သတင်း
ရခိုင်ပြည်နယ် လုံခြံရေးအားနည်းသည့် ဒေသများတွင် တိုက်ခိုက်မှုများ မကြခဏ ဖြစ်
Hits:8,269
  | |
Print This Post
စစ်တွေတွင် ကင်းလှည့်နေသည့် ရဲတပ်ဖွဲ့ဝင် နှစ်ဦး (ဓာတ်ပုံ – ဧရာဝတီ)
ရခိုင်ပြည်နယ်၏ မြို့နယ်၊ ကျေးရွာတချို့၌ အုပ်စုဖွဲ့တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွားနေခြင်းကြောင့် ပဋိပက္ခများ တတိယအကြိမ် တကျော့ပြန် ဖြစ်ပွားလာမည်ကို ဒေသခံတိုင်းရင်းသားများက စိုးရိမ်နေကြကြောင်း သိရသည်။
ပေါက်တောမြို့နယ်၊ စိုင်းတုတ်ကျေးရွာမှ ကိုတင်အောင်မြင့်နှင့် ကိုကျော်စိုးသန်း ဆိုသည့် လူငယ်နှစ်ဦးသည် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ထိုဒေသရှိ သပြာကျွန်း၌ ဏဂန်းဖမ်းရန်သွားစဉ် ငှက်ချောင်းရွာမှ ဘင်္ဂါလီ ၁၀ ဦး၏ တိုက်ခိုက်ခြင်းကို ခံရသည့်အတွက် ယခုအခါ ပေါက်တောဆေးရုံ ဆေးကုသမှု ခံယူနေကြောင်း ဒေသခံများက ပြောသည်။
“ဓားခုတ်ခံရတဲ့ ဒဏ်ရာတွေကြောင့် ဆေးရုံတင်ထားရပေမယ့် စိုးရိမ်ရတဲ့ အခြေအနေတော့မရှိပါဘူး။ ဒေသတွင်းက လုံခြုံရေးမရှိတဲ့ နေရာတွေမှာ မကြာခဏ တိုက်ခိုက်ခံနေရတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း အုပ်စုဖွဲ့ ဓားပြတိုက်တာ ခံလိုက်ရတယ်” ဟု ဒေသခံ ကိုသာထွန်းအေးက ပြောသည်။
အုပ်စုဖွဲ့ ဓားမြတိုက်မှု၊ တိုက်ခိုက်မှု ကျူးလွန်သူများအား ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ တာဝန်ရှိသူများနှင့် နယ်မြေခံ နစက တပ်ဖွဲ့တို့က ရှာဖွေစုံစမ်း စစ်ဆေးနေဆဲဟု သိရပြီး၊ လုံခြုံရေးမရှိသည့် နေရာတိုင်းတွင် ထိုသို့ဖြစ်ပွားနေကြောင်းလည်း သိရသည်။
ထို့အတူ ဒီဇင်ဘာလ ၂၃ ရက်နေ့ကလည်း မြောက်ဦးမြို့နယ်၊ ဇေယျဝတီကျေးရွာမှ ဦးစိန်လှ၊ ဦးသာထွန်းစိန် တို့နှစ်ဦးသည် မိမိတို့ ဥယျာဉ်ခြံဝင်းထဲ၌ ရှိနေစဉ် အနီးရှိ ပေါင်းတုတ်ရွာမှ မွတ်စလင်ရွာသားများနှင့် ပဋိပက္ခဖြစ်ပွားကြရာ ဒဏ်ရာရသွားကြောင်း၊ ၎င်းတို့ အနက်တဦးကို စစ်တွေ ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း ဒေသခံ ဦးမောင်သန်းက ပြောသည်။
မြောက်ဦးဒေသ တ၀ိုက် လုံခြုံရေးမရှိသည့် နေရာတချို့၌ ယခုရက်ပိုင်း အတွင်း တိုက်ခိုက်မှုများ ဆက်တိုက် ဖြစ်ပေါ်နေကြောင်း၊ ထိုသို့ဆက်လက် ဖြစ်ပွားနေမည်ဆိုပါက လူသတ်မှု၊ ထိခိုက်ဒဏ်ရာ ရမှုများ ထပ်မံဖြစ်ပေါ်နေမည် ဖြစ်ကြောင်း၊ ဒေသခံ တိုင်းရင်းသားများအနေဖြင့် လုံခြုံမှု မရှိသဖြင့် တောတောင်၊ လယ်မြေများ၌ လုပ်ကိုင် စားသောက်နိုင်ရန် အခက်အခဲရှိနေကြောင်း ၎င်းက ပြောသည်။
မင်းပြား၊ မြေပုံ၊ ရမ်းဗြဲ၊ ကျောက်တော်၊ ရသေ့တောင် စသည့်မြို့နယ်များရှိ ကျေးရွာတချို့တွင်လည်း အလားတူ ဖြစ်ရပ်များရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။
ရခိုင်ဒေသတွင်း ပဋိပက္ခဖြစ်ပွားခဲ့ရာ ဒေသများ၌ နေထိုင်သည့် မွတ်စလင်များသည် ငြိမ်းချမ်းစွာ နေထိုင်လိုသော်လည်း တချို့ကမူ ဒေသခံ တိုင်းရင်းသားများအား ရန်စ တိုက်ခိုက်နေသည့်အတွက် ပဋိပက္ခထပ်မံ ဖြစ်ပွားလာမည်ကို စိုးရိမ်ကြောင်း ဒေသခံများက ပြောသည်။
“ဒီလိုမျိုး အနှောင့်အယှက် ခဏခဏပေးနေတာကို သုံးသပ်မယ်ဆိုရင် ပြဿနာတွေ မဖြစ် ဖြစ်အောင် ဒီဘင်္ဂါလီတွေကို သွေးထိုးလှုံဆော်မှုတွေ၊ နောက်ကွယ်က ကြိုးကိုင်နေတာတွေ ရှိနေတယ်လို့ ကျနော်တို့ သုံးသပ်မိတယ်” ဟု ဦးမောင်သန်းက ပြောသည်။
ပေါက်တောဒေသခံ မွတ်စလင်တဦးဖြစ်သူ ဦးမောင်မောင်က ပဋိပက္ခဖြစ်ပွားရခြင်းသည် ဆူပူအကြမ်းဖက်လိုသည့် မွတ်စလင်တချို့ကြောင့်သာ ဖြစ်ကြောင်း၊ ဆူပူလိုသူများကြောင့် ယခုအခါ မွတ်စလင် အများအပြား ဒုက္ခသည် စခန်းများတွင် နေထိုင်နေရကြောင်း၊ ဒုက္ခသည် စခန်းများ၌ စားဝတ်နေရေး အခက်အခဲများ ရှိကြောင်း ပြောသည်။
၎င်းက “ပေါက်တော၊ စစ်တွေက ဒုက္ခသည် စခန်းတွေမှာ စားစရာ အပြည့်အ၀ မရပါဘူး။ ကျန်းမာရေး စောင့်ရှောက်မှုလည်း အားနည်းတယ်။ ကျနော်တို့ကလည်း ငြိမ်းချမ်းစွာပဲ နေချင်ပါတယ်” ဟု ဆိုသည်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ သတင်းပြန်ကြားရေး အဖွဲ့တာဝန်ခံ ဦးဝင်းမြိုင်ကမူ စားဝတ်နေရေး မပြည့်စုံဆိုခြင်းမှာ မဟုတ်မှန်ကြောင်း၊ နိုင်ငံတကာစံနှုန်းအတိုင်း ထောက်ပံ့ပေးထားကြောင်း ငြင်းဆိုသည်။
“ဒုက္ခသည် စခန်းအားလုံးအတွက် ဇွန်လအထိ ရိက္ခာ အပြည့်အ၀ရှိပါတယ်။ ပြည်နယ်အစိုးရ၊ ဗဟိုကရော ကူညီပေးနေတယ်၊ နိုင်ငံတကာနဲ့ WFP (ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ်) ကလည်း ဆန်တွေ အမြဲတမ်းပေးနေပါတယ်” ဟု ဆိုသည်။
ရခိုင်ဒေသတွင်း မြို့နယ်၊ ကျေးရွာများ၌ ဖြစ်ပေါ်နေသည့် ပဋိပက္ခ ပြဿနာများအတွက် ဒေသဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေး အဖွဲ့များကို အရေးယူဆောင်ရွက်ရန် တာဝန်ပေးအပ်ထားကြောင်း၊ လုံခြုံရေးကိုလည်း လိုအပ်သည့်နေရာတိုင်းတွင် စီစဉ်ဆောင်ရွက် ပေးထားကြောင်း ဦးဝင်းမြိုင်က ပြောသည်။
ရခိုင်ပြည်နယ်အတွင်း၌ ဇွန်လနှင့် သြဂုတ်အတွင်း ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှုများနှင့် ပတ်သက်၍ ဖွဲ့စည်းထားသော စုံစမ်းရေးကော်မရှင်သည် ၂၀၁၃ ခုနှစ် ဇန်န၀ါရီတွင် ရခိုင်ဒေသသို့ ထပ်မံ သွားရောက်၍ နောက်ဆုံး ပဋိပက္ခ ဖြစ်ပွားခဲ့သည့် မြေပုံ၊ ပေါက်တော၊ မင်းပြား စသည့်ဒေသများတွင် စစ်ဆေးမည်ဟု ကော်မရှင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာ ကျော်ရင်လှိုင်က ဧရာဝတီသို့ ပြောသည်။
၎င်းက “အခုဖြစ်နေတဲ့ ပြဿနာတွေက ဘာကြောင့်ဆိုတာကို စုံးစမ်းစစ်ဆေးနေဆဲ ဖြစ်လို့ မပြောလိုပါဘူး။ ဖြစ်ပွားရတာကို စုံးစမ်းစစ်ဆေး အစီရင်ခံစာရေးပြီး အစိုးရကို တင်ပြမယ်၊ အကြံပေးမယ်။ လက်တွေ့ အကောင်အထည် ဖော်တာတဲ့ကိစ္စက အစိုးရ တာဝန်ပါ” ဟု ဆိုသည်။
ရခိုင်ဒေသတွင်း ဖြစ်ပွားခဲ့ရသည့် ပဋိပက္ခများနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များ နောက်ဆုံး ထုတ်ပြန်မည့် အစီရင်ခံစာ၌ ဖော်ပြသွားမည် ဖြစ်ပြီး၊ မကြာမီလည်း အစီရင်ခံစာ တစောင်တင်ပြသွားရန် ရှိကြောင်း ဒေါက်တာ ကျော်ရင်လှိုင်က ဆက်ပြောသည်။
WSJ LIVE VIDEO:
7 Responses
Leave a Reply
  1. http://www.m-mediagroup.com/news/8944
    မြန်မာနိုင်ငံ၏ ကိုယ်ယောင်ဖျောက် စင်ပြိုင်အစိုးရ
    ဆောင်းပါး
    ဒီဇင်ဘာ ၁၁ ၊ ၂၀၁၂
    M-Media
    မောင်သမာဓိ
    Hidden Rival Government of Myanmar မြန်မာနိုင်ငံ၏ ကိုယ်ယောင်ဖျောက် စင်ပြိုင်အစိုးရ
    ၁။ Aljazeera Investigation ၏တွေ့ရှိချက်နှင့် ကျွန်ုပ်၏ အမြင်။
    တကယ်ဆိုရင်ပြုပြင်ပြောင်းလဲရေးသမ္မတကြီး ဦးသိန်းစိန်အနေဖြင့် အယ်လ်ဂျာဇီးရား သတင်းဌာနကို ကျေးဇူးတောင် တင်ရဦးမယ်။ သမ္မကြီး ကိုယ်တိုင်ခန့်ထားတဲ့ ရခိုင်အရေး စုံစမ်းရေး ကော်မရှင် နှစ်ရပ် ထက်စောလျှင်စွာရခိုင်အရေးကိုအချက်အလက်စုံစုံလင်လင်ခိုင်ခိုင်မာမာနဲ့ အစီရင်ခံစာတင်သွင်းနိုင်ခဲ့ တဲ့အပြင် ဒီလုပ်ငန်းအတွက် နိုင်ငံတော်က ကုန်ကျစာရိတ် တစ်စုံတစ်ရာ ငွေကြေး တစ်ပြားတစ်ချပ်မှ ပေးစရာလိုလို့ပါ။ လာမယ့် လွတ်လပ်ရေးနေ့မှာ အယ်ဂျာဇီးရား ရုပ်-သံ ကို မီဒီယာ လူမှုထူးချွန်ဆု ပထမအဆင့် ပေးဖို့ အဆိုကို လည်း တခါတည်း တင်သွင်းချင်ပါတယ်။
    အယ်လ်ဂျာဇီးရား သတင်းဌာနက သူ့ရဲ့ စုံစမ်းတွေ့ရှိချက် ရလဒ်ကို ခေါင်းစဉ်အဖြစ် ထိထိမိမိ လိုတိုရှင်း ရွေးပေးလိုက်ပုံက Hidden Genocide တဲ့ဗျား။ ရုပ်ရှင်ထုတ်လုပ်သူက သူ့ရုပ်ရှင်ကို ကြည့်ပြီးရင် စောဒက တက်ခွင့်လည်း ပေးထားလေတော့ တရားမျှတတယ်လို့မြင်ပါတယ်။
    လက်ရှိရခိုင်အရေးအခင်းကြီးဟာလူမျိုးရေး၊ဘာသာရေးတွေကြောင့်မဟုတ်ဘဲ၊လူအုပ်စုနှစ်ခုအကြား ဒေါ သကြောင့်ဖြစ်တဲ့သာမန်ရန်ပွဲမျှသာဖြစ်တယ်လို့မြန်မာအစိုးရကတချိန်လုံးပြောနေခဲ့တာမဟုတ် လား။ ဒါကြောင့် ခေါင်းစဉ်ကို ကြားရုံနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြိုတင် ကန့်ကွက်ခဲ့ပြီး၊ ဒီရုပ်ရှင်ကို ကြည့်ပြီး ရင်လည်း လိုအပ်ရင် ချေပမယ်လို့ နယ်စပ်ဝန်ကြီး ဦးသိန်းဌေးက ပြောတယ်ခင်ဗျာ့။ အခု အထိတော့ ဘာမှပြော သံမကြား ရသေးပါဘူးခင်ဗျာ့။
    မြန်မာပြည်က မီဒီယာအများစုက လူမျိုးရေးအထိကရုံးတွေ ဖန်တီးဖို့ တဖက်လှည့်နဲ့ ကြိုပမ်း နေကြ ခိုက်အဓိကရုဏ်းအကဲသိ ကမ္ဘာ့မီဒီယာကြီးတစ်ခုက တာဝန်ကျေစွာ၊ မီဒီယာ ပီသစွာ တိတ်တိတ် ကလေး မှိတ်ထားတဲ့ လူမျိုးတုန်း သတ်ဖြတ်မှု ကြီးကို ဘွားကနဲဖေါ်ထုတ်လိုက်တော့ ဗဟို အစိုးရ၊ ပြည်နယ်အစိုးရ များသာမက ရခိုင် အရေး စုံစမ်းရေး ကော်မရှင်နှစ်ရပ်ရဲ့ အဖွဲ့ဝင်များနှင့် တကွ မြန်မာပြည်က ဂျာနယ်မျိုးစုံရဲ့ အယ်ဒီတာချုပ်ဆိုသူ တွေ ကို တကယ်ပင် ငုတ်တုတ် မေ့စေခဲ့ပါတယ်။
    မီဒီယာများ အတွက်ကလည်း သနားစရာပါခင်ဗျာ။ လောလော ဆယ်ဆယ်မှာ ဘာလုပ်လို့ ဘာကိုင် ရမှန်း မသိ ယောင်ချာချာ ဖြစ်နေကြလို့ ခေါင်းခံပြီး တစ်စုံတစ်ရာ စတင်ပြောမယ့်သူကို စောင့်မျှော် နေ ကြ လေရဲ့။ မီဒီယာ လွတ်လပ်ခွင့်ကို တစ်စာစာ အော်နေကြတဲ့ မီဒီယာသမားတွေ ဒီရုပ်ရှင် ဇာတ်လမ်း ကို ဘယ်ဂျာနယ်မှာမှ ဖေါ်ပြတာမတွေ့ရသေးဘူး။ စဉ်းစား စရာလေးတွေကို ထောက်ပြတာပါ။
    တကယ်တော့ ဒီရုပ်ရှင်က မြန်မာပြည် စင်ပြိုင်အစိုးရရဲ့ အဖွဲ့ဝင်တွေကို ထုတ်ဖေါ်ပြသ သွားတာသာ ဖြစ်လို့ Hidden Genocide ဆိုတဲ့ Documentary Film ရဲ့ခေါင်းစဉ်ကို ကျနော်အနေဖြင့် (Hidden Rival Government of Myanmar) မြန်မာနိုင်ငံ၏ ကိုယ်ယောင်ဖျောက် စင်ပြိုင်အစိုးရ လို့သာ ပေးလိုက် ချင်ပါတော့ တယ်။
    ၂။ အမေရိကန်နိုင်ငံ LA မှာ ပြောခဲ့တဲ့ အမေစု စကားတွေကို English Version ပြောင်းရန်လိုသည်။
    ဒီရုပ်ရှင်ထဲတွင် ရိုဟင်ဂျာ အရေးနှင့် ပတ်သက်လို့ အမေစု အသံတိတ်လွန်းသည်ဟု စွပ်စွဲ ထား ပါတယ်။ တကယ်တော့ လုံးဝ ရေငုံနေတာမျိုးတော့ မဟုတ်ပါ။ အပြန်အလှန် လူ့အခွင့်အရေးတွေ မချိုးဖေါက်ကြဖို့ အမေစု တိုက်တွန်းခဲ့ရုံမက လူများစုဟာ လူနည်းစုကို ညှာတာရမယ်လို့ ပြောခဲ့သလို ရိုဟင်ဂျာတွေကို ဥပဒေမဲ့ ဟိုနိုင်ငံ ပို့မယ်၊ ဒီနိုင်ငံပို့မယ် ဆိုတာကို လုံးဝလက်မခံနိုင်သည့်အပြင် အထောက် အထား ခိုင်လုံအောင် ပြသနိုင်တဲ့ ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ် အသိအမှတ် ပြုပေးရမယ် ဆိုပြီး လော့စ် အိန်ဂျယ်လိစ်မှာ အမေစု ပြောခဲ့တာ တွေက မြန်မာဘာသာနဲ့ ဆိုတော့ အနောက်နိုင်ငံ မီဒီယာတွေကို မပေါက်လို့သာ အသံတိတ်လွန်းတယ်လို ပြောနေကြ တာပေါ့။
    အမေစု မိန့်ခွန်းပြောအပြီး LA ရှိ မြန်မာပရိတ်သတ်က အမေစုသာ မြန်မာနိုင်ငံရဲ့ သမ္မတဖြစ်ရင် ရိုဟင်ဂျာအရေးကို ဘယ်လို ဖြေရှင်းပေးမှာလဲ ဆိုတဲ့ ပထမဆုံး မေးတဲ့ မေးခွန်ကို ဖြေတဲ့မြန်မာလို အဖြေ တွေပါတဲ့ ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန် ခရီးစဉ် VCD အမှတ် ၆ ကို အင်္ဂံလိပ်လို စာတမ်းထိုးပြီး Aljazeera News Agency သို့ပို့ကာ ထုချေသင့်တယ်လို့ ကျနော်အနေနဲ့ မြင်ပါတယ်။
    သူများမကြိုက်တဲ့ ကုလားဆိုတဲ့ အမည်ကို မခေါ်ဖို့နဲ့၊ ဒီလိုမခေါ်ဖို့ကို ဆရာသမားနဲ့ မိဘများက တပည့်နဲ့ သားသမီးတွေကို သင်ကြားပေးဖို့ လိုတယ်လို့ LA မှာပြောဆို ခဲ့တဲ့ အကြောင်းကိုလည်း မပါ ပါအောင်ထဲ့သင့်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီရုပ်ရှင်ထဲမှာ ဆရာတော်က ကုလားဆိုတဲ့စကားကို မိုးမွှန်အောင် ခေါ်သွားလို့ပါ။
    ဒါမှမဟုတ် ဒီရုပ်ရှင်ကို ကြည့်ပြီးလို့ တစ်စုံတစ်ရာ ပြောစရာရှိပါက အချိန်မရွေး ပြောနိုင်ကြောင်း၊ စောဒကတက်နိုင်ကြောင်း ဗြိတိသျှ ရုပ်ရှင်ထုတ်လုပ်သူက တံခါးဖွင့်ထားတဲ့အတွက် အမေစုအနေဖြင့် ဖုန်းဆက် ဖြေရှင်းသင့်ပါတယ်လို့ အကြံပေးချင်ပါတယ်။
    ၃။ Aljazeera News Agency အနေဖြင့် ဦးဝင်းမရ ကိုလည်း View ဖို့လိုသည်။
    အယ်ဂျာဇီးရား သတင်းဌာန အနေဖြင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဌ ဦးဝင်းမရ ကို တွေ့ဆုံ မေးမြန်းခဲ့ပါလျှင် ပိုမိုပြည့်စုံသည့် Documentary Film ဖြစ်သွားနိုင်ပါသည်။ ရခိုင် ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင်ကတော့ Aljazeera သတင်းထောက်ကို အတွေ့မခံ ဘဲရှောင်နေခဲ့ တယ်လို့ဆိုတယ် ခင်ဗျာ့။
    ၂၀၁၂ ဇွန်လ ၃ ရက်နေ့တွင် တောင်ကုတ်မြိုတွင် ရက်စက်စွာ အကြမ်းဖက်သတ်ဖြတ်ခြင်း ခံခဲ့ရသော မြန်မာမွတ်စလင်မ် (၁၀)ယောက် တွင် (၈) ယောက်၏ ကိုယ်ရေး အချက်အလက် အကျဉ်း၊ ၄င်းတို့ ၈ ယောက်မှာ ရခိုင်ပြည်နယ်မှ မဟုတ်ဘဲ ပြည်မ တွင်နေတိုင်သော နိုင်ငံသား မွတ်စလင်မ်များ ဖြစ်ကြသည်။
    ၄။ ပါဏာတိပါတာကို ဝစီကံဖြင့် အားပေးသော ရခိုင်ဆရာတော်။
    Hidden Genocide သတင်းဗီဒီယို ထဲတွင် ဆရာတော်ကမိန့်ပါသည်။ ကုလားလူမျိုးတွေမသွားရလို့အမိန့်ထုတ်ထားတဲ့ နေရာကိုမှ ကုလား(၁၀) ဦးကတမင်တကာ ဟန်ရေး ပြပြီး သွားလို့အသတ်ခံရတာပါဟု မိန့်၏။
    ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၈) နိုင်ငံသားများ၏မူလ အခွင့် အရေး နှင့် တာဝန်များ ပုဒ်မ ၃၅၅ တွင် နိုင်ငံသားတိုင်းသည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အတွင်းမည်သည့်အရပ်ဒေသ၌မဆိုဥပဒေနှင့်အညီအခြေစိုက်နေ ထိုင်ခွင့်ရှိ သည်ဟု အတိအလင်းပြဌာန်းထားပါသည်။
    သံတွဲ တောင်ကုတ်လမ်းကို အစ္စလာမ်ဘာသာဝင်များ မသွားရဟူသော ဥပဒေကို မည်သည့်အစိုးရ အဖွဲ့က ပြဌာန်းပြီး မည်သည့်လွှတ်တော်က အတည်ပြုထားပါသနည်း။
    ရခိုင်ပြည်နယ်တွင် စင်ပြိုင်အစိုးရ တရပ်ရှိခြင်းကြောင့်သာ ဥပဒေထုတ်ခွင့်၊ မွတ်ဆလင် ခရီးသည် များကို အရေးယူသည့် အနေဖြင့် အုပ်စုဖွဲ့သတ်ခွင့်၊ လူသတ်မှု ကျူးလွန်သူများကိုလည်း စင်ပြိုင်အစိုးရ အမိန့်ကို အကောင်အထည်ဖေါ်သူများဖြစ်၍ ဗဟိုအစိုးရ၏ ဥပဒေအထက်တွင် နေခွင့်များရ နေခြင်း ဖြစ်သည်။
    ထို့ကြောင့် မြန်မာနိုင်ငံတွင် ကိုယ်ယောင်ဖျောက် စင်ပြိုင်အစိုးရ ကျိန်းသေပေါက်ရှိ၏။
    ၅။ တတိယလှိုင်း ဒေါက်တာ အေးမောင် (3rd Wave Dr. Aye Maung)
    ဒေါက်တာ အေးမောင် သည် အမေရိကန်သမ္မတ အိုဘားမားက ရန်ကုန် တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ ပြောသော မိန့်ခွန်းတွင် ရိုဟင်ဂျာဟု သုံးနှုံးသောကြောင့် ရခိုင် ရိုဟင်ဂျာ အဓိကရုဏ်း တတိယအကြိမ် ဖြစ်နိုင်သည်ဟု အတ်ချမတ်ချ ပြောနိုင်၍ မြန်မာနိုင်ငံ နိုင်ငံရေးလောကတွင် နာမည်ကျော် ထင်ရှားသူဖြစ်၏။ ထိုတတိယလှိုင်းဖြစ်ခဲ့လျှင် အိုဘားမား၏ တာဝန်သာဖြစ်သည်ဟု လည်း ပြစ်တင် ဝေဖန်ဘူးသူဖြစ်၏။
    Hidden Genocide သတင်းဗီဒီယိုထဲတွင် စစ်တွေမြို့ အောင်မင်္ဂံလာရပ်ကွက်သား တစ်ဦးက ရိုဟင်ဂျာအိမ်များကို မီးရှို့ရန်နှင့် ရိုဟင်ဂျာများကိုသတ်ရန် RNDP ဒေါက်တာအေးမောင်က အနယ်နယ် အရပ်ရပ်မှ ၎င်း၏ ပါတီဝင်များကို စစ်တွေမြို့သို့ ဆင့်ခေါ်ခဲ့သည်ဟု အခိုင်အမာပြော၏။ ဒေါက်တာအေးမောင်နှင့် မျက်နှာချင်းဆိုင် စကားပြောရန် ထိုရိုဟင်ဂျာထံတွင် သက်သေ အထောက် အထားများ ခိုင်ခိုင်လုံလုံ ရှိသည်ဟု ဆို၏။
    ထို့အပြင် RNDP ဒေါက်တာအေးမောင်၏ နောက်လိုက် နောက်ပါများသည် ရိုဟင်ဂျာ ဒုက္ခသည်များကို ရိက္ခာနှင့် ဆေးဝါး ဖြတ်တောက်ရန် ဥပဒေ ထုတ်ခွင့်ရှိသည့်အပြင် ရိုဟင်ဂျာများနှင့် ဆက်သွယ်သော ပြစ်မှု ကြောင့် ရခိုင်အချင်းချင်း လည်ပင်းတွင် သစ္စာဖေါက်ဟု ရေးထားသော စာကိုချိတ်ဆွဲကာ အရပ် တကာလှည့်၍ အရှက် ခွဲခွင့် များ ရှိနေခြင်း သည်လည်း ရခိုင်ပြည်နယ်တွင် ဦးသိန်းစိန်၏ ဗဟိုအစိုးရ အာဏာနှင့် ယှဉ်လျှင် စင်ပြိုင်အစိုးရ၏ အာဏာက ပိုမို သက်ရောက်လွှမ်းမိုး နေသော ကြောင့် ဖြစ်၏။
    ထို့ကြောင့် မြန်မာနိုင်ငံတွင် ကိုယ်ယောင်ဖျောက် စင်ပြိုင်အစိုးရ ကျိန်းသေပေါက်ရှိ၏။
    ၆။ သမိုင်းဆရာ ဒေါက်တာ အေးချမ်း
    Hidden Genocide သတင်းဗီဒီယို တွင် သမိုင်းဆရာ ဒေါက်တာ အေးချမ်း ဆိုသူက အချုပ်အခြာအာဏာ (Sovereignty) ကိုထိပါးလာသော ရိုဟင်ဂျုာများကို လူ့အခွင့်အရေး ချိုးဖေါက်ခွင့် ရှိသည်ဟု ဆင်ကန်းတောတိုး ပြောသွား ပါသည်။
    မြန်မာနိုင်ငံ တစ်ခုလုံး အပြင်နှင့် အနောက်ဖက်နယ်စပ်၏ အချုပ်အခြာ အာဏာကို မြန်မာအစိုးရနှင့် မြန်မာပြည်သူများ ကသာ ထိန်းသိမ်းရပါမည်။ မြန်မာနိုင်ငံ၏ အနောက်ဖက် နယ်စပ်ကို ကာကွယ်ရန် ရခိုင်များ၌သာ တာဝန်ရှိသည်ဟု ရခိုင်လူထုကို ထင်မှတ်မှားအောင် ကိုယ်ယောင်ဖျောက် စင်ပြိုင် အစိုးရအဖွဲ့က ဖြားယောင်း သိမ်းသွင်း သွေးထိုးထားကြ၏။
    ရခိုင့် စင်ပြိုင် အချုပ်အခြာအာဏာ (Arakan Rival Sovereignty) ရှိ၍ ရခိုင်များကိုယ်တိုင် ကာကွယ် ပေးနေသယောင် မျက်နှာထိ မျက်နှာထားနှင့် ပြောသွားပုံကို စာဖတ် ပရိတ်သတ် အနေဖြင့် ဂရုပြု၍ နောက်တကြိမ် ပြန်ကြည့်ပြီး သုံးသပ်စေချင်ပါတယ် ခင်ဗျား။
    ပြသမည့်အချိန် ။ ။ ဒီဇင်ဘာ ၁၁ ရက် အင်္ဂါံနေ့ ညနေ ၆း၃၀
    ဒီဇင်ဘာ ၁၂ ရက် ဗုဒ္ဓဟူးနေ့ နံက် ၇း၃၀။
    ဒီဇင်ဘာ ၁၃ ရက် ကြသပတေးနေ့ နေ့လည် ၁၂း၃၀
    ၂၃၊ ၉၊ ၂၀၁၂ နေ့ နံနက် ၁၁း၀၀ နာရီခန့်တွင် နေပြည်တော်ရှိ MICC ခန်းမ Room(1) တွင် ပြောကြားခဲ့သော ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဗဟို အလုပ်အမှုဆောင် နှင့် ရခိုင်ပြည်နယ် တာဝန်ခံ ဦးမောင်ဦး( ယခင် ပြည်ထဲ ရေးဝန်ကြီး ဗိုလ်ချူပ်မောင်ဦး) ၏ ရခိုင်ပြည်နယ်အစိုးရအပါ် သုံးသပ်ချက်
    လက်ရှိ စစ်တွေမြို့ ပေါ်မှာ ဒီ Local Government ရဲ့အာဏာအပေါ်မှာ နောက်လွှမ်းမိုးနေတဲ့ အဖွဲ့အစည်းတစ်ခုရှိ တယ်။ဒါ မ ပြော မဖြစ် လို့ ကျွန် တော် ပြောရတာပါ။ ပါတီတွေ၊နိုင်ငံရေးတွေ ကျွန် တော်မပါဘူး။ လက်တွေအစိုးရအနေနဲ့သူ့ ဟာသူလွတ် လွတ် လပ်လပ်လုပ်လို့ မရအောင် လွှမ်းခြုံ ထားနောက်က xxxxxxxxxxရှိနေလို့ကျွန်တော်ပြောရတာပါ။
    Report အပြည့်အစုံဖတ်လိုလျှင် http://goo.gl/FPIbo
    ဒေါက်တာ အေးချမ်းသည် သမိုင်းဘာသာရပ်တွင် ဆရာဖြစ်သော်လည်း နိုင်ငံတကာ ဥပဒေများကို လုံးဝမသိသူဖြစ်၏။ မြန်မာ နိုင်ငံတွင် မဲပေးခွင့်ကို ပိုင်ဆိုင်သော ရိုဟင်ဂျာများသည် မြန်မာပြည်၏ အချုပ်အခြာ အာဏာ (Myanmar Sovereignty) ကို ထိပါး ကျူးကျော် အခြေချနေထိုင်သူ (Invaders) များမဟုတ်ပါ။ နိုင်ငံသား ရိုဟင်ဂျာများမှာလည်း မြန်မာပြည်၏ အချုပ်အခြာ အာဏာ ကို ကာကွယ်ပေးရန် တာဝန်ရှိပြီးသူများသာ ဖြစ်သည်။
    အချုပ် အခြာ အာဏာကို ထိပါး သောကြောင့် စစ်ဖြစ်သည်ထားဦး။ မိလာသော သုံ့ပန်းတို့ကို ဂျနီဗာ သဘော တူညီချက် (Geneva Convention) အရသာ ဆက်ဆံပိုင်ခွင့်ရှိ၏။ လက်ရှိ ရိုဟင်ဂျာများကို လက်လွတ် စံပါယ် (လက်လွတ် ဇပယ်) ဆက်ဆံမှုသည် Arakan Rival Government Convention အရ ဆက်ဆံနေတာများလား ဟု စေ့ငုနေမိသည်။
    အနှစ်ချုပ်ရရင် ဒေါက်တာအေးချမ်းက ရခိုင်နိုင်ငံတော်ကြီးတွင် သီးသန့် အချုပ်အခြာအာဏာ (Arakan Sovereignty) ရှိသည်ဟု ကမ္ဘာကိုရော မြန်မာကို အသိပေးကြေငြာသွားခြင်းဖြစ်သည်ဟု မြင်ပါသည်။ တစ်နည်းအားဖြင့် သူကိုယ့်သူ စင်ပြိုင်အစိုးရ အဖွဲ့ဝင်လို့ ကြေငြာလိုက်တာ နဲ့ အတူတူပါဘဲ။
    ၇။ ရခိုင်နိုင်ငံ တော်ကြီးကို များမကြာမီ ကြေငြာပါအံ့။
    နိုင်ငံတစ်ခုအဖြစ် ကြေငြာနိုင်ဖို့ လိုအပ်သော အချက်များ။
    (က) နယ်မြေ (Territory)
    (ခ) လူဦးရေ (Population)
    (ဂ) အစိုးရ (Government) နှင့်
    (ဃ) အချုပ်အခြာအာဏာ (Sovereignty)
    ဟူသော လက္ခဏာ၎ ခုရှိရမည်ဟု ဆိုသော ကြောင့် ထိုအရာ ၄ ခုစလုံး ပိုင်ဆိုင်သော ရခိုင်သားတို့ သည် ရခိုင်နိုင်ငံတော်ကြီး အဖြစ် ကြေငြာကာ မြန်မာနိုင်ငံမှ ခွဲထွက်ရန်သာ လိုပါတော့သည် ခင်ဗျား။
    ၈။ စင်ပြိုင် အစိုးရကို ဖေါ်ထုတ်ဖမ်း စီးမလား။ လူမျိုးတုံး သတ်မှုနဲ့ အရေးယူခြင်းခံမလား။
    မြန်မာအစိုးရအဖွဲ့ကို မေးချင်ပါသည်။ ဒီပြိုင်ပွဲကို နိုင်ငံတကာ စောင့်ကြည့်မှုအောက်မှာ ဆက်ပြီး ကစား မလား။ နားမလား။ တစ်ခုလေးသတိပေးချင်တာက ရခိုင်တွေ ရခိုင်ပြည်ကို သိမ်းပိုက်အုပ်ချုပ်ရင် ပြည်သူတွေ အတွက် ကတော့ တော်လှန်ရေးတရပ် ဆင်နွဲကြရုံပေါ့။ ဦးသိန်းစိန်ရဲ့အစိုးရ အဖွဲ့ဝင် တွေကတော့ စင်ပြိုင်အစိုးရ ထောင်ခွင့်ပြုထားတဲ့ ပုဒ်မနဲ့ ထောင်နန်း အရင်စံရမှာကို မြင်ယောင်ရင်း သတိပေး တင်ပြလိုက်ပါတယ် ခင်ဗျား။
    မှတ်ချက်။ ။ Hidden Genocide ကို နောက်တစ်ကျော့၊ နှစ်ကျော့ ပြန်ကြည့်ပြီးနောက် Rival Government of Myanmar (New Version) ကို တင်ပါဦးမည်။ စောင့်မျှော် ဖတ်ရှုပြီး လိုအပ်သည်များကို မန့်ပေးကြပါခင်ဗျား။
  2. http://burmese.rohingyablogger.com/2012/12/blog-post_17.html
    ရခိုင်သမိုင်းပညာရှင်တို့အား စိန်ခေါ်ခြင်း | ဌေးလွင်ဦး
    Monday, December 17, 2012 ဌေးလွင်ဦး No comments
    ၂၀၁၂- ဒီဇင်ဘာ ၁၆ ရက်
    ရခိုင်နယ်သည် ကိုယ့်ထီးကိုယ့်နန်းဖြင့် နှစ်ပေါင်း လေးထောင်သော သမိုင်းဖြင့် တည်ရှိခဲ့၏။ ထိုကာလသည် ဗမာအင်ပါယာ (ပုဂံအင်ပါယာ) မပေါ်ပေါက်မှီ နှစ်ပေါင်း သုံးထောင်ကျော် ပိုမိုရှေးကျ၍ ဖြစ်၏။ ရခိုင်၏ နှစ်ပေါင်း လေးထောင်ကျော်သော သမိုင်းတွင်- ရခိုင်နယ်၌ ရှိနေသော မည်သည့်လူမျိုးစုက မူလဇစ်မြစ် လူမျိုး ဖြစ်သနည်း။ မည်သည့်လူမျိုးက နှောင်းပိုင်းမှ ၀င်ရောက်လာသော လူမျိုးဖြစ်သနည်း-၊ ဆိုသည်တို့အား ပထ၀ီ သဘာဝအရလည်းကောင်း၊ သမိုင်းလက်ရာ အထောက်အထားများအရ လည်းကောင်း၊ ရခိုင်စာပေဇစ်မြစ် အရ လည်းကောင်း၊ ရခိုင်တို့၏ ရုပ်ရည်ဟန်ပန်အရလည်းကောင်း၊ သမိုင်းစာပေအထောက်အထားအရ လည်း ကောင်း- ရခိုင်သမိုင်းပညာရှင်ဟု ခံယူထားသော ဒေါက်တာအေးချမ်းအပါအ၀င်- အခြားမည်သည့် သမိုင်းပညာ ရှင်များနှင့် မဆို ကမ္ဘာသိ မီဒီယာများ ရှေ့မှောက်၌ နေရာမရွေး၊ အချိန်မရွေး Debate လုပ်ဆွေးနွေးလျှက် အဖြေဖေါ်ထုတ်လိုပါသည်။
    ကျွန်ုပ်အနေဖြင့် ရခိုင်နယ်၏ ရှေးဦးမူလ လူမျိုးမှာ ယခုအခါ မိမိကိုယ်မိမိ “ရိုဟင်ဂျာလူမျိုး”ဟု ခံယူထားသူများ သာ ဖြစ်ကြောင်း-၊ ကမ္ဘာ့မီဒီယာများရှေ့တွင် သက်သေသက်ကန် အတိအကျ ဖေါ်ထုတ်ပြသွား ဖြစ်သည်။ မျိုးဆက် သုံးဆက်ခန့် သမိုင်းကို လိမ်လည်၍ တင်ပြခဲ့ခြင်းကြောင့် အထင်မှား အမြင်မှား- သမိုင်းမှားများ၏ ၀ဲသြဃအတွင်း ရောက်နေရသည့် မြန်မာနိုင်ငံသူ နိုင်ငံသား အပေါင်းတို့အားလည်း သမိုင်း၏မှန်၏ တန်ဘိုး၊ သမိုင်းမှန်၏ ဇစ်မြစ်တို့အား ပြန်လည်ဖေါ်ထုတ်ပေးရာ ရောက်မည်ဟု ယုံကြည်သည်။
    “ရိုဟင်ဂျာ” ဆိုသည်မှာ နောက်ပိုင်းတွင်မှ လုပ်ကြံဖန်တီးခြင်း ဖြစ်၏၊ ထိုရိုဟင်ဂျာ ဆိုသူများမှာ ကိုလိုနီခေတ် အတွင်း ဘင်္ဂလားဒေ့ရှ်မှ ခေါ်ယူလာသော လယ်လုပ်ကျေးကျွန်များသာ ဖြစ်၍၊ ၁၈၂၄ ခုနှစ် နောက်ပိုင်းတွင်မှ ရခိုင်နယ်ထဲသို့ ရောက်လာသူများ ဖြစ်၏- ဟု ရခိုင်သမိုင်းအား လိမ်လည်တင်ပြထားသော၊ သို့မဟုတ် မိမိ လက်လှမ်းမှီသလောက်ကို အခြေခံကာ အမှန်ဟု ခံယူ တင်ပြထားသော- သမိုင်းပညာရှင်ခံထားသော ပညာရှင် တို့ အနေဖြင့်-၊ မိမိဘ၀တာ မကုန်ဆုံးမှီ-၊ ပညာရှင်ပီပီ၊ ယောကျားပီပီ၊ သူရဲကောင်းပီပီ၊ ရခိုင်နယ်အား ချစ်မြတ် နိုးသူ ပီပီ ပြန်လည်ပြင်ဆင်လိုက ပြင်ဆင်နိုင်ရန်လည်း ကျွန်ုပ်ဘက်မှ ရည်ရွယ်သည်။
    အထူးသဖြင့် ခေတ်သစ် ရခိုင်သမိုင်းပညာရှင် ဟု ခံယူထားသော၊ ဒေါက်တာ အေးချမ်း ဖြင့် အဓိက ဆွေးနွေး လိုသည်။ ဒေါက်တာ အေးချမ်းအနေဖြင့် သွားရေးလာရေး ခက်ခဲသော်-၊ ကျွန်ုပ်မှ ဒေါက်တာအေးချမ်း နေထိုင် သည့် ဂျပန်နိုင်ငံတွင် လာရောက် ဆွေးနွေးနိုင်ကြောင်းလည်း ကမ်းလှမ်းလိုသည်။ ကျွန်ုပ်ကိုယ်တိုင် ရခိုင်လူမျိုး စစ်စစ်ဖြစ်၍ (ဆွေးနွေးရန် တောင်းဆိုမှုအား လက်ခံလျှင် ရခိုင်လူမျိုး စစ်စစ်ဖြစ်ကြောင်း အထောက်အထား ပြ ပေးပါမည်၊)- ရခိုင်နယ်မှ ညီအစ်ကို တိုင်းရင်းသားချင်းကြား- အိုးမဲသုတ် ခွပ်ခိုင်းထားသည့် သမိုင်းမှားအား ချေ ဖျက်လိုသော ဆန္ဒသန့်သန့်ဖြင့် ယခုကဲ့သို့ ကမ်းလှမ်းလိုက်ခြင်းလည်း ဖြစ်သည်။
    ဌေးလွင်ဦး
    ကုရ်အံကျမ်းတော် ဘာသာပြန်ဆရာ၊
    BA (မြန်မာစာ- ရန်ကုန်)၊ AA (Media Marketing, NY USA),
    Scholar of Buddhism, Christianity & Islam
    ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
    မြန်မာမွတ်ဆလင် တန်းတူညီမျှ အခွင့်အရေး လှုပ်ရှားဆောင်ရွက်မှု အဖွဲ့
    အမေရိကန် ပြည်ထောင်စု
  3. ဒေသခံ အချို့ ကို ပြည်သူ့စစ် အဖြစ် လုံခြုံရေး အကြောင်းပြ
    ပြီး ဖွဲ့စည်းရန် လိုအပ်သည် ။
  4. မင်းကြီးညို
    ဘာမှအငြင်းပွားစရာမလိုဘူး။ ရိုဟင်ဂျာဆိုတာ ဘင်္ဂလားဒေ့ရှ်မှခိုးဝင်လာသူတွေသာဖြစ်တယ်
    အဲဒီမွတ်စလင်နိုင်ငံမှာ နိုင်ငံကသေးသေး၊ လူဦးရေကတအားများ၊ သဘာဝဘေးအန္တရာယ်တွေ
    လဲ နှစ်တိုင်းဖြစ်၊ ပညာရှင်တွေကပြောနေကြတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ တဖြေးဖြေးပင်လယ်
    ရေမြင့်တက်မှုကြောင့် ကုန်းမြေကျဉ်းကျဉ်းလာနေပြီ။ ဒီတော့အိမ်နီးချင်းနိုင်ငံတွေဖက်ကိုခိုးခိုး
    ဂျာပဲခေါ်ခေါ်၊ ဘင်္ဂါလီပဲခေါ်ခေါ် အားလုံးကို မောင်းထုတ်ရမယ်။ ဒေါက်တာအေးမောင်လိုမျိုး
    ချစ်စိတ်ရှိရှိနဲ့ ကိုယ့်မြေကိုယ့်ရေကို ကာကွယ်ရမယ်။ Truth ကသွေးထိုးလှုပ်ဆော်သူပါ။
  5. အမေရိကန်နိုင်ငံ LA မှာ ပြောခဲ့တဲ့ အမေစု စကားတွေကို English Version ပြောင်းရန်လိုသည်။
    ဒီရုပ်ရှင်ထဲတွင် ရိုဟင်ဂျာ အရေးနှင့် ပတ်သက်လို့ အမေစု အသံတိတ်လွန်းသည်ဟု စွပ်စွဲ ထား ပါတယ်။ တကယ်တော့ လုံးဝ ရေငုံနေတာမျိုးတော့ မဟုတ်ပါ။ အပြန်အလှန် လူ့အခွင့်အရေးတွေ မချိုးဖေါက်ကြဖို့ အမေစု တိုက်တွန်းခဲ့ရုံမက လူများစုဟာ လူနည်းစုကို ညှာတာရမယ်လို့ ပြောခဲ့သလို ရိုဟင်ဂျာတွေကို ဥပဒေမဲ့ ဟိုနိုင်ငံ ပို့မယ်၊ ဒီနိုင်ငံပို့မယ် ဆိုတာကို လုံးဝလက်မခံနိုင်သည့်အပြင် အထောက် အထား ခိုင်လုံအောင် ပြသနိုင်တဲ့ ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ် အသိအမှတ် ပြုပေးရမယ် ဆိုပြီး လော့စ် အိန်ဂျယ်လိစ်မှာ အမေစု ပြောခဲ့တာ တွေက မြန်မာဘာသာနဲ့ ဆိုတော့ အနောက်နိုင်ငံ မီဒီယာတွေကို မပေါက်လို့သာ အသံတိတ်လွန်းတယ်လို ပြောနေကြ တာပေါ့။
  6. “”အမေရိကန်နိုင်ငံ LA မှာ ပြောခဲ့တဲ့ အမေစု စကားတွေကို English Version ပြောင်းရန်လိုသည်။
    ဒီရုပ်ရှင်ထဲတွင် ရိုဟင်ဂျာ အရေးနှင့် ပတ်သက်လို့ အမေစု အသံတိတ်လွန်းသည်ဟု စွပ်စွဲ ထား ပါတယ်။ တကယ်တော့ လုံးဝ ရေငုံနေတာမျိုးတော့ မဟုတ်ပါ။ အပြန်အလှန် လူ့အခွင့်အရေးတွေ မချိုးဖေါက်ကြဖို့ အမေစု တိုက်တွန်းခဲ့ရုံမက လူများစုဟာ လူနည်းစုကို ညှာတာရမယ်လို့ ပြောခဲ့သလို ရိုဟင်ဂျာတွေကို ဥပဒေမဲ့ ဟိုနိုင်ငံ ပို့မယ်၊ ဒီနိုင်ငံပို့မယ် ဆိုတာကို လုံးဝလက်မခံနိုင်သည့်အပြင် အထောက် အထား ခိုင်လုံအောင် ပြသနိုင်တဲ့ ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ် အသိအမှတ် ပြုပေးရမယ် ဆိုပြီး လော့စ် အိန်ဂျယ်လိစ်မှာ အမေစု ပြောခဲ့တာ တွေက မြန်မာဘာသာနဲ့ ဆိုတော့ အနောက်နိုင်ငံ မီဒီယာတွေကို မပေါက်လို့သာ အသံတိတ်လွန်းတယ်လို ပြောနေကြ တာပေါ့။”"
    ၁) အမေစုဆိုတာ မြန်မာပြည်သူတွေရဲ့ထောက်ခံအားပေးမှုကြောင့်သာ ကြယ်တပွင့်ဖြစ်လာခဲ့တာပါ။ အထက်ကပြောသလို အမေစုဆိုသူဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒကိုဥပက္ခာပြုပြီး နိုင်ငံတကာမှာမျက်နှာပန်းလှအောင်၊နာမည်တက်အောင် တမင်ရွေးပြောခဲ့မယ်ဆိုရင် မြန်မာပြည်သူအားလုံးက ထိုအမေစုဆိုသူကို “NO” လို့တချက်ကလေးပြောလိုက်ရုံနဲ့လုံလောက်ပါသည်။ (ထိုအမေစု တကယ်ပြောမပြော မသိပါ။ ပြောခဲ့လျှင်ဟု ဆိုခြင်းပါ။)။ ဘာကြောင့်လဲဆိုတော့ ဘယ်နိုင်ငံရေးသမားမဆို ပြည်သူအများစုရဲ့ထောက်ခံမှုမရှိတော့ဘူးဆိုရင်ဖြင့် နိုင်ငံရေးဘ၀ဆုံးရှုံးရတာပါပဲ။ မြန်မာပြည်သူတွေဟာလူဆိုးတွေမဟုတ်ကြပါ။ လူဆိုးတွေကိုလက်မခံနိုင်ကြခြင်းသာဖြစ်ပါတယ်။
    ၂) ရခိုင်နဲ့မြန်မာလူမျိုးတွေက လက်မခံနိုင်ပါဘူးလို့ဆိုနေတဲ့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုံးကို ထိုအမေစုဆိုသူကတကယ်ပဲသုံးခဲ့သလား။ တကယ်ပဲသုံးခဲ့တယ်ဆိုရင် ထိုအမေစုဆိုသူအားမေးခွန်းထုတ်ရပေမည်။(သုံခဲ့တယ်လို့မဆိုလိုပါ။ သုံးခဲ့လျှင်လို့ဆိုခြင်းပါ။) လူထုခေါင်းဆောင်ဆိုတဲ့ဂုဏ်ပုဒ်ရဖို့ ဘယ်လောက်ခက်ခဲမယ်ဆိုတာလူတိုင်းသိပါတယ်။ ပြည်သူ့အကျိုးကိုရှေးရှုလို့လူထုခေါင်းဆောင်ဖြစ်လာခြင်းပါ။ ထိုလူထုခေါင်းဆောင်ဆိုသူရဲ့ ထင်ရာစိုင်းပြောဆိုမှုကိုပြည်သူတွေအားလုံးက ခေါင်းငုံ့ခံဖို့မဟုတ်ပါဘူး။ လူထုခေါင်းဆောင်ဆိုတာလည်း ဒီနေ့မကောင်းရင် မနက်ဖြန်ညောင်းပါပဲ။ (ဒီလိုပြောလို့ကျွန်တော်က အမေစုကိုမလေးစား၊မချစ်ခင်လို့မဟုတ်ပါ။ လေးစားချစ်ခင်ပါသည်။ ကျွန်တော်က စစ်တပ်ဖက်က လူလည်းမဟုတ်ပါ။ အထက်ကကွန်မင့်ကို ဥပမာပေးရှင်းလင်းခြင်းသာဖြစ်ပါသည်။)
    ၃) လူနည်းစုကိုလူများစုက ညှာတာရမယ်ဆိုတဲ့စကားကို ကန့်သန့်ချက်တခုဖြင့်လက်ခံပါသည်။ ထိုလူနည်းစုသည် ကောင်းသောလူနည်းစုဖြစ်ဖို့လိုပါသည်။ (ရိုင်းတယ်ထင်ရင်ခွင့်လွှတ်ပါ။) ဥပမာ.. ခွေးရူးတစ်ကောင်ဟာ ဂမူးရှူးထိုးနဲ့ ခွေးကောင်းတွေတောထဲ ၀င်ပြီးတွေ့သမျှ အလိုမကျသမျှ ခွေးတွေကိုသူနဲ့မတူလို့ဆိုပြီး လိုက်ကိုက်နေမယ်ဆိုရင် အနှီခွေးရူးကို မူလလက်ရှိခွေးကောင်းအများစုက တကောင်ထဲပါ၊အနည်းစုပါဆိုပြီး လည်းစင်းပေးပြီးအကိုက်ခံရမည်လော၊ သို့မဟုတ် ၀ိုင်းပြီး သုတ်သင်ကြရမည်လော။ ထို့ကြောင့် အနှီလူနည်းစုဆိုသူတွေသည် မိမိရောက်နေသည့်တိုင်းပြည်နဲ့ပြည်သူတွေကို အကျိုးပြုမဲ့ ကောင်းကျိုးပေးမဲ့ (သို့) ဒုက္ခမပေးမဲ့သူများဖြစ်ဖို့အင်မတန်မှ လိုအပ်လှပါသည်။
    ၄) ရိုဟင်ဂျာအမည်ခံမှ၊ဒေသခံရခိုင်တွေကို တိုက်ခိုက်စော်ကားပြီး ကမ္ဘာနဲ့မူဆလင်နိုင်ငံတွေကအာရုံစိုက်အောင်လုပ်မှ မြန်မာနိုင်ငံသားအဖြစ်ကိုရမယ်လို့ထင်ရင် တက်တက်စင်အောင်လွဲမှားပါလိမ့်မည်။ ဆန့်ကျင်ဖက်လမ်းကိုလျှောက်နေသလိုဖြစ်ပါလိမ့်မည်။ မေတ္တာ၊စေတနာ နဲ့ရိုးရိုးသားသား ဥပဒေနဲ့အညီ နိုင်ငံသားအဖြစ်ရအောင်ကြိုးစားခြင်းကသာ လက်ခံနိုင်ဖွယ်ရှိပါသေးသည်။ မြန်မာလူမျိုးတွေဟာ အကြင်နာတရားခေါင်းပါးကြသူတွေမဟုတ်ကြပါ။ ကိုယ့်ကို ကြောလာသူ၊အနိုင်ကျင့်စော်ကားလာသူဟု ထင်သူများကိုသာ လက်တုံ့ပြန်ကြခြင်းသာဖြစ်ပါသည်။
    နိုင်ငံသားဖြစ်လိုသူများအနေနဲ့ အခြားအရပ်မှမိမိဘာသာတူနိုင်ငံတွေ၊ကမ္ဘာကအခြားနိုင်ငံတွေကို မဟုတ်မမှန် လုပ်ကြံဇာတ်တွေနဲ့ မြန်မာပြည်ကို ဖိအားပေးဖို့ကြိုးစားနေရင်ဖြင့် လက်ရှိအစိုးရသာမဟုတ်၊ မြန်မာပြည်သူတရပ်လုံးရဲ့ဆန့်ကျင်မှုကိုကြုံတွေ့ရမှာ မြေကြီးလက်ခတ်မလွဲပေ။ သတိချပ်ကြစေချင်ပါသည်။
  7. အမေစု မိန့်ခွန်းပြောအပြီး LA ရှိ မြန်မာပရိတ်သတ်က အမေစုသာ မြန်မာနိုင်ငံရဲ့ သမ္မတဖြစ်ရင် ရိုဟင်ဂျာအရေးကို ဘယ်လို ဖြေရှင်းပေးမှာလဲ ဆိုတဲ့ ပထမဆုံး မေးတဲ့ မေးခွန်ကို ဖြေတဲ့မြန်မာလို အဖြေ တွေပါတဲ့ ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန် ခရီးစဉ် VCD အမှတ် ၆ ကို အင်္ဂံလိပ်လို စာတမ်းထိုးပြီး Aljazeera News Agency သို့ပို့ကာ ထုချေသင့်တယ်လို့ ကျနော်အနေနဲ့ မြင်ပါတယ်။
    “”သူများမကြိုက်တဲ့ ကုလားဆိုတဲ့ အမည်ကို မခေါ်ဖို့နဲ့၊ ဒီလိုမခေါ်ဖို့ကို ဆရာသမားနဲ့ မိဘများက တပည့်နဲ့ သားသမီးတွေကို သင်ကြားပေးဖို့ လိုတယ်လို့ LA မှာပြောဆို ခဲ့တဲ့ အကြောင်းကိုလည်း မပါ ပါအောင်ထဲ့သင့်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီရုပ်ရှင်ထဲမှာ ဆရာတော်က ကုလားဆိုတဲ့စကားကို မိုးမွှန်အောင် ခေါ်သွားလို့ပါ။”
    ကုလားဆိုတဲ့စကားကိုမိုးမွှန်အောင်ပြောသွားတယ်ဆိုတဲ့ ရုပ်ရှင်ထဲကဆရာတ်ာဆိုတာ ဘယ်ကိုယ်တော်လဲဆိုတာတော့မသိပါ။ ဒါပေမဲ့ကျွန်တော်တို့သာမန်ပြည်သူတွေရဲ့ အမြင်သဘောထားကိုနည်းနည်းလေးရှင်းချင်ပါတယ်။
    မြန်မာပြည်ထဲမှာမြန်မာတွေ ခေါ်နေကြတဲ့ ကုလားဆိုတာကတော့ လူမျိုးတရပ်ကိုသာကိုယ်စားပြုပြီး(နစ်နာစေလိုခြင်းမရှိပဲ) ခေါ်ဝေါ်ခြင်း ဖြစ်တဲ့အတွက် အခေါ်ခံရသူတွေအနေနဲ့ နာကျင်စရာကြီးကြီးကျယ်ကျယ် မရှိလောက်ဘူးလို့ထင်ပါတယ်။ ကျွန်တော်ဟာ သမိုင်းဆရာတယောက်မဟုတ်သော သာမန်လူသာဖြစ်ကြောင်းဦးစွာ ၀န်ခံလိုပါတယ်။ ဒါပေမဲ့ရှင်းလင်းပြတ်သားတဲ့ ကျွန်တော်တို့လိုသာမန်လူတွေရဲ့ ခံယူချက်နဲ့သဘောထားအမြင်ကို တင်ပြချင်လို့ပါ။ မြန်မာပြည်ထဲမှာ ဗမာ၊ကရင်၊ကချင်၊ရှမ်း၊ချင်း၊ရခိုင်…စသည်စသည်…တိုင်းရင်းသားတွေရယ်။ တရုတ်၊ကုလားလို တိုင်းတပါးသားမှ အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားဖြစ်ထားတဲ့သူတွေရှိကြပါတယ်။ ဥပမာဆိုပါတော့ဗျာ.. ကရင်ကိုကရင်လို့ခေါ်တယ်။ ရခိုင်ကိုရခိုင်လို့ခေါ်တယ်။ အဲ..တရုတ်ကိုလည်းတရုတ်လို့ပဲ ခေါ်ကြတာပဲဗျာ.. အဲဒီလိုခေါ်လို့ ဘယ်ကရင်၊ဘယ်ရခိုင်၊ဘယ်တရုတ်ကမှလည်းအဲဒီလိုခေါ်ရကောင်းမလားဆိုပြီး ကြီးကြီးမားမားဒေါသထွက် ဆူပူတာမရှိကြပါဘူး။ နောက်ပြီး တရုတ်တွေကမြန်မာတွေကို မြင်တိယန်(အသံထွက်မှားနိုင်ပါသည်) လို့ခေါ်သလို၊ ထိုင်းလူမျိုး တွေက ဖားမား လို့ခေါ်ကြတယ်။ ကျွန်တော်တို့ဘာနာစရာရှိသလဲ။ သူတို့တရုတ်တွေကို ကျုပ်တို့က တရုတ်လို့ခေါ်သလို ထိုင်းတွေကိုလည်း ယိုးဒယား လို့ခေါ်တာပဲဗျာ။ အဲလိုပဲ ကုလားကိုလည်း ကုလားမို့ကုလားလို့ခေါ်တာ ဘာများနာစရာရှိသလဲ။ (ကုလားလို့မခေါ်ပဲ ဘင်္ဂလားဒေ့ရှီတို့၊အင်ဒီယန်းတို့ခေါ်ရမှာလား။ ဒါဆိုရင်ပိုအခံရခက်လိမ့်မယ်ထင်တယ်) ။ ဒါနဲ့ကြုံလို့ ဟိုတခါဆန္ဒပြမှုတုန်းကလို ကိုမြအေး(ကိုမြအေးကို တိုင်းပြည်အတွက် အနစ်နာခံပြီး နိုင်ငံအရေးလှုပ်ရှားသူတယောက်အဖြစ်ကျွန်တော်လေးစားပါသည်) က အာဏာပိုင်တွေကိုမေးခွန်းထုတ်ဘူးတာကို အာဏာပိုင်တွေကိုယ်စားကျွန်တော် ဖြေကြည့်ချင်ပါတယ်။ သူမေးခဲ့တာက ဒါဆိုရင် နိုင်ငံ့အာဇာနည်ကြီးဦးရာဇာတ်(အစ္စလာမ်ဘာသာဝင်)ကိုရော ကုလားလို့ခေါ်မှာလားလို့။ ကျွန်တော်ကတော့ “ဟုတ်ကဲ့” ခေါ်ပါမယ်လို့ဖြေချင်ပါတယ်။ (ဒီနေရာမှာ အစ္စလာမ်ဘာသာဝင်တွေကိုမှ ကုလားလို့ခေါ်တာမဟုတ်ဘူးနော်၊ ဗုဒ္ဓဘာသာဝင်တွေ၊သံဃာတော် ကုလားတွေလည်း ဒုနဲ့ဒေး၊ ဥပမာ သိရိလင်္ကာမှာ လည်း ကုလားဗုဒ္ဓဘာသာဝင်၊ကုလားသံဃာတော် တွေရှိကြတာပဲ)။ မှန်တယ်လေဗျာ ကုလားဟာကုလားပေါ့ ဘာနာစရာရှိသလဲ။ ဦးရာဇာတ်ဟာ တိုင်းပြည်ထဲမှာနေပြီး တိုင်းပြည်အတွက်စွမ်းစွမ်းတမံ ကြိုးစားရင်းအသက်ပေးလှူသွားခဲ့တဲ့ ပြည်သူချစ်သော အာဇာနည်မြန်မာနိုင်ငံသားကုလားပေါ့ဗျာ။
    အချုပ်အားဖြင့် ဆိုလိုချင်တာက ကျွန်တော်တို့ ခေါ်နေကြတဲ့ ကုလား ဆိုတာလူမျိုးတခုကိုရည်ရွယ်ခေါ်နေခြင်းသာဖြစ်ပြီး နစ်နာစေလိုသောဆန္ဒနဲ့ နှိမ်ပြီးခေါ်တာ(လုံးဝ) မဟုတ်လို့မနာကြစေချင်ပါ။ မြန်မာပြည်ထဲမှာလည်း နိုင်ငံသားဖြစ်ထားတဲ့ ကုလားလူမျိုးတစ်မျိုး မကရှိပါတယ်။ ဥပမာ.. တမီးလ် စကားပြောနိုင်သော အန္ဒိယ အနွယ်ဖွား(ဟိန္ဒူဘာသာဝင်) ကုလား၊ ဘင်္ဂါလီစကား(ဆန်ဆန်)ပြောနိုင်သော (မူလလူမျိုးဘင်္ဂါလီ လားဆိုတာတော့မပြောတတ်ပါ)(မူဆလင်) ကုလား..စသည်စသည် ဆိုတာမျိုးပေါ့။ တခါ တရုတ်ဆိုရင်လည်း တရုတ်စကားပြောသော မြန်မာပြည်ပေါက်တရုတ်တွေလည်းရှိတာပဲ။ ဒါပေမဲ့ တရုတ်ကို တရုတ်လို့ခေါ်တာကိုတရုတ်တွေ မနာကြသလို၊ကုလားကို ကုလားလို့ခေါ်တာကိုလည်း နာစရာမလိုပါဘးလို့ထင်ပါတယ်ဗျာ။
    (စကားချပ်။ ။ သို့ပေမဲ့ လူမျိုးတိုင်းမှာ မြင့်မြတ်သော၊ယုတ်ညံ့သော၊ဖြူစင်သော၊ညစ်ပတ်သော စိတ်ထားပိုင်ရှင်တွေရှိကြပါသဖြင့် ကုလားတိုင်းဟာလည်း မကောင်းကြသလို မြန်မာတိုင်းဟာလည်း အပြစ်မကင်းကြပါ။ ကျုပ်တို့ရဲ့ နိုင်ငံ့အာဇာနည်ကြီးက ကုလားဖြစ်လို့ ကုလားတိုင်းဟာကောင်းတယ်လို့ မဆိုနိုင်ဘူးနော်။ ဗိုလ်ချုပ်အောင်းဆန်းက လေးစားဖွယ်မြန်မာဖြစ်တိုင်းလည်း မြန်မာတိုင်း လေးစားစရာကောင်းတာမဟုတ်ပါ။ ဒါဟာသဘာဝဖြစ်ပါတယ်။)