သတင်း

လူရွှင်တော်တွေ ထမင်းငတ်မယ့်ကိန်း ဆိုက်တော့မလား

Hits:17,557
  | |
Print This Post

မစပ်စုတို့ တိုင်းပြည်ကြီးက လွှတ်တော် ကြီးထဲမှာရှိတဲ့ အမတ်မင်များ၊ ဝန်မင်းများ တချက်ချက် ထလွဲလိုက်ပြီ ဆိုမှဖြင့် အင်တာနက် လူမှုကွန်ယက် facebook ပေါ်မှာ ဟာဒယရွှင်ဆေး တိုက်ကျွေးလိုက်သလို ပွဲကြီးပွဲကောင်း ဖြစ်ကုန် ကြတော့တာပါပဲ။

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်လှိုင် (ဓာတ်ပုံ – moai.gov.mm)

သူတို့ လွဲချက်ကလည်း အဆိုတော် ထူးအိမ်သင်ရဲ့ သီချင်းလို “တနေ့စာအလွဲများ” မဟုတ်တော့ဘဲ “နှစ်နဲ့ချီ အလွဲများ”  လို့ ဆိုရမလိုပါ။

နောက်လာမယ့် လွှတ်တော်သက်တမ်း တခုမှာတော့ ဒီလို ဆက်မလွဲလောက်တော့ဘူးလို့ ထင်ရတာပဲ။ မြန်မာပြည်ရဲ့ ဒီမိုကရေစီ သက်တမ်းက နိုင်ငံရေးသမားတွေ လေနဲ့ ပြောရမယ်ဆိုရင် အတော်လေး နုသေးတော့ လောလောဆယ် လွဲတာတွေက အရင်စနစ်ဟောင်း လက်ကျန် ပါလာတာပဲ ဆိုပြီး ခွင့်လွှတ်နိုင်ကြပါတယ်။ မြန်မာပြည်သူလူထုရဲ့ ခွင့်လွှတ်အားကလည်း ကမ္ဘာမှာ ဂင်းနစ်စံချိန်တင်လောက်တာကိုး။

လျှပ်စစ်မီးမရှိလို့ အမှောင်ထဲ ကျင့်သားရအောင် ကြိုးစားနေရပါတယ် ဆိုတဲ့ ပြည်သူတွေကို လျှပ်စစ်မီးတွေ ပိုလျှံနေလို့  ရောင်းစား နေရပါတယ် လို့ပြောတဲ့ ဝန်မင်းနဲ့၊ လျှပ်စစ်မီးရဖို့ အရေး ဖရောင်းတိုင်တွေထွန်းပြီး လမ်းလျှောက် ဆန္ဒထုတ်ဖော်သူတွေကို အိမ်မှာပဲ ဖယောင်းတိုင်လေး ထွန်းပြီး အေးအေးဆေးဆေး နေလိုက်ပါ၊ အဆင်ပြေသွားပါမယ် လို့ပြောတဲ့ သမ္မတ အခါတော်ပေးနဲ့၊ မိုးရွာမှ ရေလျှံပြီး လျှပ်စစ်မီး ရမှာဆိုတော့ မီးရချင်ရင် မိုးနတ်မင်းကြီကိုသာ ဆုတောင်းလိုက်ပါလို့ တရုတ်သိုင်းကားထဲက စကားတွေ ပြောလိုပြောနဲ့ …၊ ဒါတောင် လွှတ်တော်ထဲ ဆန္ဒန်ဆင်မင်းဇာတ်တော်ကြီး ခင်းမိလို့ နေရာရွေ့သွားတဲ့ ဝန်မင်းကိစ္စ အကျယ်မချဲ့ချင်သေးလို့။

မစပ်စုတို့ ပြည်သူတွေကတော့ စိတ်ညစ်တဲ့ ကြားကနေ ပိုက်ဆံမကုန်ဘဲ အသက်ရှည်ပါတယ်လို့ သဘောထားပြီး အလွဲတွေ ကြားတိုင်း ရယ်ပဲ ရယ်နေလိုက်ကြတာ အားလုံးအသိ။ မစပ်စုတို့ ဝန်မင်းတွေခမျာ အနေအထိုင် အပြောအဆိုမတတ်လို့ နေရာတွေ ရွေ့ကုန်တာ၊ ဝန်မင်းဘဝက စုတေတာ မျိုးတွေလည်း ကြုံနေကြားနေရတာဆိုတော့ ထူးပြီး စိတ်မနာနေကြတော့တာ ဖြစ်နိုင်ပါတယ်။

အခုလည်း မစပ်စုတို့ရဲ့ ကျေးဇူးရှင် တောင်သူဦးကြီးတွေရဲ့ အမတော်ကြေးငွေတွေ ကျေအောင် ဆပ်နိုင်အောင်လို့ လယ်ယာ စိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးမြင့်လှိုင်က ၂၀၁၃ ခုနှစ်ရဲ့ ပထမဆုံး မှတ်သားဖွယ်ရာ အကြံပြု စကားတခွန်းကို တင်ဆက်လိုက် ပြန်ပါပြီ။

တောင်သူဦးကြီးများ ထမင်း တနပ်လျှော့စားပါ၊ ဒါဆိုရင် ကုသိုလ်လည်းရ ၀မ်းလည်းဝ၊ ဥပုသ်စောင့်မယ်ဆိုတဲ့ စိတ်နဲ့ အကြွေးတွေလည်း ကျေသွားပါလိမ့်မယ် … ဆိုပဲ။

ဓနုဖြူမြို့နယ်က တောင်သူလယ်သမားတွေနဲ့ တွေ့ဆုံပွဲမှာ ပြောကြားလိုက်ပါတဲ့ ဝန်ကြီးရဲ့ ဒီ အကြံပြုချက်ကတော့ ပြည်တွင်း ပြည်ပ မီဒီယာလောက၊ facebook လောကမှာ အနုပညာလောက လေနဲ့ပြောရရင် “ပေါက်” တယ်လို့ မစပ်စု ပြောချင်ပါတယ်။

ဘယ်လောက် ပေါက်သွားလဲ သိချင်တဲ့ မစပ်စုလည်း လူရွှင်တော် ဦးမေတ္တာကို တဆင့်ပြန်စပ်စု မိပါတယ်။

“ဗုဒ္ဓဘာသာ မြန်မာလူမျိုးပါ။ သူများကို အဲဒီလိုပြောရင် ကိုယ်ကိုယ်တိုင်လည်း အဲဒီလို ဖြစ်ရမယ်။ ကိုယ်တယောက်တည်း ပြီးသလား၊ မပြီးဘူး။ ကိုယ့်ဇနီး၊ ကိုယ့်သား၊ ကိုယ့်သမီးကိုလည်း ပြောနိုင်ရမယ်။ ကျနော်ကတော့ မကျင့်နိုင်ဘူး။ မနက် တနပ်၊ ညတနပ်။ ကျနော့် သားသမီးတွေအတွက် မနက် တနပ်၊ ညတနပ်၊ လယ်သမားကြီးတွေလည်း မနက်တနပ်၊ ညတနပ်၊ သူတို့ဟာ လူတွေစားဖို့ အတွက် စပါး ထုတ်လုပ်ရတာမို့လို့ နေ့လည်စာလေး တနပ်ပါ ထပ်ကျွေး ချင်ပါတယ်။ ကျနော် လူသားဆန်ဆန် ပြောခြင်းဖြစ်ပါတယ်။ သူ့အသက် သူ့အရွယ်နဲ့ ကိုယ်ချင်းစာ တရားရှိပါစေလို့ ကျနော်ဆုတောင်း ပေးပါတယ်။ ပိုက်ဆံရှိတိုင်း၊ ရာထူးရှိတိုင်း ငါလုပ်ရင် ဖြစ်ရမယ်ဆိုတဲ့ စိတ်တွေ ဖျောက်ပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်” လို့ ဦးမေတ္တာက မစပ်စုကို ပြောပါတယ်။

တနေ့ကို ထမင်း နှစ်နပ် စားနေတာကနေ တနပ် လျှော့စားခိုင်းတဲ့ ဥပဒေ တရပ်များ ပေါ်ထွက်လာမလား လို့တောင် ကြောက်နေရပါတယ်လို့လည်း သူက ဆက်ပြောပါတယ်။

“ကျနော်တို့က ပုတီးစိပ် တရားထိုင်ပြီးတော့ နေတဲ့ အရိယာအနွယ်ဝင် သူတော်စင် မဟုတ်ဘူး။ နှစ်နပ်ကိုတော့ နှစ်နပ်ပဲ ကျွေးပါ၊ တနပ်တော့ မလုပ်ပါနဲ့လို့။ ဥပဒေ ထုတ်လိုက်ရင်တော့ ဒုက္ခပါပဲ” လို့ ဦးမေတ္တာက ဆိုပါတယ်။

မစပ်စုတို့တိုင်းပြည်ဟာ လယ်ယာမြေနဲ့ အသက်ဆက် နေရတဲ့၊ အခြေခံအစားအစာ အဖြစ် ဆန်စပါးကို အမှီပြုနေရတဲ့ တိုင်းပြည် ဆိုရင်လည်း မမှားပါဘူး။ မစပ်စုတို့ ငယ်ငယ်ကလည်း “ကျေးဇူးရှင် တောင်သူဦးကြီးများ” ဆိုပြီး တောင်သူလယ်သမားတွေကို ကိုယ့်ရဲ့ ဦးကြီးဆွေမျိုးသားချင်း ကျေးဇူးရှင်အဖြစ် အမြဲ ဂုဏ်ပြုစကား ဆိုတာတွေပဲ ကြားခဲ့ဖူးတာပါ။ လာမယ့် မတ်လ ၂ ရက်နေ့ဆိုရင် တောင်သူလယ်သမားနေ့ အဖြစ် ဂုဏ်ပြုတဲ့ အနေနဲ့ နိုင်ငံတော် ရုံးပိတ်ရက်တောင် သတ်မှတ်ထားသေးပါတယ်။

ကျေးဇူးရှိတဲ့ တောင်သူလယ်သမား ဦးကြီးတွေကို အခုလို မပြောဆိုသင့်ဘူးလို့ မန္တလေးက စာရေးဆရာညီပုလေးကလည်း ပြောဆိုလိုက်ပါတယ်။

“မပြောကောင်းတာတွေ ပြောတာ။ မပြောကောင်းဘူးဗျ။ လယ်သမားတွေဆိုတာ ကျေးဇူးရှိတယ်ဗျ။ ဒီလို ကျေးဇူး ရှိတဲ့သူတွေကို အခုလို ချိုးချိုးဖဲ့ဖဲ့ မပြောသင့်ဘူးလို့ မြင်ပါတယ်။ ဘယ်လို အကြောင်းကြောင့်ပဲ ဖြစ်ဖြစ်ဗျာ၊ ကာယကံရှင် ကိုယ်တိုင်ကို  ထမင်းတနပ် လျှော့စားပါလို့ ပြောရင် ကြိုက်မလား။ လျှောက်လျှောက်ပြီး အလွတ်ပြောတာတွေ မကောင်းဘူး။ သမိုင်းတွင်မှာ။ သူတို့ ဆင်ခြင်ဖို့ကောင်းတယ်။ ကျနော်ကတော့ စကားတခွန်းကို တာဝန်ရှိရှိနဲ့ ထိန်းထိန်းသိမ်းသိမ်း ပြောသင့်တယ်လို့ ထင်တာပဲ။ ကျနော်တို့ တိုင်းပြည်က လယ်သမားတွေ အခြေခံတဲ့ တိုင်းပြည်ပါ” လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေအတွင်းက ဖြစ်ပွားခဲ့တဲ့ ရေကြီးမှု အပါအ၀င် လယ်ယာသီးနှံတွေ အထွက်နှုန်း ကျဆင်းလာခဲ့ခြင်းတွေက တောင်သူ လယ်သမားတွေအတွက် အစိုးရနဲ့ ဘဏ်တွေ ကုမ္ပဏီ ကြီးတွေဆီက ချေးယူထားတဲ့ အမတော်ကြေးငွေတွေကို ပြန်မဆပ်နိုင် ဖြစ်နေတဲ့ အနေအထား ရောက်ရှိနေပါတယ်။ ဒီကြားထဲ ဘယ်နေရာမှာတော့ ဘယ်ကုမ္ပဏီကြီးတွေက ဘာလုပ်ဖို့ စီမံကိန်း ဆိုပြီး လယ်တွေ သိမ်းသွားပြန်ပြီ၊ တော်ကြာ သိမ်းထားတဲ့ လယ်တွေအတွက် တန်ရာတန်ကြေး မရဘူးဆိုပြီး လယ်သမားတွေရဲ့ ဘဝ အခြေအနေ ဆိုးရွားနေတာကို မကြားချင်မှ အဆုံးပါပဲ။

အခုလို ကျေးဇူးရှင် တောင်သူဦးကြီးတွေ ကျတော့ အကြွေးကျေဖို့ တရက်ကို ထမင်းတနပ် လျှော့စားပါလို့ ဆိုလိုက်တာဟာ လစာတွေ သိန်းကို ဆယ်ဂဏန်းချီပြီး ယူထားတဲ့ သူတွေအနေနဲ့ ရှက်စရာအလွန် ကောင်းတယ်လို့ မြန်မာ့ လူမှုဘ၀ ဖွံ့ဖြိုးရေး ကွန်ယက်က တာဝန်ရှိသူ တဦးလည်းဖြစ်၊ စစ်ဘက်က ဗိုလ်ကြီးဟောင်း တဦးလည်းဖြစ်တဲ့ ကိုနေမျိုးဇင်က ပြောပါတယ်။

“သားသမီးချင်း ကိုယ်ချင်းမစာ၊ လူသားချင်း ကိုယ်ချင်းမစာတဲ့ သုံးသပ်ချက်လို့ပဲ ကျနော်ပြောချင်တယ်။ အမေရိကန် နိုင်ငံတို့၊ ပြင်သစ်နိုင်ငံတို့ စစ်ဖြစ်ခဲ့စဉ် တုန်းက ချိုးခြံချွေတာခဲ့တယ် ဆိုတာ ဟုတ်ပါတယ်။ အစိုးရက စပြီးတော့ အောက်ခြေ လက်လုပ်လက်စား တွေအထိ တတန်းတည်း၊ တစားတည်း နေပြီးတော့ ခြိုးခြံချွေတာ ကြတာလေ။ သူတို့ကျတော့ လစာတွေ နင်းကန်ယူထားပြီးတော့ နောက်ဆုံး အငြိမ်းစားယူသွားတဲ့ လူကြီးတောင်မှ အိမ်ဖော်စရိတ်အတွက် ကိုတောင် ပေးနေရတဲ့ ဥပဒေ ရေးဆွဲ နေတဲ့အချိန်မှာ ဘေးဥပါဒ် အမျိုးမျိုးကြောင့် ဒုက္ခရောက်နေတဲ့ ပြည်သူတွေ၊ တောင်သူလယ်သမားတွေကို ထမင်းတနပ် လျှော့စားပါလို့ ပြောရက်တယ်၊ ပြောထွက်တယ်လို့ ကျနော်ကတော့ သုံးသပ်ချင်တယ်။ ဒီလိုလူမျိုးက တာဝန်ရှိသူ အဖြစ် ရှိနေတာကိုက ရှက်ဖွယ်ပါပဲ။ အဲဒီလို လူမျိုးတွေ ရှိနေသေးလို့ မြန်မာပြည် ဆင်းရဲတွင်းထဲက မလွတ်သေးတာပါ” လို့ သူက ဆိုပါတယ်။

လွှတ်တော်ထဲက အမတ်မင်းတွေ၊ ဝန်မင်းတွေက မြန်မာ ပြည်သူပြည်သားတွေကို သည်းခံခြင်း၊ အနစ်နာခံခြင်း ဆိုတဲ့ တရားတွေ လက်ကိုင်ထားကြဖို့ အကြံပြု တိုက်တွန်းတာတွေလည်း မစပ်စုတို့ ကြားနေရပါတယ်။ အရင်က သည်းခံခဲ့တာတွေနဲ့တင် မပြီးသေးဘူး၊ နောက်ထပ် သည်းခံဦး ဆိုတဲ့သဘောလားတော့ မပြောတတ်ဘူး။ ကြာရင် မြန်မာပြည်သူတွေ ခန္တီပါရမီနဲ့ အပြည့်လွန်ပြီး နိဗ္ဗာန်ကို အရှင်လတ်လတ် ရောက်ကြမလားဘဲ။

“ဘုရားဟောခဲ့ပါတယ်၊ လောကဓံတရား ၈ ပါး ရှိပါတယ်၊ ခံနိုင်ရည် ရှိတာတွေကို ခံပါ့မယ်၊ ခံနိုင်ရည် မရှိတာတွေကိုလည်း ခံပါဦး ဆိုပြီး ဘုရားမဟုတ်တဲ့ သူတွေက ဟောတာတွေ၊ ပြောတာတွေကိုတော့ ကျနော်တို့ တော်တော်လေးကို စဉ်းစားရ ကျပ်ပါတယ်။ သဗ္ဗေညုတ ရွှေဉာဏ်တော် ရသော ဗုဒ္ဓမြတ်စွာဘုရားရဲ့ အဆိုအမိန့်များကို နားထောင်ပါ့မယ်၊ ဘုရား မဟုတ်သော ပုဂ္ဂိုလ်များရဲ့ အဆိုအမိန့်များကိုတော့ နားမထောင် ပါရစေနဲ့ ခင်ဗျာ။ မျှမျှတတ ဖြစ်ဖို့လိုပါတယ်။ ကျောကသားလည်း သားပါ၊ ရင်က သားလည်းသားပါ။ ကိုယ်ချင်းစာတရား ပြည့်ဝစွာနဲ့ ပိုင်းခြား ဆုံးမကြပါလို့ မေတ္တာရပ်ခံ တောင်းပန်ပါတယ်။ ကျနော်နိုင်ငံရေးသမား မဟုတ်ဘူးနော်၊ လူရွှင်တော်။ ပြည်သူတွေကိုချစ်တဲ့ လူရွှင်တော်။ ပြည်သူ ဆိုတာ အုပ်ချုပ်တဲ့သူတွေလည်း ပါတယ်။ ပြည်သူတွေ တင်မြှောက်ထားတဲ့ အစိုးရ ဖြစ်တဲ့အတွက်ကြောင့် ပြည်သူ့အပေါ်ကို နားလည်လိမ့်မယ်လို့ ကျနော် ယုံကြည် မျှော်လင့်နေတယ်လို့ ပြောပါရစေ” လို့ လူရွှင်တော် ဦးမေတ္တာက ပြောဆို လိုက်ပါတယ်။

လူရွှင်တော်တောင် ထိုင်ငိုရမယ့် ပြက်လုံးတွေ ပြက်တတ်လွန်းတဲ့ မစပ်စုတို့ ဝန်မင်းတွေကြောင့် ဦးမေတ္တာကြီးတို့ အဖွဲ့တွေ ထမင်းငတ် ကုန်ကြတော့မလား မစပ်စု စိုးရိမ်နေမိပါတယ်။     ။


WSJ LIVE VIDEO:

28 Responses

Leave a Reply

  1. We don,t need army or ex-army government for country in 2015 election.We really need the civilian(Technician and educated) government like other country on the world.Even the communist country(China) leader is not come from Army. Look! Malaysia lead by Dr. Mahathir,country developed with in ten years. No more army and ex army men for Myanmar government.People are very boring and hateful military government (Army+Ex-army).We are afraid military government again..no more…no more soldier!!!!!!!!

  2. We don’t army or ex army government

  3. We really need the educated civilian government for country.

  4. U Myint Hliang should not be a leader of Myanmar. Oh my God, this kind of advice come from his mouth. He must be so careful on what he had said. Myanmar leaders should prepare their public speech very so that they will have long last to be a leader. But for U Myint Hliang he must be followed the way of U Thein Tun a minister of (MPT). He must resign himself before President give order for that.

  5. The minister who told the farmers to eat one meal a day has chunk of stolen money in his bank account. How dare he said like that? Debt ridden Burma has been forgiven by her debtors but the minister has no forgiveness in his mind. Letting the poor farmers to go for work one meal a day is unthinkable. Even though they are poor, these farmers are the ones who put meals everyday for all of us. God has mercy on them.

    • မြန်မာ တိုင်းရင်းသူ

      ဟုတ်ပါ့။ တခြားတိုင်းပြည်တွေက (ဂျပန်) မြန်မာပြည်က ယူထားတဲ့ အကြွေး (၀န်မင်းကတော်များ စိန်လက်ဝတ်လက်စားဘိုးတွေ၊ သားသမီးတွေ ပြည်ပ ကျောင်းပို့ထားခတွေ) လျော်ပစ်နေချိန်မှာ ပြောရက်လိုက်တာ။ နောက်ပြီး ပြောသေးတယ်။ ဖြစ်နိုင်ရင် ကျွန်တော် ၀င် ဆပ်ပေးချင်တယ် တဲ့။ ဘာလို့ မဖြစ်နိုင်ရမှာလဲ။ ကိုယ့်အိတ်ထဲ ခိုးထားတာတွေနဲ့ ၀င် ဆပ်ပေးလိုက်ရင် ထိုင်တောင် ၀ိုင်းကန်တော့ကြလိမ့်မယ်။ ခုတော့ ပြောပုံက …

  6. မြန်မာလူမျိုး တယောက်အနေ နဲ့ ရော…လူသားတယောက်အနေ နဲ့ပါ ဒီလိုစကားမျိုး ကြားလိုက်ရတော့ အထိတ်တလန့်တောင် ဖြစ်သွားမိတယ်…ဘယ့်နဲ့ ဗျာ..တောင်သူလယ်သမားတွေ ဆိုတာ မိုးလင်းက မိုးချုပ် နဖူးကချွေး ခြေမကျတဲ့ အထိ အလုပ်ကြမ်း လုပ်နေရတဲ့ သူတွေပါ…ဒီလိုလုပ်နေရတာတောင် တနေ့ကို တမင်း နှစ်နပ် အလျှင်မမှီကြဘူး…တချို့နေ့တွေ ဆိုရင် တနပ်နဲ့ ပြီးသွားရတာတွေ ဒုနဲ့ဒေးပါ..ဒီကြားတဲက အခုလို ဒုဗိုလ်ချူပ်ကြီးဟောင်း(ဦး)မြင့်လှိုင် ရဲ့ ပါးစပ်က တမင်းတနပ်လျှော့စားပေါ့ ဆိုတဲ့စကား ကြားလိုက်ရတော့ တချို့ တနေ့မှ တနပ်ဘဲ စားနိုင်တဲ့ သူတွေဆို အဲဒီတနပ်လျှော့စား လိုက်ရရင်ဖြင့် ကိုကျော်သူ တို့ အလုပ်ပိုကြရ တော့မှာဘဲ…ဘုရားသားတော်များဖြစ်တဲ့ သံဃာတော်များတောင် အာရုဏ်ဆွမ်း နဲ့ နေ့ဆွမ်း ဆိုပြီး တနေ့ ၂ နပ် ဘုန်းပေးကြပါတယ်..ဒါမှလဲ အသက်ဇီဝ ခန္တာကိုယ်ကြီး ဆက်လက်တည်တန့် နေရမှာပါ…ဦးမြင့်လှိုင်ဟာ ဘာသာတရားမှ ရှိရဲ့လားလို့တောင် ထင်ရတယ်..တကယ်ဆိုရင် သူစားနေတဲ့ တနေ့ ၄ နပ် ၅ နပ်ထဲက တနပ်ကို တောင်သူလယ်သမားများ ကိုများ မျှဝေပေး လိုက်မယ် ဆိုရင်ဖြင့် နတ်လူသာဓု ခေါ်နိုင်တဲ့ အဆင့်တောင် ရောက်သွားနိုင်ပါတယ်…အခုတော့များ သာဓု ခေါ်ဘို့နေနေသာသာ….ကိုကျော်သူ ကို မခေါ်ရရင် ကံကောင်းတယ် လို့ဘဲ ဆိုလိုက်ပါရစေ…..ဖွဟဲ့ လွှဲပါစေ..ဖယ်ပါစေ…တောင်သူလယ်သမားများ ကျန်းမာ ချမ်းသာ ကြပါစေကြောင်း ဒီနေကနေ ဆုတောင်းပေးလိုက်ပါတယ်….

  7. ဒေါက်တာဂုတ်ကြား

    စကားစကားပြောပါများ၊ စကားထဲကအရည်အချင်းပြ ဆိုသလိုပါဘဲ။
    ရီစရာစကားတွေ ပြောနေကလိုပါဘဲ။ ဘာပြောလို့ ဘယ်ရောက်သွားလဲ သေချာသိပုံမရပါဘူး။
    သေချာတွေးကြည့်တော့သနားစရာလူကြီးတွေပါခင်ဗျ။

    • မြန်မာ တိုင်းရင်းသူ

      ငယ်ငယ်က ကြားဘူးတာက မဆလ နေ၀င်းလက်ထက်မှာ စစ်တပ်ထဲ လေးယောက်ပညာအရည်အချင်းပေါင်းရင် သုံးတန်းမအောင်နိုင်ဘူး ပဲ ကြားခဲ့ဘူးတယ်။ အခု ဦးသိန်းစိန်လက်ထက်ကျကာမှ ပြီးခဲ့တဲ့ န၀တ ခေတ်ကတည်းက ကြံ့ဖွတ် အမတ်၊ လူကြီးမင်းများ သုံးယောက်ပေါင်းလို့ ပထမတန်း တက်ခွင့် ရပါ့မလား သိရတော့တယ်။ ကောင်းလေစွ။

  8. pps၁၂၃၄၅

    စစ်တပ် အရာရှိတွေက အထက်အရာရှိ အိမ်ကို စောင့်ရှောက်တဲ့နေရာမှာ အင်မတန်တော်ကြပါတယ်။
    ဒါပေမယ့် လက်အောက်ငယ်သားတွေ ကို လူ လို့တောင် သတ်မှတ်လေ့မရှိဘူး။
    လူမျိုးခြား ဖြစ်တဲ့ တိုင်းရင်းသားတွေဆိုရင် အချိန်မရွေး သတ်လို့ရတဲ့ … . တွေလို့ တောင်သတ်မှတ်ထားတယ်။
    ဒီလိုလူတွေ တိုင်းပြည်ကို အုပ်ချုပ်နေသ၍ တိုင်းပြည်တိုးတက်မှု ဆိုတာ ဝေလာဝေး။

  9. အော်မနေကြနှင့်.
    တို့  ၀န်ကြီးက super power ၀န်ကြီး (ဆရာကြီး) တွေနှင့်ပိုင်ပြီးသား
    မတူရင် မတုကြနှင့်နော်

  10. ပူစီကွေးလေး

    ခင်ဗျားရဲ့မိန်းမနဲ့ ကလေးတွေကို အရင်စမ်းသပ်ပြပါ။ ငါတို့က လယ်သမားမျိုးတွေကွ…

  11. တိုင်းပြည်ကငတ်နေရတဲ့အထဲ ဒီစစ်သားလူထွက်သောက်ရူးတွေကတမျိုး…

    • နတ်ဆိုး (၁၃ )

      မောင်မင်း မကူညီချင်နေ မစော်ကားပါနဲ့ ။ တပ်မတော်ဆိုတာ မြန်မာနိုင်ငံတော်ပါ။ တပ်မတော် မရှိလျှင် မြန်မာနိုင်ငံတော်ဆိုတာ မရှိပါဘူး။

  12. မြန်မာပြည်သား

    လူရွှင်တော် ကို ခင်လှိုင်နှင့်တော့ တော်တော်တူတယ်။
    ကိုခင်လှိုင်ကတော့ brain ရှိတယ်။
    ဦးမြင့်လှိုင်ကတော့ ….. မရှိဘူး။
    ဒါပဲကွာတယ်။

  13. Crazy man talking crazy speech. Task yu won gyii Chee kar take loe Tay say Byar.

  14. ဘမောင်

    သမ္မတဦးသိန်းစိန်ခင်ဗျား။
    သမ္မတကြီး ကသာ သူ့အစိုးရ ဝန်ကြီးကို ဒီလိုပြောတဲ့အတွက် အစိုးရအဖွဲ့ထဲက ဖယ်မထုပ်ဘူးဆိုရင် ဦးမြင့်လှိုင်ပြောတာ ဟာ ဦးသိန်းစိန် အစိုးရရဲ့ ပေါ်လစီ (အစိုးရတဖွဲ့လုံးကိုယ်စားပြောတာလို့ဘဲ) မှတ်ယူကြပါတော့ဗျို့
    လို့ကြေငြာပေးရမလိုဖြစ်နေပါပြီ။

  15. ဒုဗိုလ်ချူပ်ကြီးဟောင်း(ဦး)မြင့်လှိုင် ကဘယ်လောက်ပိုင်ပြီး၊ဘယ်လောက်ပြောရဲလဲဆိုတာကိုပြနေတာပဲ.
    ဦးမြင့်လှိုင်တွင်မက လျှပ်စစ်ဝန်ကြီးလဲ အရမ်းပိုင်ပါတယ်ထင်တယ်။မီးဘယ်လောက်ပျက်ပျက်အေးဆေးပဲလေ။

  16. အိမ်မှာပဲ ဖယောင်းတိုင်လေး ထွန်းပြီး အေးအေးဆေးဆေး နေလိုက်ပါ၊ အဆင်ပြေသွားပါမယ် လို့ပြောတဲ့ သမ္မတ အခါတော်ပေး တွေရဲ့နောက်ထပ် အကြံပြုချက်အသစ် တန်ဖိုးနည်းဖုန်း ၅၀၀၀ကျပ်တန် ဖုန်းကဒ် က ၂၀၁၃ မှာဘယ်တော့ရမှာလဲ။

  17. မြန်မာ တိုင်းရင်းသူ

    မစပ်စု ပြောတာ မှန်ပါတယ်။ ငယ်ငယ်ကတည်းက တောင်သူလယ်သမား ဦးကြီးတွေကို ကျေးဇူးရှင် မြင်ဘို့ သင်ပေးခံခဲ့ရ၊ သိခဲ့ရ၊ မှတ်သားခဲ့ရ၊ ကျေးဇူးတင်ခဲ့ရတာပါ။ လယ်သမား ဦးကြီးတွေတင်မက သူတို့နဲ့ တွဲဘက် လယ်ထွန်ပေးတဲ့ နွားကြီးတွေကိုပါ ကျေးဇူးတင်ခဲ့ရတယ်။ အခုတော့ မသိဘူး။ ငယ်ငယ်ကဆိုရင် အဘိုးအဘွား၊ အဖေအမေနဲ့ သူတို့ ရွယ်တူလူကြီးတွေ အမဲသား မစားဘူး။ ဘာသာရေးကြောင့်မဟုတ်ဘူး။ နွားတွေက ထမင်းရှင်မို့လို့တဲ့။ ကျွန်မတို့ ငယ်ငယ်ကလဲ အမဲသား မစားခဲ့ဘူး။ (တချို့ပြည်ပနိုင်ငံတွေမှာ မြင်းတွေခွေးတွေကို Buddy ဆိုပြီး တန်ဘိုးထား၊ မြင်းသားခွေးသားကို မစားသလို၊ စားသူကို အားမပေး ရှုံ့ချသူတွေ ရှိသလိုပေါ့)

  18. I do not know whether U Myint Hlaing ever worked in the farm one day in his lifetime. I do not even know whether he knows where the rice in his kitchen comes from? I do not even know whether he knows how the rice is steamed and available for him on his dining table. Without compassion, there is no way he can continue to serve the farmers because being a minister of agriculture is serving the farmers, not being served by the farmers. I always thank God and the farmers every time I eat breakfast, lunch and dinner. Without them, there is no food available even though we may have money to buy. Money can buy things which are available. If farmers do not work, foods are unavailable and money can no longer buy. So, when the minister looked the farmers down and insulted, I deeply felt so sad.

  19. ဌေးဝင်း

    စစ်သား လူဝတ်လဲထားပေမဲ့….စစ်တပ်အကျင့်ပါနေတုံးပါဘဲ။..စစ်သားဆိုတဲအတိုင်း..အထက်ကပေးတဲ့အမိန့်ုကိုဘဲနားထောင်၇တာပါ..ကိုယ်ပိုင်စဉ်စားညဏ်နဲ့..ပြောသင့်…မပြောသင့်ကို..မစဉ်းစားဘဲ..အထက်ကပြောခ်ုင်းတဲ့အတိုင်လိုက်ပြောနေရတာ….သနားစ၇ာကောင်းပါတယ်။

    • နတ်ဆိုး (၁၃ )

      ငါ့ညီပြောတဲ့ အထက်ကအမိန့်တွေကြောင့် မြန်မာနိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ပြောင်းလဲလာခဲ့တာပါ ။ ငါ့ညီတို့ တပ်မတော်ကိုမစော်ကားပါနဲ့ တပ်မတော်မရှိဘူးဆိုလျှင် ရခိုင်ဒေသ ဟာဘာဖြစ်သွားမလဲ၊ ကေအိုင်အေ က ရန်ကုန်ကိုဘာတက်လုပ်မလဲ။

      • to natsoe/than swe’s puppet_ burma army [tatmadaw] already destroy the whole Country, Economy, People’s Life. Do you think not enough….yet…!

      • နိုင်ငံတော်ကာကွယ်ရေးအတွက်တော့တပ်မတော်လိုအပ်တယ်ဆိုတာလက်ခံတယ်။ အဲဒါကြောင့်မို့လဲဗိုလ်ချုပ်အောင်ဆန်းကကိုယ်ကျိုးစွန့်ပြီးတပ်မတော်ရယ်လို့
        ဖြစ်အောင်ကြိုးပမ်းခဲ့တယ်။ နိုင်ငံကိုအုပ်ချုပ်ဖို့မဟုတ်ဘူး။အဲဒါကိုတော့ခင်ဗျာ
        သိမှာပါ။

  20. ဌေးဝင်း

    ဟိုးအရင်က…လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလှိုင် မြင့်နဲ…အခု ဦးမြင့်းလှိုင်တို့က…..နံ့သာဆီနဲ့အီးလိုကွာပါတယ်။

  21. Min Htin Auing Kyaw

    ဦးညီပုလေးရယ်..ဘယ်နှယ့်လယ်သမားကျေးဇူးရှိရမလဲ..ကျေးဇူးရှင်က တရုပ်ပါလို့ အတိအလင်းပြောထားပီးတဲ့ ၀န်ကြီးလေ…ဟင်းနော် ..အ၀ိစိတောင်ရောက်သွားမယ်..ဘာမှတ်လဲ…

  22. Most of general are egoist,brainless,sympathy less in golden Myanmar.