥစ္စာဆိုတာ ပြန်ရှာလို့ရတယ် ရွှေသံလွင်ကျော်ဝင်းဆိုတဲ့ နာမည်ကျန်ဖို့ ဘယ်အဘကို ခြေထောက်ဖက် ပေါင်းရပေါင်းရဆိုတာ သူပြောတာ။ သူအဘခေါ်လို့ရမယ့်သူတွေရုံးခန်းတွေကို နေကုန်နေခန်း အလုပ်ကိုင်ပျက် သွားထိုင်စောင့်နေခဲ့တာ၊ အဘခြေထောက်တွေအဖက်ကောင်းလို့ နေရာတနေရာ ပြန်ရလာတာ သူတို့နဲ့ ဆက်ဆံဖူးတဲ့သူတိုင်းအသိ။ တကယ်သာ ကိုယ်ပိုင်အရည်အချင်းရှိတယ်ဆိုရင် အဲ့သလို သူများကို အောက်ကျနောက်ကျ အဘလိုက်ခေါ်ဖို့ လိုမလား။ သူ့ဝန်ထမ်းတွေကိုဆိုလည်း ဘုရားထူးခိုင်းမတတ် ထားတာ သူတို့နဲ့ဆက်ဆံဖူးသူတိုင်းအသိ။ သူတို့ဝန်ထမ်းတွေကတော့ သူတို့မကောင်းကြောင်းကို ဘယ်တော့မှ မြင်သိလိမ့်မှာမဟုတ်ဘူး။ သူတို့တွေဆီမှာ သူတို့ဝန်ထမ်းတွေ ဂုဏ်ယူစရာ အတိတ်ဇာတ်လမ်းတွေက အမြဲရှိနေတတ်တယ်။ ဥက္ကဌကြီးက ဘယ်ကဲ့သို့ ကြိုးစားခဲ့တာ၊ ဘယ်ကဲ့သို့ ရုန်းကန်ခဲ့ရတာဆိုတာတွေပေါ့။ အတိုင်းတာတခုအထိ မှန်ကန်တာတွေရှိပေမယ့် မရိုးသားမှုတွေကတော့ ဒုနဲ့ဒေး။ ၀ါဝါ၀င်းဆိုလည်း ဒီတိုင်းပဲ။
”နိုင်ငံရေးလုပ်သည့်နေရာမှာ အာဃာတကို အခြေခံပြီး လုပ်တာမျိုးကို မကြိုက်ဘူး။ ခရိုနီဆိုတာလည်း ခရိုနီ အမျိုးမျိုးရှိပါတယ်။ ခရိုနီလို့ ဘာလို့ ခေါ်လဲဆိုတော့ န၀တ၊ နအဖခေတ်မှာ တုန်းက ချမ်းသာလာခဲ့ကြလို့ပေါ့။ သူတို့ချမ်းသာပုံ ချမ်းသာလာကြနည်းကလည်း တစ်ယောက်နဲ့တစ်ယောက်မှ မတူကြတာပဲ။ ချမ်းသာလာတဲ့နေရာမှာ မတရားမှုတွေပါသလား၊ မပါသလား ဆိုတာကို ကြည့်ရမယ်။ ကျွန်မအမြဲ ပြောနေကျစကားကိုပဲ ပြောရပါမယ်။ ပြစ်မှုမထင်ရှားသရွေ့ အပြစ်မဲ့တယ်လို့ပဲ သတ်မှတ်ရပါမယ်”
ဒေါ်အောင်ဆန်းစုကြည်ရဲ့စကားတွေဖြစ်ပါတယ်။ ဒီစကားပေါ်မှာ အမြင်၊ သုံးသပ်ချက်၊ ဝေဖန်မှုတွေကတော့ အမျိုးမျိုးကွဲပြားပါလိမ့်မယ်။ ဒီအပေါ်က စကားတွေကိုဖတ်ကြည့်လိုက်တဲ့အခါမှာ “ချမ်းသာလာတဲ့နေရာမှာ မတရားမှုတွေပါသလား၊ မပါသလား ဆိုတာကို ကြည့်ရမယ်” ဆိုတော့ ကျွန်တော်စဉ်းစားကြည့်ပါတယ်။ ခရိုနီ အယောက်တစ်ရာမှာ တရားသောနည်းဖြင့် ချမ်းသာလာသူ တစ်ယောက်တလေ များပါနိုင်မလား၊ ရှိခဲ့ရင်ရော?? ဆိုတာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ဟာ အဲဒီ “မရှိနိုင်လောက်ပါဘူးကွာ” ဆိုတဲ့ stereotyping အလုပ်ခံရခြင်း အောက်က တစ်စုံတစ်ယောက်အတွက်၊ တစ်ယောက်ပဲရှိရှိ.. အဲဒီသူရဲ့ တရားမျှတမှုအတွက် လူသန်းပေါင်းများစွာရဲ့ အမုန်းခံ၊ အငြိုငြင်ခံ၊ အထင်လွဲ၊ ပြစ်တင်စွပ်စွဲခံပြီး သတ္တိရှိရှိ၊ ရဲရဲ ရင့်ရင့် voice out လုပ်လိုက်ခြင်းလို့ ကျွန်တော်ခံစားမိပါတယ်။
ဒီစကားရဲ့ အပေါ်က ပြောခဲ့တဲ့ စကားတစ်ချို့ကိုတော့ ကျွန်တော်ကိုယ်တိုင် စဖတ်ချိန်မှာ သိပ်ဘ၀င်မကျခဲ့ပါဘူး။ အောက်မှာဖော်ပြပေးပါရစေ။
”ဘယ်သူမဆို ဘယ်လောက်ပဲ မှားဖူး၊ မှားဖူး ကိုယ့်ကိုယ်ကို ပြန်ပြုပြင်နိုင်တဲ့ အခွင့်အရေးတော့ပေးရမယ်။ အခုခရိုနီ၊ ခရိုနီလို့ ပြောနေပေမယ့် ဒီမိုကရေစီနိုင်ငံကြီးတွေမှာတောင် စက်မှုတော်လှန်ရေး ကာလတုန်းက သူဌေးကြီးတွေဖြစ်ခဲ့တဲ့သူတွေကလည်း တစ်ကယ်တန်းတော့ တရားမျှတတဲ့နည်းနဲ့ ဖြစ်လာခဲ့တာ မဟုတ်ပါဘူး။ အမေရိကန်လို ဒီမိုကရေစီနိုင်ငံကြီးတွေက ချမ်းသာလာတဲ့ မိသားစုတွေရဲ့ လုပ်ပုံလုပ်နည်းတွေမှာလည်း ခေါင်းပုံဖြတ်တဲ့နည်းတွေ အများကြီးရှိခဲ့ပါတယ်။ နောက်ပိုင်းမှ ပရဟိတအလုပ်တွေ အင်မတန်လုပ်တဲ့ မိသားစုတွေဖြစ်လာတယ်။ အများအကျိုးကို သူတို့နိုင်ငံတင်မဟုတ်ဘူး ကမ္ဘာကတစ်ခြားနိုင်ငံသူ၊ နိုင်ငံသားတွေရဲ့အကျိုးကို ထမ်းဆောင်တဲ့ အခြေအနေတွေပါ ရောက်လာကြတယ်”
“ဘယ်လောက်ပဲ မှားဖူးမှားဖူး ကိုယ့်ကိုယ်ကို ပြန်ပြုပြင်နိုင်တဲ့ အခွင့်အရေးတော့ပေးရမယ်” ဆိုတာကိုသဘောတူပါတယ်။ ဒါပေမယ့် လူဟာ ကိုယ်စိုက်တဲ့အတိုင်း ကိုယ်ရိတ်ကြရမှာပါ။ မကောင်းမှုတွေကို ကောင်းမှုနဲ့ ပြန်ချေလို့မရဘူးလို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒါပေမယ့် ကောင်းသောလမ်းကို ပြောင်းလျှောက်လာမယ်ဆိုရင်တော့ ၀မ်းသာကြိုဆိုစရာပေါ့။ ကျွန်တော်ကိုယ်တိုင်လည်း ခွင့်လွှတ်ခြင်းနဲ့ ရင့်ကျက်ခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို မမီနိုင်သေးလို့ဖြစ်မှာပါ။ ဆိုလိုတာက ခွင့်လွှတ်တယ်ဆိုတဲ့နေရာမှာ မတရားခံခဲ့ရတဲ့ပြည်သူတွေဘက်က မရပ်တာမဟုတ်ဘဲ စီရင်ခြင်းအမှုကို “စိုက်သည့်အတိုင်း ရိတ်ရမည်” လို့စိတ်ချလျက် အချိန်ကိုစောင့်ခြင်းလည်းဖြစ်နိုင်ပါတယ်။ အချိန်ကိုစောင့်ရင်းလည်း ခုချိန်မှာ ကိုယ်လုပ်နိုင်သလောက်၊ လုပ်သင့်တဲ့ ကောင်းတဲ့၊ တိုင်းပြည်အတွက် အကျိုးရှိတဲ့အရာကို လုပ်ဆောင်ခြင်းပေါ့။
ကဲ၊ ဒီမှာ လာပြီ။ ကျွန်တော် အဓိကပြောချင်တဲ့ဟာ။ ခု story line က ခရိုနီတွေက ဂစ်တာတွေ၊ ဆွယ်တာတွေ ၀ယ်တယ် NLD ကိုလှူတယ်၊ ဒီချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ဒီစကားကိုပြောတယ်။ အခြေအနေက ဒီလိုမျိုး – လူကြိုက်မများတဲ့သူတွေက ကိုယ့်ကို favor လုပ်လာချိန်မှာ ကိုယ်က အမှန်တရားအတွက် ရပ်တည်ပြီး ပြောရမယ့်စကားက ဒီလူတွေဘက်လိုက်သလို၊ ကာကွယ်သလိုဖြစ်မယ့်ဟာကြီး။ ပြောရင်လည်း အမုန်းခံ၊ အထင်လွဲခံရမယ်။ မပြောရင်လည်း ကိုယ်ဟာ အမှန်တရားဘက်က မရပ်ခဲ့မိဘူးဆိုတာ ကိုယ့်ကိုယ်ကို သိပြီး အသက်ရှင်နေရမယ်။ ကျွန်တော် သူ့ကို ကိုယ်ချင်းစာပါတယ်။ ကျွန်တော်ဆို သူ့လို မရဲရင့်၊ သတ္တိမရှိခဲ့ဘူး။ အခြေအနေတစ်ခုရဲ့ အဖြစ်မှန်ကို ကျွန်တော်မြင်နေပေမယ့် ကိုယ်က third party မဟုတ်ဘဲ ဘက်တစ်ဘက်နဲ့ ပတ်သက်နေချိန်မှာ ကိုယ့်အမြင်ကို ထုတ်ပြောရင် bias ဖြစ်တယ်လို့ ထင်ခံရမှာစိုးလို့ ကျွန်တော် နှုတ်ပိတ်နေခဲ့တဲ့ အချိန်မျိုးတွေရှိခဲ့ဖူးပါတယ်။
ပြီးခဲ့တဲ့အပတ်က ကျွန်တော် ဒေါ်အောင်ဆန်းစုကြည်ကို လူကိုယ်တိုင်တွေ့မြင်ခဲ့ရပြီး သူကိုယ်တိုင်ပြောတဲ့စကားတွေကို ကြားခွင့်ရခဲ့ပါတယ်။ အဲဒီနေ့က သူပြောခဲ့ပါတယ် “လူတကာရဲ့ အကြိုက်ကို အလိုလိုက် အကြိုက်ဆောင်ပြီး ဦးဆောင်လို့ မအောင်မြင်နိုင်ဘူး။ အဲဒီသူတွေရဲ့ အကျိုးအတွက် သူတို့ရဲ့ အမုန်းခံပြီး ဦးဆောင်ဖို့လည်းလိုတယ်” (စကားလုံးအတိအကျမဟုတ်ပါ။ အဲဒီသဘောတော့ သက်ရောက်ပါတယ်။ သူပြောတုန်းကတော့ စကားလုံးတွေက ပိုကျစ်လျစ်တာပေါ့ဗျာ) ။ ကျွန်တော်ယုံကြည်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံကို အကျိုးရှိစေဖို့ အလိုလားဆုံးသူတွေထဲက တစ်ယောက်ပါပဲ။ ခုတော့ သူကိုယ်တိုင် stand လုပ်ပြီး ဒီကိစ္စကိုပြောလာတဲ့အတွက် ကျွန်တော်လည်း သူ့ရဲ့ ခြေရာကိုလိုက်နင်းပြီး ဒီစာနဲ့ သူ့ကို support လုပ်ပါတယ်။ ဘာလို့ ဒီလိုပြောလဲဆိုတော့ ကျွန်တော်ကိုယ်တိုင်လည်း အခုဆို ခရိုနီလို့ သတ်မှတ်ခံရတဲ့ လူတစ်ယောက်အတွက် အလုပ်လုပ်ပေးနေပါတယ်။ “ဒါကြောင့် ဒီစာကိုရေးတာပါလို့” စွပ်စွဲမှုတွေကို ရင်ဆိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်ဆီကနေ inspire ဖြစ်လာတဲ့ ရဲရင့်ခြင်းခွန်အားနဲ့ ဒီစာကို ကျွန်တော်ရေးပါတယ်။ ဒီစာကို ဖတ်ချိန်မှာ နဂိုကိုယ်မြင်ထားကြတဲ့ အမြင်အသီးသီးကို ဖောက်ထွက်လက်ခံနိုင်ကြဖို့ ခက်ခဲမယ်ဆိုတာကိုလည်း နားလည်ပါတယ်။ ကဲ၊ အခု ကျွန်တော့ရဲ့ အယူအဆကို စရေးပါပြီ။
၁၉၆၂ နောက်ပိုင်းကနေ မွေးဖွားလာကြသူတွေဟာ အချိန်မှား မွေးဖွားလာကြတယ်လို့ပြောမလား၊ ကွက်တိချိန်ကိုက်မွေးဖွားလာတယ်လို့ပြောရမလား၊ ရွေးချယ်စရာနှစ်ခုရှိနေပါတယ်။ တကယ်လို့ ကိုယ်ဟာ စီးပွားရေးအကွက်မြင်မယ်၊ ကိုယ့်အတွက်ရော အများအတွက်ပါ ရောက်ရှိနေတဲ့ ခေတ်ကာလအရ လုပ်လို့ရနိုင်တဲ့အခြေအနေထဲမှာ လုပ်လို့ရနိုင်သလောက် အကျိုးရှိမယ့်အရာတွေကို (မတရားသော မမျှတသောအရာတွေကိုမလုပ်ဘဲ) လုပ်မယ်လို့ ခံယူချက်ရှိတဲ့ လူငယ်တစ်ယောက်ဆိုရင်ဘယ်လိုလုပ်မလဲ?? အဲဒီကနေ ဒေါ်လာသန်းပေါင်းများစွာ ချမ်းသာလာခဲ့လို့ (အခွန်အားလုံးကို အတိအကျဆောင်ခဲ့မယ်ဆိုရင်တောင်မှ) ခရိုနီတစ်ယောက်အဖြစ် သတ်မှတ်ခြင်းခံရမယ်ဆိုရင်ရော..?? ကိုယ်က တိုင်းပြည်တကယ် တိုးတက်ချမ်းသာအောင်မြင် နေချင်စရာဖြစ်လာစေဖို့ တကယ် စိတ်ဆန္ဒပြင်းထန် စေတနာအပြည့်အ၀ရှိတဲ့သူဆိုရင်ရော..??
အဲလိုလူမျိုးရော ဒီမြန်မာနိုင်ငံမှာ ရှိနိုင်ပါ့မလား..?? ဟုတ်ပြီ။ တကယ်လို့ ရှိနေမယ်ဆိုရင်ရော…??
Benefit of the doubt ဆိုတဲ့ ဒီမိုကရေစီနိုင်ငံတွေက လက်ခံကျင့်သုံးနေကြတဲ့ အရာကရော… ??
What about “benefit of the doubt” which is applied by countries living under democracy??
ကျွန်တော် ဒီကိစ္စအကြောင်း ပြောဆိုငြင်းခုံဆွေးနွေးနေကြတဲ့ လင့်ခ်တွေ အောက်က ကွန်းမင့်တွေကို လိုက်ဖတ်ကြည့်လိုက်တော့ တစ်ချို့တွေကလည်း ဒါက တရားစီရင်ရေး၊ တရားရုံးတွေနဲ့ပဲဆိုင်တယ်လို့ ပြောနေကြတယ်။ တကယ်တော့ “ပြစ်မှု မထင်ရှားသရွေ့ အပြစ်မဲ့တယ်လို့ပဲ သတ်မှတ်ရပါမယ်” ဆိုတဲ့ သံသယရဲ့ အကျိုးခံစားခွင့်အောက်မှာ အပြစ်မရှိဘဲ ပြစ်ဒဏ်စီရင်ခံရသူတွေ၊ အပြစ်ရှိသကဲ့သို့ ဆက်ဆံခံရသူတွေကို ကာကွယ်ပေးပါတယ်။ အပြစ်မရှိဘဲ စီရင်ခံရသူတွေ “Judged without convicted” ကို လျော့ပါးအောင် လုပ်ပေးနိုင်ပါတယ်။ အရာရာတိုင်းမှာ အားနည်းချက်ဆိုတာရှိသလိုပဲ တစ်ချိန်တည်းမှာပဲ ဒီလို မတရားပြုမူဆက်ဆံခြင်း မခံရအောင် ကာကွယ်ပေးရင်းနဲ့ တကယ်အပြစ်ရှိသူတွေလည်း အချိန်အတိုင်းအတာတစ်ခုထိတော့ လွတ်မြောက်ပြီး မထိုက်တန်တဲ့ စံစားမှုတွေပြုလုပ်ခွင့်ရနိုင်ပါတယ်။ ဒါကလည်း အပြစ်မရှိသူတစ်ယောက် မတရား အပြစ်စီရင်ခံရမှာနဲ့ စာရင်တော့ တော်သေးတာပေါ့။ ဒါကြောင့်လည်း human right, individual right ကိုဦးစားပေးတဲ့ ဒီမိုကရေစီစနစ်မှာ ဒီအရာကို လက်ခံကျင့်သုံးနေကြခြင်းပါပဲ။
ဒီစာကို တုန့်ပြန်မှုမျိုးစုံရှိနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ်၊ ဒီတစ်ကြိမ်မှာတော့ အမှန်တရားလို့ ကျွန်တော်ယုံကြည်တဲ့ ဘက်က ရပ်တည်ပြီး ရေးသားပြောဆိုဖြစ်ခဲ့တဲ့အတွက် ကျေနပ်ပါတယ်။ မင်းပြောတဲ့ ဇာတ်လမ်းက စိတ်ကူးယဉ် ဖြစ်နိုင်ခြေအနည်းဆုံးတွေကိုရေးနေတာပါ။ ဒီအတိုင်းမရှိနိုင်ပါဘူးဆိုရင်လည်း… ကျွန်တော်တို့ဟာ အထင်တွေ၊ အမြင်တွေနဲ့ ရေးသားပြောဆိုနေကြပါတယ်။ ကျွန်တော်တို့ တစ်စုံတစ်ယောက်အကြောင်း တစ်ခုခု ပြောတဲ့ အခါတိုင်းမှာ ကျွန်တော်တို့ မှန်ခဲ့ရင် ကောင်းပါတယ်။ မမှန်ခဲ့ရင်တော့ ကျွန်တော်တို့ကိုယ်တိုင်ဟာ ၀မ်းနည်းစရာကောင်းစွာနဲ့ပဲ မတရားသောသူတွေအဖြစ် မှတ်တမ်းဝင်ကြပြီဖြစ်ပါကြောင်း… ပြောရင်း နိဂုံးချုပ်ပါရစေ။
ခုချိန်မှာ နိုင်ငံရပ်ခြားမှာ အောက်ခြေသိမ်းအလုပ်တွေ လုပ်နေကြရတဲ့ ကျွန်တော်တို့ လူမျိုးတွေ အများကြီးရှိပါတယ်။ ဒါဟာ တွေးကြည့်ရင် တကယ့် ရင်နာစရာပါ။ ခရိုနီဆိုသူ အများစုကို ကျွန်တော်မဆိုလိုပေမယ့် သူတို့ထဲမှာ မြန်မာလူမျိုးတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေဖန်တီးပေးပြီး စီးပွားရေးလုပ်ရင်းနဲ့ တစ်ဖက်က ကိုယ့်နိုင်ငံကို ဆွဲတင်မယ့်၊ ဖွံ့ဖြိုးတိုးတက်ဖို့တွေလုပ်မယ့် သူဌေးကောင်းမျိုးရှိမယ်ဆိုရင် ကျွန်တော်တို့ ကြိုဆို ရမှာပါ။ စီးပွားရေးလုပ်တဲ့နေရာမှာလည်း နိုင်ငံတကာက စံနှုန်းတွေအတိုင်း လူ့အခွင့်အရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတွေကို လေးစားပြီးလုပ်ဆောင်မယ့်သူမျိုးပေါ့။
ဒေါ်အောင်ဆန်းဆုကြည်ရဲ့ ကိုယ်ပိုင်အမြင်ပါ။သဘောထာကွဲလွဲခွင့်ရှိပါတယ်။ဒီစကားကိုပြောရင် သူ့ ကိုပြင်းပြင်းထန်ထန်ဝေဖန်ကြမယ်ဆိုတာ သူသိပါတယ်။ပြည်သူ့ အကြိုက်တွေပဲလိုက်မပြောဘဲ ဖြစ်သင့်ဖြစ်ထိုက် ပြောသင့်ပြောထိုက်တာကိုရဲရဲဝံ့ဝံ့ပြောရဲတယ်လို့ထင်ပါတယ်
မကောင်းမှုတွေကို ကောင်းမှုနဲ့ ပြန်ချေလို့မရဘူးလို့ ကျွန်တော်ယုံကြည်ပါတယ်…..လို့ Mozart ရေးထားတာ ဖတ်ရတော့ ပြောချင်လာတယ်။ အမှန်က မကောင်းမှုလုပ်ရင် မကောင်းမှုလုပ်သူကိုယ်တိုင် မကောင်းကျိုးကို ခံစားရမယ်။ ဒါကတစ်ပိုင်း။ ဒါကို ရှောင်ပြေးလို့မရနိုင်ပါ။ တစ်ခုတော့ ရှိတာပေါ့။ မျက်မှောက်အချိန်မှာ ခေတ်ကာလအရ သက်မှတ်ပြဌာန်းထားတဲ့ ဥပဒေကနေ တစ်နည်းနည်းနဲ့ ရှောင်ပြေးလို့ ရကောင်းရနိုင်မယ်။ ကမ္မနိယာမရဲ့ သဘောတရားကတော့ တံစိုးလက်ဆောင်ပေးလို့ ရနိုင်တဲ့အရာမဟုတ်ပါ။ တစ်ဖက်မှာ ကောင်းမှုလုပ်ရင်လည်း ကောင်းမှုရဲ့ အကျိုးကို ရရှိခံစားရအုံးမှာပဲ။ တစ်ချိန်က မကောင်းမှုလုပ်ခဲ့တာကြောင့် အခုချိန်မှာ ကောင်းမှုလုပ်တာ အကျိုးမရှိပါဘူးဆိုတာ မရှိပါ။ ပညာရေး၊ ကျန်းမာရေးအတွက် လှူတယ်ဆိုတာ အများအတွက်လည်းကောင်းတယ်။ အလှူရှင်အတွက်လည်း ဝမ်းမြောက်မှု ဖြစ်တယ်။ ကြားရသူအတွက်လည်း စိတ်ချမ်းသာစရာဖြစ်တယ်။ လှူနိုင်သူတွေက မြန်မာပြည်မှာ အလိုအပ်ဆုံးဖြစ်နေတဲ့ ပညာရေး၊ ကျန်းမာရေးအတွက် ထောက်ပံ့လှူဒါန်းတာကိုတော့ အမြဲတမ်း သာဓုခေါ်နေမှာပါ။
မတရားသဖြင့် လယ်တွေသိမ်းထားတယ်။ မူးယစ်ဆေးဝါးရောင်းဝယ်တယ်။ လက်နက်မှောင်ခိုလုပ်တယ်……စတဲ့ ရာဇဝတ်ပြစ်မှုတွေကိုတော့ တရားဥပဒေနဲ့အညီ မဖြစ်မနေ အရေးယူဆောင်ရွက်ရမယ့် အရာတွေပါ။
အမေစု စကားထဲမှတင်ပါနေပါပြီ။ အပြစ်ရှိတာ ထင်ရှားနေရင် တရားစီရင်ရေးက အပြစ်ပေး ရမှာပါ။ ကျနော်ကတော့ မဝေဖန်ချင်ပါဘူး။ မြန်မာပြည်အကောင်းဆုံးဖြစ်အောင်လုပ်ပေးနေတဲ့ လူတစ်ယောက်ကပြောတဲ့စကားဟာ မြန်မာပြည်ကို ကောင်းစားစေမည့်စကားပါပဲ။အဓိပ်ပါယ် ကောင်းကောင်းကြီးရှိနေမှာပါ။ နားမလည်တဲ့သူတွေကသာ အထင်းလွဲမှုတွေဖြစ်နေကြတာပါ။ ကျနော်ကတော့ အမေစုက ဘက်လိုက်တဲ့သူမဟုတ်ဘူး။ ဥပဒေစိုးမိုးရေးကို အလိုရှိပီး ဥပဒေဘောင်အတွင်းကနေ စနစ်တကျ စည်းကမ်းတကျ စစ်ဆေးဆောင်ရွက်ရင်း တိုင်းပြည်ကို ကောင်းသည်ထက်ကောင်းအောင် လုပ်ဆောင်သွားမည့်လူတစ်ယောက်လို့ ပဲမြင်ပါတယ်။ ကျနော်အနေနဲ့  ဘေးထိုင်ဘုပြောနေကြမည့်အစား တိုင်းပြည်အတွက်တိုးတက်အောင် မလုပ်နိုင်သည့်တိုင် ကိုယ်ဘဝကို နည်းမှန်လမ်းမှန်နဲ့ တိုးတက်အောင် လုပ်နေတာက အကျိုးပိုရှိ လိမ့်မည်လို့  သတိပေးလိုက်ချင်ပါတယ်။ အမေစုဆိုတာက တိုင်းသူပြည်သားတိုင်းချစ်ခင်လေးစားတဲ့ နိုင်ငံခေါင်းဆောင်ရဲ့ သမီးဖြစ်ပီး သူကိုယ်တိုင်းလည်း ခေတ်ပညာတတ်။ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်တစ်ယောက်ပါ။ သူပြောခဲ့တဲ့စကားတွေတိုင်းဟာ ပညာရှိပီပီ သတိတရား လက်ကိုင်ထားပီးမှပြောသင့်မယ်ထင်လို့ လူသားတွေကိုအကျိုးဖြစ်စေမည်ထင်လို့ ပြောခဲ့တဲ့ စကားတွေဖြစ်မှာပဲလို့ ယုံကြည်ပါတယ်။ လူတွေဆိုတာ ကိုယ့်ကိုလုပ်ခိုင်းရင်တော့ ဘာမှ မလုပ်တတ်ဘူး။ သူများလုပ်နေတာမြင်တော့လည်း ဝေဖန်ချင်ကြတယ်။ ဒါဟာ သဘာဝပါပဲ။
ခရိုနီသူဌေးကြီးများ ပံ့ပိုးတဲ့ငွေကိုလက်ခံယူတာဟာ မြန်မာပြည်မှာ အနှစ် ၅၀ ကျော် တခိုးတမြတိုက်ပြီး ချမ်းသားလာခဲ့တဲ့ တခိုးတမြတွေကိုလက်ခံအားပေးတဲ့ သဘော တက်ရောက်တယ်။ တခိုးတမြငွေကိုလက်ခံတဲ့သူဟာ တခိုး လက်ခံ ပုဒ်မနဲ့ တရားစွဲလို့ရတယ်။ ဒါဟာ အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းစဉ် မဟုတ်။
yes that is true
In fact, Ne Win, Than Shwe and their cronies have completely destroyed the country natural resources, the life of burmese people , the culture and the Burmese people’s morale.
While the Burmese military generals (authority) and cronies are getting rich overnight by stealing and selling nationals resources , The 99% of Burmese population are getting poor day by day.
Cyclone Nargis struck the coast of Burma in the evening of May 2, 2008.While the death toll
were rising up to 100,000, the The Burmese military generals and their cronies failed to provide immediate assistance to the needy people and the survivors. 2008 Constitution had been drawn up to protect their own interests and themselves. In other words, they are above the law and they can do whatever they want.
NLD should have the clear policy how to deal with those cronies and weed out some hypocrites and opportunity seekers( Thar kuu ) inside NLD.
This is undeniable truth that the 99% of Burmese population are getting poor day by day because of military generals and their cronies.
One day they can be brought to the justice for what they did in the past several years.
(ပေးကမ်းခြင်းသည် အောင်မြင်ရာ၏) ဆိုတဲ့အတိုင်း အတိုက်အခံပါတီကြီးတခုကို ငွေကြေး
ရံပုံငွေ အများအပြားထည့်ဝင်လိုက်တော့လဲ ရန်သူက မိတ်ဆွေ ဖြစ်သွားရပြီပေါ့။ ဒီအချက်
ကို စီးပွားရေးလုပ်ငန်းရှင်ကြီးတွေက သိနေတယ်လေ။
မြန်မာ့လက်ရှိပညာရေးစနစ်အရပြောမည်ဆိုရင် NLD ပညာရေး ရံပုံငွေအတွက် ပြည်တွင်းအလှူရှင်များပေး တာအကုန်လက်ခံရမည်။ ခရိုနီ တွေလည်း မြန့်မာလူမျိုးတွေပါ။ အမေစုက နိုင်ငံရေးရန်ပုံငွေ ရှာနေတာ မဟုတ် သည့်အတွက် တကြောင်း၊ လက်ရှိမြန်မာ့ ပညာရေးဥပဒေကလည်း ကိုယ်ပိုင်ကျောင်းတွေအတွက်ဘယ်နိုင် ငံခြား အကူအညီမှ ယူလို့ မရတာ တကြောင်း ပါနေ တော ပြည်တွင်း အလှူရှင်တွေဆီကပဲမှီခိုနေရသေးတယ်။ နောက် လှူရှင်တဲ့လူလည်းပဲ ကန့် သပ်နေမည်ဆိုရင် အခု လက်ရှိ ဝေဖန်နေတဲ့လူတွေဆီ က ရော ဘယ်လောက်လှူနိုင်မှာလဲ ၊ ပြောစရာအမျာကြီး ဖြစ်လာမှာပေါ့၊ ကျွန်တော့အမြင်နဲ့ နောက်ဆုံးပြောမည်ဆိုရင် အခုလို ခရိုနီတွေ က တရားပေါက်လာတော သူတို့ တချိန်က မတရားရတာတွေ အကုန်မဟုတ်ရင်တောင် တ၀က်လောက်တော့ ပြန်လှူ တင့် တယ်ထင်တယ်။ ဒါမှဘဲတော်ရာကျမယ်လို့ ထင်တယ်။
ခရိုနီတွေအပေါ်ဒီလောက်ကာကွယ်နေကြရင် ခရိုနီတွေကို ခရိုနီပါတီဆိုပြီးထောင်ခွင့်ပေးလိုက် သမ္မတဖြစ်တဲ့အထိ ထောက်ခံလိုက်ကြ ခရိုနီထဲကတယောက်လောက်သမ္မတဖြစ်သွားရင် NLD လည်းဘာဖြစ်သွားမလဲဆိုတာ တွေးကြည့်ကြပေါ့ဗျာ။
မြန်မာနှိင်ငံ တကယ် တိုးတတ်ခြင်တယ် ဆိုရင်ဘယ် အကောင်တွှေ ဘယ်လိုပဲချမ်းသာ ပါစေအဓိကတော့ သူတို့မ တရားရှာထား တဲ့ ပိုက်စံတွှေကို ဘယ်လိုနည်းနဲ့ လှုလှု အရေးကြီးတာ ကတော့ လူလို သိတတ်ဖို့ပဲ USAမှာတောင် ဘယ် တမ္မတတတ် ခရိုနီတွှေကိုတော့ကျော် လို့မရဘူ ဘာဖြစ်လို့လည်းဆိုတော့ သူတို့နှိင်ငံ တိုးတတ်ဖု့်ဆို သူခိုးနဲ့ လည်းပေါင်းမှာပဲ အရေးကြီး တာတိုင်းပြည်ဖွံ့ဖြိုး တိုးတတ်ဖိုပေါ့ အိမ်နီးခြင်း တယုတ်နှိင်ငံကိုလေ့လာကြည့်ပါအုံး
ခရိုနီတွေကိုခွင့်လွှတ်တာမလွှတ်တွေထက်သူတို့မိုက်ပြစ်တွေကိုသူတို့ပိုက်ဆံနဲ့ပြန် ကြွေးဆပ် ခိုင်းပြီးတော့ နောက်ထပ်အာဏာရလာမယ့်ပါတီအမတ်လောင်းတွေကို
သူတို့က အရင် စစ်တပ် ပုံစံမျိုးဖြစ်အောင် မသင်ပေးဖို့ဘဲ အရေးကြီးတယ်။
တောင်ကိုရီးယားမှာ လိုပတ်ချုံဟီး ကရှေ့က အ၇ပ်သား သမ္မတတွေ လာဘ်ပေး
လာဘ်ယူ လုပ်ပြီးပုံ မကျပန်း မကျအုပ်ချုပ်တယ် ဆိုပြီး အာဏာ သိမ်းလိုက်တယ်သူ့
လက်အောက် ကစစ်ထောက် လှမ်းရေးတို့အရာရှိတို့ကြတော့ လည်းအရှေ့ ကလူတွေနဲ့
အတူတူဘဲ။ ပိုဆိုးတာက မသင်္ကာမှုလို့ခေါင်းစဉ် တပ်ပြီး ကိုယ်နဲ့မတည့်တဲ့ လူတွေကို
စစ်ထောက် လှမ်းရေး စခန်းမှာနှိပ်စက်တာ ပါဘဲ။ အဖိုးကြီးကတော့ ဘာမှမသိရှာဘူး
နောက်တော့ သူများ လုပ်ကြံတာ ခံလိုက်၇တာပါဘဲ။ အဲ့ဒါလည်း သူတို့နိုင်ငံက ခရိုနီ
ဆိုးတွေကသူ့ လူတွေကိုပုံသွင်း လိုက်ကြတာလေ။
ခရိုနီကတော့ ခရိုနီ ပါဘဲ
ဒီလို အခြေအနေနဲ့ဆိုရင်
ခရိုနီသူဌေးကြီးများ ပံ့ပိုးတဲ့ငွေကိုလက်ခံယူတဲ့ အတိုက်အခံဟာ မြန်မာပြည် အစိုးရသွားဖြစ်မယ်ဆိုရင် မြန်မာပြည်မှာ ငြိမ်းချမ်းရေးနှင့် စီးပွားရေး တိုတက်လာမည်မဟုတ်။ ဒါပေမဲ့ တစ်ခုတော့ တိုတက်လာမှာ သေချာတယ် အယ်တာက “တိုင်းပြည်တခိုးတမြတွေ” အများကြီးပေါ်ထွက်လာမှာကို သံသယမရှိပါဘူးဗျား။
ခရိုနီဆိုတာ စစ်ဗိုလ်ချုပ်တွေ အိမ်မှာ ကလေးထိန်းတာ ကောင်းတဲ့လူတွေပါ။
ဒီလူတွေက အထက်ဖားအောက်ဖိတွေပါ။
တိုင်းပြည်အတွက် အမှိုက်တွေပါ။
u guys think, Daw Su will changed the country future sooner or later. i don’t see that, burma will go back to square one……….when she is no longer in power. think outside the box.
How to see the cronies? To see them the way they’re? To see them the way we’re? To see them the way the wise’re? When we see them the way they’re, they looked on the authorities with the way the power worked and they appropriated the favor the authorities shared and built up their wealth. When we see them the way we’re, they’re the same images reflective of the authories’ nature, good or bad, lovely or ugly as the way we see. When we see them the way the wise’re, what will be the impression of them? May I make a request to learn the following description from the book, Mingun Sayataw’s the great chronicle of Buddha (vol -1/ part-2) in which how Bodhisatta of Gotama Buddha handled the people in a virtuous or metta way.
ထိုထိုသတ္တဝါတို့၏ ပကတိစိတ်နေသဘောကို သိရှိတော်မူပြီးလျှင် ထိုသူတို့ကို အကုသိုလ်မှ ထစေ (လွတ်မြောက်စေ)၍ ကုသိုလ်၌ တည်စေလျက် ထိုသူတို့အကြိုက် အလိုက်သင့် ပေါင်းသင်းဆက်ဆံ ကျင့်ကြံတော်မူသည်။ ။ (ပေးကမ်းမှကြိုက်သူကို ဒါနသင်္ဂဟ တရားဖြင့် ချီးမြှောက်၍၎င်း၊ ချစ်ဖွယ်စကားပြောကြားမှ ကြိုက်သူကို ပိယဝါစာ သင်္ဂဟတရားဖြင့် ချီးမြှောက်၍၎င်း၊ အကျိုးရှိအောင်ကျင့်မှ ကြိုက်သူကို အတ္ထစရိယာ သင်္ဂဟတရားဖြင့် ချီးမြှောက်၍၎င်း၊ ကိုယ်တူကျင့်မှ ကြိုက်သူကို သမာနတ္တတာ သင်္ဂဟတရားဖြင့် ချီးမြှောက်၍၎င်း ထိုသူတို့ကို အကုသိုလ်မှ ထစေ (လွတ်မြောက်စေ)၍ ကုသိုလ်၌တည်စေလျက် ပေါင်းသင်းဆက်ဆံကျင့်ကြံတော်မူသည် ဟု ဆိုလိုသည်။)
စစ်တပ်ထဲမှာ ကိုဇော်ဇော် လမ်းတွေ ဖောက်ပေး။ တန်းလျားတွေ ဆောက်ပေးနှင့် တပ်မတော် မိသားစု တစ်စု လုံးက ကို ဇော်ဇော် ကို ကျေးဇူးတင်ပါတယ်။
ဗိုလ်ချုပ်တွေ ကို ပေးရတယ် ဆိုပေမယ့် ကိုဇော်ဇော်က လူကောင်းတစ်ယောက် ပါ။
သူက ၉လုံးကြီး လို လူတစ်ယောက် တိုင်းပြည်မှာ မမွေးဖွားခဲ့ရင် မြန်မာပြည် အရမ်းတိုးတက်မှာ လို့ ပြောသလို တပ်ချုပ်ဟောင်းကြီး ၏ အတွေးအခေါ်တွေက တော်တော် နောက်ကျတယ် ၂၀၁၂ ခုနှစ်က ဝေဖန်ခဲ့ပါတယ်။
သူလောက် တိုင်းပြည်အပါ် ချစ်တဲ့လူ မြန်မာပြည်မှ ရှိပါမလားလို့။
ကိုဇော်ဇော် မြန်မာပြည် သမ္မတဖြစ်ပါစေ။