ရခိုင်အရေး နောက် ဆက်တွဲ မေးခွန်းများ | ဧရာဝတီ
သူ့အတွေး သူ့အမြင်

ရခိုင်အရေး နောက် ဆက်တွဲ မေးခွန်းများ

Hits:1
  | |

ရခိုင်ပြည်နယ် ပေါက်တောမြို့ ရပ်ကွက် ၃ နှင့် ဘ၀မ်းချောင်းဝရပ်ကွက်တို့၏ မီးလောင်ပြင် မြင်ကွင်းများကို အောက်တိုဘာ ၂၇ ရက်နေ့က တွေ့မြင်ရစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

ရခိုင်အရေး သမ္မတရုံးက ကြေညာချက်တွေ ထွက်လာနေတာ တခုပြီး တခုပဲ။ ဒီလိုထုတ်ပြန်ပေးတာကိုတော့ မဆိုးဘူး ပြောလို့ရပေမယ့် ဒီပြဿနာကို ချည်းကပ်တာမှာ လူမျိုးရေး၊ ဘာသာရေး အစွဲမပါ ဘဲ လုပ်ဆောင်ကြရမယ်။ စစ်အာဏာရှင်လက်ထက်တုန်းကလည်း အမျိုးသားရေး၊ မျိုးချစ်စိတ်၊ ဇာတိမာန် ဆိုတဲ့ စကားလုံး တွေကို တွင်တွင်ကျယ်ကျယ် ကိုင်စွဲ အသုံးပြုခဲ့တယ်။ ဒါတွေရဲ့ ရိုက်ခတ်မှုက ယနေ့ အချိန်ထိပဲ။ အမျိုးသားရေး ဆိုတဲ့ စကားလုံးကို တွင်တွင်ကျယ်ကျယ် သုံးခဲ့တဲ့ စစ်အာဏာရှင်တွေကြောင့် တိုင်းပြည်လည်း အဖက်ဖက်က ပျက်ဆီးခဲ့ပြီ။

တခါ မျိုးချစ်စိတ်ဆိုတာ စစ်မှန်တဲ့ ပြည်ထောင်စုအတွက် ဆိုပြီး ပြောတာရှိပေမယ့် တိုင်းရင်းသားတွေက ဘယ်လိုဟာကို ပြည်ထောင်စုလဲဆိုတာ မေးခွန်းထုတ်ကြတယ်။ စစ်မှန်တဲ့ ပြည်ထောင်စုမှာရှိတဲ့ အမျိုးသားရေးဆိုတာ ဘာလဲ ဆိုပြီး ဗမာဆိုတာ အပါအ၀င် တိုင်းရင်းသားတွေ အားလုံးကြားမှာ တော်တော် စကားပြောလာရတဲ့ကိစ္စ ဖြစ်လာတယ်။ ဒီနေရာမှာ တိုင်းပြည်ချစ်တာနဲ့ အမျိုးသားရေးဆိုတာ မကွဲပြားကြဘူး။

ရခိုင်ကိစ္စဟာ အမျိုးသားရေးလို့ ပြောလာတယ်။ အမျိုးသားရေး ဆိုတာ တတိုင်းပြည်လုံး အရေးဖြစ်တယ်။ တဖက်ကလည်း ရခိုင်မှာဖြစ်ခဲ့တာတွေက လူမျိုးရေးလည်း ပါလာတယ်။ အမျိုးသားရေးနဲ့ လူမျိုးရေးဆိုတာ မကွဲဘဲ ဖြစ်လာတယ်။ ဒီနေရာမှာ အမျိုးသားရေး အဖြစ် တဖက်နိုင်ငံက ၀င်လာသူတွေဆိုပြီး ဆန့်ကျင်ရေး လုပ်လာတာတွေ ရှိတယ်။ ရခိုင်မှာက ရခိုင်က ရခိုင်လူမျိုးအဖြစ် သူတို့ကိုသူတို့မြင်သလို ဗမာကိုလည်း ဗမာအဖြစ်ပဲ မြင်ကြတယ်။ အခု နောက်ဆုံးဖြစ်တဲ့ ကျောက်နီမော် စတဲ့ ဒေသတွေဟာ ကမန်တိုင်းရင်းသားတွေလည်း ရှိတဲ့နေရာဖြစ်တယ်။

ကမန်ဆိုတာ ကျနော်တို့ တိုင်းပြည်မှာ နှစ်ပေါင်းများစွာကတည်းက ရှိခဲ့တဲ့ မွတ်ဆလင်တွေ တိုင်းရင်းသားတွေပဲ။ တ ချို့ကမန်တွေဆို ရိုးရိုးတန်းတန်း နိုင်ငံသား မရတဲ့သူတွေတောင် ရှိတယ်။ ရှုပ်ထွေးလာတာက ကမန်မွတ်ဆလင် တိုင်းရင်းသားတွေကို ရခိုင်တွေက ဘာဖြစ်လို့ ၀င်တိုက်လဲဆိုတော့ ကမန်တွေကြားထဲမှာ ဘင်္ဂါလီ မွတ်ဆလင်တွေက ၀င်ရောက်လာခဲ့တယ်လို့ ဆိုနေကြတယ်။ ဒါတွေက စိုးရိမ်စရာ အခြေအနေတွေ ဖြစ်တယ်။

ကျနော်တို့ အမြဲစိုးရိမ်တာက ရခိုင်ပြည်နယ်ထဲမှာ စစ်အုပ်ချုပ်ရေး တာဝန်ယူတဲ့ အနေအထားကိုပဲ။ အဲဒီအနေအထား ကို မရောက်စေချင်ဘူး။ ရခိုင်တွေရော၊ တခြား နယ်မြေခံတွေရောကို နိုင်ငံတော်အစိုးရဆိုတာက အကာအကွယ်ပေးရမယ့် တာဝန်ရှိတယ်။ ဒီနေရာမှာ စစ်အုပ်ချုပ်ရေး တာဝန်ယူတာနဲ့ ဒေသ တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ အကာအကွယ်ပေးရေးနဲ့ မဆိုင်ဘူး။ စစ်အုပ်ချုပ်ရေးဆိုတာ အန္တရာယ် သိပ်များတယ်။ လွတ်လပ်ရေး ရပြီး ပါလီမန်ခေတ် ၁၉၅၈ ခုနှစ်မှာ သင်ခန်းစာရှိခဲ့တယ်။ စစ်တပ်က အိမ်စောင့် အစိုးရဆိုပြီး လုပ်ခဲ့တယ်။ ၁၉၆၂ နှစ်က စပြီး ဗမာပြည် စစ်အာဏာရှင်အောက် ရောက်ခဲ့တယ်။

အခု တိုင်းပြည် ပြုပြင်ပြောင်းလဲရေး လုပ်နေချိန်မှာ ရခိုင်ပြည်နယ်အရေးဟာ စိုးရိမ်စရာ ဖြစ်လာတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်တို့အနေနဲ့လည်း တည်ငြိမ်အေးချမ်းမှုကို ရအောင် ပိုင်ပိုင်နိုင်နိုင် ကိုင်တွယ် ဖြေရှင်းဖို့ တိုက် တွန်းပြောကြားနေတာပဲ။ တရားဥပဒေစိုးမိုးရေးအတွက် ဥပဒေကို အကောင်အထည်ဖော်တဲ့ လူတွေက အချိန်မီ အရေးယူဖြေရှင်းကြရမယ့် တာဝန်ရှိတယ်။ ဒါပေမယ့် ဒီတာဝန်တွေ ပေါ့လျော့ခဲ့တယ်။

ဒုတိယ အကြိမ် ပြန်ဖြစ်တာက အစိုးရပိုင်းက အားနည်းမှုတွေ ရှိတယ်။ ဒီကိစ္စ အားလုံးက အစိုးရ အပေါ်မှာပဲ မူတည် တယ်။ အခုလို အခြေအနေဆိုး ထပ်ဖြစ်ဖို့ မသင့်တော့ဘူး။ အစောပိုင်း အစိုးရက စုံစမ်းရေးကော်မရှင်တွေဖွဲ့တယ်။ ပထမ ကော်မရှင်လဲ ဘယ်ရောက်သွားလဲမသိတော့ဘူး။ နောက် ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာကိုလည်း ရခိုင်ကို သွားခွင့်ပြုတယ်ဆိုတော့ အကောင်းဖက်မျှော်လင့်ထားခဲ့တယ်။ အခုလို အခြေအနေပြန်ဆိုးလာတာတော့ လွဲမှားနေပြီ ဆိုတာ ပြောလို့ရတယ်။ အစိုးရအနေနဲ့က တရားဥပဒေစိုးမိုးရေး လုံခြုံရေး နဲ့ ပြန်လည် တည်ငြိမ်ရေးကို အလေးပေး လုပ်ရမှာ။ ဟိုဟာ ဖုံး ဒီဟာ ဖုံးဖိထားတာတွေ မလုပ်ပဲ မြင်သာထင်သာ လုပ်ဖို့လိုတာ။

အခု မတည်ငြိမ်မှုတွေကြောင့် စစ်တပ်ပါလာပြီး စစ်အုပ်ချုပ်ရေး ဖြစ်လာတာကို လုံးဝ မလိုလားဘူး။ ဒါကို စစ်အုပ်ချုပ်ရေး တရားမ၀င် မဟုတ်ပါဘူးလို့ ပြောပြီး တကယ်တမ်း စစ်အုပ်ချုပ်ရေး လုပ်နေတာဟာ ရိုးသားမှု ရှိမှ ရှိပါ့မလား ဆိုပြီး ဒီလို တွေးစရာဖြစ်လာခဲ့တယ်။ တဖက်က သမ္မတက ပြုပြင်ပြောင်းလဲရေး လုပ်နေတယ်။ စစ်တပ်က ထောက်ခံတယ်ပြောတယ်။ ရခိုင်မှာ အခုလို ပဋိပက္ခတွေ ထပ်ဖြစ်လာတာဟာ လူထုက စစ်တပ်ကို တောင်းဆိုလာအောင် ဖန်တီးတာလားဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိလာနေတယ်။

ဘာပဲပြောပြော တိုင်းပြည်မှာ လုံခြုံရေးကို အကြောင်းပြုပြီး စစ်တပ်က အုပ်ချုပ်ရေးမှာ ပြန်ဝင်လာတယ်ဆိုတာ ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ဘူး။ တချို့ မသင်္ကာဖွယ်ရာ အချက်တွေလည်း မြင်လာရတယ်။ ဥပမာ ကျောက်နီမော် ကိစ္စလိုမျိုး ဖြစ်တာကို ချက်ချင်း တရား ဥပဒေနဲ့ အရေးယူတာမလုပ်ပဲ လွှတ်ပေးထားတဲ့ သ ဘောမျိုး ဖြစ်နေတယ်။ အဲဒီကနေ အခြေအနေဆိုးဝါးလာတဲ့အထိ ဖြစ်လာတယ်။ နောက် ဥပမာ OIC အိုအိုင်စီလိုကိစ္စမျိုးပေါ့။ အိုအိုင်စီ ရုံးခွဲဖွင့်ရေး ကိစ္စမှာ ၀န်ကြီးအဆင့်က လက်မှတ်ထိုးတယ်လည်း ပြောတယ်။ ညွှန်ကြားရေးမှူးချုပ်က နားလည်မှု စာချွန်လွှာ လက်မှတ်ထိုးတယ်လည်း ပြောတယ်။ အဲဒီကိစ္စက ပွင့်လင်း မြင်သာမှု မရှိခဲ့ဘူး။ ဘယ်သူက ဘယ်လိုလက်မှတ်ရေးထိုးတယ်ဆိုတာ မသဲကွဲခဲ့ဘူး။

ဟိုဘက် အိုအိုင်စီက ရုံးစိုက်တော့မယ် အစရှိသဖြင့် အစီအမံတွေ လုပ်လာပြီး မြန်မာပြည်သူလူထုသိလာပြီးတော့မှ လူထုက မကျေနပ်တဲ့ အသံတွေ ထွက်လာခဲ့တယ်။ အဲဒီကနေ ပြည်သူလူထုက ဒါကို မလိုလားလို့ အိုအိုင်စီ ရုံးဖွင့်ခွင့် မပြုတော့ဘူးဆိုပြီး ကြေငြာတယ်။ ဒါက လူထုက တောင်းဆိုလာလို့ သမ္မတကြီးက လုပ်ခွင့်မပေးဘူး ရပ်လိုက်လို့ ဆိုတဲ့သဘော လုပ်ခဲ့တယ်။ ရခိုင်တွေ ဘက်မှာလည်း သမ္မတကြီးကောင်းလို့၊ သမ္မတကြီးကယ်လို့ သမ္မတကြီးဟာ အားကိုးရတဲ့သူဖြစ်တယ်ဆိုတော့ သမ္မတကို အမွှန်းတင်နေတာလား။ အဲဒီဟာတွေ အားလုံးက နိုင်ငံရေး ရည်ရွယ်ချက်၊ နိုင်ငံရေး ရည်မှန်းချက်နဲ့ ဖန်တီးယူတာလားဆိုပြီးတောင် ကျနော် ဒီလိုပဲ တွေးထင်လာတယ်။

အခု ကြေညာချက်တွေ ထုတ်တယ်။ ဟိုလူ လက်ညှိုးထိုး၊ ဒီလူလက်ညှိုးထိုး စသဖြင့် အဖွဲ့အစည်းတွေက နောက်ကွယ် က ကြိုးကိုင်တယ်ဆိုပြီး လုပ်လာတယ်။ ဒါဆို နောက်ကွယ်မှာ စစ်တပ်ကလည်း ခုနကပြောသလို ကယ်တင်ရှင်ကြီး အ ဖြစ် လူထုက တောင်းဆိုလာအောင်လို့ ကြိုးကိုင်ခဲ့တာရော ရှိမလား၊ ဒီလိုလည်း စဉ်းစားမိပြန်တယ်။ ဘာကြောင့်လည်း ဆိုတော့ တရား ဥပဒေစိုးမိုးရေးတွေ၊ လူ့ အခွင့်အရေးတွေဆိုတာနဲ့ ချည်းကပ်လုပ်ဆောင်ရမယ့် အစား အခြေအနေကို လွှတ်ပေးပြီး လမ်းမှားကို မောင်းပို့ခဲ့သလားဆိုပြီး တွေးမိတယ်။ သမိုင်းမှာ ဒါမျိုးတွေက ရှိခဲ့ဖူးလို့ပါ။

ပြောရရင် နောက်ကွယ်က ကြိုးကိုင်နေသူတွေ၊ အဖွဲ့အစည်းတွေ ရှိတယ်ဆိုတဲ့ သမ္မတရုံးက ကြေညာချက်အတိုင်း မရိုး သားမှုတွေ၊ လှုံ့ဆော်မှုတွေ နောက်လက်တွေကတော့ ရှိနေတာအမှန်ပဲ။ ဒီလိုကြေညာချက်ထွက်လာပြီး အရေးယူမယ် ပြောနေတုန်း ဟိုမှာက အကုန်နီးပါး ပြာကျကုန်ပြီ။ သေကြ ကျေကြဖြစ်ကုန်ပြီ။ နောက် စုံစမ်းရေး ကော်မရှင် ဆိုတာမှာလည်း Celebrities (နာမည်ကြီးသူများ) နဲ့သာဖွဲ့ထားပြီး တကယ် ဘာသာရေး၊ လူမှုရေး၊ နိုင်ငံရေး စတဲ့ ဘက်ပေါင်းစုံက လူတွေမထည့်ပဲ ထားတာကြောင့် အခုထိ အလုပ်မဖြစ်ဘူး။

အခု ကော်မရှင်မှာ ရခိုင်ဘက်ကလူ၊ မွတ်ဆလင်ဘက်က လူ စသဖြင့် ကော်မရှင် အဖွဲ့ဝင်တွေကထဲက သတင်း တွေ ပေါက်ကြား၊ တချို့က ဖောက်ထုတ်ပစ်တာတွေ လုပ်လာတဲ့ သတင်းတွေလည်း ကြားနေရတယ်။ ကော်မရှင် အဖွဲ့ဝင်တွေမှာ ဆန္ဒစွဲ၊ ဂတိစွဲ ဘယ်လောက်ရှိနေလဲ ဆိုတာ ပြောမရနိုင်ဘူး။ ဆန္ဒာဂတိ ကင်းကင်းရှင်းရှင်း ထွက်လာတဲ့ အစီရင်ခံစာမျိုး ဖြစ်မှသာလျှင် မှန်မှန်ကန်ကန် ပြဿနာကို ဖြေရှင်းနိုင်လိမ့်မယ်။ ဒီလိုမှ မဟုတ်ရင် မလွယ်ဘူး။

(အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက တဦးဖြစ်သည့် သတင်းစာဆရာဟောင်း ဦးဝင်းတင်က ဖုန်းဖြင့် ဖြေဆိုပြောကြားချက်ကို တည်းဖြတ်ဖော်ပြပါသည်)


45 Responses

Leave a Reply

  1. စစ်မှန်တဲ့မီဒီယာရယ်လို့….မြန်မာပြည်မှာ ဧရာဝတီပါပဲ…မမှန်တဲ့သူတွေကတော့ ဘယ်ကြိုက်ပါ့မလဲ…..ဒါကတော့ ထုံးစံပဲ…….. ခွေးတွေတွေအများကြီးကြားထဲရောက်နေလို့ ၀ိုင်းဟောင်ကြတာဟာ မထူးဆန်းပါဘူး….”လေးစားပါသည် ဧရာဝတီ”

  2. ပါကြီးဖိုး

    ဆရာဦးဝင်းတင်ရဲ့အမြင်မှာ အစိုးရက လူထုထောက်ခံမှုရအောင် ရခိုင်အရေးကို အသုံးချနေတယ်ဆိုရင် ဒါဟာ လူသားချင်းစာနာစိတ် ကင်းမဲ့လွန်းရာကျနေပါတယ်။ လက်တလောအခြေအနေမှာ အကြမ်းဖက်တိုက်ခိုက်မှုများ ထပ်မံမဖြစ်ပွားလာအောင် တကယ်လုပ်ဖို့ လိုအပ်ပါတယ်။ ရေရှည်အနေနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီစနစ် အမြန်ရှင်သန်လာအောင်လုပ်ပြီး အခုလိုအကြမ်းဖတ်မှုတွေ ပေါ်ပေါက်မလာအောင် ဥပဒေစိုးမိုးမှုတွေနဲ့ ကိုင်တွယ်သွားသင့်ပါတယ်။ အခရာကတော့ ဒီမိုကရေစီလူဘောင်စနစ် ထူထောင်နိုင်ဖို့သာ ဖြစ်ပါတယ်။ အာဏာရှင်စနစ်ကတော့ လူနည်းစု ကောင်းစားနေတာကလွဲရင် ပြည်သူအများစုက ယခုထက် ပိုပြီး မွဲသထက်မွဲ၊ ရခိုင်အရေးအပါအဝင် ပြည်တွင်းငြိမ်းချမ်းရေးဟာလည်း အလှမ်းဝေးသထက် ဝေးလာမှာကတော့ ထင်ရှားသိသာနေပြီးသားပါ။

  3. မင်းတို့သတင်းဌာနနာမည်က…ဧရာဝတီမဟုတ်တော့ဘူး…. နာမည်ပြောင်းလိုက်ပြီ… ဘင်္ဂါဝတီ….NLD..ကလည်း..နာမည်ပြောင်းလိုက်ပြီ…
    MLD( Muslim League for Democracy)…

    • ဒီမယ် ပန်းချစ်သူ၇၂
      လူစိတ်မွေး၊ စာသေချာဖတ်၊ သောက်ရမ်းမပြောနဲ့ ၊ အကောင်းမြင်စိတ်မရှိတောင် အမှန်မြင်စိတ်မွေးပါ၊ ကိုယ်ရေးတဲ့စာက ကိုယ့်မိဘအဆင့်အတန်းဖော်ပြတတ်တယ်
      စေတနာရှင်

  4. ဦးဝင်းတင်က ပြောတယ် -

    “စစ်မှန်တဲ့ ပြည်ထောင်စုမှာရှိတဲ့ အမျိုးသားရေးဆိုတာ ဘာလဲ ဆိုပြီး ဗမာဆိုတာ အပါအ၀င် တိုင်းရင်းသားတွေ အားလုံးကြားမှာ တော်တော် စကားပြောလာရတဲ့ကိစ္စ ဖြစ်လာတယ်။”

    “အမျိုးသားရေးနဲ့ လူမျိုးရေးဆိုတာ မကွဲဘဲ ဖြစ်လာတယ်။”

    ယဉ်ကျေးမှုနဲ့ အနုပညာပြိုင်ပွဲတွေလုပ်တယ်။
    တိုင်းရင်းသားတွေက တိုင်းရင်းသားဝတ်စုံဝတ်ပြီး ဗမာသီချင်း အဆိုပြိုင်ကြရတယ်။

    ဗမာတွေက “တိုင်းရင်းသားတွေဟာ ညီအစ်ကိုမောင်နှမတွေပါ” တဲ့။
    တိုင်းရင်းသားတွေ ဒုက္ခရောက်တော့ ဗမာတွေကပြောတယ်၊ “ငါတို့လည်း မင်းတို့လိုပဲ အတူတူခံရတာပဲ” တဲ့။
    လူမသိသူမသိ သေဆုံးခဲ့ရတဲ့ တိုင်းရင်းသားတွေရဲ့ ဝိဥာဉ်တွေက ခေါင်းထောင်ကြည့်ကြတယ်။

    ကျော်ဟိန်းက သီချင်းဆိုတော့ ဟောသည်လို ဆိုခဲ့တယ် “တို့မယုံဘူး” တဲ့။
    သဲလွန်စ နည်းနည်းလောက် ရလာပလား။
    မရသေးဘူး ဟုတ်လား။
    ကောင်းဗျား ကျုပ် သေသင့်တယ် :-)

  5. မူဆလင်တွေက အာရဗ်နိုင်ငံကိုသွား
    ခရစ်ယန်တွေက အနောက်နိုင်ငံသွား
    ဟိန်ဒူတွေကအိမ်ဒီးယကိုသွား
    ဘယ်သူမှမရှိ့ရင်လည်း. မျက်ကန်းနဲ့ စစ်တပ်ချနေဦးမှာပဲး

  6. ဘင်ဂလိတွေသေမှာကြောက်လိုပြေးနေရင်းကနေ
    အသေခံဘုံခွဲးသမားဖြစ်မသွားအောင်သတိထားရမယ်

  7. သမတကြီးကိုဖိအားတွေမပေးကြပါနဲ့ခများ၊ သူ့လည်းရခိုင်ပြည်နယ်ငြိမ်းချမ်းမှုအတွက်ကြိုးပမ်းဆောင်ရွက်နေတာဘဲနာလည်ပေးလိုက်ကြပါ။

  8. The matter is very simple. No muslim no peace, therefore we don’t want any muslim in our state for peace..

  9. http://www.weeklyeleven.com/index.php?option=com_content&view=article&id=16249:2012-11-03-05-02-37&catid=78:2009-11-13-06-25-17&Itemid=135
    ကိုအောင်ဇော်ရေ အစ်ကို့ကို ၁၈နှစ်သာရှိသေးတဲ့ အခုမှလူလို့စ သတ်မှတ်လို့ရတဲ့ကလေးတစ်ယောက်ရဲ့ဝေဖန်ရေးသားချက်ကို အလဲဗင်း ကတော့မြှောက်ပေးလိုက်ပြီဗျို့…. ELEVEN & THE VOICE ကတော့ ပြည်သူ့ချဉ်ဖတ်ဖြစ်နေပြီ… ရေးတဲ့ကလေးက၁၈နှစ် ရေးတာက ရခိုင်အရေး…. ငါတို့သမ္မတတောင်သေသေချာချာကိုင်တွယ်နေရတာကို အလဲဗင်းကတော့လုပ်ချလိုက်ပြီ… ကိုအောင်ဇော်ရေ အလဲဗင်း အတွက်ဆောင်းပါးလေးတပုဒ်ကိုရေးစေလိုပါတယ် ”ဧရာဝတီ” ရဲ့ပရိသတ်တစ်ဦးအနေနဲ့တောင်းဆိုပါတယ်…

  10. ဒီကိစ္စမှာစစ်တပ်နဲ့သမတလဲပါတယ်ဆိုတာတဖြေးဖြေးနဲ့ပေါ်လာပါပြီ၊ဘုန်းကြီးအတုတွေလဲပါ တယ်မန္တလေးကစစ်ကြေငြာတဲ့ဘုန်ကြီးလဲစစ်တပ်ကဖြစ်နိုင်တယ်မဟုတ်ရင်သူ့ကိုဘာကြောင့် မဖမ်းလဲ။

    • Not just U Thein Sein and Army.Me too.All real myanmar citizen should involve in this international pickle(kalar) problem.

  11. I really appreciate your point of view,Sayar U Win Tin. If,many people will have your point of view,this really bad situation will not happened,to the worst. I wish,if, the Government Authority will consider in the way you have mentioned,can only be solve that problem.But,one track minded, negative thinking, racist believe, sure,cannot be solve this bad event of matter,that Burma,is now famous in abroad that it is,not a safe place to visit,will makes the chances to lost every thing.It is very important time for Burma, for survival in many way. Only the most poorest area,with poorest people will not have any profits out from this terrible event.

  12. အကောင်းဆုံးကတော့စစ်အုပ်ချုပ်ရေးပဲး
    ဒိလောက်ဖြစ်နေတဲ့အချိန်မှာnldကတချို့
    မြှေက်ပင့်ပေးနေတယ် တချိုနှုတ်ပိတ်နေတယ်
    အကောင်းဆုံးကတော့စစ်အုပ်ချုပ်ရေးပဲး

  13. ယခု ဖြစ်ပေါ်နေသော ပြသနာသည် ဘာသာရေး၊လူမျိုးရေး ကြောင့်ဖြစ် သောပြသနာ မဟုတ်ပါကြောင်း ယခုပြသနာသည် သမိုင်းကြောင်းနှင့် ချီပြီးဖြစ်လာသော ပြသနာဖြစ်ပါကြောင်း၊ အတိုချုပ်ပြီးပြောရလျင် ယခုပြသနာသည် ၁၉၄၂ ခုနှစ်တုန်းက ဘင်္ဂလီကုလားများ ရခိုင်တိုင်းရင်းသားများအား လူမျိုးတုန်းသတ်ဖြတ် ပြီး အစ္စလာမ်နိုင်ငံထူထောင်ရန် ကြိုးစားခြင်း မှစတင်ခဲ့ကြောင်း၊ ထိုအချိန်က ဘူးသီးတောင်၊မောင်တောမြို့နယ်တွင် ရခိုင်ကျေးရွာပေါင်း ၃၀၀ ကျော်ရှိခဲ့ပါကြောင်း ယခုအခါ ၃၀ ခန့်သာ ကျန်ရှိတော့ပါကြောင်း

  14. အရမ်းမဝေဖန်လိုသူ

    အရမ်းကောင်းတဲ့ အတွေးအမြင်ပါ။ဒီနေရာမှာ OIC ကိစ္စ ဦးဝင်းတင်ပြောသွားတာ အရမ်းသဘောကျတယ်၊
    OIC ကိစ္စဟာ ဦးသိန်းစိန်ရဲ့ မလည်ရှုပ် ဇတ်ထုတ်တခုပါ၊ အိုအိုင်စီက ၀င်ချင်တယ်ပြောတောင်မှ သူတဦးတည်းသဘောနဲ့ လက်ခံလို့မရဘူးထင်ပါတယ်၊ လွှတ်တော်ရှိတယ်၊ နောက်ဆုံး
    ကုန်ကုန်ပြောရင် လူထုရှိတယ်၊ ဒီအဖွဲ့တွေ လူတွေရဲ့ သဘောထားဆန္ဒလည်း လိုမယ်
    ထင်တယ်၊ အခုဟာ ဒေါ်လာ သန်း ၅၀ ဆိုတာနဲ့တင် တိုင်းပြည်ကို ရောင်းစားချင်နေ
    ပြီ၊ နောက်မှ လူထုလက်မခံလို့ ပြန်ဆုတ်လိုက်တယ်ဆိုတာမျိုးဖြစ်နေတယ်၊အိုအိုင်စီက အတင်းအကျပ်ပြောလို့ ဆိုလည်း သူရဲ့ ဖိအားက ဘယ်လောက်ကြီး
    မားလာပြီဆိုတာကို ချပြသင့်တယ်

  15. ဘာကြောင့် တည်းဖြတ်ရတာလဲဗျာ

    • အောင်သူ(သိမှတ်ဘွယ်)ရခိုင်

      ကျွန်တော်ဟာ Islamization ရဲ့ကြောက်စရာကောင်းပုံကို ကူးယူ မီးမောင်ထိုးပြရုံသာဖြစ် ပါတယ်။
      ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်ဘာသာတရားမှ လူသက်တာကို အားမပေးပါဘူး။ လူ့အသက်ကို သတ်တာဟာ ကြီးမားတဲ့အပြစ် sin ဖြစ်သတ်မှတ်ထားပါတယ်။
      လူ့အသက်ကိုသက်တဲ့သူဟာ ငရဲဘုံကိုလားရတယ်လို့ ဆုံးမထားပါတယ်။ ဒါပေမယ့် အစ္စလာမ်ဘာသာကတော့ အစ္စလာမ်အယူဝါဒပြန့်ပွားရေးအတွက် အစ္စလာမ်မဟုတ်တဲ့ လူတွေရဲ့အသက်ကို သတ်ပစ်ရမယ်၊ ထိုသို့ အစ္စလာမ်မဟုတ်တဲ့ လူတွေရဲ့အသက်ကို သတ်မှသာလျှင် ကုသိုလ်ရပြီးကောင်းကင်ဘုံကို ရောက်တယ်လို့ညွန်ကြားထားပါတယ်။
      မွတ်ဆလင်တွေဟာ သူတို့ဘုရား Allah နဲ့ Mohammed ကို သူတို့အသက်ထက်ပိုချစ် ရပါတယ်။ မွတ်ဆလင်တွေအတွက် ကိုရမ်းကျမ်းဟာ အသက်ပါပဲ။ 100% အတိအကျ လိုက်နာကျင့်သုံးရတဲ့ ဥပဒေသဖြစ်ပါတယ်။ မွတ်ဆလင်မဟုတ်တဲ့ လူတွေအားလုံးကို အစ္စလာမ်ဘာသာထဲမ၀င်ရင် သတ်ကိုသတ်ပစ်ရမယ်လို့ သူတို့ဘုရား Allh (အလာ)က အတိအကျညွှန်ကြားထားပါတယ်။
      ဒါဟာ Duties of Muslims မွတ်ဆလင်တွေ မဖြစ်မနေထမ်းဆောင်ရမဲ့ တာဝန်တွေပါ ပဲ။ ဒီမွတ်ဆလင်တွေဟာ သူတို့စိတ်နဲ့သူတို့ သတ်ချင်လို့သတ်နေကြတာမဟုတ်ပါဘူး။ သူတို့ဘုရား အလာက တခြားသော ဘာသာဝင်တွေအားလုံးကို သတ်ရမယ်လို့ အမိန့် ပေးလို့ သတ်နေရတာပါ။
      မကောင်းဆိုးဝါးအလာပူးနေတဲ့ မိုဟာမတ်ကရေးခဲ့တဲ့ ကိုရမ်းကျမ်းမှာ သူတို့ဘုရားက အတိအကျလူသတ်ခိုင်းထားတာပါ။ ကိုရမ်ကျမ်း တစ်အုပ်လုံးမှာ အစ္စလာမ်ဘာသာပြန့် ပွားရေးအတွက် အစ္စလာမ်ဘာသာမဟုတ်တဲ့ လူအားလုံးကို သတ်ပစ်ရမယ်လို့ အဓိပါယ်ရတဲ့ကျမ်းချက် (လူသတ်ခိုင်းတဲ့ ကျမ်းချက်ပေါင်း ၁၂၃-ချက်)တောင် ရှိပါတယ်။

      • အောင်သူ(သိမှတ်ဘွယ်)ရခိုင်

        ရာဇ၀င်မှာ နှစ်နိုင်ငံစစ်တိုက်လို့ စစ်ရှုံးရင် အဖျက်ဆီးခံရတယ်။ ဒါပေမယ့် လူမျိုးလိုက် မပျောက်ကွယ်သွားပါဘူး။ ဘာသာတရားယဉ်ကျေးမှုတွေလည်း ပျောက်ကွယ် မသွားပါဘူး။ ဒါပေမဲ့ မွတ်ဆလင်တွေကို စစ်ရှုံးခဲ့တဲ့ နိုင်ငံတွေ အားလုံးမှာဆိုရင် လူမျိုးပျောက်ကွယ်သွားပါတယ်။ သတ်ဖြတ်ချေမှုန်းသွေးနှော ခြင်းကိုခံရပါတယ်။ မွတ်ဆလင်တွေဟာစစ်နိုင်ရင် အဲဒီနိုင်ငံမှာရှိတဲ့ ယောက်ျား လေးမှန်သမျှကို ခေါင်းဖြတ်သတ်ပြီး မိန်းမမှန်သမျှကို အတင်းအဓမ္မကာမ ရယူကာ သွေးနှောပစ်တာပါ။
        မွတ်ဆလင်တို့ရဲ့ iskamization အလုပ်ခံရတဲ့ အစ္စလာမ်ဘာသာအတွင်း ကို အတင်းသွတ်သွင်းခြင်းခံရတဲ့ နိုင်ငံတွေကတော့ တူရကီနိုင်ငံ (မူလခရစ် ယာန်နိုင်ငံ)၊ အင်ဒိုနီးရှား (မူလဗုဒ္ဒဘာသာနိုင်ငံ)၊ မလေးရှား (မူလဗုဒ္ဒဘာ သာနိုင်ငံ)၊ အာဖဂန်နစ္စတန် (မူလဗုဒ္ဒဘာသာနိုင်ငံ)၊ ပါကစ္စတန် (မူလဟန္ဒူ )ံ)၊ ဘင်္ဂလားဒေ့ရှ် (မူလကဟိန္ဒူနိုင်ငံ)စသည်ဖြင့် မြန်မာနိုင်ငံထက်ပိုကြီးပြီး လူဦးရေ ပိုများတဲ့ နိုင်ငံတွေတောင် မခံနိုင်ပဲ လူမျိုးလည်းပျောက်၊ ဘာသာ လည်းပျောက်ခဲ့ရပါတယ်။
        ဘာသာတရားအားလုံးရဲ့ အထွက်အမြတ်ထားတဲ့ Holy Places တွေအား လုံးဟာ မွတ်ဆလင်တွေအားလုံးရဲ့ မီးရှို့ ဖျက်ဆီးခြင်းကိုခံခဲ့ရပါတယ်။ မွတ် ဆလင်တွေ ဒိုင်းနမိုင်းနဲ့ဖျက်ဆီးခဲ့တဲ့ ကမ္ဘာ့အကြီးဆုံး သဲကျောက်နဲ့ထုလုပ် ထားတဲ့ ဗုဒ္ဒဆင်းတုတော်ကြီးကို ကြည့်ရင်သိနိုင်ပါတယ်။ ခရစ်ယာန်နဲ့ ဂျူး ဘာသာတို့ အထွက်အမြတ်ထားတဲ့ Jerusalem မြို့ဟာ မွတ်ဆလင်တို့ရဲ့ အကြိမ်ကြိမ်မီးရှို့ဖျက်ဆီးခြင်းကို ခံခဲ့ရပါတယ်။ ဗုဒ္ဒဘာသာဝင်တို့ရဲ့ အထွက် အမြတ်ထားတဲ့ ဗုဒ္ဒဂါယာလည်း မွတ်ဆလင်တို့က ရစရာမရှိအောင် မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရပါတယ်။
        ဒါပေမဲ့ သူတို့ရဲ့ ၀တ်တန်ဆာကို ကိုးကွယ်တဲ့ မွတ်ဆလင်အဓိက မြို့တော်ဖြစ်တဲ့ ဆော်ဒီက မက္ကာမြို့ကိုတော့ ဘာသာခြားတစ်ယောက်မှ အ၀င်မခံပါဘူး။ ၀င်တာနဲ့ တရားဝင်ခေါင်းဖြတ်သတ်ခွင့်ရှိပါတယ်။ ဘယ်လောက်လူပါးဝပြီး မိုက်ရိုင်းထားသလဲ။။။။

  16. ရခိုင်မှာ အဓိပြဿနာဖြစ်နေတာကိုကြည့်ရင် ဘင်္ဂါလီမူဆလင်တွေဘက်က သမိုင်းကိုလိမ် အာရပ်နိုင်ငံတွေအားကိုးနဲ့ အင်တာနက်တွေ မီဒီယာတွေကိုလည်း အာရပ်နိုင်ငံတွေရဲ့ အားကိုးနဲ့ လုပ်ကြ ပိုဝါဒဖြန့် ပိုမိုပြီးလိမ်လည်ဒါဟာ နှစ်ကာလကြာလာတော့ အမှန်လိုလို လူတွေကို လှည့်စားနိုင်ခဲ့ပါပြီ ရခိုင်ဘက်မှာမူဆလင် ၂ မျိုးရှိပါတယ် တစ်မျိုးက အနေကြာနေတဲ့ ကမန်မူဆလင်နဲ့ ဘင်္ဂလားဒေ့ရ်ုဘက်ကနေခိုးဝင်လာတဲ့ ဘင်္ဂါလီမူဆလင်ဆိုပြီး ၂ မျိုးရှိတယ် ကမန်းကလူနည်းစုပါ သောင်းဂဏန်းလောက်ပေးရှိတယ်။ အခုလိုသမိုင်းကိုလိမ်ပြီး လူ့အခွင့်အရေးအရေခြုံပြီးလှုပ်ရှားနေတာက ကမန်းတွေမဟုတ်ပါဘူး ဘင်္ဂါလီမူဆလင်တွေပါ။ ကျူးကျော်ဘင်္ဂါလီမူဆလင်တွေကြောင်းပြသနာဖြစ်နေတာပါ။

    • ကမန်းမူဆလင် လူနည်းစုဖြစ်ခြင်း မဖြစ်ချင်းက အဓိကကြသောအကြောင်း၇ာ မဟုတ်ပါ။ ဘာကြောင့် နှစ်ပေါင်းများစွာ နေထိုင်လာခဲ့သော ကမန်များ အတိုက်အခိုက်ခံခဲ့၇သလဲ ဆိုသော ဆွေးနွေးမှုဖြစ်ပေါ်လာပါ၇န် ပိုမိုဆန္ဒရှိပါသည်။

      • လွန်ခဲ့တဲ့ စစ်အစိုးရခေတ် ၂ ဆက်လုံး တိုင်းပြည်မှာ အဂတိလိုက်စားမှုတွေများပြီး လဝက ဘယ်လိုဆိုတာ မြန်မာနိုင်ငံမှာ နေသူတိုင်းသိကြပါတယ်။ ငွေယူပြီး ဘင်္ဂလီတွေကို မှတ်ပုံတင်ထုတ်ပေးပြီး ကမန်တိုင်းရင်းသားပါလို့ ရေးခဲ့ရင် ဘယ်သူဘာပြောနိုင်မလဲ။ သက်သေပြပါဆိုရင်လည်း လာဘ်ပေးသူဘင်္ဂလီရော လာဘ်ယူသူ လဝက နှစ်ဘက်လုံးက ဒီအဖြစ်မျိုးရှိခဲ့ပါတယ်လို့ ဝန်ခံပါ့မလား။ လာဘ်ပေးသူဘင်္ဂလီတွေက သူတို့ရထားတဲ့ နိုင်ငံသားအခွင့်အရေး အဆုံးအရှုံးခံပြီး လဝက ကို ငွေပေးခဲ့ရပါတယ်လို့ ဝန်ခံပါ့မလား။ လာဘ်ယူခဲ့တဲ့ လဝက တွေကလည်း ထောင်အကျခံပြီး ဟုတ်ပါတယ်။ ဘင်္ဂလီတွေဆီက လာဘ်ယူပြီး နိုင်ငံသားကတ်ထုတ်ပေးခဲ့ပါတယ်လို့ ဝန်ခံပါ့မလား။ တကယ့်သက်သေက လာဘ်ပေးသူနဲ့ လာဘ်ယူတွေပဲလေ။ နောက်ဆုံးကျ ကမ္ဘာ့သတင်းစာမျက်နှာတွေမှာ ကမန်တိုင်းရင်းသားတွေကို ရခိုင်တွေက သတ်ပါတယ်။ မီးရှို့ပါတယ်ဆိုတဲ့ သတင်းတွေပဲထွက်လာတယ်။ အဓိက တရားခံက အာဏာပိုင်လို့ခေါ်ကြတဲ့ အစိုးရဝန်ထမ်းတွေ အကျင့်ပျက်ခြစားမှုကြောင့်ပဲ။ ရွေးကောက်ပွဲမှာ မဲလိုချင်လို့ နိုင်ငံသားကတ်ထုတ်ပေးခဲ့တဲ့ ကြံ့ဖွတ်လည်း ပါတယ်။

        • တ၇ားမဝင်သော ဘင်္ဂလီလူမျိုးများကို အကျင့်ပျက်အစိုး၇ဝန်ထမ်းများက ကမန်တိုင်း၇င်းသားအဖြစ် မှတ်ပုံတင်ပြီး တ၇ားဝင်နိုင်ငံသားဖြစ်အောင် လုပ်ခဲ့သည်ဟုဆိုခြင်းမှာ လက်ခံစဉ်းသင့်သောအချက်ဖြစ်သည်။ သို့သော်နိုင်ငံတကာသတင်းတွင်ဖော်ပြခဲ့သော မီးရှိ့ခံခဲ့၇သည့် ဂြိုလ်ထုမှတ်တမ်းပါ ၇ပ်ကွက်များသည် ကမာန်တိုင်း၇င်းသားများ နှစ်ပေါ်င်းများစွာနေထိုင်ခဲ့နေ၇ာများဟုတ်မဟုတ် ဒေသခံများက ပိုသိပါလိမ့်မည်။ ၇ခိုင်ကိုအပြစ်ဆိုနေခြင်းမဟုတ်ပါ။ ဘက်မလိုက်သတင်းမှန်များ ပိုမိုထွက်ပေါ်လာလျင် အကျင့်ပျက်သူများဧ။် အခွင့်ယူမှုများ နည်းပါးသွားနိုင်သည် ထင်မြင်မိပါသည်။

  17. Thankyou U Win Tin. You are right and your point of view is true.

  18. ဧရာဝတီရေတရခံတွေဖေါ်ထုတ်စရာမလိုပဲနဲ့
    တဖြည်းဖြည်ပေါ်လာပြီး
    တရခံအစစ်ကိုမဖမ်းတာပဲးရှိ့တယ်

  19. အားလုံးဟာကိုယ့်အမြင်ကိုပြောချင်သလိုပြောလို့ရပါတယ်။ရခိုင်ပြည်နယ်မှာရှိတဲ့သူတွေအားလုံး ဟာလူသားတွေဖြစ်တဲ့အတွက် လူသားအားလုံးကိုကောင်းကျိုးပြုမယ်ဆိုရင်ကောင်းမွန်ပါ တယ်။ အပြစ်ရှာ၊အပြစ်ပြော၊ အပြစ်မြင်နေရုံနဲ့ သူတို့အတွက်ကောင်းကျိုးဖြစ်မလာနိုင်ပါဘူး။ ရခိုင်ကသပ်သပ်၊ မူဆလင်ကသပ်သပ်တစ်ရပ်ကွက်စီထားမယ်ဆိုရင်လဲ နောင်ကျရင် အခြေအနေက ဒီထက်မကဆိုးသွားပါလိမ့်မယ်။ မူဆလင်တွေနေဖို့သီးခြားနေရာပေးဖို့ မဖြစ်နိုင် ပါဘူး။နောင်ကျရင် မူဆလင်ပြည်နယ်မတောင်းဆိုဘူးလို့ အာမမခံနိုင်ပါ။ထိုင်းတောင် ပိုင်းပြည်နယ်ကို ဗမာတွေသင်ခန်းစာယူသင့်ပါတယ်။ ဒါကြောင့်မို့ အကောင်းဆုံးပြောချင် ပါတယ်။စစ်တပ်ဒါမှမဟုတ်ရဲ၊ ဒါမှမဟုတ်အခြားသောနာမယ်နဲ့အဖွဲ့အစည်းတစ်ခုခုကို လုံခြုံရေးအတွက်စနစ်တကျတာဝန်ပေးစေချင်ပါတယ်။ပေးရုံတင်မဟုတ်ဘဲ ဆုပေးဒဏ်ပေး စနစ်ကျင့်သုံး၊ ပြည်သူကိုချပြ၊ ပွင့်လင်းမြင်သာမှုနဲ့လုပ်ဆောင်မယ်ဆိုရင် ရခိုင်ပြည်နယ် အေးချမ်းပါလိမ့်မယ်။ အကောင်းမြင်ဝါဒနဲ့ကြည့်မြင်ပြီး အကောင်းဆုံးလုပ်ဆောင်ကြစေချင်ပါတယ်။

  20. ဟုတ်တယ်ဒါနိုင်ငံရေးလှည့်ကွက်တစ်ခု လို့မြင်မိတယ် တစ်ချိန်က လူမရှိတဲ့နေရာတွေမှာ ဗုံးတွေ့ လူမမြင်တဲ့ အမှိုက်ပုံတွေ မှာ ဗုံး ကွဲး အမျိုးမျိုး လှည့်ကွက်တွေဆင်နေကြတာ သိသာပါတယ်

  21. တိုင်းရင်းသား

    အဘ ဦးဝင်းတင်ခင်ဗျား-
    အဘ ပြောတာတွေကို မှားပါတယ် လို့ ကျွန်တော် မပြောချင်ပါဘူး။ ဒါပေမဲ့ ပြဿနာတစ်ရပ်ကို ဖြေရှင်းတဲ့နေရာမှာ အမှားထောက်ပြရုံလောက်နဲ့တော့ မလုံလောက်သေးပါဘူး။ ဘယ်ဟာက မှန်တယ်၊ ဘယ်လို လုပ်ရမယ်၊ ဘာလုပ်သင့်တယ် ဆိုတာကိုပါ အသေးစိတ် ညွှန်ပြနိုင်မှ ပြဿနာက ပြေလည်မှာပါ။
    အခုဆိုရင် အဘတို့ အဖွဲ့ချုပ်က ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဟာ လွှတ်တော်ထဲမှာ တရားဥပဒေစိုးမိုးရေး ကော်မီတီဥက္ကဋ္ဌ အဖြစ်နဲ့ပါ တာဝန်ထမ်းဆောင်နေပါပြီ။ ကျွန်တော် ဖြစ်စေချင်တာက ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် တရားဥပဒေစိုးမိုးရေးကော်မီတီအဖွဲ့ဝင်တွေအနေနဲ့ ပြဿနာဖြစ်ပွားရာ အရပ်ကို ကိုယ်တိုင်သွားလေ့လာမယ်။ ပြီးရင် အစိုးရအဖွဲ့ကို ဘာလုပ်သင့်တယ် ဘယ်လိုလုပ်ပါ ဆိုတဲ့ အကြံဥာဏ်မျိုးပေးစေချင်ပါတယ်။ ဒီလို အကြံဥာဏ်ပေးပါလျက်နဲ့ အစိုးရဘက်က ပေးတဲ့ အကြံဥာဏ်ကို လိုက်မလုပ်ဘူး ဆိုရင်တော့ အစိုးရအဖွဲ့ကို လုံးဝ အပြစ်ဖို့ လိုက်ဖို့ပါဘဲ။
    အခုတော့ ဒေါ်အောင်ဆန်းစုကြည်ထံက တရားဥပဒေစိုးမိုးရေး မရှိလို့ ဖြစ်ရတာ ဆိုတဲ့ စကားတစ်လုံးလောက်ပဲ ကြားနေရပါလား။ ဒီအပြောမျိုးကတော့ လူတိုင်း ပြောတတ်ပါလိမ့်မယ်။
    ကျွန်တော် သတိထားမိသလောက် ဒေါ်အောင်ဆန်းစုကြည်ရော ပါတီအနေနဲ့ရော ရခိုင်ကိစ္စအပေါ်မှာ ဘာမှ တိကျတဲ့ သဘောထားမှတ်ချက်မျိုး လုပ်ငန်းစဉ်ပါတဲ့ အကြံပြုချက်မျိုး ပြောတာဆိုတာ ထုတ်ပြန်တာ မကြားမိသေးပါဘူး။ ကြေညာချက်တစ်စောင်လောက် ထုတ်တာတောင် မြို့နာမည် အမှားက ပါနေပါသေးတယ်။ ဒီထက် ပိုဆိုးတာကတော့ အမုန်းခံရမှာ စိုးလို့ ရေငုံနှုတ်ပိတ်နေနေတာဘဲ။
    တိုင်းရင်းသားဖြစ်တဲ့ ကျွန်တော်က ကိုယ့်တိုင်းရင်းသားတွေကို အပြည့်အ၀ အကာအကွယ်မပေးနိုင်တဲ့ အတွက် အစိုးရကို မကျေနပ်သလို အစိုးရလုပ်တာကို အပြစ်သာ ပြောပြီး ကိုယ်တိုင်ကတော့ အစိုးရ မဟုတ်လို့ လက်တွေ့အကောင်အထည်မဖော်ပေးနိုင်သည့်တိုင်အောင် ဘာလုပ်သင့်တယ် ဘယ်လို လုပ်ပါ ဆိုတာလောက်ကိုတောင် ပြောပေးဖော်မရတဲ့ ပါတီခေါင်းဆောင်တွေကိုလဲ မလေးစားနိုင်ပါဘူး။ အထင်မကြီးနိုင်ပါဘူး။ ဒါ ပွင့်ပွင့်လင်းလင်း ပြောလိုက်တာပါ။

    • အောင်မျိုး

      တိုင်းရင်းသားပြောတာကိုထောက်ခံပါတယ်။
      စစ်အုပ်ချုပ်တာမလိုချင်ရင် တရားဥပဒေစိုးမိုးရေး အရေးကြီးရင် အရပ်အုပ်ချုပ်သူတွေက
      တိုင်းရင်သားစစ်ပွဲတွေနဲ့ ရခိုင်အရေးကို ဦးစားပေးဆောင်၇ွက်သင့်ပါတယ်။

      စစ်တပ်က အခုထိယုံလို့မရပါဘူး။စစ်တပ်ကိုဘဲ အပြစ်ပုံချနေလို့လဲမရပါဘူး။ရန်သူကြီးလိုဆက်ဆံနေလို့လဲမရပါဘူး။
      ဒီမိုကရေစီအမှန်ရချင်ရင် စစ်တပ်ကိုစည်းရုံးနိုင်မှသာရပါလိမ့်မယ်။တရားဥပဒေစိုးမိုးရေး မရှိလို့ ဖြစ်ရတာ ဆိုတဲ့ reason ကိုရပြီးပါပြီ။ရှေ့ဆက်ဘယ်လိုလုပ်မလဲဆိုတာသာ ပိုအရေးကြီးပါတယ်။

      ကျန်တဲ့မီး၊ရေ၊စီးပွားရေး စတဲ့ အရေးတွေထက် စည်းလုံးညီညွတ်ရေးကပိုအရေးကြီးပါတယ်။
      အမေစုက အစိုးရမဟုတ်တဲ့အတွက် သူမရဲ့ လုပ်ပိုင်ခွင့်ကအရမ်းနည်းပါတယ်။
      ကျနော်အမေစုကိုလေးစားတယ်အားကိုးပါတယ်။ဒါပေမဲ့ W=Fs အရဆိုရင် အားထုတ်မှုကအရေးကြီးပေမဲ့ အရွေ့ရှိမှ အလုပ်ပြီးမြောက်မှုရှိမှပါ။
      Workdone မရှိရင်ကြာရင် လူထုယုံကြည်မှုကျဆင်းပြီး စစ်တပ်ကပြန်အာဏာသိမ်းနိုင်ပါတယ်။

  22. ဒီအမြင်ကို ထောက်ခံပါတယ် ။ ဘာပဲပြောပြော စစ်တပ်တွေမရှိမဖြစ်လိုအပ်တယ်လို. လုံခြုံရေးကိုဘန်းပြပြီး နိုင်ငံတကာတွေကမြင်လာအောင် လုပ်ကြံပြနေတယ်လို.မြင်တယ်။ နောက်ကွယ်ကနေကြိုးကိုင်တယ်ဆိုတာကလဲ သူတို.ပဲနေမှာ ။ ကုလားက ရခိုင်လုပ်တယ်ထင်၊ရခိုင်က ကုလားလုပ်တယ်ထင်နေတဲ.အချိန်မှာ သူတို.ကနောက်ကနေပြီး လုပ်တာလဲဖြစ်နိုင်တယ်။ စဉ်းစားစရာကောင်းတဲ.အချက်ပါ။ ဒါကိုအကြောင်းပြပြီး စစ်ရေးအုပ်ချူပ်တဲ.စနစ်ပြန်မဖြစ်ပါစေနဲ.လို.ပဲမျှော်လင်.တယ်။

  23. စစ်တပ်အုပ်ချုပ်တာကိုမလိုလားဘူး
    ဒါပေမဲ့စစ်တပ်ကပဲးပြန်အုပ်ချုပ်ပါ
    ဒါမျိုးလှည့်ကွက်. တကြိမ်တခါမဟုတ်ဘူး
    အကြိမ်ကြိမ် ဖြစ်နေတာ
    ငပိ့တွေစားပြီး. ငတုံးတွေဖြစ်သွားကြပြီး

  24. လွန်ခဲ.တဲ. နစ် သုံး လေးဆယ် တုံးက နိုင်ငံရေး ပုံစံ အတိုင်းပဲ , တိုင်းပြည်တည်ဆောက် နေတဲ.အချိန် တိုးတက်အောင် ၀ိုင်းဝန်းဖို. မစဉ်းစားဘူး ၊ သပိတ်စုံ သူပုန်ထအောင် ၊ ဘာဖြစ်လို. လုပ်ချင်နေရတာလဲ ၊ တခုပဲ ပွင်.ပွင်. လင်းလင်း နားလည်ထားရမှာက မြန်မာပြည်မှာနေ မြန်မာပြည်မှာမွေး ပြီးမြန်မာနိုင်ငံသား ဆိုရင် ၊ နိုင်ငံကိုကာကွယ်ရမှာ နိုင်ငံသားတိုင်းရဲ. တာဝန်ပါ ၊ စစ်တပ်ကြောင်. ပါတီတွေကြောင်.၊ ဦးသိန်းစိန်ကြောင်. ဒေါ်အောင်ဆန်းစုကြည်ကြောင်. ၊ ဟို လူလုပ်တာ ဒီလူလုပ်တာ ဆိုပြီး ပြော မနေ ပဲ ၊ ကိုယ်.တာဝန် ကိုယ်တတ်နိုင် သလောက် တိုင်းပြည်အတွက် အကျိုးပြု ဖို.ကိုပဲ စဉ်းစား ပါလို. နိုင်ငံသားတယောက် အနေ နဲ. , အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက တဦးဖြစ်သည့် သတင်းစာဆရာဟောင်း ဦးဝင်းတင် ကိုအကြံပြု ချင်ပါတယ် ။

  25. မြန်မာပြည်မှာအကောင်ဆုံးက စစ်အုပ်ချုပ်ရေးပဲး
    ဒိမိုကရေအုပ်စုများနေရာအတွက်တိုက်ပွဲးဝင်နေတယ်လို့ထင်ပါတယ်
    ရခိုင်မှာမင်းမဲ့စရိုက်လူသတ် မီးရှို့ နေတာ တခွန်းမှမပြေားပဲး နှတ်ဆိပ်နေကြပါတယ်
    ရခိုင်ကိတ်စရှင်းရှင်းလင်းလင်းပွင့်ပွင့်လင်းလင်းပြေားလို့ရပါတယ်
    မည်သူဟာနိုင်ငံသားဖြစ်တယ်. မည်သူတွေဟာနိုင်ငံသားမဖြစ်သေးဘူး
    ဘယ်လိုစီစင်မယ်ပြေားလို့ရပါတယ်
    နုတ်ဆိပ်နေခြင်းသည် ဒိမိုကရေစီမဟုတပါ
    အာဏာအတွက်နုတ်ဆိတ်နေတာပါ

  26. မှန်ပါတယ် စစ်အစိုးရလက်ထက်မှာ ဒိလိုမျိုးဆိုးဆိုးဝါးဝါးမဖြစ်ဘူး
    ဘာဒိမိုကရေစိလည်း လူတွေကိုတိရိတ်ဆန်လိုသဘေားထား
    ရိုဟင်ဂျာဘက်ကနာနေတာမဟုတ်ဘူး
    ပွင့်ပွင်လင်းလင်းပြေားလေ စိစစ်ရမယ်ဆိုစိစစ်ပေါ့
    နိုင်ငံအတွင်းမှာမနေစေချင်ဘူးဆိုရင် ဆွေးနွေးပေါ့
    လဝကကကိုအပစ်ပုံတဲ့စကားတခွန်ပဲးတတ်တလား
    ဒိမိုကရေစိ လူ့အခွင့်ရေးလား
    ဒိမိုကရေစိ နေရာရရေးလား

  27. ပွဲးပြီးအသံထွက်လာသူများ
    ဦးဝင်းတင်. မင်းကိုနိုင်. မြအေး. ဒီမိုကရေစိပါတီများ
    အသံမထွက်သေးသောအမေစု
    လူ့အွင့်ရေး

  28. A group of people who create Arakan Unrest will write negative comments on U win Tin’s comment, these people should have open mind.

  29. အောင်မျိုး

    လူမျိုးရေးနိုင်ငံရေးတွေမပါစေနဲ့ဆိုတဲ့ စကားအတွက်

    အာရပ် မူစလင်နိုင်ငံတွေမှာ တခြားလူမျိုးတွေ လာရောက်ပြီးလွတ်လပ်စွာ ကိုးကွယ် နေထိုင်ပိုင်ခွင့်တွေရှိပါသလား။

    ကျနော်တို့ဟာမြင့်မြတ်တဲ့သူတွေမဟုတ်လို့ အဲဒီလောက်သဘောထားကြီးပြီး နိုင်ငံကိုရောင်းမစားနိုင်ပါဘူး။

  30. ရခိုင်ကိစ္စ ကိုအမှန်အတိုင်း ပြောရရင် အဓိက တရာခံကတော့ အစိုးရ ပါဘဲ…လွန်ခဲ့သော နှစ်ပေါင်း များစွာကတဲက အကျင့်ပျက် ဝန်ထမ်း၏ မှားရွင်းသော လုပ်ဆောင်မှုများကြောင့် ယနေ့ ဖြစ်ပေါ်နေသော အကြမ်းဖက်မှု များပေါ်ပေါက်လာရသည်….ထိုအကျင့်ပျက် ဝန်ထမ်းများ သည်လည်း ဋ္ဌာနဆိုင်ရာ အစိုးရဝန်ထမ်း များဖြစ်သောကြောင့် အစိုးရတွင် အဓိက တာဝန်ရှိသည်ဟု ဆိုလိုခြင်းဖြစ်သည်…မိမိ၏ ရာထူး နှင့် စည်းစိမ်ကို မထိပါးနိုင်လျှင် မျက်စိလွှဲ ခဲပြစ် လုပ်ခဲ့ခြင်း များကြောင့် အခုလိုကိစ္စများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်၏…သို့သော် မိမိ၏ ရာထူးနှင့် စည်းစိမ်ကို ထိပါးလာနိုင်သည်ဟု ယူဆခဲ့လျှင်တော့ မရှိသော ဥပဒေများ ကိုထုတ်သုံး၍ သော်၎င်း…အထိုထိုသော ဥပဒေ အသစ်များ ထုတ်၍ သော်၎င်း အတင်းနှိပ်ကွပ် ခဲ့သော သာဓက များစွာ ရှိခဲ့သည် ကိုတော့ အားလုံးအသိပင်ဖြစ်၏….ထို့ကြောင့် ယခု အစိုးရသည်လည်း လူမျိုးခြား အစိုးရမဟုတ်သလို မနေ့တနေ့ကမှ ခေါင်းဆောင်ပိုင်း ရောက်လာသော လူများလဲ မဟုတ်ပါသဖြင့် လက်ရှိဖြစ်ပေါ်နေသော အခြေအနေများသည် အစိုးရ၏ စီမံခန့်ခွဲမှု နှင့် တရားဥပဒေများ ထိရောက်စွာ အသုံးပြုခြင်းများ မရှိခြင်းကြောင့် ဖြစ်နေရသည်မှာ လယ်ပြင်ဆင်သွားသလို ထင်ရှားနေပါသည်..သို့ဖြစ်ပါ၍ မိမိတို့၏ အမှားများကို ပြည်သူလူထု ထံ ဝန်ခံပြီး အခြေအနေများကို တရားဥပဒေ နှင့် အညီ အမြန်ဆုံး ကိုင်တွယ်ဖြေရှင်း မှသာလျှင် ပြည်သူလူထု ၏ စစ်မှန်သော အစိုးရ ဖြစ်ကြောင်း သက်သေ ပြနိုင်မည် ဖြစ်သည်.

  31. ဦးဝင်းတင်ပြောမပြောတော့မသိဘူး ဒါပေမဲ့လူ့ အခွင့်အရေး လူ့ အခွင့်အရေးလို့ အော်နေရအောင်အဲဒီကောင်တွေဘယ်လောက်လူပီသလို့ လဲမေးချင်တယ်နိုင်ငံဦးဆောင်ပါတီတခုရဲ့ ခေါင်းဆောင်တစ်ယောက်ကကိုယ်တိုင်းပြည်ရဲ့အစိတ်အပိုင်းတစ်ခုတိုင်းရင်းသားဒေသတစ်ခုဘာသာယဉ်ကျေးမှုပျက်မှာမစိုးရိမ်ဖူးလား

  32. ရခိုင်အရေး ကချင်အရေး တွေ အလုပ်သမားဆန္ဓထုတ်ဖေါ်ပွဲ
    တွေ ဒီကြားထဲ အငြိမ်းစား စစ်အို ကြီးတွေရဲ့အိမ်တော် ဝန်ထမ်း
    လစာတောင်းခံမှုတွေ အင်း…….တခုခုတော့တခုခုပဲ
    အကွက်နဲနဲစေ့နေသလားလို့

  33. ဘယ်သူတွေဘာပြောပြော မြန်မာကတော့မြန်မာဘဲချစ် မှာပဲလေး အမှိုူးဘာသာမထိပါးနဲ့ ကျွန်တော်တို သူများနိုင်ငံ နေရင်လည်း သူများတွေရဲ့ ယည်ကျေးမှူ့တော့လူလိုသိရမှာပဲ မြန်မာနိုင်ငံ ဘာဘာသာ..ဆိုတာလူတိုင်းသိဖို့ပဲလိုတယ်………………