အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ လက်ရှိနိုင်ငံရေး အခြေအနေကို မျက်ကွယ်မပြု | ဧရာဝတီ
သတင်း
အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ လက်ရှိနိုင်ငံရေး အခြေအနေကို မျက်ကွယ်မပြု
Hits:13,696
  | |
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ဓာတ်ပုံ – Reuters)
အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေသည် နိုင်ငံရေးတွင် စိတ်ဝင်စားနေဆဲဖြစ်ပြီး လက်ရှိ နိုင်ငံရေးအခြေအနေများကို မျက်ကွယ်ပြုမထားကြောင်း ဦးသန်းရွှေထံ အခါအားလျော်စွာ သွားရောက် လည်ပတ်လေ့ရှိသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးက ပြောဆိုလိုက်သည်။
ဦးသန်းရွှေသည် နေအိမ်တွင် ကျန်းမာရေး ကောင်းမွန်စွာဖြင့် အေးအေးချမ်းချမ်း နေထိုင်လျက်ရှိပြီး အစိုးရနှင့် တပ်ကို နောက်ကွယ်မှ ကြိုးကိုင်နေသည်ဆိုသော ပြောဆိုချက်များမှာ မဟုတ်မှန်ကြောင်း၊ သို့သော်လည်း နိုင်ငံရေးတွင် စိတ်ဝင်စားဆဲဖြစ်ပြီး သူ တည်ထောင် အုတ်မြစ်ချပေးခဲ့သော စနစ်နှင့် နိုင်ငံရေး အခြေအနေကို မျက်ကွယ်ပြုမထားကြောင်း ဧရာဝတီသတင်းဌာနနှင့် ဇန်န၀ါရီလ ၁၆ ရက်နေ့က သီးသန့်တွေ့ဆုံစဉ် ဦးဌေးဦးက ပြောသည်။
“နိုင်ငံရေးမှာ စိတ်ဝင်စားမှု ရှိတာပေါ့။ နိုင်ငံနဲ့ ပတ်သက်လို့တော့ဗျာ နိုင်ငံ့ခေါင်းဆောင် လုပ်ခဲ့တာပဲ။ သူအခြေတည်ခဲ့တဲ့ စနစ်ပဲ အောင်မြင်စေချင်မှာပေါ့။ ဒါကတော့ ကျိန်းသေပါတယ်။ မအောင်မြင်စေချင်ဘူး၊ မျက်နှာလွှဲ ခဲပစ် ထားခဲ့တယ် ဆိုတာလည်း မဟုတ်ပါဘူး။ ဗိုလ်ချုပ်မှူးကြီး နေကောင်းပါတယ်။ ကျနော် အခါအားလျော်စွာ ရောက်ပါတယ်။ သို့သော်လည်းပဲ အမြဲတမ်း ပုံမှန်တော့ မဟုတ်ပါဘူး။ သူလည်း တကယ့်ကို အေးအေးချမ်းချမ်းပါပဲ။ နောက်ကွယ်ကနေ ဘာလုပ်ညာလုပ်တယ် ဆိုတာလည်း မဟုတ်ပါဘူး၊ တချို့ကိစ္စတွေလည်း။ ဆိုလိုတာက ကျနော်တို့က ပါတီဆိုတာက ပြည်သူနဲ့ ပတ်သက်တာကိုး။ ပြည်သူရဲ့သဘောထားတွေ ဘယ်လိုရှိသလဲ ဆိုတာမျိုးတော့ ကျနော်တို့ ဆွေးနွေးပါတယ်။ အစိုးရနဲ့ပတ်သက်လို့ ဆိုရင်တော့ ကျနော့်ကို ဘယ်ဆွေးနွေးမလဲ။ အစိုးရကို တိုက်ရိုက်ပြောမှာပေါ့” ဟု ဦးဌေးဦးက ပြောသည်။
ဦးသန်းရွှေသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပုံစံကို စနစ်တကျ စီမံခန့်ခွဲပေးခဲ့ပြီးပြီ ဖြစ်သည့်အတွက် စိတ်ချမ်းသာနေပြီ ဖြစ်ကြောင်း၊ ယခုစနစ် ဆက်လက်ရှင်သန် တိုးတက်ရေးမှာ လက်ရှိ တာဝန်ယူနေသူများက ကြိုးပမ်းရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“တကယ်တမ်း ပြောရရင် သူ (ဦးသန်းရွှေ) ကိုယ်တိုင် စနစ်တကျ စီမံခန့်ခွဲပြီး လုပ်ခဲ့တာ။ စဉ်ဆက်မပြတ် ဦးဆောင်နိုင်တဲ့ ခေါင်းဆောင်တွေဖြစ်အောင် သူကြိုးပမ်းခဲ့ပြီးပြီ။ အဲဒီတော့ သူ့ဘက်က ပြီးသွားပြီ။ စိတ်ချမ်းသာနေပြီ။ ဖြစ်တာ၊ မဖြစ်တာ အခြေအနေချင်း ပြောင်းလဲတာတွေက ဘယ်ပြောနိုင်မလဲ။ အခြေအနေတွေဆိုတာ အမြဲတမ်းပြောင်းနေတာပဲ။ နောက်လူတွေ စဉ်းစားပြီး လုပ်ရမှာပေါ့။ ဒီစနစ်ကို အောင်မြင်အောင် ဆက်လုပ်ရမှာပေါ့။ စနစ်ကို ပြောင်းလဲအောင် လုပ်ခဲ့ပြီးပြီ။ အခြေတည်ခဲ့ပြီးပြီ။ ဒီနေ့ ကျနော်တို့ ဘာတွေလုပ်ရမလဲ။ ဒီစနစ်ကို ဆက်လက်ရှင်သန်လာအောင်ပဲ ကြိုးစားရမှာပဲ။ ပြောင်းလဲတယ် ပြောင်းလဲတယ်နဲ့ နည်းလမ်းတွေက ပြောင်းလဲစရာ မရှိတော့ဘူး၊ မူတွေက ပြောင်းစရာ မရှိတော့ဘူး။ ပါတီစုံဒီမိုကရေစီစနစ် သိသွားပြီလေ။ လွှတ်တော်တွေ ပေါ်လာပြီလေ။ အစိုးရတွေ ပေါ်လာပြီလေ။ ဘာပြောင်းစရာ လိုတော့လဲ။ စနစ်က ဘာပြောင်းစရာရှိလဲ။ ဒီစနစ်ကို ခိုင်မာအောင်၊ ဒီစနစ်ကို အခြေပြုပြီးတော့ ပြည်သူတွေ အကျိုးပြုအောင် နည်းလမ်းတွေရှာဖို့ပဲ လိုတော့တယ်။ လက်ရှိ စီမံခန့်ခွဲတဲ့သူတွေက အကောင်းဆုံး ဖြစ်အောင်လုပ်မယ်လို့ သူ (ဦးသန်းရွှေ) ယုံပြီး ထားခဲ့တာပဲ” ဟု ဦးဌေးဦးက ဆက်ပြောသည်။
ဦးသန်းရွှေသည် ၂၀၁၁ ခုနှစ် အာဏာလွှဲပြောင်းပြီးချိန်မှ စတင်ပြီး အပြင်ထွက်ခြင်း၊ ခရီးသွားလာခြင်း မရှိတော့ဘဲ ဧည့်သည် တွေ့ဆုံမှုလည်း နည်းပါးကြောင်း၊ အဓိကအားဖြင့် ယခင်အစိုးရ လက်ထက်တွင် ရင်းနှီးကျွမ်းဝင်သူများဖြင့်သာ အဓိက တွေ့ဆုံကြောင်း သိရသည်။
“ဗိုလ်ချုပ်မှူးကြီးက အပြင်တွေ၊ ခရီးတွေဘာတွေ မထွက်ဘူး။ ဘယ်သူနဲ့မှလည်း သိပ်မတွေ့ပါဘူး။ ကျနော်တို့နဲ့လည်း အမြဲတမ်း တွေ့တာမရှိပါဘူး။ ကျနော်တို့ အဆင်ပြေတဲ့အချိန်၊ အားတဲ့အချိန် သွားတွေ့တာပေါ့။ မတွေ့ဘူးဆိုတာလည်း မဟုတ်ပါဘူး” ဟု ဦးဌေးဦးက ပြောသည်။
လတ်တလော ဒေါ်အောင်ဆန်းစုကြည်က သမ္မတအဖြစ် တာဝန်ယူလိုသည်၊ အာဏာရလိုသည်ဟု ပြောဆိုမှုများ ရှိလာခြင်းနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရမည်ဟု ပြောဆိုလာမှုများအပေါ် ဖွဲ့စည်းပုံအခြေခံဥပဒေကို တဦးတယောက်တည်းအတွက် ပြင်ဆင်မည် မဟုတ်ကြောင်း ဦးဌေးဦးက ရှင်းလင်းပြောဆိုသွားသည်။
“တိုင်းပြည်နဲ့ လူမျိုးအတွက် ဆိုရင်တော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုပြင်မှာပေါ့။ တဦးတယောက်တည်း အတွက်တော့ မပြင်နိုင်ဘူး” ဟု ဦးဌေးဦးက ဆိုသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၂၀၁၁ ခုနှစ် ဧပြီလတွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီကို ဖျက်သိမ်းပြီး သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ်ထံ တရားဝင် အာဏာလွှဲပြောင်းပေးခဲ့သည်။
29 Responses
Leave a Reply
  1. He better goes back to Kyaukse where he belong. His look is almost exactly like Idi Amin of Uganda. Why is Htay Oo visiting him anyway? Is he still holding power from behind? The foundation he laid for Thein Sein is giving too much problems. Is it true that his son-in-law(Thandar Shwe’s husband) is running away from him? Maybe, he knows too much information about Than Shwe’s crookedness. Is he sleeping in his bunker? One day, he will be pulled out from that bunker like Saddam Hussein of Iraq with a lot of lies in his head.
  2. Well! USDP is still worshiping the beast then. Constitution? It was designed to block off Suu Kyi. It is as clear as crystal water. How can Htay Oo say it was designed for the people? Maybe, that people is Suu Kyi. This nargis constitution is not serving the public at all. Why don’t we the people draft the new ones to serve the people then? Dirty, wicked, crooked and unacceptable constitution indeed. Why don’t the government take public polls and opinions about the constitution then? USDP and Than Shwe will be the most hated ones in Burmese history. He wants it or not he will die soon anyway.
  3. ဖိုးလုံး
    အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ လက်ရှိနိုင်ငံရေး အခြေအနေကို မျက်ကွယ်မပြုဘူးဆိုတာ ကျွန်တော်တို့လည်းယုံတယ်ဗျို့။ ဘယ်မျက်ကွယ်ပြုရဲအုံးမလဲ။ နောက်ကြောင်းတွေကမရှင်းသေးဘူးလေ။ သူ့ဆွေစဉ်မျိုးဆက်ဒုက္ခရောက်မဲ့အလုပ်ကို မျက်နှာလွဲခဲပစ် လုပ်ရလောက်အောင် တပ်ချုပ်ဟောင်းကြီးရဲ့အတ္တကအဲဒီလောက် မညံ့သေးပါဘူးလေ။ ဟဲဟဲ။
    ကျုပ်တို့ပြည်သူတွေအနေနဲ့ကတော့ဗျာ တိုင်းပြည်ခေါင်းဆောင်လုပ်တဲ့သူဟာ တိုင်းပြည်နဲ့ပြည်သူတွေဘာဖြစ်ဖြစ် သူ့ရဲ့ဆွေမျိုးတစုနဲ့အပေါင်းပါတွေလောက်ရဲ့ အကျိုးကိုပဲကြည့်တတ်တဲ့ အတ္တသမားခေါင်းဆောင်တွေကိုတော့ဖြင့် မစင်ထက်တောင်ရွံသေးတယ်။ တကယ်ပါ။ တိုင်းပြည်ရဲ့ကြီးမြတ်တဲ့ခေါင်းဆောင်နေရာကို ကိုယ့်သဘောနဲ့ကိုယ် အဓမ္မနေရာယူပြီး ကျဉ်းမြောင်းတဲ့ဝါဒနဲ့ အုပ်ချုပ်ခဲ့တဲ့သူတွေဆက်ခဲ့လို့လည်း ကျုပ်တို့ပြည်သူတွေ ကမ္ဘာ့အလယ် မျက်နှာမွဲဘ၀ ရောက်နေရတာပါ့။
    ဒါပေမဲ့ ဦးဌေးဦးကိုတော့ဖြင့် ချီးကျူးပါရဲ့ဗျာ။ ရှက်စရာကောင်းပြီး မျက်နှာပြောင်တိုက်ပြီး ဖြေရတဲ့ မေးခွန်းတွေကို ရီရီဖြဲဖြဲနဲ့ဖြေသွားနိုင်လို့ပါ။
    စကားမစပ် ဧရာဝတီကိုတော့ကြိုက်တယ်ဗျာ။ သတင်းတွေကိုစုံလို့။
  4. အစိုးရနဲ့ပတ်သက်လို့ ဆိုရင်တော့ ကျနော့်ကို ဘယ်ဆွေးနွေးမလဲ။ အစိုးရကို တိုက်ရိုက်ပြောမှာပေါ့” ဟု ဦးဌေးဦးက ပြောသည်။……………………
    …….ဟဲ….ဟဲ…….ဘယ်သူတွေကို ရည်ရွယ်ပြီးတော့ message ပေးနေလည်း မသိဘူး။
  5. ပြောင်းလဲစရာ မရှိတော့ဘူးလို့တော့ အပြတ်ပြောလို့ မရဘူးဆိုတာ မောင်ဦးတယောက် ပိုသိပါတယ်။ မင်းကစလို့ ဘောင်းဘီချွတ်အားလုံး အစိုးရထဲကထွက်ကိုပေးရမှာ။ ဘဘကြီး
    ကျောက်ဆည်သားလား ကိုယ့်အမိန့်နဲ့ကိုယ် နေအိမ်အကျယ်ချုပ်ထိနေတာပေါ့။ ၀​ၮ္ဆိုတာ
    ချက်ခြင်းလည်တာနော်။
  6. ​ရော​သ​မ​မွေ
  7. ဘယ်သူကမှတဦးတယောက်တည်းအတွက်အခြေခံဥပဒေကိုပြင်ဘို့တောင်းဆိုတာမဟုတ်ပါဘူး၊ပြည်သူအများအပေါ်မှာတကယ်စစ်မှန်တဲ့စေတနာ၊အနစ်နာ၊အကြင်နာတရားတွေပြည့်ဝစွာနဲ့ကိုယ်ကြိုးမဖက်ကြိုးစားဆောင်ရွက်နေသူ။ပြည်သူတွေကိုကိုယ်စားပြုသူတယောက်အတွက် ပြည်သူတွေကဘဲပြုပြင်သွားမှာပါ။ဘာကြောင့်လဲဆိုတော့ပြည်သူ့ဥပဒေမှမဟုတ်ဘဲ။သန်းရွှေကနိုင်ငံမွဲအောင်လုပ်ခဲ့တာ၊ေ***က်ရှက်မရှိအာနေပြန်ပြီ။
  8. Htay Oo seems uncomfortable when he answers some of the question. His hands were almost everywhere while he was answering questions. His body-language tells that he does not enjoy what he is doing and what he is saying.
  9. ဒီလို လူ့အဆင့်အတန်းမရှိတဲ့ ****** သတင်းကို သေပြီဆိုတာကလွဲလို့ စိတ်မ၀င်စားပါဘူးဗျာ၊
  10. ဌေးဦးကသန်းရွှေနဲ့ဘာတော်လို့လဲ..ဟ
  11. ဌေးဝင်း
    မျက်ကွယ်ပြုလိုက်ပါတော့..အဘ၇ယ်…ဘာမှနောက်ဆန်မတင်းနေပါနဲ့….စိတ်ချလက်ချသာ…အသက်ထွက်ပါတော့….
  12. ပါကြီးဖိုး
    စနစ်ကို ပြောင်းစရာမလိုဘူးလို့ ထပ်တလဲလဲပြောတယ်။ နာဂစ်အခြေခံဥပဒေနဲ့ စစ်တပ်တစ်မတ်သား လွှတ်တော်ကို ပြောင်းစရာမလိုဘူးလို့ ဆိုလိုတာပါပဲ။ ပြည်သူ..ပြည်သူ..နဲ့ ပြည်သူဆိုတဲ့စကားကိုလည်း ပါးစပ်က မချပါဘူး။ ကြိုတင်မဲနဲ့ အမတ်ဖြစ်လာတဲ့ ဒီလူ ဒီလိုမျက်နှာပြောင်ပြောရဲတာ သိပ်တော့ မထူးဆန်းပါဘူး။ ၂၀၁၅ မှာ စစ်မှန်တဲ့ ရွေးကောက်ပွဲ ဖြစ်ပေါ်လာမှသာ ဒီလိုလူတွေ လွှတ်တော်မှ ပျောက်သွားမယ်ထင်ပါတယ်။
  13. ပါကြီးဖိုး
    စနစ်ကို ပြောင်းစရာမလိုဘူးလို့ ထပ်တလဲလဲပြောတယ်။ နာဂစ်အခြေခံဥပဒေနဲ့ စစ်တပ်တစ်မတ်သား လွှတ်တော်ကို ပြောင်းစရာမလိုဘူးလို့ ဆိုလိုတာပါပဲ။ ပြည်သူ..ပြည်သူ..နဲ့ ပြည်သူဆိုတဲ့စကားကိုလည်း နှုတ်က မချပါဘူး။ ကြိုတင်မဲနဲ့ အမတ်ဖြစ်လာတဲ့ ဒီလူ ဒီလိုမျက်နှာပြောင်ပြောရဲတာ သိပ်တော့ မထူးဆန်းပါဘူး။ ၂၀၁၅ မှာ စစ်မှန်တဲ့ ရွေးကောက်ပွဲ ဖြစ်ပေါ်လာမှသာ ဒီလိုလူတွေ လွှတ်တော်မှ ပျောက်သွားမယ်ထင်ပါတယ်။
  14. Wowwwww, is he still alive. So, amazing why not he hasn’t died yet. How come still alive. Yea, it is true the world most cruel man will live long life as like as he is going to live in the lowest floor of the Hell.
  15. ပြေားရဲလိုက်တဲ့ဌေးဦး။ပြေားရဲမှာပေါ့လေ သန်းရွှေရဲ့တပည့်တွေပဲကို။တော် လိုက်တဲ့တပည်တွေ။
  16. Are you joking U Htay Oo? Now that old man Than Shwe want to take the credit for the change in our country? It’s really a joke. really !!!
  17. “တကယ်တမ်း ပြောရရင် သူ (ဦးသန်းရွှေ) ကိုယ်တိုင် စနစ်တကျ စီမံခန့်ခွဲပြီး လုပ်ခဲ့တာ”
ိုတိုင်းပြည်ဆင်းရဲအောင်လုပ်ခဲ့တာ၊ အပြစ်မရှိတဲ့လက်နက်မဲ့ပြည်သူတွေကို
    သတ်ခဲ့တာတွေကို ပြောတာလား
  18. အကြောက်လွန်ပြီး လက်နက်အားကိုးကာ လူတကာကို ထောင်ထဲထည့်ချင်တဲ့ ဦး သန်းရွှေ ရဲ့တကိုယ်ကောင်းဆန် မှူကြောင့် တို့ တိုင်းပြည်ဘယ်လောက်ပျက်ဆီးသွားတလဲ ၊ ဦး ဌေးဦးလဲ အသိဆုံးနေမှာပါ၊ ဦး နေ၀င်းအား သူ့ သ ဘက်တွေရှောင်တလို ဦးဌေးဦးလဲ တချိန်ကဆရာသမား၊ကျေးဇူးရှင်ဖြစ်ခဲ့ပေမည့် မကြာခင်မှာ ဘ၀အဆက်ဆက် ငရဲပြည်ကြီးရောက်တော့မည့် ဦးသန်ရွှေ အားသွားမတွေ့ သင့်တော့ပါ။
    အဲသလိုမကြာခဏသွားတွေ့ မည်ဆိုရင် ဦးဌေးဦး လည်း အမင်္ဂလာအနည်းနှင့် အများစိုးကပ်လာ မှာ မကြောက်ဘူး လား။ မ၈င်္လာရှိတောသူနှင့် မိတ်ဆွေဖွဲ့ ခြင်းသည် မိမိကိုယ်မိမိမင်္ဂလာယူသကဲသို့ ဖြစ်ပြီး မင်္ဂလာမရှိသော သူနှင့် မိတ်ဆွေဖွဲ့ ခြင်းမူကား အမဂ်လာ ဆယ်ပိုးရာရောက်တတ်ပါသည်။
    ဦးသန်းရွှေ ကြီး ဗဟိုနိုင်ရေးတက်ကသိုလ်ကျောင်းအုပ်ကြီး မလုပ်ခင် ရင်းနီးခဲ့ပြီး ၄င်းကျောင်းတွင် ကျောင်းအုပ်ကြီး လုပ် တဲ့ အတောအတွင်း -၅- နှစ် တာ သူ့ ယှဉ်မောင်း လုပ်ပေးတဲ့ ကျွန်တော့ဦးလေး တရောက် သူ့ ဆရာ အရင်းခေါက်ခေါက်ကြီး နိုင်ငံတော်အကြီးအကဲ ဖြစ်နေတဲ့အချိန်မှာ ဂုဏ်ယူဝင့်ြွကွားစွာံ အကူအညီ သွား တောင်း ကြည့်သေးတယ်။ လူကိုယ်တိုင်တွေ့ ဖို့ ကြီုးစားတယ် ဖြစ်မလာ၊ လူကြီးဖြစ်နေတော တွေ့ ဖို့ မလွယ်ဘူးဆိုတော စာလေးတစောင်ဖြစ် ဖြစ်သူ့ ဆီအရောက်ပို့ မယ်ဆိုပြီ ကြိုးစားသေးတယ်၊ နောက်ဆုံး ဘာမှ ထူးမလာတော ဘ၀ပေးအခြေအနေအရ သူ့ တပ်ထွက်ပင်စင်လစာ ကျပ်-၂၅၀ နဲ့ ဘဲ သူ့  ဘ၀အဆုံး သပ်လိုက်ရတယ်။ ကျွန်တော် ပြောချင်တာက ဦးလေးအကြောင်းမဟုတ်ပါ။ အကြောက်တရားလွန်ပြီး ပြည်သူပြည်သားတွေကို နည်းမျိုးဆုံနဲ့ နိတ်စက် နေ တော့ ၊ တချိန်က သူ့ သားသဘက်တွေ ကတောင်တွေ့ ဖို့ ကြောက်လာပြီး လုံချုံရေး အထပ်ထပ်ချ ကာ ပုန်နေတဲ့အကြောင်း ပြောချင်တာဖြစ်တယ်။ သူ့ လုပ်ရပ်မှန်နေလျင် ဘာလုံချုံရေးမှခေါ်စရာမလိုပဲ သူသွားနေတဲ့နေရာတိုင်မှာ တိုင်းသူပြည်သားတွေအားလုံး သူ့  ကိုရံတော် တပ်မှူးတပ်သားတွေဖြစ်မှာအသေအချာ။ ဒါပေမည့် လုပ်ရပ်မမှန်သည့် အတွက် လူမြင်ကွင်း မှ ရှောင်နိုင်သလောက်ရောင်ကာ ခေါင်းရှောင်လုပ်လာခဲ့သည့်အတွက် သူ့ ဟာသူ နိုင်ငံရေးပဲစိတ်ဝင်စားစား၊ ဘာသာရေးပဲစိတ်စား သူ့ ကိုယ်ရေးကိုယ်တာ ကိစစ ဖြစ်သည့်အတွက်၊ နောက်နောင် ဦးဌေးဦး အပါအ၀င် ဘယ်သူနဲ့ ဘဲတွေ့  ကိုယ့်ဘာသာတွေ့ ကြပါ။ မည်သူမှမသိစေပါနှင့်၊ ၈ုဏ်ယူစရာလည်း မဟုတ်ပါ။ ကျေးဇူးတင်ပါသည်။
  19. Yes, sir,,,,,,,,, We know
  20. မပူကြပါနဲ့..မကြာခင်ငရဲကိုသွားတော့မှာပါ။ဟိုမှာတော့သူ့ဆရာဦးနေဝင်းနဲ့တွေ့ရတော့မှာ။မပူနဲ့
    ငရဲကိုတေဇကသူ့လေယဉ်နဲ့လိုက်ပို့မှာ။ဟဟဟ
  21. Inn, we are still poor even Than Shwe die due to he trained his team how to betray. They scare DASSK is a President. Why? Might be corruptions could not
    continue.
    Anyway, no matter how, we would like to get a good leader DASSK is a President.
    Shall we remove all this than shwe party and partners and team!
  22. All of comments are very good. U Than shwe is destroyer of our country, U Htay Oo is funny, he is also come from U Than Shwe’s group.
  23. U Htay Oo,
    Than Shwe destroyed & bulied country and country people that everybody knew.
    Yr. sound does not make sense. Are you crazy? Pls. come and look at other country good leaders how they doing for their country and people.
    Should shame a lot! We never ever believe and trust you, all guys.
    All country people,
    Pls. do not listen what he said lie.
    Shall remove all betrayed leaders!
  24. u htay oo, are you crazy or are you never shame talking the way?
    yr sound does not make sense.
  25. Than shwe destroyed & bulied on the country and country people that everybody knew. That u htay oo sound does not make sense. Pls. go and see the other country good leaders how to behave and manage. Should shame a lot.
    All country people,
    pls. do not listen what he said lie.
    shall we remove these all betrayed leaders.
  26. isn’t he died yet ???? why he still alive until now ???? the foundation he built is so so confuse for his followers…
  27. ထားခဲ့တဲ့သူတွေ့က တကယ်သစ္စာရှိရဲ့လား?
    ပြည်ထောင်စုအဆင့် နဲ့ ဝန်ကြီးချုပ်တချို့ ဟစ်တလာလို လုပ်နေတယ်။
    စည်ပင်တွေ မှာ လဲ တိုင်းညွှန်မှုးတွေ အာဏာရှင်ဆန်နေတယ်။
    ကျေးလက်ဦးစီးက ဝန်ထမ်းရေးရာကိစ္စ တွေပစ်ထားတတယ်
    ငွေရတဲ့ တင်ဒါတွေကိုပဲ စိတ်ဝင်စားတယ်။
    တာဝန်မကျေတဲ့ ဝန်ထမ်းအကြီးအကဲတွေ ဖြုတ်ပစ်ပါ။
  28. သင်ပြုသည့် ကံ ပဲ့တင်သံ သင့်ထံ ပြန်လာမည်။
  29. မြန်မာပြည်သား
    မကြာခဏ သွားရောက်လည်ပတ် သည်ဟု ပြောဆိုနေသော်လည်း ဦးဌေးဦးသည် ယောက္ခမ အားကိုးဖြင့် ရာထူး ရလာကြောင်းအား လုံးသိကြပါသည်။
    ဝန်ကြီးရာထူး ရှိစဉ် ဝန်ကြီးဌာနကို မကိုင်ရပဲ မည်သူမှ မကိုင်ချင်သော အသင်းကို သာ ကိုင်ခဲ့ရကြောင်း အားလုံးသိပါသည်။
    ဦးသန်းရွှေက ဦးသိန်းစိန် ကို ပိုမိုစိတ်ချကြောင်း အားလုံးသိပါသည်။ ယခု လမ်းစဉ်သည် ဦးသန်းရွှေ ချခဲ့သော လမ်းစဉ် ဖြစ်ပါသည်။
    ဦးဌေးဦး မည်သို့ပင် တားဆီးသည် ဖြစ်စေ ဦးသိန်းစိန် ကတော့ ဦးသန်းရွှေပြောသော ပြုပြင်ပြောင်းလဲမှု လမ်းကို လိုက်နေဦးမည် ဖြစ်ပါသည်။