သတင်း

ဒေါက်တာ ဆိတ်ဖွားအတွက် စုံစမ်းရေး ကော်မရှင်ဖွဲ့

Hits:7,030
  | |
Print This Post


လွှတ်တော်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်ဆိုတဲ့ “ဥပဒေရဲ့ အထက်မှာ လွှတ်တော် ရှိသလား” ခေါင်းစဉ်နဲ့ အွန်လိုင်း ဘလော့ဂ်စာမျက်နှာတခုမှာ ရေးသားသူ ကလောင်အမည် ဒေါက်တာ ဆိတ်ဖွား ဆိုသူကို စုံစမ်းဖော် ထုတ်ဖို့ ကော်မရှင်တရပ် မကြာမီ ဖွဲ့စည်းပါတော့မယ်။

ဒေါက်တာ ဆိတ်ဖွား ရေးထားတဲ့ အထဲမှာ သမ္မတ၊ အစိုးရအဖွဲ့နဲ့ လွှတ်တော်အကြား တင်းမာမှုဖြစ်ခဲ့ရတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးကိစ္စနဲ့ ပတ်သက်ပြီး ရေးသားထားပါတယ်။ ခုံရုံးကိစ္စ လွှတ်တော်က အတည်ပြုထားတာကို ပြန်လည်သုံးသပ်ဖို့ သမ္မတက သ၀ဏ်လွှာ ပေးပို့ခဲ့ပေမယ့် လွှတ်တော်က ပယ်ချပြီး ယခင်အတိုင်းပဲ ပြန်လည် အတည်ပြုလိုက်တဲ့ အပေါ်မှာ ဒေါက်တာ ဆိတ်ဖွားဆိုသူက ဝေဖန်ထားတာပါ။

သမ္မတရဲ့ သဘောထား မှတ်ချက်ကို ပယ်ချလိုက်တာဟာ လွှတ်တော်အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မလေးစားတာ ဖြစ်တယ်။ “အခြေခံဥပဒေက မည်သို့ပင်ဆိုစေကာမူ လွှတ်တော်ဥက္ကဋ္ဌများနှင့် အပေါင်းပါများက လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်ချက်သည် အတည်ဖြစ်သည်” လို့ ဒေါက်တာ ဆိတ်ဖွားက ရေးထားပါတယ်။

“လွှတ်တော်ဥက္ကဋ္ဌများနဲ့ အပေါင်းပါများ ဆိုတဲ့စကားက လွှတ်တော်နဲ့ ကိုယ်စားလှယ်တွေကို စော်ကားရာရောက်ပါတယ်၊ ဒီမိုကရေစီ နည်းလမ်းအရဆိုပြီး ဒီလိုစည်းမဲ့ကမ်းမဲ့ ရေးချင်တိုင်းရေးတာကို မပြောလိုပေမယ့် လွှတ်တော်ကို ပြည်သူတွေက တမျိုးမြင်မှာစိုးလို့ အခုလိုလုပ်ရတာပါ” လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဦးက ဧရာဝတီကို ပြောပါတယ်။

အဆိုတင်သွင်းသူ လွှတ်တော်အမတ် ဒေါက်တာ စိုးရင်က အရေးကြီးအဆို တင်သွင်းရာမှာတော့ “ဒေါက်တာ ဆိတ်ဖွားရဲ့ ဝေဖန်ရေးသားချက်ဟာ မိမိတို့ လွှတ်တော်ရဲ့ လုပ်ဆောင်ချက်များနှင့် လွှတ်တော် ကိုယ်စားလှယ်တွေကို စော်ကားထားတာ ဖြစ်တယ်၊ အဲဒီ စော်ကား ရေးသားချက်ကို ကိုယ်စားလှယ်များက မခံမရပ်နိုင် ဖြစ်နေကြတဲ့အတွက် ဥပဒေနဲ့အညီ အရေးယူပေးရန် တောင်းဆိုလာကြောင်း၊ ဒါကြောင့် အရေးယူနိုင်ဖို့ စုံစမ်းရေး ကော်မရှင်တရပ်ဖွဲ့ဖို့ ပြည်ထောင်စုလွှတ်တော်၌ အရေးကြီး အဆိုတင်ပါကြောင်း” ဖြင့် အဆိုတင်သွင်းပါတယ်။

ဒေါက်တာ စိုးရင်ဟာ လွှတ်တော်ဆိုင်ရာ အခွင့်အရေးကော်မတီ ဥက္ကဋ္ဌလည်း ဖြစ်ပြီး ကြံ့ခိုင်ရေးပါတီရဲ့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် တဦးလည်း ဖြစ်ပါတယ်။ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ် အများစုကတော့ ဒီအဆိုကို ထောက်ခံကြပါတယ်။ စစ်တပ် ကိုယ်စားလှယ် အများစုကတော့ သမ္မတရဲ့ သဘောထား မှတ်ချက်ကို ထောက်ခံထားတဲ့သူတွေ ဖြစ်လို့ ဆိတ်ဖွား ကိစ္စကို မထောက်ခံကြပါဘူး။

အဲဒီအဆိုကို ထောက်ခံမဲ ၃၇၄ မဲ၊ ကန့်ကွက်မဲ ၁၅၄ မဲ၊ ကြားနေ ၄၂ မဲနဲ့ အဆိုက အောင်မြင်သွားပြီး ဒေါက်တာ ဆိတ်ဖွား စုံစမ်းရေးကော်မရှင် တရပ်ဖွဲ့ဖို့ လွှတ်တော် နာယက က အတည်ပြုပေးလိုက်ကြောင်းနဲ့ မကြာခင်ဖွဲ့စည်း စုံစမ်း ဖော်ထုတ်တော့မယ်လို့ ကိုယ်စားလှယ်တွေက ဧရာဝတီကို ပြောပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ ကချင်ဒေသက စစ်ပွဲအခြအနေတွေနဲ့ တခြား အရေးကြီးတဲ့ ကိစ္စတွေကို မဆွေးနွေးကြဘဲ ဘယ်သူ ဘယ်ဝါမှန်း မသိတဲ့ သူတယောက်က အင်တာနက်ပေါ်မှာ မိမိထင်မြင်ချက်ကို လွတ်လပ်စွာ ရေးသားတာကို လွှတ်တော်မှာ အရေးကြီး အဆိုတင်တဲ့ ကိစ္စအပေါ်မှာလည်း ဝေဖန်မှုအမျိုးမျိုး ထွက်နေတယ်။

ကိုယ်စားလှယ်တွေ အပြောအရတော့ ဆိတ်ဖွားရဲ့လုပ်ဆောင်ချက်ဟာ နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိ ထိုးနှက်မှု တခုသာဖြစ်ပြီး ၎င်းဘယ်သူဆိုတာ ခန့်မှန်းသိထားတဲ့အတွက် အခုလို အဆိုတင်တာလို့ ပြောကြပါတယ်။

“ခုံရုံးကိစ္စတွေ ပြောဆိုကတည်းက ဆိတ်ဖွား ဘယ်သူဆိုတာ သိတဲ့သူတွေရှိမှာပါ၊ ဒီကိစ္စတခုတည်း မဟုတ်ပါဘူး။ အရင်ကလည်းပဲ လွှတ်တော်ကို ဝေဖန်ပုတ်ခတ် ပြောဆို ရေးသားထားတာတွေ ရှိလို့ အဆိုတရပ်တင်ဖို့ ဖြစ်လာရတာပါ” လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောပါတယ်။

လသာမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့်ကလည်း ဒေါက်တာဆိတ်ဖွား ဘယ်သူဆိုတာ သိထားတွေ ရှိကောင်းရှိနိုင်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် ကော်မရှင်အနေနဲ့လည်း စုံစမ်းဖော်ပြီးရင်တောင် လူသိရှင်ကြား ထုတ်ဖော်ကြေညာမှာ မဟုတ်ဘဲ နောင်ဆက်လက် မလုပ်ဆောင်ဖို့ သတိပေးရုံပဲ လုပ်ဆောင်မယ်လို့ ထင်မြင်ကြောင်း ရှင်းပြပါတယ်။

“ဒေါက်တာ ဆိတ်ဖွား ဘယ်သူဆိုတာကို ဖော်ထုတ်မိရင်တောင်မှ သိုသိုသိပ်သိပ်နဲ့ပဲ ဒီကိစ္စက ပြီးသွားမှာပါ” လို့ ဦးကြည်မြင့်က ဆိုတယ်။

အင်တာနက်ပေါ်မှာ မိမိတို့ ထင်မြင်ချက်ကို လွတ်လပ်စွာ ရေးသားနေတဲ့ ဘယ်သူ၊ ဘယ်ဝါမှန်း မသိတဲ့သူကို ဒီလောက်အထိ အကဲဆတ်နေတာဟာ ပြည်တွင်း၊ ပြည်ပ မီဒီယာတွေက လွှတ်တော်အပေါ် ပြင်းထန်တဲ့ ဝေဖန်ရေးသားမှုမျိုးတွေ မလုပ်ရဲအောင် ကြိုတင်ဟန့်တား လိုတာကြောင့်လို့ တချို့က ယူဆကြပါတယ်။ အလားတူ ဒေါက်တာ ဆိတ်ဖွားလိုမျိုး ရေးသားဝေဖန်နေတဲ့ ပြည်တွင်းက မီဒီယာတချို့ကိုပါ တဖက်လှည့်နဲ့ သတိပေးချင်တဲ့ အတွက်လို့ ယူဆကြပါတယ်။

ရန်ကုန်မီဒီယာဂရုပ်ရဲ့ အကြီးအကဲဖြစ်သူ ဦးကိုကို (ကိုကို – စက်မှုတက္ကသိုလ်) ကတော့ ဒေါက်တာ ဆိတ်ဖွား ကိစ္စကို လွှတ်တော်မှာ တရုတ်တရက် အရေးကြီး အဆိုတင်တာဟာ အကဲဆတ်တဲ့ တုံ့ပြန်မှုလို့ မှတ်ချက်ပြုပါတယ်။ ဒါပေမယ့် မီဒီယာတချို့က လွှတ်တော်အပေါ်မှာ ဝေဖန်ထောက်ပြ ရေးသားမှုတွေ လျော့ကျသွားနိုင်သလို အများစုကတော့ လျော့ကျသွားမှာ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။

“အစိုးရကိုလည်း ဝေဖန် ရေးသားနေကြတာပဲလေ။ ပြောရမယ်ဆိုရင် အစိုးရက လွှတ်တော်ထက် ဝေဖန်မှု ခံနိုင်ရည်ရှိတယ် ပြောရမှာပဲ။ လွှတ်တော်ဟာ အရင်ကလည်းပဲ တုံ့ပြန်မှုတချို့ ရှိခဲ့ပါတယ်” လို့ ဦးကိုကိုက ဆိုပါတယ်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဦးကတော့ လွှတ်တော်အနေနဲ့ ဥပဒေကို ကျော်ပြီးလုပ်တာ ဘာမှ မရှိဘူး၊ ဖွဲ့စည်းပုံအတိုင်း လုပ်နေတာချည်းပဲ။ ပြည်သူတွေက ယုံကြည်လို့ ရွေးချယ်ထားတဲ့အတွက် ပြည်သူ့ ဆန္ဒအတိုင်း လုပ်ဆောင်နေကြတယ်လို့ ပြောပါတယ်။

“ကျနော်တို့ လွှတ်တော်ထဲမှာ ကိုယ်စားလှယ် ၆၀၀ ကျော်ရှိတယ်။ ဒီလူ ၆၀၀ ကျော်ရဲ့ဆုံးဖြတ်ချက်ဟာ ဘယ်တော့မှ မမှားနိုင်ဘူးလို့ ကျနော်ထင်တယ်” လို့ ဦးဝင်းဦးက ဆိုပါတယ်။

ဒေါက်တာ ဆိတ်ဖွားကတော့ လွှတ်တော်ဟာ ခုံရုံးကိစ္စအပြင် ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး သမ္မတရဲ့ သဘောထား မှတ်ချက်ကိုလည်း ပယ်ချကာ လွှတ်တော်တွင်းမဲခွဲ၊ မိမိတို့သဘောနဲ့ အတည်ပြုတဲ့ ကိစ္စဟာ ဥပဒေကို ဖောက်ဖျက်ကျူးလွန်ရာ ရောက်တယ်လို့ ဝေဖန်ထားပါတယ်။

ဒေါက်တာ ဆိတ်ဖွား၏ ဆောင်းပါး လင့်ခ်


WSJ LIVE VIDEO:

9 Responses

Leave a Reply

  1. ဒီမိုကရေစီ စနစ်မှာ ဝေဖန်တာ အဆန်းလား အမတ်မင်းတို့ ရယ်-ကော်မရှင်ဖွဲ့ ပြီး စုံးစမ်း-စစ်ဆေးတာကမှ အရပ်ရပ်နေပြည်တော် လူကြားလို့ မှ မတော်- သူလဲ သူ့ အမြင်ကိုရေးသားတင်ပြတာဘဲ- သူရေးတဲ့အတိုင်းမဟုတ်ရင် ရပ်သွားလိမ့်မယ်ပေါ့- အဲသူရေးတဲ့အတိုင်းမှန်နေလျှင် ပြင်လိုက်ပေါ့- အလကားအချိန်ကုန်ခံပြီး လွှတ်တော်ထဲမှာ အရေးမပါတဲ့ ကိစ္စ ရေးကြီးခွင်ကျယ်လုပ်နေတယ်- ခင်ဗျားတို့ ပေးထားတဲ့လစာက ပြည်သူလူထုက အခွန်ဆောင်ထားတဲ့ငွေတွေနော်- ဘိုးဘွားဆီက အမွေရတယ် ထင်မနေနဲ့ - လွှတ်တော်ထဲမှာ လူထုအတွက် လုပ်ရမည့်ကိစ္စတွေ အများကြီး- အလကားအချိန်ကုန်ခံ ပြည်သူ့ ဘဏ္ဍာတွေ သုံးဖြုံးမနေကြနဲ့ - ဒါနဲ့ နေစမ်းပါဦး- တဆိတ်လောက်ဗျာ- အဲဒီ ပရော်ဖတ်ဆာ ဒေါက်တာဆိတ်ဖွားက ဘယ်မှာရေးထားတာလဲ- လင့်-လေးသိသူများ- ကျေးဇူးပြု၍ ဖေါ်ပြပေးပါခင်ဗျ-

  2. ဘာမှမဟုတ်တဲ့.ဆိပ်ဖွားလိုလူသားတစ်ဦးရဲ့..ဝေဖန်ခြင်းကို.မခံမရနိုင်ဖြစ်ပြီး..နိုင်ငံတော်.ပုံကန်မှုအလား.စုံစမ်းစ်ဆေးရေးကော်မရှင်တစ်တောင်ဖွဲ့စည်းရသလား..ရီစရာတော့..ကောင်း..သား.တရုတ်နဲ့ရုရှားတို့ရဲ့အကူညီနဲ့..ခေတ်မှီဆန်းပြားတဲ့.အီလက်ထရောနစ်.ကွန်ပြူတာ.နည်းစံနစ်တွေပိုင်ဆိုင်နေတာတောင်..ဆိပ်ဖွားဆိုတာ.ဘယ်ကနေပြီး.၀က်ဆိုဒ်ကနေ.ဝေဖန်နေသလဲဆိုတာတောင်..မသိနိုင်ဘူးတဲ့လား..၀ီခီလိ.ကတာဝန်ရှိသူကို.ဘယ်လိုနည်းနဲ့.မိသွားသလဲဆိုတာကိုကော..မသိတော့ဘူးတဲ့လား..မြန်မာနိုင်ငံမှာ..အားလုံးဟာ..မကောင်းဘဲ..စုတ်ပြတ်နေမယ်..ဒါပေမဲ့..အစိုးရတွေရဲ့..ထောက်လှမ်းရေး..ကိစ္စမှာ..ရံပုံငွေကိုအပြည့်ဝသုံးစွဲပြီး..ထောက်လှန်းရေးကိစ္စကိုတော့.ပါတ်.ကားဖြစ်အောင်ကိုတော့.သူတို့တွေစီမံပြီးသား….နောက်တစ်ချက်..သူများက.ကိုယ်လုပ်တာကိုဝေဖန်တာဟာ.မကောင်းတဲ့ကိစ္စမှမဟုတ်တာ..ကိုယ်.က.မဟုတ်တာလုပ်ရင်တော့.ကြောက်ကြမှာပေါ့..မြန်မာစကားပံရှိခဲ့ပါတယ်.ကိုယ်.ကောင်း..ဘယ်ခေါင်းမှ.မရွေ့တဲ့..ဒီမိုခရေစီနိုင်ငံတိုင်းမှာ.သမ္မတ.အပါဝင်.လွတ်တော်..လွတ်တော်ကိုယ်စားလှယ်..နဲ့.အစိုးရအဖွဲ့ဝင်အားလုံးက..ပြည်သူပြည်သားနိုင်ငံသားအားလုံးတို့ရဲ့မည်ကဲ့သို့သောဝေဖန်ပြောဆိုမှုမျိုးတို့ကို..လက်ခံ..ပြန်လည်ဖြေရှင်းခဲ့ကြတာကိုမြင်တွေ့ကြရမှာပါ..သမ္မတကြီးတွေကလည်း(တရုတ်ကလွဲလို့)ဝေဖန်ပြောဆိုခြင်းသည်ကောင်းသောအရာပင်ဖြစ်ပါသည်..မည်ကဲ့သို့သော..ဝေဖန်ပြောဆိုမှုမျိုးကိုမဆို..၀မ်းမြောက်စွာ.ကြိုဆိုလက်ခံပါသည်..ဆိုတာ.အမြဲပြောကြပါတယ်..ဒါကိုမြန်မာနိုင်ငံမှလွတ်တော်.ဥက္ကဌ.အပါဝင်လွတ်တော်ကိုယ်စားလှယ်.များဟာ..ဒိလို.ဆိပ်ဖွားရဲ့.ဝေဖန်မှုလေးကိုတောင်..လက်မခံနိုင်ကြဘူးတဲ့လားးသူ့ရဲ့ဝေဖန်ပြောဆိုရေသားမှုမျိုးဟာ.မှားသည်..မှန်သည်.တရားသည်.မတရားသည်.တွေဟာ..ပြည်သူတွေကအဆုံးဖြတ်ပေးမှာပါ..ဒီလောက်တောင်..ကော်မရှင်ကြီးတစ်ရပ်ဖွဲ့ပြီး.စုံစမ်းဖို့.လုပ်နေကြတာဟာ.အိုးမလှုံးအုံပွင့်.ဆိုတဲ့စကားနှင့်ဆက်စပ်မှုရှိနေသလိုပါဘဲ..ခင်ဗျားတို့အားလုံး..ပြည်သူကရွေးချယ်တင်မြောက်ထားတဲ့..ကိုယ်စားလှယ်တွေပါရယ်လို့..ကိုယ့်ကိုယ်.ကို.သတ်မှတ်ထားတတ်ကြရင်.ဒီလောက်ထိ.နာကြည်းနေကြ၇သလား…ကျွန်တော်ပြောချင်တာ..ခင်ဗျားတို့ပြော.ပြောနေတဲ့.ဥပဒေဆိုတာကြီးကို.ဘယ်သူတွေက.ရေးဆွဲပြီး.အတည်ဖြစ်ဖို့ရန်အတွက်.ဘယ်သူတွေက.ဆန္ဒမဲပေးပြီး.အတည်ပြုခဲ့ကြရတာလဲ..ဥပဒေကို.ခင်ဗျားတို့ကရေးဆွဲတယ်ထားဦး..ပြည်သူတွေရဲ့ဆန္ဒမပါဘဲနဲ့တော့.ဒီဥပဒေကြီးဟာ.ဖြစ်ပေါ်လာနိုင်ပါ့မလား.ကျွန်တော်ထင်တယ်..ခင်ဗျားတို.ဒီလိုသာ.ဆက်လုပ်နေမယ်ဆိုရင်..ဆိပ်ဖွားဆိုသူရဲ့.လက်ထဲမှာ.ခင်ဗျားတို့ရဲ့.ဘာ.ညာ..ဘာ ညာ.ဆိုတာတွေဟာ..ရှိကောင်းရှိနေဦးမလားဘဲ..၀ီခီလိ.ကိုနမူနာယူပါ..တစ်ခုပြီးတစ်ခု..တဖြေးဖြေးချင်း.ဘူးပေါ်သလို.ပေါ်လာနိုင်တယ်နော်….အမှား.အမှန်.ဟာ.ပြည်သူတွေသာဆုံးဖြတ်မှာပါ…

  3. ကိုယ်စားလှယ် ၆၀၀ကျော်ထဲမှာမဲမသမာလို့ရောက်လာတဲ့သူအများစုနဲ့ပြည်သူကမဲမပေးရပဲရောက်လာတဲ့သူတွေကများနေတော့ဘယ်တော့မှမမှားနိုင်ဘူးဆိုတာဟုတ်ပါ့မလား။

  4. How can U Win Oo from USDP say that they were elected by the people? He is the one who misleads the people. He is not telling the truth. USDP is no way near to be our heart and soul. Casting votes for oppressors did not happen, is not happening and will not happen. USDP stole votes and manipulated the public in election. Who in the hell will knowingly cast their votes for this evil party? No way. Intimidation and threat may make people to cast their votes to this party but he has no shame when he says that people elected them.

  5. Their behavior is a threat to freedom of speech and a direct threat to freedom of press and expression which Hlutdaw supposed to defend. Do the Hlutdaw members have insecure feeling? If they are confident in what they are doing, why may never go to confront the person who wrote about Hlutdaw’s weakness. Their action may come back to hurt more to the image of Hlutdaw.

  6. ဌေးဝင်း

    ကချင်ပြည်နယ်မှာ…KIA နဲ့ဖြစ်နေတဲ့..စစ်ပွဲတော့ရပ်ဖို့..မဆွေးနွေးဘူး..မဟုတ်က..ဟုတ်က..ကြောင်ေ၇ချိုး..***သန်းရှာတဲ့…ဟာမျိုးကျတော့..စုံစမ်းဖို့..လွှတ်တော်ကိုတင်ပြတယ်…မဲခွဲဆုံးဖြတ်တာလဲအနှိုင်၇တယ်ဆိုတော့..ကြံ့ဖွတ်ပါတီကတင်ပြပြီးးးကြံ့ဖွတ်ပါတီကထောက်ခံတာဖြစ်မှာပေါ့…ဒေါက်တာ ဆိတ်ဖွား ဘယ်သူဆိုတာသိပြီဆိုပါတော့….သူတို့အဘဖြစ်နေ၇င်…ဘာလုပ်နှိုင်မှာလဲ..ထိုင်ရှစ်ခိုးကြမှာလား။

  7. အသုံးမကျတဲ့လူတွေက လွှတ်တော်ထဲမှာ ၀န်ကြီးဖြစ်လိုက် အမတ်ဖြစ်လိုက်နဲ့ တွေ့နေရတယ်။

    ငါဝန်ကြီးဖြစ်ပြီးမှ ဘာတွေတိုးတက်အောင်လုပ်ဆောင်ပေးနိုင်ခဲ့လည်းဆိုတာပြန် ဆင်ချင်
    ကြည့်ဖို့လိုမယ်။
    အခုဟာက မလိုအပ်တာတွေကိုဟန်ရေးပြလုပ်ဆောင်နေတာနေရာတိုင်းပဲ။

  8. Shameful,, shameful,, Myanmarh democracy,,Burma democracy

  9. ဇော်ဂျီနက်

    နဂိုတည်းကမှ လူမှုရေးအသင်းဆိုပြီး ကြွေးကြော်၊ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပေးတဲ့ ပိုက်ဆံနဲ့ အသင်းပိုင်မြေ၊
    အဆောက်အအုံတွေဆောက် ခေတ်ပြောင်းမှ ပါတီဆိုပြီး ရုပ်တည်ကြီးတွေနဲ့အရှက်မရှိ လည်းမရှိကြဘူး။
    လွှတ်တော်ထဲကထိုင်ခုံမှာထိုင်ရတာနဲ့ ဂေါက်တောက်တောက် ကလေးအတွေးတွေနဲ့ ဝေဖန်တာမခံနိုင်ရင်
    နိုင်ငံရေးမလုပ်ကြပါနဲ့ အချိန်ကုန်တယ် ပိုက်ဆံကုန်တယ် နှုတ်ထွက်စာ တင်လိုက်ပေါ့ဗျာ.။တက်လည်းတက်နိုင်
    ကြပါတယ် သူတို့ကိုထိလိုက်တာနဲ့ ညီညွတ်လိုက်တာများ..။ဒေါက်တာဆိတ်ဖွား ဆိုတာ ဗိုလ်ချုပ်ကြီး သန်းရွှေဖြစ်
    နေရင် ဘာလုပ်မလည်း မေးချင်စမ်းပါဘိ..။နှစ်နှစ်ဆယ်ကျော် ပါးစပ်ပိတ်ထားတာ အခုမှပြောခွင့်ရတာပြောပစေပေါ့
    နောက်ဆိုဒါမျိုးဆိုတာ ရိုးသွားမှာပဲကို….။