ကချင်ထိုးစစ်နှင့် ပတ်သက်၍ အစိုးရ ကြေညာချက် ထုတ်ပြန် | ဧရာဝတီ
သတင်း

ကချင်ထိုးစစ်နှင့် ပတ်သက်၍ အစိုးရ ကြေညာချက် ထုတ်ပြန်

Hits:12,128
  | |

လဂျားယန်စခန်း ပွိုင့် ၇၇၁ တောင်ကုန်းကို ၂၀၁၂ ဒီဇင်ဘာ ၃၀ ရက်နေ့တွင် အစိုးရစစ်တပ်က သိမ်းပိုက်ပြီးနောက် မြင်ကွင်းကို စစ်တပ်ပိုင် မြဝတီ ရုပ်သံ ဝက်ဘ်ဆိုဒ်က တင်ထားစဉ် (ဓာတ်ပုံ – မြဝတီ)

ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသည် တိုက်ပွဲများနှင့် အစိုးရတပ်၏ လေကြောင်းတိုက်ခိုက်မှုများအပေါ် ကုလသမဂ္ဂနှင့်  နိုင်ငံတကာ၏ စိုးရိမ်ပူပန်မှုများနှင့် ပတ်သက်၍ မြန်မာအစိုးရမှ ယနေ့ ကြေညာချက် တစောင်ထုတ်ပြန်လိုက်သည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ကချင်လွတ်လပ်ရေး တပ်မတော်(KIA) ၏ ခြေကုပ်စခန်းများအား မြန်မာ့တပ်မတော်က တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး အပြစ်မဲ့ ပြည်သူများအား အန္တရာယ်ဖြစ်စေမည့် လုပ်ရပ်များကို ရှောင်ကျဉ်စေလိုကြောင်း ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ပြောဆိုခဲ့သည်။

KIA ၏ ရှေ့တန်း စခန်းထောက် နေရာဖြစ်သော လဂျားယန်စခန်း ပွိုင့် ၇၇၁ တောင်ကုန်းကို ၂၀၁၂ ဒီဇင်ဘာ ၃၀ ရက်နေ့တွင် အစိုးရစစ်တပ်က လေကြာင်းပစ်ကူ တိုက်ခိုက်မှုဖြင့် သိမ်းပိုက်ခဲ့သည်။

သမ္မတရုံး၏ ကြေညာချက်တွင် KIA အဖွဲ့၏ ရထားလမ်း၊ ကားလမ်းများ၊ တံတားများကို မိုင်းခွဲ ဖျက်ဆီးခြင်း၊ စီးပွားရေး လုပ်ငန်းများအား ဟန့်တားနှောင့်ယှက်ခြင်း၊ ဓာတ်အားလိုင်းများကို ဖောက်ခွဲခြင်း၊ ခြုံခိုတိုက်ခိုက်ခြင်း စသည့်လုပ်ရပ်များကြောင့် စစ်ရေးအရ ပြန်လည်တုံပြန်ရခြင်း ဖြစ်သော်လည်း တပ်မတော်မှ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်သည်ဟု ဖော်ပြထားသည်။

မြန်မာ့တပ်မတော်မှ တိုက်ခိုက်သိမ်းပိုက်သည့် နေရာများမှာ ဒေသခံများ နေထိုင်ခြင်းမရှိသည့် KIA စစ်စခန်းများသာ ဖြစ်သည်ဟုလည်းပါရှိသည်။

တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် ဒုက္ခသည်များကိုလည်း အစိုးရက ယာယီစခန်းများ ဖွင့်လှစ်ပြီး စားဝတ်နေရေး၊ ပညာရေး ထောက်ပံမှုများ ပေးထားကြောင်း၊ အစိုးရအနေဖြင့် အမျိုးသားပြန်လည် ရင်ကြားစေ့ရးကို တည်ဆောက်နိုင်ရန် ဆက်လက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ဖြစ်ပွားခဲ့သည့် လဂျားယန်စခန်းတ၀ိုက် ထိန်းချုပ်ရေး တိုက်ပွဲများတွင် အစိုးရတပ်က လေယာဉ်များ အသုံးပြုပြီး တိုက်ခိုက်ခဲ့သည်။

ထိုသို့ လေကြောင်းနှင့် လက်နက်ကြီး ပစ်ကူများဖြင့် တိုက်ခိုက်ခြင်းမှာ လဂျားယန်စခန်းသို့ သွားရောက် ရိက္ခာပို့သည့် စစ်တပ်ယာဉ်တန်းများ မကြာခဏ ချုံခိုတိုက်ခိုက်ခံရသည့်အတွက် အစိုးရတပ်ဘက်မှ ထိခိုက်ကျဆုံးမှုများ များပြားခဲ့ရ၍  ရှင်းလင်းခြင်းဖြစ်သည်ဟု စစ်ဘက်အသိုင်းအ၀န်းက ဆိုသည်။

“စကခ ၃ လက်အောက်ခံ တပ်ရင်းသုံးရင်းက တပ်ရင်းမှူးရော၊ ဒုရင်းမှူးရော မထိတဲ့သူ မရှိဘူး။ အခု အင်အားထပ်ဖြည့်ထားတယ်။ အနောက်မြောက်တိုင်းက တိုင်းတပ်တွေရော၊ တပ်မ ၉၉ ရော အခု ထပ်တင်ထားတယ်။ နားနေတဲ့တပ်တွေလည်း အသင့်အနေအထားပဲ” ဟု အစိုးရ စစ်ဘက်အသိုင်းအ၀န်းနှင့် နီးစပ်သူတဦးက ပြောသည်။

အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒု ဥက္ကဋ္ဌဖြစ်သူ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းကမူ မြန်မာ့တပ်မတော်အနေဖြင့် KIA အခြေစိုက်ရာ လိုင်ဇာကို သိမ်းပိုက်မည်မဟုတ်ကြောင်း ပြီးခဲ့သည့် ရက်ပိုင်းက အာမခံပြောကြားခဲ့သည်။


WSJ LIVE VIDEO:

28 Responses

Leave a Reply

  1. ဂျောက်ဂျက်

    ဗမာတွေရဲ့ စကားလုံး လှည့်စားမှုတွေ ဘယ်အချိန်မှာ အဆုံးသတ်မလဲ။ “တပ်မတော်မှထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်သည်” အဲဒါကြောင့် ဗမာ စကားလုံးတွေကို ကြိုက်တာ။ ဥပမာအနေဖြင့် “နိုင်ငံတော် အာဏာကို မလွဲမရှောင်တာ ယူလိုက်သည်” အခုတော့ “မလွဲမရှောင်သာ” ၊”အကြိမ်ကြိမ် သည်းခံတာ” စတဲ့ အသုံးအနှုန်းတွေ မသုံးတော့ဘူးလား။

    • အောင်အောင်

      ပြသနာရှာနေရင် လူနည်းစုဖြစ်ဖြစ် လူများစုဖြစ်ဖြစ် ငါတို့ ဆန်ကျင်တယ်။Kia က ရထားလမ်းမိုင်ခွဲ စခန်တွေတိုက် လူတွေသတ်လုပ် တိုင်ပြည်ပြိုကွဲအောင်လုပ်နေ လို့  အခုလိုလုပ်တာကို ထောက်ခံတယ်။ တိုင်းပြည်မှာ တစ်ခြားအမှားတွေအတွက်တော့ အစိုးရကို အားမရဘူး။ တိုင်ပြည်ကောင်းဖို့  ညီညွတ်ဖို့  ဘယ်သူပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် လုပ်ရင်လက်ခံတယ်။

      • How many civilians did KIA kill? How many woman did KIA rape? KIA did nothing about that but KIA killed many Myanmar soldiers because it is war as like as Myanmar army killed KIA soldiers. But Myanmar army killed and raped many civilians. Myanmar army killed many people in water festival, Myanmar army killed many monks. All the rest of their killing is not for peace and order restoration but in order to maintain and control their full authority. But soldiers from Myanmar army are so pitiful and brainless. They are just following their leaders without eyes and ears and critical mind. How pitiful they are. Myanmar is not one country but UNION. So, every people from Myanmar must know Myanmar is not the country of bamar people but the country of all different peoples(ethnic groups). All were needed to form for one country with unity. So, Myanmar government need to know about that and must know to forget the idea of Bamarnization. And then the country will be better day by day.

      • အောင်အောင် ပြောတာ အမှန်တရားပဲ၊ဒါကြောင့်ထောက်ခံတယ်၊ မယုံယင်
        ကချင်ပြည်နယ် မှာနေတဲ့ ရှမ်းတိုင်းရင်းသားတွေနေတဲ့ ရွာတွေလာပြီး စုံစမ်းပါ။
        ဒါမှ မဟုတ်ရင် ကချင်ပြည်နယ် ဖါးကန့်၊မိုးကောင်း၊မိုးညှင်းမြို့တွေမှာ (၁)လ
        (၂)လောက် လာနေပြီး စုံစမ်းကြည့်ပါ။ကချင်တွေတော့မစုံစမ်းနဲ့၊ဘာကြောင့်လဲ
        ဆိုတော့ KIA တိုင်းသည် ကချင်လူမျိုးမဟုတ်၊ကချင်လူမျိုးတိုင်းသည် KIA ဖြစ်
        သောကြောင့်ဖြစ်ပါသည်။

      • Please Irrawaddy don’t erase my comment again, i feel your policy are not fair ! KIO/KIA are Heroes of Burma. they only defend theirs own LAND [Kachin State] from Intruders. KIO/KIA are not only defence KACHIN STATE and KACHIN PEOPLE from Babarians, KIO/KIA also fight for DEMOCRACY and UNITED STATES OF BURMA FEDERATION. We all BURMA PEOPLE support you [KIO/KIA]…

  2. လူနည်းစုကိုဗိုလ်ကျတာ၊တိုင်းပြည်ကြီးစုတ်ပြတ်မွဲတေသွားတာ၊နောက်ဆုံးသံဃာတွေကိုမီးရှို့တာ၊များစွာသောညံ့ဖျင်းမှုတွေကိုမင်းတို့ဘယ်တုံးက၀န်ခံဘူးလို့လဲ။မင်းတို့ဘာလဲဆိုတာမင်းတို့အသိဆုံးပါ။

  3. သံဃာတွေကိုမီးရှို့တာတောင်မှားတယ်လို့မထင်တဲ့သူတွေ။မင်းတို့ဘာလဲဆိုတာမင်းတို့အသိဆုံးပါ။

    • pps၁၂၃၄၅

      သူတို့က ငါ ဆိုတဲ့ အတ္တ သမားတွေပါ။ ငါ့ အာဏာ ၊ ငါ့နေရာ …စစ်အစိုးရ အဆက် ဆက် သတင်းစာ ခေါင်းကြီးပိုင်းမှာ ရေးတဲ့ စာတွေရှိတယ်လေ။ ဘယ်သူသေသေ ငတေ….ဘာဖြစ်တယ်ဆိုလည်း…………
      တပ်မတော်ထဲမှာ ဗုဒ္ဒ၊ ခရစ်ယန် နှင့် မူဆလင်ဘာသာ တွေ အပြင် ငါ ဆိုတဲ့ ဘာသာတောင် ထွန်းကားနေပါလား။

  4. ဒီထိုးစစ်က တကယ်အထိနာတာ ပြည်သူတွေပဲ ကချင်ဒေသ ခံတွေအတွက် အရမ်းဝမ်းနည်းမိတယ် သူတို့ရဲ့ နှစ်သစ်ကူး ဆုတောင်းလေးပေးချင်ပါတယ် သင်တို့ဇာတိမှာ သင့်မိသားစုနဲ့အတူ လွတ်လပ်ပျော်ရွှင်စွာ နေနိုင်ပါစေ

  5. ချင့်ယုံ

    မင်းတို့ရောဘာထူးလို့လဲ ဂျောက်ဂျက်ဆိုတဲ့ကချင်အောက်ဆွဲရေ။ နောက် a ဆိုတဲ့ကောင်ရော
    တာဝန်ယူထားတဲ့သူတွေက ချင့်ချင့်ချိန်ချိန်လုပ်ရ၊ပြောရတယ်။ မင်းတို့လိုဘာတာဝန်မှမရှိကိုယ်ပြောတဲ့စကားကိုတာဝန်ယူတတ်တဲ့ကောင်တွေမဟုတ်တဲ့သူ
    တွေကတော့ကိုယ့်အလိုအတိုင်းမဟုတ်ရင် anti စကားပဲပြောထွက်နေမှာပဲ။ တစ်ဖက်သတ်ပဲ
    ပြောနေရင် တစ်ဖက်ကလည်းအခြေအနေတွေ အကြောင်းကြောင်းကြောင့် မလုပ်မဖြစ်လုပ်ရ
    တဲ့အကြောင်းရင်းတွေရှိတာ မင်းလိုကောင်တွေနားလည်မှာမဟုတ်ပါ။ တာဝန်ရှိ၊သိတတ်တဲ့သူသာသိနိုင်လို့ပေါ့။

  6. မြန်မာ့ရုပ်ရှင်ကတော့ ကြာလေ အလှည့်ကျစနစ်ဆိုတာ ပိုသိတာလာပါတယ်။ နောင်နှစ်စောင့်ကြည့်လိုက်ပါ။ မရဘူးသေးတဲ့သူ ရပါလိမ့်မယ်။

  7. Who can believe like this.They try to lying every nation and every bodies. Mafia,Barbarian media.
    Say to Thein Sein (Dien Sein) and his comrade do not try again to lying every ethnics people and do not killed a gain. Dot create hateful in our people.
    Respect you
    Tin

  8. သေနပ်ကိုင်တာ တိုက်ဖို့မလား
    တိုက်ကြပေါ့
    ခုမှ သွေးကြောင်မနေနဲ့တော့
    နောက်ဆုံးမှာတော့ ကချင်ပြည်သူတွေပဲ သနားစရာကောင်းတာ
    ခေါင်းဆောင်တွေက မီးပူထိုးထားတဲ့ ဝတ်ကောင်းစားလှ တွေနဲ့ပါ။
    နှစ်ဖက်စလုံးကိုပြောပါတယ်။
    သေနပ်ကိုင်သူတွေအကုန်သေလဲ အေးတာပဲ
    ဒီမိုကရေစီကို သေနပ် တကိုင်ကိုင်နဲ့ သွားလို့မရတာ ကေအိုင်အေရော စစ်တပ်အရော အမြန်သိရင်ကောင်းမယ်

  9. မင်းတို့ မျှမျှတတတွေးခေါ် စဉ်းစားကြည့်ကြပါ။ ငါတို့ ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ဟာတွေကို ဥပမာ ပြောပြမယ်။ ဗန်းမော်-လွယ်ဂျယ်လမ်းမှာ (3-1-2013) ရက်နေ့က ကောင်းရောင်း ကောင်းဝယ်လုပ်စားနေတဲ့ ပြည်သူလူထုရဲ့ တုန်ဖုန်း (လေးလုံးထိုး) ကားနှစ်စီးကို ကေအိုင်အေက မိုင်းနဲ့ဖောက်ခွဲဖျက်ဆီးသွားတယ်။လမ်းမှာ မိုင်းထောင်တယ်။ မိုင်းထိပြီး ကားပျက်စီး ဒဏ်ရာရတဲ့ လူတွေလည်း အများကြီးပါ။ရွာတွေကို ၀င်ပြီး အတင်းအဓမ္မ ပေါ်တာဆွဲ လူသစ် စုဆောင်းတယ်။လူသစ်စုဆောင်းတာကို ထွက်ပြေးရင် သတ်တယ်။ မြစ်ကြီးနား-ကန်ပိုက်တည် လမ်းမှာဆိုရင် ကားတွေကို အတင်းအဓမ္မ မတန်တဆ ဆက်ကြေးကောက်တယ်။တံတားတွေကို မိုင်းခွဲဖျက်ဆီးတယ်။လူတွေကို မထင်ရင် မထင်သလို ရိုက်နှက်စစ်ဆေးမေးမြန်းတယ်။ဒီလို ပြည်သူလူထုကို နှိပ်စက်တဲ့သူဆိုရင် ဘယ်သူဖြစ်ဖြစ် ပြည်သူလူထုဘက်က မရှိရင် ဘယ်သူမှ မကောင်းဘူး။ငါတို့ နယ်စပ်မှာ နေတဲ့သူတွေကို မေးကြည့်ပါ ကေအိုင်အေ လုပ်တဲ့ လုပ်ရပ်တွေက မကောင်းတာကို ဘယ်သူမှ သိပ်မပြောရဲဘူး။ပြောလို့ ကေအိုင်အေက သိရင် အသတ်ခံရမယ်။နီးရာဓါးကို ကြောက်ရတယ်။ဒါကြောင့် ကေအိုင်အေ အကြောင်းက ဘယ်သူမှ သိပ်မသိဘူး။သိချင်ရင် ငါတို့ နယ်စပ်လာပြီး စုံးစမ်းကြည့်ကြပါ။

  10. Blah! Blah! Blah! How many times Zaw Htay tried to lie the whole world. If the Thein Sein’s gang tries to solve political differences on the table, this ugly war will never happen. Superior-minded Myanmars are trying to make the ethnics bow before the Burmese knees. Is it what we call DEMOCRACY? Is democracy for the Myanmars only? The Burmese military has no business in Kachinland. Kachinland belong to the Kachins. Some battles are won by the Myanmars but the war will be absolutely won by the Kachins who are on the right side of the history. No doubt. Ne Win’s dictatorship was gone. Than Shwe is disappearing. Thein Sein’s dictatorship will go down in history sooner or later. Because Thein Sein is on the wrong side of the history. Puppet Thein Sein is just a loser.

  11. Well! Whatever the New Light of Myanmar(Darkness of Myanmar)says. The Kachins are asking their rightful things. The best thing we the ethnics can do rightly is to nullify the peace talk they signed with the Thein Sein Administration. We all share the same goal with the Kachins. The Chins, the Rakhines, the Karens, The Karenni, the Shans and the Mons are not supposed to be under the colonial rule of the Myanmars. This is not what we call Independence and Freedom. We do not deserve fake democracy. We never asked for fake one for the last many decades. Freedom for Myanmars only? Instead, we all need to bear arms and start fighting for our own freedom. Killing the Myanmars will be as easy as eating breakfast.

  12. မြန်မာ တိုင်းရင်းသူ

    ဗမာတွေ၊ ဗမာတွေ ဆိုပြီး ဖတ်ရ၊ ကြားနေရလို့ နည်းနည်း ရေးပါရစေ။
    ဗမာတွေက ကချင်နဲ့ တိုင်းရင်းသား ညီအကိုတွေ အပေါ် မတရား၊ အနိုင်ကျင့် နေတာ မဟုတ်ပါဘူး။ စစ်တပ်က လုပ်နေတာပါ။ ဗမာနဲ့ စစ်တပ်ကို ခွဲမြင်ကြ၊ ကွဲပြားစွာ ရေးသားစေချင်ပါတယ်။ စစ်တပ်ထဲမှာ တိုင်းရင်းသား ပေါင်းစုံ ပါပါတယ်။ လက်ရှိ စစ်ဦးစီးချုပ်ကလဲ မွန်လူမျိုးလို့ ပြောကြတယ် (ဟုတ်၊ မဟုတ် မသေချာပါ။ သူများပြောတာ ကြားဘူးတာပါ။) ဒါပေမယ့် ပြောချင်တာက မတရားလုပ်ရပ်တွေ လုပ်နေတာ လူမျိုးနဲ့ မဆိုင်ပါ။ လူတဦးချင်းရဲ့ လောဘ၊ မောဟ၊ ဒေါသအပေါ် မူတည်ပါတယ်။ စစ်တပ်က အာဏာလက်ကိုင် အလိုကြီးသော စစ်ဗိုလ်များကြောင့် သည်လို ဖြစ်နေတာပါ။ ကချင်ထဲမှာရော၊ ကချင်ခေါင်းဆောင်များ ကချင်လူထု အများစုအတွက် ကချင်နယ်မြေကို တောင်းဆိုနေတာလား၊ မိမိ မိသားစုနဲ့ နီးစပ်ရာတွေ ချမ်းသာဘို့၊ ကျောက်စိမ်းလုပ်ပိုင်ခွင့်တွေ၊ သယံဇာတတွေ စိတ်တိုင်းကျ လုပ်ပိုင်ခွင့်အတွက် တိုက်နေတာလား။ ကချင်ခေါင်းဆောင်တွေရဲ့ မိသားစုတွေရော၊ ကချင်လူထုလို ကချင်နယ်မှာ နေကြသလား၊ သားသမီးတွေကို နိုင်ငံကြီးများရဲ့ ကျောင်းကောင်းတွေမှာ ပို့ထားသလား၊ လိုင်ဇာ အနားမှာ ကျောင်းထားသလား။ စခန်းမှာ နေကြသလား။ သိချင်လို့ မေးမိတာပါ။

    နှစ်ဘက်စလုံးက ခေါင်းဆောင်တွေ သည်စစ်ပွဲကို ကချင်လူထုနဲ့ တတိုင်းပြည်လုံး ပြည်သူလူထု ကောင်းဘို့ လုပ်နေကြ၊ တိုက်နေကြတာလား။

    • It is a good critical questions for both sides. But we have to notice is that it is just Kachin land nothing concern with Myanmar government, like wise other states as the natives are ethnics people. They never have any benefits from their own natural resources. But all governments got it (all government are bamar). Ethnic educators never get a chance to lead or to have a high position at the government offices and ministry except to get pension in early ages. Dear Myanmar Tine Yinn Thu, you need to study more about Myanmar History, and Anthropology of Myanmar people but not in the University of Myanmar but at lease you should study at the Universities of Thailand, India or China in order to know broadly about Myanmar real history and and the nature, gene and character of (Bamar) people from Anthropological perspective so that you will know more about who you are and what you are.

  13. Burmese Armies look like evil and tyrant. We will never believe them.

  14. I am not a burmese and I am living in border areas. Although the goverment is not so good,KIO is also the same. KIA kills many innocent people mostly burmese. KIA leaders are also dictators just like Than Shwe and Nay Win. They are very rich now.

  15. ကိုအောင်မင်းရယ်-အာမခံပြန်ပြီလားအခြေအနေတစ်မျိုးပြောင်းသွားရင်စကားမတည်ရာရောက်လို့အရှက်ကွဲနေ မယ်။

  16. KIA အကြောင်းသိချင်ရင် ကချင်ပြည်နယ် လာပြီး ရှမ်းတိုင်းရင်းသားတွေ အများစု နေထိုင်တဲ့
    ရွာတွေကို လာပြီး လျှို့ဝှက် စုံစမ်းပါ၊ ကချင်ပြည်နယ်မှာမနေပဲ တပ်မတော်က တိုက်နေတာ
    အရမ်းအပြစ်မတင် ကြပါနဲ့၊တပ်မတောက ဦးသိန်းစိန်ရဲ့အမိန့်နာခံ လို့မတိုက်ဘဲနေတာ
    တပ်ရင်းတစ်ရင်းလုံး ခံရတာတွေ ဘယ်သူမှ မသိကြဘူး၊မီဒီယာ တွေကလဲ အဲဒီသတင်းကိုတော့
    ကြားရဲ့သားနဲ့KIAကို အပြစ်မတင်/ရှုံ့ချခြင်း မလုပ်ကြဘူး၊

  17. တပ်မတော် က အကြမ်းဖက်မိုက်ရိုင်းတဲ့ KIA ကို ထိုးစစ်ဆင်တိုက်ခိုက် တာကိုကျတော့ ၀ိုင်းပြီး
    ကန့်ကွက်ကြ၊အပြစ်ပြောကြ၊ထိုးစစ်ဆင်တိုက်ခိုက်ခြင်းမလုပ်ဖို့ပြောကြတယ်၊ KIA တွေ လမ်း/တံတား မိုင်းခွဲ ၊ပြည်သူတွေ ကိုဆက်ကြေးကောက်၊အပြစ်မဲ့တဲ့ ပြည်သူတွေ ကို သတ်နေ
    တာကျတော့ ဘယ်မီဒီယာ၊ဘယ်ပြည်သူ၊ဘယ်ပါတီ၊ဘယ်နိုင်ငံ၊နိုင်ငံခြား ဘယ်အဖွဲ့အစည်း
    ကမှ မလုပ်ဖို့တားဆီးခြင်း၊ကန့်ကွက်ခြင်း၊အပြစ်ပြောခြင်းမရှိကြပါ။

    • မြန်မာပြည်သား

      ရန်ကုန် ဈေးဝယ် စင်တာတွေ မှာ ဗုံးကွဲတာ၊ ရထားလမ်းတွေ ဗုံးကွဲတာ သူပုန်တွေ လုပ်တာ နည်းနည်း အစိုးရ က တစ်ဘက်လှည့် နဲ့ ခွဲတာ ခပ်များများပါ။
      ဇူလိုင် ၇ မှာ ဘယ်သူခွဲလဲ ဘယ်သူ လက်သည်လည်း ဆိုတာ ကလေး နှင့် ခွေးက အစ သိတယ်ကွ
      ပြောနေရင် လေကုန်တယ်။

  18. နောနော်

ုKIO-KIA (or) Kachin တွေဘာကိုလိုလားလို့စစ်တိုက်နေ၇လဲဆိုတာအမိုးသားညီလာခံမှာ
    တင်ပြပြီးသားဖြစ်တယ်။

  19. Why Suu Khi shut up and silent her mouth. Only she likes and has many Vote in election from ethnics lands? Why She do not like protect ethnics people right?