တွေ့ဆုံဆွေးနွေးရန် အစိုးရ ကမ်းလှမ်းထား၊ KIO အကြောင်း မပြန်သေး | ဧရာဝတီ
သတင်း

တွေ့ဆုံဆွေးနွေးရန် အစိုးရ ကမ်းလှမ်းထား၊ KIO အကြောင်း မပြန်သေး

Hits:5,676
  | |

KIO နှင့် အစိုးရ ကိုယ်စားလှယ်များ တရုတ်နိုင်ငံ ရွှေလီမြို့ကျင်းချန်း ဟိုတယ်တွင် ယခုနှစ် အောက်တိုဘာ ၃၀ ရက်က တွေ့ဆုံစဉ် (ဓာတ်ပုံ – နန်းသီရိလွင် / ဧရာဝတီ)

ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် မြန်မာ အစိုးရတပ်များအကြား စစ်ရေး တင်းမာနေစဉ် လာမည့်နှစ် ဇန်န၀ါရီလဆန်းပိုင်း၌ နိုင်ငံရေး တွေ့ဆုံဆွေးနွေးရန် အစိုးရဘက်က ကမ်းလှမ်းထားပြီး ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) ဘက်မှ အကြာင်းမပြန်နိုင်သေးကြောင်း သိရသည်။

အစိုးရအနေနှင့် နှစ်ဖက် ကိုယ်စားလှယ်များ သွားရောက်နိုင်မည့် ကချင်ပြည်နယ် ဗန်းမော်မြို့ သို့မဟုတ် ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့တွင် တွေ့ဆုံရန် အဆိုပြုထားပြီး ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) ခေါင်းဆောင်များထံ ယခုလ ၁၃ ရက်နေ့က စာပေးပို့ထားကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင် ဦးစန်းအောင်က ဧရာဝတီသို့ ပြောသည်။

အစိုးရက ပေးပို့သည့်စာကိုလည်း KIO ခေါင်းဆောင်များ လက်ခံရရှိပြီး လတ်တလော တစုံတရာ အကြာင်းပြန်ကြားခြင်း မရှိသေးကြောင်းလည်း ၎င်းက ဆိုသည်။

KIO တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးလနန်က “စာရတာနဲ့ ချက်ချင်း အကြောင်းမပြန်တာကတော့ အဲဒီစာနဲ့ အတူ ထိုးစစ်က ရောက်လာတယ်။ အခုလည်း သူတို့ ထိုးစစ်ဆင်ဖို့အတွက် တော်တော်များများ အင်အားတွေ KIA ဗဟိုဘက်ကို ချဉ်းကပ်လာတဲ့ အထောက်အထားတွေ တွေ့ရတယ်၊ အဲဒီကိစ္စတွေ အလုပ်များနေတဲ့အခါမှာ အကြောင်းပြန်ဖို့ နှောင့်နှေးသွားတာပါ” ဟု ပြောသည်။

အချိန်နှင့် နေရာကို KIO ခေါင်းဆောင်များနှင့် ညှိနှိုင်းဆွေးနွေးပြီးမှသာလျှင် သိရမည်ဖြစ်ပြီး လတ်တလောတွင် အစိုးရထံသို့ အကြောင်းမပြန်ရသေးကြောင်း သိရသည်။

“ဒါကတော့ တွေ့ပြီးတော့မှ ဖြေရှင်းရမယ့် ကိစ္စတွေပါ၊ တွေ့တဲ့ နေရာမှာလည်း အစိုးရဘက်ကနေပြီးတော့ သူတို့ အမြဲလိုချင်နေတဲ့ပုံစံ မဟုတ်ဘဲနဲ့ တိုင်းရင်းသားတွေဘက်က ဘာတွေ စဉ်းစားတယ်ဆိုတဲ့ အချက်လည်း သူတို့ထည့်ပြီးမှပဲ စဉ်းစားလာအောင် ကျနော်တို့ ကြိုးစားရမှာပဲ” ဟု ၎င်းက ဆိုသည်။

ယခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့က ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဋ္ဌဖြစ်သူ သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း နှင့် KIO ခေါင်းဆောင်များ တရုတ်နိုင်ငံ ရွှေလီမြို့တွင် နောက်ဆုံး တွေ့ဆုံခဲ့စဉ် နှစ်ဖက်တပ်များ တင်းမာနေသည့် စစ်ရေးကိစ္စ ပြေလည်စေရန် နိုင်ငံရေးတွေ့ဆုံရန် စီစဉ်ခဲ့သည်။

စစ်ရေးတင်းမာမှုကြောင့် KIO နှင့် အစိုးရတပ်အကြား တိုက်ပွဲများ ယနေ့ ဖြစ်ပွားခြင်း မရှိကြောင်း၊ KIA ဗဟို ဌာနချုပ်နှင့် ၁၅ မိုင် အကွာတွင် အစိုးရက စစ်ရေးပြင်ဆင်ထားကြောင်း သိရသည်။

ကချင်အမျိုးသမီး အစည်းအရုံး – ထိုင်းနိုင်ငံ (KWAT) အဖွဲ့မှ မွန်နေလီက “ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ အကြိမ်ကြိမ် လုပ်တယ်၊ စစ်ပွဲတွေက မငြိမ်းဘူး ဆိုတော့ တကယ် ခံစားရတာက ပြည်သူလူထုတွေဖြစ်တယ်။ အဓိက အမျိုးသမီးနဲ့ ကလေးငယ်တွေ။ တိုက်ပွဲဖြစ်ပြီးဆိုလို့ရှိရင်လည်း အမျိုးသမီးနဲ့ ကလေးငယ်တွေ ပိုပြီး ခံစားရတယ်။ ဆွေးနွေးပွဲတွေ အကြိမ်ကြိမ်လုပ်ပြီးမှ တကယ်ပဲ မြန်မာနိုင်ငံ ငြိမ်းချမ်းမှုကို ဖော်ဆောင်နိုင်တဲ့ ရလဒ်ကို ဖြစ်စေချင်တယ်” ဟု ပြောသည်။

တွေ့ဆုံဆွေးနွေးရာတွင် KIO နှင့် အစိုးရ နှစ်ဖက်ကိုယ်စားလှယ်များ အနေနှင့်လည်း အဓိက လိုအပ်နေသည့် ပြဿနာ အကြောင်းအရင်းကို သေသေချာချာ ဆွေးနွေးအဖြေရှာသင့်ကြောင်း သူက ဆိုသည်။

မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ ဒဲရက် မစ်ချယ်သည် KIA နှင့် အစိုးရတပ်တို့ ဆက်လက်ဖြစ်ပွားနေသည့် စစ်ပွဲများ အဆုံးသတ်ရေးနှင့် ဒုက္ခသည်များ ကူညီရေး အတွက် မြစ်ကြီးနားမြို့သို့ မကြာသေးခင် ရက်ပိုင်းက သွားရောက် လေ့လာခဲ့သည်။

မစ္စတာ ဒဲရက် မစ်ချယ်သည် ကချင်လူမှု အခြေပြု အဖွဲ့အစည်းများနှင့် တွေ့ဆုံပြီး ကချင်ဒေသတွင်း စစ်ပွဲများ အဆုံးသတ်ရေးနှင့် စစ်ပြေး ဒုက္ခသည်များ ကူညီထောက်ပံ့ပေးရေး ကိစ္စများကို ဆွးနွေးရန် သွားသည့်နေ့တွင် ဖားကန့်မြို့နယ်ရှိ ကာမိုင်း ရဲစခန်းကို KIA က ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် တဦး အပါအ၀င် ၃ ဦး သေဆုံး၍ ၁ ဦး ဒဏ်ရာရသည့် အပြင် KIA တပ်ဖွဲ့ဝင်များက မိုးကောင်း ချောင်းကူးတံတားကိုလည်း မိုင်းခွဲဖျက်ဆီးခဲ့သည်။


WSJ LIVE VIDEO:

7 Responses

Leave a Reply

  1. I think kio have problem with 20 million dollars loose from china support if they have peace with myanmar government

    • How much (%) did u get from China or Gov or KIA…. ? Actualy KIO has no proble… Problem is a person like u. just doing nothing.. for IDP (War Victims) or Myanmar (I guess)…

    • ပေါက်စ

      အင်တာနက်သုံးပြီး ဗဟုသုတမရှိတဲ့ငတုံးတွေအတွက် လင့်ခ် ပေးလိုက်တယ်။ဖတ်ကြည့်လိုက်။
      http://www.burmese.panglong.org/news/85-2008-08-01-03-14-40/3749—-kia——-.html

      • ပေါက်ကြီး

        အော်..ပေါက်စ ရယ်…။ မင်းမလဲ သူများကိုပေးဖတ်စေချင်တဲ့ စေတနာရှိရိုးမှန်ရင် နားဝင်ချိုအောင်ရေးတတ်မှပေါ့ခလေးရယ်။ မင်းပြောပုံနဲ့ ကြည့်ချင်တဲ့သူကတောင် ငတုံးဖြစ်မှာကြောက်လို့ ကြည့်ရဲကြမှာမဟုတ်ဘူး။ မင်းပြောပုံက မင်းကတော့ဗဟုသုတရှိတယ်ပေါ့လေ။ ကိုယ့်ကိုကိုယ်ဖော် မသူတော်တဲ့ ကြားဖူးသလား။ မင်းကိုယဉ်ကျေးလိမ္မာသင်တန်းကိုအရင် မပို့ခဲ့မိတာ ဒို့လူကြီးတွေရဲ့ အပြစ်ဖြစ်နေပြီ။

  2. We think KIO /KIA should accept goverment ‘s offer. People are very poor now. We ask both sides to try to get peace. Please take care of the people.

  3. ဘယ်သူမှန်မှန်မှားမှား စစ်ရပ်စဲဖို့ စုပေါင်းကမ်ပိန်းလုပ်ကြပါစို့။ အမေရိကန်တွေ ဗီယက်နမ်နဲ့ တိုက်တုန်းကလဲ ဒီလိုလုပ်ခဲ့ကြတာပဲ။ စစ်သားသေတာ မဆန်းဘူး စစ်တိုက်တယ်ဆိုတာ သေတတ်တယ်။ အပြစ်မဲ့ပြည်သူတွေ သေတာ ရွာလုံးကျွတ်နှစ်နဲ့ချီပြေးနေရာ တာ ရပ်သင့်ပြီး။ နိုင်ငံရေးသမားတွေလဲ ဆွံ့အနားမကြားဖြစ်နေကြတယ်။ မဲရွေးပွဲရောက်ရင် ပြည်သူကို ချက်ချင်း ဟိုဟာလုပ်ပေးမယ် ဒီဟာလုပ်ပေးမယ်နဲ့။ နောက်ဆုံးတော့ သိန်စိန်နဲ့ ရွှေမန်းကို ချီးမွန်းတာပဲ လုပ်တတ်တယ်။ အဖွဲ့စည်းတွေလဲ ဟိုနေ့ဒီနေ့တွေ ကို နာမယ်ကြီး ဟိုတယ်မှာ တခမ်းတနား ငွေဖြုန်းနေမယ့်အစား။ စစ်ရပ်စဲအောင်တခုခု ဦးဆောင်သင့်ပါတယ်။ ရခိုင်အရေးလဲ ဘာမှမပြော ကချင်အရေးလဲ ဘာမှမပြော၊ လက်ပန်တောင်းလဲ မသိသလိုနေရင် ခင်ဗျားတို့လဲ ဒီပုပ်က ဒီပဲတွေပဲလို့ ပြောရပါလိမ့်မယ်။

  4. စစ်ပွဲတွေ မရပ်သေးဘဲ နိုင်ငံရေးပဲ ဆွေးနွေးမယ်လို.ပြောရတာ ဒီလိုဒီလို ရှောင်ရ တိမ်းရ အောင်လို.ပါ။ အချိန်ဆွဲရင် စစ်တပ်က ဘာလုပ်မယ်ဆိုတာ သိပြီးသားလေ။ ဒါမွ ကမ ၻာက
    အပြစ်တင်မယ်၊ပြန်ရှင်းရမယ်၊အချိန်ပေးရမယ်။ အချိန်ဆွဲနိုင်လေ သစ်ပိုထုတ်လို.ရလေပဲ၊ တရုပ်လောပန်း တွေကိုသေချာမှာထားတယ် ဒီနှစ်ပဲ နောက်ဆုံးထုတ်လို.ရမယ် တဲ့။ တရုပ် ကKIA ကိုမထောက်ပံ့တော့ဘူး လို.ပြောတာ ဘူလေးလဲ၊အဲဒါ ဘူလေးလဲ။