သတင်း

ကချင်စစ်ပွဲ ညှိနှိုင်းအဖြေရှာရန် ဒေါ်အောင်ဆန်း စုကြည် ပြောပြီ

Hits:6,863
  | |
Print This Post

ယနေ့ နေပြည်တော်တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တက်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ – ဧရာဝတီ)

ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော စစ်ပွဲများအတွင်း အရပ်သား သေဆုံးထိခိုက်မှုများ ရှိလာခြင်းကြောင့် စစ်ပွဲများ ရပ်တန့်ပြီး ညှိနှိုင်းဖြေရှင်းမှုဖြင့် အဖြေရှာကြရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆိုလိုက်သည်။

ယနေ့ နေပြည်တော်တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တက်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်က ဧရာဝတီသတင်းဌာနနှင့် ခေတ္တတွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က “စစ်ပွဲဆိုရင် ဘာစစ်ပွဲမှ မကြိုက်ဘူး။ အကြမ်းဖက်မှုကိုလည်း မကြိုက်ဘူး။ ကိုယ့်အချင်းချင်း ဘာပဲပြောပြော ပြည်ထောင်စုသား အချင်းချင်း ဒီလိုတိုက်ရတဲ့အထိ မဖြစ်အောင်လို့ အချင်းချင်းကြားမှာ ဆွေးနွေးညှိုနှိုင်းမှု ရှိသင့်တယ်ဆိုတာ ခဏခဏ ပြောနေတဲ့ ကိစ္စပဲ။ ဆွေးနွေးညှိုနှိုင်းပြီး အဖြေရှာတဲ့ယဉ်ကျေးမှု ဖော်ထုတ်နိုင်မှ ဒါတွေကို ရှောင်လွှဲနိုင်မှာပါ။ အခု ကချင်စစ်ပွဲနဲ့ ပတ်သက်လို့ တကမ္ဘာလုံးက စိုးရိမ်ကြောင့်ကြမှုတွေ ဖြစ်နေကြပြီ” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်၍ “နောက်ဆုံးကျတော့ တိုင်းရင်းသားအရေးဆိုတာက အပြန်အလှန်လေးစားမှု၊ အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရမယ်။ ယုံကြည်မှု စဖို့ဆိုတာ လေးစားမှုနဲ့ စရမယ်။ တယောက်နဲ့တယောက် လေးစားမှ ယုံကြည်တဲ့အဆင့်ကို ရှိသွားမယ်။ အန်တီတို့အနေနဲ့ တိုင်းရင်းသားတွေရဲ့ ရည်မှန်းချက်ကို တကယ်ပဲ နားလည်ရဲ့လား၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးပိုင်းကရော နားလည်ရဲ့လား၊ မျှော်မှန်းချက်တွေကို ဖြည့်ဆည်းပေးနိုင်ရဲ့လား၊ ဖြည့်ဆည်းပေးနိုင်တဲ့ အရည်အချင်းရှိရဲ့လား၊ အဲဒါတွေက အများကြီး စကားပြောသွားတယ်” ဟု ပြောသည်။

ဗြိတိသျှ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Alistair Burt က ဗြိတိပါလီမန်တွင် ကချင်စစ်ပွဲအရေးကြောင့် မြန်မာနိုင်ငံအပေါ် ဆိုင်းငံ့ထားသော စီးပွားရေးပိတ်ဆို့မှု ရပ်ဆိုင်းထားခြင်းများကို ပြန်လည် သုံးသပ်ရနိုင်ခြေ ရှိနေကြောင်း မကြာသေးမီရက်ပိုင်းက ပြောဆိုလိုက်မှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က အံ့သြမှုမရှိကြောင်း၊ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု ခေတ္တဆိုင်းငံ့ထားသော နိုင်ငံများအနေနှင့် မြန်မာနိုင်ငံ အခြေအနေသည် ၎င်းတို့ သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့်ညီ၊ မညီ လေ့လာဆန်းစစ် ဆုံးဖြတ်လိမ့်မည်ဖြစ်ကြောင်း ပြောသည်။

“ဖြစ်မှာပဲလေ။ သူတို့အနေနဲ့ အစကတည်းက စီးပွားရေးပိတ်ဆို့မှုကို လုံးဝ ဖယ်ရှားတာမှ မဟုတ်ဘဲ။ ရပ်ဆိုင်းထားတယ် ဆိုကတည်းက သူတို့သတ်မှတ်ထားတဲ့ စံချိန်စံညွန်းတွေနဲ့ ကိုက်ညီလား၊ မကိုက်ညီလား ကြည့်မှာပေါ့။ သူတို့ပြောတာက ဘာမှ အံ့သြစရာမရှိပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

လက်ရှိ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ပါအ၀င် တိုင်းရင်းသားများ၏ အရေးကိစ္စသည် လွှတ်တော် ကိုယ်စားလှယ်များနှင့်သာ သက်ဆိုင်သော ကိစ္စမဟုတ်ဘဲ မီဒီယာများ၊ ပြည်သူများ အားလုံးနှင့် သက်ဆိုင်ကြောင်း၊ သို့ရာတွင် လွှတ်တော်ကိုယ်စားလှယ် တဦးအနေဖြင့် တာဝန် အကန့်အသတ်များရှိနေပြီး ထိန်းသိမ်း လုပ်ဆောင်နေရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြသည်။

“ကချင်မှာဖြစ်နေတဲ့ ကိစ္စနဲ့ပတ်သက်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော် အဆိုတင်သွင်းသွားတယ်။ အန်တီက တိုင်းရင်းသားရေးရာ ကော်မတီက မဟုတ်ဘူး။ ဒီလိုပြောခြင်းအားဖြင့် တာဝန်ရှောင်တာ၊ ခေါင်းရှောင်တာ မဟုတ်ဘူး။ ကိုယ့်စည်းဆိုတာ ရှိတယ်။ ကိုယ့်ကော်မတီ၊ ကိုယ့်လုပ်ငန်းနဲ့ရှိတယ်။ တခြားကော်မတီတွေရဲ့ လုပ်ငန်းတွေထဲမှာ ဘယ်လိုပြောရမလဲ၊ အများအသိအမှတ် ပြုထားတဲ့ ပုဂ္ဂိုလ်ဖြစ်လို့ ၀င်ပြီးတော့ မလိုအပ်လို့ရှိရင်တော့ လုံးဝ မစွတ်ဖက်ရဘူး။ လိုအပ်လို့ရှိရင်တောင် ချင့်ချင့်ချိန်ချိန် ကိုယ့်စည်းကိုယ် ထိန်းရမယ်။ အန်တီ့မှာလည်း တခြား ကော်မတီတာဝန်တွေ ရှိသေးတယ်။ တိုင်းရင်းသားအရေးက လူတိုင်းအရေးပါ။ လွှတ်တော်ထဲက လူတွေရဲ့ အရေးတင် မဟုတ်ဘူး။ မီဒီယာတွေရဲ့ အရေးလည်းဖြစ်တယ်။ ကျန်တဲ့ပြည်သူတွေရဲ့ အရေးလည်းဖြစ်တယ်။ တိုင်းရင်းသားအရေးကို ခေါင်းရှောင်ဖို့ မဖြစ်နိုင်ဘူး။ ဒါပေမယ့်လည်း လုပ်တဲ့ကိုင်တဲ့နေရာမှာ ကိုယ့်စည်းကိုယ် ထိန်းလုပ်ရတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က အစိုးရအနေဖြင့် တာဝန်ပေးလျှင် KIA နှင့် အစိုးရအကြား ငြိမ်းချမ်းရေးကိစ္စ ကူညီဆောင်ရွက်ပေးလိုကြောင်း မကြာခဏ ထုတ်ဖော်ပြောဆိုခဲ့သည်။

၁၈ လကြာ ဖြစ်ပွားလျက်ရှိသော KIA နှင့် အစိုးရအကြား တိုက်ပွဲများကြောင့် ကချင်စစ်ဘေးဒုက္ခသည် တသိန်းနီးပါး ရှိနေပြီး အရပ်သားများလည်း ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်လျက်ရှိသည်။


WSJ LIVE VIDEO:

13 Responses

Leave a Reply

  1. တိုင်းရင်းသားအရေးကလူတိုင်းအရေးပါလွှတ်တော်ထဲကလူတွေရဲ့အရေးတင်မဟုတ်ဘူးမီဒီယာ တွေရဲ့အရေးလည်းဖြစ်တယ်၊ကျန်တဲ့ပြည်သူတွေရဲ့အရေးလဲဖြစ်တယ်တိုင်းရင်းသားအရေးကို ခေါင်းရှောင်လို့မဖြစ်နိုင်ဘူး၊ဒါပေမဲ့လည်းလုပ်တဲ့ကိုင်တဲ့နေရာမှာကိုယ့်စည်းကိုယ်ထိန်းလုပ်ရ တယ်ဟုဒေါ်အောင်ဆန်းစုကြည်ကပြောခဲ့ပါတယ်၊မှန်ပါတယ်သူပြောတာကိုလဲထောက်ခံပါ တယ်၊ဒါပေမဲ့လူတိုင်းမလုပ်နိုင်တာလဲရှိတယ်လွှတ်တော်ထဲကလူတွေလဲမလုပ်နိုင်တဲ့အခြေအ နေရှိနေတယ်လို့ထင်ပါတယ်ဘာ့ကြောင့်လဲဆိုတော့အခုတိုက်နေတာကတဘက်သတ်စစ် တပ်ကနေဝင်တိုက်နေတာပါ၊ကချင်ကခုခံတိုက်ပွဲအနေနဲ့ဘဲရှိနေတာ၊ကချင်ကိုအပြစ်အမျိုး မျိုးပြပြီးတိုက်ပွဲစခဲ့တာ၊ကချင်ကရထားလမ်းဗုံးခွဲတယ်၊စစ်တပ်ရဲ့ရိက္ခာပို့တပ်တွေကိုဝင်တိုက် တယ်၊တပ်သားစုဆောင်းဘို့အတွက်လူငယ်တွေကိုဖမ်းဆီးတယ်ဆိုတဲ့အပြစ်နဲ့တော့အခုလို လေယျံနဲ့ဗုံးကြဲပြီးထိုးစစ်ဆင်စရာမဟုတ်ပါဘူးဒီနောက်မှာအကြောင်းတခုရှိနေပါသေးတယ် လို့သုံးသပ်မိပါတယ်တရုပ်ရဲ့ဖိအားပေးမှုသို့မဟုတ်ပြောင်းလဲမှုတခုခုအတွက်ကူညီမှုနဲ့ဝင် တိုက်နေတယ်လို့ထင်ပါတယ်၊တကယ်လို့အဲဒီလိုမဟုတ်ရင်နိုင်ငံတကာရဲ့ဖိအားနဲ့ပြည်သူလူ ထုရဲ့ဖိအားသုံးလိုက်ရင်အစိုးရအနေနဲ့ပြည်သူတွေရဲ့လိုလားချက်အရစစ်ရပ်ဆဲရေးကိုမလုပ်လို့မရပါဘူး။ တချို့ကတော့သမတကြီးကစစ်ရပ်ဆဲစေခြင်တယ်၊တပ်မတော်ကတိုက်နေတာ တဲ့ဒါဆိုရင်တပ်မတော်ကဘာကိုလိုလားနေသလဲ?ရခိုင်အရေးအခင်းနဲ့ပြဿနာရှာပြီးနိုင်ငံမ တည်ငြိမ်အောင်လုပ်ခဲ့ပေမဲ့မအောင်မြင်ခဲ့လို့အခုကချင်ကိုစခဲ့တာဘဲကချင်တိုက်ပွဲပြင်းထန် မှုကြောင့်ငြိမ်းချမ်းရေးယူထားတဲ့အဖွဲတွေပြန်ဆူပူလာမယ်၊ပြည်သူလူထုကဆန္ဒပြမှုတွေလုပ် လာမယ်၊ပါလီမန်ကလွှတ်တော်ကိုယ်စားလည်တွေမကြေနပ်မှုတွေများလာမယ်၊နိုင်ငံတကာ ကပိတ်ဆို့မှုတွေပြန်လုပ်လာမယ်ဆိုရင်တပ်မတော်ကသူတို့ရဲ့နေရာကိုပြန်ရဖို့လွယ်ကူသွား မယ်လို့ထင်နေသလား?အဲဒါဆိုရင်ကချင်တိုက်ပွဲကိုဒေါ်အောင်ဆန်းစုကြည်မပြောနဲ့ဘယ်သူမှတားလို့ရတော့မှာမဟုတ်ဘူး။ဘုရားသခင်ကယ်တော်မူပါ။

  2. Better late than Never.
    Nobel Peace Prize winnier should not be tonguetied for peace.

    • R u jealous to her for noble peace prize?(because,u always complaining to her.hahaI know I know)Min doe ye khan sar chat ko nar lal dal?Don’t worry, Zozam’s is next winner.

  3. Suu Kyi is not only hlutdaw member more importantly she is opposition leader and chairwoman of the NLD party. When Hlutdaw’s Committee fails, Suu Kyi must stand up and pointing her finger at the wrongdoing on the junta. That’s the real job of opposition leader in a democratic society. The helpless people were watching when she was unfairly treated by the dictators and now watching her every step of movement. This time, the people see different Lady who took long nap while her children are dying because of the assault from her other children. Suu Kyi is the hope. Suu Kyi is the mother of peace. Suu Kyi is the solution of political dialogue. Thein Sein fails politically but our hope never fades away because Thein Sein never was our hope but Suu Kyi is. Therefore, she must not change her spots.

  4. We believe in you,Daw Su. We all are responsible to get peace. Only when there is peace,there will be democrazy and posperity.

  5. Why ASSK difficultly voices about Kachin War, i think so late…,now rouge burma army thought, ASSK support theirs Operation of Carpet Bombing in Kachin Land. She should speak early 2011 or 2012. Right now about bad and poor situation in Kachin Land, EU , UK ,UN and USA should must re-sanction to Burma.

  6. There is nothing wrong with being a teacher. In this picture, Suu Kyi looks more like a teacher than a politician.

  7. ဒေါ်စုပြောတာ အတော်လေးနောက်ကျသွားတဲ့အတွက် စိတ်မကောင်းပါဘူး။ ကချင်တိုင်းရင်းသားတွေကြားမှာ ဒေါ်စုကိုအတော်လေးဝေဖန်ပြီးနေကြပါပြီ။ ကချင်ညီကိုများ နားလည်နိုင်ကြပါစေလို့ဆုတောင်းရမှာပဲ။ အင်းလေ.. သစ်ပင်ဆိုတာ ပိုမြင့်လေ ရာသီဥတုဒဏ် ပိုခံရလေပဲပေါ့။ ဒေါ်စုအပေါ်ထားခဲ့တဲ့ တိုင်းရင်းသားတွေရဲ့မေတ္တာ မလျော့ပါးပါစေနဲ့လို့ ဆုတောင်းပါတယ်။ အချိန်ကစကားပြောပါလိမ့်မယ်။

  8. တိုင်းရင်းသားအရေးကို ခေါင်းရှောင်ဖို့ မဖြစ်နိုင်ဘူး။ ဒါပေမယ့်လည်း လုပ်တဲ့ကိုင်တဲ့နေရာမှာ ကိုယ့်စည်းကိုယ် ထိန်းလုပ်ရတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောသည်။i agree with this Mother Su……

  9. ပြည်နယ်ပြည်မအားလုံးကိုစစ်တပ်ကပဲချုပ်ကိုင်ချင်တယ်လို့သာပြောင်ဖွင့်ပြောပါကွာ။လူတွေရောမြေပေါ်မြေအောက်ရေပေါ်ရေအောက်
    လေပေါ်လေအောက်အားလုံးလက်ဝါးကြီမယ်ခေတ်အဆက်ဆက်စစ်သားစစ်ထွက်ပဲအုပ်ချုပ်သွားမယ်လိုသာပြောင်ဖွင့်ပြောလိုက်ပါကွာ။
    မောင်ရဲထွဋ်ကြီးလဲသမ္မတကိုယ်ရေးအရာရှိဆိုပြီးအသံကောင်းဟစ်မနေပါနဲ့ပြောင်လိမ်ပြောင်စားတွေမှန်းပြည်သူလူထုတရပ်လုံးကသိပြီး
    သားနိုင်ငံတကာစစ်တပ်တွေကသာတို့ပြည်သူဘက်ကနေလက်နက်အင်အားလူအင်အားနဲ့ရပ်တည်ပေးကြည့်ပါ့လားမင်းတို့လိမ်နေတဲ့
    အသံတွေရယ်မင်းတို့တို့မြေပေါ်မှာတစက္ကန့်တောင်မထားဘူးတိုက်ထုတ်ပစ်မယ်။စစ်အာဏာရှင်နိုင်ငံတွေပြည်သူလူထုကိုလူမျိုးတုန်ဖိနှိပ်
    အုပ်ချုပ်နေခြင်းများအတွက်ကုလသမဂ္ဂအနေနှင့်ပြည်သူများအပေါ်အာဏာသုံးဖိနှိပ်ခြင်များကာကွယ်တားစီးနိုင်သည့်ဥပဒေများပြဌာန်း
    ကာလိုအပ်လျှင်နိုင်ငံတကာတပ်ပေါင်းစုများနှင့်အာဏာတိုက်ယူကာပြည်သူလူထုလက်သို့ပြန်လည်ပေးအပ်နိုင်သည့်မူဝါဒများချမှတ်ကျင့်
    သုံမှသာတကမ္ဘာလုံးတရားမျှတငြိမ်းချမ်းသောအရသာကိုပြည်သူပြည်သားတို့ခံစားရပေမည်