သတင်း

လေးစားမှုနှင့် နားလည်မှုရှိမှ ပြည်တွင်းပဋိပက္ခ ပြေလည်မည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

Hits:4,496
  | |
Print This Post

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရွှေဂုံတိုင် ရုံးချုပ်တွင် ပြုလုပ်သော ၆၅ နှစ်မြောက် လွတ်လပ်ရေး အခမ်းအနား (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

တိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင်သော မြန်မာနိုင်ငံတွင် ပဋိပက္ခများ ချုပ်ငြိမ်းရေးနှင့် ဖြေရှင်းရေးအတွက် တဦးနှင့်တဦး အပြန်အလှန်လေးစားမှု၊ မတူညီသော အတွေးအခေါ်များကို နားလည်မှုရှိရေး လိုအပ်နေကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

ယနေ့ ကျရောက်သည့် ၆၅ နှစ်မြောက် လွတ်လပ်ရေး အခမ်းအနားကို ရန်ကုန်မြို့၊ NLD ရုံးချုပ်တွင် ကျင်းပစဉ် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးအတွက် မတူညီသော အတွေးအခေါ်များကို လေးစားမှုနှင့် နားလည်မှုရှိရေးသည် အလွန်အရေးကြီးပြီး လေးစားမှုနှင့် နားလည်မှုမရှိပါက ပဋိပက္ခ ချုပ်ငြိမ်းမည် မဟုတ်သည့်အပြင် ဒီမိုကရေစီနိုင်ငံ အဖြစ်လည်း ထူထောင်နိုင်မည် မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

“ဒီနိုင်ငံက ပြည်ထောင်စု ဖြစ်ပါတယ်။ ပြည်ထောင်စုလို့ ပြောရတဲ့ အကြောင်းအရင်း တိုင်းရင်းသား လူမျိုးစုံပေါင်းစုံနဲ့ ဖွဲ့စည်းထားတာကို တနေ့ တစက္ကန့်မှ မေ့လို့မဖြစ်ပါဘူး။ ဒီဟာကို မမေ့မှသာလျှင် ကျမတို့ လိုချင်တဲ့ ပြည်ထောင်စုမျိုးကို နိုင်ငံမျိုးထူထောင်နိုင်မှာ ဖြစ်ပါတယ်။ အခုဆိုလို့ရှိရင် ဒီနိုင်ငံမှာ ပဋိပက္ခပေါင်းများစွာ ရှိတယ်ဆိုတာ အများသိပြီးသားပဲ။

ပဋိက္ခဖြေရှင်းရေးရဲ့ အခြေခံကတော့ တဦးကိုတဦး အပြန်အလှန်လေးစားမှုပဲ ဖြစ်ပါတယ်။ ကိုယ်နဲ့ မတူတဲ့ အတွေးအခေါ်တွေကို မလေးစားနိုင်ရင်၊ ကိုယ်နဲ့ မတူတဲ့ အတွေးအခေါ်တွေကို နားလည်မှု မပေးနိုင်ရင်တော့ ကျမတို့က စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံ ထူထောင်နိုင်မှာ မဟုတ်ပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံတွင် ပဋိပက္ခများဖြစ်ပွားနေသည်ကို ထောက်ပြ ပြောဆိုသွားသော်လည်း လက်ရှိ မြန်မာနိုင်ငံမြောက်ပိုင်းတွင် ဖြစ်ပွားလျက်ရှိသော ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် အစိုးရတပ်အကြား ပဋိပက္ခဟု အမည်တပ် ထုတ်ဖော်ပြောဆိုသွားခြင်း မရှိပေ။

ဒီမိုကရေစီနိုင်ငံ ထူထောင်ရာတွင် ဒီမိုကရေစီစနစ် ခိုင်မာရေးအတွက် အစိုးရတွင်သာမက ပြည်သူများတွင်လည်း တာဝန်ရှိကြောင်း၊ ပြည်သူများအနေဖြင့် အစိုးရကိုချည်း အားမကိုးဘဲ မိမိကိုယ်ကိုယ် အားကိုးသော စိတ်များမွေးမြူကြရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆိုသွားသည်။

“နိုင်ငံတနိုင်ငံ ဒီမိုကရေစီခိုင်မာဖို့ လိုတယ်ဆိုရင် ဒီမိုကရေစီစနစ် ခိုင်မာရေးအတွက် အစိုးရတခုတည်းမှာတင် တာဝန်ရှိတာ မဟုတ်ပါဘူး။ ပြည်သူပြည်သားတွေမှာလည်း တာဝန်ရှိပါတယ်။ အစိုးရမှာသာ တာဝန်ရှိတယ်ဆိုပြီး အပ်ထားလို့ရှိရင် မှီခိုရာရောက်ပါတယ်။ တကယ်လူလားမြောက်တဲ့သူ မဟုတ်ဘူး။ ကိုယ့်ဟာကိုယ် ရပ်တည်နိုင်တဲ့သူ မဟုတ်ဘူးဆိုတာ သက်သေပြနေပါတယ်။ တကယ် ဒီမိုကရေစီ ထူထောင်ချင်ရင် အစိုးရကိုချည်း အားမကိုးပါနဲ့၊ ကိုယ့်ကိုယ် အားကိုးတဲ့ စိတ်၊ ပြည်သူတွေရဲ့ စည်းကမ်းရှိမှုကို အားကိုးတဲ့စိတ်ကို မွေးမြူရမှာဖြစ်ပါတယ်” ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့အလယ်တွင် အလားအလာကောင်းများရှိသော နိုင်ငံအဖြစ် ထွန်းလင်းတောက်ပလျက်ရှိပြီး ကူညီလိုသူ များပြားလျက်ရှိကြောင်း၊ ပြည်သူပြည်သားများကလည်း မျှော်လင့်မှုများစွာရှိနေသော်လည်း မျှော်လင့်မှုများကို လက်တွေ့ အကောင်အထည်ဖော်ရန် အရေးကြီးသည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြသည်။

“ကျမတို့နိုင်ငံက အလားအလာတွေ ကောင်းတယ်ဆိုပြီးတော့ တကမ္ဘာလုံးကလည်း မြင်နေကြပါတယ်။ ပြည်သူပြည်သား တွေကလည်း မျှော်လင့်ချက်တွေအပြည့်နဲ့ပါ။ ဒါပေမယ့် မျှော်လင့်ချက်ဆိုတာကလည်း ကျမ ခဏခဏ ပြောပြီးတဲ့အတိုင်းပဲ အလုပ်နဲ့ ဒီမျှော်လင့်ချက်တွေကို အကောင်အထည်ဖော်ရမှာပါ။ အလုပ်မလုပ်ဘဲနဲ့တော့ မျှော်လင့်နေလို့တော့ ရမှာမဟုတ်ဘူး။ မျှော်လင့်ချက်တွေကို အကောင်အထည် ဖော်တဲ့နေရာမှာ ကိုယ့်အားကိုယ်ကိုးပြီးတော့ အဓိက လုပ်သွားရမှာဖြစ်ပါတယ်။ ဘယ်သူကများ လာကူညီမလဲဆိုပြီးတော့ မျှော်လင့်နေလို့တော့မဖြစ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် အားကိုးတဲ့ ပြည်သူများဖြစ်ဖို့ အထူးအရေးကြီးပါတယ်” ဟု သူက ဆက်ပြောသည်။

NLD ရုံးချုပ်တွင် ကျင်းပသော ၆၅ နှစ်မြောက် အခမ်းအနားသို့ သံတမန်များ၊ နိုင်ငံရေးပါတီများ၊ ပါတီဝင်များ အပါအ၀င် လူအင်အား ၅၀၀ ကျော်တက်ရောက်ခဲ့ကြသည်။

နေပြည်တော်တွင်လည်း ၆၅ နှစ်မြောက် လွတ်လပ်ရေး အလံတင်အခမ်းအနား ကျင်းပခဲ့ပြီး သမ္မတ ဦးသိန်းစိန်က ၆၅ နှစ်မြောက် လွတ်လပ်ရေးအထိမ်းအမှတ် သ၀ဏ်လွှာပေးပို့ခဲ့ကြောင်း၊ ယင်းသ၀ဏ်လွှာတွင် တိုင်းပြည် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပြည်သူများ ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းသွားသည်။

အမေရိကန် ပြည်ထောင်စုကလည်း မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့အတွက် သဝဏ်လွှာတစောင် ပေးပို့ခဲ့ပြီး ယင်းသဝဏ်လွှာတွင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ပုံမှန်ဖြစ်ထွန်းနေသည့် အတွက် ကျေနပ် ၀မ်းသာကြောင်း၊ အမေရိကန်- မြန်မာ ပုံမှန် ဆက်ဆံရေး ပြန်လည် ထူထောင်နိုင်ခြင်းသည် သမိုင်းဝင် တိုးတက်မှု တခုဖြစ်ကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုအားကောင်းစေရေး ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

၆၅ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲ ရွှင်ပွဲများကို ရန်ကုန်မြို့တော်တ၀န်း စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်ကို တွေ့ရသည်။


WSJ LIVE VIDEO:

15 Responses

Leave a Reply

  1. pps၁၂၃၄၅

    ဒေါ်စုကိုတော့ လေးစားပါတယ်။ ဒါပေမယ့် စစ်တပ်ရဲ့ အရပ်သား အစိုးရ လက်အောက်မှာ မနေချင်တာတွေ။ ပြည်ထောင်စု ကို သူတို့ တည်ဆောက်ထားတယ် ဆိုပြီး တိုင်းရင်းသားတွေကို အနိုင်ကျင့်တာတွေ၊ လက်နက်မဲ့ပုန်ကန်သူ ကို သေနတ်နှင့် ပစ်၊ လက်နက်ရှိပုန်ကန်သူကို လေယာဉ်ပျံနှင့် ပစ်တာတွေကို ကျွန်တော် မခံစား မမျှဝေပေးနိုင်တော့ပါဘူး။

    • အောင်အောင်

      ခင်ဗျားပြောတာ မှန်တယ်။ဒီတော့ မြန်မာပြည်က လက်ရှိစစ်တပ်ထဲက လူတွေ အကုန်လုံးထွက်ခိုင်းလိုက် ပြီးရင် ခင်ဗျားတို့ လို လူတွေ တိုင်းပြည်ကို ချစ်တယ် စစ်တပ်ကို ကောင်းစေချင်တယ် ဆိုတဲ့ သူတွေစစ်တပ်ထဲ ဝင်ပြီးလုပ်ကြပေါ့။ စစ်တပ်မကောင်းဘူး စစ်သားတွေ မကောင်းဘူး ဆိုတဲ့သူတွေ စစ်တပ်ထဲဝင်ပြီးကောင်းအောင်လုပ်ကြပေါ့။စစ်တပ်ဆိုတာ ကတော့ တိုင်းပြည်တစ်ခုမှာ စစ်တပ်တစ်ခု တော့ရှိသင့်တာပေါ့ ။ဘေးပြော အစား ကိုယ်တိုင်ဝင်လုပ်ကြည်လိုက်ပါ။

      • မြန်မာပြည်သား

        ကျွန်တော် ၁၀တန်းအောင်တော့ ကျွန်တော် တို့ RIT တတ်ကြတယ်။ ကျွန်တော့် သူငယ်ချင်း တစ်ယောက်ကတော့ စစ်တပ်ထဲ ဝင်သွားတယ်။ သူကပြောခဲ့တယ်။ သူလူကြီးဖြစ်ချင်လို့ စစတပ်ထဲ ဝင်တာတဲ့။ နောက်ပိုင်းကြားရတာ သူ့အမေက သူကို အခုထိ ထောက်ပံ့နေရတုံးပဲ။ သူ့မိန်းမကော၊ သူ့ကလေးတွေကော။ ဒါကတော့ ထားလိုက်ပါတော့ မိဘ ဝတ္တရားကိုး။
        ဒပေမယ့် အမေ ဆီကကြားရတဲ့ ပိုဆိုးတဲ့ စကားတစ်ခု ကတော့ သူ့သားကောင်းကောင်း မွန် မွန် နေရဖို့ တပ်ရင်းမှူး မိသားစုပါ ထောက်ပံ့ရတယ်တဲ့။
        သူ့လိုပဲ သူ့တပ်ရင်းမှူးက လည်း သူ့ထက်ကြီးတဲ့ အရာရှိတွေကို ထောက်ပံ့ပေးရတယ်တဲ့။ မထောက်ပံ့နိုင်တဲ့ အရာရှိငယ်များကတော့ ယခု စကားနဲ့ပြောရင် ကချင်ပြည်သွားပေါ.။( သေတွင်းကို ပို့ထာတဲ့) ရက်စက်လိုက်ကြတာ။
        ကျွန်တော်ပြောချင်တာ တပ်မတော် ဆိုတာ အစိုးရ စရိတ်နှင့် ဖွဲ့စည်းထားတဲ့ ကျွန် မွေး ဌာနကြီး တစ်ခုပါ။ ဒါတွေကို လက်အောက်ငယ်သားတွေ ငြိမ့်ခံနေသ၍ တပ်မတော် ဆိုတာ အဆင့် အတန်းရှိတဲ့ အဖွဲ့အစည်းဖြစ်လာမှာ မဟုတ်ပါဘူးလို့။

        ကျွန်တော် တပ်မတော်သားတွေရဲ့ ဘဝကို စာနာပါတယ်။

      • မြန်မာပြည်သား

        ကျွန်တော် ၁၀တန်းအောင်တော့ ကျွန်တော် တို့ RIT တတ်ကြတယ်။ ကျွန်တော့် သူငယ်ချင်း တစ်ယောက်ကတော့ စစ်တပ်ထဲ ဝင်သွားတယ်။ သူကပြောခဲ့တယ်။ သူလူကြီးဖြစ်ချင်လို့ စစတပ်ထဲ ဝင်တာတဲ့။ နောက်ပိုင်းကြားရတာ သူ့အမေက သူကို အခုထိ ထောက်ပံ့နေရတုံးပဲ။ သူ့မိန်းမကော၊ သူ့ကလေးတွေကော။ ဒါကတော့ ထားလိုက်ပါတော့ မိဘ ဝတ္တရားကိုး။
        ဒပေမယ့် အမေ ဆီကကြားရတဲ့ ပိုဆိုးတဲ့ စကားတစ်ခု ကတော့ သူ့သားကောင်းကောင်း မွန် မွန် နေရဖို့ တပ်ရင်းမှူး မိသားစုပါ ထောက်ပံ့ရတယ်တဲ့။
        သူ့လိုပဲ သူ့တပ်ရင်းမှူးက လည်း သူ့ထက်ကြီးတဲ့ အရာရှိတွေကို ထောက်ပံ့ပေးရတယ်တဲ့။ မထောက်ပံ့နိုင်တဲ့ အရာရှိငယ်များကတော့ ယခု စကားနဲ့ပြောရင် ကချင်ပြည်သွားပေါ.။( သေတွင်းကို ပို့ထာတဲ့) ရက်စက်လိုက်ကြတာ။
        ကျွန်တော်ပြောချင်တာ တပ်မတော် ဆိုတာ အစိုးရ စရိတ်နှင့် ဖွဲ့စည်းထားတဲ့ ကျွန် မွေး ဌာနကြီး တစ်ခုပါ။ ဒါတွေကို လက်အောက်ငယ်သားတွေ ငြိမ့်ခံနေသ၍ တပ်မတော် ဆိုတာ အဆင့် အတန်းရှိတဲ့ အဖွဲ့အစည်းဖြစ်လာမှာ မဟုတ်ပါဘူးလို့။

      • ကို အောင်အောင်, ခင်ဗျား တို့ စစ်တပ် ကို အခွင့် အရေး သမား တိုင်းဝင်ချင်ကြတယ်ဗျ။
        တိုင်းပြည်ကို တစ်ကယ်ချစ်တဲ့ လူတွေ အတွက် ဆိုရင်တော့ No ပါ။
        စစ်သား = အခွင့်အရး သမားများ

      • pps၁၂၃၄၅

        ကျွန်တော်က လုပ်ခဲ့ပြီးပြီ။
        ခင်ဗျားသာ ကျွန်တော် တို့လို တပ်က ထွက်နိုင်ဖို့ကြိုးစားထား။
        ခင်ဗျား တို့ကောင်းလို့ တိုင်းပြည်ကြီးလည်း စုတ်ပြတ်နေပြီ။

  2. What kind of respect and understanding you are talking about? Kachins must be treated with highest respect and granted what they were guaranteed by the Pang Long Treaty. Is assaulting the Kachins RESPECT and UNDERSTANDING? Are you with us or with our enemy Thein Sein’s junta? Are you abandoning your words and your promises? Are you shifting your party to UDSP? Since Suu Kyi is turning her back on us, we also need to turn our deaf ear on her. She is showing us her color that she is a Myanmar.

    • She is our only hope and u hv to trust her. For Kachin crisis how could one be totally sure that KIO/ KIA is right. Why are they so special from other groups? U turn your back on her and u will get what u deserve i.e another dictator

  3. Daw Su said the right thing. Cheers !!

  4. စစ်သားတွေ ကို လေးစားဖို့တော့ မပြောပါနဲ့လားကွယ်။ ကျွန်တော်တို့က ခံစားခဲ့ရသူတွေပါ။ အသားချည်းစား၊ ကားအကောင်းစားစီး၊ ကုမ္မဏီ ကြီးတွေ ဖွင့်နေတာ တပ်မတော်သားတွေပါ။ အခွင့်အရေး ကလည်း မတူဘူး။ သူတို့က တိုင်းပြည်မှ သမ္မတ ကနေ အောက်ခြေ အထိနေရာ အားလုံးယူထားတယ်။ တိုင်းရင်းသားတွေ ကျတော့ ထိုင်းမှာ အလုပ်သွားလုပ်နေရတယ်။

    ဒီလို အဖွဲ့အစည်းမျိုးကို လေးစား မယ့် အစား ချီးပဲစားလိုက်တော့မယ်။

  5. ပြည်တောင်စုမြန်မာနိုင်ငံတော်ဆိုပြီးကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေရရင်ပြည်သူလူထုအတွက်ပိုပြီး ဒုက္ခရောက်မှာမြင်ပါသေးတယ်၊ဘာကြောင့်လဲဆိုတော့ကနေ့ရခိုင်တွေရဲ့ရက်စက်ကြမ်းတမ်းမှု တွေ၊ဝတရုပ်တွေရှမ်းပြည်မှာနိုင်ထက်ဆီးနင်းပြုမှုတွေ၊ကချင်တပ်တွေ၊ကရင်တပ်တွေလူထုဆီ ကနေမိုက်ကြေးခွဲံလိုသလိုဆက်ကြေးတောင်းနေမှုတွေ၊ဗမာ့တပ်မတော်ကလဲမဒိမ်းကျင့်ဓမြ တိုက်လူမျိုးရေးခွဲခြားပြီးအနိုင်ကြင့်နေကြတာ၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတော့လဲသူတို့ဘဲအုပ်ချုပ် ကြအုံးမှာ၊ကနေ့ရခိုင်မှာရခိုင်တွေဘဲအုပ်ချုပ်ခွင့်ရလိုက်တော့ရိုဟင်ဂျာတွေကိုမျိုးတုံးအောင် သတ်ဖို့ကြိုးစားကြတယ်၊ကျန်တဲ့အရပ်ဒေသတွေမှာလဲဒီလိုဘဲအနိုင်ကျင့်နေကြအုံးမှာဘဲ၊ပို ဆိုးတာကတော့မှတ်ပုံတင်တွေမှာလူမျိုးရေးခွဲခြားပြီးဖေါ်ပြထားတဲ့အတွက်ဘဲ၊မှတ်ပုံတင်တွေ အားလုံးမှာမြန်မာနိုင်ငံသားလို့ဘဲသုံးပြီးသူရဲ့ကိုယ်ရေးရာဇဝင်မှာလိုအပ်သလိုဖြည့်ဆီးထား လို့ရှိရင်နိုင်ငံသားတိုင်းတန်းတူအခွင့်အရေးနဲ့လုံခြုံရေးလဲရနိုင်ပါတယ်။ဒီလိုပုံစံမျိုးတော်တော် များများနိုင်ငံတွေမှာကျင့်သုံးနေတာရှိပါတ္ဒယ်အန္ဒိယနိုင်ငံကြီးမှာကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးထားတော့လူမျိုးစုအုပ်ချုပ်ရေးဖြစ်နေပြီးလူမိုက်မွေးအနိုင်ကျင့်တဲ့စရိုက်ဆိုးတွေနဲ့အမြဲတမ်း ပြဿနာဖြစ်နေတာသတင်းတွေမှာရောသူတို့ရဲ့ရုပ်ရှင်တွေမှာရောတွေ့နေရတာဘဲ၊အမေရိက မှာအထက်နဲ့အောက်ဆိုပြီးလွှတ်တော်နှစ်ခုရှိပါတယ်ဒါပေမဲ့လွှတ်တော်နှစ်ခုစလုံးမှာရှိတဲ့အ မတ်အားလုံးဟာအမေရိကန်တွေပါဘဲ၊သိထားစရာတခုကတော့အမေရီကန်တွေအားလုံးဟာ တကမ္ဘာလုံးကလာနေပြီးနိုင်ငံသားခံယူထားတဲ့သူတွေပါဘဲကနေ့အမေရီကန်သမတကြီးလဲ အာဖရီကန်တဦးပါဘဲ၊ကနေ့ဒီမိုကရေစီကိုဦးဆောင်နေတာလဲအမေရီကန်ပါအဲဒီတော့မြန်မာ နိုင်ငံမှာလူမျိုးရေးခွဲခြားပြီးအုပ်ချုပ်ရေးမရှိသင့်ပါဘူးအရပ်ရပ်ကနေတက်လာမဲ့ပါတီစုံအမတ် များနှင့်သာလျှင်အုပ်ချုပ်ရေးနှင့်တိုင်းပြည်ကောင်းစားရေးကိုလိုသလိုဆောင်ရွက်သင့်ပါသည်။

  6. စစ်သား= အခွင့်အရေး သမား

    • အောင်ဆန်း မျိုးဆက်

      တပ်မတော်ထိုးစစ်ရပ်လိုက်ရင် စစ်ပွဲကရပ်နေမှာပဲ။ပြီးတော့မှ
      ငြိမ်းချမ်းရေးတွေ နှိင်ငံရေးတွေပြောကြပေါ့။ကချင်ကအောက်
      ပြည်ကိုလာမတိုကပါဘူး စိတ်ချ။ ဘာ….တပ်မတော် သိက္ခာ
      ကျတယ် ဟုတ်လား။ဒါဆိုရင် ချကြ သေကြဟေ့။ ဟိ ဟိ
      ဒို့တော့မပါဘူးနော်။

  7. Now that, they make drama which is religious crisis between muslim and buddhist.If u love ur religous why did u try to fight against military who killed somany monks last 2007.

  8. Actually government & spdc make up the religous crisis between Buddhist And muslim toavoid theNow that, they make drama which is religious crisis between muslim and buddhist.If u love ur religous why did u try to fight against military who killed somany monks last 2007.