သတင်း

ကယားဒေသ လမ်းစီမံကိန်း လုံခြုံရေး ပြဿနာ ကြုံနိုင်

Hits:1
  | |
Print This Post

ကယားပြည်နယ်မှ ရှမ်းပြည်နယ်ဘက် အထွက်လမ်းနှင့် ဆိုင်းဘုတ် (ဓာတ်ပုံ – ခရီးသည် ဘလော့ဂ်)

ကယားပြည်နယ်၏ အဓိကလမ်းမကြီး နှစ်ခုအား ကျပ် သန်း ၇၀၀၀ ကျော် သုံးစွဲပြီး ပြင်ဆင် ဆောက်လုပ်မည့် စီမံကိန်းတွင် အစိုးရ အနေဖြင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ကို အသိပေးညှိနှိုင်းခြင်း မရှိ၍ လုံခြုံရေးပြဿနာများ ပေါ်ပေါက် လာနိုင်ကြောင်း KNPP က ပြောသည်။

ပြင်ဆင်မည့်လမ်းများမှာ ဖားဆောင်း-မော်ချီး လမ်းနှင့် ဖရူးဆိုး-မရူးဆိုး-ဟိုရာ လမ်းပိုင်းများဖြစ်ကြောင်း၊ ၎င်းစီမံကိန်းအား ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် စတင်မည်ဖြစ်ပြီး မော်ချီးလမ်းအတွက် ကျပ် သန်း ၃၃၀၀ နှင့် ဟိုရာလမ်းအတွက် ကျပ် သန်း ၄၀၀၀ လျာထား ကြောင်း သိရသည်။

KNPP အတွင်းရေးမှူး ၁ ခူးဦးရယ်က လမ်းများကောင်းလာပါက ဒေသခံများအတွက် အလုပ်အကိုင်များ ပိုမိုရရှိလာနိုင်ခြင်းကြောင့် ၎င်းတို့အနေဖြင့် ကြိုဆိုသော်လည်း အစိုးရအနေဖြင့် ယင်းစီမံကိန်းနှင့် ပတ်သက်ပြီး ၎င်းတို့အား အသိပေးသင့်ကြောင်း၊ ပြင်ဆင် မည့် လမ်းနှစ်ခုလုံးမှာ အစိုးရနှင့် KNPP နှစ်ဘက်စလုံးက ထိန်းချူပ်ထားသော နယ်မြေဖြစ်ပြီး အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်း ရေး လုပ်ငန်းစဉ် ပြီးဆုံးခြင်းမရှိသေး၍ ယင်း စီမံကိန်းကြောင့် လုံခြုံရေး ပြဿနာများ ဖြစ်ပွားလာနိုင်ကြောင်း ပြောဆိုခြင်း ဖြစ် သည်။

ပဏာမအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးခဲ့စဉ်က အစိုးရ၏ ကယားပြည်နယ်အတွင်း ပြုလုပ်မည့် စီမံကိန်းအားလုံးတွင် KNPP အဖွဲ့အား ပူးပေါင်းဆောင်ရွက်ခွင့် ပြုမည်ဆိုသော သဘောတူညီချက် ပါဝင်ကြောင်း သိရသည်။

“နှစ်ဦးနှစ်ဖက် ယုံကြည်ချက်ခိုင်ခိုင်မာမာ မရသေးခင်မှာ ဒီလိုမျိုး လုပ်နေမယ်ဆိုရင် ကျနော်တို့ဘက်က အာမမခံနိုင်ပါဘူး၊ လမ်း ဖောက် ဖို့ ကိစ္စအပေါ်ကို အကျိုးသက်ရောက်မှု ရှိလာလိမ့်မယ်” ဟု ခူးဦးရယ်က ဧရာဝတီသို့ ပြောသည်။

အဆိုပါစီမံကိန်း အတွက် ကုန်ကျငွေကို ပြည်ထောင်စု အစိုးရမှတဆင့် ဂျပန် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (Japan International Corporation Agency-JICA) က ထုတ်ချေးပေးသွားမည်ဖြစ်ပြီး လမ်းများဆောက်လုပ်ရေးအတွက် ကယားပြည်နယ် ဆောက်လုပ်ရေး ၀န်ကြီးဌာန နှင့် JICA တို့က အတူပူးပေါင်း၍ ကွင်းဆင်း တိုင်းတာနေကြကြောင်း သိရသည်။

JICA အဖွဲ့သည် ၁၉၈၁ ခုနှစ်က မြန်မာနိုင်ငံသို့ စတင်ဝင်ရောက်လာခဲ့ပြီး ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် မြို့ကြီး ၁၁ မြို့တွင် စီမံကိန်းပေါင်း ၂၄ ခုကို ဆောင်ရွက်ပေးနေပြီး ချင်းပြည်နယ် အတွက်လည်း ပြည်ထောင်စု အစိုးရမှ တဆင့် ကျပ်သန်း ၉၉၀၀ ထုတ်ချေးပေးသွားမည်ဟု ဆိုသည်။

ကယားပြည်နယ် လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဦးချစ်လှ က“အစိုးရဆီကတော့ သန်း ၄၀၀၀ လောက်ပဲ ရမယ်ထင်တယ်။ နယ်မြေ အေးချမ်းစပြုလာပြီး ငြိမ်းချမ်းရေးလည်း ရတော့မှာဖြစ်လို့ ဒီလိုမျိုးပြင်ဆင်မှုတွေ စလုပ်တာပါ”ဟု ဧရာဝတီသို့ ပြောသည်။

ယင်း လမ်းနှစ်ခုတွင် ဖားဆောင်း-မော်ချီးလမ်းက သတ္တုတွင်းများသို့ သွားရာလမ်းဖြစ်ပြီး တောင်ဆင်း၊ တောင်တက်လမ်း ဖြစ်ကြောင်း၊ တလမ်းမောင်း ဖြစ်သောကြောင့် မိုးရာသီတွင် သွားလာရေး အလွန်ခက်ခဲကြောင်း၊ ယခင်ကတည်းကပြင်ဆင် လိုခဲ့သော် လည်း ကယားပြည်နယ်အတွင်း ဘတ်ဂျက်ငွေ မရှိခြင်းကြောင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာ နှစ်တွင်မှ စတင်နိုင်မည်ဖြစ်ကြောင်းလည်း ၀န်ကြီး ဦးချစ်လှ က ပြောဆိုသည်။

မော်ချီးလမ်းသည် အင်္ဂလိပ်လက်ထက်က စတင်ဖောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ကယားပြည်နယ်၏ အဓိကလမ်း ဖြစ်ကြောင်း၊ လွိုင်ကော်မြို့နှင့် မော်ချီးမြို့သို့ မိုင်ပေါင်း ၉၆ မိုင်သာ ရှိသော်လည်း လမ်းဆိုးသည့်အတွက် တညအိပ် သွားရကြောင်း၊ ထိုင်းနိုင်ငံနှင့် နယ်စပ် ထွက်ပေါက်ရှိခြင်းကြောင့် လမ်းများပြင်ဆင်ပါက ဒေသခံများ အတွက် စီးပွားရေး အခွင့်အလမ်းများ ဖြစ်လာနိုင်ကြောင်း သိရသည်။
ကယားပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်စိုးကလည်း“အစိုးရအနေနဲ့ ပြည်သူလူထုအတွက် ဒီလမ်းတွေကိုပြင်ပေးမှာပါ၊ သူတို့အဖွဲ့ကို အသိပေးခြင်း မပေးခြင်းကတော့ အစိုးရရဲ့ သဘော ပါ၊ အခြားဌာနတွေကိုလည်း ဘတ်ဂျက်တွေ ချပေးထားတယ်”ဟု ပြောသည်။

အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့နှင့် KNPP ကိုယ်စားလှယ်များသည် ပြီးခဲ့သည့် ဇွန်လ ၉ ရက်က ကယားပြည်နယ် လွိုင်ကော်မြို့တွင် ပြည်ထောင်စု အဆင့် တွေ့ဆုံဆွေးနွေး၍ သဘောတူညီချက် ၁၄ ချက်ကို လက်မှတ် ရေးထိုးခဲ့ကြသည်။

သဘောတူညီချက်များ၌ နှစ်ဘက်တပ်များ ပြန်ဆုတ်ပေးရေး၊ ဆက်ဆံရေးရုံးများ ဖွင့်လှစ်ရေး၊ ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည် (IDP)များ ပြန်လည် နေရာချထားရေး၊ နှစ်ဖက်တပ်များ သွားလာရာတွင် ကြိုတင်အသိပေးခြင်း၊ စစ်ရေး လေ့ကျင့်ရေးကျောင်း တည်ဆောက်ရေးစီမံကိန်း၌ KNPP နှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ရွာသစ် ရေကာတာ စီမံကိန်းအား လူမှုအဖွဲ့အစည်းများအား လေ့လာစောင့်ကြည့်ခွင့်ပြုရေး စသည့် အချက်များ ပါဝင်ကြောင်း သိရသည်။

ယင်း သဘောတူညီချက်များထဲမှ အချက်တချို့ကို အစိုးရအနေဖြင့် ပျက်ကွက်ခဲ့ကြောင်း ပြီးခဲ့သည့် အောက်တိုဘာ ၃၁ ရက်နေ့ တွင် ကရင်နီ အခြေပြု လူမှုအသင်းအဖွဲ့များ ကွန်ရက်(KCSN) အဖွဲ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ သတင်းစာ ရှင်းလင်းပွဲ ကျင်းပ၍ “မြန်မာ အစိုးရနှင့် KNPPတပ်ဖွဲ့တို့ အကြား ၆ လတာ အပစ်အခတ် ရပ်စဲရေး လုပ်ငန်း အပေါ် သုံးသပ်ချက်” အစီရင်ခံစာ ထုတ်ဝေ ခဲ့သေးသည်။

သတင်းစာ ရှင်းလင်းပွ္ပဲ၌ အစိုးရအနေဖြင့် နှစ်ဘက် တပ်များသွားလာရာတွင် ကြိုတင်အသိပေးခြင်း၊ စစ်ရေး လေ့ကျင့်ရေးကျောင်း တည်ဆောက်ရေး စီမံကိန်း၌ KNPPနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ရွာသစ် ရေကာတာစီမံကိန်းအား လူမှုအဖွဲ့အစည်းများ လေ့ လာစောင့်ကြည့်ခွင့်ပြုရေး တို့ကို သဘောတူထားခဲ့သော်လည်း လက်တွေ့တွင် ပျက်ကွက်များရှိနေကြောင်း ထုတ်ပြန်ခဲ့သည်။

“သူတို့ဘက်က တာဝန်ခံမှုတွေ မရှိဘူး၊ ဥပမာ ရွာသစ် စီမံကိန်းလိုမျိုး၊ နောက် စစ်လေ့ကျင့်ရေး စီမံကိန်းလိုမျိုး၊ နောက်ပြီးတော့  မူးယစ်ဆေးဝါး ကိစ္စတွေမှာလည်း ပူးပေါင်းဆောင်ရွက်မယ်၊ တနစ်တကျ ပြင်ဆင်မယ်၊ နောက် ပြန်လည် ထူထောင်ရေး လုပ်ငန်း ကိစ္စတွေမှာလည်း သူတို့ဘက်က လျော့ရဲရဲပဲလို့ ကျနော်တို့ဘက်က အဲဒီလိုပဲ မြင်တယ်”ဟု ခူးဦးရယ်ကလည်း ပြောဆိုထားသည်။

KNPP နှင့် ပဏမအဆင့် ငြိမ်းချမ်းရေး ယူထားပြီးနောက် ကယားပြည်နယ်အတွင်း ခရီးသွားလုပ်ငန်းများအား သွားလာခွင့် နေရာများ ထပ်မံချပေးခဲ့ကြောင်း၊ ယခင်က လွိုင်ကော်မြို့အထိသာ ခွင့်ပြုခဲ့ပြီး ယခုအခါ ဒီမောဆိုးမြို့နှင့် ငွေတောင်ဆည် အထိ ခွင့်ပြုပေး ကြောင်း၊ နိုင်ငံခြားသား ခရီးသွားများအတွက် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ကြီးဌာနတွင် ခွင့်ပြုချက်ယူရကြောင်း သိရသည်။

ရန်ကုန်မြို့မှ ဧည့်လမ်းညွန်တဦးဖြစ်သူ မခွန်းချိုက နိုင်ငံခြားသား ခရီးသွားများသည် ကယားပြည်နယ် ကိုစိတ်ဝင်စားသော်လည်း လုံခြုံရေး တင်းကျပ်ပြီး လမ်းကြမ်းမှုများကြောင့် သွားလာမှုနည်းပါးခဲ့ကြောင်း၊ လက်ရှိ ရခိုင် ပြည်နယ်အတွင်း ပဋိပက္ခများကြောင့် ယင်းဒေသသို့ ခရီးသွားလာခွင့်အား ရပ်ဆိုင်းလိုက်ပြီးနောက်တွင် ခရီးသွားလုပ်ငန်းများက ကယားပြည်နယ်နှင့် ချင်းပြည်နယ်ဘက် သို့ လုပ်ငန်းကို ဦးတည်ထားကြောင်း၊ ကားလမ်း ခရီးထက် ဘီလူးချောင်း အတွင်းမှ ရေကြောင်းခရီးဖြင့် ဖယ်ခုံမြို့အထိ သွားရ သော ခရီးစဉ်အား အထူးနှစ်သက်ကြသဖြင့် နိုင်ငံခြားသား ခရီးသွားများ ပိုများလာနေကြောင်း ပြောဆိုသည်။

နောက်ဆုံးရ ရုပ်/သံများ

3 Responses

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

  1. ***ကယားပြည်နယ်၏ အဓိကလမ်းမကြီး နှစ်ခုအား ကျပ် သန်း ၇၀၀၀ ကျော် သုံးစွဲပြီး ပြင်ဆင် ဆောက်လုပ်မည့် စီမံကိန်းတွင် အစိုးရ အနေဖြင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ကို အသိပေးညှိနှိုင်းခြင်း မရှိ၍ လုံခြုံရေးပြဿနာများ ပေါ်ပေါက် လာနိုင်ကြောင်း KNPP က ပြောသည်။***

    ကိုယ့်ပြည်နယ်ကို တိုးတက်အောင်လုပ်တာကို ဟန့်တားချင်တာလား။
    ကိုယ်တိုင်ရော ကိုယ့်ပြည်နယ်ကို တိုးတက်အောင်လုပ်ပေးချင်ကြရဲ့လား။
    ကိုယ့်အသိုင်းအ၀ိုင်း ကိုယ့်အဖွဲ့အစည်း ချမ်းသာဖို့ပဲ ကြည့်မှာလား။
    အမှန်ဆို ကြိုဆိုပါတယ်။ နယ်မြေခံကလည်း ပူးပေါင်းလုပ်ဆောင်သွားပါ့မယ် လို့ မဖြစ်သင့်ဘူးလား။
    အဲဒီလို ပူးပေါင်းလုပ်ဆောင်မှ နယ်မြေလူထုအတွက် အဆင်ပြေမှာပေါ့။
ှုစဉ်းစားပြီး တိုးတက်အောင်လုပ်ကြပါတော့။
    ခွဲထွက်ဖို့ တိုင်းပြည်အသစ်ထောင်ဖို့တို့ဆိုတာ လက်ခံကြမှာမဟုတ်ဘူး။ ဖြစ်လည်း မဖြစ်သင့်ဘူး။

    မြန်မာနိုင်ငံသား

  2. If they refuse, use in Yangon roads because of very
    rough.

  3. Knpp လဲသူ့အတွက်ဘဲသူကြည့်တာဘဲ. လူထုအတွက်စဉ်းစားပေးကြပါအုံး. လမ်းဖေါက်တာ သဘောမတူရအောင် မင်းဖေါက်ပေးနိုင်လို့လား?