KIA ၏ အမြင့်ဆုံးတောင်ကို အစိုးရတပ် သိမ်းပိုက် | ဧရာဝတီ
သတင်း

KIA ၏ အမြင့်ဆုံးတောင်ကို အစိုးရတပ် သိမ်းပိုက်

Hits:8,622
  | |

စစ်မြေပြင်တွင် တွေ့ရသော ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်သား နှစ်ဦး (ဓာတ်ပုံ – Steve Tickner / ဧရာဝတီ)

ကချင်လွတ်လပ်ရေး တပ်မတော် (KIA) အတွက် မဟာဗျူဟာကျတဲ့ ခါရာ တောင်ကုန်းကို အစိုးရ စစ်တပ်တွေက လက်နက် လူအင်အားသုံးပြု တိုက်ခိုက်ပြီး ဒီလ ၂၅ ရက်နေ့ သိမ်းပိုက်ထားလိုက်ပြီ ဖြစ်ပါတယ်။

ပွိုင့် ၁၀၁၂ လို့ခေါ်တဲ့ ခါရာတောင်ဟာ လိုင်ဇာဌာနချုပ် အနီး KIA အတွက် ဗျူဟာအရ အရေးပါတဲ့ အမြင့်ဆုံးတောင် ဖြစ်ပြီး ဒီလ ၂၄ ရက်နေ့မှာ အစိုးရ စစ်တပ်က ၁၂၀ မမ၊ ၁၀၅ မမ၊ ၈၁ မမ လက်နက်ကြီး အလုံးပေါင်း ထောင်ချီပစ်ခတ်ခဲ့ကာ မြေပြင်ထိုးစစ်တွေနဲ့ အင်အားသုံး စစ်ဆင်ပြီး သိမ်းပိုက်ခဲ့တာ ဖြစ်ကြောင်း KIA ဘက်က ပြောပါတယ်။

သမ္မတ ဦးသိန်းစိန် အစိုးရက လဂျားယန်ဒေသကို စစ်ဆင်ရေး ရပ်စဲလိုက်ပြီလို့ ဒီလ ၁၉ ရက်နေ့က တရားဝင် ကြေညာပြီးတဲ့ နောက် အခုလို ထိုးစစ်ဆင် ပြီးသိမ်းယူခဲ့တာ ဖြစ်ပါတယ်။ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ အစိုးရ စစ်တပ်ဘက်က အကျအဆုံးများပြားပြီး KIA တပ်ဘက်မှာလည်း ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ သိရပါတယ်။

“ဒီ ခါရာ ပွိုင့်ကို ရအောင်ထိုးပါလို့ စစ်တပ်ကို အထက်က ညွှန်ကြားထားတယ် ပြောတယ်။ မဟာဗျူဟာအရကျတော့ ဒီဒေသမှာ ဒီတောင်က အမြင့်ဆုံးပဲလေ။ အဲဒီတော့ သူတို့က စိုးမိုးထားတဲ့ပုံ ပေါက်တာပေါ့” လို့ KIA ရဲ့ မဟာမိတ် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မြောက်ပိုင်းရဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မင်းဌေးက ဧရာဝတီကို ပြောပါတယ်။

အခုလ အစောပိုင်းက KIA အတွက် အရေးပါတဲ့ ပွိုင့် ၇၇၁ တောင်ကုန်းနဲ့ ဖွန်ပြင်ဘွန် တောင်ကုန်းတွေ အပါအဝင် တောင်ကုန်းတချို့ကို အစိုးရတပ်က လေယာဉ်တွေနဲ့ ပစ်ကူတိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး လက်နက်တွေ တပ်ဆင်ထားတယ်လို့ စစ်မြေပြင် သတင်းတွေအရ သိရပါတယ်။

အစိုးရတပ်တွေနဲ့ KIA တပ်တွေ မြေပြင်တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး ဒီနေ့ မွန်းလွဲပိုင်းမှာ လဂျားယန် ဘက်က တက်လာတဲ့ အစိုးရ စစ်ကြောင်းနဲ့ KIA တပ်ဖွဲ့တွေ လဝါးယန် ဒေသမှာ တိုက်ပွဲဖြစ်ပွားနေကြောင်း ဗိုလ်မှူး မင်းဌေးက ပြောပါတယ်။

KIA ဌာနချုပ် လိုင်ဇာမြို့အနီး အစိုးရ စစ်တပ်တွေ ရောက်ရှိလာချိန်မှာပဲ ဒေသခံတချို့ဟာ ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) ထိန်းချုပ်မှုအောက်ရှိ ဒုက္ခသည်စခန်းတွေကို ထွက်ပြေးလာကြပြီး လိုင်ဇာ မြို့တွင်းနဲ့ မြို့ပြင်မှာ ရှိနေတဲ့ စခန်း ၄ ခုက ဒုက္ခသည်တွေကလည်း အစိုးရတပ်က ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်လာမှာကို စိုးရိမ်နေကြတယ်လို့ ကချင်ဒုက္ခသည်စခန်းများ ကော်မတီ ဥက္ကဋ္ဌ ဆလန်ကဘာ ဒွဲပီဆာက ပြောပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီက ယခုလ ၁၉ ရက်နေ့ နေ့စွဲနဲ့ KIO ကို လက်ရှိ ကချင်ပြည်နယ် အတွင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခများအရေး ကိစ္စဖြေရှင်းရန်နဲ့ ငြိမ်းချမ်းရေး တည်ဆောက်ရေး ကိစ္စများ ဆွေးနွေးရန် စာပို့အကြောင်း ကြားခဲ့ပြီး KIO က အစိုးရအနေနဲ့ ထိုးစစ်တွေ ဆက်တိုက် ပြုလုပ်နေတဲ့အတွက် စစ်ရေးအရ ဖိအားပေးမှု အခြေအနေအောက်မှာ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အနေနဲ့သာ ဆွေးနွေးဖို့ အကြောင်းပြန်ခဲ့ပါတယ်။

UNFC အနေနဲ့လည်း ဆွေးနွေးမယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာတွေမှာ ဖြေကြားနေပေမယ့် နှစ်ဘက် တွေ့ဆုံနိုင်ရေး ဆက်သွယ်ရာမှာ အကြောင်းပြန်ကြားမှုတွေ မရှိဘူးလို့ KIO နဲ့ အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ကြားမှာ ဆောင်ရွက်ပေးနေတဲ့ ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ (PCG) က ပြောပါတယ်။

“KIO က UNFC အနေနဲ့ တွေ့ဖို့ အကြောင်းပြန်ပြီး ကတည်းက အစိုးရဘက်ကတော့ တွေ့ဆုံနိုင်ရေး လှမ်းဆက်သွယ်တာကို ဟိုရက်ရွှေ့၊ အချိန်ရွှေ့နဲ့ ဘာမှလည်း အကြောင်းမပြန်သေးဘူး။ ဖုန်းဆက်လည်း PSO (ကိုယ်ရေးအရာရှိ) တွေနဲ့ပဲ တွေ့တယ်။ ဘာမှမထူးသေးဘူး” လို့ PCG ရဲ့ အကျိုးတော်ဆောင် တဦးဖြစ်တဲ့ ဦးဆန်းအောင်က ဧရာဝတီကို ပြောပါတယ်။

ဒါ့အပြင် “အခုဟာက တိုက်ပွဲတွေကလည်း ဆက်တိုက်ဖြစ်နေတယ်။ KIA စခန်းတွေနဲ့ ခဲတပစ်စာအကွာမှာပဲ အစိုးရတပ်တွေက ရှိနေတယ်လေ။ အဲဒါတွေကြောင့်လည်း KIO က ယုံကြည်မှုပိုပျက်ပြီးမှ UNFC အနေနဲ့ ဆွေးနွေးဖို့လုပ်တာ အဲဒါတွေပါတယ်။ ထိုးစစ်မလုပ်ဘဲနဲ့ စစ်ရှိန်လျှော့ပြီးမှ ဆွေးနွေးလိုက်ရင် အစောကြီးကတည်းက ဖြစ်သွားမယ့်ကိစ္စပါ” လို့ သူက ဆက်ပြောပါတယ်။

ကချင်ပြည်နယ်ထဲမှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး အရပ်သားတွေ ထိခိုက်သေကျေကာ အမျိုးသားပြန်လည် သင့်မြတ်ရေးကို အားယုတ်စေတဲ့ တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေတာကို အမေရိကန် ပြည်ထောင်စုက အလွန်စိုးရိမ်နေပြီး ဒီတိုက်ခိုက်မှုတွေကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်တဲ့ အကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ရန်ကုန်သံရုံးက ခါရာတောင်ကုန်းကို မသိမ်းမီ ၂၄ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန် သံရုံးရဲ့ ထုတ်ပြန်ချက်ကို မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်ရာမှာတော့ ကချင်ပြည်နယ်မှာ စစ်ရေးဆောင်ရွက်မှုများကို ရပ်ဆိုင်းရန် သမ္မတ ဦးသိန်းစိန်က ဇန်နဝါရီက ၁၉ ရက်က ညွှန်ကြားချက်အား အစိုးရတပ်က လိုက်နာကြောင်း၊ KIA/KIO ကလည်း အလားတူ ရပ်ဆိုင်းရန် လိုအပ်ကြောင်း၊ သို့သော် KIA က တိုက်ခိုက်ပစ်ခတ်မှုများ ဆက်လက်ပြုလုပ်လာ၍ အစိုးရတပ်က ပြန်လည်တုံ့ပြန် တိုက်ခိုက်ရကြောင်း ဖော်ပြထားသည်။

ထို့အပြင် အမေရိကန် သံရုံးကြေညာချက်က KIA ၏ ပြည်သူများကို တိုက်ခိုက်မှုနှင့် ဖမ်းဆီးခေါ်ဆောင်မှုများကို မဖော်ပြဘဲ အစိုးရတပ်ကသာ တိုက်ခိုက်မှုများ ပြုလုပ်နေသည့် သဖွယ် ဖော်ပြထားသဖြင့် ပြင်းထန်စွာ ကန့်ကွက်ပယ်ချကြောင်းလည်း ရေးသားထားသည်။

ဗြိတိသျှ အစိုးရကလည်း အရပ်သားတွေ ထိခိုက်သေဆုံးပြီး အစိုးရတပ်က ရဟတ်ယာဉ်တွေ အသုံးပြု တိုက်ခိုက်နေမှုကို အမြန်ဆုံး ရပ်တန့်ဖို့ ဒီလလယ်ပိုင်းက တောင်းဆိုခဲ့ပြီး မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှု ဖယ်ရှားခြင်းသည် ယာယီသာ ဖြစ်ပြီး ရုတ်သိမ်းခြင်း မဟုတ်သေးကြောင်း၊ ပြန်သုံးသပ်ရာ၌ သက်ရောက်မှု ရှိနေကြောင်း သတိပေး ပြောကြားထားသည်။


12 Responses

Leave a Reply

  1. ဇော်ဝင်း

    မြန်မာပြည်ကြီးအေးချမ်းပါစေပြည်သူများ
    အန္ဒရယ်ကင်းပါစေကချင်ပြည်သူများ
    ဘုရားသခင်ကောင်းကြီးပေးပါစေ
    ပြည်တောင်စုကြီးညီညွက်ရမယ့်စည်းလုံးရမယ့်
    အချိန်မှာကိုယ်အချင်းချင်းသတ်နေကြပါပြီ
    ပြည်မြန်ကြီးအမြန်အေးချပ်ပါစေလို့ဆုတေင်းပေပါတယ်

    • ကချင်ပြည်နယ်မှာနေထိုင်သောသူတိုင်းကိုဘုရားသခင်ကောင်းကြီးပေးပါစေ.
      ငြိမ်းချမ်းရေးအရှင် မေတ္တာတော်ရှင်အုပ်စိုးပါစေ။စာတန်အသုံးချခံထားရသူများ
      လည်းစာတန်လက်မှအမြန်လွတ်မြောက်မေတ္တာရှိကြပါစေသော်။

  2. တက်လာတာကိုတော့ထိုင်ကြည့်နေတော့မှလား။ သမ္မတတော့ရပ်တဲ့ဗမာ တပ်တော့တက်လာတယ်။အမျိုးဖြုတ်။။တဲ့သဘောထင်တယ်

  3. Everybody can see the photo KIA use the children soildier.

    • နှစ်ဖက်စလုံးဒီလောက်တောင်သေနေမှတော့မသုံးဘဲနေပါတော့မလား
      အခုကလူမျိုးပြုတ်တိုက်ပွဲလိုဖြစ်လာတော့ ကချင်အားလုံးကလိုလိုလား
      လားဝင်တိုက်ချင်ကြတော့မှာလေ။သေနတ်ထမ်းနိုင်လို့ကတော့သိန်းစိန်
      အစိုးရတတ်ရဲ့အနိုင်ကျင့်သတ်ဖြတ်တာခံပြီး ပေါ်တာထမ်းသမားလုပ်မလား
      သေနတ်ကိုင်ပြီးသူသေကိုယ်သေတိုက်မလားဆိုရင်တော့သူသေကိုယ်သေတိုက်
      တဲ့လမ်းဘဲရွေးတော့မှာပေါ့။ဘာဆန်းသလဲအသက်မပြည့်သေးတဲ့ကလေးတွေ
      KIAတပ်မှာတွေ့ရတယ်။အစိုးရတပ်ကရောအသက်မပြည့်သေးတဲ့ကချင်ယောက်ျား
      လေးတွေကိုအသက်မပြည့်လို့ဆိုပြီးညှာတာစွာဆက်ဆံလို့လား။ ကိုထင်လင်းရေ
      သေသေချာချာစဉ်းစားပါအုံး။

  4. pps၁၂၃၄၅

    Fascism (pron.: /ˈfæʃɪzəm/) is a form of radical authoritarian nationalism.[1][2] Fascists seek to unify their nation through a totalitarian state that seeks the mass mobilization of the national community through discipline, indoctrination, and physical training.[3][4] Fascism utilizes a vanguard party to initiate a revolution to organize the nation upon fascist principles.[5] Fascism views direct action including political violence and war, as a means to achieve national rejuvenation, spirit and vitality.
    မြန်မာပြည် အစိုးရ ဖက်ဆစ်စနစ်ကို ကျင့်သုံးနေသည်။

  5. KIA has only defensive war. It is clear and accepted by all while everybody know that Government of Burma is just a Big Lier with plain face.

    • မျက်စေ့ကန်း၊ နားကန်းနေသူများ၏ Comment များ အတွက် ရင်နာစရာပါ။ တပ်မတော်သည် တိုင်းပြည်၏တစ်ခုတည်းသော လက်နက်ကိုင်အဖွဲ့အစည်း ဖြစ်ရပါမည်။ စစ်မှန်သော ဒီမိုကရေစီစနစ်ကိုသွားဖို့ဆိုတာ တပ်မတော်အမျိုးမျိုး၊ လက်နက်ကိုင်အမျိုးမျိုးနဲ့ မဖြစ်နိုင်ပါ။ ရေရှည်လည်း မတည်တန့်နိုင်ပါ။ KIA စတင်ဖွဲ့စည်းစဉ်က မှန်ကန်သောရည်ရွယ်ချက်ရှိကောင်းရှိပါမည်။ ဒါပေမယ့် ယနေ့အချိန်မှာ ဒီမူလရည်ရွယ်ချက်တွေရဲ့ ၃၀ % လောက် ကျန်ရင်တောင် အလွန်ကံကောင်းပါတယ်။ စစ်တိုက်တယ်ဆိုတာ ပန်းနဲပေါက်တာမဟုတ်တဲ့အတွက် ရပ်ချင်တိုင်းရပ်မရပါ။ မင်းတို့ နောက်ပြန်ဆုတ်ပေးရင် ဆွေးနွေးမယ်ဆိုတာ အရူးစကားပါ။ ဒီနယ်မြေကို စိုးမိုးနိုင်ဖို့ တပ်မတော်သားတွေ အသက်ပေါင်းများစွာပေးပြီးမှ ရယူထားရတာ။ ဒီလို အရူးချီးပန်းတောင်းဆိုလို့ ဘယ်ရမလဲ။ အကယ်၍ သူတို့ KIA ဘက်က အသာစီးရနေလို့ အစိုးရက အခုလိုတောင်းဆိုရင်ကော သူတို့ ဆုတ်ပေးမလား။ ဖြစ်သင့်တာက ရောက်နေတဲ့ လက်ရှိနေရာတွေမှာဘဲ နှစ်ဘက်လုံး အပစ်ရပ်၊ ဆွေးနွေးပွဲလုပ်၊ ညှိနှိုင်းပြေလည်ရင် အဲဒီသဘောတူညီချက်အတိုင်းလုပ်၊ မပြေလည်ရင် ဆက်ချကြပေါ့။ ဒါဘဲရှိပါတယ်။ စစ်လိုလားလို့ ရေးတာမဟုတ်ပါ။ မဖြစ်နိုင်တာကို တောင်းဆိုပြီး၊ ငြိမ်းချမ်းရေးကို ရှောင်ရှားနေတာ KIA ပါ။ စစ်တပ် အစိုးရဘက်က လုံးဝမှန်တယ်လို့လည်း မဆိုလိုပါ။ KIA ကို လုံးဝမှားတယ်လို့လည်း မမြင်ပါ။ ငြိမ်းချမ်းရေးကို အမှန်တကယ်လိုချင်ရင် ဖြစ်နိုင်ချေရှိတဲ့ တောင်းဆိုမှုတွေ လိုက်လျောမှုတွေနဲ့ တွေ့ဆုံဆွေးနွေးမှ ရနိုင်ပါလိမ့်မယ်။ ဒီမိုကရေစီဘိုးအေကြီး၊ ကမ္ဘာ့ပြည်သူတွေရဲ့ ဒီမိုကရေစီအရေးကို အမြဲတွေးပူပြီး အမြဲသောကတွေများနေရရှာတဲ့ အမေရိကန်က ဂျပန်နိုင်ငံကို အနိုင်ရဖို့၊ စစ်ပြေငြိမ်း ( လက်နက်ချရေး ) ရေးအတွက် ဖိအားပေးဖို့ တစ်နည်းအားဖြင့် ကမ္ဘာစစ်ကြီးအမြန်ပြီးဆုံးပြီး အေးချမ်းသွားဖို့ အနုမြူဗုံး (၂) လုံးကြဲခဲ့ရတဲ့ သာဓကရှိပါတယ်။ ( ကမ္ဘာ့စစ်ပွဲနဲ့ ပြည်တွင်းစစ်ပွဲ နှိုင်းယှဉ်လို့ မတူနိုင်တာတွေရှိတာ သဘောပေါက်ပေမယ့် စစ်ရဲ့သဘောကိုသာ နှိုင်းယှဉ်တာပါ ) ရေရှည်အေးချမ်းဖို့အတွက် တစ်ခါတစ်ရံ အသက်သွေးချွေးတွေကို ရင်းနှီးမှုတွေ ပြုလုပ်ရတတ်ပါတယ်။ မျက်စေ့စုံမှိတ်ပြီး တိုင်းရင်းသားအရေးဆိုပြီး ရှေ့တန်းတင်၊ အစိုးရနဲ့ စစ်တပ်ကျတော့ အကောင်းတစ်ခုမှမပြော၊ မဖြစ်နိုင်တာတွေ တောင်းဆိုပြီး ငြိမ်းချမ်းရေးနဲ့ ပိုဝေးသွားအောင် လုပ်ကြမယ့်အစား၊ အမှန်တရားတွေကို အမှန်အတိုင်းမြင် မျှမျှတတဝေဖန်ထောက်ရှု၊ အပြစ်တင်စရာရှိရင် နှစ်ဖက်စလုံးကို မထောက်မညှာပြောဆိုကြသလို မှန်တာတွေရှိရင်လည်း မျှတစွာ ဖေါ်ထုတ်ပေးဖို့ လိုအပ်ပါတယ်။ အမှန် ( လက်တွေ့အမှန်တရား ) ကို အမှန်အတိုင်းရှုမြင်ပြီး ငြိမ်းချမ်းရေးကို အမြန်ဆုံးတည်ဆောက်နိုင်ကြပါစေ။

  6. fight with bengali rohingya, buddhist monks and KIA Christians( all religions)!!
    All dictators go to hell in the future.

  7. KIA ကို အမြစ်ပြတ်ချေမှုန်းသင့်ပါတယ်။ ဒါမှငြိမ်းချမ်းနိုင်မှာပါ။ ပြည်သူတော်တော်များများက လုံးဝမထောက်ခံပါဘူး။ ကချင်လူမျိုးကိုချစ်ပေမယ့် KIA ကိုလုံးဝ မကြိုက်ပါ။

  8. I thought the military regime had occupied and colonized Kachin State since more than fifty years ago? Controlling these hilltops will not end the rebellion. Only political solution will bring real peace and tranquility. Invading Laiza will not end the problem either. State capital Myitkyina has been controlled by the Burmese soldiers for a long long time. Did it end the conflict? Every stream, every hill and every valley can be foothold to continue the fight. As long as the problem isn’t solved with the right way, it will keep going on. Military offense is just waste of human lives, waste of fund, and building longer hostility. Are we building the Union of Hate? Are we building the Union of Death? Are we building the Union of endless war and battlefields? Government needs to pull back its troops and rather starts political dialogue to build the genuine Union of Burma which we all long to dwell in with peace and tranquility.

  9. Mr.President,
    The most important of your duty is peace in kachin state.The second is corruption in government sector.