ဦးသိန်းစိန် နော်ဝေ လည်ပတ်မည် | ဧရာဝတီ
သတင်း

ဦးသိန်းစိန် နော်ဝေ လည်ပတ်မည်

Hits:19,093
  | |

နေပြည်တော် နိုင်ငံတကာ အလှူရှင်များ အစည်းအဝေးမှာ တွေ့ရတဲ့ သမ္မတ ဦးသိန်းစိန် (ဓာတ်ပုံ- ရဲနည်/ ဧရာဝတီ)

သမ္မတ ဦးသိန်းစိန်  ဖေဖော်ဝါရီ ၂၅ ရက်ကနေ ၂၈ ရက်အထိ ၃ ရက်ကြာ နော်ဝေနိုင်ငံကို လာမယ်လို့ စနေနေ့ထုတ် နော်ဝေးနိုင်ငံ VG သတင်းစာမှာ ရေးသားဖော်ပြထားပါတယ်။

မြို့တော်အော်စလိုမှာ အချိန်အများဆုံး ပေးသွားမယ့် ခရီးစဉ်အတွင်း နော်ဝေဘုရင်နဲ့ အစိုးရအဖွဲ့အပြင် စီးပွားလုပ်ငန်းရှင်များနဲ့လည်း တွေ့ဆုံမှာဖြစ်ပါတယ်။ နော်ဝေက ဆက်သွယ်ရေး နည်းပညာကုမ္မဏီတွေကို လေ့လာကြည့်ရှုပြီး သက်ဆိုင်ရာ လုပ်ငန်းရှင်တွေနဲ့ တွေ့မယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

နော်ဝေနိုင်ငံက တယ်လီနော် (Telenor) တယ်လီဖုန်း ကုမ္မဏီဟာ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံဖို့ မနှစ်ကတည်းက မြန်မာတာဝန်ရှိသူတချို့နဲ့ ဆွေးနွေးထားပါတယ်။

မကြာသေးမီ ရက်ပိုင်းက နော်ဝေနိုင်ငံက မြန်မာအပေါ် တင်ရှိတဲ့ကြွေးမြီ နော်ဝေခရိုနာ ၃.၂ ဘီလီယံ (အမေရိကန် ဒေါ်လာ ၅၃၄ သန်း) ကို လျှော်ပစ်လိုက်ပါတယ်။ ဒါဟာ နော်ဝေနိုင်ငံရဲ့ ဖွံဖြိုးဆဲနိုင်ငံတွေအပေါ် တင်ရှိတဲ့ ကြွေးမြီတွေ လျှော်ပစ်တဲ့သမိုင်းမှာ အများဆုံး ဖြစ်ပါတယ်။

နော်ဝေနိုင်ငံဟာ လူသားချင်း စာနာထောက်ပံ့မှုတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ မြန်မာအစိုးရကြား ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေးနဲ့ ပြန်လည်ထူထောင်ရေးဆိုင်ရာ နိုင်ငံရေးဖြစ်စဉ်တွေမှာလည်း ကူညီဆောင်ရွက်နေပါတယ်။

နော်ေ၀၀န်ကြီးချုပ်ဟောင်း ဘွန်ဒယ်ဘစ်ဦးဆောင်ပြီး မနှစ်က ဇွန်လမှာ ဖွဲ့ထားတဲ့ နော်ဝေနိုင်ငံအခြေစိုက် အောင်ဆန်းစုကြည် လွတ်မြောက်ရေးဖောင်ဒေးရှင်း (Aung San Suu Kyi’s Freedom Foundation) အဖွဲ့ကလည်း မြန်မာနိုင်ငံ အင်းလေးဒေသအတွင်း အဆင့်မြင့်ဟိုတယ် ဆောက်လုပ်ရေး ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်နေကြောင်းလည်း သိရပါတယ်။ အဆိုပါ ဖောင်ဒေးရှင်းဟာ ဒေါ်အောင်ဆန်းစုကြည် နာယကအဖြစ် ဆောင်ရွက်တဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီ ၁၅ ရက် မှာလည်း ၈ လေးလုံး မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ ကိုပြုံးချိုတို့လည်း ၄ ရက်ကြာ နော်ဝေနိုင်ငံကို အလည်အပတ် ရောက်လာပါလိမ့်မယ်။

မနှစ်က ဇွန်လအတွင်း ဒေါ်အောင်ဆန်းစုကြည် နော်ဝေနိုင်ငံကို ရောက်ရှိလာခဲ့ပြီး နိုဘဲလ်ငြိမ်းချမ်းရေးဆုကို ကိုယ်တိုင် လက်ခံရယူသွားခဲ့ပါတယ်။


4 Responses

Leave a Reply

  1. ဒေါ်အောင်ဆန်းစုကြည် ကလည် ဘာမှလုပ်ဒါမတွေ့ ဘဲ နိုင်ငံတကာ လှည့်ပြီးဆု တွေ့  လိုက်ယူနေတယ် ရှက်စရာကြီး။ ဦးသိန်းစိန် ရဲ့လက်ကိုင်တုတ်ဖြစ်နေပြီ။

  2. ကိုသိန်းစိန်အနေနဲ့ ငရဲပြည်ကိုလည်း သွားလည်ထားသင့်ပါတယ်။

  3. အကြည်ရယ်၊ မင့်နဲ့ကွယ် မုဒိတာပွားပါကွယ်။ ဒေါ်စုက သူရထားတဲ့ဆုတွေလိုက်ယူရင်း တို့ပြည်သူပြည်သားတွေအတွက် နောင်ရေးစိတ်အေးအောင် လုပ်နေတယ်ဆိုရင်ကော
    မခက်ပေဘူးလား။ မင့်နဲ့ ကိုယ်နေရာကိုနေစမ်းပါကွာ။

  4. Mr.President,

    Go and visit after that take the action like that country.I know that country government is really clean.Let to do the your government cleaning by strong action.I think your government is now very rich and people are very poor,not reliable.