၈၂ နိုင်ငံသားဥပဒေ နိုင်ငံတကာ အဆင့်မီသင့်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော | ဧရာဝတီ
သတင်း
၈၂ နိုင်ငံသားဥပဒေ နိုင်ငံတကာ အဆင့်မီသင့်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
Hits:32,909
  | |
ပြည်သူ့လွှတ်တော် တက်ရောက်နေသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
မြန်မာနိုင်ငံတွင် နိုင်ငံသားဖြစ်ခွင့်၊ မဖြစ်ခွင့်ကို နိုင်ငံတော်နှင့် နိုင်ငံသားများက အဓိက ဆုံးဖြတ်ရမည်ဖြစ်သော်လည်း ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေသည် နိုင်ငံတကာအဆင့်မီသင့် ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။
ယနေ့ နေပြည်တော်တွင် ပြည်သူ့လွှတ်တော်အစည်းအဝေးတက်ရောက်နေသော ဒေါ်အောင်ဆန်းစုကြည်ကို ဧရာဝတီသတင်းဌာနက နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်များဖြစ်ကြသည့် အရှေ့တီမောနိုင်ငံ သမ္မတဟောင်း ဂျိုဆေးရာမို့စ် ဟော်တာ နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ စီးပွားရေးပညာရှင် မိုဟာမက် ယူနွတ်စ်တို့ နှစ်ဦး အမေရိကန် အွန်လိုင်းသတင်းစာ ဟပ်ဖ်တင်တန်ပို့စ်တွင် မြန်မာနိုင်ငံရှိ “ရိုဟင်ဂျာ”များသည် တရားမ၀င် ခိုးဝင်လာသူများ မဟုတ်ကြဘဲ နိုင်ငံသားဖြစ်သင့်ကြောင်းနှင့် ၁၉၈၂ နိုင်ငံသားဥပဒေကို ပြင်သင့်ကြောင်း ရေးသားချက်အပေါ် မည်သို့မှတ်ချက်ပြုချင်ပါသနည်းဟု မေးမြန်းရာ အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။
” တိုင်းပြည်တပြည်ရဲ့ နိုင်ငံသားဖြစ်မှု၊ မဖြစ်မှုဆိုတာ ဒီနိုင်ငံကပဲ ဆုံးဖြတ်ရမှာပဲ။ ဒါပေမယ့်လည်း ဆုံးဖြတ်တဲ့နေရာမှာ နိုင်ငံတကာအဆင့်တော့ မီရမှာပေါ့”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။
နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်များက ယင်း “ရိုဟင်ဂျာ”များကို မြန်မာနိုင်ငံသား ဖြစ်ပိုင်ခွင့်ပေးခြင်းအားဖြင့် အစွန်းရောက်များ ဖြစ်လာနိုင်မှုကို ရှောင်လွှဲနိုင်မည်ဖြစ်ပြီး မြန်မာ့ဖွံ့ဖြိုးရေးတွင် ၎င်းတို့၏ လုပ်အားကိုလည်း အသုံးချနိုင်ကြောင်း၊ ၎င်းတို့အပေါ် အကြင်နာ မထား ပြုမူဆက်ဆံမှုကို အမြတ်ထုတ်မည့် အကြမ်းဖက်ဝါဒီများနှင့် အစွန်းရောက်ဝါဒီများ၏ အခွင့်မပေးသင့်ကြောင်း၊ အင်အားတောင့်ပြီး တည်ငြိမ်မှုရှိသော ဒီမိုကရက်တစ်မြန်မာနိုင်ငံ ပေါ်ထွန်းရေးသည် ဒေသတွင်းနိုင်ငံများ၏ အကျိုးစီးပွားဖြစ်သည်သာမက ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကိုပါ အထောက်အကူ ဖြစ်စေကြောင်း ရေးသားထားသည်။
ထို့အပြင် မကြာသေးမီက ရခိုင်နှင့် ကချင်ပြည်နယ်များသို့ လာရောက်ခဲ့သော မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာကင်တားနားကလည်း ၁၉၈၂ ခုနှစ်နိုင်ငံသား ဥပဒေပြင်ဆင်သင့်သည်ဟု ပြောဆိုချက်အပေါ်တွင်လည်း ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံ၏ အခြေအနေနှင့် ဆီလျှော်သည်၊ မဆီလျှော်သည်ကို လေ့လာဆုံးဖြတ်ရမည်ဖြစ်သော်လည်း နိုင်ငံတကာ စံချိန်စံညွှန်းများကိုလည်း ထည့်သွင်းစဉ်းစားသင့်ကြောင်းလည်း ပြောသည်။
” နိုင်ငံခြားက ပညာရှင်တွေပြောတဲ့ကိစ္စတွေကို နားထောင်သင့်တယ်၊ လေ့လာသင့်တယ်၊ ကိုယ့်ရဲ့နိုင်ငံနဲ့ ဆီလျှော်သည် မဆီလျှော်သည်ဆိုတော့ နောက်ဆုံးတော့ ကိုယ့်ဟာကိုယ်ဆုံးဖြတ်ရမှာရပေါ့။ အဲဒီတခါတည်းမှာပဲ နိုင်ငံတကာ အဆင့်တော့ မီအောင်လုပ်ရမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ယနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ရခိုင်ပြည်နယ်မှ စစ်တွေမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးခင်မောင်ညိုက ရခိုင်ပြည်နယ်တွင် တိုင်းတပါးသား လူဦးရေ ထိန်းချုပ်ရေး ဆောင်ရွက်ရန် ဒေသန္တရ အမိန့်ထုတ်ပြန်ပေးရန် ရှိ၊ မရှိ မေးမြန်းရာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ရခိုင်ပြည်နယ်အတွင်းသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ခိုးဝင်လာသူများ မ၀င်ရောက်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရနှင့် ဒေသဆိုင်ရာ အစိုးရများပူးပေါင်းဆောင်ရွက်လျက်ရှိ ကြောင်း ရှင်းလင်းပြောဆိုသည်။
“ရခိုင်ပြည်နယ်က တဖက်နိုင်ငံနဲ့ နယ်နမိတ်ချင်း ထိစပ်လျက်ရှိတဲ့အတွက် လုံခြုံရေးဆိုင်ရာကိစ္စတွေ၊ တရားဥပဒေစိုးမိုးရေးကိစ္စတွေ၊ တဖက်နိုင်ငံမှ ဘင်္ဂါလီလူမျိုးများ တရားမ၀င် ၀င်ထွက်နေမှု ထိန်းချုပ်ကာကွယ်ဖို့အတွက်ကို နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေးကွပ်ကဲမှုဌာနချုပ်ကို နယ်မြေ ၉ ခု စခန်း ၂၆ ခုနဲ့ဖွင့်လှစ်ဆောင်ရွက်ခဲ့ပါတယ်။ ဒီလို ထိန်းချုပ်ဆောင်ရွက်ခဲ့ပေမယ့်လည်း တဖက်နိုင်ငံက ဘင်္ဂါလီလူမျိုးများက ဘင်္ဂလားပင်လယ်အော်ကိုဖြတ်ပြီးတော့ စစ်တွေမြို့အရှေ့ဘက်မှာရှိတဲ့ ဆင်တပ်မှော်မြစ်၊ အာကူးမြစ်၊ ကျွဲကူးမြစ်တို့ကတဆင့်ရေကြောင်းက ခိုးဝင်မှုများရှိလာတဲ့အတွက် စစ်တွေမြို့မှာ နယ်မြေရုံးတရုံးနဲ့ စခန်း ၂ ခု၊ ပေါက်တောမြို့နယ်မှာလည်း နယ်မြေတရုံးနဲ့ စခန်း ၂ ခု စုစုပေါင်း နယ်မြေရုံး ၂ ရုံးနဲ့ စခန်း ၄ ခုကို ၂၀၁၂ ခုနှစ် ၊ ဇူလိုင်လ ၈ ရက်နေ့မှာပဲ ထပ်မံဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါတယ်” ဟု ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ရှင်းပြသည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၂ခုနှစ်နှစ်လယ်ပိုင်းမှစတင်ပြီး မတူညီသော လူမျိုးနှစ်ခုအကြား ပဋိပက္ခများကြောင့် ကလေးများ၊ အမျိုးသမီးများအပါအဝင် ထိခိုက်သေကျေ ဆုံးရှုံးများဖြစ်ပေါ်ခဲ့ပြီး ဒုက္ခသည် တသိန်းကျော်ရှိနေကြောင်း ကုလသမဂ္ဂနှင့် မြန်မာအစိုးရ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများ စတင်ခဲ့ချိန်မှ ပြီးခဲ့သည့်လအထိ မြန်မာဘက်မှ တရားမဝင် ဝင်ရောက်လာ သည့် မြန်မာမွတ်စလင်များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဖမ်းဆီးပြန်ပို့သည့် လူဦးရေ ၁ သောင်းကျော်သွားပြီ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်ခြားစောင့်တပ် အရာရှိ၏ အဆိုအရ သိရသည်။ ထို့ပြင် ထိုင်းနိုင်ငံကလည်း ရခိုင်ပြည် မြောက်ပိုင်းမှ မြန်မာမွတ်စလင် ၆၀၀၀ ရောက်လာခဲ့ကြောင်း ဆိုသည်။
ဖေဖော်ဝါရီလဆန်းပိုင်းက နေပြည်တော်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ထိုသို့ ပြန်ပို့ခံရသူ မြန်မာမွတ်စလင်များအား နိုင်ငံသား မဟုတ်သော်လည်း နိုင်ငံမဲ့မဖြစ်စေလို သောကြောင့် မြန်မာနိုင်ငံတွင်း နေထိုင်ခွင့် ပေးထားခြင်းဖြစ်သည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဦးခင်ရီက ပြောဆိုခဲ့သည်။
WSJ LIVE VIDEO:
15 Responses
Leave a Reply
  1. we already decided.no noway never.
  2. daw su is water follow fish follow… she is in the group of burmese junta … we dont know how thein sein seduce her and obama ??//:(
  3. 1982 ဥပဒေကိုမပြင်ဘဲနိုင်ငံတကာစံမှီပါ့မလား?
  4. ​ရော​သ​မ​မွေ
    ” တိုင်းပြည်တပြည်ရဲ့ နိုင်ငံသားဖြစ်မှု၊ မဖြစ်မှုဆိုတာ ဒီနိုင်ငံကပဲ ဆုံးဖြတ်ရမှာပဲ။ ဒါပေမယ့်လည်း ဆုံးဖြတ်တဲ့နေရာမှာ နိုင်ငံတကာအဆင့်တော့ မီရမှာပေါ့”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။”
ြ​ကီး​ပါ​။အ​ထူး​သြ​ဖင့်​ဘယ်လို နိုင်ငံ​တွေက​တင်ြး​ကတ်တယ်ဆို​တာ​လေ့​လာ​စေြ​ခင်ပါ​တယ်
  5. We admire you ,Daw Su. But we don’t agree to you on that point. It is our national security. We think OIC countries should accept them to live in their countries if they really have goodwill. It is a win-win situation and we will be very grateful. Long live myanmar !!!
  6. ကိုတရုတ်
    ဘယ်သူတွေနိုင်ငံသားဖြစ်သင့်တယ်ဆိုတာမှတ်ပုံတင်လုပ်မှပိုသိလာရပါတယ်။
    သွေးနှောလို့တဲ့ ဘာသွေးလဲမေးတော့တရုတ်သွေးတဲ့ ကျွန်တော်ကြားဖူးတာ A, B, O စသဖြင့်ပေါ့။
    ဘာပဲဖြစ်ဖြစ်တဲ့ ပိုက်ဆံပေးရင် မှတ်ပုံတင်ချက်ချင်းလုပ်ပေးမယ်တဲ့ ဘယ်လောက်လဲမေး
    တော့ ငါးသောင်းကျပ် ကတိုင်းရင်းသားတွေအတွက် ကျွန်တော်တို့လိုက ပိုနိုင်တယ်ပေါ့။
    တစ်သိန်းခွဲ ပေးရင်အိမ်အထိလက်ပွေလိုက်နှိပ်ပေးတယ်ဆိုပဲ။ အ၀င်ဝက လ၀က ပွဲစားကအ
    ကို သုံးလေးငါးသောင်းလောက်ကျမယ်တဲ့ ရတော့ရမယ်တဲ့။ ဘာမှမပေးလဲရတော့ရမယ်တဲ့
    တိုင်တာဘာတာမလုပ်အောင် လိုအပ်တာအကုန်လုပ်ပေးမယ် ဒါပေမယ့် မှတ်ပုံတင်က ဘယ်
    တော့ရနိုင်မယ်ဆိုတာအာမမခံဘူးတဲ့ တစ်နှစ်မကဘူးလို့ပြောတယ်။
    မင်းတို့ပြောတော့ တစ်ဆယ်ကျပ်နဲ့ ၂၈ ရက် တို့ဘာတို့စာတွေချိတ်ထားတယ်။ အကိုက တ
    ရုတ်သွေးရောလို့တဲ့။ ဘာလဲ ငွေပေးရအုံးမှာပေါ့။ ပေးမှလုပ်ပေးမှာပေါ့ မပေးရင် မိုးပွင့်
    စီမံချက်တို့ဘာတို့ပဲရတာတဲ့။ မင်းတို့မှတ်ပုံတင်ရဖို့ကိုငါကတောထဲမှာသူပုန်သွားလုပ်ရ
    အုံးမယ်ပေါ့။
    ဘာလူမျိုးပဲဖြစ်ဖြစ်မြန်မာနိုင်ငံမှာမှတ်ပုံတင်ရချင်ရင် ပိုက်ဆံသာပေးလုပ်ကြပါတော့။
  7. No matter what they say or what we hear, useless military dictatorship(Ne Win and Than Shwe) was the blame for illegal immigration. I hope Than Shwe does not die before facing prosecution. Ne Win was gone without humiliated by the people he made their lives miserable. Long live Than Shwe to face humiliation.
  8. စင်္ကာပူ ဆိုလဲ ခိုးဝင်ရင် ကြိမ်ဒဏ် အမေရိကန်ဆိုလဲ တရားမဝင် ၁၁သန်းရှိတယ်။ ထိုင်းမှာ မြန်မာ ၄သန်း နိုင်ငံသားဖြစ်ခွင့်မရှိဘူး။ဘယ်သူမှ ဇောတက မတက်ဘူး။ ကြိမ်ဒဏ်ပေးတာ နိုင်ငံတကာစံလား။ အလုံးအရင်းနဲ့ဝင်လာတဲ့ လူတွေ အန္တရာယ်ကာကွယ်ဖို့ ကျနော်တို့လဲ အဲလို စဉ်းစားသင့်တယ်။ ဒီလိုမှမဟုတ်ရင်တော့ လဘ်စားတဲ့ ယဉ်ကျေးမှုမှာ လူ့အဖွဲ့အစည်းတစ်ခု တိုးတက်ဖို့မဖြစ်နိုင်ဘူး။ကျနော် ပြောချင်တာက ၁၉၈၂ ဥပဒေ နဲ့ နိုင်ငံသားပေးလိုက် လောလောလတ်လတ် ခိုးဝင်လာတဲ့ လူတွေ မောင်းထုတ်လိုက်။ ဘယ်သူ့မှ သနားစရာမလိုဘူး။ ထိုင်းက ကျနော်တို့ မြန်မာ တွေလဲ မြန်မာ အစိုးရလက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ နယ်စပ်တံတားမှာသွားသွန်(သွားပို့) တာပဲ။ အဲလိုမှ မလုပ်ရင် ဒေသခံရခိုင်တွေ ကို လျစ်လျူရှု ရာ၊ မကာကွယ်ရာကျမယ်။ ပြီးတော့ လက်ရှိ လဝက ဝန်ကြီး ခင်ရီကိုဖြုတ်လိုက်ပါ။ ရခိုင်ဝန်ကြီး တစ်ယောက်ခန့်လိုက်ပါ။ ရခိုင်ပြည်နယ်ဝင်ပေါက်ကို ရခိုင်တစ်ယောက်ကိုင်တွယ်တာ သဘာဝပိုကျမယ်ထင်ပါတယ်။ ကျနော် ရခိုင်မဟုတ်ပါဘူး။ ရခိုင်နယ်မြေလုံခြုံရေး ရခိုင်တွေ ဆုံးဖြတ်သင့်တယ်ထင်လို့ပါ။လဝကနဲ့နယ်ကြားစောင့်တပ်ကို ဖျက်သိမ်းပြီး အသစ်ပြန်ဖွဲ့ပါ မန်းလေးမှာလဲ တရုတ်တွေ ရခိုင်မှာလဲ တရားမဝင်ဘင်္ဂါလီတွေ ဒါဒင်းတို့လတ်စားလို့ ဖြစ်ရတာ။ ဒေါ်စုမကလို့ ဗိုလ်ချုပ်အောင်ဆန်းပဲ ဖြစ်ဖြစ် လက်ရှိ ဌာနေတိုင်းရင်းသား အကျိုးစီးပွား ကိုအရင်ကာကွယ်ရမှာဖြစ်ပါတယ်။ သူတို့ကို အရင်ကာကွယ်ရမှာဖြစ်ပါတယ်။ နိုင်ငံတကာအကြိုက်လိုက်ပြောနေရအောင် ကုလသမ္မဂ္ဂအတွင်းရေးမှူးချုပ်မို့လို့လား။ တိုင်းရင်းသားပြည်သူတွေ ရဲ့အကျိုးစီးပွားကိုသွေဖီရင် ဘယ်သူ့ကိုမှ မထောက်ခံသင့်ကြောင်းတင်ပြချင်ပါတယ်။
    • မှန်ကန်ပါတယ်။ လဝကနဲ့နယ်ကြားစောင့်တပ်က လာဘ်စားတဲ့သူတွေအကုန်ဖြုတ်ပစ်ပြီးရခိုင့်မြေ ရခိုင်ကာကွယ်ပါစေ။ မြန်မာအစိုးရက ကြီးကြပ်ပြီး၊စောင့်ကြည့်ယုံပဲနေပါ။ ၀င်မရှုပ်ပါနဲ့။ ခင်ဗျားတို့ဝင်ရှုပ်လေ မြန်မာပြည်ထဲမှာ ဘင်္ဂါလီတွေတိုးပွားလာလေ၊ ပြီးတော့ခင်ဗျားတို့ပိုပိုပြီးချမ်းသာလာလေပဲ။ ခင်ဗျားတို့ချမ်းသာဖို့တခုအတွက်နဲ့တော့ တိုင်ပြည်နဲ့ဘာသာကို မရောင်းစားကြပါနဲ့။ ရခိုင်လူမျိုးတွေလည်းနစ်နာလှပါပြီ။ ကျွန်တော်က ဗမာတယောက်ပါ။
  9. i don’t like Daw Suu Kyi’s comment. i don’t think she should be myanmar citizen.
  10. To/ daw su
    Please think about our country. We don’t accept rohinjar .Please think our future.
    Why u thinking pressure of U.N ? They(United state, England, …..) should accept them because they are rich country.
  11. hi
    daw su just a puppet of usa … she will do anything to make usa pleased …. she can’t say no to usa … is there anyone who thinks daw su do just for burma ? if burma is in her hands burma will be a colony country ….
  12. daw su just says blah blah to make pleased for usa … it is clear that she is doing just for burmese people .. not different from burmese junta than shwe and thein seine…. burmese people still think she is heroic …. now she and nld are same side with junta … brumese people no hope :(