သတင်း

ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်ကို သတင်းသမားများ တုံ့ပြန်ငြင်းဆို

Hits:28,151
  | |
Print This Post

နလုန်းအမည်ရှိ ကချင်ရွာ မီးလောင်နေစဉ် (ဓာတ်ပုံ/ ဧရာဝတီ)

ကာကွယ်ရေး ၀န်ကြီးဌာနက ဇန်န၀ါရီ ၂၉ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင် ပါရှိသော ပြည်တွင်းပြည်ပ မီဒီယာတချို့သည် ကချင်အရေးနှင့် ပတ်သက်၍ ဖော်ပြရာတွင် တဘက်စောင်းနင်း ဖြစ်နေသည်ဆိုသည့် အချက်ကို ပြည်တွင်းပြည်ပ သတင်းသမားများက ထိုသို့မဟုတ်ကြောင်း ပြန်လည် တုံ့ပြန်ကြသည်။

လက်ရှိအချိန်အထိ တပ်မတော်ဘက်မှ ပွင့်လင်းမြင်သာမှုမရှိဘဲ သတင်းထုတ်ပြန်မှု တချို့တွင်လည်း နှောင့်နှေး ကြန့်ကြာ မှုများ ရှိသည့်အတွက် သတင်းသမားများအနေဖြင့် ရသည့်ဘက်မှ ရေးသားရခြင်းမျိုးသာဖြစ်သည်ဟု 7Day News ဂျာနယ် တာဝန်ခံအယ်ဒီတာ ကိုအားမာန်က ပြောသည်။

၂၀၁၂ ခုနှစ် သြဂုတ်လ မတိုင်ခင်အထိ စာပေစိစစ်ရေး ရှိနေသောကြောင့် ထိုသတင်းမျိုးကို ရေးသား၍ မရခဲ့ကြောင်း၊ အခုနောက်ပိုင်းမှ ပိုမိုရေးသားခဲ့ကြောင်း၊ သို့ရာတွင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ဘက်သို့မေးမြန်းရာတွင် လွယ်ကူသော်လည်း အစိုးရ တပ်မတော်ဘက်သို့ မေးမြန်းရာတွင် မည်သည့် အချိန်ကမှ မရခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

“KIA ဘက်မှာ အွန်လိုင်းကပဲဖြစ်ဖြစ်၊ ဖုန်းနဲ့ပဲဖြစ်ဖြစ်၊ လူကိုယ်တိုင်ကွင်းဆင်းပြီး သတင်းယူရင်ပဲ ဖြစ်ဖြစ် အားလုံး အဆင်ပြေတယ်။ မေးချင်တာ အကုန်လုံးဖြေတယ်။ ပွင့်လင်းမြင်သာတယ်။ တပ်မတော်ဘက်က စစ်ပွဲနဲ့ပက်သက်တဲ့ မှတ်ချက်တွေ၊ အချက်အလက်တွေ တောင်းရင် ဘယ်တုန်းကမှ မရခဲ့ဘူး” ဟု သူက ဆိုသည်။

ထို့အပြင် KIA စစ်ကြောင်းနှင့် လိုက်ပါသတင်းယူလျှင် လွယ်ကူသော်လည်း အစိုးရ တပ်မတော် စစ်ကြောင်းနှင့် သတင်း လိုက်ယူရာတွင် လက်မခံကြောင်း၊ သတင်းသမားများ အနေဖြင့် နှစ်ဘက်စလုံးမှ သတင်းများကို ရေးသားချင်သော်လည်း သတင်းဌာနများ အနေဖြင့် အချိန်နှင့်အမျှ ထုတ်ပြန် ရေးသားရသောကြောင့် အချိန်နှင့် တပြေးညီ မှန်ကန်သော ဖြေရှင်းချက် များ၊ ထုတ်ပြန်မှုများပြုလုပ်ရန် လိုအပ်ကြောင်း AP သတင်းဌာနမှ ဒေါ်အေးအေးဝင်းက ပြောသည်။

အစိုးရ တပ်မတော်ဘက်မှ သတင်းအချက်အလက်နှင့် ပက်သက်ပြီး ပြောရေးဆိုခွင့်ရှိသူ တဦးကို ခန့်အပ်ထားရန် လိုအပ်ကြောင်း၊ ယခုကဲ့သို့ တဘက်တည်းက ပွင့်လင်းမြင်သာစွာ ပြောဆိုသောကြောင့် ထိုတဘက်မှ ထုတ်ပြန်ချက် များကိုသာ ဖော်ပြနေရခြင်းအပေါ် စိတ်မဆိုးသင့်ဘဲ ပြုပြင်ရန်လိုအပ်ကြောင်း ၎င်းက ရှင်းပြသည်။

“KIA နဲ့ ဆက်သွယ်ပြီး အဲဒီနယ်မြေအထိ သတင်းလိုက်ယူလို့ရတယ်။ အစိုးရ စစ်တပ်နဲ့က အဲဒီလိုလုပ်ဖို့ ကြိုးစားလို့မရဘူး။ အဲဒါတွေကို ချေဖျက်ချင်ရင် ဒီလိုဖြစ်တာကို စိတ်ဆိုးမနေဘဲနဲ့ ဒါကိုပြုပြင်ပေးလိုက်ရင် ပြီးတာပဲ။ များများ သတင်းထွက်အောင် လုပ်ပေးလိုက်ပေါ့။ သူတို့ဘက်က ဟာလည်းရေးချင်တာပဲ” ဟု သူက ဆက်ပြောသည်။

တိုက်ပွဲစတင်ဖြစ်ပွားချိန်က အစိုးရ၏ သတင်းထုတ်ပြန်မှုများသည် အလွန်နှေးကွေးခဲ့သော်လည်း ယခုနောက်ပိုင်းတွင် ကချင်စစ်ပွဲနှင့် ပက်သက်ပြီး အစိုးရဘက်မှ အနည်းငယ် ဖော်ပြခဲ့ကြောင်း၊ သတင်းဌာနများ အနေဖြင့် ရသလောက် မျှတစွာ ထည့်သွင်း ရေးသားခဲ့ကြကြောင်း Open News ဂျာနယ်မှ အယ်ဒီတာချုပ် ဦးသီဟစောက ဆိုသည်။

စာနယ်ဇင်း ကျင့်ဝတ်အရ ဘက်မျှစွာ ဖော်ပြရမည်သာ ဖြစ်ကြောင်း၊ စာနယ်ဇင်း သမားများအနေဖြင့် ကြိုးစား ဆောင်ရွက်သော်လည်း အများအားဖြင့် ရသလောက်သာ ထည့်သွင်းရေးသား ခဲ့ရကြောင်း ၎င်းကဆက်ပြောသည်။

“အရေးကြီးတာက အစိုးရနဲ့ တပ်မတော်ဘက်က သတင်းထုတ်ပြန်တာ မြန်မယ်၊ အချိန်မရွေး မေးလို့ရမယ် ဆိုရင်တော့ ပိုပြီးကောင်းတာပေါ့” ဟု ဦးသီဟစောက ဆိုသည်။

မီဒီယာများအနေဖြင့် ရည်ရွယ်ချက်ရှိရှိဖြင့် တဘက်စောင်းနင်း ရေးသားနေခြင်း မဟုတ်ကြောင်း၊ ပြည်ပသတင်းဌာနများတွင် ဖော်ပြချက်များသည်လည်း ပညာရှင်ပီသစွာ ရေးသားထားချက်များသာ ဖြစ်ကြောင်း၊ လက်ရှိအစိုးရ သတင်းဌာန များတွင်သာ ၎င်းတို့၏ တဘက်သက် အကြောင်းအရာများကို ရေးသားထားသည်များ တွေ့ရကြောင်း 7Day News ဂျာနယ်မှ တာဝန်ခံ အယ်ဒီတာ ကိုအားမာန်က ပြောသည်။

ပြည်တွင်း ပြည်ပ သတင်းဌာနများ အနေဖြင့် တိုက်ပွဲ ဖြစ်ပွားရာ ဒေသများအထိ သွားရောက် သတင်းယူခြင်းများ ရှိသော်လည်း တိုက်ပွဲဖြစ်နေသည့် နှစ်ဦးနှစ်ဘက်က သတင်းထောက်များ အတွက် လုံခြုံရေး အာမခံပေးမှု မရှိခြင်းကြောင့် သတင်းအချက်အလက်၊ ဓာတ်ပုံနှင့် ရုပ်သံ သတင်းများ တိုက်ပွဲအတွင်း ရယူနိုင်ရန် ခက်ခဲသည်ဟု ကချင်ပြည်နယ် တိုက်ပွဲဖြစ်ပွားရာ ဒေသများအထိ သွားရောက်သတင်းယူခဲ့သူ သတင်းထောက်များက ဆိုသည်။

နိုင်ငံတကာတွင် စစ်ပွဲများ အတွင်း သတင်းလိုက်ယူသည့် သတင်းထောက် များအတွက် အာမခံသည့် စံနှုန်းများ ရှိပြီး ဖြစ်၍ိယင်းစံနှုန်းများကို တိုက်ပွဲဖြစ်နေသည့် နှစ်ဘက် အဖွဲ့အစည်းက လိုက်နာကူညီမှသာ အမှန်တကယ် ဖြစ်ပျက်နေသည့် သတင်းအချက် အလက်များ၊ ဓာတ်ပုံများနှင့် ရုပ်သံ မှတ်တမ်းများကို လူထုအား မှန်ကန်စွာ အသိပေး တင်ပြနိုင်မည် ဖြစ်ကြောင်း ပြည်တွင်း ပြည်ပ သတင်းသမားများက သုံးသပ်သည်။


WSJ LIVE VIDEO:

25 Responses

Leave a Reply

  1. မင်းတို့ သတင်းလိုက်ယူတာ အကြောင်းမဟုတ်ဘူး၊ သေရင် အစိုးရကို အပြစ်ပုံချအုန်းမယ်။မျှမျှတတ သတင်းတွေကို တင်ပါ သတင်းမီဒီယာများ အားလုံး။

  2. အစိုးရက လာမည့် ဖေဖဝါရီလ(၃၁)ရက်မှ စတင်ပြီး ရှေ့တန်းကိုလိုက်ပါ သတင်းယူခွင့် ပြုတော့မည်ဟု ကြားသိရပါကြောင်း အသိပေးကြေငြာအပ်ပါသည်။

  3. မြန်မာပြည်သား

    စစ်တပ် ဘက်က မှန်တယ်ဆိုရင် လည်း ၈၈ အရေးတော်ပုံမှာ သေဆုံးခဲ့ရသူ စာရင်းတွေ၊ ဘာကြောင့် စစ်တပ်က လက်နက်မဲ့ ဆန္ဒပြသူတွေကို သေနတ်နှင့် ပစ်သတ် နှိမ်နင်းခဲ့တာတွေ၊ နောက်ပြီး အမေရိကန် က ကျူးကျော်လာနိုင်တယ် ဆိုပြီး မုသာဝါဒမှိုင်းတွေ ဘာကြောင့်၊ ဘယ်သူ့ အမိန့်ကြောင့် အစိုးရထိန်းချုပ် သတင်းဌာန တွေကထုတ်လွှင့်ခဲတာတွေ က စပြီး အားလုံးကို ပြည်သူ ကို ရှင်းပြသင့်ပါတယ်။ ထပ်ပြီး တတိယ အဖွဲ့အစည်း တစ်ခု ကို တာဝန်ပေးပြီး သမိုင်းကြောင်းကို တတ်နိုင်သလောက် အမှန်ဖြစ်စေရေး စသည် တို့ကို သမိုင်း တရားခံ တပ်မတော် မှ ကူညီဆောင်ရွက်ပေးခြင်းအားဖြင့် တိုင်းပြည်ကို အကျိုးပြုပေးပါလို့ ဂျိုကုတ်ဒူးကြီး မအလ ကို တင်ပြပါရစေ။

  4. မြန်မာ တိုင်းရင်းသူ

    သတင်းသမားတွေက မဟုတ်တာတွေ အဟုတ်လုပ်ရေး၊ မသေချာတာတွေ ရေးရင်တော့ အပြစ်ပြောပေါ့။ အခုက သူတို့မှာ ရေးစရာကို မရှိလို့ မရေးရတာ အပြစ်ပြောလို့ ဘယ်ဖြစ်မလဲ။ သူတို့ပြောတာလဲ ဟုတ်တာပဲ … ရေးစေချင်ရင် သတင်းပေးပေါ့။

  5. Thank you for coming out swinging on the side of truth and justice. The truth shall set us free!

  6. So, the Burmese junta is always the problem. The junta always needs to cover what they have been doing to the people. If they do things in the right way, they may not need to cover up. However, they rape, they torture, they kill, they steal and they rob. That’s why these soldiers are bitterly hated. Burmese military shamelessly accused media of fabricating about the Kachin War. Actually, the military is never trustworthy. They say one thing now, they do different thing later. We have known their true nature for too long and they do not need to tell us that they are good. The vampires do not need to try to convince us that they no longer suck blood while their mouths still stained with blood. The same generals and the same soldiers with the same administration will not change them good military men. They better shut up their big mouths.

  7. MEDIA is very important for population of country. you can make go down or up.
    Please do not lie, do not write one side, if do not know and no prove don’t write.
    please don’t follow the money. please love true life of MEDIA WORLD.
    please and please………………..

  8. သိပ်ကောင်းတယ်ကိုအားမာန်။အမှန်ပါပဲ။

  9. Very Good Editors this is Journalist’s Right to explain what is the Truth.Now your reasons were perfect unless you get Both side’s News who can you Balance the News are correct but The Medias are looking for the up date News that why you will pick up whatever you can get and establish the Original News in Original pictures & Voices as well VDO files.You are 100% right my Comrades .

  10. သတင်းသမားတွေကိုလေးစားပါတယ်။ ဆရာသမားတို့ပြောတာလဲမှန်ပါတယ်။ စစ်ပွဲဖြစ်တဲ့နေရာ တွေကိုတကယ်လိုက်ကြမှာလား။ အန္တရာယ်များတယ်နော်။ စစ်ပွဲတွေ ဖြစ်တာကိုအမှန်အတိုင်းရေးတယ်ဆိုရင်ရေးကြပါ။တကယ့်အမှန်သာရေးပေးပါ။ အသုံးအနှုန်းလေးတော့သတိပြုကြပါ။ အစိုးရတပ်ကို စစ်တပ်လို့သုံးပြီး KIA ကိုတော့ တပ်မတော်ဆိုတာမျိုးမသုံးကြပါနဲ့။ KIA ဗုံးခွဲတာမျိုးကိုလဲ ဖော်ပြပေးပါ။ ရထားကားမိုင်းခွဲလူသတ်ဆက်ကြေးကောက်ဘယ်နေရာမှာလုပ်လုပ် ရေးပေးပါ။ မိတ္ထိလာမှာ စစ်ဗိုလ်တစ်ယောက်ဖောက် ထွင်းမှု ဖြစ်တာမျိုး ဖော်ပြတာလဲလက်ခံပါတယ်။

  11. Myanmarese military regime is king of fabrication. If the military regime expects fairness from others, then the regime needs to be fair to others first. We the people do not see no fairness on the news media. Why is the Myanmarese regime complaining the news media? Every eyewitness sees the same Myanmarese assault on the Kachins. Telling and revealing the truth is the job of every news media. Stop crying but treat the ethnics with respect and compassion.

  12. pps၁၂၃၄၅

    ၁၉၄၇ ခုနှစ် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် ပြည်မမှ ဗမာတိုင်းရင်းသား ဦးအောင်ဆန်း ခေါင်းဆောင်သော လက်နက်မဲ့ အရပ်သား အစိုးရ နှင့် တောင်တန်းဒေသမှ တိုင်းရင်းသား ခေါင်းဆောင်များ မည်သည့် ဖိအားကို မှ လက်မခံပဲ မိမိတို့ဆန္ဒ အရ ပင်လုံစာချုပ်ကို သဘောတူ လက်မှတ်ရေးထိုးကာ ဗမာပြည်ထောင်စု ကိုထူထောင်ခဲ့သည်။
    လွပ်လပ်ပြီးနောက် ဗမာပြည်ပြည်တွင်းစစ် ဖြစ်နေစဉ် ကာလ အတွင်း ကချင်တိုင်းရင်းသား များသည် ဗမာပြည် အရပ်သား အစိုးရ ဘက်မှ ရပ်တည်ပေးခဲ့ကြ သကဲ့သို့ အခြား ရှမ်း တိုင်းရင်းသား များသည်လည်း ဗမာများဘက်မှ ရပ်တည်ကာ ပြည်မ အစိုးရ ကို အကာအကွယ်ပေးခဲ့ကြသည်။
    ၁၉၆၂ တွင် ဖယ်အရယ်မှု ကို ပြည်မ အစိုးရ ခေါင်းဆောင်များ ကဖေါ်ဆောင်ပေးပါ က ပြည်တွင်းစစ်ရပ်ဆဲကာ တပ်မတော် ကို ဂျောင်ထိုးထားမည် ကို စိုးရိမ်၍ ညတွင်းချင်းအာဏာ သိမ်းကာ အာဏာရှင်စနစ်ကို ထူထောင်ခဲ့သည်။
    ပင်လုံစာချုပ် ကို ဖောက်ဖျက်၍ ပြည်မမှ စစ်အရာရှိများကို ပြည်နယ်ခေါင်းဆောင်ရာထူးပေးကာ ဖက်ဆစ် ဆန်သော စစ်ပုလိပ် အုပ်ချုပ်ရေး ကိုထူထောင်ခဲ့သည်။
    ပြည်ထောင်စု မပြိုကွဲရေး ဒို့ အရေးဟု ဆိုကာ တိုင်းရင်းသား များ မိမိတို့ ဒေသကို စွန့်ခွာ ကာ တဖက် နိုင်ငံများသို့ ထွက်ပြေးအောင် ဖိနှိပ်ခဲ့သည်။
    တိုင်းရင်းသား စည်းလုံးညီးညွတ်မှု မပြိုကွဲရေး ဒို့အရေးဟု ဆိုကာ စစ်တပ်များ ကိုတိုင်းရင်းသား ဒေသများတွင် ဖွင့်လှစ်ကာ တိုင်းရင်းသားများ ဘဝပျက်စေခြင်း အားဖြင့် ကျွန်ဖြစ်အောင် လုပ်ခဲ့သည်။

    ဦးသိန်းစိန် အစိုးရ တက်လာပြီး တိုင်းရင်းသားများကြောင့် ဗမာပြည်ထောင်စု တိုးတက်မှု နောက်ကျခဲ့သည် ဟု စွပ်ဆွဲကာ တိုင်းရင်းသား များကို ပြဿနာရှာတော့သည်။
    ဗမာ အစိုးရ နှင့် ရင်းနှီးသော မီဒီယာ အချို့သည် ကချင် ပြဿနာ အစတွင် အစိုးရဘက် မှ ရေးသားခဲ့သော်လည်း နောက်ပိုင်းတွင် အစိုးရ၏ အပြောနှင့် အလုပ်မညီ သည်ကို ပြည်သူလူထု ကသိရှိချိန်မှ စကာ ကချင်များဘက်မှ ရေးသားမှု များလည်း ရှိခဲ့ကြပါသည်။
    မီဒီယာ များ သည် စစ်တပ်ကြောင့် စာနယ်ဇင်း လွပ်လပ်ခွင့် ရရှိသည် ကို အထူးကျေးဇူးတင်သော်လည်း ဦးအောင်ဆန်း ကို လေးစားသော အားဖြင့် သတင်းများကို ဘက်မလိုက်ဘဲရေးရန် တာဝန်ရှိပါကြောင်း တင်ပြအပ်ပါသည်။

  13. No one except the relatives of so called tat-ma-daw who are blind or brainwashed for many decades trusts and supports Myanmar military. Cox history already proved that they are the liars. But I pity the poor soldiers fighting for nothing but sacrificing their lives. How brainless the military generals are! They had made our country so poor…poorest in Asean. I am sick to see they keep doing this stupid things. Wasting money and precious own countrymen’ lives!

  14. တပ်မတော် စစ်ဗိုလ်တွေ ရဲဘော်တွေ ဆီကနေ ဖြတ်ခုတ်ယူ ထားတာတွေ ၊ တပ်မတော်ထဲမှာ အထက်အောက် အနိုင်ကျင့်မှု များတာတွေ၊ ဗိုလ်ချုပ်ချမ်းသာ ရဲဘော်ဆင်းရဲ ဖြစ်နေတာတွေ ၊ ရဲဘော်တွေ တိုက်ပွဲမှာ ကျဆုံးသွားရင် ကျန်ရစ်သူမိသားစု အထက်အရာရှိတွေကို ကလော်ဆဲတာတွေ ၊ တပ်မတော်ထဲမှာ အောက်ခြေ အဆင့်တွေ မှာ တပ်သားတွေငတ်ပြတ်နေပေမယ့် ဗိုလ်ချုပ်တွေ လုပ်ပိုင်ခွင့်တွေ နှင့်ချမ်းသာနေတာတွေ အားလုံး သတင်းစာ ဆရာတွေ မြင်မှာစိုးလို့ မလိုက်ခိုင်းတာပါ။
    ကျွန်တော်လည်း တိုင်းပြည်အတွက် အလုပ်လုပ်ချင်ပေမယ့် ကျွန်တော် ဒီရာထူးရအောင် လုပ်ပေးခဲ့တဲ့ ကျွန်တော့ မိန်းမ ကို ကြောက်ရတယ်ခင်ဗျ။
    ဒါလေးတော့ တပ်မတော် ကိုခွင့်လွှတ်ပေးပါ။
    မအလ

  15. မြန်မာပြည်သား

    သတင်းတွေ ဘက်လိုက်တယ်ဗျ။
    အဲပုဂံကြောင့် စုတ်ပြတ်သတ်သွားတဲ့ ဆိုင်ကယ် ကို တောင် KIA လုပ်လို့ ဆိုပြီး လုပ်တယ်ဗျ။
    တော်တော်ဆိုးတယ်။
    မြန်မာ့ အမှောင်တို့ ကြေးမှုံ တို့ ဆိုတော်တော် ကိုဘက်လိုက်တယ်။
    သဇင် ဆိုပိုတောင်ဆိုသေး။ စကိုင်း ပျက် ဆိုတာလည်း ဒီလိုဘဲ လံကြုတ် သတင်းတွေ ရေးတယ်။
    သတင်းဆရာ သိက္ခာလေးတော့ထားအုံးခင်ဗျ။
    ကျွေးတိုင်းမယူနဲ့။

  16. လျှို့ဝှက်အပ်စွာ အရာရာကို မာတာပီတ မိနှင့်ဘ ထား၊ မယားသော်မှ မပြောရတဲ့… ကြားဖူးဘူးလား…တိုက်ပွဲဖြစ်နေပါတယ်ဆိုမှ သတင်းပေါက်ရင် ခံရမှာပေါ့…. ခုကြည့်ပါလား KIA စခန်း အားလုံးနီးပါးကျကုန်ပီလေ… ပွင့်လင်းမြင်သာမှု ရှိရှိ ဖော်ပြကျတော့ စစ်တပ်က အကြိုက်ပေါ့… စခန်းတည်နေရာ၊ လူအင်အား၊ လက်နက်အခြေနေ သိရမှတော့ ပီးပီပေါ့ဟ။ စစ်တပ်ရယ်….အမှန်ဆို ဒီမီဒီယာတွေကိုတောင် ကျေးဇူးတင်ရဦးမယ်…အဟက်..ဟက် ။

  17. ဆိုင်းရွယ်ရ်

    စစ်ပွဲ ဆိုတာ စစ်သားတွေတောင် မလွှဲမေ၇ှာင်သာလို့ တိုက်နေတာ မမြင်ချင်စရာ အနိဌာရုံ မြင်ကွင်းတွေပါ . ဒီမြင်ကွင်းတွေကို ၈၈ ခုနှစ် , ၈၉ ခုနှစ် မဲသရော မိုင်းယန်း မာနယ်ပလော တိုက်ပွဲ မြင်ကွင်းတွေနဲ့ တင် မမြင်ချင်ခဲ့တော့ပါ . ကလေးဘဝ ၁၀, ၁၁ အရွယ် တည်းက စစ်ပွဲ ဆို တာရဲ့ အနိဌာရုံ ကို ကြောက်နေပါပြီ . မမြင်ဖူးသေးတဲ့ လူတွေကသာ စိတ်ဝင်စားနေကြတာပါ .

  18.်ပြည်တွင်းပြည်ပသတင်းတွေစုံစုံလင်လင်တင်ပေးပါ

  19. That is Myanmar Government and Myanmar Army. Of course no one know about them even they don’t know themselves. They never announce how many soldiers were dead in any battles. Even there are some cases leaders are shot by soldiers but there was no case file. We new that there are a lot of Myanmar soldiers were dead in Kachin. For KIA/O, they have no choice because many myanmar soldiers were ordered to drink unknown medecine, some need to be injected for (hyper active and hyper emotion). Why we can say is that while KIA is shooting many of myanmar soldiers were climbing up they take off their clothes even the weather is so cold(even native kachins are needed to wear warm clothes). So, for journalists and news reporters to have a chance to follow with Myanmar army is so far (future impossible tense) because they are so secret and their ways is not good to be announced publicly.

  20. ကိုယ့်ကိုကိုယ် အသိဆုံးပါ သတင်းသမားအများစုကိုမဆိုလိုသော် လည်းသတင်းသမားများဟာ လည်းကောင်းတို့ ရပ်တည်နေရသော ဘဏ္ဍာရေး အရင်းအမြစ်ကို တော့ဘယ်တော့မှ မပစ်ပယ်နိုင်ကြောင်းအထင်အရှားသိသာလှပါတယ် ဒါအပြင် သတင်းဌာနစတင်ထူထောင်ခဲ့ တဲ့သမိုင်းကြောင်း ရင်းရည်ရွယ်သည့် (ပစ်မှတ်ထားသည့်) အဖွဲ့ အစည်း ဦးဆောင်နေသည့်  လူများ၏ သဘောထား များမှာသတင်းဌာနကို တော်တည့်မှန်ကန်မှု ရှိနိုင်ခြင်းအပေါ် လွှမ်းမိုးနိုင်ပါကြောင်း ထင်ရှားပါတယ် ဒါကြောင့်သတင်းများအတွက် ရပ်တည်မှုတစ်ခု ပေါ် မှာဇောင်းပေးဖေါ်ပြနေတယ်ဆိုတာထင်ရှားပါတယ် ဒီတွင်းမှာရှိနေသော သတင်းမီဒီယာများဟာနှစ်ပေါင်းများစွာ နိုင်ငံရေးစနစ်ကြောင့်ထိမ်းချုပ်ခံခဲ့ရသည်ဖြစ်ပြီးထိမ်းချုပ်မှုများမှာလည်း အစိုးရ၏မူဖြစ်၍ အစိုးရအပေါ် အမြင်ကြည်လင်မှုအပြည့်အ၀မရှိနိုင်သည်မှာ သိသာထင်းရှားသော ယခုထုတ်ဝေနေသော သတင်းမီဒီယာ များမှာအထင်အရှားတွေမြင်ရပါတယ် ဒီအတွက်ကြောင့် ကချင်နဲ့ တပ်မတော်အကြားသတင်းများကိုဖေါ်ပြရာမှာ ကချင်သောင်းကျန်းသူများ အပေါ်စာနာမှုဆိုတဲ့ အနေအထားကိုဇောင်းပေးဖေါ်ပြနေခြင်းဖြစ်ပါတယ် ပြည်တွင်းသတင်းမီဒီယာများ သတိလစ်နေသည်မှာ ပြည်သူလူထုအားလုံးက ကချင်သောင်းကျန်းသူများ၏ နိုင်ငံတော်ကို လက်နက်စွဲကို တိုက်ခိုက်နေမှုများအားလုံး နှင့် လည်းကောင်းတို့ ဆောင်ရွက်နေမှုများအားလုံးကို ထောက်ခံ လက်ခံ နေမည်မထင်ရကြောင်း ကိုမေ့လျော့နေသည်မှာထင်ရှားလှပါတယ်

    • pps၁၂၃၄၅

      ပင်လုံ စာချုပ်တွင် လက်မှတ် ထိုးခဲ့သော အဖွဲ့များတွင် တပ်မတော် မပါဝင်ခဲ့ပါ။
      စစ်တပ် က တိုင်းရင်းသားများ ပြည်ထောင်စု ကို ဖြိုခွဲမည် ကို စိုး၍ အာဏာသိမ်းသည် ဆိုသည် မှာလည်း ရယ်စရာကြီး ဖြစ်နေခဲ့ပါသည်။
      ထိုကဲ့သို့ သော အခြေအနေတွင် ပြည်ထောင်စု မပြိုကွဲရေးကို လိုလားသော သတင်း သမားများ ၏ ကေအိုင်အေ ကိုစာနာသော သတင်းဖေါ်ပြချက် များကို ပြည်ထောင်စု မပြိုကွဲရေး အတွက် ဆောင်ရွက်မှု များ အဖြစ် ဂုဏ်ပြုပါရစေ။
      အာဏာရှင် စနစ် ဖက်ဆစ် စနစ် မြန်မြန်ကျဆုံးပါစေ။

    • သောင်းကျန်းသူဆိုတဲ့ အသုံးအနှုန်းကို သေချာစဉ်းစားပြီးမှ သုံးပါ။ ကေအိုင်အေ ဆိုတာ သူများပိုင်နက်တွေကို ကျူးကျော်ပြီး တွေ့ကရာထင်က၇ာ ပရမ်းပတာ ရမ်းကားလုပ်နေတဲ့သူတွေမဟုတ်ဘူး..သူများနယ်မြေ သူများနေအိမ်တွေအထိဝင်ပြီး သောင်းကျန်းနေတာ ဘယ်သူလဲ သေချာစဉ်းစားစဉ်ချင်ပြီးမှ စကားလုံးအသုံးအနှုန်းတွေကို ရွေးချယ်ပါ။