အရေးပေါ်အခြေအနေ ကြေညာချက် နိုင်ငံရေးသမားများ ထောက်ခံ | ဧရာဝတီ
သတင်း

အရေးပေါ်အခြေအနေ ကြေညာချက် နိုင်ငံရေးသမားများ ထောက်ခံ

Hits:10,069
  | |

ယမန်နေ့ ညပိုင်းက ရခိုင်ပြည်နယ် ပဋိပက္ခနှင့် ပတ်သက်ပြီး မိန့်ခွန်းပြောနေသော သမ္မတ ဦးသိန်းစိန်(ဓာတ်ပုံ - သမ္မတရုံး ၀က်ဘ်ဆိုက်)

သမ္မတ ဦးသိန်းစိန်က ဇွန်လ ၁၀ ရက် ညမှ စတင်၍ ရခိုင်ပြည်နယ်ကို အရေးပေါ် အခြေအနေ ကြေညာလိုက် သည့် အပေါ် နိုင်ငံရေး အင်အားစုများက ထောက်ခံကြကြောင်း သတင်းရရှိသည်။

“တိုင်းပြည်အတွက် အရေးပေါ် အခြေအနေ လိုအပ်လာပြီဆိုရင်တော့ ဒါဟာ မလွှဲမရှောင်သာ လုပ်ကြရမှာပဲ။ အရပ်ဘက် အဖွဲ့

အစည်းတွေက ထိန်းချုပ်လို့ မရတော့ဘူး၊ နိုင်ငံသားတွေရဲ့ အသက်အိုးအိမ် စည်းစိမ် ထိခိုက်လာပြီဆိုရင်တော့ စစ်တပ်အုပ်ချုပ် ရေး မလွှဲသာ မရှောင်သာ ၀င်လာရတော့မှာပဲလေ။ ဒါပေမယ့် စစ်အုပ်ချုပ်ရေးကို ကျနော်တို့ မလိုလားဘူး၊ ဒါကိုလည်း ကွဲကွဲပြားပြား ဖြစ်စေချင်တယ်”ဟု ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့မှ ကိုကိုကြီး က ဧရာဝတီကို ပြောသည်။

ပြည်သူ့ဘ၀ အသက် အိုးအိမ် စည်းစိမ် လုံခြုံရေးကို လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများကသာ တာဝန်ယူရခြင်း မဟုတ်ဘဲ နိုင်ငံရေး အဖွဲ့အစည်းများ၊ လူမှုရေးနှင့် အရပ်ဘက်အဖွဲ့အစည်းများကလည်း တတ်နိုင်သလောက် ၀ိုင်းပြီးထိန်းသိမ်း နေကြကြောင်း၊ ထို့ကြောင့် မကြာမီတွင် ပုံမှန်အခြေအနေ ပြန်ရောက်လိမ့်မည်ဟု မျှော်လင့်ကြောင်း သူက ဆက်ပြောသည်။

အရပ်သား အစိုးရ ပြောင်းပြီး နောက်ပိုင်း အရေးပေါ်အခြေအနေ ကြေညာခြင်းသည် ပထမဆုံး အကြိမ်လည်း ဖြစ်သည်။

ဦးသိန်းစိန်က ရခိုင်ပြည်နယ်အတွင်း မတည်ငြိမ်မှုများ၊ အကြမ်းဖက်မှုများ ပိုမိုကျယ်ပြန့်လာပြီး ပုဒ်မ ၁၄၄ အမိန့်ထုတ်ကာ ထိန်း သိမ်းသော်လည်း ဆောင်ရွက်မရတော့သည့်အတွက် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် ၁/၂၀၁၂ ဖြင့် အရေးပေါ် အခြေအနေ ကြေညာလိုက်ပြီး တပ်မတော်၏ အကူအညီကို ရယူဆောင်ရွက်မည်ဟု ဆိုသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီခေါင်းဆောင် ဦးတင်ဦးက“အရေးပေါ်အခြေအနေ ကြေညာရတဲ့ အထိ ဆိုတာကတော့ မလိုလား အပ်ဘူးပေါ့၊ သို့သော်လည်း အခြေအနေ အရပ်ရပ်အရ တာဝန်ရှိတဲ့ သမ္မတလို ပုဂ္ဂိုလ်မျိုးက မြန်မြန် အေးချမ်းမှု ရအောင် အတွက် ဒီလိုပဲ နောက်ဆုံး သုံးလိုက်ရတာပေါ့”ဟု ဧရာဝတီကို ပြောသည်။

အခြေအနေ တဖြည်းဖြည်း ပိုမိုဆိုးဝါးလာသည်ကို အကြောင်းပြု ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ အမြန်ဆုံးလုပ်ရမည့် ကိစ္စသည် တရား ဥပဒေစိုးမိုးရေးနှင့် ဒေသတည်ငြိမ်ရေး လုပ်ဆောင်ရန်လိုကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့အချိန်တွင် စည်းလုံးညီညွတ်စွာဖြင့် အားလုံး ၀ိုင်းဝန်း လုပ်ကိုင်သင့်ကြောင်း သူက ဆက်ပြောသည်။

အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ(NDF) ခေါင်းဆောင်တဦးဖြစ်သူ ဦးခင်မောင်ဆွေကလည်း“နိုင်ငံတည်ဆောက်မှုကို သွားနေ တဲ့အချိန်မျိုးမှာ အားလုံး ၀ိုင်းဝန်းကူညီဖြေရှင်းတာ အကောင်းဆုံးလို့ ထင်ပါတယ်။ နိုင်ငံရေး ပါတီတွေရဲ့အကူအညီကို ယူပြီး သွားမယ်ဆိုရင် အကောင်းဆုံးဖြစ်လာမယ်လို့ ထင်ပါတယ်”ဟု ဆိုသည်။

ယခု ဥပဒေနှင့် ဖြေရှင်းရမည့် ကိစ္စကို အချိန်မီ မထိန်းသိမ်းနိုင်၍ ကျယ်ပြန့်သွားသည့်ကိစ္စ ဖြစ်ကြောင်း၊ လူမျိုးရေး၊ ဘာသာရေး ကိစ္စ မဟုတ်ကြောင်း၊ အရေးပေါ် အခြေအနေ အမိန့်သုံး၍ ယာယီငြိမ်သက်သွားရန်လုပ်သည်ထက် နောက်ဆက်တွဲ ဆက်လက်မဖြစ် ပေါ်ရန် အားလုံး စနစ်တကျ ပူးပေါင်းဆောင်ရွက်ရန် လိုကြောင်းလည်း သူက ဆက်ပြောသည်။

ယမန်နေ့ညကလည်း သမ္မတ ဦးသိန်းစိန်က ရခိုင်ပြည်နယ်ကိစ္စနှင့်ပတ်သက်၍ ရုပ်မြင်သံကြားမှ မိန့်ခွန်း ပြောကြား ခဲ့သေးသည်။

“ဒီလို လူမျိုးစွဲ၊ဘာသာစွဲတွေကို ရှေ့တန်းတင်ပြီး မဆုံးနိုင်တဲ့ မုန်းတီးမှုတွေ၊ လက်စားချေလိုမှုတွေနဲ့ မင်းမဲ့စရိုက်တွေ ကို ရှေ့တန်းတင်လျက် တဘက်နဲ့တဘက်အပြန်အလှန် အကြမ်းဖက် သတ်ဖြတ်နေကြမယ်ဆိုရင် ရခိုင်ပြည်နယ်တွင်သာမကပိုမို ကျယ် ပြန့် ဖြစ်ပွားလာစေနိုင်တဲ့ အန္တရာယ်ရှိပါတယ်”ဟု သမ္မတ ဦးသိန်းစိန်က ဆိုသည်။

ရခိုင်ပြည်နယ် ကျောက်နီမော် ဒေသ၌ ရခိုင်အမျိုးသမီးငယ်တဦးအား မတရားပြုကျင့် သတ်ဖြတ်မှုမှ စတင်၍ မငြိမ်မသက်မှု များ ဆက်တိုက်ဖြစ်ပွားလာခဲ့ရပြီး ရခိုင်ပြည်နယ်တွင်း မြို့နယ် ၆ မြို့နယ်ကို နေ၀င်မီးငြိမ်း၊ ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန် ထိန်းသိမ်း ခဲ့ရသည်။

လူ့ အခွင့်အရေး လှုပ်ရှားသူ ချင်း အမျိုးသမီး မချယ်ရီဇာဟောင်း က “အရေးပေါ်အုပ်ချုပ်ရေး ထုတ်ပြန်လိုက်တာဟာ နိုင်ငံရေး မတည်မငြိမ်ဖြစ်မှု ၊ လူမှုရေး မတည်မငြိမ်ဖြစ်မှုကို ဒါဟာ သက်သေပြလိုက်တာပဲလေ။ ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ဘူး။ ဒါပေမယ့် အခုလောလောဆယ်မှာ လိုအပ်တယ်တော့ ကျမထင်တာပဲ”ဟု ဆိုသည်။

အနာဂတ်အတွက် အလားတူ ကိစ္စမျိုး မဖြစ်ရန်အတွက် မြန်မာနိုင်ငံ၏ လူဝင်မှု ကြီးကြပ်ရေး ဥပဒေကို ကောင်းမွန်စေရန် ပြင်ဆင် သင့်ကြောင်း၊ သတိထားသင့်သည့် အချက်မှာ တခြား တိုင်းရင်းသား ဒေသများတွင်လည်း ပုံသဏ္ဍန်အားဖြင့် ကွဲပြားသော ပဋိပက္ခများ ရှိနေခဲ့သည်မှာ နှစ်ပေါင်း များစွာ ကြာပြီဖြစ်ကြောင်း၊ နောက်နောင် ယခုကဲ့သို့ မဖြစ်ပေါ်စေရန် ပို၍ သတိထားသင့်ကြောင်း လည်း သူက ဆက်ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၁) ပုဒ်မ ၄၁၀ ၌ တိုင်းဒေသကြီး၊ ပြည်နယ်၊ ပြည်ထောင်စု နယ်မြေ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရ စီရင်စု စသည့် နယ်မြေတခုခုတွင် အုပ်ချုပ်ရေးလုပ်ငန်းများကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက် နိုင်စွမ်း မရှိကြောင်း သိရှိလျှင်သော်လည်းကောင်း၊ သက်ဆိုင်ရာ ဒေသအာဏာပိုင်အဖွဲ့အစည်းက တင်ပြလျှင်သော် လည်းကောင်း၊ နိုင်ငံတော် သမ္မတ သည် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ နှင့် ညှိနှိုင်းပြီး ဥပဒေကဲ့သို့ အာဏာ တည် သည့် အမိန့် ထုတ်ပြန်၍ အရေးပေါ် အခြေအနေ ကြေညာနိုင်ကြောင်း ပြဌာန်းထားသည်။


WSJ LIVE VIDEO:

16 Responses

Leave a Reply

  1. I like n read the irrawaddy regularly.

  2. အန်အယ်လ်ဒီပါတီ ခေါင်းဆောင်ဦးတင်ဦးပြောတာကို ..ကန့်ကွက်ပါတယ်… (အရေးပေါ်အခြေအနေကြေငြာရတဲ့အထိဆိုတာကတော့ မလိုလားအပ်ဖူးပေါ့)နှင့်(မြန်မြန်အေးချမ်းမှုရအောင် အတွက် ဒီလိုပဲ နောက်ဆုံးသုံးလိုက်ရတာပေါ့)ဆိုတဲ့ စကားအဓိပ္ပါယ်တွေက ရိုဟင်ဂျာအရေးကိစ္စတွေမှာ အန်အယ်လ်ဒီ ထိပ်တန်း ခေါင်းဆောင်ပိုင်းကလူတွေ ပြည်ပ ရိုဟင်၈ျာအရေးလှုပ်ရှားသူတွေနဲ့ ဆက်သွယ်ပြီး ဘယ်လောက်ထိ ပါဝင်ပါတ်သက်မှုရှိနေသလဲဆိုတဲ့ သံသယအတွေးတခု ကို ဖြစ်ပေါ်နေစေပါတယ်….တကယ်လို့ များ ဒေါ်စုရဲ့ ဥရောပတခွင် လှည့် လည်တဲ့ အပျော်တမ်း ခရီးစဉ်မှာ နိုင်ငံတကာ ၀ါရင့် မီဒီယာသမားတွေက ဒီ ရခိုင်နဲ့ ဘင်္ဂါလီ(ရိုဟင်ဂျာ)အကြမ်းဖက် လူသတ်ပွဲအကြောင်းမေးခွန်းထုတ်လာရင်ဘယ်လိုပြန်ဖြေမလဲဆိုတာ ကို ပြည်တွင်းက ပြည်သူလူထုကို ကြိုတင်ပြောပြလို့ ရနိုင်မလား….

  3. WE WANT MILITARY GOVERNMENT.

    WE WILL SUPPORT MILITARY.

    WITHOUT MILITARY, NO DEMOCRACY.

    WE LOVE MILITARY

  4. PLEASE ISSUE ANOTHER ORDER CONSTITUTION POAT MA 413(B).

    RAKHINE PEOPLES ARE WAITING ORDER FROM PRESIDENT POAT MA 413(B)

  5. ကနေ့နိုင်ငံရေးသမားအများစုမှာ နိုင်ငံတော်အဆင့် တာဝန်ယူဘူးတဲ့သူ အရမ်းနည်းပါတယ်။
    နိုင်ငံတော်အဆင့် အာနေတဲ့သူတွေသာ များနေတာပါ။ ကိုယ့်ကိုတာဝန်ပေးရင် ဘယ်ကစကိုင်
    ရမှန်းတောင်သိမှာ မဟုတ်ဘူး။ စာတွေနင်းဖတ်ပြီး လက်တွေ့ မကျတဲ့သူတွေပါ။

  6. We are so disappointed Daw Aung San Su Kyi and NLDs because of their silence about Rohingya!Are they afraid of Western?They haven’t do anything!We will never forgive for this event for our blood! From now on, Sorry, NLD !

  7. မောင်မောင်

    Dedicated to U.G…
    ဦးတင်ဦးဆိုတာ လက်ရှိတပ်မတော်ရဲ့ ကာကွယ်ရေးဦးစီးချုပ်ဟောင်း တစ်ယောက်ပါ။ သူက စစ်တပ်အကြောင်းကို ခင်ဗျားထက်ပိုသိပါတယ်။ သူပြောတာ တစ်ဖက်သပ်မဆန်ပါဘူး။ ခင်ဗျားကသာ ပုဂ္ဂိုလ်ရေးတိုက်ခိုက်ပြီး ဒေါ်စုကိုလဲ အပျော်တမ်းခရီးစဉ် ပြောလို့ပြောနဲ့ ဒေါ်စု ယိုးဒယားကိုတစ်ခေါက်သွားလိုက်တာ အရင်လူတွေသွားတာနဲ့ တူသလား၊ ပြည်သူလူထုအတွက် စိတ်ပိုင်း၊ ရုပ်ပိုင်းဘယ်လောက် အကျိုးရှိသလဲ ပုံမှန်အသိဥာဏ်ရှိသူတိုင်း နားလည်ပါတယ်။
    တော်ပါပြီဗျာ ဒီအချိန်မှာ ပုဂ္ဂိုလ်ရေး မုန်းတီးမှုဆန်တဲ့ အပြောအဆိုတွေ သိပ်မပြောချင်ဘူး။

  8. ကိုအောင်

    ဒေါ်စု ကို လေးစားပါတယ်။ခု အခြေအနေက တကယ်ကို အရေးကြီးတဲ. အချိန်လို.မြင်ပါတယ်။ NLD ပါတီ ကြီးကတော. မေးခွန်းထုတ် စရာတွေ များနေပါပီ။ တချိန်မှာ အစိုးရဖွဲ.မယ်လို. ရည်မှန်းထား တာပဲ။ ဘာတွေပြင်ဆင်ထား လဲ?? ဒီလို ကြုံလာရရင် ဘာလုပ်မယ်လို. စဉ်းစားထားလဲ??? အရာရာ ဒေါ်စု အားကိုးနေတာလား???? လောလောဆယ် ရခိုင်အရေး ကို ဘယ်လို ဆောင်ရွက်ပေးမယ် စဉ်းစားထားလဲ???? ရိုဟင်ဂျာတွေ ရဲ. လုပ်ရပ်ကို ဘယ်လိုမြင်လဲလို.မေးလာရင် ဘယ်လို အဖြေပေးမလဲ???ခုလဲဖြေရမယ် နောင်လဲဖြေရမယ် ဘာလို. အဖြေမပေး တာလဲ?????

  9. မြန်မာနိုင်ငံလွတ်လပ်ရေးကြေငြာချက်အရ ကချင်၊ကယား၊ကရင်၊ချင်း၊မွန်

    ဗမာ၊ရခိုင်၊ရှမ်း…နှင့်ထိုတိုင်းရင်းသားများမှဆင့်ပွါးခွဲထွက်သောတိုင်းရင်း

    မျိုးနွယ်များသာပါဝင်ပြီး.မိမိတို့ရုံကြည်ရာဘာသာကိုလွတ်လပ်စွာကိုးကွယ်

    နိုင်ကြပေသည်…သို့သော်မြန်မာနိုင်ငံသည်ဘာသာရေး..အခြေခံအယူ

    အဆမှာထေရ၀ါဒလမ်းစဉ်ဖြစ်ပေသည်….

    မြန်မာနိုင်ငံသည်..တိုင်းရင်းသားများဖြင့်စုစည်းတည်ထောင်ထားခြင်းကြောင့်

    ပြည်နယ်များကွဲနေသော်လည်းတစ်နိုင်ငံတည်းတစ်မြေတည်းဖြစ်သည့်

    အတွက်အားလုံးသောနိုင်ငံသူနိုင်ငံသားများသည်ညီကိုယ်မောင်နှမများ

    အဖြစ်ချစ်ခင်ကြရပေမည်…ခွဲလို့မရတွဲလျှက်သာအတူနေကြရပေမည်…

    မဆိုင်သလိုနေမရအားလုံးနှင့်သက်ဆိုင်ပေသည်…

    လက်သဲဆိပ်လျှင်လက်ထိပ်နာတက်ရမည်…….

    ဘာသာရေးကိုခုတုန်းလုပ်ပြီးနိုင်ငံရေးအမြတ်ထုပ်လိုသူတွေကိုသတိကြီးစွာ

    ဖြင့်ဝိုင်းဝန်းတော်လှန်ရမည်….

    အရင်စစ်အစိုးရလက်ထပ်က လုပ်သားပြည်သူအဆင့်ကနေ

    အခုလက်ရှိမိဘပြည်သူဖြစ်လာခဲ့သောအချိန်တွင်အစိုးမြင်ဝါဒတွေကို

    မကျင့်သုံးသင့်တော့ပေ…လက်ရှိအစိုး၏ပြုပြင်ပြောင်းလဲရေးကို

    ငြိမ်းချမ်းစွာဖြင့်ဝေဖန်ပိုင်းခြားပြီး..လက်တွဲဆောင်ရွက်သင့်ပါသည်…

    အမှားကိုအမှား၊အမှန်ကိုအမှန်ပွင့်လင်းစွာပြောဆိုဝေဖန်နိုင်သောအခွင့်ရေး

    ကိုပြန်လည်ဆုံးရှုံးအောင်မပြုလုပ်သင့်ပေ…….

    စစ်အစိုးရလက်ထပ်မှစတင်ပြီးပြည်ပနိုင်ငံများသို့မြန်မာပြည်သား

    တိုင်းရင်သားတိုင်းရင်းသူများရောက်ရှိနေထိုင်လုပ်ကိုင်ရှာဖွေစားသောက်

    ခဲ့ကြရပေသည်…နိုင်ငံတကာရောက်ရှိနေသော်လည်းရောက်ရှိနေထိုင်လုပ်

    ကိုင်နေသောမြန်မာနိုင်ငံသူနိုင်ငံသားများမှာသူများတိုင်းပြည်ဖြစ်သော

    ကြောင့်အမျိုးမျိုးဖိနှိမ့်ခံကာစည်းပွါးရှာရလေသည်..ဘာသာရေးကိုလည်း

    ခုတုန်းမလုပ်..လူမျိုးရေးဆိုရင်လည်းမခွဲခြားမိမိစည်းပွါးအတွက်သာ

    အာရုံထားလုပ်ကိုင်ကြရပေသည်….

    သူတစ်ပါးတိုင်းပြည်၏အချုပ်ချာအာဏာကိုထိပါးဖို့ဆိုတာမတွေးတောင်

    မတွေးရဲကြပေ…ချမှတ်သောလမ်းစဉ်အတွင်းမှာသာဥပဒေနှင့်အညီနေထိုင်

    ခဲ့ကြပါပေသည်။

    ယ္ခုလက်ရှိရခိုင်ပြည်တွင်ဖြစ်ပွါးနေသောအကြမ်းဖက်မှုများသည်

    ဘာသာရေးကိုခုတုန်းလုပ်ပြီးတိုင်ပြည်၏ပြုပြင်ပြောင်းလဲရေးလုပ်ငန်း

    များကိုထိခိုက်အောင်ပြုလုပ်နေခြင်းဆိုသည်မှာညင်းပယ်လို့မရကြောင်းထင်

    ရှားနေပါသည်…

    မိသားစုစာရင်းမပါသောသူများသည်မိသားစုနှင့်တော့တန်းတူ

    အခွင့်ရေးလိုချင်လို့မရပေ…မိသားစုလိုတောင်းဆိုပိုင်ခွင့်မရှိပေမိမိတို့၏

    ဘ၀ကိုနားလည်သဘောပေါက်သင့်ပေသည်…..

    မိမိအိမ်ကိုသူတစ်ပါးလာပြီးဆော်ကားလျှင်မည်သို့တုန့်ပြန်မည်နည်း

    မိမိ…မိသားစုကိုသူတစ်ပါးဆော်ကားလျှင်ဘယ်လိုခံစားရမည်နည်း

    ဘာသာရေးဆိုသည်မှာရုံကြည်မှုဖြစ်လေသည်..ရုံကြည်မှုနှင့်

    ကိုးကွယ်မှသာဘုရားဖြစ်လေသည်…ဘာသာရေးဟာဓါးစာခံမလုပ်သင့်ပေ

    ဘာသာရေးကိုဓါးစာခံလုပ်သူတို့သည်မိမိကိုးကွယ်သောဘာသာမှာမစစ်မှန်

    ကြောင်းကိုဖေါ်ပြနေသည်နှင့်တူလေသည်။

    ရမ်းကားမှုနှင့်မိုက်မဲဆော်ကားမှုတွေကိုအခြေခံထားသောဘာသာ

    ကိုမည်သည့်ဘုရားသခင်ကကိုးကွယ်ဖို့လမ်းစဉ်ခြထားပေးထာသနည်း။

    မကောင်းမှုနှင့်ရောထွေးနေသောလုပ်ရပ်များကိုမည်သည့်ဘုရားကမှ

    ကြိုက်နှစ်သက်မည်မဟုတ်ပေ……….

    မိုက်မဲမှုနှင့်ရမ်းကားမှုဆူပူမှုတွေကိုတားစီးရမှာကလူသားတိုင်း၏

    တာဝန်ဖြစ်လေသည်……………….

  10. လေပြေ

    ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ ဥရောပခရီးစဉ်မှာ အမေစုဘယ်လိုဖြေမလဲ သားတို့အရမ်းသိချင်ပါတယ် ဒါအရမ်းအရေးကြီးတယ် အမေ့ပါးစပ်ကပြောတာ(ဖြစ်နိုင်ရင်ဥရောပမသွားခင်)သားတို့အရမ်းသိချင်ပါတယ် ၈၈မျိုးဆက်ခေါင်းဆောင်ဦးကိုကိုကြီးရဲ့ပြတ်သားတဲ့ရပ်တည်ချက် အရမ်းသဘောကျပါတယ်။

  11. နိုင်ငံရေး ဆိုတာ လွယ်လွယ်နဲ့ ပြောလို့မရပါဘူး…ဒေါ်စု နေနဲ့လဲ အခုနေမှာ ဘာမှ လုပ်ပိုင်ခွင့် မရှိသေးပါဘူး..အကယ်၍ ဒေါ်စု အနေဖြင့် ဤကိစ္စမျိုး ကိုမည်သို့ ကိုင်တွယ် မည်ဖြစ်ကြောင်း သိလိုသူ များရှိခဲ့သော် နိုင်ငံတော် သမ္မတကြီး မှ ဒေါ်စု အား တရားဝင် တာဝန် ပေးခိုင်းကြည့်လိုက်ပါ…ဒါဆိုရင် ဒေါ်စု ရဲ့ လုပ်ရည်ကိုင်ရည် ကို မျက်ဝါးထင်ထင် တွေ့ကြရမှာပေါ့…တာဝန်ပေး တဲ့နေရာမှာ လဲ ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းအားလုံးက ဒေါ်စု ရဲ့ အစီအမံ အတိုင်းလုပ်ကြရမယ် ဆိုတာကိုတော့ ထဲ့သွင်းပေးရမယ်….အခုချိန်မှာ နိုင်ငံရေး ပါတီတွေက လူမှုရေး အရလောက်ဘဲ လုပ်ပိုင်ခွင့် ရှိသေးတယ်ဆိုတာ မမေ့ကြပါနဲ့…

  12. ‘ Get up N L D’; what are you doing?
    NLD is a essential party in my country where all people are hopeful them to help developing of Myanmar.NLD is well known to strength a Myanmar, and not weaken it and leader who is loved by my people and all of world. I always respect NLD leader personally because she is an honorable leader, belonging of wonderful ideas and standby my people but she said plight of Rakhine that is mentioned you more like kular than my tribes who are defending bravely Myanmar border.I think that NLD should know to distinguish both internal issue and external issue.It is that problem of Rakhine state is very important but you observe as normal issue and censure ethnic groups.It’s weaken remark created big problem. I believe NLD leaders who is only one to solve Myanmar internal problem, internal war which was taken 5th decade but NLD close their mouths for this issue.Honorable NLD members read Bin Lardin speech on 28september2001,’interview with the Karachi-based newspaper’
    ” There are areas in all past of the world where strong Jihaidi forces are present, from indonesia to Algeria, from Kabul to chechnya,fromBosia to Sudan, and from Myanmar to Kasmir. Bin Llardin was most probably referring to a big groups to Kular as Rohingya.Countries of in speech are problem so just Myanmar problems in Rakhine state come in external.Nobody create it in Myanmar.NLD kook in heart of my ethnics who are waiting you for our distinctions.I like you but I against your view in raking.we have ko ko gyi.

  13. ဒါပေမယ့် စစ်အုပ်ချုပ်ရေးကို ကျနော်တို့ မလိုလားဘူး၊ ဒါကိုလည်း ကွဲကွဲပြားပြား ဖြစ်စေချင်တယ်”ဟု ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့မှ ကိုကိုကြီး က ဧရာဝတီကို ပြောသည် ……..ဒါဆိုရင်လည်းမင်းတို့အဖွဲ့သွားပြီး စည်းရုံးသိမ်းသွင်းထိန်းသိမ်း
    ဆောင်ရွက်တာမျိုးသွားလုပ်ပါလား…….မင်းတို့မျိုးဆက်ထဲမှာ ဘာသာတူ လူမျိုးတူတွေပါ
    နေတာဘဲ.

  14. ကချင်လေး

    ကိုကိုကြီးရဲ့ ပြတ်သားမှုအတွက် လုံဝထောက်ခံပါတယ်။အရှိကို အရှိအတိုင်းမြင်နိုင်ပါစေ။

  15. ချယ်ရီ

    ဒေါ်စုကဘာတွေလုပ်ပေးရဦးမှာလဲ။ဒီလိုဒီမိုကရေစီရလာတာအမေစုရဲ့ကျေးဇူးကြောင့်ဆိုတာမေ့သွားပြီလား။ငါ့လှေငါထိုးပဲခူးရောက်ရောက်ဆိုပြီးတဖက်သတ်မပြောပါနဲ့။ခင်ဗျားတို့ကကောနိင်ငံရေးဘာနားလည်လို့လဲ။ဒေါ်စုကရခိုင်ပြည်နယ်ကဖြစ်ရပ်ကိုအားပေးစကားပြောတာကလွဲလို့ဘာမှလုပ်ပေးနိင်မှာမဟုတ်ဘူး။ဘာလို့လဲဆိုတော့အမေစုမှာချမ်းသာတာဆိုလို့မေတ္တာတရားပဲရှိလို့ပဲ။အဲဒီလောက်တောင်မကျေနပ်ဖြစ်နေရင်ကိုယ်တိုင်သေနတ်ကိုင်ပြီးလုံထိန်းအဖွဲထဲသွားအောင်းနေလိုက်။

  16. U.G,ko chit,ကိုအောင်,လေပြေ နဲ့ mg mg တို့ ကိုရှင်းပြမယ်၊
    ဒီကိစ္စ က ရာဇ၀တ်မှု တစ်ခုပါပဲ၊ဘာသာရေး မဟုတ်သလို လူမျိုးရေးလည်းမဟုတ်ပါ၊
    NLD နဲ့  ဒေါ်အောင်ဆန်းစုကြည်ကို ချည်နှောင်ရမယ့်ကိစ္စလည်းမဟုတ်ပါ၊လက်ရှိနေရာယူထား
    တဲ့သူတွေဖြေရှင်းရမယ့်ကိစ္စပါ၊ မင်းတို့ နဲ့ အမြင်ချင်းဖလှယ်ချင်တယ်၊မိတ်ဖြစ်ဆွေဖြစ်ပေါ့၊
    မင်းတို့  အမည်နဲ့ လိပ်စာကိုသိချင်တယ်၊g-mail လိပ်စာဖြစ်ဖြစ်ပေါ့။
    ပေါက်ကရတွေလျှောက်မရေးနဲ့ ဦး၊အကြမ်းဖက်မှုတွေ ဆက်ဖြစ်ယင် မင်းတို့ တရားခံပဲ၊
    ကြံ့ဖွံ့ အဖွဲ့ ထဲမှာ လူတော်လူကောင်း အချို့ ရှိနေသေးတယ်၊မင်းတို့ ကြောင့်သိက္ခာကျနေဦးမယ်၊
    လူမျိုးခြားတွေဝင်ပြီးသောင်းကျန်းတာဆိုယင်လည်း၊သူတို့ ဆီကငွေကြေးယူပြီး မြန်မာပြည်
    ထဲ ၀င်ခွင့်ပြုနိုင်တဲ့ သူ များများစားစား မရှိတာကိုလည်း မမေ့ နဲ့ ။
    လက်ဆုပ်လက်ကိုင် မပြနိုင်ယင်တောင် ဆက်စပ်ကြည့်လို့ ရပါတယ်။