သတင်း

ရိုဟင်ဂျာများကို နိုင်ငံမဲ့မဖြစ်စေလိုသဖြင့် လက်ခံထားရဟု ဦးခင်ရီပြော

Hits:39,070
  | |
Print This Post

လူဝင်မှုကြီးကြပ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဦးခင်ရီ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

ရိုဟင်ဂျာများသည် နိုင်ငံသား မဟုတ်သော်လည်း နိုင်ငံမဲ့မဖြစ်စေလို သောကြောင့် မြန်မာနိုင်ငံတွင်း နေထိုင်ခွင့် ပေးထားခြင်းဖြစ်သည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဦးခင်ရီက ပြောသည်။

ဖေဖော်ဝါရီ ၃ ရက်က နေပြည်တော်ရှိ စက်မှုဝန်ကြီး ဌာန ခန်းမတွင် ကျင်းပပြုလုပ်သည့် မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ဦးခင်ရီက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

“လူတယောက်က နိုင်ငံမဲ့ ဖြစ်လို့တော့မရဘူးလေ။ နိုင်ငံတနိုင်ငံရဲ့ မြေပေါ်မှာ နေထိုင်ခွင့်တော့ ရှိရမှာပေါ့။ နိုင်ငံသား ဖြစ်ရေး မဖြစ်ရေးသာ အဓိကကျတာပါ” ဟု ဝန်ကြီးက ဧရာဝတီကို ပြောသည်။

ရိုဟင်ဂျာများသည် မြန်မာနိုင်ငံတွင်းမှ ထွက်ခွာသွားသည့် အထောက်အထားများ မှန်ကန်ပါက နိုင်ငံသား မဟုတ်သော်လည်း နေထိုင်ခွင့် ပေးထားမည်ဖြစ်ကြောင်း၊ ခေတ္တ ခိုလှုံခွင့် ပေးထားခြင်းမျိုး မဟုတ်ဘဲ အတည်တကျ နေထိုင်ခွင့် ပေးထားခြင်းမျိုး ဖြစ်ကြောင်း ဝန်ကြီးက ဆိုသည်။

နယ်စပ်မှတဆင့် ထိုင်းနိုင်ငံသို့ ဇန်နဝါရီ လဆန်းပိုင်းတွင် ခိုးဝင်ခဲ့သော ရိုဟင်ဂျာပေါင်း ၈၅၀ ကျော်ရှိပြီး အများစုမှာ ထိုင်းနိုင်ငံအတွင်းရှိ ကျွန်းစုများတွင် ပုန်းခိုခြင်း၊ ယင်းမှတဆင့် မလေးရှားနိုင်ငံတွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်းနေကြကြောင်း ထိုင်းအာဏာပိုင်များက သတင်းထုတ်ပြန်ထားသည်။

၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ မြန်မာနိုင်ငံ ဘက်ခြမ်းမှ ဘင်္ဂလားဒေ့ရှ်သို့ ခိုးဝင်ခဲ့သော ရိုဟင်ဂျာ ၁၉၇ ဦးကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ဖမ်းဆီးပြီး မြန်မာနိုင်ငံဘက်သို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း ကော့စ်ဘာဇားမြို့ အခြေစိုက် အမှတ် ၁၇ BGB တပ်ရင်းမှ ဒုဗိုလ်မှူးကြီး မူဟာမက် ခါလက်ကူ ဂျမန်း၏ ပြောကြားချက်ကို ကိုးကား၍  ကော့စ်ဘာဇား သတင်းစာတွင် ရေးသားထားသည်။

ရခိုင်ပြည်နယ်အတွင်း ဆူပူအကြမ်းဖက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် ရိုဟင်ဂျာများသည် ဘင်္ဂလားဒေ့ရှ် – မြန်မာ နယ်စပ်မှတဆင့် လှေများဖြင့် ဘင်္ဂလားဒေ့ရှ်၊ ထိုင်းနှင့် မလေးရှားနိုင်ငံများသို့ ဖြတ်ကျော် ဝင်ရောက်မှုများရှိခဲ့ပြီး တဘက် နိုင်ငံများ၏ သက်ဆိုင်ရာများက ဖမ်းဆီးကာ မြန်မာနိုင်ငံတွင်းသို့ ပြန်လည် ပို့ဆောင်မှုများ ပြုလုပ်လျက်ရှိသည်။

ယမန်နှစ်အတွင်း လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ နှစ်ကြိမ် ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်တွင်လည်း လက်ရှိအချိန်ထိ ရခိုင်တိုင်းရင်းသား များနှင့် မွတ်စလင်များအကြား ပဋိပက္ခ တချို့ ရှိနေဆဲဖြစ်သည်။

ပထမအကြိမ် အဓိကရုဏ်းများဖြစ်ပွားသည့် ယမန်နှစ် ဇွန်လ ပဋိပက္ခအတွင်း သေဆုံးသူ ၅၀ ဦး၊ ထိခိုက်ဒဏ် ရာရသူ ၅၄ ဦး၊ အဆောက် အအုံ ၂၂၃၀ ဆုံးရှုံးခဲ့ရသည်။

ထို့နောက် ဒုတိယအကြိမ် အောက်တိုဘာလအတွင်း ပဋိပက္ခများ တကျော့ပြန် ဖြစ်ပွားလာသည့်အတွက် သေဆုံးသူ ၈၉ ဦး၊ ဒဏ်ရာရသူ ၁၃၆ ဦး၊ နေအိမ် ၅၃၅၁ လုံး မီးလောင်ခဲ့ပြီးနောက် လူဦးရေ ၃၂၂၃၁ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။


WSJ LIVE VIDEO:

10 Responses

Leave a Reply

  1. Min Htin Auing Kyaw

    အဲဒီ ရိုဟင်ဂျာ ဆိုတဲ့ကောင်တွေနဲ့ တို့တွေနဲ့က လူမျိုးလဲမတူ..ကိုးကွယ်တဲ့ဘာသာခြင်းလဲ မတူ ပြောဆိုတဲ့စကားချင်းလဲမတူ..အဲဒါကို အဲဒီအချက်တွေ အကုန်တူတဲ့ နိုင်ငံတွေ ကတောင်လက်မခံချင်တာ ကျုပ်တို့က ဘာလို့လက်ခံရမှာလဲ နိုင်ငံမဲ့ မဖြစ်စေချင်ရင် အမျိုးဘာသာ ပြောစကား စားသောက်ပုံ ဓလေ့တူတဲ့ နိုင်ငံတွေက လက်ခံ လိမ့်မပေါ့..သူတို့တောင် လက်မခံချင်တာ..ခင်ဗျားက ဘာဖြစ်လို့ လက်ခံချင်ရတာလဲ..ပြည်သူ့ဆန္ဒကို တကယ် အလေးထားတယ်ဆိုရင် မဲဆန္ဒ ခံယူပွဲလုပ်လိုက်လေ..ဟား..ဟား..ဟား..လုပ်ရဲ သလားဦးခင်ရီ

  2. တော်ပါတော့…ဦးခင်ရီ ရယ်…တော်ပါတော့…ဘာမဟုတ်တဲ့ ခိုးဝင်လာပြီး နေထိုင်သူတွေ အတွက်ကို တော့နိုင်ငံမဲ့ မဖြစ်စေချင်လို့ နေထိုင်ခွင့် ပေးရမယ် ဆိုပြီး လူအထင်ကြီး အောင် လျှာအရိုးမရှိတိုင်း ပြောနေတယ်…တကယ်တန်း ဦးခင်ရီ စဉ်းစားရမှာက နိုင်ငံအတွင်းမှာ ရှိတဲ့ ကိုယ့်လူမျိုး ကိုယ့်တိုင်းရင်း သားတွေ အခြေမဲ့ အနေမဲ့ ဖြစ်နေတာ တွေကို အခြေတကျ ရှိဘို့ အရင်ဆုံး စဉ်းစားပါအုံး လား ဦးခင်ရီ ရဲ့….

  3. ပြောစရာတွေလဲ တပုံရှိတယ်ဗျ-ဦးခင်ရီ -
    ဘင်္ဂလားဒေးရှ်မှ လှေနဲ့ ထွက်လာပြီး ထိုင်း-အင်ဒို-မလေးရောက်တယ်ဆိုရင် ဘင်္ဂါလီ ကလဲ အလိုလို ရိုဟင်ဂျာဖြစ်သွားတာဘဲဗျ-ရိုဟင်ဂျာ ဆိုတော့ မြန်မာပြည်တွင်းမှာ ခွဲခြားဖိနှိပ်ခံနေရတယ်ပြောပြီး ဒုက္ခသည်လက်မှတ်ရအောင်ပြောရတာကိုး- ဘင်္ဂလားဒေးရှ် ကလာတယ်ဆို ဘယ်မှာ ဒုက္ခသည် အဖြစ်လက်ခံမလဲ-တချို့ ကတော့ အဲဒီနိုင်ငံတွေ ရောက်တယ်ဆို အလုပ်လုပ် ငွေစုပြီး လူပွဲစားနဲ့  အော်စတေးလျား ရောက်အောင်လာကြတယ်။ အော်စတေးလျား ရောက်တယ်ဆိုရင်ဘဲ လူဝင်မှူက ဖမ်းပြီးထိမ်းသိမ်းထားတယ်။ ဇိမ်ဗျ-လေအေးစက်နဲ့  အစားအချိန်မှန်- အအိပ်အချိန်မှန်-စားစရိတ်လဲ မပူရ-နေစရိတ်လဲ မပူရဘူးပေါ့-အဲဒါကြောင့် သူတို့  က အော်စတေးလျားကို ဖမ်းလဲ ဖမ်းပါစေ-မလွှတ်ဘဲထားလဲ အကြိုက်ဘဲ- ဒုက္ခသည်လျောက်ထားသူတွေ များတော့ သူတို့ ကို လူဝင်မှူဥပဒေ နဲ့  တရားရုံးကစစ်တာ များသောအားဖြင့် တနှစ်လောက်ကြာတယ်။တချို့  ၃–၄ နှစ်ဗျ- ကိုင်းဗျာ အဲဒီတော့ လူဦးရေ ထူထပ်-လုပ်ကိုင်စားစရာမြေမရှိ-လမ်းပေါ်မှအိပ်-နေ-စားသောက်နေတဲ့ ဘင်္ဂလီ က သူ့ နိုင်ငံမှ ထွက်ပြေး ရောက်မိရောက်ရာရောက် ရိုဟင်ဂျာ ဇာတ်လမ်းထွင်-ဟန်ကိုကျလို့  ဦးခင်ရီ-ရေ့ -အဲသတိရလို့ ပြောရဦးမယ်-အဲဒီ ထိမ်းသိမ်းရေး ဌာနမှာ ထိမ်းသိမ်းခံထားရတဲ့ ရိုဟင်ဂျာ အတွက် လူမှူစောင့်ရှောက်ရေးက လူတယောက်သွားတယ်-သူက မြန်မာနိုင်ငံသားဗျ-အဲဒီလူက ရိုဟင်ဂျာ လို့ လိမ်တဲ့ လူကို မေးတယ်- ခင်ဗျားတို့  ရွာက စစ်တွေ နဲ့  ဘယ်လောက်ဝေးသလဲပေါ့-ဒီတော့ ရိုဟင်ဂျာ အယောင်ဆောင်သူက ပြန်မေးတယ်- စစ်တွေ ဆိုတာ ဘာလဲ-တဲ့ဗျား

  4. So would you keep the homeless people in your big house they also shouldn’t be homeless as human, HOW ?

  5. These Bengali will keep going to Malaysia not because of their stateless situation in Burma but because they want better living condition in Malaysia than in Burma. It is like many Burmese citizens migrated to Thailand and Malaysia for better life. Even if the Burmese junta provides these Bengali citizenship, they will keep migrating to Malaysia. This migration has been happening not only to the Bengali but also to other ethnics from Burma. There are hundreds of thousands of Bengali in Malaysia where they work, rob, steal and kill others for a few Ringkits. Most of the crimes in Malaysia have been committed by these people. Believe me or not, they will keep migrating to Malaysia whether they receive a better treatment from Burmese junta or not. You can wait and see the truth.

  6. I don’t understand why people cannot get rid of the “racist mind set”. People always base their actions on racism and religion. I was born in Burma and I’m a true believer in Theravada Buddhism. However, I believe in diversity and equality of all human beings. They are of a different race and of a different religion from ours but they are our fellow human beings. They also deserve the rights that we have. Thomas Jefferson once wrote in Declaration of Independence:

    “We hold these truths to be self-evident, that all men are created equal, that they are endowed by their Creator with certain UNALIENABLE Rights, that among these are Life, Liberty and the pursuit of Happiness.”

    In America, we value diversity and we respect the religion of other people. People just don’t go around and say, “Islamic believers are wrong and all Muslims should be executed.” Believing in a religion other than Buddhism does not mean they are bad people. I believe these Rohingya people also deserve the basic human rights just as the other Burmese people.

    As long as people cannot get rid of this kind of narrow-minded thoughts, I don’t see how Democracy will happen in Burma.

  7. မြန်မာစိတ်ကိုကသနားတက်တာကိုတော့မပြောလိုပါဘူးသနားလို့အိမ်ပေါ်ခေါ်ထားတာကိုကျေးဇူးမတင်ပဲအိမ်ရှင်ကိုစော်ကားတဲ့ဧည့်သည်ကိုတော့ဆက်လက်မခံထားနိုင်ဘူး
    သူတို့ကိုသနားသလိုကိုယ်မြေပေါ်လာပြီးအစော်ကားခံနေရတဲ့ကိုယ့်လူမျိုးတွေကိုရော်မသနားဘူးလား

  8. တရုတ်စပ် တိုင်းရင်းသား

    စကားမစပ် ၀န်ကြီးသိအောင်ပြောရအုံးမယ်။

    ကိုးကွယ်တဲ့ဘာသာလဲတူတယ် မြန်မာလူမျိုးလဲဖြစ်ရဲ့သားနဲ့ တရုတ်သွေးအနည်းငယ်စပ်ရုံနဲ့
    မှတ်ပုံတင်လုပ်၇င် သွယ်ဝှိုက်သောနည်းတွေနဲ့ပိုက်ဆံတောင်းနေကြတာဘာသဘောလဲ
    ပြောတော့ပြုပြင်ပြောင်းလဲေ၇းတွေလုပ်နေကြတယ်ဆို။ သန်းခေါင်စာရင်းသွင်း၇င်လည်း ငွေ
    တောင်းတာခံရတယ်။ မပေးလို့ကတော့ အကြောင်းအမျိုးမျိုးပြပြီး ဘယ်တော့မှမှတ်ပုံတင်မရ
    အောင်ပညာပြတာခံရတယ်။ မွတ်စလင်တွေကအကြောင်းသိနေတော့ လ၀က ရုံးဝင်ကတည်းကငွေလမ်းခင်းပြီးဝင်ကြတော့မှတ်ပုံတင်ချက်ချင်းရကြတယ်။

  9. ဒီသောက်တုံးကို လေကုန်ခံပြီး ရှင်းပြမနေနဲ့တော့…ဒီသောက်တုံးက သူ့အိမ်ပေါ်တောင်တင်ပေးထားမယ်တဲ့..အိမ်ခြေမဲ့မဖြစ်အောင်..

  10. ရိုဟင်ဂျာတွေကို သတ်ခိုင်းတာက လ၀က ၀န်ကြီး ဦးခင်ရီ ဖြစ်ပြီး ရခိုင် 969 ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကို ရိုဟင်ဂျာနေတဲ့နေရာတွေမှာ နေရာချထားပေးရန်ကြိုတင်စီမံထားပြီး ဖြစ်သည်ကို ပေါ်လွင်နေသည်။ဒါဆိုရင် ရှင်းရှင်းလေးဘဲ ရခိုင်အစွန်းရောက်တို့နဲ့ အစိုးရတို့မှ ပူးပေါင်းသတ်တာဖြစ်ပါသည်။