လားရှိုး - မူဆယ် ကုန်တင်ယာဉ် လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရ | ဧရာဝတီ
သတင်း

လားရှိုး – မူဆယ် ကုန်တင်ယာဉ် လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရ

Hits:3,892
  | |

မြဝတီ သတင်းဌာနက ဖော်ပြထားသော တိုက်ခံရသည့် မြေပုံ (ဓာတ်ပုံ – မြဝတီ)

၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၂၂ ရက်နေ့ ညနေ ၆ နာရီခန့်က လားရှိုး – မူဆယ် အဝေးပြေးလမ်းမပေါ်ရှိ နမ့်အွန် ကျေးရွာ အ၀င်တွင် ဖရဲသီး တင်ဆောင်လာသော ၁၂ ဘီးကားကို လက်နက်ကိုင် တစုက လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

“မူဆယ် ဘက်ကနေ မြန်မာ့တပ်မတော် စစ်ကား ၆ စီးက လားရှိုးဘက် ဆင်းတာ။ နမ့်အွန်နားမှာ အဲဒီ ဖရဲသီးကားနဲ့ ရှောင်တဲ့ အချိန် လက်ပစ်ဗုံးက စစ်ကားကို မထိဘဲနဲ့ ဖရဲသီးကား ခေါင်မိုးပေါ် ကျတယ်လို့ ကြားတယ်” ဟု မူဆယ်မြို့ ဒေသခံ တဦးက ဧရာဝတီကို ပြောသည်။

တိုက်ခိုက်မှုကြောင့် ယာဉ်မောင်း ဒဏ်ရာရပြီး မူဆယ်မြို့နယ် ဆေးရုံတွင် တက်ရောက် ကုသနေကြောင်း မြန်မာ့ တပ်မတော်ပိုင် မြ၀တီ သတင်းဌာန၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသော်လည်း မူဆယ်ဆေးရုံသို့ ဆက်သွယ် မေးမြန်းခဲ့ရာ ဆေးရုံက အတည်ပြုချက် မပေးခဲ့ပေ။

မြဝတီသတင်းဌာန၏ အင်တာနက် စာမျက်နှာတွင် “KIA အကြမ်းဖက် သောင်းကြမ်းသူအဖွဲ့မှ အပြစ်မဲ့ ကုန်တင်ယာဉ် တစီးအား မိုင်းဆွဲ တိုက်ခိုက်” ဟု ရေးသားထားသည်။

အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သတ်ပြီး မူဆယ်မြို့နယ် ရဲတပ်ဖွဲ့စခန်း၊ မူဆယ်ခရိုင် ရဲတပ်ဖွဲ့ စခန်းများသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း တာဝန်ကျ တာဝန်မှူးများက ထိုတိုက်ခိုက်မှုကို မသိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် သတင်း ထုတ်ပြန်ရေး အဖွဲ့၏ သတင်း ထုတ်ပြန်ချက် (၃/၂၀၁၃) ထုတ်ပြန် ကြေညာ ခဲ့ပြီးနောက် နမ့်အွန် တိုက်ခိုက်မှုသည် ကချင်လွတ်မြောက်ရေး တပ်မတော်၏ စစ်ရေးနှင့် မသက်ဆိုင်သော အရပ်သား ပစ်မှတ်များကို (၉) ကြိမ်မြောက် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း မြ၀တီသတင်းဌာန၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

ဇန်န၀ါရီလ ၂၁ ရက်နေ့ကလည်း မြစ်ကြီးနားမှ ပူတာအိုသို့ လူသုံးကုန် ပစ္စည်းများ ပေးပို့သည့် ယာဉ်တန်းအား ကချင်လွတ်မြောက်ရေး တပ်မတော်က တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတာဝန် ရှိသူတချို့ ဒဏ်ရာရရှိပြီး ယာဉ် ၁ စီး ပျက်စီးခဲ့ရကြောင်း သိရသည်။

၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် တရုတ်နိုင်ငံ ရွှေလီမြို့တွင် နောက်ဆုံးအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ပြီးနောက် ၂ လအကြာတွင် စစ်ရေးအရှိန် ပြန်လည်မြင့်တက်လာပြီး ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် လဂျားယန် ဒေသရှိ ပွိုင့် ၇၇၁ တောင်ကုန်းကို မြန်မာ့ တပ်မတော်မှ လေကြောင်းပစ်ကူ တိုက်ခိုက်ခဲ့ပြီး စစ်ရေးအရှိန် ဆက်လက် မြင့်တက်နေခဲ့သည်။

ကေအိုင်အေ ဌာနချုပ်တည်ရှိရာ လိုင်ဇာနှင့် အနီးဆုံးဒေသဖြစ်သည့် လဂျားယန်တွင် မြန်မာ့ တပ်မတော်မှ ထိုးစစ်ဆင်မှု ရပ်ဆိုင်းလိုက်ကြောင်း ဇန်န၀ါရီလ ၁၈ ရက်နေ့တွင် သတင်းထုတ်ပြန်ပြီးနောက် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသကဲ့သို့ မီးရထားလမ်း ဖောက်ခွဲမှုများ၊ ယာဉ်တန်း တိုက်ခိုက်မှုများနှင့် ဖားကန့်ရှိ ကုမ္ပဏီများအား မီးရှို့ဖျက်စီးမှုများလည်း ဖြစ်ပွားနေဆဲ ဖြစ်သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖောင်ဆောင်ရေး လုပ်ငန်းကော်မတီ၏ ငြိမ်းချမ်းရေး ဆွေးနွေးရန် ကမ်းလှမ်းမှုကို ကချင်လွတ်မြောက်ရေး တပ်မတော်မှ စစ်ရေး အရှိန် မြင့်တက်နေချိန်တွင် ၂ ဖွဲ့တည်း သီးသန့် မဆွေးနွေးလိုကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ် ကောင်စီအနေဖြင့်သာ ဆွေးနွေးလိုကြောင်း သတင်း ထုတ်ပြန်ထားသည်။


7 Responses

Leave a Reply

  1. ရှမ်းလေး

    ရှမ်းခေါင်းရှောင်ကြီးများခင်ဗျား၊ KIA ရဲ့စော်ကားမှု အောက်မှာပဲနေတော့မှာလား။ရှမ်းပြည်နယ်အတွင်းဖြစ်တဲ့အတွက် လုံးဝတာဝန်ရှိပါတယ်။ရှမ်းလူမျိုးတွေကို ကာကွယ်ပေးပါ။

  2. How shameful !! If KIO attacks just like that, the war will never end. Now unarmed people are in hell. Who is responsible for this ? Do KIO really want peace ??
    ??

  3. Do you know for sure that the attack was the KIA’s action? In the past, Burmese military had endless history of committing crimes against humanities. Army planted bombs but accused KNU or KIA of planting. We the people are not so dumb to understand that the real criminal is the Burmese military. Only idiots who have no rational thinking may believe the government’s report. In recent days, the government lied a dozen times. I means, it happened in just a few days. Lies and lies and lies. Cheats and cheats and cheats.

  4. တိုက်ခိုက်မှုကြောင့် ယာဉ်မောင်း ဒဏ်ရာရပြီး မူဆယ်မြို့နယ် ဆေးရုံတွင် တက်ရောက် ကုသနေကြောင်း မြန်မာ့ တပ်မတော်ပိုင် မြ၀တီ သတင်းဌာန၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသော်လည်း မူဆယ်ဆေးရုံသို့ ဆက်သွယ် မေးမြန်းခဲ့ရာ ဆေးရုံက အတည်ပြုချက် မပေးခဲ့ပေ။

    Funny. grey area…

  5. တိုင်းရင်းသားညီ

    ဒေသခံတိုင်းရင်းသားတွေ သေချာ စဉ်းစားကြပါ ကချင် အရေးမှာ ဖြစ်နေတာက ကချင်ပြည်နယ်မှာရှိတဲ့ မြေပေါ် မြေအောက် သယံ ဇာတတွေ ကို ကချင်ခေါ်င်းဆောင်လို့ အမည်ခံ ထားတဲ့ လူ တစ်စုကပဲ တရုတ်နဲ့ ပေါင်းပြီး စည်းကမ်းမဲ့ ရောင်းစားနေကြတာပါ။
    ဘာမှ မသိနားမလည်တဲ့ ကချင်လူငယ်လေးတွေ ကို လည်း လက်နက်တွေ ကိုင်ခိုင်းပြီးတော့ သူတို့ ၇ဲ့ လက်ကိုင်တုတ်သဖွယ် အသုံး ချနေတာကြာပါပြီ အားလုံးစဉ်းစားကြရမှာက
    ၁။ ကချင်တပ်မတော်မှာ တကယ်ပဲ ကချင်လူမျိုး တွေ ကပဲ ခေါင်းဆောင်နေသလား
    ၂။အဲဒီခေါင်းဆောင်နေတဲ့ လူတွေကရော သယံဇာတ ရောင်းရငွေ တွေ နဲ့ကချင်ပြည်သူတွေ
    ကို ဘာတွေများ တိုးတက်အောင် လုပ်ပေးခဲ့ ပါသလဲ
    ၃။ကချင်ခေါင်းဆောင်တွေရဲ့ တရားမ၀င်လှူပ်ရှားမှုတွေက ၇ှမ်းပြည်နယ်
    အထိ ရောက်လာတာကရော ဘာသဘောပါလဲ
    ၄။ဒီမိုကရေစီသမ္မတနိုင်ငံတော်ရယ်လို့ ဖြစ်လာချိန်မှာ နိုင်ငံရဲ့ အနာဂါတ် လမ်း မဖြောင့်ဖြူး အောင် ဂွင် အမြဲ ချောင်းနေတဲ့ တရုတ်ကြီးရဲ့ သွေးထိုး တာတွေ ရော ထည့် စဉ်းစားမိကြရဲ့ လား
    ၅။ဒီလောက်ဒုက္ခ ရောက်နေတဲ့ ကချင်ပြည်သူတွေ ရဲ့ ဘ၀တွေ ကို မသိကျိုးကျွံ ပြုပြီး ခေါင်းမာနေတာကရော သူတို့ မဲ့ မဆိုင်သလို ဖြစ်မနေဘူးလား

    • မြစ်ကြီးနာသား

      သမိုင်ကို အရင်လေ့လာပြီး comment ရေးပါ ညီလေး

  6. ဘာရယ်တော့မဟုတ်ပါဘူး

    ပိုက်ဆံတွေပေါနေပါလား လက်ပစ်ဗုံးသုံးရအောင်
    youtube ကြည့်ပါလားဟ ပလပ်စတစ် ထိုင်ခုံအပု အ၀ိုင်းနှစ်လုံး
    ကားဘောစေ့ တိတ် ယမ်း နောက် မိုဘိုင်းဖုန်း
    (အမှန်တော့ မလိုပါဘူး သေချာတာပေါ့
    ဗို့အားပေးနိုင်တဲ့ အဝေးထိန်း တရုတ်ဖြစ် ကလေးဆော့တဲ့ ရီမှု တာင်ရတယ်)
    အမေရိကန်တင့် ကားတောင်၁၀ ပေလောက်မြောက်တက်ပြီး ပြုတ်ပြုတ်ပြုန်းသွားတာ
    အာရပ်တွေတင်တဲ့ ရုပ်ရှင်ဖိုင်ကြည့်ဘူးတာပြောပါတယ် လုပ်ပုံလုပ်နည်းပါအသေးစိတ်ပါလို့
    ကြောက်တောင်ကြောက်မိပါရဲ့ဗျာ