ဘင်္ဂလားဒေ့ရှ်ရောက် တိုင်းရင်းသားများ ရခိုင်တွင် အခြေပြန်ချရေး အစိုးရ ကူညီမည် | ဧရာဝတီ
သတင်း

ဘင်္ဂလားဒေ့ရှ်ရောက် တိုင်းရင်းသားများ ရခိုင်တွင် အခြေပြန်ချရေး အစိုးရ ကူညီမည်

Hits:10,589
  | |

ရခိုင်ပြည်နယ် မောင်တောမြို့ အဝင်ဝ မုခ်ဦး (ဓာတ်ပုံ – နိရဉ္စရာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ရောက်ရှိ နေထိုင်ကြသည့် ရခိုင်နှင့် ရခိုင် မျိုးနွယ်စု တိုင်းရင်းသားများအနေဖြင့် မြန်မာနိုင်ငံတွင် ပြန်လည် အခြေချ နေထိုင်လိုပါက ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် နေရာချပေးမည်ဖြစ်ကာ နေအိမ်နှင့် လယ်ယာမြေများ အခမဲ့ ထောက်ပံ့ပေးမည်ဟု သတင်းရရှိသည်။

“ရခိုင်နဲ့ ရခိုင်မျိုးနွယ်စုတွေအပြင် ကိုယ့်တိုင်းရင်းသားတွေဆိုရင် ဘယ်တိုင်းရင်းသား ဖြစ်ဖြစ် လက်ခံပေးမှာပါ။ မိသားစု တခုအတွက် နေအိမ်နဲ့ခြံဝင်းတခု၊ စားဝတ်နေရေးအတွက် လယ် ၂ ဧကလည်း ပေးမယ်” ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ပြန်ကြားရေး တာဝန်ခံ ဦးဝင်းမြိုင်က ဧရာဝတီသို့ ပြောသည်။

ထိုသို့ ဆောင်ရွက်ရခြင်းမှာ မောင်တောဒေသ၌ မြန်မာနိုင်ငံသား တိုင်းရင်းသား လူမျိုးဦးရေ အဆမတန် နည်းပါးနေခြင်းကြောင့် ဖြစ်ကြောင်း၊ အလားတူ ဘင်္ဂလားဒေ့ရှ်ရောက် တိုင်းရင်းသား လူမျိုးများမှာလည်း လုံခြုံရေး စိုးရိမ်ရမှုနှင့် စီးပွားရေး အခက်အခဲများ ရှိနေခြင်းတို့ကြောင့် ဖြစ်ကြောင်း၊ တချို့မှာ မိမိနိုင်ငံ၊ မိမိတို့ ဒေသသို့ ပြန်လည် အခြေချ နေထိုင်လို၍ ယခုကဲ့သို့ စီစဉ်ရခြင်း ဖြစ်ကြောင်း ဦးဝင်းမြိုင်က ရှင်းပြသည်။

ဘင်္ဂလားဒေ့ရှ်ရောက် ရခိုင်တိုင်းရင်းသားများနှင့် ရခိုင်မျိုးနွယ်စုများ၊ တခြား တိုင်းရင်းသားများက ရခိုင်ဒေသသို့ သွားရောက်၍ အခြေချ နေထိုင်လိုသော်လည်း လက်ရှိအနေအထားအရ လုံခြုံရေး စိုးရိမ်ကြောင်း၊ ထို့အတူ မိသားစု၏ ရေရှည် စားဝတ်နေရေးကိုလည်း စိတ်ပူပန်ကြောင်း ဘင်္ဂလားဒေ့ရှ်မှ ရခိုင်အမျိုးသားတဦးက ပြောသည်။

“အဓိက စိုးရိမ်တာ လုံခြုံရေးပါ။ အရင်ကလည်း အစိုးရက အဲဒီလိုပြောတော့ ပြောင်းသွားတဲ့ မိသားစုတွေ ရှိတယ်။ ဒါပေမယ့် လုံခြုံမှု မရှိတော့ ဒီဘက် ပြန်ရောက်လာကြတယ်။ အလုပ်အကိုင်လည်း ရှားပါးတော့ ရေရှည်မနေနိုင်တဲ့ အတွက် ပြန်လာတယ်။ အစိုးရက လယ်လုပ်ဖို့ နွား ၂ ကောင်ပေးမယ် ပြောပြီး ၁ ကောင်ပဲပေးတော့ အဆင်မပြေကြဘူးပေါ့” ဟု ၎င်းက ဆိုသည်။

သို့သော်လည်း လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်ရောက် ရခိုင်တိုင်းရင်းသားများနှင့် ရခိုင်မျိုးနွယ်စုများမှာ ဘင်္ဂလားဒေ့ရှ်မှ အစွန်းရောက် မွတ်စလင်များ၏ ခြိမ်းခြောက်ခံရမှု၊ မွတ်စလင် လူဦးရေက အဆမတန် များပြားနေမှုများကြောင့် ရခိုင်နှင့် တိုင်းရင်းသား မျိုးနွယ်စုများမှာ ရခိုင်ပြည်နယ်သို့ ထောင်သောင်းချီ၍ ကူးပြောင်းလာနိုင်ခြေရှိကြောင်း၊ ဘင်္ဂလားဒေ့ရှ်ဘက်တွင် ရခိုင်နှင့် ရခိုင်မျိုးနွယ်စုများ ဖြစ်သည့် မာရမာကြီး၊ မြို၊ သက်၊ ခမီ၊ ဒိုင်းနက် စသည့်တိုင်းရင်းသား ဦးရေ သိန်းချီ၍ နေထိုင်ကြောင်း သိရသည်။

မောင်တောဒေသ၌ မွတ်စလင်ဦးရေ ၆ သိန်းကျော်ရှိပြီး ရခိုင်နှင့် တခြား တိုင်းရင်းသားဦးရေမှာမူ ၂ သောင်းခန့်သာရှိ၍ ရန်ကုန်တိုင်းရှိ မြို့နယ်များမှ အိမ်ခြေယာခြေမဲ့များ၊ ရာဇဝတ်မှုဖြင့် ထောင်မှ ထွက်လာသူများကို နိုင်ငံတော် အစိုးရက မောင်တောဒေသို့ ပြောင်းရွှေ့၍ နယ်စပ်ဒေသ တိုင်းရင်းသား လူမျိုးများရွာ (နတလ) စံပြကျေးရွာများ တည်ဆောက်ပေးထားကြောင်း သိရသည်။

“မောင်တောမှာ ဘင်္ဂါလီတွေတွေရဲ့ ရန်ကို ကြောက်ရသလို ရန်ကုန်ဘက်က နေရာချပေးထားတဲ့ သူတွေကလည်းပဲ အများစုက လူဆိုး၊ လူမိုက်တွေများတော့ သူတို့ကိုလည်း စိုးရိမ်တယ်။ အဲဒီကိစ္စတွေအတွက် အစိုးရက လုံခြုံရေးကို သေချာ တာဝန်ယူပေးတာ မရှိဘူး” ဟု ပြီးခဲ့သည့်နှစ် အနည်းငယ်က မောင်တောသို့ ပြောင်းရွှေ့ အခြေချနေထိုင်သူတဦးက ပြောသည်။

ဘင်္ဂလားဒေ့ရှ်ဘက်မှ မကြာသေးခင်က ပြောင်းရွှေ့လာသည့် မိသားစု ၄၀ ကျော်ကို ခရေမြိုင် ကျေးရွာနှင့် လောင်းတုံ ကျေးရွာတို့တွင် နေရာချပေးထားကြောင်း၊ ၎င်းတို့အတွက် အိုးခွက်၊ ပန်းကန်များ၊ စားစရာ တချို့ကို အာဏာပိုင်များက ထောက်ပံ့ပေးထားကြောင်း သိရသည်။

မောင်တောဒေသသို့ ပြောင်းရွှေ့လိုသည့် ဘင်္ဂလားဒေ့ရှ်ရောက် တိုင်းရင်းသား မိသားစုများသည် မောင်တော နယ်စပ် တာဝန်ရှိသူများကို ဆက်သွယ်နိုင်ကြောင်း၊ နယ်စပ်ဒေသ စခန်းများတွင် အလွယ်တကူ ဆောင်ရွက်ပေးနိုင်ရန် နိုင်ငံတော် အစိုးရက ဆောင်ရွက်ပေးထားကြောင်း၊ ၎င်းတို့၏ လုံခြုံရေးကိုလည်း တာဝန်ယူ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဦးဝင်းမြိုင်က ပြောသည်။

မောင်တောမြို့နယ် အပါအ၀င် ရခိုင်ဒေသ၌ ၂၀၁၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ပန်ဝါ အရပ်၌ ဗုဒ္ဓဘာသာဝင်များအား အကြမ်းဖက်မှုကြောင့် ဘင်္ဂလားဒေ့ရှ်ရောက် ရခိုင်နှင့် ရခိုင်မျိုးနွယ်စု တိုင်းရင်းသားများမှာ ဘင်္ဂလားဒေ့ရှ် အစိုးရ၏ အတိုက်အခံပါတီဖြစ်သော ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီ (BNP) အာဏာ ရလာပါက နှိပ်ကွပ်ခံရမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။


5 Responses

Leave a Reply

  1. မင်းကြီးညို

    ဘင်္ဂလားဒေ့ရှ်မှ ရခိုင်နှင့် ရခိုင်မျိုးနွယ်တိုင်းရင်းသားအားလုံးကို မြန်မာအစိုးရမှခေါ်ယူပြီး
    ရခိုင်မှ ဘင်္ဂါလီအားလုံးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြန်ပို့ပါ။ အလဲအလှယ်လုပ်ကြပါ။ ဒါမှသာ
    တူညီသောမျိုးနွယ်စုအချင်းချင်း ပေါင်းဆုံမိသွားမယ်။ လုံခြုံရေးလည်း စိတ်ချသွားရမယ်။
    ပဋ္ဋိပက္ခတွေလည်း ဖြစ်စရာ အကြောင်းမရှိတော့ဘူး။

    • မှန်ပါတယ်။ အဲဒီလိုလုပ်သင့်ပါတယ်။ မြန်မာနိုင်ငံက မိမိတိုင်းရင်းသားလူမျိုးတွေကို ကြိုဆိုနေရာချပေးနေချိန်မှာ ဘင်္ဂလားဒေ့ရှ်ကတော့ သူတို့ရဲ့ဘာသာစကားတူ၊ ကိုးကွယ်သည့်ဘာသာတူသော ဘင်္ဂါလီတွေကို ခါးခါးသီးငြင်းပြီးပြန်မောင်းထုတ်နေပါတယ်။
      ဒီကိစ္စကို မြန်မာအစိုးရအနေနဲ့ကမ္ဘာသိအောင်လုပ်သင့်ပါတယ်။ မြန်မာအစိုးရက ဖာသိဖာသာလုပ်နေတယ်ဆိုရင် ကိုယ့်ဘက်ကအများကြီးနစ်နာပါတယ်။

  2. အောင်တင်

    လက်ရှိဒီမိုကရေစီအစိုးရဆိုသူတွေဟာ သွေးနှင့် ဝမ်း မခွဲခြားတတ်သေးတာလား။ လူမျိုးရေး အထိကရုဏ်းတွေကို ဆက်လက်ဖန်တီးနေချင်တာလားဆိုတာ အောက်ပါသတင်းကို ဖတ်ခြင်းဖြင့် မေးခွန်းထုတ်စရာဖြစ်နေတယ်။

    မြန်မာပြည်က အကြောင်းအမျိုးမျိုးကြောင့် ထွက်ခွာသွားရတဲ့ တိုင်းရင်းသားမှန်သမျှက မြန်မာတိုင်းရင်းသားတွေဖြစ်လို့ မြန်မာပြည်ကို ပြန်လည်အခြေစိုက်ခွင့် ရှိကြပါတယ်။ ဘယ်လိုစိစစ်ပြီး ပြန်အခြေစိုက်ကြမှာလဲက မေးကိုမေးရမဲ့ မေးခွန်းဖြစ်ပါတယ်။ မြန်မာပြည် တနံတလျှားမှာ နှစ်နိုင်ငံနယ်စပ်ကို ခွပြီးမနေထိုင်ကြတဲ့ တိုင်းရင်းသားဆိုတာ မရှိသလောက်ပါဘဲ။ နိုင်ငံလွတ်လပ်ရေးရတော့ နယ်နိမိတ် သတ်မှတ်ချက်အရ ဟိုဖက်မှာနေသူတွေက ဟိုနိုင်ငံသား၊ ဒီဖက်နေသူတွေက ဒီနိုင်ငံသားဖြစ်ကြရတာပါ။

    ဟိုဖက်မှာနေတဲ့ မျိုးနွယ်တူ မြန်မာနိုင်ငံသားတွေတိုင်းသာ မြန်မာပြည်ကို ပြန်ခွင့်ရမယ်ဆိုရင်တော့ မြန်မာနိုင်ငံက တံခါးမရှိ၊ ဓါးမရှိတဲ့ နိုင်ငံဖြစ်သွားမှာပေါ့။ တိုင်းပြည်ပျက်သွားမှာပေါ့။ ဒါဆို ဝတွေ၊ ကိုးကန့်တွေကိုလည်း လက်ခံလိုက်ကြလေ။ တရုပ်ပြည်မှာ အဆင်ပြေတဲ့ တရုပ်တွေကတော့ ဝဆိုပြီး၊ ကိုးကန့်ဆိုပြီး မြန်မာပြည်ကို လာကြမှာ မဟုတ်ပါဘူး။ မြန်မာပြည်ကို ဝ၊ ကိုးကန့်အမည်တွေနဲ့ ဝင်လာမဲ့ တရုပ်တွေက မြန်မာပြည်မှာ ပိုအခွင့်အလမ်းရှိမှ လာမှာပေါ့။ မဟုတ်ရင် ဟိုမှာ အဆင်ပြေလျှက်နဲ့ ဟိုနိုင်ငံသားအခွင့်အရေးတွေ ရနေလျှက်နဲ့ မရေရာ မသေချာသေးတဲ့ မြန်မာပြည်ကို လာနေစရာ အကြောင်းမရှိပါဘူး။

    ရခိုင်သမိုင်းအရ ဗုဒ္ဓဘာသာဝင်ကော၊ မွတ်စလင်တွေကော ဘင်္ဂလားဒက်ကို စစ်ကြောင့် ပြေးကြ၊ ပြန်ဝင်ကြရှိနေပါတယ်။ အခုလက်ရှိမှာ ဘင်္ဂလားဒက်မှာ အခြေစိုက်နေထိုင်နေကြတဲ့ ရခိုင်တွေက ဘင်္ဂလားဒက်နိုင်ငံသားတွေဖြစ်ပြီးနေကြပြီး၊ အစိုးရ ဝန်ထမ်းတွေ၊ အုပ်ချုပ်ရေးမှူးတွေ၊ စစ်ဗိုလ်တွေ၊ စီးပွါးရေး၊ လယ်ယာစသည်တွေကို တန်းတူလုပ်ကိုင်ခွင့် ရနေကြသူတွေသာ ဖြစ်ပါတယ်။ ဘင်္ဂလီလို့ အခေါ်ခံနေရတဲ့ ရိုဟင်ဂျာတွေကသာ ဘင်္ဂလားဒက်က နိုင်ငံသားအဖြစ် လက်မခံတာပါ။ ရခိုင်တွေမှာက ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေတောင် ရနေကြပါတယ်။ ပြသနာပေါင်းသောင်းခြောက်ထောင် ဖြစ်နေတဲ့၊ သွေးညှီနံ့တွေ နံနေဆဲဖြစ်တဲ့ ရခိုင်ပြည်နယ်ကို ခုနေခါ မြန်မာပြည်ထက် လူ့အခွင့်အရေးအရကော၊ စီးပွါးရေး၊ လုံခြုံရေးအရကော အဘက်ဘက်က မြင့်နေ၊ ခိုင်လုံနေသူ ရခိုင်လူမျိုး ဘယ်နှစ်ယောက် တိုင်းပြည်ထူထောင်ရေးအတွက် ပြန်လာကြမှာလဲဆိုတာကလဲ မေးသင့်တဲ့ မေးခွန်းဖြစ်ပါတယ်။

    မြန်မာပြည်ထက် စီးပွါးရေးသာနေတဲ့အတွက် ဘယ်ဘင်္ဂလီကကော ရိုဟင်ဂျာယောင်ဆောင်ပြီး ပေါ်တာအဆွဲခံဖို့၊ အဆဲခံ၊ အနှိမ်ခံဖို့ မြန်မာပြည်ကို ဝင်လာကြမှာလဲ။ လက်ရှိ ဘင်္ဂလားဒက် ဒုက္ခသည်စခန်းမှာ မြန်မာအစိုးရ လက်ခံထားပြီးသားဖြစ်တဲ့ ရိုဟင်ဂျာတွေတောင် မြန်မာပြည်ကို မပြန်နိုင်ပါဘူးဆိုပြီး ငြင်းနေတာ မတွေ့ကြဘူးလား။ လက်တွေ့ကျကျ စဉ်းစားတတ်ကြသူ၊ အမှန်တရားကို လက်ခံစဉ်းစားချင်သူ နည်းပါးလှတဲ့ မြန်မာနိုင်ငံပါ။

    ဘင်္ဂလားဒက်မှာ အခြေကျနေတဲ့ ရခိုင်တွေထဲက လာခြင်းလာရင် ဘယ်လိုလူတွေက လာမှာလဲ။ ဘာအတွက် ဘာရည်ရွယ်ချက်နဲ့ လာကြမှာလဲ။ ဒီမိုကရေစီ အစိုးရဆိုသူတွေကကော အခုလို အထိကရုဏ်းတွေဖြစ်နေပြီး မူလနေသူတွေကိုတောင် ပြန်လည်နေရာချထားရေးကို ပီပီပြင်ပြင် မလုပ်ဆောင်နိုင်သေးတဲ့ကာလမှာ ဘာအတွက် အခုလို ရခိုင်မှာ အခြေကျပြီးသူတွေကို အရေးတကြီး ပြန်ခေါ်ဖို့ စီမံချက်ချနေတာလဲ။ ကြည့်ရတာ လူမျိုးရေး အထိကရုဏ်းကို နည်းမျိုးစုံနှင့် ဖန်တီးပြီး လူတွေသေကြတာ မဝသေးဘူးနှင့် တူပါတယ်။

    ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတော်သစ်ဆီသို့ တည်တည်ငြိမ်ငြိမ် ခြေလှမ်းမှန်မှန် မသွားနိုင်ရေးအတွက် နိုင်ငံနှင့်အဝှမ်းမှာ မတည်ငြိမ်မှုတွေကို ဖန်တီးပြီး အမြတ်ထုတ်မဲ့ ကြီးမားသော အင်အားစုကြီးတစ်ခုက တိုင်းပြည်ကို ခြိမ်းချောက်နေပါပြီ။

  3. ကိုမြန်မာ

    ရခိုင်နိုင်ငံတော် ထူထောင်ချင်နေတဲ့ ဘင်္ဂါလီ ရခိုင်များရဲ့  အိမ်မက်ကို အစိုးရက သူတို့ ကိုယ်တိုင် တာဝန်ယူ အကောင်အထည် ဖေါ်ပေးတော့မယ့် ဆိုတော့ အဲဒီအစိုးရ အဖွဲ့ဝင်တွေထဲ ဘင်္ဂလာရခိုင် ဘယ်လောက်တောင် ထိုးဖေါက်နေရာယူထားလဲ ဆိုတာသက်သေပြရာရောက်နေပါတယ်။ အနာဂတ် မြန်မာနိုင်ငံ အတွက်ရင်လေးလိုက်တာ။

  4. လင်းဇံခိုင်

    ရွှေမြန်မာဆိုတဲ့….မြန်မာအရေဖုံးထားတဲ့ ဟိုအကောင်…..ကိုယ့်ဟာကို ဘာလူမျိုးမှန်းသိပါတယ်….မြန်မာဆိုတဲ့ နာမည်ကိုလဲမခံယူပါနဲ့…..မင်းတို့လို လူမျိုးတွေ ငါတို့ရဲ့ရိုးသားတဲ့တိုင်းရင်းသားပေါင်းစုံအစစ်တွေမှ ခံယူတဲ့ မြန်မာဆိုတာကို မခံယူပါနဲ့…..သနသွားမှာစိုးလို့ပါ…..မင်းရေးထားတဲ့ထဲမှာ ဘင်္ဂလီရခိုင်ဆိုတာ ဘာကိုပြောတာလဲ…..ရှင်းရှင်းရေးပါ ရှင်းရှင်းပြောပါ….ကလေးကလားလိုမပြောပါနဲ့….ငါတို့ တိုင်းရင်းသားပေါင်းစုံက မြန်မာနိုင်ငံတွင်းကနေ ခွဲထွက်ဖို့ကြိုးစားနေကြတာမဟုတ်ဘူး…ကချင်ရော ကရင်ရော မွန်ရော ရှမ်းရော ရခိုင်ရောပဲ….တန်းတူရေး ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်ရရေးတွက်ပဲတောင်းဆိုနေကြတာ…ငါတို့ မတရားတာကိုလဲ မတောင်းသလို မဟုတ်တာကိုလဲမလုပ်ဘူး…ကချင်ကိုလဲချစ်သလို ဗမာကိုလဲချစ်တယ်…ဘာကြောင့်ဆို ငါတို့တွေက ညီအကိုတွေဖြစ်ကြလို့ပဲ….ညီအကိုဆိုမှတော့ ကိုယ့်အိမ်ကနေ ကိုယ်ရတဲ့နေရာကို တစ်အိမ်သီးသန့်ခွဲနေစရာမလိုတော့ဘူးလေ…သူများအိမ်လဲ ကပ်နေတယ်…သူများအစာကိုလဲယူစားသေးတယ်…နောက်ဆုံး သူများအိမ်ကိုလဲ လုယူချင်သေးတဲ့သူတွေဟာ ဘယ်သူတွေလဲ ဘာလဲ ဘယ်လဲဆိုတာကို အခု ငါတို့တိုင်းရင်းတွေ အကုန်လုံးက သိလဲသိသလို ဆန့်လဲဆန့်ကျင်နေကြပြီ…ရခိုင်တွေကို ကျန်ညီနောင်တိုင်းရင်းသားတွေနဲ့ ရန်တိုက်မပေးပါနဲ့…….မင်းသာ မြန်မာအစစ်ဆိုရင် ဒီလိုအပြောမျိုးပြောမှာမဟုတ်ပါဘူး……ကျီးဟာ ကျီးပဲကွ…ဒေါင်းဟာလဲ ဒေါင်းပဲ