အစ္စလမ် ဘာသာရေးကျောင်းကို အကြီးစားပြင်သဖြင့် ရပ်ကွက်က ကန့်ကွက် | ဧရာဝတီ
သတင်း

အစ္စလမ် ဘာသာရေးကျောင်းကို အကြီးစားပြင်သဖြင့် ရပ်ကွက်က ကန့်ကွက်

Hits:8,640
  | |

အစ္စလမ် စာသင်ကျောင်းကို ပြောင်းလဲ ဆောက်လုပ်နေသဖြင့် သာကေတ ဒေသခံများက မကျေနပ် ကန့်ကွက်ခဲ့ကြသည် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

သာကေတမြို့နယ် မာန်ပြေ ၁၉ လမ်းအနောက်၊ အမှတ် ၁၁၂၈ ရှိ အစ္စလမ် ဘာသာရေးကျောင်းကို အကြီးစားပြင်ဆင်မှု ပြုလုပ်နေခြင်းအပေါ် ဒေသခံ ဗုဒ္ဓဘာသာဝင်များက လက်သင့်မခံသဖြင့် ပဋိပက္ခ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၇ ရက်နေ့ နေလယ် ၁၁ နာရီကျော်တွင် ဒေသခံ ဗုဒ္ဓဘာသာဝင် ၂၀၀ ကျော်ဝန်းကျင်က အဆိုပါ စာသင်ကျောင်းရှေ့တွင် စုရုံးကာ ဆောက်လုပ်ဆဲ ကိစ္စများကို ရပ်တန့်၍ ပြန်လည်ဖျက်သိမ်းရန် တောင်းဆိုခဲ့သောကြောင့် လုံခြုံရေးရဲများက လာရောက် ဖြေရှင်းခဲ့ရသည်။ အဆိုပါလမ်းကို လမ်းထိပ်နှစ်ဘက်စလုံးမှ လုံခြုံရေး ကြိုးများတားပြီး ၀င်ထွက်သွားလာမှုကို ပိတ်ခဲ့သည်။

ညနေ ၃ နာရီကျော်တွင် လုံခြုံရေးရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး မြင့်အေးက ယခု ဆောက်လုပ်လျှက် ရှိသည်များကို ပြန်လည် ဖြိုဖျက်သွားမည်ဖြစ်ပြီး လာရောက်စုရုံးနေကြသူများ ကိုလည်း လူစုခွဲပေးရန် မေတ္တာရပ်ခံခဲ့သည်။ သို့သော် လူစုက ဖျက်ပြီးသည်ကို မြင်ရမှသာ လူစုခွဲမည့်အကြောင်းနှင့် ဖျက်သိမ်းမှုတွင် လူအင်အားလိုအပ်လျှင် ပါဝင်မည်ဖြစ်ကြောင်း ပြန်ပြောသည်ဟု သိရသည်။

“သူတို့က အစ္စလမ်ဗလီကို တည်ထောင်ချင်နေတာ သိသာတယ်။ ဒီလိုဖြစ်တာ အခုအကြိမ်နဲ့ဆိုရင် ၃ ကြိမ်ရှိပြီ။ လွန်ခဲ့တဲ့ လေးနှစ်လောက်တုံးက ဒီစာသင်ကျောင်းကို ဆိုင်းဘုတ်ထောင်တာနဲ့ ပက်သက်ပြီး နည်းနည်း ပြဿနာ ဖြစ်ခဲ့တယ်။ ပြီးခဲ့တဲ့ ၁ နှစ် ၀န်းကျင်လောက်က အရင် ပလပ်စတစ် တာလပတ် မိုးထားတာကနေ သွပ်ပြောင်းမိုးလို့ ထပ်ဖြစ်တယ်။ ဒီလောက်တော့ မကြီးခဲ့ဘူး။ အခုတကြိမ်က သူတို့စည်ပင်သာယာမှာ စာတင်ထားတာက အမိုးမိုးဖို့နဲ့ အသေးစား ပြင်ဆင်မှုလုပ်ဖို့ပဲ။ ဒါပေမယ့် သူတို့က ကွန်ကရစ်တိုင်တွေနဲ့ အခိုင်အမာကို ဆောက်နေတာ။ ဒါကို လူထုက လက်မခံတာ” ဟု အဆိုပါ မာန်ပြေ ၃ ရက်ကွက်နေ ဗုဒ္ဓဘာသာဝင် ဒေသခံတဦးက ပြောသည်။

ထိုနေရာတွင် အစ္စလမ်ဘာသာဝင် ကလေးငယ်များကို ဘာသာရေးစာပေများ သင်ကြားပေးနေသည်မှာ နှစ်ပေါင်း ၃၀ ကျော် ကြာမြင့်နေပြီဖြစ်ကြောင်း၊ ထိုစာသင်ကျောင်းနှင့် ပက်သက်ပြီး ဘာသာရေးစာပေ သင်ကြားခွင့်ကိုလည်း သက်ဆိုင်ရာမှ ရရှိထားပြီး ဖြစ်သည့်အတွက် ဆိုင်းဘုတ်တင် သင်ကြားနေခြင်းဖြစ်ကြောင်း အဆိုပါ အဆောက်အဦး အမည်ပေါက်ဖြစ်သည့် အစ္စလမ် ဘာသာဝင် ဦးသန်းတင်၏ သမီးဖြစ်သူ မအိအိထွေးက ဧရာဝတီသို့ ပြောသည်။

ရပ်ကွက်အတွင်းမှ အစ္စလမ်ဘာသာဝင် ကလေးငယ်များသည် ဘာသာရေးစာများကို သင်ကြားနိုင်ရန်အတွက် ကားမှတ်တိုင် ၇ တိုင်ကျော်မျှ ဝေးကွာသော ရှုခင်းသာဘက်တွင် တက်ရောက် နေရသည့်အတွက် အန္တရာယ်များသဖြင့် ဤနေရာတွင် စာသင်ပေးခဲ့ရခြင်းဖြစ်ကြောင်း၊ ဘာသာရေးစာပေကို သင်ကြားခြင်းဖြင့် ကလေးငယ်များ ပိုမိုလိမ္မာ ယဉ်ကျေးမှု ရှိမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“သူတို့က ဒီစာသင်ကျောင်းနဲ့ပက်သက်ပြီး ကန့်ကွက်စာတွေ အကြိမ်ကြိမ်တင်ခဲ့ကြတယ်။ သက်ဆိုင်ရာကလာကြည့်တဲ့အခါ တရားဝင်ဖြစ်ပြီးသားဖြစ်တဲ့အတွက် ဘာမှမကန့်ကွက်ခဲ့ဘူး။ အဲဒါကြောင့် ဒီစာသင်ကျောင်းမရှိစေချင်တဲ့အတွက် ဒီမနက်မှာ လူစုပြီး ဆူပူမှုဖြစ်အောင်လုပ်တာ။ ဒါမှ သက်ဆိုင်ရာက ဖျက်ခိုင်းမယ်ပေါ့။ အဲဒီသဘောနဲ့ သူတို့ဒီလိုလုပ်တာ။ ဒီမှာ သင်ကြား ပေးတဲ့သူတွေကလည်း ၁၀ နှစ်အောက်ကလေးတွေကို ဘာသာရေးစာပဲသင်တာ ” ဟု မအိအိထွေးက ပြောသည်။

ထိုအဆောက်အဦးအမည်ပေါက်သူက အသေးစား ပြင်ဆင်မှုကို ပြင်ဆင်ခွင့်ပြုရန် စည်ပင်သာယာမှ ခွင့်ပြုမိန့် ရပြီးထား ဖြစ်ကြောင်း၊ စည်ပင်သာယာမှလည်း မူလပုံစံမပျက်ဘဲ ပြင်ဆင်ခွင့်ပြုခဲ့ကြောင်း အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောသည်။

၂၀၀၁ ခုနှစ် ဇွန်လ ၁၉ ရက် နေ့စွဲဖြင့် လူနေရန်အတွက်သာ အဆိုပါ အဆောက်အဦးကို ဆောက်လုပ်ခွင့် ပြုခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ) မှ ခွင့်ပြုပေးခဲ့ကြောင်း မှတ်တမ်းများ အရ သိရသည်။ သို့ရာတွင် လူနေအဆောက်အဦးကို ဘာသာရေး စာသင်ကျောင်း ပြုလုပ်နေခြင်းအပေါ် ဒေသခံများက လက်မခံသဖြင့် အစိုးရထံသို့ ကန့်ကွက်စာများ ပေးပို့ထားသော်လည်း မထူးခြားခဲ့ကြောင်း အဆိုပါ ရပ်ကွက်နေ ပြည်သူတချို့က ပြောသည်။

အဆိုပါ အဆောက်အဦးကို ညနေ ၆ နာရီခန့်တွင် ဖျက်သိမ်းမှုများ ပြီးစီးခဲ့ပြီး ခိုင်ခိုင်မာမာဆောက်လုပ်ထားသော အပိုင်းများကိုလည်း ယခု တစ်ပတ်အတွင်း အပြီးသတ် ဖျက်သိမ်းသွားမည် ဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဒေသခံများရှေ့တွင် ပြောကြားခဲ့သည်။


22 Responses

Leave a Reply

  1. မိုးမြင့်ကျော်

    မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဆိုတာ ဒါပါပဲ။
    ပြည်သူလူထုကြောင့်သာ စစ်အစိုးရ နှစ် ၂၀ ကျော်ကြာခဲ့တာပေါ့။
    ဘာသာရေးလွတ်လပ်ခွင့်ကို ပြည်သူအချို့ကိုယ်တိုင် မလိုလားတာပါ။

  2. ဘာသာရေးလွတ်လပ်ခွင့်ကမရှိ၊ အများစုက အနည်းစုကို ဖိနှိပ်၊ အနည်းစုက အခွင့်အရေးရရင် ပြန်ချေပ။ ငါတို့နိုင်ငံတော့ တိုးတက်ဦးမယ်။ လူ ၃၀၀ လောက်စုလို့ရရင်ပဲ ရဲကနေပြန်တောင်းပန်ရတဲ့ အဖြစ်ရောက်နေပြီ။ တကယ်က ရပ်ကွက်က ကန့်ကွက်တယ်ဆိုတာထက်မများကြီးပိုပါတယ်။ မင်းမဲ့စရိုက်ဝင်ရောက်ဖျက်ဆီးလို့ ရေးရမှာ။ ဒီလိုနဲ့ ဥပဒေမဲ့ အဓိကရုဏ်းတွေ ဖြစ်လာဦးမယ်။ နောက်ဆုံးတော့ နွံနစ်နေတဲ့ ငါတို့နိုင်ငံပဲ နလန်မထူဖြစ်ဦးမှာပဲ။

  3. ချစ်သခင်

    မိုးမျှော်တိုက်ပဲဆောက်ဆောက် တတ်နိုင်ရင်ဆောက်ကြပေါ့။ ဗုဓဘာသာကြတော့ ဆူးလေ လမ်းလယ်ခေါင်မှာတောင် စေတီဘုရားအကြီးကြီးတည်လို့ရတယ်။ ကျန်ဘာသာတွေကို ဘာဖြစ်လို့ကန့်သတ် နေတာတုံး။ ဘာသာရေးလွတ်လပ်ခွင့်တွေလည်း ပေးကြပေတော့။ မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ပေးတာနှင့်အားလုံးကို လွတ်လပ်ခွင့်ပေးလိုက်ပြီလို့များ ထင်နေကြသလား မသိဘူး။

    • မဟာလူသား

      သို့..ချစ်သခင်…။
      -မြန်မာပြည်ဆိုတာ ဗုဒ္ဓဘာသာဝင်အများစုနေတဲ့နိုင်ငံဆိုတာကို အသင်မသိလေရော့သလား?
      -ဆူးလေ လမ်းလယ်ခေါင်မှာတောင် စေတီဘုရားအကြီးကြီးတည်လို့ရတယ်။ လို့သင်ကဆိုတော့.. အဲဒီဆူးလေဘုရးကြီးနားမှာ သင်တို့ဗလီအကြီးကြီးကပ်ရပ်ရှိနေတာကို သင့်မျက်စေ့မြင်ပါလေစ? အဲလိုပဲ မလှမ်းမကမ်းမှာ ဧမာနွေလ ခရစ်ယာန်ဘုရားရှိခိုးကျောင်းကြီးကိုရော သင်မြင်ပါစ?
      -ဒါဆိုရင်ပြန်မေးမယ်။ သင်တို့အစ္စလာမ်ဘာသာဝင်တွေကြီးစိုးတဲ့ ဆော်ဒီ လိုနိုင်ငံတွေမှာ ဒို့နိုင်ငံလောက်အခြားဘာသာဝင်တွေကို လွတ်လပ်ခွင့်ပေးပါရဲ့လား? သင်ဖြေလှည့်ပါ။

      • It is true that Burma is a country with majority Buddhist. It means we have to prove that we are more tolerance to all beings since we pray every morning that ” May all being well and happy” . By saying that we wish everyone happy no exceptional cases.

  4. ဘာသာရေးလွတ်လပ်ခွင့်ဆိုတာမြန်မာနိုင်ငံမှာ အကယ်ရှိသလား၊ နိုင်ငံတော် အစိုးရနဲ့အာဏာပိုင်အားလုံး အစ္စလာမ် ဘာသာ ကို စော်ကားတိုက်ခိုက် ရန်လိုနေတာကို ခွင်ြ့ပုထားသလို အရေးမယူတာ သိသာထင်ရှားပါတယ်။ သတ္တိရှိရှိ အစ္စလာမ် လက်မခံပါ လို့ ကမ္ဘာကို ကြေညာလိုက်ပါလား။ လုပ်ရပ်က အဆင့်အတန်းကို ပြနေတယ်ဆိုတာ လူအားလုံးနားလည်ပေမဲ့၊ အရှက်သိက္ခာမရှိသူတွေ သိချင်မှသိကြမှာပါ။

  5. It is difficult to understand the why people does not agree to encourage other religion to prosper. Where is the human right and freedom of religion? Totally crazy .

  6. That shows the inner mortal of the Racist’s propaganda among the people. Not other religion cannot pray? Is it good ?

  7. အလုပ်ကို မှန်မှန်ကန်ကန် လုပ်ကြသင့်ပါတယ်။ စကားတောင်စားဥာဏ်နဲ့ မလိမ့်တပတ် မလုပ်ကြပါနဲ့။ လူနေဘို့ အဆောက်အဦးဆောက်ခွင့် လျှောက်ထားခဲ့ရင် လူနေဘို့ပဲ ဆောက်ပါ။ အသေးစား ပြင်ဆင်ခွင့်တောင်းရင် တောင်းသလိုပဲ ပြင်ပါ။ လူနေဘို့ လျှောက်ပြီးမှ ကျောင်းအကြီးကြီး ချဲ့ဆောက်တာ (ပြင်တာ မဟုတ်) ဆိုရင် ဆောက်သူဘက်က လွန်ပါတယ်။

    • ဓာတ်ပုံကြည့်ရတာတော့ ငါတို့အိမ်က နွားတင်းကုပ် လောက်တောင်မရှိပါဘူး သားရယ်

  8. Where is freedom of religion and religion of press then? The Muslims need to get permit to build it. If they have permit, they have the right to do so. In America, there are some Burmese Buddhist Monasteries. No one bothers them. I am not a Muslim but I love freedom of religion and freedom of press. Muslims who are Burmese citizens must have the same rights which the Burmese people do have.

    • Are you sure you are not muslim? You mean The Muslims only need to get permit to build their mosque? Other religions people no need to get permit.? Are you blind? Many
      Burmese Buddhist Monasteries are destoryed by authorities even inside Myanmar!!

    • This is true. We all should understand that. Actually there has no religious in true religion.

  9. ဒီမိုကရေစီနဲ့မဆိုင်ပါဘူး။ဘာသာရေးလွပ်လပ်ခွင့်တဲ့လား။ဆော်ဒီအာရေးဗီးယားမှာစေတီတစ်ဆူဆောက်ခွင့်ရမှဒီစကားလာပြော။ဆူးလေဘုရားနားမှာဗလီဆောက်ခွင့်ပေးထားတာတောင်မကျေနပ်သေးဘူးလား။

  10. တိကျတဲ့ ဥပဒေတွေ မရှိလျင် ဘာသာရေးနဲ့ ပတ်သတ်လို့ ပြဿနာကအမြဲဖြစ်နေမှာဘဲ-
    အော်စတေးလျားနိုင်ငံမှာ လူနေဘို့ အဆောက်အဦးဖြစ်စေ-ဘာသာရေး အဆောက်အဦးဖြစ်စေ ဆောက်လုပ်မယ်ဆိုရင် ဆောက်လုပ်မည့်အကြောင်းကို ရပ်ကွက်ထဲကို အသိပေးရပါတယ်။ ရပ်ကွက်ထဲ လူတဦး-တယောက်က ကန့် ကွက်လျှင် ပြင်လဲ မပြင်ရ-အသစ်လဲ ဆောက်လုပ်ပိုင်ခွင့်မရပါဘူး။ ကန့် ကွက်တယ် ဆိုပေမဲ့ အကျိုးအကြောင်းက လက်ခံနိုင်တဲ့အကြောင်းဖြစ်ရပါမယ်။ ပြီးတော့ မည်သည့်ဘာသာရေးကျောင်းမှ အသံချဲ့ (ဟွန်း) မသုံးရဘူး-သက်ဆိုင်ရာ ဆောက်အဦးအတွင်း ကြားယုံလောက်သာ သုံးရပါတယ်။ နေ့ -ည မည်သည့်အချိန်မှ အသံချဲ့ စက်ဖြင့် အသံကျယ်ကျယ်လောင်လောင် ၀တ်ပြုဆုတောင်းတာတွေ မလုပ်ရပါဘူး။ ဒါဟာ အခြေခံဥပဒေထဲမှာ ပါပြီးသားပါ။ ဘယ်ဘာသာဝင်မှလဲ အခွင့်အရေးပိုမရဘူး- မိမိကြိုက်နှစ်ရာ ဘာသာကို လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ရှိပါတယ်။

  11. Really cannot digest the idea of religious intolerance among burmese people. It is natural that mulims also want to develop their religion . At the same time , we live in the same country with different believe. Despite the differences we are the same countrymen. May all beings well and happy. Regardless of religion or races.

  12. Really, they make the people around annoyed not only in our own country but also in the world around. Our Myanmar people are not racists but dislike extreme and poisonous people.

  13. စဉ်းစားညာဏ်ရှိကြဖို့အချိန်တန်ပြီ။အရှည်ကိုကြည့်ကြပါ။အင်ဒိုနီရှား၊မလေးရှားOICတို့မှာဦးနှောက်နည်းသူတွေအများကြီးရှိတယ်။ဝင်စွက်ဖက်ကြလိမ့်မယ်။မလုပ်စေ၊မဖြစ်စေချင်ယင်UN,EUရှိတယ်၊တိုင်ကြပါ။လက်ရှိအစိုးရကတော့ဥပဒေအထက်မှာရှိတယ်။နောက်ကွယ်ကလှုံှံဆော်သူရှိယင်ထုပ်ဖော်ကြပါ။နိုင်ငံတကာကရင်းနှီးမြုပ်နှံဖို့တာဆူနေကြပြီ။ကမာ့အလယ်မှာမလုံခြုံတဲ့တိုင်းပြည်အဖြစ်မခံနိုင်ဘူး၊ဆောက်တဲ့သူတွေလည်းရက်ကွက်ကိုပွင့်လင်းပြောပါ။လက်မခံယင်မလုပ်ပါနဲ့။လက်ခံလာတဲ့တစ်နေ့ထိစောင့်ပါ။တွေ.ဆုံညှိနှိင်းတဲ့အကျင့်မွေးကြည့်ပါ။ကိုယ်နဲ့မတူကိုယ့်ရန်သူဆိုတာအယင်နအဖနဲ့အတူသေဆုံးခဲ့ပြီးပါပြီ။

  14. အနှိုင်းမဲ့မြတ်ဗုဒ္ဓဟာသတ္တဝါများအပေါ်ကြီးမားတဲ့၊
    မေတ္တာတော်ကိုထားရှိခဲ့တယ်။တရားသဘောအရ
    သတ္တဝါဆိုတာကလည်း နာမ်နဲ့ရုပ်ပါပဲ။
    ဒီ နာမ်ရုပ်ကို လူကောင်ထင်ပြီး ရိုက်ကြ၊သတ်ကြ
    မုန်းကြနဲ့ အဆုံးမရှိတဲ့သံသရာထဲကို တိုးဝင်နေကြတဲ့
    သူတွေကို စိတ်မကောင်းစွာ တွေ့နေရတယ်ဗျာ။

    • ကောင်းလိုက်တဲ့ကွန်မင့်ဗျာ။ ကြိုက်တယ်။
      ဒီစာသားတွေကို ကိုရန်ကျမ်းစာမှာရှာတွေ့ခဲ့တာများလားမိတ်ဆွေ?

  15. ကိုတာရေ၊ရုပ်နာမ်၊အယတန၊ဓါတ်၊သစ္စာပါတဲ့၊ကိုရမ်ကျမ်းများ
    တွေ့ခဲ့ရင်၊ကျွန်တော့်ကိုအသိပေးပါဗျာ၊ဖတ်ကြည့်ချင်လို့ပါ။
    မုံလယ်၊မိုးကုတ်၊ပါချုပ် ဆရာတော်ကြီးတွေရဲ့တရားတော်တွေကို
    မှတ်သားနာယူထားတဲ့အကြောင်းကြောင့်စိတ်ထဲမှာဖြစ်နေတဲ့
    အတိုင်း၊ဒီကန်မန့်ကိုရိုးသားစွာရေးမိတာပါ၊ဖြစ်နေတဲ့အခြေအနေနဲ့
    ရေးမိတဲ့ကန်မန့်ကြားမှာနားလည်မှုလွဲမှားခဲ့ရင်တော့ရိုးသားတဲ့
    အမှားတစ်ခုအဖြစ်ခွင့်လွတ်နားလည်ပေးစေချင်ပါတယ်။
    မင်းမရှိ၊ငါမရှိအားလုံးဘယ်သူ့မှမရှိ၊မပြောင်းလဲတဲ့ပြောင်းလဲခြင်း
    သာရှိ၊ဆိုတဲ့ကိုငှက်ရဲ့သီချင်းကို၊ကိုတာနားဆင်ကြည့်ပါလို့
    ချစ်ခြင်းအားဖြင့်ညွှန်းတယ်ဗျာ၊၊be peace of ur mind.