သတင်း

ဦးပိုင်နှင့် ဝမ်ပေါင် ကုမ္ပဏီကို ဒေသခံများ တရားစွဲမည်

Hits:13,655
  | |
Print This Post

လက်ပံတောင်း ကြေးနီစီမံကိန်း (ဓာတ်ပုံ – မန်းသားလေး / ဧရာဝတီ)

စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်နှင့် တရုတ်နိုင်ငံပိုင် ၀မ်ပေါင်ကုမ္ပဏီတို့အား လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ ဒေသခံလယ်သမားများက တရားလိုလုပ်ကာ တရားစွဲဆိုမည် ဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးဒေသရှိ ကြေးနီစီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု၊ ဒေသခံ လယ်သမားများ၏ နစ်နာဆုံးရှုံးမှု၊ မကြာသေးခင်က အကြမ်းဖက်ခံရမှုကြောင့် ဒဏ်ရာရသွားသည့် သံဃာတော်များနှင့် ဒေသခံပြည်သူများအတွက် တရားစွဲဆိုမည် ဖြစ်ကြောင်း ထိုအမှုကို လိုက်ပါ ဆောင်ရွက်ပေးမည့် အကျိုးဆောင် ရှေ့နေ ဦးရောဘတ်စန်းအောင်က ဧရာဝတီသို့ ပြောသည်။

ထိုအမှုကို ဒေသခံလယ်သမားများက တရားလို အဖြစ်ဆောင်ရွက်ကာ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၌ ပုဒ်မ ၁၁ အရ သင်္ကြန်မတိုင်ခင် တရားစွဲဆိုမည်ဖြစ်ကြောင်း၊ တရားစွဲဆိုမှုကို ဒေသခံများနှင့်အတူ ၎င်းတို့ရှေ့နေအဖွဲ့က အခမဲ့ ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းလည်း ဦးရောဘတ်စန်းအောင်က ဆိုသည်။

“ကျနော်တို့ တရားစွဲမှာက ထာဝရ တားဝရမ်းနဲ့ နစ်နာမှုတွေအတွက် ဖြစ်ပါတယ်။ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က လက်မခံရင် စစ်ကိုင်းတိုင်းဒေသကြီး တရားရုံးမှာ စွဲမှာပါ” ဟု ၎င်းက ဆက်ပြောသည်။

စီမံကိန်း ရပ်တန့်ရေးအတွက် သပိတ်စခန်းဆောက်၍ ဆန္ဒပြနေကြသော ဒေသခံများနှင့် သံဃာတော်များသည် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့၏ အကြမ်းဖက်ဖြိုခွင်းခြင်း ခံရပြီးနောက်ပိုင်း ထိုစီမံကိန်းနှင့် ပတ်သက်၍ စုံစမ်းရေး ကော်မရှင်ကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် စုံစမ်းစစ်ဆေးနေသည်။

ထိုစုံစမ်းရေး ကော်မရှင်၏ ထွက်ပေါ်လာမည့် အချက်အလက်များကို အခြေခံ၍ တရားစွဲဆိုရာတွင် အသုံးပြုသွားမည် ဖြစ်ကြောင်း၊ စီးပွားရေး ဦးပိုင် ကုမ္ပဏီနှင့် ၀မ်ပေါင်ကုမ္ပဏီတို့ကို တရားစွဲဆိုရာတွင် မြန်မာနိုင်ငံမှ ရှေ့နေများသာမက တခြားနိုင်ငံများမှ ရှေ့နေများကလည်း ပါဝင်ကူညီမည်ဖြစ်ကြောင်း၊ ၎င်းတို့ထံမှ အကူအညီများ တောင်းခံထားကြောင်းလည်း ဦးရောဘတ်စန်းအောင်က ရှင်းပြသည်။

တရားစွဲဆိုရာတွင် ကြေးနီစီမံကိန်း ဒေသတ၀ိုက်ရှိ ကျေးရွာ ၂၆ ရွာမှ ဒေသေခံပြည်သူများ ပါဝင်မည်ဖြစ်ကြောင်း၊ စုံစမ်းရေး ကော်မရှင်၏ လုပ်ဆောင်မှုများကို ခေတ္တစောင့်ကြည့်နေပြီး ထူးခြားမှု တစုံတရာ ထွက်ပေါ်မလာပါက စီမံကိန်း လုံးဝရပ်ဆိုင်းသည်အထိ ဆက်လက်ဆန္ဒပြသွားမည် ဖြစ်ကြောင်း ဆန္ဒပြရာတွင် ဦးဆောင်ပါဝင်သူ ကိုသက်က ဧရာဝတီသို့ ပြောသည်။

ထိုကြေးနီ စီမံကိန်းသည် ဦးပိုင် ကုမ္ပဏီနှင့် တရုတ်နိုင်ငံပိုင် ၀မ်ပေါင်ကုမ္ပဏီတို့က အကျိုးတူပူးပေါင်း ဆောင်ရွက်နေခြင်း ဖြစ်သည်။ တရုတ်နိုင်ငံကမူ ထိုစီမံကိန်းအား ရပ်တန့်လိုသည့် ဆန္ဒမရှိကြောင်း သတင်းမီဒီယာများကို ပြောဆိုထားသည်။


WSJ LIVE VIDEO:

12 Responses

Leave a Reply

  1. That’s right. Carry on.

  2. The rule of law must be tested. Finding the truth and solving things in the legal way can be troubled by the generals who are still in power. However, the people will decide whether the Thein Sein administration seriously pursuing to reform in Burma. Justice must be instituted in the land where injustice reigns for more than five decades.

  3. The horrible things the generals did to the citizens of Burma is beyond our imagination. There are many bad people around the world. But the Burmese generals are on top of the list. We all knew that they had concubines and mistresses everywhere and misused power to make illegal income which they did not earn. But it did not end there. Their crimes against humanities arise in the faces of the citizens and I wonder how Thein Sein and his government will handle. This is way too much.

  4. ဦးေ၇ာဘတ်စန်းအောင်ခင်ဗျားကျွန်တော်ကဥပဒေသမားမဟုတ်ပါသာမံ လူတယောက်ပါသိချင်တာလေးမေးပါ၇စေ
    မိမိမပိုင်ဆိုင်တဲ့ပစ္စည်းကို၊မူလပိုင်၇ှင်မှခွင့်မပြုဘဲ၊တာဝန်ပေးအပ်ခြင်းမ၇ှိဘဲ အခြားသူတဦးထံေ၇ာင်းချခြင်းပေါင်နှံ
    ခြင်းကိုစာချုပ်ချုပ်ဆို၍ပြုလုပ်ထားလျှင်တ၇ားဝင်ပါသလား?ယခုကိစ္စမှာ-ပြည်သူကေ၇ွးချယ်တာဝန်ပေးခြင်းမ၇ှိဘဲ
    လက်နက်နှင့်အဓမ္မအာဏာသိမ်းပြီးအုပ်ချုပ်တဲ့တ၇ားမ၀င်အစိုး၇(မြို့ဒါးမြ)က၊အများပြည်သူပိုင်သယံဇာတတွေ
    ကိုပြည်သူတွေကအခွင့်တာဝန်(mandate)မပေးဘဲ(သိတောင်မသိလိုက်၇ဘူး)တိုင်းတပါးကိုေ၇ာင်းစား၊ပေါင်နှံ
    ခဲ့တဲ့စာချုပ်တွေဟာတ၇ားဝင်ပါသလား?သူတို့ ကတော့စားသောက်သွားပြီးအီစလန်ဝေနေပြီးပြည်သူတွေကဆိုး
    ကျိုးအမွေတွေကိုနှစ်ပေါင်းများစွာကုန်းခံနေကြ၇မှာလား?။နောက်တခုကယခုအစိုး၇သည်ပြည်သူကတင်မြှောက်
    သည့်ဒီမိုကေ၇စီအစိုး၇စစ်စစ်ဆို၇င်ဘာလုပ်၇မယ်ဆိုတာ၇ှင်းပါတယ်ဆ၇ာဦးစန်းအောင်ခင်ဗျား——

  5. China can capture our country

  6. U Paid is belong to some rich GENERALs.
    They steal everything.
    Under the name of U Pai ,they have licence to be Burmese Mafia.

  7. Rule of law ရှိပြီး မှပိုအဆင်ပြေမှာ။

  8. မျိုးချစ်သူ

    အပြည့်အ၀ ထောက်ခံပါသည်။
    ပြည်သူတွေ ဆင်းရဲ၊ငတ်ပြတ် နေတာတွေကို လစ်လျူ ရှုပြီး စစ်တပ် ဦးပိုင် ဗိုလ်ချုပ်တွေ သူတို့ သားစဉ် မြေးဆက် ကြီးပွား ချမ်းသာဖို့ကုတ်သွေးစုပ် နေကြတာကို ရပ်တန့်သွား
    အောင်ပြုလုပ်ကြဖို့ အချိန်တန်ပြီ။တရုတ်များသည် စီးပွားရေးနှင့် ပက်သက်လျှင် အရိုးအရင်း
    များကိုပင် ကိုက်စားကြသူများ ဖြစ်ကြပါသည်။

  9. ပါကြီးဖိုး

    လက်ပံတောင်းတောင်ပြဿနာဟာ စစ်အစိုးရအဆက်ဆက်က လက်နက်နဲ့အာဏာကိုသုံးပြီး ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေမြောက်မြားစွာထဲမှ အကြီးစားလုယတ်မှုနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်မှုလည်း ဖြစ်ပါတယ်။ ပြစ်မှုကျူးလွန်သူများဟာ အာဏာအကာအကွယ်နဲ့ လက်တလောအချိန်မှာ ပြစ်ဒဏ်ကျခံရမှုမှ လွတ်ကင်းနေကြပေမယ့် ကြောင်းကျိုးနိယာမလို့ခေါ်ရတဲ့ ကမ္မနိယာမတရားသဘောကိုတော့ မည်သူမျှမလွန်ဆန်နိုင်ပါဘူး။
    သို့ပေမယ့် ကျွဲကစောင်းသံကို နားထောင်နိုင်မှာ မဟုတ်တာကိုလည်း သိထားပါတယ်။

  10. တရားစွဲ့သင့် ပါတယ် ။ တဆက်ထဲ Gas စာချုပ်များ
    လည်း တရားမှုတမူ လုံးဝ ( လုံးဝ ) မရှိ၍ တရားစွဲ
    သင့်ပါကြောင်း အကြံပြုအပ်ပါသည် ။

  11. စုံ့စမ်းေ၇းကော်မ၇ှင်ကိုစောင်.ပါဦး

  12. I LIKE IRRAWADDY