“တနိုင်ငံလုံး စစ်ပွဲရပ်” လှုပ်ရှားမှု ပြုလုပ်မည် | ဧရာဝတီ
သတင်း

“တနိုင်ငံလုံး စစ်ပွဲရပ်” လှုပ်ရှားမှု ပြုလုပ်မည်

Hits:4,306
  | |

ကချင်စစ်ပြေး ဒုက္ခသည်စခန်းတခုမှ အဘွားအိုတဦး (ဓာတ်ပုံ – ဧရာဝတီ)

ပြည်တွင်းစစ် ရပ်တန့်ပြီး လူ့အခွင့်အရေး အပြည့်အဝ ရရှိရေး၊ ငြိမ်းချမ်းရေးကို လက်တွေ့ အကောင်အထည် ဖော်ရေးတို့အတွက် “တနိုင်ငံလုံး စစ်ပွဲရပ်” ဆိုသည့် အရပ်ဖက် အဖွဲ့အစည်းများ၏ လှုပ်ရှားမှုကို စက်တင်ဘာ ၂၁ ရက်နေ့တွင် တနိုင်ငံလုံး အတိုင်းအတာဖြင့် ပြုလုပ်သွားမည်ဟု သိရသည်။

စက်တင်ဘာလ ၂၁ ရက်နေ့သည် “အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့” ဖြစ်ပြီး စစ်ပွဲနှင့် ပဋိပက္ခဖြစ်ပွားရာ ဒေသများ၌ ငြိမ်းချမ်းရေး ရရှိရန် ရည်ရွယ်ကာ ၁၉၈၂ ခုနှစ်မှ စတင်၍ ကမ္ဘာတဝန်းတွင် နှစ်စဉ်ကျင်းပသည်။

ငြိမ်းချမ်းရေးကွန်ရက်၊ မဲခေါင်ကွန်ရက်၊ အဖြူရောင်တွဲလက်များ၊ နှောင်ကြိုးမဲ့ လူမှုကွန်ရက်၊ ရှမ်းပြည် ကျောက်မဲလူငယ်များကွန်ရက်၊ ရန်ကုန်ဂီတလူငယ်များ ကွန်ရက်၊ ရန်ကုန်အခြေစိုက် ပရဟိတ လူငယ်များကွန်ရက်၊ ပွင့်လင်းလူမှုအဖွဲ့အစည်းကွန်ရက်၊ ပန်းရဲ့လမ်း၊ ကဗျာဆရာများသမဂ္ဂ၊ စိမ်းရောင်စို၊ ကချင်ငြိမ်းချမ်းရေးကွန်ရက်၊ ကာတွန်းဆရာများအဖွဲ့၊ ကရင်ငြိမ်းချမ်းရေးကွန်ရက် စသည့် အဖွဲအစည်းများက လှုပ်ရှားမှုကို ဆောင်ရွက်မည်ဟု ရန်ကုန်မြို့ ရွှေသံလွင်ကွန်ဒိုတွင် ယနေ့ နံနက်က ကျင်းပသော “တနိုင်ငံလုံး စစ်ပွဲရပ်” ငြိမ်းချမ်းရေးလှုပ်ရှားမှု မီဒီယာရှင်းလင်းပွဲမှ သိရသည်။

ပြည်တွင်းစစ်များ အမြန်ဆုံးရပ်တန့်ပေးရေး ဘုံတောင်းဆိုချက်အဖြစ် “တနိုင်ငံလုံး စစ်ပွဲရပ်” အထိမ်းအမှတ် ငြိမ်းချမ်းရေး ကိုယ်စားပြု အပြာရောင်အဝတ်စကို နဖူးစည်း၊ လက်ပတ်များအဖြစ် အသုံးပြုကြမည်ဖြစ်ပြီး စက်တင်ဘာ ၂၁ ရက်နေ့တွင် ယင်းလှုပ်ရှားမှု ဆောင်ရွက်သူများသည် ရောက်ရှိသည့်နေရာ၌ ညနေ ၄ နာရီမှ ၄ နာရီ ၁၅ မိနစ်အတွင်း ငြိမ်သက်စွာ ဆုတောင်းခြင်းများ ပြုလုပ်မည်ဟု ဆိုသည်။

အဆိုပါ လှုပ်ရှားမှုအတွက် သက်ဆိုင်ရာ မြို့နယ်ရဲစခန်းများသို့ တရားဝင် စီတန်းလှည့်လည်ခွင့်အတွက် စာတင်မည်ဖြစ်ပြီး ခွင့်ပြုချက် ပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ အဖွဲ့အစည်းများအားလုံးက လှုပ်ရှားမှုများ ပြုလုပ်ကြမည်ဟု သိရသည်။

“တရားမျှတမှုရှိမှ ငြိမ်းချမ်းရေးဆိုတာ ထာဝရဖြစ်တည်မှာပါ။ ကျမတို့အနေနဲ့ ခွင့်ပြုမိန့် ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ လှုပ်ရှားမှုကို လုံးဝပြုလုပ်မှာဖြစ်တယ်” ဟု ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ တာဝန်ရှိသူတဦးဖြစ်သူ မအက်စတာ က ပြောသည်။

လှုပ်ရှားမှုများကို ရန်ကုန်၊ မန္တလေး၊ ကချင်ပြည်နယ်၊ တောင်ကြီး၊ အင်းလေး၊ ဟိုပုန်း၊ အောင်ပန်း၊ ရွှေဘို၊ ပြည်၊ ပေါင်းတည်၊ ဥက္ကံ၊ သာယာဝတီ၊ ဘားအံ၊ ကျောက်ဆည်၊ မြစ်သား၊ မော်လမြိုင်၊ နေပြည်တော်၊ ကျောက်မဲ၊ သံတောင်ကြီး၊ တောင်ငူ စသည့် မြို့များတွင် ပြုလုပ်မည်ဟု သိရသည်။ အနုပညာရှင်များ၊ ကဗျာဆရာများ၊ ကျောင်းသားကျောင်းသူများလည်း ပါဝင်လှုပ်ရှားမည်ဟု ဆိုသည်။

အဖြူရောင်တွဲလက်များအဖွဲ့မှ မဖြူအိသန်းက “ကချင်ပြည်နယ်က မန်ဝင်းကြီး ကချင်စစ်ဘေးရှောင် ဒုက္ခသည်စခန်းမှာ ဆုတောင်းမှုတွေ ဆွေးနွေးမှုတွေ ပြုလုပ်မယ်။ ငြိမ်းချမ်းရေးဖော်ဆောင်မှုကို လူထုသိအောင် You Tube ကနေဖြန့်သွားမယ်။ အဲဒီနေ့မှာ Father တွေကလည်း ၀တ်ပြုဆုတောင်းမှုတွေလုပ်မယ်” ဟု ပြောသည်။

အဆိုပါ လှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့ တံတားဖြူတွင် အဖွဲ့အစည်းများ စုပေါင်းကာ စကျင်ကျောက်တိုင်ငယ် တခုကိုလည်း စိုက်ထူပြီး အပြာရောင် မိုးပျံပူဖောင်းများ လွှတ်တင်မည်ဟု သိရသည်။

“ငြိမ်းချမ်းရေး သီချင်းတွေဖြန့်မယ်၊ စတစ်ကားတွေ ကပ်တာမျိုးတွေကို လှည်းတန်းမီးပွိုင့်မှာ လုပ်မယ်” ဟု တက္ကသိုလ် ခရစ်ယာန်ကျောင်းသားများကွန်ရက်မှ တာဝန်ခံတဦးက ပြောသည်။

ကချင်ပြည်နယ်တွင် အစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး သောင်းနှင့်ချီသော ဒုက္ခသည်များ ထွက်ပြေးနေရဆဲဖြစ်သည်။


14 Responses

Leave a Reply

  1. To see the pictures of the refugees are so heart aching.Why are they so obstinate?How can they see the innocent children in poverty without education?I feel suffocating.I once went to Mandalay by the newly built road and was speechless and very sad to see many school-children-aged workers in the restaurants at midnight serving the meals.The people in abject condition.Please stop fighting for the sake of our innocent people.

  2. ညီအကိုယ်တို.လိမ်ခံရတာ နှစ် ၆၀ ကျော်ရှိပြီ သတိနဲ.နေကြဟေ့…………….

  3. ငြိမ်းချမ်းရေးသည်အဓိက။

  4. This demonstration will definitely help stopping the war between the Burmese Army and the Kachin Independence Army. We don’t have time for this nonsense injustice war on ethnic minorities. It’s time for our beloved country to go ahead and catch up our neighbors. We may be decades late but if we are united and march together in peace and harmony, we will regain once our famous status for our country. American, EU and other countries are already there to help us, except China which is just waiting to suck the fuck out of our country as always. So it’s time to stop this war now. Ethnic minorities in Burma have been treated/discriminated badly for decades. We can’t let it happen anymore. Brothers and sisters, stand together and bring this elusive peace for the country you love!

  5. နတ်ဆိုး

    ကချင်တပ် (ကချင်လူမျိုးလို့ပြောတာမဟုတ်ဘူးနော် ) က တရုတ်ပြည်မှာပဲ ဆွေးနွေးချင်နေတယ်ဆိုတော့ တရုတ်ကို တော်တော် အားကိုးပုံပဲ။ ကိုယ့်လူမျိုးဒုက္ခသည်တွေကို နှင်ထုတ်နေတဲ့ တရုတ်ကို စိတ်မနာနိုင်ဘဲ တရုတ်ပြည်မှာဆွေးနွေးမယ်ဆိုတာက KIA က ဘယ်လိုတပ်မျိုးလဲလို့မေးခွန်းထုတ်စရာပဲ။ သမ္မတက နေပြည်တော်မှာလာဆွေးနွေးဖို့ဖိတ်ခေါ်ထားတယ်လို့ သိရတယ်။ နိုင်ငံ့အကြီးအကဲကိုယ်တိုင်က နေပြည်တော်လာခဲ့ပါဆိုတာကို မယုံဘူးဆိုရင်တော့ စဉ်းစားစရာဖြစ်လာမှာပဲ။ သူတို့လာရင် ဒီက ဘာလုပ်လို့ရမှာမို့လို့လဲ။ တစ်နိုင်ငံလုံးကကော နိုင်ငံတကာကပါ စိတ်ဝင်စားကြမယ့်ကိစ္စဖြစ်လိမ့်မယ်လို့ထင်ပါတယ်။ စောင့်ကြည့်နေမယ့်သူတွေလည်း မနည်းလောက်ဘူးလို့ထင်ပါတယ်။ အားလုံးကစောင့်ကြည့်နေတဲ့ကြားမှာလုပ်ကြံလို့လည်းမရ၊ ဖမ်းချုပ်လို့လည်းမရ။ ဘာကိုစိုးရိမ်စရာရှိလဲ။ နောက်တစ်ခုက အပစ်မရပ်သေးဘဲ နိုင်ငံရေးအရင်ဆွေးနွေးမယ်ဆိုတာလည်း သဘာဝမကျဘူးလို့ထင်တယ်။ အနည်းဆုံးတော့ လူကြီးတွေအချင်းချင်း ဆွေးနွေးနေတုန်းမှာ မပစ်ကြနဲ့ဆိုတာတော့ ဖြစ်သင့်တယ်ထင်တယ်။ အပစ်မရပ်သေးဘဲ နိုင်ငံရေးဆွေးနွေးမယ်ဆိုရင်တော့ စစ်တို့သဘောအရ စစ်ဖြစ်နေတဲ့ကာလမှာ အပစ်အခတ်ရပ်စဲဖို့သဘောတူညီချက်ရှိမထားရင် ဘယ်ဘက်ကစပစ်ပစ် အပြစ်ဆိုသာမယ်မထင်ဘူး။ နိုင်ငံတကာဥပဒေမှာ မိမိကိုယ်ကိုခုခံကာကွယ်ရန်အတွက် လက်ဦးမှုရယူတိုက်ခိုက်ခွင့်ဆိုတာ ကျင့်သုံးနေတာပဲလေ။ စစ်ဖြစ်နေတာ ကလေးကစားနေတာမဟုတ်ဘူး။

    • အော်စစ်ဖြစ်နေတာလား၊ဘယ်မှာလဲ၊ ဘယ်သူနဲ့ဘယ်သူလဲ၊ ….မိမိကိုယ်ကိုခုခံကာကွယ်ရန်အတွက် လက်ဦးမှုရယူတိုက်ခိုက်ခွင့်ဆိုတာ…ဘယ်သူတွေ ကယူနေတာလဲ၊ စစ်တပ်ဆိုရင်တော့ အလွန်သနားစရာဘဲ၊ ကချင်ပြည်နယ်မှာ ခံနေရတာ ဆို ရင်သွားကူညီလိုက် ပါအုံး လူကြား လို့မှမကောင်း။ တစ်ခု တော့ရှိတယ်…..မိမိကိုယ်ကိုခုခံကာကွယ်ရန်အတွက် လက်ဦးမှုရယူတိုက်ခိုက်….တယ် ဆိုတဲ့ယူဆချက်က မတရား အတိုက်ခံရတဲ့သူရဲ့ယူဆချက်ပါ တိတ်မစိုးရိမ်ပါနှင့်မြန်မာပြည်ကို စစ်တပ်အုပ်ချူပ်ခဲ့ပြီး ယခုအချိန်democracy ပြောနေ၊လုပ်နေသူတွေက စစ်တပ်ကိုအမြစ်ဖျက်ခြင်လို့ ခေါင်း စဉ်အမျိုးမျိုးတပ်ပြီး နယ်ခြားမြေခြား မှာ နှစ်ဖက်စလုံးသေလည်း အေးရော်လုပ်နေတာပါ၊ ကြာကြာတော့ဘယ်အရူးကဘယ်သူ့အတွက်လုပ်မလဲ။ လူတစ်စုကလွတ်တော်စည်းဝေးတွေမလုပ်နိုင်အောင်နေပြည်တော်မှာလာတိုက် တာကိုမိမိကိုယ်ကိုခုခံကာကွယ်ရန်အတွက် လက်ဦးမှုရယူတိုက်ခိုက်….ပစ်နေတာဆိုရင်တော့ ပြည်သူများကြည့်နေမည်မထင်ပါ သို့သော် % ပြည့်မထင်ရဲသေးပါ။

    • အပစ်အခတ်ရပ်စဲရေးလို.မခေါ်ဘဲ တပ်တွေခွာရေး သဘောတူညီချက်လို. နာမယ်တပ်ရင်ကောင်းလိမ့်မယ်၊ လိပ်ခံ တည်းလည်း အခြေအနေ များကျော်လွန်နိုင် မလား လို.ပါ၊

    • That ‘s right. KIa should accept President’s offer.

  6. နိုင်ငံတော်ကာကွယ်ရေးအတွက်တပ်မတော်ဆိုတာတခုတည်းပဲရှိ၇မယ်KIA ဆိုတာလက်နက်ကိုင်အနိုင်ကျင့်ဖို့ဖွဲ့စည်းထားသလိုဖြစ်နေတယ်ကချင်လူမျိုးဆိုတာကျွန်တော်တို့
    တိုင်းရင်းသားညီအကိုတွေပါဥပဒေနဲ့ချစ်ချစ်ခင်ခင်နေကြရအောင်ဗျာ

    • KIA က စစ်ဦးစီးချုပ်တဦးတည်းအောက်မှာ ပြည်ထောင်စုတပ်အဆင့် အတန်း ပေးဖို.တောင်းတာ ကို မပေးဘဲ BGF လုပ်ခိုင်လို. ထချကြတဲ့အထိဖြစ်ကုန်တာ၊ အစိုးရက သဘောထားမကြီးဖူးလို.ဲမြင်တယ်၊ ခုလဲKIO တင်ပြထားတာတွေမဖြေဘဲ တွေ.ဖို.လောက် အကြောင်းကြားနေတာရှိတာဘဲ၊ သဘောတူမူကြမ်းကို email နဲ.သဘောတူပြီး နေပြည်တော်မှာ တခါတည်းလက်မှတ်ထိုးဖို.ဆိုရင် တော့ OK ဘဲ၊ အရင်တင်ပြချက်တောင်းဆိုချက်တွေလဲမဖြေ၊ ဘာဦးတည်ချက်မှလဲမရှိ ဆိုတော့ နေပြည်တော်ရောက် ပီး ဘာလုပ်ကြမှာတုံး၊

  7. မြန်ပြည်ကြီး အေးချမ်းသာယာရှိပါစေ-
    လူအချင်းချင်းလှည့်ပတ်ခြင်းကင်းရှင်းကြပါစေ-
    ဆင်းရဲလိုခြင်း အချင်းချင်းကင်းရှင်းကြပါစေ-
    သတိရော-တရားရောရှိကြပါစေ-
    တဘက်နဲ့ တစ်ဘက် အကောက်ကြံမှုတွေ ပြေပျောက်ကြပါစေ-
    ပွင့်လင်းမြင်သာရှိကြပါစေ-

  8. မြန်မာပြည် ဆိုတာကိုစစ်တပ် ခေတ်လောက်ဘဲနား လည်ပြီး နိုင်ငံရေးဆိုတာကိုစစ်တပ် နှင့်ဘဲတွဲမြင်တတ်တဲ့ လူ တွေDEMOCRACY ပြောနေပြီး စစ်တပ်နဲ့ဘဲ တန်တယ်။ သမိုင်း ကို လည်း သူများပြောသလောက်ဘဲ သိ၊ အနာဂါတ်ကိုလူနည်းစုအတွက်ဘဲလုပ်နေတာ၊ အများ စုကဒုံရင်းဘဲ၊ အဲဒီအများ စုထဲမှာ KIAကချင်ဆိုတာအနည်း ဆုံးဘဲ၊ စစ်တပ်နဲ့ဘဲနေခြင်သေးရင်တော့ ဖြစ်ပေါ်နေတဲ့ စစ်တပ်နဲ့KIAအရေးကိုအဓိကကျသော မြန်မာ့democracy ဖြစ်စင်လို့ မ မြင်နိုင်ဘူးပေါ့၊မြင်တဲ့သူမြင်နေပြီ လေ၊၊ ကျန်ခဲ့ဆရာရှိုရင်တော့အများစု ကချင်KIAအပါဝင်ပေါ့လေ၊အများ စုထင်သလို KIA ကချင်တွေ သေကုန်လို့ခုနကပြောတဲ့အများစုကစံစားရမှာ လား၊အဲ့လိုဆိုရင်တန်တယ်ပြောရမှာပေါ့။ တယ် မထင်ပါ မြန်မာပြည်ရဲ့အများစုဆင်းရဲသားက၊ စစ်တပ်ကျေးဇူးကြောင့်ဆင်းရဲမြဲပါ။ တိုင်း ရင်း သား တစ်စုစုသာ စစ်တပ်စနစ်ကိုခြေမှုန်း နိုင်ရင်တော့တိုင်းရင်းသား တွေကတော့နဂိုတောင်း တဲ့ကိုယ့်ဒေသကိုယ်အုပ်ချူပ်ခွင့်သာယူမည်ဖြစ်ပြီး မြန်မာတနိုင်ငံလုံး ခြယ်လှယ်မည်မဟုတ်ပါ၊ စိတ် လည်း မကူး ခဲ့လို့democracy အသွင်သည် အများ စုအတွက်လည်း မျော်ရသောအရာမဟုတ်၊ လုပ်ယူရသောအရာ ဟုမြင်လာစေမည်၊။ သဘောမတူရင်တော့စစ်တပ်အတိုင်းပေါ့အများစုကဆက်မျော်ကြတာပေါ့၊ တာပေမဲ့တစ်ရောက်ထဲ တနေရာစီဆိုရင်ပြင်း ဆရာကောင်းတာပေါ့အဖေါ်ရှာသင်တာပေါ့နော်၊၊

    မှတ်ချက်။ ။တပ်မတော်သားများအားရှာကြံသတင်း ပေးခြင်း မဟုတ်ပါ၊ အရှိတိုင်း ပြောလိုတ်ခြင်းသာ။

    •ုကေအိုင်အေကော စစ်တပ်မဟုတ် လို့ ဘာလဲ ဘယ်တိုင်းပြည်မှာစစ်တပ် နှစ်ခုရှိလဲ…။

  9. ရှေ.တန်းမှာ အပြင်းအထန် ရန်စောင်နေတုံး အစိုးရထိမ်းချုပ်တဲ့နေရာမှာတွေ.ဖို.ကဘယ်လိုဖြစ်မှာလဲ။ ပြည်ထောင်စုတပ်ဖွဲ.ဖို.ပြောတာကို အရေးထား ဆွေးနွေး ဖို.လိုပါတယ်။ ကချင်တွေဟာပြည်ထောင်စုကို ကာကွယ်ရာမှာ တရားဝင် ပါဝင်ဖို.ကိုသာတောင်းနေတာပါ။ အဖြေကတော့ လုံးဝခြေမှုံးရေးဆိုတော့ မတတ်သာဘဲ ကာကွယ်စစ်နွှဲနေရတာပါ၊ အစိုးရတပ်လုပ်ပုံက လူမျိုးဖြုတ် စစ်ပွဲပုံစံအထိ ဖြစ်နေတာ လူတိုင်း မြင်တဲ့အတိုင်းပါဘဲ၊ KIA မို.လို.သာ ဒီလောက်များပြားတဲ့ တပ်မတွေ က ထုထောင်းနေတာကို ကြံ.ကြံ.ခံနိုင်နေတာဖြစ်တယ်၊ နိင် ငံခြား စစ်အအတွက်သာ reserve ထားတဲ့ တပ်မ တွေအထိ မလိုဘဲ သုံးခဲ.ကြတယ်။ ကျွံနေတဲ့အစိုးရတပ်တွေကို ဆုတ်လိုက်ရင် သေနတ်သံစဲသွားမှာ ကို သိ ရဲ.သားနဲ. စွတ် တက် စွတ်နေရာယူဖို. သေနတ်နဲ.တေ့ထားနိုင်ဖို. ကြိုးစားနေတာဆိုတော့ ယုံကြည်မှုက သုညအောက်ရောက်သွားပြီပေါ့၊