သတင်း

ရန်ကုန်နှင့် မန္တလေး တက္ကသိုလ် ဆရာများ သမဂ္ဂ ဦးဆောင်သူများ နယ်ဝေး ရွှေ့ခံရ

Hits:6,471
  | |
Print This Post

မန္တလေး တက္ကသိုလ် (ဓာတ်ပုံ – မြန်မာဝီကီပီဒီးယား)

ရန်ကုန် တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့မှ ဆရာများသမဂ္ဂ၏ အလုပ်အမှုဆောင် ဆရာ၊ ဆရာမများအား ပညာရေးဝန်ကြီးဌာနက မည်သည့် အကြောင်းပြချက်မှမရှိဘဲ နယ်ဝေး တက္ကသိုလ်များသို့ ယခုလအတွင်း ပြောင်းရွေ့လိုက်ကြောင်း သိရသည်။

ပြောင်းရွေ့ခံရသည့် ဆရာများမှာ မန္တလေးတက္ကသိုလ် ဆရာများသမဂ္ဂမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး အပါအ၀င် အလုပ်အမှုဆောင် ၇ ဦး ပါဝင်ပြီး၊ ဥက္ကဋ္ဌ ဒေါက်တာ သက်လွင်အား စစ်တွေတက္ကသိုလ်၊ အတွင်းရေးမှူး ဦးသုတအား ကျိုင်းတုံတက္ကသိုလ်၊ ဒေါက်တာ ခင်လှိုင်မြင့်အား မိုးညှင်းတက္ကသိုလ်၊ ဒေါက်တာ ၀င်းဝင်းညွန့်အား ဗန်းမော်တက္ကသိုလ်၊ ဦးမင်းလွင်အား ပင်လုံတက္ကသိုလ်၊ ဒေါက်တာ နိုင်မျိုးလွင်နှင့် ဦးတင်ဦးလှိုင်အား မြစ်ကြီးနားတက္ကသိုလ်တို့သို့ ပြောင်းရွေ့လိုက်ခြင်း ဖြစ်သည်။

ဤသို့အကြောင်းပြချက်မရှိဘဲ ပြောင်းရွေ့လိုက်ခြင်းသည် တက္ကသိုလ်ဆရာများသမဂ္ဂ ဖွဲ့စည်း၍ ဖြစ်ကြောင်း၊ သမဂ္ဂ၏ လုပ်ဆောင်ချက်များ လုပ်ကိုင်၍ မရစေရန်အတွက် လူစုခွဲလိုက်ခြင်းဖြစ်ကြောင်း မန္တလေးတက္ကသိုလ် ဆရာများသမဂ္ဂ အတွင်းရေးမှူး ဦးသုတက ဧရာဝတီသို့ ပြောသည်။

“သမဂ္ဂ အလုပ်အမှုဆောင်တွေချည်း ပြောင်းရွေ့ခံရတာကိုကြည့်ရင် ဒီဆရာများသမဂ္ဂကို မဖွဲ့စေချင်ဘူးဆိုတာ ပြောလို့ရတယ်၊ လူစုလို့ မရအောင်လုပ်တာပဲ” ဟု ဆရာ ဦးသုတက ဆိုသည်။

သမ္မတ ဦးသိန်းစိန်ကသာ ပြောင်းလဲမှုဟု ခေါ်ဆိုနေသော်လည်း ယခုပြောင်းရွေ့ခံရမှုက ပညာရေးဝန်ကြီးဌာနတွင် ပွင်လင်းမြင်သာမှု မရှိသည်ကို ပြသနေကြောင်း၊ တဦးတယောက်၏ စိတ်ဆန္ဒပေါ်တွင် မူတည်၍သာ လုပ်ကိုင်နေသည်မှာ ထင်ရှားကြောင်း ဆရာ ဦးသုတက ဆက်ပြောသည်။

ပညာရေး ၀န်ကြီးဌာနအတွင်း စီမံခန့်ခွဲရေး ညံဖျင်းမှု၊ နိုင်ငံတကာနှင့် ယှဉ်လျှင် ပညာရေးစနစ် နိမ့်ကျနေခြင်း၊ ပညာရေးဝန်ထမ်း အပြောင်းအရွေ့များတွင် ဘက်လိုက်မှုများ ရှိနေခြင်း၊ ထို့အပြင် ပညာရေးဝန်ထမ်းများ လူမှုအခွင့်အရေး ခံစားခွင့် နိမ့်ကျနေခြင်းကို ထောက်ပြမှုများအား အသစ်ဖွဲ့စည်းခဲ့သည့် တက္ကသိုလ် ဆရာများသမဂ္ဂသည် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မန္တလေးတက္ကသိုလ် ဆရာများသမဂ္ဂ ဥက္ကဋ္ဌ ဒေါက်တာသက်လွင်ကလည်း “ကျနော်တို့ အမှုထမ်းတွေဆိုတာက အကြောက်တရားနဲ့ ကြီးပြင်းခဲ့ရတာ။ အခုလို အမှုဆောင်တွေကို နယ်ဝေးရွေ့လိုက်တော့ ကျန်တဲ့အသင်းသားတွေလည်း ထင်ယောင်ထင်မှားဖြစ်တဲ့ အပြင် စည်းရုံးရေးခက်ခဲပြီး လူစုလို့ မရအောင်လုပ်လိုက်တော့ အသင်းပျက်သလို ဖြစ်သွားတာပေါ့” ဟု ဆိုသည်။

အလားတူ ရန်ကုန်တက္ကသိုလ် တက္ကသိုလ်ဆရာများသမဂ္ဂ ဥက္ကဋ္ဌ ဒေါက်တာ ဥက္ကာမြ အပါအ၀င် အလုပ်အမှုဆောင်တချို့လည်း တခြားသော နယ်ဝေးတက္ကသိုလ်များသို့ ပြောင်းရွေ့ခံရသည်ဟု သိရသည်။

ထိုသို့ သမဂ္ဂအဖွဲ့ဝင် အလုပ်အမှုဆောင်ဆရာများ နယ်ဝေးသို့ ပြောင်းရွေ့ခံရသော်လည်း ပညာရေးဝန်ထမ်း ဆရာဆရာမများအရေး အပါအ၀င် လူမှုလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နိုင်ရန် ကျန်ရှိ အသင်းသားများနှင့်အတူ နယ်ဝေးမှနေ၍ ကြိုးပမ်းသွားမည်ဖြစ်ကြောင်း မန္တလေးတက္ကသိုလ် ဆရာများသမဂ္ဂ အတွင်းရေးမှူး ဆရာ ဦးသုတက ဆိုသည်။

“မန္တလေးကိုသွားဖို့ ခရီးစရိတ်ကတော့ မတတ်နိုင်ဘူး။ ဒါပေမယ့် ဒီခေတ်ကြီးမှာ ဖုန်းထဲကနေ၊ အင်တာနက်ကနေ အစည်းအဝေး လုပ်နိုင်မယ်။ ကျနော်တို့ ကြိုးစားပမ်းစား ထောင်ထားတဲ့အဖွဲ့ အပျက်မခံနိုင်ဘူး” ဟု ၎င်းက ပြောသည်။

ထိုသို့ တက္ကသိုလ်ဆရာများသမဂ္ဂ အလုပ်အမှုဆောင်များ ပြောင်းရွေ့ခံရမှုနှင့် ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်ထံသို့ စာရေးသား ပေးပို့ထားကြောင်း၊ ထို့အပြင် မန္တလေးမြို့ရှိ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရုံး (ILO) သို့လည်း တိုင်ကြားထားကြောင်း သိရသည်။

အဆိုပါပြောင်းရွေ့မှုနှင့် ပတ်သက်၍ ဧရာဝတီက အထက်မြန်မာပြည် အဆင့်မြင့်ပညာ ဦးစီးဌာနသို့ ဆက်သွယ် မေးမြန်းသော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။

မန္တလေးတက္ကသိုလ် ဆရာများသမဂ္ဂကို ပြီးခဲ့သည့် စက်တင်ဘာလက မန္တလေးတက္ကသိုလ် (ပင်မ)၊ နိုင်ငံခြားဘာသာသင် တက္ကသိုလ်၊ အဝေးသင် တက္ကသိုလ်တို့မှ ဆရာ၊ ဆရာများဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး၊ မန္တလေးတိုင်းအတွင်းရှိ လူငယ်ဖွံဖြိုးရေး လုပ်ငန်းများကိုလည်း လုပ်ကိုင်နေသည့် အဖွဲ့ဖြစ်သည်။

ပညာရေး ဝန်ကြီးဌာန ဗဟိုအစိုးရ ဝန်ကြီးမှာ ဒေါက်တာ မြအေးဖြစ်ပြီး အထက်မြန်မာပြည် အဆင့်မြင့်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးမှာ ဒေါက်တာ စိုးဝင်း ဖြစ်သည်။


WSJ LIVE VIDEO:

13 Responses

Leave a Reply

  1. သတင်းကတော့မကောင်းဘူး။
    ဒါပေမယ် ဒီအခွင့်အရေးကို လက်လွှတ်လို့လည်းမဖြစ်ဘူး။
    နယ်မြို့တွေမှာ ဆရာများသမဂ္ဂအဖွဲ့ခွဲတွေ ကို ခေါင်းဆောင်တွေကိုယ်တိုင် အစိုးရစရိတ်နဲ့ သွားရောက်ပြီး အနီးကပ်ဖွဲ့စည်းနိုင်ပြီပေါ့။

    • မြန်မာ တိုင်းရင်းသူ

      ကိုကျော်သူထွန်း ပြောတာ လက်ခံတယ်။ အခုဆိုရင် ဆရာတို့ အနယ်နယ်မှာ တက္ကသိုလ်ဆရာတွေတင်မက အထက်တန်းဆရာတွေ သမဂ္ဂ ဖြစ်ဘို့ စည်းရုံးနိုင်ပြီ။ မလျော့တဲ့ စိတ်ဓါတ်တွေကို လေးစားပါတယ်။

  2. ပြည်သူ

    စစ်အာဏာရှင်ရဲ့အငွေ့အသက်တွေမကုန်သေးကြောင်း ပြည်သူကိုမက်ဆေ့ခ်ျပေးချင်တဲ့သဘောနဲ့တူပါရဲ့။ အင်း….. ပြောင်းလဲတယ်သာဆိုတာတကယ်တော့ခရီးက ၁၀%လောက်ပဲပေါက်ပါသေးလား။ ပြိုင်တူတွန်းလျှင်ရွေ့နိုင်ပါဧ။်.

  3. ပညာရေးဝန်ကြီး ဦးမြအေးက ပြုပြင် ပြောင်းလဲရေးကို
    မကြိုက်သော ဗဟို ချုပ်ကိုင်မူကို လိုလားသူ
    အဖြစ် ပညာရေး အသိုင်းအ၀န်းက ပြောကြပါတယ် ။
    အကယ်၍ ဒါမျိုး တကယ်ဖြစ်နေရင် အမြန်ဆုံး ဖယ်ရှား
    သင့်ပါတယ် ။

  4. They need to form a committee to investigate the motive through a lawyer. If the government is cleverly transferring them, let the pay the price. Having a “Teachers’ Union” is a great thing. If the government has problem, this is the government problem, not the teachers. Students’ Union and Teachers’ Union are very important to have successful institutions. It is even more important than Ministry of Defense. When there is no more civil war, the Union of Burma will no longer need Ministry of Defense. Because no country will come and invade us. However, education will be always important until the end of the earth.

  5. Transfer orders effect to hundred of university staffs, not only for union members.
    If someone wants to stay at YU and MU, who needs forign degree for excellence centres.

  6. ပညာတတ်သူတွေ ကောက်ကျစ်ယုတ်မာပြီဆိုရင် သူများတွေထက်ပိုတယ်တဲ့။
    သေချာတာ တစ်ခုကတော့ ဒီလူ ဒေါက်တာမြအေး ကြောင့် ရေတိမ်နစ်တော့မယ်။ နစ်လဲနစ်နေပါပြီ။
    သမ္မတဦးသိန်းစိန် ဒီလိုလူတွေကို မဖယ်ရှားသ၍ အပြောနဲ့အလုပ် တခြားစီဖြစ်ပြီး တိုင်းပြည်ရဲ့ စက်ဆုတ်ရွံရှာမှုကို မလွဲမသွေ ခံရမှာပါ။

  7. ဒဂုံတက္ကသိုလ်၊ဓာတုဗေဒဌာနမှ ဆရာတစ်ဦး

    ဒါဟာထူးခြားတဲ့သတင်းတစ်ခုတော့မဟုတ်ပါဘူး ၀န်ထမ်းဆိုတာ သူ့အချိန်ကျရင်တော့နယ်ပြောင်းခံရမှာပါပဲ
    အခုပြောင်းရွှေ့ခံရတဲ့ ဆရာ၊ဆရာမတွေလည်း ပြောင်းရွှေ့ဖို့အချိန်ကျလို့ပြောင်းရတာလို့ပဲမြင်ပါတယ်။ ဒီအသင်းဖွဲ့လို့ အခုလိုနယ်ပြောင်းလိုက်တာလို့တော့ မထင်ပါဘူး။အချိန်မစေ့ပဲပြောင်းရရွှေ့ရတယ်ဆိုတာလည်း သာမာန်အချိန်တွေမှာလည်း ဖြစ်တတ်ပါတယ်။ ရာထူးကြီးတဲ့လူကြီးတွေကတော့ နှစ်၅၀ကျော် စစ်အုပ်ချုပ်ရေးအောက်မှာနေခဲ့ရလို့လားတော့မသိဘူး အကြောက်တရားတွေနဲ့ ဗျူရိုကရက်တော့ဆန်နေကြတုန်းပါပဲ။ဒီလိုအဖွဲ့အစည်းတွေဖွဲ့စည်းတာကိုလည်း သူတို့တွေမကြိုက်ကြတာတော့အမှန်ပါပဲ။ ဘာကြောင့်မကြိုက်တာလည်းဆိုတော့လည်း သူတို့တွေဆီမှာတိကျတဲ့အဖြေမရှိပါဘူး။ခေါက်ရိုးကျိုးနေတဲ့အကျင့်တစ်ခုလိုဖြစ်နေတာပါပဲ။အဲလိုမကြိုက်လို့ အဲဒီဆရာ၊ဆရာမကြီးတွေက စိတ်ထားမပြည့်တဲ့လူတွေလားဆိုတော့လည်း အလိုလည်းမဟုတ်ပါဘူး။တချို့တလေတော့လည်းရှိမှာပေါ့လေ ကိုယ့်အတ္တကိုရှေ့တန်းတင်တဲ့ ဆရာ၊ဆရာမကြီးတွေ။ဒါပေမယ့် ကျွန်တော်တို့ပညာရေးလောကမှာအရမ်းရှားပါတယ်။ဒီအဖွဲ့ကို ဖွဲ့စည်းဖို့လက်မှတ်လိုက်စုတုန်းကလည်း တချို့ဆရာ၊ဆရာမတွေမှာ လက်မှတ်ထိုးရဲတဲ့သတ္တိလေးတောင်မရှိပါဘူး။ အခုတိုင်းပြည်ပွင့်လင်းလာတာ တချို့တွေဘ၀တွေ၊အသက်တွေပေးခဲ့လို့ ဆိုတာ သူတို့တွေမတွေးမိကြဘူးထင်ပါတယ်။သူများတွေပဲအနစ်နာခံစေ ကိုယ်ကိုတိုင်ကတော့ အသာစံဖို့ပဲစောင့်နေမယ်ဆိုတဲ့အတွေးတွေ ကျနော်တို့ဗုဒ္ဓဘာသာထွန်းကားတဲ့တိုင်းပြည်မှာ တွေ့နေရတာ သိပ်တော့ဘ၀င်မကျလှပါဘူး။
    ကျနော်တို့ဒီလိုတက္ကသိုလ်ဆရာ/ဆရာမများအသင်းကို ဖွဲ့စည်းရတဲ့ ရည်ရွယ်ချက်ကလည်း ဆရာ၊ဆရာမတွေရဲ့အကျိုးစီးပွားကိုကာကွယ်ဖို့ဆိုတာထက်ပညာရေးလောကတစ်ခုလုံးကို သိက္ခာရှိတဲ့ တင့်တယ်ကောင်းမွန်တဲ့ ပညာရေးလောကတစ်ခုကို ဖန်တီးချင်လို့ ဆိုတဲ့ရည်ရွယ်ချက်နဲ့ခံယူချက်တူတဲ့၊သတ္တိလည်းနည်းနည်းပါးပါးရှိတဲ့သူတွေ စုစည်းပြီးဖွဲ့စည်းခဲ့ခြင်းဖြစ်ပါတယ်။ ပညာရေးလောကက ကမောက်ကမဖြစ်နေတာတွေကို ရိုးသားစွာ ဖော်ထုတ်တင်ပြသွားဖို့ပါပဲ။ ဆရာ/ဆရာမတွေရဲ့ ကိုယ်ကျင့်သိက္ခာကအစပေါ့ဗျာ။ ကိုယ်ကျင့်သိက္ခာဆိုပေမယ့်လည်း ကိုယ်ရေးကိုယ်တာကိစ္စတွေထက် ပညာရေးနဲ့ပတ်သတ်နေတဲ့ကိစ္စတွေကို ပြောတာပါ။ကျောင်းသားကိုမလိမ့်တပါတ်လုပ်စားတာတွေကအစ ဟောက်စားတာအဆုံးပေါ့။

  8. This is one of the sign of Military government policy “Pressure on Educated people”. Government only thing about their stability.Try to do the strong association in all university.This is very important. Try prevent in Myanmar one party control system(Kyat Phut party +Military +Ex army control system).

  9. ၀န်ကြီးက စေတနာနဲ့ ပိုမို ကျယ်ပြန့်စေရန်ပြောင်းတာပါ။

    • မြန်မာ တိုင်းရင်းသူ

      ဟုတ်ပါ့။ အစိုးရ စရိတ်နဲ့ နယ်တွေမှာပါ စည်းရုံးရေး ဆင်းတာပေါ့။

  10. ကျွန်မတို့ သိပ်ပံနှင့် နည်းပညာဝန်ကြီးဌာနလည်း အတူတူပါပဲ။ Transfer မလုပ်တာ ၃နှစ်ရှိပြီ။
    မျှော်လင့်ချက်ကတော့ ရေးရေးတောင် မမြင်ရဘူး။ President ဦးသိန်းစိန် မသိသေးတာတွေ အများကြီးနော်။

  11. ကိုကျော်သူထွန်းပြောတာ မှန်တယ်