မွတ်စလင်ကမ္ဘာရဲ့ ဒေါသ အိုဘားမား ဘယ်လိုထိန်းမလဲ | ဧရာဝတီ
ဆောင်းပါး

မွတ်စလင်ကမ္ဘာရဲ့ ဒေါသ အိုဘားမား ဘယ်လိုထိန်းမလဲ

Hits:11,730
  | |

အမေရိကန် အလံကို မီးရှို့ ဆန္ဒပြကြတာတွေ ဖြစ်နေတော့ လစ်ဗျား တိုက်ခိုက်ခံရမှု အပါအဝင် အမေရိကန် ဆန့်ကျင်ရေး သူပုန်ထမှုဟာ အမေရိကန် မဲဆန္ဒရှင်တွေကို စိတ်ခြောက်ခြားနေစေပါတယ် (ဓာတ်ပုံ- Reuters)

အမေရိကန် သံအမတ် ခရစ်စတီဗန်စ်နဲ့ သံအဖွဲ့ဝင် ၃ ဦးတို့ ကျဆုံးသွားရတဲ့ လစ်ဗျားနိုင်ငံ ဘန်ဂါဇီမြို့ ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရမှု အပါအဝင် အာရပ်မွတ်စလင် ကမ္ဘာရဲ့ ဒေါသူပုန်ထကြွတာတွေ ပြီးနောက်မှာ သမ္မတ အိုဘားမားအစိုးရက အထောက်အပံ့တွေပေးနေတဲ့ အရှေ့အလယ်ပိုင်း နိုင်ငံတွေအပေါ်ထားတဲ့ မူဝါဒကို အလျင်အမြန် ပြန်လည်သုံးသပ်မှု လုပ်နေရပါတယ်။

အမေရိကန်ဆန့်ကျင်ရေး တိုက်ခိုက်အုံကြွမှုကို သက်ဆိုင်ရာနိုင်ငံ အစိုးရတွေက ကိုင်တွယ်နှိမ်နင်းဖို့ ဖိအားပေးနေစဉ် တပြိုင်နက် သံအဖွဲ့တွေ ပြန်ရုပ်သိမ်းရေးနဲ့ အထောက်အပံ့တွေ ရပ်ဆိုင်းရေးကိုလည်း အမေရိကန်အစိုးရ အရာရှိတွေ စဉ်းစားနေရပြီး လိုအပ်ရင် လုပ်ဖို့ လိုမယ်ဆိုတဲ့ အဆင့်ရောက်နေပါပြီ။ ဆူဒန်နဲ့ တူနီးရှားက သံတချို့ လုံခြုံရေးအရ ပြန်ဆုတ်ခွာခိုင်းပါပြီ။

အမေရိကန် လကျာ်ယိမ်း ခရစ်ယာန်တွေ လက်ချက်လို့ ယူဆနိုင်တဲ့ အစ္စလာမ် ဆန့်ကျင်ရေး ဗီဒီယိုကနေ အကြောင်းပြ စတင်ခဲ့တဲ့ ဒီအရေးအခင်းဟာ နိုဝင်ဘာ အမေရိကန် သမ္မတရွေးကောက်ပွဲ အကြို ပြောဆိုဆွေးနွေးစရာဖြစ်လာပြီး အိုဘားမားရဲ့ အရှေ့အလယ်ပိုင်း မူဝါဒအပေါ် မေးခွန်းတွေ ထုတ်လာကြပါတယ်။ အာဏာရှင်စနစ်က ဒီမိုကရေစီစနစ်ကို ကူးပြောင်းမယ့် အာရပ်နွေဦးကို အကူအညီ လုံလောက်အောင် မပေးခဲ့ဘူးလား၊ အစ္စလမ်မစ် စစ်သွေးကြွတွေကို စည်းမခြားခဲ့ဘူးလား၊ လုံခြုံရေးအရ စိုးရိမ်စရာရှိတာတွေကို အိုဘားမား ဖုံးဖိထားခဲ့သလား စတာတွေက မေးစရာတွေ ဖြစ်လာခဲ့ပါတယ်။

အိုဘားမားအစိုးရရဲ့ သံတမန်ရေးအရ ဖိအားပေးမှုကို တုန့်ပြန်တဲ့ အနေနဲ့ အီဂျစ်အစိုးရက ကိုင်ရိုက ဆန္ဒပြသူတွေကို တားဆီးနှိမ်နင်းသလို လစ်ဗျားအစိုးရကလည်း ဘန်ဂါဇီတိုက်ခိုက်မှုမှာ ပါဝင်တယ်လို့ သင်္ကာမကင်းသူတွေကို ပိုက်စိပ်တိုက် ရှာဖွေတာတွေတွေ လုပ်နေပါပြီ။ ဆော်ဒီအာရေဗျနဲ့ တူနီးရှားကလည်း အေးဆေးငြိမ်သက်ဖို့ တိုက်တွန်းကြပါတယ်။ အဆိုးဆုံးကို ကျော်ဖြတ်လာခဲ့ပြီလို့ ထင်ရပေမယ့် မွတ်စလင်တွေ အမေရိကန်အလံကို မီးရှို့ ဆန္ဒပြကြတာတွေ ဆက်ဖြစ်နေတော့ လစ်ဗျားတိုက်ခိုက်ခံရမှု အပါအဝင် အမေရိကန်ဆန့်ကျင်ရေး သူပုန်ထမှုဟာ အမေရိကန် မဲဆန္ဒရှင်တွေကို စိတ်ခြောက်ခြားနေစေပြီး အိုဘားမားအတွက်လည်း စိတ်မချမ်းမြေ့ဖွယ် ဖြစ်စေပါတယ်။

တကယ်တော့ ၂၀၀၈ အိုဘားမား သမ္မတ အလုပ်စားပွဲ စထိုင်တဲ့အချိန်မှာ အီရတ်စစ်ပွဲကို အဆုံးသတ်ပြီး အာရပ်ကမ္ဘာနဲ့ အမေရိကန် ဆက်ဆံရေး တခေတ်ဆန်းဖို့ ရည်စူးထားခဲ့ပါတယ်။ ကိုင်ရို ရောက်လာပြီး ပြောကြားခဲ့တဲ့ အိုဘားမားရဲ့ မိန့်ခွန်းကလည်း အာရပ်ကမ္ဘာ ခေတ်သစ် ရောက်ပြီလို့တောင် အခါပေးခဲ့ပြီး အရှေ့အလယ်ပိုင်း တော်လှန်ရေး တောင်ပြိုတဲ့အထဲ ပိတ်မိနေတဲ့ အမေရိကန် သမ္မတဟာ အီဂျစ် အာဏာရှင် မူဘာရက် ဆန့်ကျင်တဲ့ ပုန်ကန်သူတွေကို ထောက်ခံခဲ့၊ လစ်ဗျားအာဏာရှင် ကဒါဖီကို ဗုံးကြဲဖို့အထိ အမိန့်ပေးခဲ့ပါတယ်။

သမ္မတ အိုဘားမားဟာ ဝါရှင်တန်နဲ့ အဆက်အဆံ မရှိခဲ့ဖူးတဲ့ အစ္စလမ်မစ် အဖွဲ့တွေက အာဏာရှင်အုပ်ချုပ်ရေးနဲ့ အစားထိုးလာနေတဲ့  ဒေသတွင်းမှာ အမေရိကန်အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရေး နဲ့  ဒီမိုကရေစီရေး ထောက်ပံ့ဖို့ကြား ချိန်ခွင်ရှာညီဖို့ အတော်ကြိုးစားရပါတယ်။ အမေရိကန်တွေအနေနဲ့ အရှေ့အလယ်ပိုင်းမှာ ဒီမိုကရေစီရေးကို အတိုင်းအတာ တစုံတရာ ထောက်ပံ့ကူညီနိုင်ခဲ့ပေမဲ့ အရိုးစွဲနေခဲ့တဲ့ အမေရိကန် မုန်းတီးရေးကို မလျှော့ချနိုင်ခဲ့သလို ဒေသတွင်း စီးပွားရေး အကြပ်အတည်းတွေကိုလည်း မဖြေရှင်းနိုင်ပါဘူး။ အိုဘားမားရဲ့ လစ်ဗျားဟာ အကူးအပြောင်းရဲ့ စံပြပုံစံလို့ ဆိုတာ အခု သံသယ ရှိလာသလို ဆီးရီးယားမှာ သွေးချောင်းစီးတာကိုလည်း ဘာမှာ မလုပ်နိုင်ဖြစ်နေပါတယ်။

စနေနေ့ အပတ်စဉ် ပြောနေကျ မိန့်ခွန်းထဲမှာ သမ္မတ အိုဘားမားက မွတ်စလင်ကမ္ဘာရဲ့ မငြိမ်သက်မှုတွေအပေါ် အမေရိကန်တွေ သောကရောက်နေတာ နားလည်ကြောင်း ပြောပါတယ်။

“ရုပ်သံပေါ်က ရုပ်ပုံတွေဟာ စိတ်အနှောက်အယှက် ပေးတယ်ဆိုတာ ကျနော်သိပါတယ်” လို့ အိုဘားမားက ဆိုတယ်။ “ဒါပေမယ့် ဒေါသထွက်နေတဲ့ လူအုပ်တွေနောက်မှာ လွတ်လပ်ခြင်း၊ ဂုဏ်သိက္ခာနဲ့ မျှော်လင့်ချက်ဆိုတဲ့ ကျနော်တို့ အလံရဲ့ ကိုယ်စားပြုချက်တွေကို လိုလား မျှော်လင့်နေသူတွေ သန်းချီရှိသေးတယ် ဆိုတာ ကျနော်တို့ မမေ့ဖို့ လိုတယ်” လို့လည်း ပြောပါတယ်။

ဘန်ဂါဇီ တိုက်ခိုက်ခံရချိန်ကတည်းက ထိုင်နေရတဲ့ အိမ်ဖြူတော်က မာရသွန် အစည်းအဝေးပွဲတွေမှာ အမေရိကန်အရာရှိတွေဟာ နောက်အဆင့်တွေကို ဆွေးနွေးကြ၊ တုန့်ပြန်မှုတွေအပေါ် သုံးသပ်စိစစ်ကြပါတယ်။ အောင်မြင်တဲ့ နိုင်ငံရေး အကူးအပြောင်းလို့ ကောက်ယူထားတဲ့ တူနီးရှားနိုင်ငံက အမေရိကန် ထောက်ပံ့ခံ ကျောင်းတကျောင်း အဖျက်ခံရတာကိုတော့ သူတို့ အံ့အားသင့်ကြတယ်။

လတ်တလောမှာတော့ အိုဘားမားဟာ သံတမန်တွေကို အကာအကွယ်ပေးဖို့ မရိန်းစစ်သားတွေ ပိုချ၊ ဖျက်သင်္ဘော ၂ စင်း ဒေသတွင်းမှာ ကင်းလှည့်ခိုင်းထားသလို တူရကီဝန်ကြီးချုပ်လို ဒေသတွင်း မဟာမိတ် မွတ်စလင်ခေါင်းဆောင်တွေနဲ့ အဆက်အသွယ် မပြတ် ဆွေးနွေးတိုင်ပင်နေရပါတယ်။ ယူကျုကိုလည်း ဗီဒီယိုဖိုင် တင်ထားနဲ့ပတ်သက်ပြီး ပြန်သုံးသပ်ဖို့နဲ့ ဗီဒီယို ရိုက်ကူးထုတ်လုပ်ရေးမှာ ပါဝင်တယ်လို့ မသင်္ကာသူတွေကို ခေါ်ယူမေးမြန်းမှုတွေ လုပ်ဆောင်ရပါတယ်။

လုံခြုံရေးအရ ပြန်သုံးသပ်မှုတွေလည်း လုပ်ရပါတယ်။ ၂၀၀၁ စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှုနောက်ပိုင်း လုံခြုံရေးအစီအမံ တိုးမြှင့်ပြီးဖြစ်တဲ့ သံရုံးတွေကို ထပ်မံ တိုးမြှင့်ဖို့လို မလို၊ ဒေသခံတွေကို ပေးနေတဲ့ အထောက်အပံ့တွေ ရပ်ဖို့ လို မလို အမေရိကန်အရာရှိတွေ အမြဲ မေးမြန်းဆွေးနွေး သုံးသပ်နေရပါတယ်။ တူနီးရှားနဲ့ ဆူဒန်က သံတမာန်ရေးရာမှာ အရေးမကြီးသူတွေကို လုံခြုံရေးအရ ပြန်ဆုတ်ခိုင်းခဲ့ရပေမယ့် အခြား အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာ အမေရိကန် အထောက်အပံ့တွေ ဖြတ်ဖို့ အစီအစဉ် မရှိသေးပါဘူး။

ဒီလို ပြန်ဆုတ်ရတာ သိပ်ကောင်းတဲ့ ရွေးချယ်မှု မဟုတ်ပါ။ ဒီနိုင်ငံတွေက အမေရိကန်တွေ ပြန်ရုတ်သိမ်းရခြင်းဟာ သီအိုရီအရ အကဲဆတ် သည်းမခံနိုင်မှု၊ တင်းမာမှုတွေကို လျှော့ချပေးနိုင်တဲ့ ယဉ်ကျေးမှုဆိုင်ရာ ဖလှယ်ပေါင်းကူးရေး အစွမ်းအစတွေကို ပျောက်ပျက်စေနိုင်ပါတယ်။ ဒါပေမယ့်လည်း နိုင်ငံရပ်ခြား အထောက်အပံ့ဟာ လတ်တလော ကြုံနေရတဲ့ ငွေကြေးအကြပ်အတည်း ကာလထဲမှာ ရောင်းမကောင်းဖြစ်နေရုံမက ကွန်ဂရက်ကလည်း ဖိအားတွေ ပိုပေးလာဖွယ်ရှိတယ်လို့ အမေရိကန် အစိုးရအရာရှိတွေက ပြောကြပါတယ်။

ဘန်ဂါဇီ တိုက်ခိုက်မှုနဲ့ အုံကြွမှုတွေကြောင့် ပြည်တွင်းနိုင်ငံရေးမှာလည်း ရီပတ်ဘလီကန်တွေဘက်က အိုဘားမားရဲ့ နိုင်ငံခြားရေး မူဝါဒအပေါ် ပြစ်တင် ဝေဖန်သံတွေ ဆူညံနေခဲ့ပါပြီ။ နိုဝင်ဘာ ရွေးကောက်ပွဲမှာ စိန်ခေါ်သူ ရီပတ်ဘလီကန် သမ္မတလောင်း မစ်ရွမ်နေက အိုဘားမားဟာ အာရပ်နွေဦးကို သဘောမပေါက်၊ နုံအ ကျိုးနွံလွန်းပြီး အစ္စရေးကို လုံလောက်အောင် မထောက်ကူဘူးလို့ သရုပ်ဖော်ပါတယ်။ အိုဘားမားဟာ ထောက်လှမ်းရေးအစီရင်ခံတာကို အာရုံ သိပ်မစိုက်ဘူးလို့ ဒု သမ္မတဟောင်း ဒစ်ချင်နီလို ဝေဖန်ရေးသမားတွေကလည်း ဝေဖန်သံတွေ ရှိနေပါတယ်။

ရွှေဘကို ကြိုက်တဲ့ ဗမာတွေလို ကောင်းဘွိုင်မင်းသား သမ္မတ ရေဂင်ကို အမေရိကန်တွေ ကြိုက်ကြပါတယ်။ ဒါပေမဲ့ ၉/ ၁၁ ဖြစ်ရပ်အပြီး စစ်တွေတိုက်လို့ကြာလာတဲ့အခါ ရီပတ်ဘလီကန်တွေအစား လစ်ဘရယ်တန်ဖိုးတွေကို စမတ်ကျကျ အပြောကောင်းသူ ဒီမိုကရက် သမ္မတ အိုဘားမားကို ၂၀၀၈ ရွေးကောက်ပွဲကတဆင့် အမေရိကန်မဲဆန္ဒရှင် အများစုက သမ္မတ တာဝန်ပေးခဲ့တယ်။ အခု လေးနှစ်ပြည့်အပြီး နောက်လေးနှစ် သက်တမ်းအတွက် မဲဆွယ်ပွဲတွေ လုပ်နေရပါပြီ။

ပြီးခဲ့တဲ့ သက်တမ်းကို ပြန်ကြည့်ရင် ပြည်တွင်း နိုင်ငံရေးထက် နိုင်ငံခြား ဆက်ဆံရေးမှာ ငြိမ်းချမ်းရေး နိုဘဲလ်ဆုပါ ရတဲ့အထိ မျက်နှာကောင်း ရခဲ့တဲ့ ဒီမိုကရက် သမ္မတ အတွက် နောက်ဆုံးဖိအားက သူနဲ့ သိပ်အစေး မကပ်တဲ့ အစ္စရေးဝန်ကြီးချုပ်ဆီကပါ။ အစ္စရေးဝန်ကြီးချုပ် နေတာညာဟုက အီရန်ဟာ ညူကလီးယားဗုံးထုတ်ဖို့ ၆ လ ၇ လပဲ လိုတော့တယ်လို့ ပြောဆိုမှုက နဂိုကမှ ရှုပ်ထွေးပြီး တင်းမာမှုတွေ မြင့်လာနေတဲ့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံရေးကိုသာမက အမေရိကန် သမ္မတ အိုဘားမားကိုပါ ဖိအားတွေ တိုးလာစေမှာ အမှန်ဖြစ်ပါတယ်။

ကိုးကား။    ။ The New York Times


17 Responses

Leave a Reply

  1. မောင်ပု

    အမေရိကန်အနေနဲ့ အစားထိုးလောင်စာ မှာ ရင်းနှီးမြုပ်နှံမယ်ဆိုရင် အရှေ့အလည်ပိုင်းက မူဆလင်ကမ္ဘာကို ကျောခိုင်းနိုင်ပါတယ်။
    သူတို့အတွက် ဘာသာရေးထက်ဘာမှ အရေးမကြီးဘူး။ အမေရိကန်အနေနဲ့ စစ်စရိတ် ၊ စူပါ ပါဝါ၊ အမျိုးသားအကျိုးစီးပွားကို ချိန်ခွင်လျှာ ညှိသင့်တယ်။
    အာဆီယံက အမေရိကန်အတွက် ပိုအကြိုးရှိနိုင်ပါတယ်။
    အမေရိကန်စီးပွားရေးကျနေတာကို ပိုအလေးပေးသင့်တယ်။
    အမေရိကန်က အရှေ့အလယ်ပိုင်းနဲ့ စစ်စရိတ်ကုန်နေချိန်မှာ တရုတ်ကတော့ ပုံမှန် စီးပွားတက်နေတယ်။
    အမေရကန်အနေနဲ့ အရှေ့အလည်ပိုင်း မှာ စစ်တိုက်နေတာ ဆယ်စုနှစ်တစ်ခုရှိပြီး။ ဘယ်လောက်ကုန်နေပြီလဲ ပြန်သုံးသတ်ဖို့ အချိန်တန်ပြီ။

  2. ပြည်သူ

    အခုကိစ္စဟာ သမ္မတ အိုဘားမားနဲ့တိုက်ရိုက်မပတ်သတ်ပါဘူး။ ဘယ်သမ္မတပဲဖြစ်ဖြစ် ဒါဟာရှောင်လွှဲမရတဲ့ကိစ္စပါ။ တာလီဘန်.အယ်ကိုင်းဒါးတွေရဲ့ကြိုတင်ကြံစီမှုတခုပါ။ စက်တင်ဘာကိုးရက်မှာဖြစ်တာကိုပဲကြည့်ပါ။ အဲဒီ ဗီဒီယိုနဲ့ နဂိုကမှသွေးကြွနေကြတဲ့အရှေ့အလယ်ပိုင်းမူဆလင်တွေက အသုံးချခံလိုက်ရတာပါ။ အေးလေ..သူတို့ရဲ့ယုံကြည်ချက်ကိုက အဲဒီလိုဘာသာရေးအတွက် အသက်ပေးခဲ့ရရင် ကုသိုလ်ရတယ်၊သူရဲကောင်းဖြစ်တယ်၊ ကောင်ကင်းဘုံရောက်တယ်လို့ ယုံကြည်ထားတော့လည်းအခက်သား။

  3. အမေရိကန်ပြည်သူတွေဘာမှစိတ်မခြောက်ခြားဘူး။ ဘာတွေလျှေက်ရေးနေတာလဲ။ အမေရိကန်ကပြောမရရင် အနုမြူဗုံးနဲ့ဆုံးမလိုက်ယုံဘဲ။တစ်လုံးမရရင် နှစ်လုံး မလောက်သေးရင်အကုန်သုံးလိုက်ယုံဘဲ။ရီပတ်ဘလီကင်တွေသာဆိုရင်တွယ်ပလိုက်တာကြာပြီ။

  4. The script was written by an American – Egyptian and the film made in US, but why were British and German Embassies torched? Why were Churches in Niger ransacked? The real cause lies forgotten as usual that is sorry to be blunt but “Hostility”. This type of daily hostility to non-Muslim world always can spark over wrong or intentionally made ill treated information like what happened in Myanmar’ Rakhine province and Assam of India. Thanks to our great Lord’ great teaching, as giant Buddha Statues demolished in Afghanistan, our reactions went civilized and also be a proof of tolerance and love.
    Nonetheless this movie shouldn’t be created ever since there seems be no taming ways for us to contain such doctrinal hatred. Like it or not we have to live with the fact.

    • ” Like it or not we have to live with the fact”. Very well said.

      Even if you can afford to keep all of those Islamic members on one planet, say Mars, Christians on Venus, Jews on Pluto, they all are still keep killing each other for one sake or other.
      And, if there’s no other religion on this earth, for example, but just Islamic members, then be sure not to keep Shias and Sunnis together. They love killing each other too.
      By the way, ရွှေဘကို ကြိုက်တဲ့ ဗမာတွေလို…..I like that part.

  5. လူ့အခွင့်အရေး စံချိန်နဲ့ မွတ်ဆလင်ကမ္ဘာကို လျော့နေတွက်ကြတဲ့ ရွှေပြေအေး သမားတွေ အတွက် နောက်ထပ် သင်ခန်းစာ ကောင်းကောင်းတစ်ပုဒ်ပါပဲ။

  6. ဘာသာရေးကအရမ်း ပြော၇ ခက်ပါတယ်။ဘာသာေ၇း ဆိုတာ လူတိုင်းသူယုံကြည်ရာသက်ဝင်မှု့ တစ်ခုဘဲလေ။စဉ်းစားတွေးခေါ်မှု့ ညာဏ်အများဆုံး ရှိတဲ့ လူတွေ က ပူလောင်သွေးဆူတဲ့ ဘာသာတွေ ကို ဘာဖြစ်လို့ ကိုးကွယ်ကြတာလဲးဆိုတာ မစဉ်းစားတတ်အောင်ဘဲ။ဘာသာေ၇း ကြောင့် အသက်အသေ ခံရင် ကောင်းကင်ရောက်တယ်ဆိုတာ….လောကကြီးမှာလူတောင်ရှိမှာ မပာုတ်တော့ ဘူ။လူတိုင်းကောင်းတဲ့ နေ၇ာရောက်ချင်ကြတာ ချည်းဘဲလေ။တွေးခေါ်မှု့ စဉ်းစားညာဏ် အမြင့် ဆုံးလူသားတွေဘဲ ဘယ်ဘာသာအေးချမ်းလဲ သေသေချာချာ သုံးသပ်ပြီး ကိုကွယ်ကြပါ။ဘယ်ဘုရား မှ သွေးဆူမှ ဘာသာတစ်ရားလို့ မပောာခဲ့ ပါဘူး။

  7. ငွေနှင်း

    ဘယ်ဘာသာကမှ အကြမ်းဖက်ရမယ် သွေးဆူရမယ် လူသတ်ရမယ်လို့ မတိုက်တွန်းဘူး။ အကြမ်းဖက်ချင်တဲ့သူက အကြမ်းဖက်မှာပဲ။ သူ့ကို ထောက်ခံတဲ့လူတွေ ပိုရအောင် ဘာသာရေးဖြစ်ဖြစ် လူမျိုးရေးဖြစ်ဖြစ် အသုံးချပြီး ဆွယ်မှာပဲ။ အသိဥာဏ်ရှိတဲ့လူတွေက ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ်ပါချင်မှ ပါမယ်။ ဆင်ခြင်သုံးသပ်မှု မဲ့တဲ့သူတွေ ပညာမတတ်တဲ့လူတွေကတော့ မျက်ကန်းပြီး ပါမှာပဲ။ သန်းနဲ့ချီပြီး ရှိတဲ့ မွတ်စလင်တွေမှာ သောင်းဂဏန်းလောက် အကြမ်းဖက်ချင်တဲ့လူတွေကို ကြည့်ပြီး ကျန်တဲ့ သန်းဂဏန်းကိုပါ သိမ်းကျုံးပြီး စွပ်စွဲတယ်ဆိုတာကိုလဲ နားမလည်နိုင်အောင်ပါပဲ။

  8. ချင့်ယုံ

    သူတို့ဘာသာမှာ ဘာသာရေးနဲ့ပတ်သက်ပြီး လုံးဝေ၀ဖန်မဆွေးနွေးရဘူး၊ဝေဖန်ဆွေးနွေးရင်
    ငရဲကျမယ်ဆိုပြီးတားထားတယ်။အဲဒါက စဉ်းစားဆင်ခြင်စိတ်ကိုပိတ်ဆို့ထားစေပြီး၊ ဘာသာေ၇း
    အတွက် အသေခံရင်ကောင်းကင်ဘုံရောက်မယ်ဆိုတဲ့ ဆင်ခြင်မဲ့အစွန်းရောက်စိတ်ဖြစ်စေပြီး အကြမ်းဖက်၊အသေခံဗုံးခွဲစတာတွေဖြစ်လာစေတယ်လို့ထင်ပါတယ်။

  9. ငွေနှင်း

    အဲ့ဒီ့ဘာသာကို ရှင်မကိုးကွယ်ဘူး မယုံကြည်ဘူးဆိုမှတော့ သူတို့ဘာသာရဲ့ အနှစ်သာရ ကို ရှင် ထဲထဲဝင်ဝင် နားမလည်နိုင်ပါဘူး။ ကိုယ်နားမလည် စိတ်မ၀င်စားတဲ့အရာကို ဟုတ်မယ်မဟုတ်ဘူးဆိုတာ ကိုယ်တိုင် မလေ့လာပဲ အပေါ်ယံကောလဟာလကြားဖူးပြီး ယုံနေတဲ့သူကသာ ကိုယ့်ရဲ့ ဥာဏ်အရည်အသွေးနဲ့ အတွေးအခေါ်ကို ပြန်စမ်းစစ်ဖို့ လိုမယ်ထင်ပါတယ်။ လူနည်းစု အစွန်းရောက် အကြမ်းဖက်သမားများလို့ ဆိုကတည်းက သူတို့အတွေးနဲ့ လုပ်ရပ်က အစွန်းရောက် အကြမ်းဖက်ချင်နေမှာပဲ။ ဒါကို ဘာသာရေးတခုလုံးကို စွဲသွင်းပြီး ပြောဆိုတယ်ဆိုရင် တခြားငြိမ်းချမ်းရေးကို လိုလားတဲ့ လူအများစုအပေါ် တရားမျှတတဲ့ စွပ်စွဲမှုမှ မဟုတ်တာ။ အဲ့ဒီ့ ဘာသာက အဲ့ဒီ့လိုသာ တကယ် ဟောထားမယ်ဆိုရင်ဘုံးအလုံးပေါင်း သန်းနဲ့ချီခွဲပြီးတော့ ဒီကဘာမှာ လူတောင် ကျန်မှာမဟုတ်ဘူး။ သေချာလဲ စဉ်းစားပါဦး။

  10. မြင်တတ်သူ

    ငွေနှင်းပြောတာ မှန်သင့်သလောက်မှန်ပါတယ်။ ဒါပေမဲ့အကုန်တော့မမှန်ဘူး။ ဘာ့ကြောင့်လဲဆိုတော့ ဒီလိုမျိုး ဘာသာရေးနဲ့ပတ်သတ်ပြီးလှောင်ပြောင်ထားတဲ့ ဗီဒီယိုနဲ့ပတ်သတ်ပြီးတော့ နိုင်ငံပေါင်းများစွာ တညီတညွတ်တည်း (မလုပ်မိရင်တာဝန်မကျေမှာစိုးတဲ့ပုံနဲ့) အုံနဲ့ကျင်းနဲ့ဆန္ဒပြရုံမက အူယားဖားယားဆူပူလှုပ်ရှားဖျက်ဆီး ကြတာကို တသက်နဲ့တကိုယ်ဒီတခါပဲတွေ့ဘူးတယ်။ ဆိုလိုတာကငွေနှင်းပြောတဲ့(ဘာသာရေးနဲ့ပတ်သတ်ပြီး)အကြမ်းဖက်ချင်ကြတဲ့လူတွေ အဲဒီနိုင်ငံတွေမှာ ဘာ့ကြောင့် ဒီလောက်များရသလဲဆိုတာလဲ တွေးမိလို့ပါ။ ဒီ့ထက်ပိုဆိုးတာက သူများနိုင်ငံရဲ့သံတမန်တွေကို သတ်ပစ်လိုက်ကြတာ အင်မတန်အရုပ်ဆိုးအကျည်းတန်လှပါတယ်။ လစ်ဗျားအစိုးရကလည်းဘာ့ကြောင့် ဒီအခြေအနေထိရောက်အောင် အဖြစ်ခံရသလဲဆိုတာ စဉ်းစားစရာရှိတယ်။ နောက်တခု.. အီရန်နိုင်ငံခေါင်းဆောင်က အခုလိုအမေရိကန်သံတမန်တွေကို သတ်ပစ်တာမလွန်ဘူးလို့ပြောတာကြားရပြန်တယ်။ ဒါဟာဘာသဘောလည်းဆိုတာနားမလည်ပြန်ဘူး။ ဒီလိုလူမိုက်ပုံစံနဲ့ နိုင်ငံ့ခေါင်းဆောင်ဖြစ်နေတာအံ့ပါရဲ့။ နှစ်နိုင်ငံစစ်ဖြစ်မယ်ဆိုရင်တောင် သံတမန်တွေကိုအရင်ပြန်လွှတ်ပြီးမှ ဖြစ်ကြရမှာမဟုတ်ပါလား။ ပြီးတော့ အာဖဂန်မှာ ဗုဒ္ဓ ရုပ်ပွားတော်တွေကို တာလီဘန်တွေတိုက်ခိုက်ဖျက်ဆီးပစ်ခဲ့တာ၊ ဒီလိုဖျက်ဆီးတာကို အာဖဂန်အစိုးရက လွှတ်ပေးထားတာ။ ဒီ့ပြင် ယနေ့အထိ ယူကျု့မှာ ရှာကြည့်ရင်တွေ့ပါလိမ့်မယ်… The Collapse of Buddhism ဆိုတဲ့ဗီဒီယိုမှာ ဗုဒ္ဓဘာသာကို ပုပ်ခတ်စော်ကားထားတာတွေ။ ဘယ်ဘာသာဝင်လုပ်တယ်တော့ မသိပါဘူး၊ အခုအချိန်ထိရှိနေသေးရဲ့။ ဒါပေမဲ့ အထက်ကကိစ္စတွေနဲ့ပတ်သတ်ပြီး ဘယ်သူကမှ ဆန္ဒပြ၊ဆူပူ၊လူသတ်တာတွေမလုပ်ခဲ့ကြပါဘူးဗျာ။ ဘာသာတရားဆိုတာ မေတ္တာတရားသာအရင်းခံမဟုတ်လား။ စော်ကားသူတွေအချိန်တန်ရင်သူ့စရိတ်နဲ့ သူသွားကြလိမ့်မယ်လို့သဘောထားပါတယ်။ အဲ…အဲဒီလိုခံရတဲ့နေရာမှာ ငွေနှင်းဆိုလိုတဲ့ ဘာသာဝင် တွေဆိုရင်တော့ တမျိုးတဖုံပြောင်းသွားနိုင်တယ်လို့(ခန့်မှန်းတာနော်၊စွပ်စွဲတာမဟုတ်ပါ။) ထင်မြင်မိပါတယ်။ ကျေးဇူးးပါ။

    •  နိုင်ငံပေါင်းမျာစွာ အုံနဲ့ကျင်းနဲ့ ဆန်ဒပြပြီး အူယားဖားယား ဆူပူလှုပ်ရှားဖျက်ဆီးတာကို အခုမှ မြင်ဖူးကြားဖူးတယ်ဆိုရင် အခုတလောမှ သတင်းဖတ်ဖူးတယ်ထင်ပါတယ်။ အဲ့ဒီ့နိုင်ငံတွေမှာ ဘာလို့ဒီလောက်များရသလဲဆိုတော့ ကျမအထင် ပညာတတ်တအားနည်းတယ် လူအဖွဲ့အစည်းဖွံဖြိုးမှုနည်းတယ် အပြင်ကဘာနဲ့ ထိတွေ့မှုနည်းတယ် ဒါတွေကြောင့်လို့ ထင်ပါတယ်။ ဆန်ဒပြမှုထဲမှာ မပါဝင်တဲ့ မွတ်စလင်နိုင်ငံတွေ အများကြီးရှိတယ်ဆိုတာ google လုပ်ကြည့်ရင် သိပါလိမ့်မယ်။ အခုလက်ရှိ လစ်ဗျားအစိုးရက ကဒါဖီပြုတ်သွားပြီးနောက်ပိုင်း တက်လာတဲ့အစိုးရဖြစ်သလို အမေရိကန်ထောက်ခံထားတဲ့အစိုးရပါ။ နောက်တခု.. အီရန်သမတနဲ့ Piers Morgan ရဲ့ CNN Intreview ကို နားထောင်ကြည့်ပါတယ်။ ပြောသွားတဲ့အထဲမှာ အကြမ်းဖက်မှုဘယ်ဟာကို မဆိုရှုံချတယ် အမေရိကန်အနေနဲ့လဲ သူတို့ပါဝင်မှုကို ပြန်သုံးသပ်သင့်တယ်ဆိုတဲ့သဘောမျိုး တတိယူရှုထောင့်ကပြောသွားတာလို့ နားလည်မိပါတယ်။ လူမိုက်ဖြစ်တယ်မဖြစ်ဘူးဆိုတာက ကိုယ်နားထောင်နဲ့ မီဒီယာနဲ့ ကိုယ့်သုံးသပ်မှုအပေါ်မှာ မူတည်တာပေါ့။ ဗုဒ်ဓ ရုပ်ပွားတော်တွေကိုဖျက်ဆီးတာ လွန်ခဲ့တဲ့ နှစ်ပေါင်းမြောက်များစွာကပါ။ အဲ့ဒီ့နိုင်ငံကလဲ လွန်ခဲ့တဲ့နှစ်ပေါင်းမြောက်များစွာထဲက မထွက်နိုင်သေးပါဘူး။ သူတို့ကိုယ်သူတို့ ဒီကဘာရဲ့ ဘယ် century မှာ ကျန်ခဲ့တယ်တောင် သူတို့မသိဖြစ်နေချိန်မှာ ကျမတို့ civilized ဖြစ်တဲ့ လူတွေအနေနဲ့ ဒါကိုပဲ လက်ညှိုးထိုးပြီး ရီနေမယ် ပြောနေမယ် ဝေဖန်နေမယ် တယောက်နဲ့ တယောက် သတ်ဖြတ်နေမယ်ဆို ညီညွတ်မှုမရှိတဲ့အပြင် ခေတ်နောက်ပြန်ဆုတ်နေတော့မှာပေါ့။ ဘာသာတ၇ားတိုင်းက မေတ်တာအရင်းခံပါ။  စော်ကားသူတွေ ဘယ်စားရိတ်နဲ့ သွားတယ် မသွားတယ်ဆိုတာ မသိနိုင်ပေမယ့် ကျမအနေနဲ့တော့ အကြောင်းရှိလို့ အကျိုးဖြစ်တယ်လို့မြင်ပြီး ဒီအကြောင်းအကျိုးတွေက လူတိုင်းရဲ့ အတွေးအခေါ်နဲ့ မှန်ကန်တဲ့အရာကို မျှမျှတတ ရွေးချယ်သုံးသပ်လုပ်ကိုင်နိုင်မှုပေါ်မှာမူတည် တယ်လို့မြင်ပါတယ်။ ဘုရားသခင်က ဦးနှောက်ပေးထားတယ်။ ငြိမ်းချမ်းရေးနဲ့ မေတ်တာကို ဟောကြားခဲ့တယ်။ ဒါကိုလူတွေက ဦးနှောက်သုံးပြီး ဘယ်ဟာလုပ်သင့်တယ် ဘယ်ဟာမလုပ်သင့်ဘူးဆိုတာ ဆုံးဖြတ်နိုင်ရမယ်။ ဒီလို ဆုံးဖြတ်ရာမှာ အေးချမ်းချင်တဲ့လူက အေးချမ်းစေမယ့် အလုပ်လုပ်သလို။ ပူလောင်စေမယ့် သူက ပူလောင်မယ့်အလုပ်လုပ်မှာဖြစ်တယ်။ ဗုဒ်ဓဘာသာဝင်တိုင်းလဲ အေးချမ်းမှုမရှိသလို ခရစ်ယာန်တိုင်းလဲ မမျှတဘူး ဟိန်ဒူတိုင်းလဲ လူမျိုးရေးမခွဲခြားသလို မွတ်စလင်တိုင်းလဲ လူလိုက်သတ်မနေဘူးလို့ မြင်ပါတယ်။ သူတို့အပိုင်းမှာ ဖြစ်ပျက်နေတာ ကိုယ်နဲ့လဲ မဆိုင်ဘူးလေ။ ဒါပေမယ့် တတိယလူအနေနဲ့ အမြင်ကိုပြောတာ။ ကျေးဇူးပါ။ိ

      •  ဗုဒ်ဓဘာသာဝင်တိုင်းလဲ အေးချမ်းမှုမရှိသလို ခရစ်ယာန်တိုင်းလဲ မမျှတဘူး ဟိန်ဒူတိုင်းလဲ လူမျိုးရေးမခွဲခြားသလို မွတ်စလင်တိုင်းလဲ လူလိုက်သတ်မနေဘူးလို့ မြင်ပါတယ်။ သူတို့အပိုင်းမှာ ဖြစ်ပျက်နေတာ ကိုယ်နဲ့လဲ မဆိုင်ဘူးလေ။ ဒါပေမယ့် တတိယလူအနေနဲ့ အမြင်ကိုပြောတာ။ ကျေးဇူးပါ။ိ”"
        ပြောထားပုံက ကျန်ဘာသာဝင်တွေကို အပြစ်အနာတွေပုံပြီး မူဆလင်တွေကိုကာကွယ်ပြီး အကောင်းပြောထားပုံရတယ်။ အရမ်းဗဟုသုတပြည့်ပုံရတယ်။ ဟောအခု ဘင်္ဂလားဒေရှ့်မှာ ကြုံရပြန်ပြီ။ ၂၅၀၀ ဆိုတဲ့လူအင်အားနဲ့ရမ်းကားကြတာ။ ကမ္ဘာမှာ ဘာသာဝင်ဦးရေနည်းခြင်းများခြင်းနဲ့ မဆိုင်ပါ။ ဒါပေမဲ့ ဒီလိုပြောလို့ မူဆလင်တိုင်းကို အကြမ်းဖက်တယ်လို့မဆိုလိုပါဘူး။ သို့သော်လည်း အဲဒီလောက်လူအများစုကြီးဟာ အစ္စလမ်ရဲ့ဘာသာရေးအဆုံးအမကို မလိုက်နာသေးဘူးဆိုရင် အဲဒီလိုလူတွေကို စုဝေးစေပြီး အစ္စလမ်ရဲ့ငြိမ်းချမ်းရေးတရားလမ်းစဉ်ကို မွမ်းမံပို့ချပေးဘို့တော့ လိုဦးမယ်လို့ထင်မြင်မိပါတယ်။ သူ့အထက်ကအချက်တွေကိုတော့စာရှည်မှစိုးလို့ မေးခွန်းမထုတ်တော့ပါဘူး။ လတ်တလော ဘင်္ဂလားဒေရှ့်မှာ ဖြစ်ထားတဲ့ကိစ္စကို ကြည့်ရင်ဘယ်သူတွေလွန်သလဲဆိုတာ လူကြီးမပြောနဲ့ ၁၀နှစ်သားကလေးကို သွားမေးရင်တောင်သိတယ်။ ပညာပြည့်ဝသူရေ…ဖြေလှည့်ပါဦး။ ပြီးတော့နောက်ထပ်စောင့် ကြည့်လှည့်ပါဦး ဘယ်ဘာသာဝင်တွေက ဘာသာရေးကိုခုတုံးလုပ်ပြီး အခြားသောဘာသာဝင်တွေကိုလုပ်ကြံတိုက်ခိုက်ကြဦးမလဲလို့။ စတုထ္ထလူအနေနဲ့ အမြင်ကိုပြောတာပါ။ ကျေးဇူး။

      • (၁) မိုးကြိုးပစ်တာကိုထမ်းလက်နဲ့ကာခြင်း (၂) အကောင်မြင်နေတာကို အရိပ်ကိုရှာခိုင်းခြင်း (၃) လယ်ပြင်မှာဆင်သွားနေတာကို မတွေ့ပါဘူး (သို့) ဆင်မဟုတ်ပါ အခြားအကောင်သာဖြစ်သည်ဟုလွှဲပြောခြင်း……ပုံ…စတုတ္ထလူ။

      • မွတ်ဆလင်တိုင်း လူလိုက်သတ်မနေပါဘူး။ မှန်ပါတယ်။
        ဒါပေမယ့် 9/11 မှာကျတော့ မွတ်ဆလင် နိုင်ငံတွေက လူ့အခွင့်အရေးဆိုပြီး တန်းစီဆန္ဒမပြခဲ့ကြပါဘူး။
        ဘာလီ ဗုံးကွဲတုန်းကလည်း ဘာမှမဖြစ်သလိုပါပဲ။
        အင်ဒိုနီးရှားမှာ ဂျီဟဒ်အော်လိုက်တဲ့အခါ နီးရာဆွေမျိုးတောင် မဆိုင်းမတွ သတ်ဖြတ်လိုက်ကြတာ လူပေါင်းများစွာ သေကြေပျက်စီးခဲ့ကြတာ ဘယ်လို ဘာသာပါလိမ့်နော်။
        မွတ်ဆလင်ဘာသာဝင်တိုင်း အစွန်းရောက် အကြမ်းဖက်တွေ မဟုတ်ပါ။
        ဒါပေမယ့် ကမ္ဘာပေါ်က ဘာသာရေးအစွန်းရောက်တွေဟာ ဘယ်သူတွေအများဆုံးဖြစ်နေပါသလဲ။
        အစ္စလာမ်တရားသည် လူသားများအတွက် အမှန်သင့်တော်သည့် တရားဖြစ်ပါတယ်။
        ဒါပေမယ့် ဘာဖြစ်လို့ သတ်ဖြတ်လိုစိတ်များနေသည်ကိုတော့ မတွေးတတ်ပါ။
        ဘာသာတော်တော်များများ တွင် မိမိကို စော်ကားလာလျှင်တောင် သီးခံရန် ညွန်ကြားထားတာကို တွေ့ရပါသည်။ အစ္စလာမ်ဘာသာတွင် ထိုသို့ ဟောပြောညွန်ကြားဆုံးမှထားခြင်း ရှိပါသလား။ ရှိသည်ဆိုလျှင်တော့ ငြိမ်းချမ်းရေးလိုလားသည့် မေတ္တာရှေ့ထားသော ဘာသာ အမှန်ပင်ဖြစ်သည်ဟု ယုံကြည်ပါမည်။ — ပဉ္စမလူ..

  11. I am a Buddhist. I do not like the film  Innocence of Muslim. But I can understand that America is too free to be controlled.
    But I am scared about Muslim’s  ANGER. Like a tiger. Killing ,burning,shouting.
    When they destroy BUDDHA’ statue in Afghanistan in 2001, we Buddhist never be a TIGER.
     
                                                                                           Hashimoto R