မှူးဇော် သဘောထား သမ္မတရုံးနှင့် မဆိုင်ဘူးလား | ဧရာဝတီ
သတင်း

မှူးဇော် သဘောထား သမ္မတရုံးနှင့် မဆိုင်ဘူးလား

Hits:1
  | |

သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး (ဓာတ်ပုံ- ဧရာဝတီ)

ဧရာဝတီ သတင်းဌာန၏ “ရခိုင်အရေး အစိုးရ ကိုင်တွယ်မှု ညံ့ဖျင်းသည်” ဟူသည့် အယ်ဒီတာ့ အာဘော်အား သမ္မတရုံး ညွှန်ကြားရေးမှူး တဦးဖြစ်သည့် ဦးဇော်ဌေးက သူ၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် တုံ့ပြန် ရေးသား ဖော်ပြခဲ့ မှုသည် သမ္မတရုံး၏ သဘောထား မဟုတ်ဘဲ ကိုယ်ပိုင်သဘောထားမျှဖြစ်ကြောင်း ဧရာဝတီသို့ ပြောဆိုသည်။

မှူးဇော် အမည်ဖြင့် ဖေ့စ်ဘုတ်စာမျက်နှာတွင် ဦးဇော်ဌေးက “မိမိရပ်တည်ချက် မည်သို့ဖြစ်သည်ကို မိမိဘာသာ သိလျှင် ပြီးပါသည်” ဟူသော ခေါင်းစဉ်ပါ စာပိုဒ်ကို ယမန်နေ့ နိုဝင်ဘာ ၁ ရက်၌ ဖော်ပြရေးသားခဲ့သည်။

ယင်းသို့ ရေးသားချက်နှင့် ပတ်သက်၍ ဧရာဝတီ မြန်မာပိုင်းအယ်ဒီတာ ရဲနည်က ” ဒီစာဖတ်ပြီး ကျနော်တို့မှာ မေးခွန်းတွေ မေးစရာရှိလာပါတယ်။ တစ်အချက် ဒီစာကို ရေးသားသူဟာ သမ္မတရုံးရဲ့ ညွှန်ကြားရေးမှူးအဆင့်ရှိတဲ့ အရာရှိဖြစ်တာမို့ သူ့သဘောထားဟာ သမ္မတရုံးရဲ့ သဘောထားကို ထင်ဟပ်နေသလား။ နှစ် အချက် တကယ်လို့ ကိုယ်ပိုင်သဘောထားဆိုရင် နိုင်ငံကို ဦးစီးဦးဆောင်လုပ်နေတဲ့ သမ္မတရုံးဟာ ရုံးဝန်ထမ်းတွေကို ရုံးရဲ့သဘောထားမူဝါဒကို မထင်ဟပ်တဲ့ ပုဂ္ဂလိက ထင်မြင်ချက်တွေကို ရေးဖို့ အထိန်းအကွပ်မရှိ လွှတ်ပေးထားတဲ့ ရုံးတွင်းယဉ်ကျေးမှု ရှိသလား။ သုံးအချက် သမ္မတရုံးရဲ့ သဘောထားဆိုရင်တော့ ဒါဟာ သမ္မတဦးသိန်းစိန်ရဲ့ ဒီမိုကရေစီစနစ် ပြန်လည်တည်ဆောက်ဖို့ မတူကွဲပြားမှုတွေကို လက်ခံနားလည်တတ်တဲ့ နိုင်ငံရေးယဉ်ကျေးမှု ပေါ်ပေါက်လာရေး ကြိုးပမ်းနေတယ်ဆိုတာနဲ့ ဆန့်ကျင်ရာ ကျသွားပါတယ်။ မီဒီယာလွတ်လပ်ခွင့်အတွက် အာမခံထားတာကိုလည်း သံသယဖြစ်စေပါတယ်” ဟု ပြောဆိုသည်။

ထို့ကြောင့် ရှင်းလင်းစွာ သိရှိရန် ဦးဇော်ဌေးသို့  ဧရာဝတီက တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ သမ္မတရုံး ညွှန်ကြားရေးမှူး တဦး အနေဖြင့် မဟုတ်ကြောင်း၊ ပုဂ္ဂလိက အနေဖြင့်သာ ရေးသားဖော်ပြခြင်းဖြစ်ကြောင်း ယခုကဲ့သို့ ဖြေကြားသည်။

“ကျနော့် အမြင်တော့ ဒီဟာနဲ့ ပတ်သက်လို့ အစိုးရ ဒီလို အပြောခံလိုက်ရတယ်။ ဧရာဝတီက တွယ် လိုက်တယ်ပေါ့ ဗျာ၊ အစိုးရက အသုံးမကျဘူးလို့ ပြောလိုက်တာပဲ။ ပြောလိုက်တာပေါ်မှာ ကျနော်က ကျနော့်ဟာကျနော် Defend လုပ်တာ၊ ဒါသည် ဘယ်သူကမှ ခိုင်းလို့မဟုတ်ဘူး။ ကျနော့် ပုဂ္ဂလိက အနေနဲ့ပဲ” ဟု ဦးဇော်ဌေးက ဧရာဝတီကို ပြောသည်။

လက်ရှိအစိုးရကို ရခိုင်အရေးနှင့် ပတ်သက်၍ ပျော့သည်ဟု ပြောဆိုဝေဖန်ခံနေရချိန်တွင် ဧရာဝတီ သတင်း ဌာန၏ အယ်ဒီတာ့ အာဘော် ခေါင်းစဉ်သည် အစိုးရကို တိုက်ရိုက် ထိခိုက်မှု ရှိသည့် အတွက် ယခုကဲ့သို့ ရေးသားခဲ့ခြင်းဖြစ်သည်ဟုလည်း သူကဆက်ပြောသည်။

ဧရာဝတီ အယ်ဒီတာ ရဲနည်ကမူ ဧရာဝတီ၏ သတင်းပေးပို့ချက်များ၊ ဝေဖန်သုံးသပ်ချက်များ၊ အယ်ဒီတာ့အာဘော်များမှာ စာနယ်ဇင်းကျင့်ဝတ်နှင့်အညီ ဖြစ်ပြီး တာဝန်ယူမှု အပြည့်အဝရှိကြောင်း ဆိုသည်။

ဦးဇော်ဌေးသည်  သမ္မတရုံး ညွှန်ကြားရေးမှူးတဦးအဖြစ် အစိုးရ၏ သတင်းထုတ်ပြန်ချက်၊ သဘောထားများကို ကိုယ်ပိုင်ဖေ့စ်ဘုတ်တွင် တင်ပြရုံရေးသားလေ့ရှိသူဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများအနေဖြင့် သူ၏ ရေးသားဖော်ပြချက်များကို သမ္မတရုံး၏ ပြောရေးဆိုခွင့်ရသူတဦးအနေဖြင့် လက်ခံရေးမှတ်ယူကြသည်။

ဦးဇော်ဌေး၏ မှူးဇော် (Hmuu Zaw) ဖေ့ဘွတ်အကောင့်သည် ဇွန်လအတွင်းက စတင်ဖြစ်ပွားလာခဲ့သည့် ရခိုင်ပြည်နယ် ပဋိပက္ခမှ စတင်ကာ ရိုဟင်ဂျာဆန့်ကျင်ရေး စာများရေးသားခြင်းဖြင့် လူကြိုက်များ ကျော်ကြားလာခဲ့သည်။ ယခုအခါ မိတ်ဆွေ ၅၀၀၀ ကျော်သွားသည့်အတွက် Hmuu Zaw Fan Page အဖြစ် ပြောင်းလဲသုံးစွဲခဲ့ပြီး ဖေ့စ်ဘုတ် မိတ်ဆွေ Subscribers ပေါင်း ၂၀၅၂၀ ထိရှိနေပြီသည်။

ဦးဇော်ဌေး၏ “ပုဂ္ဂလိက အမြင် တင်ပြခြင်းသာ ဖြစ်ပါသည်” ဟု ပြောဆိုရေးသားသော်လည်း သတင်းအချက်အလက်များ မှားယွင်းထုတ်ပြန်ခြင်းကြောင့် သမ္မတရုံး နာမည်ပျက်မည်ဖြစ်သည်။ ဥပမာ “နောင်တခေတ်၏ အောင်စစ်သည်”  ခေါင်းစဉ်ဖြင့် “ရိုဟင်ဂျာ သွေး စည်း ညီညွတ်ရေးအဖွဲ့ဝင်များ အမည်ခံ ရိုဟင်ဂျာ အကြမ်းဖက်သမားများ လက်နက်များဖြင့် နယ်စပ်ကို ဖြတ်ကျော် လာကြောင်း သိရှိရပါသည်။ ပြည်ပမှ ရိုဟင်ဂျာများ ၀င်လာခြင်း ဖြစ်ပါသည်။ မိမိတပ်များမှ ကြိုတင်သတင်းရရှိထားပြီး ဖြစ်သောကြောင့် အပြီးတိုင် ချေမှုန်းသွားမည် ဖြစ်ပါသည်။ ချေမှုန်းနေပြီဟု ယူဆပါသည်” ဟု ရေးသားဖော်ပြခဲ့သော်လည်း ယနေ့ထိ ယင်းသတင်း ဟုတ်မှန်ကြောင်း သမ္မတရုံးနှင့် အစိုးရက အတည်ပြုထုတ်ဖော်ခြင်း မရှိနိုင်ပေ။

သို့ရာတွင် ဦးဇော်ဌေးက ဆက်လက်ရေးသားရာ “(အားလုံးကို ဆိုလိုပါသည်။) နိုင်ငံရေးပါတီများ၊ လွှတ်တော်အမတ်များ၊ Civil Society များ၊ အမြဲတမ်း အတိုက်အခံ လုပ်နေရမှ ကျေနပ်နိုင်သော၊ သမ္မတကြီးနှင့် အစိုးရ အပေါ် မကောင်းပြောရမှ စာရင်းအိပ်ပျော်ကြသူများ အားလုံးကို တိုက်ရိုက် ရည်ညွှန်းပြောကြားခြင်းဖြစ်ပါသည်” ဟု ဖော်ပြသွားခဲ့သည်။

တချိန်က ရေးသားလှုံ့ဆော်ခဲ့သည့် ဖေ့စ်ဘုတ်စာသားများနှင့် ဓာတ်ပုံများကို ယခုအခါ ဖြုတ်ချလိုက်ပြီဖြစ် သည်။

ဦးဇော်ဌေး၏ ဧရာဝတီနှင့်ပတ်သက်၍ ဖေ့ဘွတ်ပေါ်တွင် ရေးသားဖော်ပြမှုသည် သတင်း လွတ်လပ်ခွင့်နှင့် စာနယ်ဇင်းသမားများ လုံခြုံရေးအတွက် စိုးရိမ်စရာ ဖြစ်စေကြောင်း Committee to Protect Journalists၊ Reporters Without Borders၊ Southeast Asian Press Alliance စသည့် နိုင်ငံတကာရှိ မီဒီယာလွတ်လပ်ခွင့် စောင့်ကြည့်ရေးအဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပရှိ သံတမာန်များနှင့် မြန်မာ့အရေး လေ့လာစောင့်ကြည့်သူများသို့ ဧရာဝတီက အကြောင်းကြား တင်ပြသွားမည်ဖြစ်သည်။


38 Responses

Leave a Reply

  1. ဇွန်လအရေးခင်းစတာလည်း အဲဒီ FACEBOOK ရဲ.ရေးသာလှုံ.ဆော်မှုပယောဂအများကြီးပါတယ်ဆိုတာအားလုံးသိပါတယ်။ သမတရုံးအဖွဲ.၀င်း
    တွေကဟိုတုန်းက ဘောလီဘောကိုတော်တော့ကျွမ်းကျင်စွာကစားခဲ့ဘူးတယ်ထင်တယ်။

  2. ဦးဇော်ဌေး၏ “ပုဂ္ဂလိက အမြင် တင်ပြခြင်းသာ ဖြစ်ပါသည်” ဟု ပြောဆိုရေးသားသော်လည်း သတင်းအချက်အလက်များ မှားယွင်းထုတ်ပြန်ခြင်းကြောင့် သမ္မတရုံး နာမည်ပျက်မည်ဖြစ်သည်။ ဥပမာ “နောင်တခေတ်၏ အောင်စစ်သည်” ခေါင်းစဉ်ဖြင့် “ရိုဟင်ဂျာ သွေး စည်း ညီညွတ်ရေးအဖွဲ့ဝင်များ အမည်ခံ ရိုဟင်ဂျာ အကြမ်းဖက်သမားများ လက်နက်များဖြင့် နယ်စပ်ကို ဖြတ်ကျော် လာကြောင်း သိရှိရပါသည်။ ပြည်ပမှ ရိုဟင်ဂျာများ ၀င်လာခြင်း ဖြစ်ပါသည်။ မိမိတပ်များမှ ကြိုတင်သတင်းရရှိထားပြီး ဖြစ်သောကြောင့် အပြီးတိုင် ချေမှုန်းသွားမည် ဖြစ်ပါသည်။ ချေမှုန်းနေပြီဟု ယူဆပါသည်” ဟု ရေးသားဖော်ပြခဲ့သော်လည်း ယနေ့ထိ ယင်းသတင်း ဟုတ်မှန်ကြောင်း သမ္မတရုံးနှင့် အစိုးရက အတည်ပြုထုတ်ဖော်ခြင်း မရှိနိုင်ပေ။…Actually Hmu Zaw is successful in pulling ALL the citizens behind him, gov and Tatmadaw by INVOKING the Loyalty to the country to defend the armed invaders. Any one who opposed would become a traitor. He had given Ultra-Nationalistic spirit and hatred to Rohingyas and Muslims in Myanmar…If gov continue to keep him he and the gov could be made answerable at ICC for this HATE CRIME leading to Crimes Against Humanity and GENOCIDE.

  3. စိတ်ပျက်စရာကောင်းတာကတော့ တိုမြန်မာလူမျိုးတွေအကျင့်မကောင်းသေးတာပဲ သာသလိုနေမယ် သာသလိုစားမယ် အာဏာရှိရင် ရှိသလိုလုပ်မယ်ဆိုတဲ့မကောင်းစိတ်ဓာတ်တွေရှိနေတယ် အစိုးအတွင်းမှာဒီလို လူမျိုးတွေအများကြီးရှိနေတယ်

  4. …. Aung zaw should know, it’s ko hmuu zaw personal Facebook…. No need to ask by phone…. Ko hmuu zaw also no need to delete it.. Any how, editor aung zaw nothing do for country… I won’t accept his article and news related with this…. Objection to u aung zaw….

  5. ဧရာဝတီဟာ ခိုင်မာတဲ့သတင်းဌာနဖြစ်ပေမဲ့ အတိုက်အခံဘက်ကို အသာပေးရေးသားခဲ့တာ လူတိုင်းသိပြီးဖြစ်ပါတယ်။ အစိုးရမကောင်းကြောင်းကိုရေးပို့ရင် သတင်းက ခေါင်းကြီးကနေ ထိပ်ဆုံးက ပါလေ့ရှိတာကိုတွေ့ရလေ့ရှိပါတယ်။ အစိုးရကို ပြောင်းလဲဖို့အော်နေတဲ့ဧရာဝတီသတင်းဌာနအနေနဲ့ ကိုယ်တိုင်ကတော့ ယနေ့ထိ ဘာမှ မပြောင်းလဲသေးတာကိုမြင်နေရပါတယ်။

  6. ရာထူးနှင့်မဆိုင်ပါ လူတိုင်း ကိုယ်ပိုင်သဘောထားအမြင် ဖော်ထုတ်ခွင့်ရှိသင့်ပါသည်

  7. အန္ဒာအေးဝေ

    စာနယ်ဇင်းသမားတွေကိုယ်တိုင်တောင်ဒီမိုကရေစီရှိပြီလွတ်လွတ်လပ်လပ်ဝေဖန်ခွင်လိုချင်ပြီးတော့ဦမူးဇော်ကကောသမ္မတရုးံနဲ့မဆိုင်တဲ့သူ့ရဲ့ကိုယ်ပိုင်သဘောထားကိုသမ္မတ page မဟုတ်တဲ့သူ့ကိုယ်ပိုင်facebookမှာ တင်ခွင့်မရှိရဘူးလား။

  8. အပိုတွေမပြောကြနဲ့ မြန်မာပြည်မှာမွေး မြန်မာ့ဆန်စားခဲ့ကြတာပဲ
    အပုတ်မချကြနဲ့ မတိုက်ခိုက်ကြနဲ့ မြန်မာပြည်တိုးတက်အောင်စေတနာနဲ့လုပ်ကြ
    အပြုသဘောနဲ့ပြောကြ။ ခင်ဗျားတို့နိုင်ငံခြားမှာ ကောင်းစားနေပေမဲ့ ခင်ဗျားအမျိုးတွေ၊
    မိတ်ဆွေတွေ၊ သူငယ်ချင်းတွေ၊ မြန်မာနိုင်ငံမှာ နွံနစ်နေကြတယ်
    လက်တွဲကြပါ။ အပြစ်ကြီးပဲရှာမနေကြနဲ့။ ကိုယ့်ကိုယ်ကိုသိ။

  9. မှူးဇော်က သူ့ Facebook မှာသူရေးချင်တာရေးမှာပေါ့။ ဒါက သမ္မတရုံးရဲ့ Official Page မှာမဟုတ်တာ။ မှန်တာ မှားတာ၊ လက်ခံတာ လက်မခံတာ စာဖတ်သူတွေဆုံးဖြတ်ပါစေ။ စာနယ်ဇင်းလွတ်လပ်ခွင့်ကို တန်ဖိုးထားကြကြေးဆို လူတိုင်းလူတိုင်း မှန်တဲ့အတိုင်း လွတ်လွတ်လပ်လပ် ရေးခွင့်ပြောခွင့်ရှိပါတယ်။

  10. ရဲဝင်း

    ဒီလို တုန့်ပြန်ရေးလိုက်တာက ဧရာဝတီသတင်းဌာနရှိ အယ်ဒီတာတို့မှ မိမိတို့၏ စိတ်ဓါတ်အရည်အချင်းနိမ့်ပါးရာ ကျကြောင်းပြသရာရောက်နေသည်မဟုတ်ပါလော? သတင်းဌာနတခုအား ပါတ်ဝန်းကျင်မှ ချီးမြှောက်ခြင်းလည်းရှိမည် ဆဲဆိုခံရခြင်းလည်းရှိမည်။ ဂုဏ်သိက္ခာမဲ့စွာ ယခုကဲ့သို့ တုန့်ပြန်ရန်မလိုဟု ထင်ပါတယ်။ သတင်းနှင့် သတင်းဆက်စပ် ဆောင်းပါးများကိုသာဖတ်လိုပါတယ်။

    • မြန်မာ တိုင်းရင်းသူ

      ထောက်ခံပါတယ်။ အပြည့်အ၀ မှန်တဲ့ သုံးသပ်ချက်ပါ။
      ကျွန်မ အစိုးရကို လုံးဝဥသုံ မယုံကြည် လက်မခံနိုင်သေး၊ မှုးဇော်ရေးတာ ပြောတာ တွေ လက်ခံခြင်း၊ ထောက်ခံခြင်း မရှိပေမယ့် သူ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ သူ လွတ်လပ်စွာ (တခြားလူကို မထိခိုက်၊ မစော်ကား၊ ယုတ်ရင့် ကြမ်းတမ်းသော အရေးအသား မပါပဲ) ရေးနိုင်၊ ရေးခွင့် ရှိပါတယ်။
      သမ္မတရုံး official page ဆိုရင် တမျိုးပေါ့။ အခုက သူ့ကိုယ်ပိုင် စာမျက်နှာ မှာ ရေးတာပါ။

  11. သတင်းသန့် သန့် လေးဘဲ ဖတ်ချင်တယ်

  12. I strongly support Irrawaddy’s response to him.Irrawaddy should not be submissive to his attack.If FB pages are his own opinions, why did he posted gov’s statements on his FB? Did he take any responsibility on his FB posts which reflected fabricated news and destructive propaganda ? He is taking advantages on credulous FB fans by the influence of his office. Shame on him.

  13. မင်းမဟာ

    မင်းလားကွ! ရဲ့ နီလက်ရှိအေဒီတာ၊မင်းတို့ ကကောဘယ်တုန်းက၊စာနယ်ဇင်းကျင့်ဝတ်နှင့်ညီခဲ့လို့ လဲ။တော်လှန်ရေးသမားယောင်ယောင်၊ဂီတာသမားယောင်ယောင်၊သတင်းသမားယောင်ယောင်၊မင်းတို့ ကိုယ်တိုင်ကတိုင်းပြည်ကိုကုလားလက်ထဲရောင်းစားနေတာ။ပြောတော့တော်လှန်းသမားတဲ့။ရင်နာပါတယ်ကွာ။

  14. ဟရောင်ဇော်ဌေး သနားကြင်နာမှုမရှိတဲ့ကောင် အဲဒါနဲ့များလူကြီတက်လုပ်နေသေးတယ် မင်တို့ကဦးဆောင်ပြီးပြေလည်အောင်လုပ်ကမယ့်ဟာကိုအခုမင်းတို့ကသင့်မြတ်နေတယ့်ပြည်သူအချင်းချင်းကိုရန်တိုက်ပေးနေတာလားငါတို့သမ္မတကို့ချောက်မတွန်းပါနဲ့

  15. “Who care……..Irrawaddy?????????????????????????’

  16. လူတိုင်းမှာ လွတ်လပ်စွာ ထုတ်ဖော်နိုင်ခွင့်ရှိပါတယ် ခင်ဗျား

  17. သေချာတာမှတ်ကြပေတော့ဗျာ။ ဒီကောင်နာမည်အရင်းက ဌေးဇော်တဲ့ဗျား။ ဇော်ဌေးဆိုတာ အဲဒီရောက်မှ ပြောင်းတာ။

  18. Same same.He have to do it and i agree it.Do you think only your magazine can write whatever you think or your idea?Remember,he is a necessary man for our country.Again,time will answer who he is and who you are.

  19. မှူးဇော် က အမှန်မရေးဘူးဆိုရင် ဘာကိုယုံကြည်ရမှာလဲ၊ အမှန်ကိုသိမှ မှန်ကန်စွာဆုံးဖြတ်နိုင်မှာပေါ့၊ ရုံးအ
    ဖွဲ့ဝင်တွေက ဘိလက်ယက်ထိုးတာလဲတော်တယ်၊ ဇယ်တောက်တာလဲတော်တယ်၊ အထူးသဖြင့် ကာတင်တောက်တာပိုတော်ပါတယ်၊

  20. ကိုရန်

    မုဆလင်ဥပဒေ (sharia law) အပြင်ပတွင် အားလုံးလွတ်လပ်စွာပြောဆိုခွင့်ရှိကြသည်။

  21. မိမိရပ်တည်ချက် မည်သို့ဖြစ်သည်ကို မိမိဘာသာသိလျှင် ပြီးပါသည် ဦးဌေးဇော်။
    =====================================
    မှ – မူးစော် (ခွေးသေဝက်သေ ကျဆုံးခဲ့ရသူတစ်ဦး)

    (၁) သမ္မတရုံး ညွှန်ကြားရေးမှူးတစ်ဦးဖြစ်သည့် ဦးဇော်ဌေးမှ မိသားစု အစုံအလင်ဖြင့် ဘူးသီးတောင် မောင်တောဒေသတွင် အစွန်အဖျားကျေးရွာများအထိ သွားရောက်နေထိုင်ခဲ့ဖူးသည်ဟု ယူဆရ၍ ဝမ်းသာဂုတ်ယူမိပါသည်။

    (၂) ပြီးလျှင် ရခိုင်တိုင်းရင်းသားပြည်သူများနှင့် လက်ပွတ်တတီး နေကြည့်ခဲ့ဖူးသည်ဟု ယုံကြည်ပါသည်။ (ရခိုင်စကား တတ်ကျွမ်းကြောင်းလည်း ယုံကြည်ပါသည်)

    (၃) ရိုဟင်ဂျာဘင်္ဂလီများနှင့်လည်း လက်ပွန်းတတီး နေခဲ့ကြည့်ဖူးကြောင်း နားလည်မိသဖြင့်လည်း ဆီးဝမ်းများ သာမိပါသည်။ (ဘင်္ဂလီစကားလည်း တတ်ကျွမ်းကြောင်း သိရှိရသဖြင့် ဂုတ်ယူမိသည်)

    (၄) သံဃာတော်များနှင့် အသေးစိတ် ဆွေးနွေးကြည့်ဖူးပြီဟု ထင်ပါသည်။

    (၅) အစ္စလာမ်ဘာသာရေးခေါင်းဆောင်များနှင့် အသေးစိတ်ဆေးနွှေးကြည့်ပြီးပြီဟု နားလည်မိပါသည်။

    (၆) အင်တာနက်အင်တာတိမ်များတွင် ပြည်ပပညာရှင်များ ရေးသားထားသော သမိုင်းသုတေသန များကိုသာမက တူရွန်းဂေါ်ပြားများဖြင့် တူးဆွ၍ သမိုင်းမှတ်တမ်း အစစ်အမှန်ကို ရှာဖေတွေ့ရှိခဲပြီဟု ယူဆပါသည်။ (ပလေးဘွိုင်းသန်းနိုင်၏ သီချင်းနှင့် မဆိုင်ပါ)

    (၇) ဘာသာရေး၊ လူမျိုးရေးနှင့် သမ္မတရုံးများအား အဓိကရုဏ်းဟု အမည်ပေး ကင်ပွန်းတပ်ခြင်းများကို သတိဖြင့် ဆင်ခြင်ခဲ့သည်များအတွက်လည်း ဂုတ်ယူပါသည်။ (ဦးဌေးဇော် ဖွခဲ့သည်များကို scree shoot ဖမ်းထားခဲ့သူများအားလည်း ဝိုင်းဆဲရန် လိုအပ်ပါက အကူအညီပေးပါမည်)

    (၈) ပြဿနာဇစ်မြစ်များကိုရှာတွေ့ပြီး အတွင်းဒဏ်ရာများကိုပါ ကုစားပေးနေပြီဟု နားလည်မိသဖြင့် ဝမ်းသာပါသည်။

    (၉) အချုပ်အားဖြင့် ဤပဋိပက္ခသည် မျက်ခွက်စာအုပ်တွင် ဖွသည်ထက် များစွာ ကျယ်ဝန်းနက်ရှိုင်း ကြီးမားခက်ခဲရှုပ်ထွေးပါသည်။ (ဧရာဝတီတိုင်းတွင် နာဂစ်ဝင်ပြီး ဒုက္ခကြုံနေသူများကို မျက်နှာလွဲပြီး သေဆုံးသူများ၏ မဲဆန္ဒကိုရယူခဲ့ခြင်းမျိုး မဟုတ်သလို ရခိုင်ပြည်တွင် ဂီရိဝင်ကာ စာနာထောက်ထား၍ ကူညီမှုများကို ဖြတ်အုပ်ရသည်မျိုးလည်း မဟုတ်ပါ။)

    (၁၀) အပင့်အကော်ဦးဌေးဇော်နှင့် ဧရာဝတီ အပြန်အလှန် Blame Game လုပ်နေရုံမျှဖြင့် ပြေလည်သွားမည်ဆိုလျှင် ယခုအခြေအနေအထိ ဆိုက်ရောက်မည် မဟုတ်ပါ။ လူတစ်ကိုယ် လက်ညှိုး(၂)ချောင်းစီနှင့် ဦးဌေးဇော် fan page မှ ၂ သောင်းကျော်သော လူများတွင် လက်ညှိုး(၂)ချောင်းစီ ရှိပါသည်။ ကြိုက်သလို ထိုး၍ မွှေ့၍ ရပါသည်။

    (၁၁) အပြူးသဘောဖြင့် ထောက်ပြခြင်းကို အစဉ်အမြဲ ကြိုဆိုပါသည်။ အာလုံး ပါဝင်သော ငြိမ်ချမ်းရေလုပ်ငန်းစဉ်ကို ကူညီဖော်ဆောင်လိုပါသည်။ (ဧရာငတီအပါအဝင်ဖြစ်ပါသည်) အဲ အဲ ပြည်တွင်းပြည်ပ မီဒီယာအားလုံး အပါအဝင် ဖြစ်ပါသည်။ ပြီးတော့ ဟို ဟို ဘဲဥအစ ရှာမရပဲ မဲမဲမြင် ဆဲချင်နေသော မျက်လျှမ်းမျိုးချစ်များလည်း အပါအဝင် ဖြစ်ပါသည်။

    ရဲဘော် ပဲလှော် အဲ အဲ မူးစော်

    • တပ် ချစ်သူ

      မှုးဇော်နှင့်ပါတ်သက်ပြီး ရေးသားခဲ့သည့် အချက်( ၁၁ )ချက်လုံးကို အပြည့်အဝ ခြွင်းချက်မရှိ ထောက်ခံပါသည်။
      သို့သော် မှုးဇော်မှာလဲ အမှန်တကယ်ပင် သနားစရာကောင်းလှပါသည်။
      အဘယ်ကြောင့်ဆိုသော် သူ့မှာလဲ စစ်ဗိုလ်ချုပ်ကြီးများ၏ နောက်ကျည်၊ရှေ့ကျည်၊ဘေးကျည်၊ရှိရှိသမျှ ၃၆၀ံ ပါတ်ပါတ်လည်ကျည်များကို ကြောက်နေရရှာသော ဗိုလ်မှုးအဆင့်သာရှိရှာသည့် သမတရုံး၏ ညွှန်မှုးအဆင့်အမည်ခံ ညွှန်မှုးတစ်ယောက်သာ ဖြစ်ပါသည်။ တကယ်လို့ စစ်ဗိုလ်ချုပ်ကြီးများခိုင်းစေချက်ကို နာမည်အပျက်ခံပြီး မလုပ်ပြန်လျှင်လဲ အလုပ်ပြုတ်သွားပါလိမ့်မည်။ ထိုအခါ သေနတ်ပစ်သည့်အလုပ်တခုကိုသာ တတ်ခဲ့ရှာသော မှုးဇော်အတွက် ယခုဘဝတွင် လူဖြစ်ရှုံးရပါလိမ့်မည်။ အထူးသည်းခံပါလော့ ရဲဘော် …

  22. မောင်မှန်

    ဧရာဝတီသတင်းဌာနမှ သူများနိုင်ငံက ပေးတာစားနေတဲ့ သတင်းသမားကြီးများခင်ဗျာ
    မင်းတို့က ကိုယ့်တိုင်းပြည်အတွက် ဘာအလုပ်လုပ်ဖူးလို့လဲ
    မင်းတို့လုပ်တတ်တာ သူများအားနည်းချက်ထောက်ဖို့ပဲ
    မင်းတို့ လုပ်တာတွေမှာလဲ အားနည်းချက်ရှိမှာဘဲ
    မင်းတို့လဲအကောင်းမြင်ဝါဒတွေ ရှိဖို့ ပြုပြင်ဖို့လိုနေပြီ
    သတင်းဆိုတာ မည်သူမဆို လွတ်လပ်စွာထုတ်ဖော်ခွင့်ရှိတယ်
    မှူးဇော်လည်း သူထင်မြင်ချက်ရေးမှာဘဲ
    မင်းတို့ လိုတို့ မကောင်းတာချည်းရေးတဲ့သူမဟုတ်ဘူး
    ဒီမိုကရေစီလမ်းကို လျောက်တဲ့နေရာမှာ အားလုံး နားလည်မှုရှိရှိနဲ့ အားလုံးညီညွတ်ဖို့လိုတယ်
    တိုင်းပြည်ကို ဒုက်ခရောက်အောင် ဧရာဝတီက သတင်းသမားတွေ မလုပ်ကြပါနဲ့

  23. ထွန်းထွန်း

    စာနယ်ဇင်ဆိုတာ သူများကို ဝေဘန်မယ် ငါ့ကိုတို့ပြန်မဝေဘန်နဲ့ဆိုတဲ့သဘောလား။ မှုဇော် မှားခြင်း မှန်ခြင်းကို မဆိုလို့။ ခုတလော စာနယ်ဇင်းများသည် သူများကိုဝေဘန်သည်။ မိမိကိုကျတော့ အဝေဘန်မခံနိုင်။ ဆတ်ဆတ်မထိမခံ။ ဒီမိုကရေစီကို နားမလည်တာ ဘယ်သူတွေလဲ။ သေချာလဲပြန်စဉ်းစားကြပါဦး။

    • That’s right. Irrawaddy didn’t express some of my comments. So irrawaddy has no freedom of press. He is under censorship funded by ?who. I think he may not express this comment.

  24. မှးူဇော်သဘောထားဆိုရင်သမ္မတရုံးနာမည်မတပ်ပါနဲ့မှးူဇော်(ငဖွကြီး)(နှစ်ဖက်ချွန်)ဆိုပြီးရေးပေါ့ ကွာသမ္မတရုံးနာမည်ပျက်တယ်မင်းလဲလွတ်လပ်စွာရေးသားနှိင် တယ်ငါတို့လဲလွတ်လပ်စွာဆဲနှိင်တယ်၊သတင်းတွေကိုလဲခဏဘဲတင်ပြီးပြန်ဖျက်ပစ်တယ်သတ္တိမရှိတဲ့ကောင်ပဲဒါကြောင့်မှူးဇော်(နှစ်ဖက်ချွန်)ဆိုတဲ့နာမည်နဲ့ပိုလိုက်တယ်

  25. ဦးဇော်ဌေး၏ “ပုဂ္ဂလိက အမြင် တင်ပြခြင်းသာ ဖြစ်ပါသည်” ဟု ပြောဆိုရေးသားသော်လည်း သတင်းအချက်အလက်များ မှားယွင်းထုတ်ပြန်ခြင်းကြောင့် သမ္မတရုံး နာမည်ပျက်မည်ဖြစ်သည်။ ဥပမာ “နောင်တခေတ်၏ အောင်စစ်သည်” ခေါင်းစဉ်ဖြင့် “ရိုဟင်ဂျာ သွေး စည်း ညီညွတ်ရေးအဖွဲ့ဝင်များ အမည်ခံ ရိုဟင်ဂျာ အကြမ်းဖက်သမားများ လက်နက်များဖြင့် နယ်စပ်ကို ဖြတ်ကျော် လာကြောင်း သိရှိရပါသည်။ ပြည်ပမှ ရိုဟင်ဂျာများ ၀င်လာခြင်း ဖြစ်ပါသည်။ မိမိတပ်များမှ ကြိုတင်သတင်းရရှိထားပြီး ဖြစ်သောကြောင့် အပြီးတိုင် ချေမှုန်းသွားမည် ဖြစ်ပါသည်။ ချေမှုန်းနေပြီဟု ယူဆပါသည်” ဟု ရေးသားဖော်ပြခဲ့သော်လည်း ယနေ့ထိ ယင်းသတင်း ဟုတ်မှန်ကြောင်း သမ္မတရုံးနှင့် အစိုးရက အတည်ပြုထုတ်ဖော်ခြင်း မရှိနိုင်ပေ။
    Hmuu Zaw is a big liar, I know all your strategy. You can cheat brainless people and children but not to me.

  26. မှူးဇော်၇ဲ့ ကိုယ်ပိုင်သဘောထားဆို၇င် သူတဦးထဲကိုပဲ ခုံရုံးတင် စစ်ဆေးပါ။ ရိုဟင်ဂျာ အကြမ်းဖက်စစ်တပ် ဝင်လာသည်ကို သမ္မတကြီးသိပုံမ၇။ သူတယောက်တည်း သိပုံပေါ်၇သည်။ တော်ကြာ တကယ် ၀င်လာခဲ့လျှင် သမ္မတကြီး အေ၇းယူမှုနောက်ကြသောကြောင့် အပြစ်တင်ခြင်းခံ၇လိမ့်မည်။ တကယ်မဟုတ်ခဲ့လျှင်တော့ သူအား ၇ခိုင်အေ၇းလှုံဆော်မှုဖြင့် ပြင်းထန်စွာ အပြစ်ယူသင့်သည်။ လူပေါင်း တစ်ယာကျော် သေဆုံးစေသော လှုံဆော်မှုသည် ပြစ်မှုအသေးစားမဟုတ်၍ ပေါ့ပေါ့တန်တန် မချန်ထားသင့်ဟုမြင်ပါသည်။

    • သက်စု၇ီ

      မှူးဇော် သည် ၇ာထူး အ၇ှိန်ကို အသုံးချပီး ဘက်လိုက် မဟုတ်မမှန် လုက်ကြံေ၇းသားချက်များ သည် ၇ခိုင်အေ၇းကို ကြီးထွားစေခဲ့တာ မငြင်းနိုင်ပါဘူး
      ဒီအတွက် သာမာန်ပုဂိုလ် ဖြစ်ဖြစ် လျှင်ပင် တာဝန် မကင်းပါ- သမတ၇ုံး ညွန်မှူး တယောက်အနေ နှင့်ဆိုလျှင်တော့ ပိုပီး တာဝန်ယူ၇ပါမယ် -နိုင်ငံတော် ကလည်း ကျောသား ၇င်သား မခွဲ ခြားကြောင်း သက်သေ ပြ ဖို့လိုပါတယ် ကို့လူးမို့လို့ မျက်စိမှတ်ထားတာမျိုး ဖြစ်နေ တယ်လို့ ဆိုချင်ပါတယ်

  27. Facebook ဟာလူမှုရေးကွန်ယက်ဖြစ်ပါသည်။နိုင်ငံရေးကွန်ယက်မဟုတ်ပါ။Hmuu zaw အနေဖြင့်သမ္မတရုံးပြောရေးဆိုခွင့်ရှိသည်ဟုဘယ်တုန်းကပြောခဲ့ပါသလဲ။လွတ်လပ်စွာရေးသားခွင့်ရှိပါတယ်။အပြုသဘောဆောင်ဖို့လိုပါတယ်။အမြဲအနှုတ်လက္ခဏာဆောင်နေရင်တိုင်းပြည် တိုးတက်ဖို့နှေးပါလိမ့်မယ်။

  28. ဖေကံကောင်း

    ဒီမိုကရေစီဆို ခံစားချက်တွေမရေးရတော့ဘူးလား သူများအိမ်နံရံတွေမှာဆေးမှူတ်တာတောင်မျှောကပေးပြီးတော.

  29. ကောင်းတယ်။

  30. အမျိုးဘာသာ၊သာသနာကိုစောင့်ရှောက်ရမယ်။