အိုဘားမား မြန်မာပြည် လာဖို့စီစဉ်နေ | ဧရာဝတီ
သတင်း

အိုဘားမား မြန်မာပြည် လာဖို့စီစဉ်နေ

Hits:1
  | |

ရွေးကောက်ပွဲ မဲဆွယ်နေတဲ့ အိုဘားမား (ဓာတ်ပုံ – Reuters)

အမေရိကန် သမ္မတ အိုဘားမားဟာ မြန်မာနိုင်ငံကို ယခု နိုဝင်ဘာလ လယ်ပိုင်းမှာ လာရောက်လည်ပတ်ဖို့ ရှိကြောင်း သတင်းတွေ ထွက်နေပါတယ်။

လတ်တလောမှာတော့ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲမှာ ပြန်အရွေးခံရဖို့ အပြင်းအထန် မဲဆွယ်နေရပါတယ်။ တကယ်လို့ ပြန်အရွေးခံရရင် မြန်မာပြည်ကို အမေရိကန် သမ္မတအနေနဲ့ လာရောက်မှာ ဖြစ်တာမို့ ဒါဟာ သမိုင်းမှာ ပထမဆုံး ဖြစ်ပါတယ်။

၁၉၅၃ ခုနှစ်က အမေရိကန် ဒု-သမ္မတ ရစ်ချတ်နစ်ဆင် မြန်မာပြည် လာလည်ခဲ့ဖူးပါတယ်။

သမ္မတ အိုဘားမားဟာ မြန်မာနိုင်ငံကို ထိုင်းနိုင်ငံမှတဆင့် လာရောက်မှာဖြစ်ပြီး နိုဝင်ဘာလ ၁၇ ရက်နှင့် ၁၈ ရက်၊ ၂ ရက်တာ နေထိုင်မှာဖြစ်တယ်လို့ သတင်းတွေ ထွက်နေပေမယ့် အိမ်ဖြူတော်က တရားဝင် အတည်မပြုသေးပါ။

သံတမာန်အသိုင်းအဝိုင်းတွေအဆို အမေရိကန်သမ္မတဟာ ထိုင်းနိုင်ငံကို လာမယ့် နိုဝင်ဘာလ ၁၆ ရက်နေ့မှာ ရောက်ရှိလာရမှာဖြစ်ပြီး ကမ္ဘောဒီယားနိုင်ငံ ဖနွမ်းပင်မြို့ မှာ နိုဝင်ဘာလ ၁၈ ရက်နေ့က ၂၀ ရက်နေ့ထိ ကျင်းပမယ့် ၂၁ ကြိမ်မြောက် အာဆီယံနိုင်ငံများနဲ့ ဆွေးနွေးပွဲကို တက်ရောက်ဖို့ ရှိကြောင်း သိရပါတယ်။


5 Responses

Leave a Reply

  1. အမေရိကန်သမ္မတ မြန်မာနိုင်ငံကိုလာလည်မည်ဆိုတော့ တကယ့်ကို ခေါင်းကြီးပိုင်းသတင်းပါဘဲ ။ ဝမ်းမြောက်ဝမ်း သာ ကြိုဆိုကြရမဲ့ကိစ္စ ဖြစ်ပါတယ် ။ ကမ္ဘာပေါ်မှာ အမေရိကန်ကို တည့်အောင်ပေါင်းနိုင်ပါမှ ကိုယ့်အတွက်အကျိုး ရှိနိုင်မှာဖြစ်ပါတယ် ။ လာဖြစ်ပါစေ ။ ညအိပ်တည်းခိုသွားနိုင်ပါစေ လို့ဆန္ဒပြုလိုက်ပါတယ် ။

    • ကမ္ဘာမှာ မြန်မာဆိုတာ ပြရတော့မယ့် အချိန်ရောက်ပါပြီ အမေရိကန်နဲ့မြန်မာဆို တာ
      မဟာမိတ်ဖြစ် နိုင်စရာ အများကြီးပါ ကျနော်တို့တတွေ အမေရိကန် စတိုင် ပြည်ထောင်စု စနစ်ပေါ်အောင် ဖော်ဆောင် လိုက်ကြပါစို့ တိုင်းရင်းသားညီအစ်ကို မွေချင်းအပေါင်းတို့ ။ တရုတ်ပြည် ကိုတော့ လည်း ပတ်ဝန်းကျင် ကောင်း နိုင်ငံတစ်ခုအနေနဲ့ ပေါင်းသင်းကြရ မှာမို့ မုန်းတီးရေးလည်း မရှိသင့် ပါ။

  2. Prime news indeed!
    USA deals with other Countries with transparency and clear vision. Their main focus is human rights and fairness to the mankind. Myanmar should be genuine in these aspects. Then we will get definite benefit from them as they are standing as the top Nation of the whole world in terms of financial wealth and technical competence. Also, if we get their full support, we don’t need to worry about our safety.

  3. i like all.

  4. အိုဘားမားကဗမာကိုချစ်လို့ သူ နံမည်တောင်အိုဗမာလိုမည့်ထားတာကွ။အိုဘားမားကိုပဲကြိုက်
    တယ်။သမ္မတပြန်ဖြစ်ပါစေ။ဗမာအစိုးရကတော့အိုဘားမားနိုင်စေချင်မှာအမှန်ပဲ။