အင်တာဗျူး

ကချင်စစ်ပွဲအပေါ် သူတို့အမြင်

Hits:6,310
  | |
Print This Post

ဇန်နဝါရီလ ၁ ရက် နေ့က ကချင်ထိုးစစ်များ အတွက် ရန်ကုန်တွင် ဆန္ဒထုတ်ဖော်စဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

တကျော့ပြန် ဖြစ်ပွားနေတဲ့ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နဲ့ အစိုးရတပ်မတော်တို့ အကြား တိုက်ပွဲတွေဟာ တနှစ်ခွဲကျော် ကြာလာခဲ့ပြီး ပိုမိုအရှိန်မြင့် လာနေပါတယ်။ နှစ်ဘက်အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အလားအလာတွေလည်း မှေးမှိန်လာနေပါတယ်။ ဒီစစ်ပွဲကို ဘယ်လိုရပ်နိုင်မလဲ ဆိုတာ ငြိမ်းချမ်းရေး ဆွေးနွေးဝိုင်းများနဲ့ တိုက်ရိုက် သက်ဆိုင်သူများရော၊ တိုက်ရိုက် မသက်ဆိုင်ပေမယ့် နိုင်ငံရေးအရ အရေးပါသူများကိုပါ ဧရာဝတီ အယ်ဒီတာအဖွဲ့ဝင် သာလွန်ဇောင်းထက်က ဆက်သွယ် မေးမြန်းထားတာကို စုစည်းတင်ပြအပ်ပါတယ်။

ဦးလနန်
KIA ပြောခွင့်ရပုဂ္ဂိုလ်

ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အလားအလာတော့ မသိဘူး။ နိုင်ငံရေး ဆွေးနွေးပွဲကတော့ မျှော်လင့်ချက် မရှိဘူး။ ကျနော်တို့ ပြောနေတာက နိုင်ငံရေး ဆွေးနွေးမှုပါ။ ငြိမ်းချမ်းရေး ဆွေးနွေးမှု မဟုတ်ဘူး။ နိုင်ငံရေး ဆွေးနွေးမှု ပြုလုပ်ပြီး အဖြေရှာမှသာ လျှင် ငြိမ်းချမ်းရေး ရရှိမယ် ဆိုတဲ့ကိစ္စ ပြောတာပါ။ ငြိမ်းချမ်းရေး ဆွေးနွေးပြီး မှသာ အဆင်ပြေမယ် ဆိုတာထက် နိုင်ငံရေး ဆွေးနွေးပြီးမှ ငြိမ်းချမ်းရေးဆိုတဲ့ အဆင့်ကို ရောက်မှာပါ။

အာဏာရ ရယူထားတဲ့ အစိုးရအဖွဲ့နဲ့ တိုင်းရင်းသား အဖွဲ့တွေကြားမှာ နိုင်ငံရေး ဆွေးနွေးမှုကတော့ လုပ်ကိုလုပ်ရ မှာပါ။ နိုင်ငံရေး ဆွေးနွေးမှုကတော့ မဖြစ် ဖြစ်အောင်ကို လုပ်ရမှာပါ။ ဒါပေမယ့် အစိုးရကတော့ တောင်းဆိုမှုတွေ အပေါ် စိတ်သဘောထား မှန်မှန်ကန်ကန်နဲ့ ဖြေရှင်းတာမျိုး၊ နိုင်ငံရေး နည်းလမ်းနဲ့ ပြေလည်အောင် ဖြေရှင်းတာမျိုး သူတို့ သဘောဆန္ဒ မရှိဘူး။ အဲဒါကြောင့်ပဲ ပြည်တွင်းစစ်က ယနေ့ ကာလအထိ ကြာရှည်ရတာပါ။

စစ်ရေးနည်းနဲ့ ဖြေရှင်းမှုက ပြသနာကို ပိုပြီးတော့ များပြားစေမယ့် ရှည်လျားစေမယ့် ကိစ္စ ပါ။ KIAက အမြဲတမ်း ပြောနေတယ်။ စားပွဲပေါ်မှာ နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းရမယ့် ကိစ္စပဲ။ အခုလည်း အဲဒီလိုပဲ လက်ခံထား တယ်။ ဒီ ကိစ္စပြေလည်ဖို့ ဆိုရင်တော့ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံရေး ဆွေးနွေးမှုကတော့ လုပ်ကိုလုပ်ရမယ်။ တဖက်က ပိတ်ထားတယ် ဆိုရင်လည်း နိုင်ငံရေး ဆွေးနွေးမှုတံခါးကို ပွင့်အောင်လုပ်ရမယ်။ တိုင်းရင်းသား အနေနဲ့ကတော့ ကြိုးစားရမယ်။ ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဦးအောင်မင်းတို့ဘက်က ဆွေးနွေးပွဲ အတွက် ကမ်းလှမ်းတာမျိုး တိုက်ပွဲ ကာလ အတွင်းမှာ မရှိဘူး။

ဦးလှမောင်ရွှေ
ပြည်ထောင်စုငြိမ်းချမ်းရေး အကျိုးဆောင်

ဆွေးနွေးပွဲကနေ အဖြေရှာဖို့ အစိုးရဘက်ကနေ တောက်လျှောက် ကမ်းလှမ်းနေတာပဲ။ ကျနော်တို့က စက်တင်ဘာ ၃၀ ရက်နေ့ အစည်းအဝေးမှာလည်း ကမ်းလှမ်းတယ်။ နိုဝင်ဘာလ လုပ်ဖို့ ကမ်းလှမ်းတယ်။ တလလုံး စောင့်တယ်။ မရတဲ့အတွက် ဒီဇင်ဘာလမှ တရားဝင်စာနဲ့ ကမ်းလှမ်းတယ်။ ကျနော်တို့ PCG (Peace Creation Group) ငြိမ်းချမ်းရေး အကျိုးဆောင်တွေကလည်း ကမ်းလှမ်းတယ်။

အခုလည်းပဲ UNFC (United Nationality Federation Council) (ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ကောင်စီ) ကတဆင့် ဆွေးနွေးဖို့ ထပ်ကမ်းလှမ်းတယ်။ လွန်ခဲ့တဲ့ ၃ ရက်က လည်း ကမ်းလှမ်းထားတယ်။ နှစ်သစ်ကူးပြီးရင် နိုင်ငံရေး ဆွေးနွေးပွဲ လုပ်လိုပါတယ်။ ရက်ကို လူကြီးမင်းတို့ အားမယ့် ရက်ကို အကြောင်းပြန် ပေးပါ ဆိုတာကို ပို့ထားတယ်။ PCG ကို တောက်လျှောက်ပြောနေတယ်။ မီဒီယာမှာ ဟိုဘက် ဒီဘက်ပြောလို့ရတဲ့ ငြိမ်းချမ်းရေး ကျနော်ကမ္ဘာပေါ်မှာ မဖတ်ဖူးသေးဘူး။ Blame Game နဲ့ ငြိမ်းချမ်းရေး ရတာလည်း မတွေ့ဖူး သေးဘူး။ တွေ့ဆုံဆွေးနွေးရေးကသာ ငြိမ်းချမ်းရေးရမယ့် လမ်းစဉ်ပဲ။ တွေ့ဆုံ ဆွေးနွေးရေး ကို တွန်းနေတာ။

ဒေါက်တာအေးမောင်
ဥက္ကဌ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ

မီးစတဖက်၊ ရေမှုတ်တဖက်ကတော့ မကောင်းဘူး။ ငြိမ်းချမ်းမှု တကယ်လိုချင်ရင် မငြိမ်းချမ်းတာတွေကို ဆွေးနွေး နိုင်အောင် လုပ်ရမယ်။ ပြည်တွင်း စစ်ရပ်ဖို့ လိုတယ်။ အခု စစ်တပ်က တောင်ကုန်း တခုကို လေကြောင်းပစ်ကူပြီး သိမ်းလိုက်တယ် ဆိုတာ ထာဝရ အောင်မြင်မှု မဟုတ်ပါဘူး။

အမြဲတမ်း ငြိမ်းချမ်းရေး လိုချင်တယ်၊ နှစ်ပေါင်း ၆၀ ကျော် ပဋိပက္ခငြိမ်းချမ်းချင်တယ် ဆိုရင် တိုက်ပွဲနည်းနဲ့ မရဘူးဆိုတာ နားလည်ကြဖို့လိုပါတယ်။ တွေ့ဆုံ ဆွေးနွေး ကြဖို့ လိုပါတယ်။ တနေရာကို သိမ်းလိုက်လို့ အဲဒီနေရာက ထာဝရ ပိုင်ဆိုင်သွားတာမဟုတ်ဘူး။ ငြိမ်းချမ်းသွားတာ မဟုတ်ဘူး။ ဒီနေ့သိမ်း၊ မနက်ဖြန် ထိန်းနိုင်ပါ့မလား။ တဒင်္ဂတွေပါ။ အာဏာဆိုတာကလည်း ခဏလေးပါ။ အောင်မြင်မှု ဆိုတာလည်း ခဏလေးပဲ။ ထာဝရငြိမ်းချမ်းဖို့ ဆိုရင် ဆွေးနွေးကြဖို့ အရေးကြီးပါတယ်။

ဦးဇိုဇမ်
ဥက္ကဌ၊ ချင်းအမျိုးသားပါတီ

အခုလက်ရှိအချိန်က KIA နဲ့ အစိုးရ အတွက် အင်မတန် အရေးကြီးပြီး အထိအခိုက် လွယ်တဲ့အခြေအနေ ရောက်နေပြီ။ ပွင့်ပွင်းလင်းလင်း ပြောရမယ် ဆိုရင် ကချင်နဲ့ အစိုးရနဲ့ ကြားမှာက တော်တော့်ကို ကွာဟချက် ကြီးမား နေတယ်။ မနည်းကို အလုပ်လုပ် ရဦးမယ်။ နားလည်မှု လုံးဝ လွဲနေကြတယ်။ သမ္မတရဲ့ ထိုးစစ်မဆင်နဲ့ ဆိုတဲ့ အမိန့်ကိုလည်း တပ်ဘက်က မနာခံကြဘူး။ မနာခံတဲ့ အပေါ်မှာ စိုးရိမ်စရာတော့ ဖြစ်နေပြီ။ ကချင်တွေက မြစ်ကြီးနားကို လာတိုက်တာ မဟုတ်ဘူး။ KIA စခန်းတွေကို တပ်မတော်က သွားတိုက်နေတာ။ ကိုယ့်တပ် ကိုယ့်စခန်းမှာနေရင် ဘာမှမဖြစ်ဘူး။ တပ်မတော်ဘက်က မှားမယ်လို့ ထင်တယ်။ ကိုယ့်ဟာကိုယ်နေရင် ဘာမှဖြစ်မှာမဟုတ်ဘူး။

ဒေါက်တာ တူးဂျာ
ဥက္ကဌ၊ ကချင်ပြည်နယ် တိုးတက်ရေးပါတီ (KSPP)

အခုထိုးစစ်တွေ ရပ်တန်းက မရပ်ရင်၊ ချေမှုန်းတဲ့ ပုံစံမျိုး ဆိုရင်တော့ အများကြီးထိခိုက်သွားမယ်။ အခု စစ်တပ်က သိမ်းတဲ့ တောင်ကုန်း ဆိုတာကလည်း စစ်ရေးအရ မဟာဗျူဟာအရ ပွိုင့်ကျနေတော့ သူသိမ်း၊ ကိုယ်သိမ်း ဖြစ်နေတာပေါ့။ ဒါပေမယ့် အခု အခြေအနေမှာ အခုအဆင့်မှာ အပစ်အခတ် ရပ်စဲမယ်။ ရှေ့ဆက်မတိုးဘဲ ညှိနှိုင်းကြမယ် ဆိုရင် ငြိမ်းချမ်းရေး ဖြစ်နိုင် သေးတယ်။ တုတ်ပြပြီး စည်းရုံးတာက အဖြေမထွက် နိုင်ဘူး။ အခြေအနေ ပိုဆိုးသွားလိမ့်မယ်။ မုန့်ပြ စည်းရုံးတာက အဆင်ပြေစေ လိမ့်မယ်။ ဒီအတိုင်း ဆက်တိုးသွားရင်တော့ယုံကြည်မှု တည်ဆောက်ဖို့ တော်တော်ခက်သွားလိမ့်မယ်။

ဦးနိုင်ငွေသိန်း
ဥက္ကဌ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ

အရင်ကတည်းက စစ်ပွဲတွေရပ်ဖို့ ကြေညာချက် ထုတ်ထားပြီးသား ပဲ။ ကျနော်တို့ ပြောပေမယ့် ဘယ်သူမှ စစ်ပွဲ မရပ်ကြ ဘူး။ မွန်ပါတီ အနေနဲ့ရော၊ တိုင်းရင်းသား တယောက် အနေနဲ့ရော ပြောရမယ်ဆိုရင် ကချင်ပြည်နယ်က တော်တော် ဆင်းရဲ ကြတယ်။ သနားဖို့ ကောင်းတယ်။ ဒုက္ခသည်တွေ အတွက် စဉ်းစားမိရင် စိတ်မကောင်းဘူး။ ဒါ လုံးဝ မဖြစ်သင့်ဘူး။ အခုလို တိုက်နေတယ် ဆိုတာ ကြီးသူက ငယ်သူကို ညှင်းဆဲတဲ့သဘော အများကြီးပါတယ်။ ငြိမ်းချမ်းရေး အလားအလာကိုတော့ သံသယ ရှိတယ်။ ငြိမ်းချမ်းရေး လုပ်ပေမယ့် နိုင်ငံရေး ဆွေးနွေးပွဲ မရှိတဲ့အခါ အပစ်အခတ် ရပ်စဲရေး ပျက်သွားတယ်။ ပျက်သွား ပြန်တော့ တခါပြန်စ။ တိုင်းရင်းသားတွေ အနေနဲ့ အစိုးရ အပေါ်မှာ သံသယဖြစ်လာပြီ။ ဦးသိန်းစိန် အစိုးရကို တောင်မှ သံသယ ဖြစ်နေတယ်။ နောက်ပြန်လှည့်မှာလား။ သဘောထားမှန်ရဲ့လား သံသယရှိတယ်။

ဦးအုန်းကြိုင်
ပြန်ကြားရေးတာဝန်ခံ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ကျနော် ပြောချင်တာက တော့ စစ်ရှိန်မြှင့်လာတဲ့ အပေါ်မှာ အဖွဲ့ချုပ် အနေနဲ့ ဆိုရင်တော့ အဖွဲ့ချုပ်က တစုံတရာပြောဖို့ ကျနော့်မှာ ဘာမှသိထားတာ မရှိသေးပါဘူး။ တဦးတည်း ပုဂ္ဂိုလ်အမြင်အရ ဆိုရင်တော့ ရွေးကောက်ပွဲကြေညာစာတမ်းမှာ ဒုတိယမြောက် ဖော်ပြထားတာက ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်ပါတယ်။ ပြည်တွင်း ငြိမ်းချမ်းရေး ကြိုးပမ်းနေတဲ့ အထဲကပဲ နှစ်ကုန်ခါနီးမှာ အခုလို စစ်ရှိန်မြှင့်လာ တာကနေ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတဲ့ အတွက် အရမ်းစိုးရိမ်ပါ တယ်။ ခက်တာက အခြေအနေ သတင်း အတိအကျဆိုတာ ကလည်း မီဒီယာတွေကပဲ သိနေရတာဆိုတော့ ဘယ်လိုအခြေအနေ လဲဆိုတာ မသိပါဘူး။ သေချာတာတခုကတော့ မြန်မာနိုင်ငံမှာ ပြည်တွင်း ငြိမ်းချမ်းရေး ဆိုတာ မရဘဲနဲ့ နိုင်ငံ့ဖွံ့ဖြိုးဖို့ဆိုတာ စိတ်ကူးယဉ် တာပဲ ဖြစ်ပါလိမ့် မယ်။ အဲဒါ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ တကယ် နိုင်ငံဖွံ့ဖြိုး တိုးတက်ဖို့ ဆိုရင်တော့ စစ်ပွဲရပ် ဖို့ ကြိုးစားရပါ လိမ့်မယ်။

ဦးဇော်ဌေး
နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး

အလားအလာ ကောင်းမှာပါ။ နည်းနည်းလေးတော့ ခက်သွားမှာပေါ့။ လတ်တလော ဖြစ်ပွားနေတဲ့ ဟာတွေ အမြန်ဆုံး လျော့ပါး သွားမယ်လို့ မျှော်လင့်တယ်။ နည်းနည်းလေး စစ်ရှိန်လျော့သွားရင် ပြည်သူတွေရဲ့ အပြောင်းအရွှေ့ အနေအထိုင်တွေ အရေးတကြီး လိုအပ်လာ မယ်။  နှစ်ဦး နှစ်ဖက်တွေ့ဆုံဆွေးနွေးတာ မပြီးပြတ်ရင် နောင်လည်း ဆက်ဖြစ်နေမှာပဲ။ နှစ်ဖက်စလုံး တွေ့ဆုံဆွေးနွေး ကြမယ်၊ Dialogue လုပ်မယ်။ အစိုးရဘက်က တောက်လျှောက် လမ်းဖွင့်ထားတယ်။

ဒေါ်မိဆူးပွင့်
ဗဟိုကော်မတီဝင်၊ ABSDF

မြောက်ပိုင်း ကချင်ဒေသမှာ ကျောင်းသားတပ်မတော်က ရှိနေပါတယ်။ တချိန်တည်းမှာပဲ အဲဒီလို ထိုးစစ်တွေရှိနေတဲ့ နေရာတိုင်းမှာ မကဒတ ကျောင်းသားတပ်မတော်ဟာ ရှိနေတဲ့အတွက် တိုက်ပွဲတွေထဲမှာ ပါဝင်နေရတာ ဘာကြောင့်လဲ ဆိုရင် မကဒတ အပစ်အခတ်ရပ်ဆဲရေးကို သဘောတူညီချက် ယူထားတဲ့ အဖွဲ့မဟုတ်လို့ပဲ ဖြစ်ပါတယ်။ ခုလက်ရှိ ခုခံစစ်၊ ထိုးစစ်တွေ လုပ်နေတဲ့ ဒေသမှာ ABSDF ရှိနေတဲ့အတွက်  ပါဝင်တိုက်ပွဲ ဆင်နေရမှာပဲဖြစ်တယ်။ တဘက်မှာ ABSDF ဗဟို ကော်မတီအဖွဲ့အနေနဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်တွေမှာ ပူးပေါင်းပါဝင်ဖို့ ကြိုးစား လုပ်ဆောင်နေခြင်းဟာလည်း လက်နက်ကိုင်ပြီး တိုက်ပွဲဝင်တဲ့ အဖွဲ့အစည်းဖြစ်ပေမဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေး စကားပြောခြင်းနဲ့ဟာ ဖြေရှင်းလိုတဲ့အတွက် ဖြစ်ပါတယ်။

ဦးကြည်မြင့်
လသာမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်

နှစ်ဦး နှစ်ဖက်စလုံးက လိမ်လိမ်မာမာ ပါးပါးနပ်နပ်နဲ့ ဆွေးနွေးရမယ့် အချိန်ရောက်ပြီ လို့ထင်ပါတယ်။ စစ်ဆိုတာဖြစ်လာရင် လက်နက် ရောင်းမယ့် နိုင်ငံတွေနဲ့ အကျိုးအမြတ်ဖြစ်အောင် ထုတ်မယ့် နိုင်ငံတွေရှိနေတယ်ဆိုတာ သတိထား ကြစေချင်ပါတယ်။


WSJ LIVE VIDEO:

43 Responses

Leave a Reply

  1. Federal state is the only answer for United Burma!
    Some people don’t understand Federation because of lack of good education for more than 50 years and the only thing the people knew on federation is by the words of the military bastards.
    Federation is actually decentralization of state power but not to break the country into pieces.
    The only intention of these military bastards for not accepting federation is that they want to hold power and rule the country. If they have no power, it will be like that “စစ်သားနိုင်ငံရေးမလုပ်ရင် ကတော်တွေနေ့တိုင်းဘဲဥဟင်းစားနေရမှာပေါ့။” That’s why they can’t accept federation.
    If the people understand federation, they will know it is the best way and the only solution to unite the country. People should be educated on federation more especially those blind patriots.
    The following is the short explanation on Federation on Wikipaedia.
    A federation (Latin: foedus, foederis, ‘covenant’), also known as a federal state, is a political entity characterized by a union of partially self-governing states or regions united by a central (federal) government. In a federation, the self-governing status of the component states, as well as the division of power between them and the central government, are typically constitutionally entrenched and may not be altered by a unilateral decision of the latter.[1]
    http://en.wikipedia.org/wiki/Federation

    • How about U?Living in English speaking country and can speak english meaning Educated person?Eating fish and chip and talking own tune federal?

    • မြန်မာ တိုင်းရင်းသူ

      “စစ်သားနိုင်ငံရေးမလုပ်ရင် ကတော်တွေနေ့တိုင်းဘဲဥဟင်းစားနေရမှာပေါ့။”
      စစ်သား ပါဆိုမှ စစ်တပ်အလုပ်ပဲ လုပ်ရမယ်။ ဒါက နိုင်ငံတော် အချုပ်အခြာကို ကာကွယ်စောင့်ရှောက်ဘို့ပဲ။ နိုင်ငံရေး လုပ်ချင်ရင် နိုင်ငံရေး ပညာသင်ပြီး နိုင်ငံရေးသမားလုပ်။ စစ်တပ်ကို စွန့်။ ကတော်တွေလဲ စစ်သားယူကတည်းက ဘဲဥဟင်းတောင် စားဘို့ မမှန်းနဲ့။ ပဲဟင်းနဲ့ပဲ နှစ်ပါးသွားရဘို့ ပြင်ထား။

      တခြား လူသိများသူတွေ ပြောနေတာက ဝေ့လည်လည်နဲ့၊ ဦးကြည်မြင့် (လသာမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) ပြောသွားတာ အထိမိဆုံးပဲ။

      “နှစ်ဦး နှစ်ဖက်စလုံးက လိမ်လိမ်မာမာ ပါးပါးနပ်နပ်နဲ့ ဆွေးနွေးရမယ့် အချိန်ရောက်ပြီ လို့ထင်ပါတယ်။ စစ်ဆိုတာဖြစ်လာရင် လက်နက် ရောင်းမယ့် နိုင်ငံတွေနဲ့ အကျိုးအမြတ်ဖြစ်အောင် ထုတ်မယ့် နိုင်ငံတွေရှိနေတယ်ဆိုတာ သတိထား ကြစေချင်ပါတယ်။”
      ဦးကြည်မြင့် စကား သိပ်မှန်တယ်။ လက်နက် ရောင်းချင်တဲ့ နိုင်ငံတွေက စစ်ပွဲ ဖြစ်အောင်၊ တိုက်ခိုက်မှုတွေ ဖြစ်အောင် မြှောက်ပေးနေကြမှာပဲ။ ဖျံနှစ်ကောင် အငြင်းပွားလို့ ကြားက မြေခွေး အကုန်စားသွားလိမ့်မယ်။

      • “စစ်သားနိုင်ငံရေးမလုပ်ရင် ကတော်တွေနေ့တိုင်းဘဲဥဟင်းစားနေရမှာပေါ့။”
        စစ်သား ပါဆိုမှ စစ်တပ်အလုပ်ပဲ လုပ်ရမယ်။ ဒါက နိုင်ငံတော် အချုပ်အခြာကို ကာကွယ်စောင့်ရှောက်ဘို့ပဲ။ နိုင်ငံရေး လုပ်ချင်ရင် နိုင်ငံရေး ပညာသင်ပြီး နိုင်ငံရေးသမားလုပ်။ စစ်တပ်ကို စွန့်။ ကတော်တွေလဲ စစ်သားယူကတည်းက ဘဲဥဟင်းတောင် စားဘို့ မမှန်းနဲ့။ ပဲဟင်းနဲ့ပဲ နှစ်ပါးသွားရဘို့ ပြင်ထား။

    • I believe in federal system but we can’t accept that KIO don’t want to cease fire. U Lannan said they don’t want peace dialogue and they only want political dialogue. Peace is the only solution now. People living in refugees camp are in hell now. We think KIO should accept goverment’s offer. Do they want to make more wars?please take care of the people.

      • The kachin are afraid of the peace talk. They prefer political dialogue because the governments (the military and current government) can’t accept the equity of all ethnic minority. We all can see that all ethnic minority are living in the deep abyss of poverty and underdevelopment for more than 50 years. These bastards military sold all the resources from the lands of ethnic minorities and became rich and their wealth can’t be spent over more than 1000 years. If the government accept federation, they can’t take away the resources like that and they need to do development at the land where resources exist. And there will be equity between main land and other areas. The political dialogue is to get the promise from the government for the equity between Bamar and other ethnics. If other ethnics don’t get that equity, the civil war will not finish

        • It is not fair to blame one sides. Both army and KIA arethe same. KIA get money by selling jades and golden teak to china. People living in border areas all know about that. These money go mostly to KIo-KIA leaders. So people are in poverty. KIA leaders are war-lords just like Than Shwe and Nay Win.

    • Sadu! Sadu! Sadu!

      Thadu! Thadu! Thadu!

      Amen! Amen! Amen!

      Yes! Yes! Yes!

  2. မောင်အေး

    ဆွေးနွေးတိုင်းသာ၇၇င် ဘယ်နိုင်ငံမှ စစ်တပ်မဖွဲ့ဘူး ကချင်တွေကို အပစ်၇ပ်ဖို့ကျ မပြောဘူး တစ်ဖက်သပ်ဘဲပြောနေကြတယ် တခြားအဖွဲ့တွေတောင် ဖြစ်သေးတာပဲ သူတို့ကြမှ ဘ၀င်မြင့်နေတာလား

    • The KIA did not come down to Myanmar territories and fire shots. Not a single. The Myanmars are going to the Kachinland and assaulting the Kachins. The KIA is to defend the Kachinland which had been betrayed by the Myanmar military dictatorship for decades. Kachinland is one of the signatories when founding the Union. The Kachins did nothing wrong to the Union, not a single thing. The Myanmar who are superior-minded have done damage to the Union. You must understand what was the reason endless conflict has been going on in the Union. All problems come from the Myanmars. The lack of trustworthiness of the Myanmars causes all these messes. Stop blaming the KIA or any ethnic groups. Blame your own family.

    • အောင်အောင်

      ကချင်ပြည်နယ်မှာ ကချင်မဟုတ်တဲ့ လူမျိုးတွေ အများကြီးရှိပါတယ် အဲဒီ လူတွေကိုလည်း မေးသင့်ပါတယ်။သူတို့ အသံကိုလည်း နားထောင်သင့်ပါတယ် လွတ်လပ်စွာ ပြောနိုင်ဖို့ တောလိုတာပေါ့။ ကချင်တွေရှေ့မှာတော့ မမေးနဲ့ ပေါ ဗျာ။

    • အောင်အောင်

      ကချင်ပြည်နယ်လူထုက စစ်ကိုမလိုလားပါ။ ရန်ကုန်အပါအဝင် မြို့ ကြီးများ တွင် စစ်ပွဲရပ် ရေး ဖော်ထုတ် သလို လိုင်ဇာ မှာ kia ကိုတောင်း ဆိုသင့်တယ်။ ကိုမြအေးတို့  ကိုယ်တိုင်ဦး ဆောင်ပေါ့ ဗျာ ကြုံတုန်းမို့ ပါ ။media တွေလည်းသွားသတင်းယူပေါ့ဗျာ။ လွပ်လွပ်လပ်လပ် လုပ်ခွင့်ကို kia ကပေးမယ်လို့ ယူဆရင်ပေါ့။ ဒါက အခုဖြစ်နေတဲ့ ပြသနာရဲ့  အဖြေတစ်ခု ကိုတော့ ရမှာပါ။ အမှန် အတိုင်းပြောရရင် ကျွန်တော်ကတော့ မသွားရဲဘူးဗျို့ ။ ခင်ဗျားတို့ ရောဘယ်လိုလဲ?

    • pps၁၂၃၄၅

      ကိုမောင်အေး
      မှန်ပါသည်။ ဒီစကားမျှိုး သခင်သန်းထွန်း လည်း မကြာခဏပြောခဲ့ ဖူးသည်။ဂဋ္ဌုန် ဦးစော လည်း မကြာခဏ ပြောခဲ့ဖူးသည်။
      သို့သော် နောက်ဆုံး ရလဒ် က ပြည်သူ နှင့် ဝေးကွာခြင်းပါ။

  3. pps၁၂၃၄၅

    ကိုလှမောင်ရွှေတို့ဘက် က ကို အုန်းမြင့်ကို ခေါ်လာပြီး သခင်အောင်ဆန်းကို ကချင်ခေါင်းဆောင်တွေက ဘာလုပ်ပေးခဲ့လို့ ပင်လုံစာချုပ် ချုပ် ဆိုခဲ့တယ် ဆိုတဲ့ ရိုင်းစိုင်းတဲ့ စကားတွေ စမပြောရင် ဒီစစ်ပွဲ ဆိုတာဖြစ်လာစရာတောင်မရှိဘူးကွာ။ ဘာငြိမ်းချမ်းရေး အကျိုးဆောင်လဲ။ မီဒီယာတွေ နှင့် ပေါင်းစား။
    ဦးဇော်ဌေး ကိုယ်တိုင်က ဝန်ထမ်းပဲလေ။ မြန်မာပြည်မှာ ဝန်ထမ်းတွေက နိုင်ငံရေး မလုပ်ရသလို ကိုယ်ပိုင်လွပ်လပ်ရေး လည်း မရှိပါဘူး ဆိုတာလူတိုင်းသိကြပါတယ်။ သူပြောဆိုခဲ့တာတွေကလည်း သူ့ boss တွေပြောခိုင်းတဲ့ ဟာတွေပဲဖြစ်မှာပါ။ ဗမာ့စစ်သားသားသမီး မီဒီယာ များသာ သူ့ကို အရေးကြီး သယောင်ယောင် လုပ်နေကြတာပါ။

  4. When the Pang Long Agreement was signed to found the Union of Burma, the Agreement guaranteed the equal footing for all the signatories. Therefore, the Kachin people must be respected and given equal footing today. The Burmese military has no business in the Kachinland. Self-determination must be granted by the Union on the Kachinland. The Kachins are asking to get it back today what was robbed by the Ne Win’s junta. The Kachins rightfully demanded to get it back what was lost in the hands of the Burmese traitors. So, the Kachins must be left alone peacefully on their own respective land.

    • I am not a burmese and I am living in border areas. To be a federal union,not only the goverment but also the ethnics group and people are also responsible. It is not time to blame each other. We ask both sides to gain peace.

      • God bless you and your wish. We all want to see peace, love and joy in the Union. No more assault. No more bloodshed. The Union of Burma is becoming hell. When we see new dawn in a new day, lets celebrate with a joyful noise.

  5. အစိုးရအနေနဲ့ အားလုံးကို သတိထားပါ ။ ဟိုလူ ဒီလူပြောတိုင်း
    နားမယောင် ပါနှင့် ဦးဇိုဇမ် ဆိုတဲ့ ကာတွန်းရေးဆရာ
    အခုမှ ကြီးကျယ်နေတာပါ ဘာမှ မဟုတ်ဘူး

  6. ဒီစစ်ပွဲမှာ အစိုးရကချည်းမှားနေတာလား
    ကေအိုင်အေ ရဲ့ ရည်ရွည်ချက်နဲ့ ဦးတည်ချက်ကဘာလဲ ပြည်သူကို ချပြပါလား ၊ ကေအိုင်အေပြောတဲ့ နို်င်ငံရေး ဆွေးနွေးပွဲဆိုတာဘာလဲ ၊ ကေအိုင်အေက ဘာလို့ ကချင်နိုင်ငံ ပက်စ်ပို့ ထုတ်တာလဲ

  7. ပါကြီးဖိုး

    သာမာန်ပြည်သူတစ်ယောက်အနေနဲ့ မီဒီယာကဖေါ်ပြသလောက်သာ သိရတာပါ။ ဒါကြောင့် အခြေအနေမှန်ကို အလုံးစုံမသိနိုင်ပါဘူး။ သို့ပေမယ့် အသေအချာ ပြောနိုင်တာက… စစ်ရေးအရ အသာစီးရအောင် ကြိုးစားလေ နှစ်ဖတ်စလုံး နစ်နာဆုံးရှုံးမှုများလေပါပဲ။ နစ်နာဆုံးရှုံးမှုများလေ တစ်ဖက်ကိုတစ်ဖက် နာကျည်းမုန်းတီးမှုများလေပါပဲ။ နာကျည်းမုန်းတီးမှုကြီးလေ အမြင်ကျဉ်းမှု အဆင်ခြင်ဥာဏ်နည်းမှုတွေ များလာလေပါပဲ။ ဒါတွေဟာ ငြိမ်းချမ်းရေးအတွက် အနှုတ်လက္ခဏာတွေပါ။ မြန်မာပြည်အတွက် ကံဆိုးခြင်းပါပဲ။

  8. အပ်ကြောင်းထပ်

    တရုပ်ပိုက်လိုင်းစီမံကိန်းအတွက် ကချင်ကို အပြုတ်တိုက်နေတာပါ။ စဉ်းစားဥာဏ်ရှိတဲ့သူတိုင်း တွေး ကြည့်နိုင်ပါတယ်။ တရုပ်နဲ့ပတ်သက်ပြီး အမှန်အတိုင်းမှတ်ချက်ရေးတိုင်း မကြာခင် ဖျက်ခံရပါတယ်။ ဧရာဝတီ က ဘာဖြစ်လို့ဖျက်တာလဲဆိုတာ ဧရာဝတီပဲ သိမှာပါ။ ဒါပေမယ့် အမှန်စဉ်းစားနိုင်အောင် ဆက်ရေးနေမှာပါပဲ။
    ဒီစီမံကိန်းနဲ့ပတ်သက်ပြီး ရခိုင်မှာ ပုဒ်မ ၁၄၄ ထုတ်နိုင်အောင် လုပ်တာပါပဲ။ မမျှော်လင့်ပဲ ရိုဟင်ဂျာက အခွင့်ကောင်းဝင်ယူလိုက်တာကြောင့် မှန်းချက်နဲ့ နှမ်းထွက် မကိုက်ပဲ ခုထိ ဘာလုပ်ရမှန်းမသိ ဖြစ်နေတာပါ။ တရုပ်ကလည်း အကြံမပေးတတ်တော့ဘူး။ ဒါကြောင့် မသိကျိုးကျွံလုပ်နေတာ။ (နောက်ဆုံးသတင်းအရ တရုပ်နယ်ထဲဗုံးဆန်ကျတာကို မြန်မာကို တိုင်တယ်တဲ့။ တကယ်တော့ မင်းတို့ဗုံးကြဲတာ ဟိုဘက်နည်းနည်းတိုးလိုက်ရင် ပွဲသိမ်းပြီလို့ ပြောလိုက်တာပါပဲ။)

  9. Ur nothing Zozam.You should know ur self first.

    • What part of Mr. Zo Zam’s words you don’t understand? I believe you are not really Zaw Sai. Zaw Seng might be a Kachin name, not Zaw Sai. Mr. Zo Zam’s comment is a decent one.

      • Do i need to register my name (spelling) as a car number plate?R u from Road and Traffic Authority?From immigration?I am a Bingali.

  10. မြန်မာပြည်သား

    စစ်အစိုးရ ကိုယ်စားလှယ်တွေက ဗိုလ်ချုပ်အောင်ဆန်း လောက်ရိုးသားလို့လား။

  11. အစိုးရကအမြဲတံခါးဖွင့်ထားပါတယ်တဲ့…
    ဖွင့်ထားတဲ့တံခါးက အ၀င်ပဲရှိပြီးထွက်ပေါက်မရှိတဲ့တံခါးမျိုးပါ…

  12. KIA ကအရင်က ဒီလိုမဟုတ်ဘူး တိုင်းပြည်နဲနဲ ပွင့်လာတော့
    တရုတ် အားကိုးပြီး ကြီးကျယ်နေတာ

    • Chinese sucker.kachin only have shit green stones for chinese.That all.Do not stop this war Mr,MAH.We agree for this war to clean Thaung Jan Thu KIA.

      • pps၁၂၃၄၅

        အစိုးရ သည်နှစ်စဉ် ကျောက်စိမ်း တန်ချိန်များစွာကို တရုတ်ပြည်သို့ရောင်းချခဲ့သည်။ အစိုးရသည် နှစ်စဉ် သစ်တန်ချိန်များများ စွာကို တရုတ်ပြည်သို့ရောင်းချခဲ့သည်။
        သို့သော် ဒေသခံများမွဲနေခြင်းသည် ဒီစစ်ပွဲ၏ ပြဿနာဖြစ်ပါသည်။

  13. မပြောမပြီး၊ မတီး မမြည်ဆိုသလို အားလုံးသိအောင်ပြောရမယ်ဆိုရင် -
    ၁။ DABကို သစ္စာဖေါက်ကျောခိုင်း၍ ပထမဦးဆုံး စေ့စပ်ကျေအေးခဲ့သူ
    ၂။ ဒီမိုကရေစီရေအတွက်ရောက်ရှိလာတဲ့ ငါတို့ရဲ့အထက်ဗမာပြည်ကျောင်းသားခေါင်းဆောင်
    ကို သူလျိုလို့ စွတ်စွဲပြီး ကိုယ်တူကိုယ့်သား ခေါင်းဆောင်မဖြစ်ရကောင်းလားဆိုပြီး အုံလိုက် ကျင်းလိုက် ကျောင်းသားသွေးကို ခြေဆေးခဲ့သူ
    ဒီတော့ ကိုယ်ပြုတဲ့ကံ ကိုယ်ထံပြန်လာတာပါဘဲ။

  14. ““ ကချင်ပြည်နယ်က စစ်ပွဲတွေရပ်လို့ ဆန္ဒပြတဲ့သူတွေကို ပြောပေးပါ။ ””
    ကချင်ပြည်နယ်ကအကြောင်းဘာမှမသိပဲ ဆန္ဒတွေထုတ်ဖော်မနေကြပါနဲ့။ ကချင်ပြည်နယ် မှာ ကေအိုင်အေက ဘယ်လို လူ့အခွင့်အရေးတွေချိုးဖောက်တယ်၊ ဘယ်လိုပြည်သူလူထုကို နှိပ်စပ်တယ်ဆိုတာ ကချင်ပြည်နယ်မှာ နေတဲ့သူတွေ(နယ်စပ်ဒေသ)ကို မေးကြည့်ပါ။ကချင်ပြည်နယ်မှာ လူမျိုးပေါင်းစုံနေထိုင်ကြတယ်။ ဒီအထဲမှာမှ နယ်စပ်ဒေသ ကေအိုင်အေနဲ့နီးတဲ့ နေရာတွေမှာ နေထိုင်ကြတဲ့ ရွာကလူတွေ အများဆုံးကတော့ ရှမ်းလူမျိုးတွေ ဒုက္ခအခံရဆုံးပါပဲ။ရန်ကုန်မှာ ဆန္ဒထုတ်ဖော်တဲ့လူများကိုပြောချင်ပါတယ် အစိုးရကိုပဲ ငြိမ်းချမ်းရေး လုပ်ဖို့ ဆန္ဒပြမနေကြနဲ့ ကေအိုင်အေကိုလည်း ငြိမ်းချမ်းရေးလုပ်ဆောင်ဖို့ ဆန္ဒပြကြပါလို့ တောင်းဆိုပါတယ်။

  15. ဒေါက်တာ တူးဂျာရဲ့ “”တုတ်ပြပြီး စည်းရုံးတာက အဖြေမထွက် နိုင်ဘူး။ အခြေအနေ ပိုဆိုးသွားလိမ့်မယ်။ မုန့်ပြ စည်းရုံးတာက အဆင်ပြေစေ လိမ့်မယ်။”"… ဆိုတာကို သဘောမတူဘူး။
    မုန့်ပြတယ်ဆိုတာ မက်လုံးပေးတာပဲ။ ဟိုဖက်က စစ်ခေါင်းဆောင်တွေကို လာဘ်ထိုးတာပဲ။ ဒါမျိုးက လာဘ်ရနေသ၍တော့ ငြိမ်နေမှာပဲ။ မရလဲမရရော ထချကြပြန်ရော။ အရင်ခေတ် တစ်လျှောက်လုံးလဲ ဒီနည်းနဲ့ မက်လုံးပေးပြီး နှစ်ဖက်စစ်ခေါင်းဆောင်တွေ ဝေစားမျှစား လုပ်ရင်း တိုင်းပြည်ဖွတ်ဖြစ်ခဲ့ရတာ.. အမှတ်မရှိသလို ဖြစ်နေတယ်။
    တုတ်ပြတာရော၊ မုန့်ပြတာပါ စစ်မှန်တဲ့ ခံယူချက်မဟုတ်ဘူး။ ရေရှည်အတွက် အကျိုးကို မရှိနိုင်ပါဘူး။
    တကယ်တမ်း ဖြစ်သင့်တာက တိုင်းသားပြည်သူတွေ အကျိုးကို ဘယ်သူတွေ ဘယ်လောက်လိုလားနေတယ်.. တကယ်တမ်း တိုင်းရင်းသားဒေသခံတွေအကျိုးကို ဘယ်လောက်ကောင်းအောင် အစစ်အမှန် လုပ်ချင်သလဲဆိုတာကို နှစ်ဖက်စလုံးက အပေါ်ယံမျက်နှာဖုံးတွေခွါပြီး လူသိရှင်ကြား မီဒီယာကို သက်သက်တည်ပြီး ဖေါ်ထုတ်ညှိနှိုင်းရမှာပါ။
    ကချင်ခေါင်းဆောင်တွေကလည်း သူတို့လူမျိုးရေးအကြောင်းပြပေမယ့် ကိုယ့်လူမျိုး၊ ကိုယ့်ဒေသခံတွေ ကောင်းစားအောင် ဘာတွေ လုပ်နေသလဲ၊ ဘာတွေလုပ်ခဲ့ပြီးပြီလဲ၊ ရှေ့ဆက်ပြီး ဘာတွေလုပ်ချင်သလဲ။ ဒီအတိုင်းဘဲ အစိုးရဖက်ကလည်း တိုင်းရင်းသားဒေသခံတွေ အကျိုးဘာတွေ လုပ်ဖို့ ဘယ်လောက်စေတနာရှိသလဲ၊ ဘယ်အစီအစဉ်တွေနဲ့ ပြည်ထောင်စုကြီးကို မြှင့်တင်ချင်သလဲ.. ဒါတွေကို တိုင်တည်ဆွေးနွေးရမှာပါ။ အခုဟာက နှစ်ဖက်စလုံးက ဘာတွေ ဘယ်လောက်ပဲ အကြောင်းပြ ပြောဆိုနေကြပါစေ.. တကယ်တမ်းမှာက ကိုယ့်အာဏာတည်ဆောက်ရေးနဲ့ စီးပွားရေးမက်လုံးတွေအပေါ်မှာပဲ အာရုံရှိနေကြတယ်လို့ မြင်မိတယ်။ တကယ့် အောက်ခြေတိုင်းရင်းသား ညီအစ်ကိုတွေ ကောင်းစားဖို့ဆိုတာက နှစ်ဖက်စလုံးမှာ တကယ်ရော စစ်မှန်တဲ့ စေတနာရှိကြရဲ့လားလို့ သံသယဖြစ်မိတယ်။ ပြည်သူတွေ ဘယ်လောက်ပဲ ဒုက္ခရောက်နေပါစေ၊ ငါတို့အာဏာကြီးစိုးနိုင်မှ အရာရာအဆင်ပြေမယ် ထင်နေတာတွေက နှစ်ဖက်စလုံး အကြီးကြီးလွဲနေတာပါ။

  16. တကယ်လို့KAI နဲ့ငြိမ်းချမ်းရေးဆွေးနွေးအောင်မြင်မယ်ဆိုရင်တောင် ဒီအစိုးရက တခြားအဖွဲ့အစည်းတခုခုနဲ့ထပ်တိုက်ခိုက်နေအုံးမှာဘဲ.အရင်ကအဖြစ်အပျက်တွေကိုပြန်ကြည့်ရင်သိနိုင်တယ်(ဥပမာ KNU,DKBA)

    • ဟုတ်ပါတယ်။
      စစ်ဗိုလ်ချုပ်ကြီးများက စစ်တပ် အမြဲကြီးထွားနေရအောင် “ပြည်တွင်း မငြိမ်မသက်မှု”ကို အကြောင်းပြရမှာမို့ “စစ်“ကတော့ အမြဲ ဖြစ်နေမှာပါ။
      စစ်တပ်ကပဲ ဗုံးခွဲ၊ မိုင်းထောင်ပြီး ဘယ်သူဘယ်ဝါကြောင့်ပါလို့ စွပ်စွဲပြီး “တိုက်”နေမှာပဲ။ လောလောဆယ်တော့တရုပ်စီမံကိန်းတွေကို ကာကွယ်ဖို့ “တိုက်”နေမှာပါ။

  17. ယခင်အစိုးရလက်ထက်ကပထမဆုံး ငြိမ်းချမ်းေ ရးယူပြီး အထူးေ ဒသ ၁/ ၂ /၃ /၄ ဆိုပြီး ၁၈နှစ်နီးပါးအပစ်အခတ်ရပ်ဆဲခဲ့တာေ ကအိုင်ေ အ ဆိုတာ သတိထားသင့်ပါတယ် အဲ့ဒီေ လာက် အကြာကြီး ငြိမ်းငြိမ်းချမ်းချမ်းေ %

  18. ဝါဒစွဲနဲ့လူမျိုးစွဲမှာ ဝါဒစွဲကပိုတိုက်ရခက်ပါတယ် ဝါဒစွဲဖြစ်တဲ့ ဗကပ ကို အစိုးရက ပြုတ်ေ အာင်တိုက်နိုင်ရင် လူမျိုးစုဖြစ်တဲ့ကချင်ကိုတိုက်ရတာ မခက်ပါဘူး လူမျိုူးစုသူပုံေ တွကို တစ်စုပြီး တစ်စု တိုက်ရင် ဆယ်စုနှစ်တစ်ခုမကြာပါဘူး ကိုယ့်လူမျိုးချင်းမလုပ်ချင်လို့ အ​ေ ပ်ာ့ဆဲြ ဆဲြ ​ေ နတာပါ ၊ က်ြန္​ေ တာ့အ​ေ တြ့အျကုံအရ သူငယ်ချင်း ကချင်လူမျိုး အင်ဂျင်နီယာ တစ်ေ ယာက်နဲ့ ချင်းလူမျိုးေ ဒါက်တာနှစ်ေ ယာက် ကို ဒီငြိမ်းချမ်း​ေ ရးအ​ေ ကြာင်း ​ေ ဆြး​ေ နြး ဘူးပါတယ် ကျဉ်းေ မြာင်းတဲ့လူမျိုးေ ရးအမြင်​ေ တြရွိတာ ​ေ တြြ့ရတယ္၊ ဗမာလူမ်ိုး​ေ တြကို မယုံျကဘူး၊ ဗမာလူမိ်ုး​ေ တွကမင်းတို့ကို ဘာဖိနှိပ်ေ နလို့လဲ အခုမင်းတို့နဲ့ငါတို့အခွင့်အ​ေ ရးအတူတူရ​ေ နတာပဲလို့​ေ ပြာခဲ့တယ်၊ ကျွန်ေ တ်ာက မင်းတို့လို ပညာတတ်ေ တွက အဲ့ဒီလိုအမြင်ကျဉ်းေ နရင် ​ေ တာထဲကလူ​ေ တြကိုဘယ္လိုလုပ္ ​ေ ျပာလို့ ရ​ေ တာ့မွာလဲလို့ ကြ်န္​ေ တ်ာပြန်ေ ပြာခဲ့ပါေ သးတယ်၊
    ရှင်းရှင်းနဲ့တိုတိုပဲေ ပြာရေ အာင် ဘယ်တိုင်းရင်းသားအဖွဲ့အစည်းကမဆို လက်နက်ကိုင်အဖွဲ့ကို ဆက်ထားခွင့်ေ တာင်းဆိုေ နမယ်ဆိုရင် ဘယ်အစိုးရကမှ ငြိမ်းချမ်းေ ရး အတွက် မညှိနှိုင်းနိုင်ပါဘူး လူမျိုးတိုင်း စစ်တပ်ရှိေ နလို့ကလည်း တစ်ဖွဲ့နဲ့တစ်ဖွဲ့ချေ နတာနဲ့ တိုင်းပြည်ပြိုကွဲမှာပါပဲ

    • True,In Japan too.all people from myanmar knew it.They never introduce to you a job if you are not a kachin.Who care!.I am not introduce them any job too if they r kachin.so simple.I am not a religious guy.Never regret for that.

  19. If Thein Sein implemented Federal Union of Burma since his first day, everyone would so happy and the Union would be filled with happiness. Peace-Talk after Peace Talk with no real result. Distrust and hatred must be ended through political dialogue. Six decade long civil war was not caused by economy but by political dis-satisfaction. Why don’t the government transform all seven divisions into seven states and let them have equal status with other existing seven states. We can have fourteen federal states in the Union with equal footing. There is nothing wrong with having fourteen federal states in the Union. The ethnic peoples are not asking more opportunities. Neither they are asking more rights. They are just asking self-determination and autonomy on their own respective lands that include self-determination on the Burmese states. No state will lose more or gain more. It will be a win-win situation. Why don’t the Thein Sein administration learn how the Thai government or India or any other countries with federal government system. Thailand also has ethnic minorities. But you will not see hatred between different ethnic groups. Without proper reform or political dialogues, the Union of Burma will not see genuine peace and tranquility in the land. Majority Thai people have love and compassion on minorities. India has the same kindness and care to minorities. Why can’t the majority Burmese government have the same mentality toward their brothers and sisters, minorities? Burmese government does not need to look at that far, but there are some neighbors who are practicing federal system successfully. Even Bangladeshi government is so kind to the Bawm ethnic group who live in the Chittagaung Hill Tract. Thein Sein needs to solve our political differences on the table with dialogue, not through military offenses which bring more bloodshed and more hatred in the Union.

  20. ကျွန်တော်ထင်တယ် သင်ကောင်းလျင်ငါမဆိုးပါဆိုသော စကားပုံလိုဖြစ်နေပြီ KIA ကပြောတော့ သူတိုက်စစ်ဆင်လို့ ငါပြန်တိုက်တယ်တဲ့ တပ်မတော်ကလည်း သူတို့ပစ်လို့ ငါတို့ပြန်ပစ်တယ်တဲ့
    တကယ်ဖြစ်သင်တာကတော့ သူဆိုးသည်ဖြစ်စေ ကောင်းသည်ဖြစ်စေ ကိုယ်ကောင်းနေရင်တော့
    ပိုအဆင်ပြေမည်ထင်တယ်။ နှစ်ဘက်စလုံးကလည်း ဒီစိတ်ဓာတ်ကိုပိုင် ဆိုင်ထားရင်တော့ အားလုံး
    ငြိမ်းချမ်းသွားမှာပါ။ တကယ်ငြိမ်းချမ်းမူကိုလိုလားရတော့ ကွာ။ နှစ်ဘက်စလုံးဒီစိတ်ဓာတ်ကိုထားချင်ပါတယ်ကွာ။
    ရောဘတ်လျန်