မှားလျှင် တာဝန်ခံရဲရမည်၊ အမှန်ပြင်ရဲရမည် | ဧရာဝတီ
အယ်ဒီတာ့အာဘော်

မှားလျှင် တာဝန်ခံရဲရမည်၊ အမှန်ပြင်ရဲရမည်

Hits:1
  | |


လက်ပံတောင်း ကြေးနီစီမံကိန်း ဆန့်ကျင်ရေး သပိတ်စခန်းများကို ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို ကိုင်တွယ်နေသော ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ ရဲတပ်ဖွဲ့မှ အင်အားသုံး အကြမ်းဖက် နှိမ်နင်းခဲ့မှုကြောင့် လူထု မကျေနပ်မှုများ တိုးပွားလာနေသည်။ ငြိမ်းချမ်းစွာ ဆန္ဒပြမှုကို မလိုအပ်ဘဲ အကြမ်းကိုင် ဖြိုခွဲခဲ့သဖြင့် အစိုးရက မှားယွင်းခဲ့မှုအပေါ် လူသိရှင်ကြား တာဝန်ခံ တောင်းပန်ရန် လိုပေပြီ။

ဒီဇင်ဘာ ၁ ရက်နေ့က စစ်ကိုင်းတိုင်း မုံရွာမြို့ ရွှေစည်းခုံဘုရားဝင်းအတွင်းရှိ သာသနာ့ဗိမာန်တော်တွင် မုံရွာရဲတပ်ဖွဲ့ဝင်များ၏ လက်ပံတောင်းတောင် ဖြစ်စဉ်နှင့် ပတ်သက်သည့် သြ၀ါဒခံယူပွဲတွင် သံဃာတော်များ နစ်နာစေရန် ရည်ရွယ်ခြင်း မဟုတ်ဘဲ တာဝန်အရ လုပ်ဆောင်ရခြင်းဖြစ်သောကြောင့် မေတ္တာရှေ့ထားကာ ခွင့်လွှတ်တော် မူပါရန် မုံရွာ ရဲမှူးကြီး ဦးစန်းယုက လျှောက်ထားခဲ့သည်။ ယင်းကိစ္စသည် ကောင်းမွန်သည့် လုပ်ရပ်ဖြစ်သော်လည်း နိုင်ငံတော်အဆင့် မဟုတ်၍ အနာတရ ခံစားရသော သံဃာတော်များနှင့် နိုင်ငံသားများ၏ စိတ်ဒဏ်ရာ သက်သာစေရေး ကုစားနည်းမှာ စေတနာ မရှိဟူသော အမြင်ကိုသာ တိုးပွားစေသည်။

ထို့အပြင် တက်ကြွလှုပ်ရှားသူများကို ဆက်တိုက် ဖမ်းဆီးလာနေသည့် ပုံစံကလည်း ပြဿနာကို ပြေငြိမ်း မသွားစေပါ။ လုံခြုံရေးတာဝန်ယူသည့် ရဲတပ်ဖွဲ့၏ လူစုလူဝေး ထိန်းချုပ်ဖြိုခွဲနည်းများသည် နိုင်ငံတကာ စံချိန်စံညွန်းများနှင့်ချိန်လျှင် များစွာနောက်ကျ ကျန်နေပြီဖြစ်သည်။ ထို့အပြင် ပြည်ထဲရေးဝန်ကြီးဌာနကို စစ်ဘက်အဆင့်မြင့် အရာရှိကြီးများက ဆက်လက် တာဝန်ယူထားသောကြောင့် ရဲတပ်ဖွဲ့၏ လူစုခွဲပုံ နည်းလမ်းများမှာ စစ်မြေပြင်တွင် အင်အားသုံးတတ်သည့် လက်နက်ကိုင်တပ်သဖွယ် ဖြစ်နေသေးသည်။ တရားဥပဒေ စိုးမိုးရေးအတွက် မဟုတ်ဘဲ အာဏာပိုင်များ၏ ဖိနှိပ်ရေး ယန္တရားများအဖြစ်သာ ဆက်လက် ခရီးနှင်နေဦးမည်ဆိုလျှင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အခြေခံ နိုင်ငံရေးစနစ် တည်ဆောက်ရာတွင် ကြီးစွာ အနှောင့်အယှက် ဖြစ်နေမည်သာ။

နိုင်ငံပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်မည်ဟု ကတိကဝတ် ပြုထားသော တပ်မတော် အနေဖြင့်လည်း ယခင် စစ်အာဏာသိမ်း အစိုးရများလက်ထက် ပြုမူကျင့်ကြံခဲ့မှုများကို ပြောင်းလဲ၍ ဒီမိုကရေစီစနစ်နှင့် လိုက်လျောညီထွေဖြစ်မည့်၊ ထို့ထက်ပို၍ ဒီမိုကရေစီစနစ်ကို ကာကွယ်စောင့်ရှောက်မည့် လက်နက်ကိုင်တပ်ဖွဲ့အဖြစ် ပြုပြင်ပြောင်းလဲ တည်ဆောက်ရန် လိုနေပေပြီ။ အထူးသဖြင့် တိုင်းပြည်၏ အဓိက စီးပွားရေးလုပ်ငန်းများတွင် ထဲထဲဝင်ဝင် ရှိနေသေးသော်လည်း ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု မရှိခြင်းမှာ ဒီမိုကရေစီစနစ်နှင့် လူမှုတရားမျှတရေးတို့ တည်ဆောက်မှုအတွက် နောက်ပြန်ဆွဲ အကြောင်းအချက်များ ဖြစ်သည်။

တပ်ပိုင် စီးပွားရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု မရှိသမျှ လက်ပံတောင်း ကြေးနီစီမံကိန်း ရပ်တန့်ရေး ဆန္ဒပြတောင်းဆိုပွဲများကဲ့သို့ ကန့်ကွက်မှုများ ရှေ့လျှောက် ကြုံရမည့် အလားအလာရှိနေပြီး တဖန် အင်အားသုံး နှိမ်နင်းပြန်လျှင် နိုင်ငံသားများနှင့် တပ်မတော်တို့အကြား အယုံအကြည်ကင်းမဲ့မှု သံသရာနွံအိုင်အတွင်းမှ ရုန်းမလွတ်နိုင် ဖြစ်ပေတော့မည်။

ထို့ကြောင့် လက်ပံတောင်းတောင် ကြေးနီမိုင်းလုပ်ငန်း အခြေအနေ အမှန်ဖော်ထုတ်နိုင်ရန် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်အနေဖြင့် စီမံကိန်း၏ အကျိုးအမြတ် အဆိုးအပြစ်များအပေါ် လေ့လာတွေ့ရှိချက်များ မကွယ်မဝှက် အမှန်တကယ် ဖော်ထုတ်တင်ပြပြီး သမ္မတ ဦးသိန်းစိန် အစိုးရနှင့် တပ်မတော်အနေဖြင့်လည်း တိုင်းပြည်နှင့် နိုင်ငံသားတို့၏ အကျိုးကို ရည်စူး၍ ရဲရင့်စွာ ရှေ့တိုး ဆုံးဖြတ်လုပ်ကိုင်ရန် တိုက်တွန်းအပ်ပေသည်။


17 Responses

Leave a Reply

  1. သူတို့မှာ တာဝန်ယူမှု မရှိပါ။ ပရိပက္ခဖြေရှင်းမှုလဲ မတတ်ပါ မလေ့လာပါ။ ပြည်သူ့နစ်နာချက်လဲ မစာနာပါ။
    လူ့ငနွားတွေ၊ ဒီလောက် လူပြောများနေတာ ပြည့်သူ့အသံနားမထောင်ကြဘူး။
    လူတွေဆက်ဖမ်းနေတယ်။
    ဘာဆက်ဖြစ်လာမလဲတော့မသိဘူးဗျာ။
    ဘုန်းကြီးတွေလဲ မျက်နှာတွေ ပျက်စီးကုန်ပြီး တောင်းပန်ရုံနဲ့ မပြီးဘူး ဗုံပစ်သူအကုန်လုံးအမိန့်ပေးသူရော
    ချက်ချင်းအရေးယူပေးရမယ်။ ခေတ်ဘယ်လိုပြောင်းပြောင်း ပြည်သူကို လက်သံပြောပြောင် ရက်စက်ရာမှာတူနေတယ်။
    မြန်မာ့သမိုင်းမှာ ဇာတ်တူသားပဲ စားနေတော့မှာလား။
    ကျနော် အကောင်းမြင်ခဲ့သမျှ အလာကားဖြစ်ရတော့မယ်။

  2. လက်ပံတောင်းတောင်အရေးအခင်းနောက်ပိုင်းဦးပိုင်လီမီတက်၏ပိုင်ဆိုင်မှုများကိုပြည်သူလူထု ရှေ့တွင်ပေါ်ထွက်လာပါပြီ၊ပြည်သူလူထုထင်မြင်သည်ထက်ပိုနေပါသည်၊နိုင်ငံတော်၏တန်ဘိုး ကြီးစီပွါးရေးလုပ်ငန်းများစက်ရုံအလုပ်ရုံများကုမွဏီများကျောက်မြတ်ရတနာနှင့်ဓါတ်ငွေ့ထုတ် လုပ်ရေးလုပ်ငန်းအားလုံကိုမောင်ပိုင်ဆီးထားခြင်းဖြင့်စစ်တပ်တဦးတည်းကိုအကျိုးပြု့နေပါသည် စစ်တပ်တွင်လည်းအောက်ခြေစစ်သားများကိုလုံးဝအကျိုးမပြုဘဲဗိုလ်ချုပ်များကိုသာအကျိုး ရှိစေပါသည်၊ထို့ကြောင့်ဒီမိုကရေစီလမ်းစဉ်နှင့်အညီဦးပိုင်လီမီတက်အားလိုအပ်သလိုပြုပြင် ပြောင်းလဲ၍ပြည်သူအများစုအကျိုးဖြစ်စေမည့်ကျောက်မြတ်ရတနာနှင့်ဓါတ်ငွေ့ကုမွဏီများအားလုံးကိုနိုင်ငံပိုင်အဖြစ်ပြုလုပ်ခါကျမ္မာရေးနှင့်ပညာရေးဆိုင်ရာလုပ်ငန်းများတွင်အများအ ပြားသုံးဆွဲစေလိုပါသည်။

    • မြန်မာ တိုင်းရင်းသူ

      အယ်ဒီတာ အာဘော်ကို ထောက်ခံပါတယ်။ mr TM ရေးတာလဲ အကုန်မှန်ပါတယ်။ ဦးပိုင်ဆိုပြီး စစ်တပ်က အကုန် အပိုင်စီးထားတာ။ အထက်ပိုင်းအရာရှိတွေက သူတို့ အာဏာတည်မြဲအောင် အလေးထား လုပ်နေတာ။ ပြည်သူအတွက် မဟုတ်တာ မဖြစ်သင့်ပါ။

  3. လက်ပံတောင်းတောင်အရေးအခင်း၏နောက်ပိုင်းဦးပိုင်လီမီတက်၏ပိုင်ဆိုင်မှုများပြည်သူလူထု ၏ရှေ့မှောက်ပေါ်ထွက်လါပါသည်၊ပြည်သူလူထုသိရှိထားသည်ထက်ပိုများနေပါသည်၊တန်ဘိုး ကြီးလုပ်ငန်းများစက်ရုံအလုပ်ရုံများကုမွဏီကြီးများကျောက်မြတ်ရတနာနှင့်ဓါတ်ငွေ့ကုမွဏီများ အားလုံးကိုမောင်ပိုင်ဆီးထားပါသည်၊စစ်တပ်တခုတည်းကိုသာအကျိုပြုပြီပြည်သူအများအ တွက်အကျိုးမရှိပါ၊စစ်တပ်တွင်လည်းအောက်ခြေစစ်သားများအကျိုးမရှိဘဲဗိုလ်ချုပ်များသာ အကျိုးပြုနေပါသည်၊ထို့ကြောင့်ဒီမိုကရေစီလမ်စဉ်အရဦးပိုင်လီမီတက်မှပိုင်ဆိုင်မှုအားလုံးကို စီစစ်ပြီးလိုအပ်သလိုပြုပြင်၍ကျောက်မြတ်ရတနာနှင့်ဓါတ်ငွေ့ကုမွဏီများကိုအများပြည်သူ များအကျိုးရှိမည့်ကျမ္မာရေးနင့်ပညာရေးလုပ်ငန်းများတွင်ပိုမိုသုံဆွဲစေလိုပါသည်။

  4. The assault on the Kachins on their own land must be taken seriously like the copper mine issue by the media. How hard is to suffer needless pain? We all feel heartbroken when we see the wounds from Letpadaung, and the assault on the Kachins is hundred folds bigger. Media including Irrawaddy need to write more about ongoing assault in Kachin State where women, children and elderly are dying or maimed in the hands of the Thein Sein administration.

  5. ပါကြီးဖိုး

    စစ်တပ်ကို မကျော်ရဲတဲ့ အမည်ခံအရပ်သားအစိုးရပါဆိုတာကို ထင်ရှားပြလိုက်သလိုပါပဲ။ ဦးပိုင်ကုမ္ပဏီမဟုတ်ပါဘူး၊ ဗိုလ်ချုပ်ပိုင်ကုမ္ပဏီပါ။ ဆင်းရဲသား တောသူတောင်သားများရဲ့ မျက်ရည်ကို မထေမဲ့မြင်ပြုပြီး လောဘဇောတိုက် ချမ်းသာကြွယ်ဝနေကြတဲ့ ဗိုလ်ချုပ်တွေပါ။ သံဃာတော်အရှင်မြတ်များကို စိတ်မကောင်းဖွယ် ပြင်းထန်လှတဲ့ မီးလောင်ဒဏ်ရာတွေ ရစေခဲ့တဲ့ လူစိတ်ကင်းနေတဲ့ ဗိုလ်ချုပ်တွေပါ။ မြန်မာပြည်ကို နှစ်ပေါင်း(၅၀)ကျော်အုပ်ချုပ်ပြီး ကမ္ဘာ့အောက်ဆုံးအဆင့် ရောက်အောင်ပို့ခဲ့တဲ့ အသိဥာဏ်တုံးလွန်းတဲ့ ဗိုလ်ချုပ်တွေပါ။ နင်တို့ရဲ့ လောဘဇော ယုတ်မာရက်စက်မှုတွေကို ဘယ်တော့မှ အဆုံးသတ်မှာလဲ? လောဘ ဒေါသ မောဟအမှောင်ထုအောက်မှာပဲ နင်တို့ရဲ့ လူ့ဘဝကို အဆုံးသတ်လိုက်တော့မှာလား?

  6. It did not surprise me at all since myanmar try to copy old system of dictator Surhato era. Even Indonesia abandon this old system and change to full fledge democracy. Now Indonesia is on course to enjoy for that change. Facts can’t lie that army don’t know how to run business deals. Always benefit to the top generals, not the foot soliders.

    How long burmese generals are going to use army as their own guide for their interests?

    Still burma remain the poorest nation in asean and among the world.

  7. UMEHL and MEC must give up the business doing
    because it is not useful for our country and appear even
    within unfair opportunity in Military.

  8. သြ၀ါဒခံယူပွဲတွင် သံဃာတော်များ နစ်နာစေရန် ရည်ရွယ်ခြင်း မဟုတ်ဘဲ တာဝန်အရ လုပ်ဆောင်ရခြင်းဖြစ်သောကြောင့် မေတ္တာရှေ့ထားကာ ခွင့်လွှတ်တော် မူပါရန် မုံရွာ ရဲမှူးကြီး ဦးစန်းယုက လျှောက်ထားခဲ့သည်။

    ဒီငနဲ..ဘုန်းကြီးကို စာချတတ်တယ်…..။

  9. ခေတ်ကြီးမကောင်းလို့..ဒင်းတို့အားလုံး ရူးချင်ယောင်ဆောင်နေကြတာပါဗျာ။ ‘အ’ တယ်လို့တော့မထင်လိုက်ကြပါနဲ့။ ရခိုင်ပြဿနာအားလုံးအာရုံစိုက်နေကြတုံး…ဗြုံး ကနဲနောက်တမျိုးကိုပြောင်းပြလိုက်တာပါ….ပြည်သူတရပ်လုံး..သူတို့ ဘယ်လိုကြိုးဆွဲဆွဲ ရတယ် ဆိုတာပြလိုက်တာပါ…ရှေ့ဆက်လည်းလုပ်ပြပါလိမ့်ဦးမယ်…တမျိုးပြီးတမျိုး…။

  10. ကိုကို လက်ချက်တော့ ဟုတ်မည် မထင်ပါ။ တပ်မတော်တွင် နေရာ မရသည့် သူ တစ်ဦး အနေဖြင့် အမိန့်ပေးသည့် အတိုင်း လုပ်ရမည်ဖြစ်ပါသည်။ သူ့တွင်တာဝန် မရှိပါ။ ထိုင်းတွင်လည်းကောင်း အခြား ဒေသတွင်း နိုင်ငံများတွင်လည်းကောင်း ပြည်ထဲရေး ဝန်ကြီးဌာနသည် အာဏာရ အစိုးရများ၏ လက်ကိုင်ဒုတ် သာဖြစ်နေပါသည်။ ပြည်သူလူထုနှင့် ပြဿနာဖြစ်တိုင်း ရဲက တောင်းပန်ရမည် ဆိုလျှင် ရဲတပ်ဖွဲ့ သည် အစိုးရ အဖွဲ့၏ ထိန်းချုပ်မှု အောက်တွင် မရှိကြောင်း ပြနေပါမည်။ တကယ် အစိုးရ ထိန်းချုပ်မှု အောက်တွင် ရဲမရှိပါက ရဲချုပ်ကို ရာထူးချ၍ အစိုးရကို သစ္စာခံမည့် သူ တစ်ဦးဦးဖြင့် ခန့်ထားရန် လိုအပ်ပါသည်။
    တကယ်တန်း တောင်းပန် ရမည့်သူမှာ အမိန့်ပေးသော သူဖြစ်ပါသည်။ ပြည်သူလူထုက ရွေးချယ်ထား သော အစိုးရ ဆိုသူများ အုပ်ချုပ်နေချိန်တွင် မည်သူက အမိန့်ပေးခဲ့ သည်ကို ထုတ်ဖေါ် မပြောဆို နိုင်သေးသည်မှာ လက်ရှိ အစိုးရ၏ အားနည်းချက်ဖြစ်နေပါသည်။
    ၈၈ ခုနှစ် အရေးအခင်း အတွင်းက ဦးစိန်လွင်ကို ပြည်သူတို့ မဲခဲ့သဖြင့် တိုင်းပြည်ဒုက္ခရောက်ခဲ့ကြရပါသည်။ တာဝန်ယူထားသော သူ နှင့် အမိန့်ပေးထားသော သူကို ခွဲခြား ပေးရန် စာနယ်ဇင်း သမားများ များစွာ တာဝန်ရှိပါသည်။ သို့မှသာ အမိန့် မည်သူပေး သည်ကို ပြည်သူများ သိရှိနိုင်မည်ဖြစ်သည်။

  11. မောင်ပိုင်စီးသည်ဟူသောစကားမရှိတော့ပါ။ဦးပိုင်စီးသည်ဟူသောစကားသစ်ဖြစ်သွားပါပြီး

    • သြော်…၆၂…ခုနှစ်ကထဲကဆိုတော့လည်း…အသက်ကြီးပြီပေါ့။…မောင်ပိုင်လို့ဘယ်ခေါ်လို့ရတော့မလဲ…ဦးပိုင်ဆိုပေမဲ့လည်း…အချိန်မစီးတာက ခက်နေတာ…။

  12. ဟော့ဒီ
    အကြမ်းဖက်မှုကို……….

    တာဝန်ရှိတဲ့သူတွေကို တာဝန်ရှိသလို အရေးယူရလိမ့်မယ်။

    နိုင်ငံသား အခွင့်အရေးကို မျက်ကွယ်ပြုတာဟာ
    တရားဥပဒေကို ဆန့်ကျင်တာဖြစ်တယ်။

    လူထုကို တရားဥပဒေ စိုးမိုးဖို့အတွက်ဆိုရင် နိုင်ငံသားရပိုင်ခွင့်တွေကို
    အသိအမှတ်ပြုဖို့ လိုအပ်တယ်။

    သာကီသွေး

  13. စစ်တပ်ကလွှတ်တော်ထဲမှာရှိတာဘာဖြစ်လဲလို့ပြောခဲ့တဲ့ကြံ့ဖွတ်တွေကိုပြောလိုက်ချင်
    တယ်။စစ်တပ်လွှတ်တော်ထဲမှာရှိနေလို့အခုလိုထစ်ခနဲဆိုအကြမ်းဖက်နည်းနဲ့ဖြေရှင်း
    တော့တာပေါ့ဦးနှောက်မှမရှိတာကိုး။ အဲ့ဒါကြောင့်ငါတို့ကစစ်တပ်ကိုလွှတ်တော်
    ထဲမှာရှိမနေစေချင်တာပေါ့။အဖြေကရှင်းရှင်းလေးဘဲ။နောက်တစ်ခါဆိုရင်ပြည်
    သူတွေလည်းလက်နက်ကိုင်တော့မှာနော်။နင်တို့ကိုလူစိတ်ရှိလာမလားစောင့်
    ကြည့်နေတာ။

  14. သတင်းများတိကျမှုရှိပါသည်။ဘာbombတွေသုံးသလဲဆိုတာတိတိကျကျသိဘို့လိုတယ်။
    ရေနဲ့ဖျန်းကထဲကဘုန်ကြီး မှန်းသိဘို့ကောင်းတယ်။