အကောက်ခွန်ဝန်ထမ်း ၁၅ ဦးထက်မနည်း ထပ်မံအရေးယူခံရမည် | ဧရာဝတီ
သတင်း

အကောက်ခွန်ဝန်ထမ်း ၁၅ ဦးထက်မနည်း ထပ်မံအရေးယူခံရမည်

Hits:12,020
  | |

ရန်ကုန် ကမ်းနားလမ်းရှိ အကောက်ခွန် ဦးစီးဌာန ရုံးချုပ် (ဓာတ်ပုံ – သာလွန်ဇောင်းထက် / ဧရာဝတီ)

ရန်ကုန်ဆိပ်ကမ်းရောက် ကားသစ်များကို တရားမ၀င် လာဘ်ငွေယူပြီး ထုတ်ယူခွင့်ပြုခဲ့သော အကောက်ခွန် ဦးစီးဌာနမှ ၀န်ထမ်း ၁၅ ဦးထက်မနည်းကို စုံစမ်းစစ်ဆေး အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းသို့ ဂျပန်နိုင်ငံမှ ကားသစ်များ တင်သွင်းခွင့်ပြုလျှက်ရှိရာတွင် တင်သွင်းလာသော ကားများ၏ ထုတ်လုပ်သည့် ခုနှစ်များကို ပြင်ဆင်ပြီး ဆိပ်ကမ်းမှ တရားမ၀င် ထုတ်ယူမှုများ ရှိနေသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနသို့ တိုင်ကြားစာရောက်ရှိလာကြောင်း၊ ယင်းတိုင်ကြားချက်ကို ပြည်ထဲရေးဝန်ကြီးဌာန၊ အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာနက တာဝန်ယူ စုံစမ်းမှုများ ပြုလုပ်ခဲ့ရာ အကောက်ခွန်ဝန်ထမ်း ၁၅ ဦးထက်မနည်း ပါဝင် ပတ်သက်လျှက် ရှိသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

“၁၉၉၈ ခုနှစ် မော်ဒယ်ကားတွေကို ၂၀၀၂ ခုနှစ်ထုတ်လို့ ပြောင်းလဲပြီး ဆိပ်ကမ်းကနေ ကားတွေ ထုတ်တာပါ။ စဖြစ်တာက စီးပွား/ ကူးသန်းဝန်ကြီးဌာနဆီ စာတစောင် တက်သွားတယ်။ အဲဒီနောက် ပြည်ထဲရေးကို လွှဲပေးလိုက်တယ်။

ပြည်ထဲရေးကို ရောက်ပြီးတော့ စသုံးလုံးက ကိုင်တွယ် စစ်ဆေးတယ်။ အခု စစ်ဆေးမှုတွေလည်း အားလုံးလုပ်ပြီးလို့ အစိုးရအဖွဲ့(Cabinet) ဆီ တင်တော့မယ်။ အရေးယူတာတွေက အမှုပေါ်မှာ မူတည်ပြီးတော့ ရှိမယ်” ဟုနေပြည်တော် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ အတည်ပြု ပြောဆိုသည်။

၂၀၁၂ ခုနှစ် ဇွန်လအတွင်းကလည်း တရားမ၀င် လိုင်စင်မဲ့ကားများကို ဆိပ်ကမ်းများမှ တရားမ၀င် ထုတ်ယူခွင့် ပြုခြင်းနှင့် ပတ်သက်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ၀န်ထမ်း ၅ ဦး၊ အကောက်ခွန် ဦးစီးဌာနမှ ၃၃ ဦး၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အဖွဲ့မှ ၀န်ထမ်း ၅ ဦး စုစုပေါင်း ၄၃ ဦးကို အလုပ်မှ ထုတ်ပယ်ခြင်း၊ ရာထူးချ ဌာနပြောင်း အရေးယူခြင်းများ လုပ်ဆောင်ခဲ့ကြောင်း၊ အလုပ်ထုတ် အရေးယူ ခံရသူများတွင် အကောက်ခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးထင်ပေါ်နှင့် ဦးမျိုးမြင့်သိန်းတို့ ပါဝင်ကြောင်း သိရှိရသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လာဘ်ပေးလာဘ်ယူမှုများ ပပျောက်ရေးအတွက် ချက်ချင်း လုပ်ဆောင်သွားရန် မဖြစ်နိုင်ဘဲ
အချိန်ယူ လုပ်ဆောင်သွားရမည် ဖြစ်ကြောင်း၊ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှု အထူးလိုအပ်ပြီး လာဘ်ပေးလာဘ်ယူမှု ပြုလုပ်သူများကို သိရှိလျှင် မှတ်ပုံတင်နှင့်တကွ တိုင်ကြားမှု ပြုလုပ်စေလိုကြောင်း အောက်တိုဘာလ ၂၁ ရက်နေ့ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသည်။

ပြည်တွင်း စီးပွားရေးပညာရှင် ဒေါက်တာ အောင်ကိုကိုကမူ အစိုးရအနေဖြင့် လာဘ်ပေးလာဘ်ယူမှုများကို တိုက်ဖျက်မည် ဆိုပါက ထင်သာမြင်သာဖြင့် စီမံကိန်းချ ဆောင်ရွက်သင့်ကြောင်း၊ ပထမအဆင့်အနေဖြင့် အစိုးရ ဗျူရိုကရက် ယန္တရားကို
လျော့ချရမည်ဖြစ်ပြီး ဒုတိယအဆင့်တွင် ပုဂ္ဂလိက ကဏ္ဍကို အားပေးခြင်း၊ ၀င်ငွေအဆင့်အတန်းကို မျှခြေဖြစ်အောင် လုပ်ဆောင်ခြင်းများ ပြုလုပ်ရမည်ဖြစ်ကြောင်း၊ တတိယအဆင့် အနေဖြင့် စီးပွားရေး အသိုက်အ၀န်းတခုလုံး ဖွံ့ဖြိုးတိုးတက် စေရန် လုပ်ဆောင်မှသာလျှင် လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေး အောင်မြင်မည်ဟု သုံးသပ်ပြောဆိုသည်။

“အကျင့်ပျက် ခြစားတဲ့သူ ဖမ်းလိုက်၊ အရေးယူလိုက်နဲ့တော့ ဒါကြီးက ပျောက်ပျက်သွားမှာ မဟုတ်ဘူး။ လာဘ်စားလို့ ရတဲ့ နေရာဖြစ်တော့ ရှေ့က သွားလို့ နောက်လူဝင်လာလည်း စားဦးမှာပဲ။ ပေါ်လစီပိုင်းနဲ့ကို သေသေချာချာ ချပြီး ထင်သာမြင်သာ ရှိရှိ လုပ်ဖို့ အရမ်းအရေးကြီးတယ်” ဟု ၎င်းက ဧရာဝတီသို့ပြောဆိုသည်။

၂၀၀၆ ခုနှစ်ကလည်း အကောက်ခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လေး အပါအ၀င် အကောက်ခွန်ဝန်ထမ်း ၆၀၀ ကျော်ကို လာဘ်ပေးလာဘ်ယူ မှုများကြောင့် ဖမ်းဆီးထောင်ချ အရေးယူခဲ့သည်။


27 Responses

Leave a Reply

  1. လက်ရှိမြန်မာပြည်ရဲ့ အဖြစ်အပျက် တွေက ဖယောင်းတိုင်လို ဖြစ်နေတယ်…ဖယောင်းတိုင်သည် ရေနံကို ပြုပြင်ပြောင်းလဲ ရာမှ ရရှိလာသော ဘေးထွက်ပစ္စည်း အရည်ဖြင့် လိုသလို ပုံသွင်းပြီး အခဲအဖြစ် နှင့် ထုတ်လုပ် လိုက်သည်..ပြီးတော့ ထိုအခဲကို သုံးစွဲသူက မီးရှို့၍ သုံးသဖြင့် အရည်အဖြစ်သို့ ပြန်ရောက်ရှိသွား ပြန်သည်….ထိုအရည်များ ခဲသွားပြန်လျှင် ပြန်လည်ပြုပြင်၍ ဖယောင်းတိုင် အဖြစ် ပြန်လည်၍ ထုတ်လုပ်ကြ ပြန်သည်…ထိုကဲ့သို့ မြန်မာပြည်၌ ဖြစ်နေသော အဖြစ်အပျက် များသည်လဲ ဖယောင်းတိုင်ကဲ့သို့ အရည်ဖြစ်လိုက် အခဲပြန်ဖြစ်လိုက်နှင့် လုံးခြာလည် နေသည်မှာ အံ့သြစရာ တော့မဟုတ်ပေ….ခိုင်မာသော ဥပဒေ မရှိ..ရှိပြန်ရင်လဲ မလေးစား မလိုက်နာ ပြီးလျှင် တိတိကျကျ အရေးယူခြင်းမျိုး မရှိသ၍ ကာလပတ်လုံး ဒီမိုကရေစီ ဟုဆိုနေသော ခေတ်ကြီးနှင့် လွန်စွာမှပင် ဝေးနေမည် ဖြစ်ကြောင်း……………

  2. မထူးဆန်းပါဘူး လုပ်မြဲ လုပ်ဆဲပါဘဲ နောက်လဲလုပ်ကြအုန်းမှာဘဲ။

  3. လာဘ်စားတဲ့သူရော ပေးတဲ့သူရော အရေးယူသင့်တယ်။

  4. ကြီးတော်

    လူသိရှင်ကြားဖြစ်လာမှ ယောင်ယမ်းပြီးထလုပ်တာပါကွယ်။ တကယ်တမ်းလာဘ်စားသူတိုင်းအရေးယူကြစတမ်းဆိုရင် နိုင်ငံတာဝန်ထမ်းပါတယ်ဆိုတဲ့ နိုင်ငံ့ဝန်ထမ်းတွေထဲက ၉၉%လောက်ဟာအရေးယူခံကြရမှာပါ။ အထူးထင်ရှားသူတွေကတော့ လ၀က၊အကောက်ခွန်၊စည်ပင်၊လျှပ်စစ်၊ရဲ၊စစစ၊…..အို အားလုံးပါပဲ။ သမ္မတကြီးတောင်လွတ်ပါ့မလားမသိဘူး။
    ဦးသန်းရွှေကြီးကိုကောအရေးမယူဘူးလား။ ဟားဟားဟား။

  5. I agreed with you Ko Thar Din.

  6. အရေးယူခြင်းခံရသော သူများကိုသတင်းစာခေါင်းစီးပိုင်း၊ ဓာတ်ပုံနှင့်တကွဖော်ပြပေးစေလိုပါတယ်…ဒါမှနောက်နောင်အရှက်ရမှာပါ…သူ့ရဲ့မျိုးဆက်ပါထိခိုက်မှာဖြစ်တဲ့အတွက် သူတို့ရှောင်ကျဉ်ကြပါလိမ့်မည်ဟု ထင်ပါသည်။ လာဘ်ပေးတဲ့သူကိုလည်းထိုနည်းအတိုင်းသာအရေးယူပါ….လာဘ်ပေးလာဘ်ယူဆိုတာအတူတူပဲမို့လို့ပါ…

  7. ထင်ရာစိုင်း

    2006 ခုနှစ် က DG က ဦးခင်မောင်လင်း ပါ။

  8. စိုင်းအာကာမင်း

    ကော်မရှင်ဖွဲ့.တော.မယ်ဆိုရင် နိုင်ငံရေးအကျဉ်းသား ထဲးက ရွေးစေလိုပါတယ်။အဘယ်.ကြောင့်ဆိုသော် အစိုးရဝန်ထမ်းတွေမှာ မစားတဲ.လူ မရှိသလောက်ပါဘဲး

  9. လာဘ်စားတာက မဆန်းပါဘူး။အပေါ်က တပ်ကပြောင်းလာတဲ့ မိုးကျရွှေကို လူကြီးမင်းများကို ဆက်သရတဲ့ တစ်ပတ်စာ လေလံဈေးကလည်းမြင့်တာကိုး။မပေးပြန်တော့လည်း အောက်ကကောင်တွေကိုနှိပ်ကွပ်တာကို။အဲ့တော့ တပတ်စာကိုပေးဖို့ တောင်းတာမဆန်းပါဘူး။တပ်ကပြောင်းလာတဲ့ ဦးစီးအရာရှိဗိုလ်ကြီးများဆိုရင်ပိုဆိုးပဲ။တပ်ထဲမှာ
    မရဘူး မမြင်ဘူးတာကိုမြင်တော့ပိုဆိုးပါတယ်။အဲ့တာလည်းအပြစ်မပြောနဲ့ သူတို့ရဲ့နောင်တော် ကြီးများရဲ့လမ်းစဉ်ကိုလိုက်တာပါ။

    • အကောက်ခွန်ဦစီးဌာန တွင် လာဒ်ပေးလာဒ်ယူ မှုများ ဟာ ယခင်ညွှန်ကြားရေးမှူးချုပ် ဦးစံသောင်း လက်ထက် မှာ ပင် စတင်ခဲ့ပါတယ် ၊ ဦစံသောင်း ဟာသူ့အားပေးကမ်းနိုင်သော ဝန်ထမ်း များကို သာ နေရာကောင်း ပေးခြင်း ၊ ရာထူးတိုးမြှင့်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပါတယ် ။ နေရာ ကောင်း ရ ရှိဖို့ အကောက်ခွန်အရာရှိ အဆင့်ဆင့်ဟာ ဦးစံသောင်း ကို အပြိုင်အဆိုင် လာဒ် လာ ဘတွေ အမျိုး ပေးဆောင်ကြတာကလည်း ကြောက်ခမမ်းလိလိပါပဲ။ ပြည်နယ်မှူး များကလည်း နယ် ကောင်း များ ရောက်ရှိ ပြီဆိုပါက ထိုနယ်များမှနေ၍ လစဉ်လစဉ် သိန်းရာချီပြီး ပို့ပေးကြ ရပါ တယ်။ ပေးနိုင်တဲ့ သူများဟာ မန္တလေး ၊ လားရှိုး ၊ မူစယ် ၁၀၅ မိုင် ၊ မြဝတီ၊ တာချီလိတ် ၊ ကျိုင်း တုံ စတဲ့ မြို့ တွေကို ရောက်ကြ ပါတယ် ။ ရန်ကုန်မြို့ပေါ်မှာ ဆိုရင်လည်း ထုတ်သွင်းဌာနခွဲ ၊ အေး ရှားဝေါ ဆိပ် ကမ်း စတာတွေမှာ သူ့တပည့်တွေကို သာ နေရာချထားပေးပါတယ် ။
      အ ကောက် ခွန် ဦးစီးဌာနမှာ ဦးစံသောင်း ထက်ကြောက်ရတဲ့ သူ တစ်ဦးရှိပါတယ် ၊ သူကတော့ ဦးစံသောင်း ရဲ့ ဇနီး ဒေါ် သီတာ လွင် ဖြစ်ပါတယ် ။ နေရာကောင်း ရရှိရန် ဒေါ်သီတာလွင် ကို တွေ့ ရဖို့ ခြံရှေ့မှာ အလှည့်ကျ စောင့်ရပါတယ် ။ အရေးကြီးတဲ့ ကောင်းတဲ့ မြို့များကို နေရာချတာက ဒေါ်သီတာလွင် ပဲဖြစ်ပါတယ် ။ မန္တလေးမှာ ပြည်နယ်မှူး တာဝန်ပေးထားတဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မင်း သိန်း ဟာ ဦးစံသောင်း ရဲ့ တပည့် အရင်း ဖြစ်ပြီး ဦးဇော်မင်း သိန်း ရဲ့ ဇနီး မချို က ဒေါ်သီတာလွင် အတွက် အိမ်မှုကိစ္စမှန်သမျှကိုယ်တိုင်ဝယ်ခြမ်း ပေးရတဲ့ အပြင် စိန်ထည် ပစ္စည်းတွေက အစ ဝယ်ပေး ရပါတယ် ။ ဒါကြောင့် ဦးဇော်မင်းသိန်း ဟာ ရန်ကုန်ကို ပြန် ရောက်တော့လည်း အကောက်ခွန်ဦးစီး ဌာနရဲ့ အကောင်းဆုံးဌာန တစ်ခုဖြစ်တဲ့ ထုတ်ကုန်သွင်းကုန် ဌာနမှာ နေရာရ ပြီး ဆရာ တပည့် နှစ်ရောက် မဟုတ်တာမှန်သမျှ အကုန် လုပ်ပါတယ် ။ ယခုအခါမှာတော့ မချို ဟာ ယောင်္ကျား နေရာကောင်း ရရှိဖို့ အရေး ယခု ညွှန်ချုပ် ဦးထွန်းသိန်း ၏ အိမ်တွင် တံခါးမရှိ ဓါးမရှိ ဝင်ထွက်သွားလာလို့နေပါပြီ ။ ဆိုင်ကယ်စီမံချက်နဲ့ ပတ်သက်ပြီးတော့ လည်း ဦးစံသောင်းနဲ့ ဒုညွှန်ချုပ် တို့ က သိန်း ၄၈၀၀ စီ ၊ နယ်ရုံးများကြီးကြပ် ရေးဌာနခွဲက ညွှန်ကြားရေးမှူးနဲ့ ဒုညွှန်ကြား ရေးမှူး တို့က သိန်း – ၄၈၀၀ – စီ ရကြပါတယ် ။ အဲဒီလောက်ရနေပေမဲ့ လောဘမသတ်နိုင် သော ကြောင့် အောက်ခြေဝန်ထမ်း များ လွန်စွာ စိတ်ဆင်းရဲ ခဲ့ရပါတယ် ။ ဦးစံသောင်းဟာ ဌာနတွင်း တွင် သာမကဦးဇော်ဇော်တို့ကဲ့သို့ခရိုနီများ ပြင်ပ ရှိ ကုပ္မဏီ များနှင့် ပူး ပေါင်းကာ အထူးသဖြင့် သူ၏ သူငယ်ချင်း ဦးခင်မောင် လတ် ကို တရားမဝင် ပစ္စည်းများ တင်သွင်း ခြင်း ၊ တို့ကိုလုပ်ဆောင်ရန် ခွင့်ပြုခဲ့ပြီး လာဒ် ငွေများစွာ ကို ရယူခဲ့ပါတယ် ။ ဝန်ထမ်းများ ရာထူးတိုးမြှင့်ရေး နှင့် ပါတ်သက်၍ လည်း ဦးစံသောင်း ဟာ ၄င်းခန့်ထားတဲ့ ဆွေမျိုးသားချင်း များ (အသစ်ခန့်ထားသူ စာရေးဝန်ထမ်း အများစုဟာ ဦးစံသောင်းနဲ့ ဒေါ်သီတာလွင်တို့ ရဲ့ ဆွေမျိုးတော်စပ်သူနဲ့ ရပ်ဆွေရပ်မျိုးတွေပဲဖြစ်ပါတယ်) ၊ ငွေသိန်းရာချီ ပေးနိုင်သူများ နဲ့ နှာဗူး ကလည်း ထသော ကြောင့် ရုပ်ရည် ချောမောလှပသူ များကို သာ စိတ်တိုင်းကျ ရွေးချယ်ခန့် ထားသောကြောင့် အ မှန်တကယ် အရည် အချင်းရှိ သောသူများအတွက် လွန်စွာနစ်နာလှပ်ါတယ် ။ ရာထူးတိုး စာမေး ပွဲများ ကို ဖြေဆို ရာတွင် မေးခွန်းကို ကိုယ်တိုင်ချုပ်ကိုင်ပြီး နီးစပ်ပတ်သက်သူ ၊ ပေးနိုင်သူများကို မေးခွန်းနှင့်အဖြေများကို ပြော ပြ ထားသဖြင့် ထိုသူများသာ ဖြေနိုင်ကြပြီး ရာထူးတိုးမြှင့် သွားကြ ပါတယ် ၊ ဘယ်လောက် အထိ ဖြေနိုင်ကြသလည်း ဆိုလျှင် ဦးစံသောင်း ထုတ်ထားသည့် မေးခွန်း အတွက် sample အဖြေ များ မှ မှားရိုက်မိသော အဖြေစာသား များပါ ထပ်တူညီနေသည်ဟု စာစစ် သူများက ပြောပြ သဖြင့် သိရှိရပါတယ် ။ ဟုတ်မဟုတ်သိရှိနိုင်ရန် တာဝန်ရှိသူများ ဝင်ရောက်စစ်ဆေး သင့် ပါတယ် ။ ဒီစာမေးပွဲကိစ္စဟာ အကောက်ခွန် ဦးစီးဌာန တစ်ရုံးလုံး သိရှိသော အမှန်တရားပဲဖြစ် ပါတယ် ။ သို့မှသာ နစ်နာနေသူ များအတွက် အမှန်တရားကို ဖေါ်ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါတွေအပြင် နယ်အသီးသီး မှ တာဝန်ကျသော အကောက်ခွန် ဝန်ထမ်းများ၏ လစဉ် ပို့သော ဆက်ကြေးများဖြင့် အခုအခါ မှာတော့ ဦး စံ သောင်း ဟာ သိန်းပေါင်း သောင်း ပေါင်း များ စွာ ချီလျက် ချမ်းသာသွားပြီး မြန်မာ့ စီးပွါးရေး ဘဏ်တွင် ဦးဆောင်ညွှန်ကြား ရေးမှူး အဖြစ် နပ်နေ ပါပြီ ။ ဦးစံသောင်း သည် ဝန်ထမ်းများ ရာထူးတိုးမြှင့် ရေး အတွက် လက်ခံထားသော ငွေကြေး များမှာ လည်း မြန်မာ့စီးပွါးရေးဘဏ်သို့ ရုတ်တရက် ပြောင်းရွှေ့ ရန် ရောက်ရှိလာသော အမိန့် ကြောင့်ဘာမှလုပ်ပေး သွားနိုင်ခြင်း မရှိပဲ အကောက်ခွန် အရာရှိ ငယ်များမှာ ရာထူး မတိုး ပဲ ငွေ သိန်းရာချီ ဆုံးရှုံး ခဲ့ရကြောင်း သိရှိရပါတယ် ။
      နောက်ထပ်ရောက်လာသော ညွှန်ချုပ် အသစ် ဦးထွန်းသိန်း လက်ထက် တွင် လည်း ဦးစံသောင်းလောက် မဆိုးစေကာမူ ဦးစံသောင်း လောက်နီးနီး တော့ရှိပါတယ် ၊ အ ကောက် ခွန် ဦးစီးဌာနသို့ ရောက်ပြီးမကြာခင် အိမ် သစ် တက်ပွဲပြုလုပ်ပြီး ဝန်ထမ်း များ ၊ ကုပ္မဏီ များ ကို ဖိတ်ကြားကာ အိမ်သစ်အတွက် လက်ဆောင် များ ၊ လာဒ်လာဘများကို သွယ်ဝိုက်သော နည်း အား ဖြင့် ရယူခဲ့ပါတယ် ၊ အေးဂျင့် မသီတာ မှာ ထိုအိမ် အတွက် ပြင်ဆင်မွမ်းမံ ဝယ်ခြမ်း ပေးရင်း အခွင့် အရေး များကို ရယူနေကြတာ အထင် အရှား ဖြစ်ပါတယ် ၊ ညွှန်ချုပ် ကတော် အတွက် လည်း လိုအပ်တဲ့ အဖိုးတန် ပစ္စည်း တွေကို ဝယ်ပေးရကြောင်း မသီတာ ကိုယ်တိုင် က ပြောပါ တယ် ။ ညွှန်ချုပ် ဦးထွန်းသိန်း ဟာသူ့အိမ်မှာ ပွဲများကို မကြာခဏ ပြုလုပ် လေ့ ရှိပါတယ် ၊ လုပ် တိုင်း လည်း ကုန်သည်များ၊ ကုပ္မဏီကြီး များ ကိုဖိတ်ကြားလေ့ရှိပြီး သူ၏အိမ်ရှေ့တွင် အကောက်ခွန်ဝန်ထမ်း များ က လမ်း ရှင်း ပေးရတဲ့ အထိ စည်ကားခဲ့ပါတယ် ။ ယခုအိမ် သို့ရောက်ပြီး တစ် နှစ်ကျော်အတွင်း ဘုရားပင့်ခြင်း နှစ်ကြိမ် အိမ်သစ်တက် တစ် ကြိမ် ၊ တက္ကသိုလ် တက်နေသော သားများ၏ မွေးနေ့ သုံးကြိမ် လုပ်ပြီး ဖြစ်ပါတယ်။ ထိုပွဲများ ဟာ အကောက်ခွန် ဝန်ထမ်း တို့ အ တွက် အပြိုင်အဆိုင် အပေး ပြိုင်ရတဲ့ ပွဲ ပဲ ဖြစ်ပါတယ် ။ ပေးတာနည်းသွားရင် တော့ ချောင်ထိုးခံ ရမှာ အသေအခြာ ပဲဖြစ်ပါတယ် ။ နယ်ရုံးများ နဲ့ ရန်ကုန်ရှိ ဌာနခွဲ များက ညွှန်ကြားရေး မှူးချုပ် ကို ရော ဒုညွှန်ချုပ် ကို ပါ ပေးရတာ ချင်း မှာ အတူတူ ပင် ဖြစ်ပါတယ်။ နေရာကောင်းသည့် ဌာနခွဲ များ မှ လစဉ် အစဉ် အလာ ပို့နေကျ ခွဲတန်း များ အတွက် ပို့ပေး ရသည်မှာ မထောင်းသာ လှသော်လည်း နေရာ မကောင်း သည့် ဌာနခွဲ များ ကလည်း လစဉ် ဆန် ၊ ဆီ ၊ blue Label ကဲ့သို့ တန်ဖိုး ကြီး အရက် များ အပြင် ခွဲတန်းချ ငွေကြေး တို့ ကို ပါ ပေးပို့ နေရသဖြင့် ဝန်ထမ်း များ မှာ လွန်စွာ သောက ရောက်ရ ပါတယ် ။ ယခုခေတ်ကာလတွင် နိုင်ငံတော် မှလည်း လာဒ်ပေးလာဒ်ယူမှု များကို အပြင်းအထန် နှိမ်နှင်း နေသောကာလဖြစ်ပါတယ် ၊ ညွှန်ချုပ် ဦထွန်း သိန်း နှင့် ဒုညွှန်ချုပ် တို့ကို လစဉ် အချိန်မှန် ပေးနိုင် ရန် နဲ့ နေရာကောင်း ရရှိရန် မလွဲမသွေ ငွေကို အသဲအသန် ရှာဖွေကြရပါ တယ် ။ အကောက်ခွန် ဦးစီးဌာနမှ ဝန်ထမ်း များ အကျင့် ပျက် ချစားခြင်း မှာ ညွှန်ချုပ် နှစ်ယောက်နဲ့ ဒုညွှန်ချုပ် တို့ကြောင့်သာ ဖြစ်ပြီး မမှန်ကန်သောနည်းလမ်း များဖြင့်ရရှိသော ငွေကြေး ဥစ္စာပစ္စည်း မှန်းသိပါလျက် လက်ခံရယူသော ညွှန်ချုပ် နှင့် ဒုညွှန်ချုပ် တို့ မှာ အမှန်တကယ် တာဝန်ရှိသူ များဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ် ။

      • ညိုမြင့်.. မင်းအဖေသာဝန်ကြီးတစ်ဦးဦးသာဖြစ်ခဲ့ရင်မင်းကောဘယ်လိုနေမလဲ။ သူ့ကုသိုလ်နဲ့သူ၊သူကံနဲ့သူဖြစ်လာတာ မနာလိုမဖြစ်စမ်းပါနဲ့ကွာ

        • လာဘ်ပေးလာဘ်ယူဖြစ်ရပ်တွေ လုံးဝပျောက်ကင်းချင်တယ်ဆိုရင် (၅)နှစ်သား(၅)နှစ်သမီးအရွယ်ကစပြီး အပေါ်အကြီးပိုင်းကိုအကုန်သတ်မှရမယ်။ (၅)နှစ်သား(၅)နှစ်သမီးအရွယ်ထိကစပြီး generation အသစ်နဲ့သွားမှရမယ်။ ဘာဖြစ်လို့လဲဆိုတော့အခုကျောင်းစနေတဲ့အရွယ်ကလေးတွေကအစ ဆရာမအတွက်အနည်းဆုံးပန်းတစ်ပွင့်ပေးရမယ်ဆိုတဲ့အစွဲက ကလေးတွေရဲ့စိတ်ထဲမှာရှိနေခဲ့ပြီ။ ဒါမှမဟုတ်ရင်လာဘ်ပေးလာဘ်ယူဖြစ်ရပ်တွေလုံးဝပျောက်ချင်တယ်ဆိုရင်တော့ သမတကြီးအနေနဲ့ world bank ကအတိုးမဲ့ချေးတဲ့သန်း(၁၆၀)ထဲကပြည်သူသန်း(၆၀)ကို တစ်ယောက်(၁)သန်းစီခွဲပေးလိုက်ရင်တော့ဒီဖြစ်ရပ်တွေလုံးဝပျောက်သွားမှာဖြစ်ပါတယ်။

  10. မှောင်ခိုပစ္စည်းတွေဆိုပြီး ဖမ်းဆီးဖို့ထက် ၊ ဘယ်ပစ္စည်းတွေကမှောင်ခို ၊ ဘယ်ပစ္စည်းတွေကို ပြည်သူတွေတစ်ဦးချင်း (သို့) ကုမ္မဏီတွေအနေနဲ့ ၊ တရားဝင် လွတ်လပ်စွာ ၊ တင်သွင်းရောင်းချခွင့်ရှိတယ် ။ ဘယ်ပစ္စည်း တွေက ဘယ်လိုအခွန်တွေကို ဘယ်လောက်နှုန်းနဲ့ ဆောင်ကြရမယ် ဆိုတဲ့ သတင်းအချက်အလက်တွေကို ၊ မီဒီယာများမှတဆင့် ၊ နိုင်ငံတော်က တရားဝင်ကြေညာပေးရင် ၊ အကောက်ခွန်လိုလို ၊ ကုန်သွယ်ခွန်လို်လို ၊ အမြတ်ခွန်လို်လို ၊ ဘာမှန်းမသိတဲ့ အခွန်တွေ ၊ ဘာမှန်းမသိတဲ့ ဌာနဝန်ထမ်းတွေရဲ့ ဒါဏ်က ၊ လွတ်ကင်းနိုင်ကြမှာပါ ။ နိုင်ငံတော်ကလဲ ရသင့်ရထိုက်တဲ့
    အခွန်တွေကို ရလာပြီး ပြည်သူတွေကလည်း စိတ်ချမ်းသာစွာ ၊ စီးပွါးရေးလုပ်ဆောင်နိုင်ကြမှာပါ။
    ဧရာဝတီကလည်း ဒီအကြောင်းအရာကို ရေးသားတင်ပြပေးပါ။

  11. (လာဘ်စားရင်-ထိထိရောက်ရောက်အရေးယူ)ဆိုရုံနဲ့ မပြီးပါ။လာဘ်မစားနိုင်အောင်လုပ်ရပါမည်။ငါ-ငါ့အမျိုး-ငါ့လူ မထိရင်ချသာချ ဆိုပြီးမလုပ်သင့်ပါ။အစိုးရပိုင်းမှအရင်ချမှတ်ထားတဲ့ လုပ်စားမူဝါဒတွေ အရင်ပြင်ပါ(ဥပမာ-permit control)။ပြီးရင်ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ့ ကို ထိတွေ့ ဆက်ဆံနေရတဲ့လူတွေနဲ့ တွေ့ ဆုံဆွေးနွေးပြီး ပြင်ဆင်ရေးဆွဲပါ။ပြီးရင်ဝန်ထမ်းတွေကို သေသေချာချာလေ့ကျင့်ပေးပါ-ဂုဏ်ရှိရှိနေနိုင်အောင်လုပ်ပေးပါ။ ချိုးဖေါက်ရင်ထိထိရောက်ရောက်အရေးယူသလို မှန်မှန်ကန်ကန် ဆောင်ရွက်သူများကိုလည်းအသေအချာကာကွယ်ပေးဖို့ လိုပါသည်။အထူးသဖြင့်lawenforcementတာဝန်ဆောင်ရွက်ရသူများအားဥပဒေကိုမလိုက်နာ လိုတဲ့သူတွေက ရန်သူလိုပစ်မှတ်ထား ရန်ပြုတတ်ပါသည်(ဥပမာ-တိုင်စာ/ပစ်စာ ပို့ ခြင်း)။နိုင်ငံတကာမှ လာဘ်ပေးလာဘ်ယူပပျောက်ရေး လုပ်နည်းလုပ်ဟန်များကိုလေ့လာပါ။
    IT နည်းပညာသုံးရန်လိုပါသည်။
    အရေးယူရာတွင်လည်း ဂျပန်စစ်ဗိုလ်လို အရင် လာပြောသူ/တိုင်သူစကားအမှန်မလုပ်သင့်ပါ-အများပြော၍လည်းအမှန်ဟုမယူသင့်ပါ-စစစ အဖွဲ့ ကလည်းရလျှင်တစ်မျိုး မရလျှင်တစ်မျိုး လူကြီးအလိုကြတစ်မျိုးဘက်လိုကတတ်ပါသည်။အာဏာရှင်ဆန်ဆန်ဘယ်လိုအရေးယူလိုက် ဆိုပြီးလ်ညးမလုပ်သင့်ပါ။ အပြစ်ရှိသူဟုထင်ပါက ဥပဒေနှင့်အညီ လူသိရှင်ကြားစစ်ဆေးကြားနာဖြေရှင်းခွင့်ပြုသင့်ပါသည်။ ဥပဒေအထက်
    တွင်မည်သူမှမရှိသင့်သကဲ့သို့ ဥပဒေ လွှမ်းခြုံမူနှင့်အကာအကွယ်ကိုလည်း လူတိုင်းရသင့်ပါသည်။
    (အပြစ်ရှိသူ တစ်ဦး လွတ်ခြင်လွတ်ပါစေ-အပြစ်မဲ့သူဆယ်ဦးကိုအရေးယူနိုင်ခဲ့သည့်)အတွက် ငါကွဟူ၍ဂုဏ်မယူသင့်ပါ။ လူတိုင်းတွင် ကိုယ်စီ ဘဝနှင့်မိသားစုအသိုင်းအဝိုင်း ရှိပါသည်။ ကိုယ်ခြင်းစာစိတ်ထားနိုင်ပါစေ-စိတ်သဘောထားသေးသိမ်ခြင်းကင်းကြပါစေ။

  12. We want punish to them death sentence same as chinese government style,so no custom new generation will not do like this corruption.

    • ခပ်ညံ့ညံ့

      အဲဒီ နောက်လာမယ့် New Generation မှာ မင်းကို ( KoPYIChit ကို ) ခန့်ထားပေး မယ်လေ၊ ဒါမှ နောက်တစ်ကြိမ် Death Sentence ပေးရင် မင်းလည်းပါသွားအောင်၊ ( ရီစရာပြောတာပါ၊ ကာစတန်မှာ အလုပ်ခေါ်ရင် မင်းသွားမလျှောက်နဲ့ဦးနော်) အခုဖြစ်နေတာတွေအားလုံးဟာ လူကြောင့်ဖြစ်နေတာမဟုတ်ဘူးကွဲ့ အမောင်ပြည်ချစ်ရဲ့၊ မူတွေကြောင့် ဖြစ်နေတာ၊ မယောင်ရာဆီလူးနေကြတာ၊ အကောက်ခွန်ကိုမယုံလို့ဆိုပြီး တပ်ကလူတွေထည့်တယ်၊ (ထူးမခြားနား) အဲဒါကြောင့် တပ်ကလူတွေကိုမယုံလို့ဆိုပြီး အထူးတပ် ( ထောက်လှမ်းရေး) တွေထည့်တယ် (ထူးမခြားနား၊ ပိုဆိုး)၊ အဲဒါတွေမလုံလောက်လို့ဆိုပြီး ဒေသအာဏာပိုင်တွေက အဖွဲ့စုံတွေနဲ့ ၀င်ကိုင်တွယ်ကြပြန်တယ် (ထူးမခြားနား၊ ပိုပိုဆိုး) ပိုပြီးထိန်းချုပ်နိုင်အောင်ဆိုပြီး နယ်စပ်ကုန်သွယ်ရေးက၀င်ချုပ်ကိုင်ပြန်တယ် (ထူးမခြားနား၊ ပိုပိုပြီးဆိုး) ဒါတွေဟာ ဘာကိုပြနေသလဲဆိုရင် မူကမမှန်လေတော့ ဘယ်သူဘဲလာလုပ်လာလုပ် ဒီစနစ်ကြီးထဲမှာ မျောသွားတာပေါ့၊ လူကြီးတွေက မိမိတို့အမှားတွေကို မမြင်ဘူး သို့မဟုတ် မမြင်ချင်ဟန်ဆောင်နေကြတယ်လေ၊ မူဝါဒအမှားတွေနဲ့ သွားနေမှတော့ နောက်ထပ် ကြိုက်သလောက်လာခဲ့ New Generation၊ ဒီအတိုင်းဘဲသွားနေမှာဘဲ၊ ၀န်ထမ်းက လစာနဲကမလုံလောက်၊ မူဝါဒတွေက ခိုးမစားရင် မရအောင်လုပ်ထား၊ ခိုးစားမှ လုပ်ငန်းတွေပိုပြီးအဆင်ပြေအောင်လုပ်ထား၊ အခွင့်အရေး ပိုလိုချင်လို့ ပေးတဲ့သူကပေး၊ လစာနဲ့မလောက်ငှလို့ ယူတဲ့သူကယူ၊ ခိုးတဲ့သူကခိုး၊ ဘယ်လိုတားဆီးမလဲ၊ မရနိုင်ပါဘူး၊ ဒါတွေကိုပပျောက်ချင်ရင် မူဝါဒပိုင်းမှားယွင်းမှုတွေကို ပွင့်ပွင့်လင်းလင်း ၀န်ခံပြီး ဥာဏ်ပညာအမြှော်အမြင်ရှိသူတွေ ပညာရှင်တွေနဲ့ သေသေချာချာညှိနှိုင်း
      ရေးဆွဲဖို့လိုအပ်နေပြီ၊ ပြုပြင်ဖို့ လိုအပ်နေပါပြီ၊ ( တကယ့် ပညာတတ်ပညာရှိတွေနဲ့ အတွေ့အကြုံရှိ ၀န်ထမ်းတွေ ပူးပေါင်း၊ နိုင်ငံတကာအတွေ့အကြုံတွေယူပြီး
      ပြင်ဆင်ရေးဆွဲရမယ်လို့အကြံပြုတာနော်၊ စီးပွါးကူးသန်းက မိမိဘာသာ အတွင်းကြိတ်ပြီး
      ပြင်တာမျိုးကိုဆိုလိုတာမဟုတ်ဘူး ) မူဝါဒတွေပြင်သလို ၀န်ထမ်းတွေရဲ့ ခံစားခွင့်တွေကို ရာထူးအဆင့်အတန်းနဲ့ လျော်ညီစွာ အမှန်တကယ် လူနဲ့သူနဲ့တူစွာ နေနိုင်အောင် လုံလောက်အောင်ပေး၊ အရည်အသွေးတွေ စိတ်ဓါတ်ပိုင်းတွေကိုလည်း မြှင့်တင် (ပြင်) ပေးမှ အောင်မြင်မှာပါ၊ အခု (နကသ) ကဦးစီးပြီး မှောင်ခိုတွေဖမ်းနေကြပြန်ပြီ၊ အစပိုင်းတော့ မှန်ကောင်း မှန်နိုင်ကြပါလိမ့်မယ်၊ နောက်နဲနဲ ကြာလာရင် စောင့်ကြည့်ပါ၊ မသမာမှုတွေဖြစ်လာလိမ့်မယ်၊ မဟုတ်တာလုပ်တဲ့သူတွေက ပေးကြကမ်းကြလိမ့်မယ်၊ ဒီလိုဖြစ်လာရင်လည်း သူတို့ကိုချဉ်း အပြစ်တင်လို့မရပါ၊ အစကတည်းက ဒီလိုဘဲဖြစ်လာမယ်ဆိုတာကို တွက်လို့ရနေပါလျက်နဲ့ မစဉ်းမစားလုပ်ကြသူတွေကြောင့်
      ဖြစ်ရတာလို့ မှတ်ယူရမှာပါ၊ ၀န်ထမ်းတွေကလည်း အိုးပစ်အိမ်ပစ် နေပူမရှောင် မိုးရွာမရှောင် အပြင်ထွက်၊ နေ့မအိပ်ရ ညမအိပ်ရ အလုပ်တွေလုပ်ရ ( ပစ္စည်းတွေဖမ်း၊ စစ်ဆေးရေတွက်၊ အပ်နှံ၊ ထိန်းသိမ်း ) ဆိုတဲ့အလုပ်တွေက နဲနဲနောနောတာဝန်မှ
      မဟုတ်တာ၊ တစ်ရက်ကိစ္စ၊ နှစ်ရက်ကိစ္စလည်းမဟုတ်၊ နကသ က ၀န်ထမ်းတွေကို တစ်ရက် ၅၀၀၀ိ ပေးတယ်လို့တော့ကြားပါရဲ့၊ ပြင်ပကို ထွက်ပြီးလုပ်နေရတဲ့သူတွေ အတွက် အမှန် လုံလောက်ပါရဲ့လား၊ ခေါင်းဆောင်ညွှန်မှူးကြီးအနေနဲ့ အဲဒီ ၅၀၀၀ိ ကို
      ဘယ်လိုမျှတအောင်သုံးစွဲနေပါသလဲ၊ အပြစ်တင်နေတာမဟုတ်ပါ၊ သေသေချာချာ စဉ်းစားနိုင်ကြအောင်ရေးတာပါ၊ ဒီလို အဖွဲ့စုံနဲ့ မှောင်ခိုဖမ်းတဲ့အလုပ်တွေက မဆလခေတ် ကတည်းက လုပ်လာတာပါ၊ မအောင်မြင်ခဲ့လို့လဲ ဒီနေ့ခေတ်အထိ မှောင်ခိုဆိုတာ ရှိနေတာပါ၊ ဒီနည်းလမ်းသည်
      အောင်မြင်ရာ အောင်မြင်ကြောင်းနည်းလမ်းကောင်းလို့ မထင်ပါ၊ ကံမကောင်းရင် ပါဝင်တာဝန်ထမ်းဆောင်ရတဲ့ ၀န်ထမ်းငယ်တွေ ဓါးစာခံ ထပ်ဖြစ်သွားနိုင်သည်ဟု ထင်ပါသည်။ ကျွန်တော်တို့ နားထဲမှာ လျှံနေအောင် ကြားနေရတာတွေကတော့၊ အပေါ်ကပြင်နေသည်ဟုဆိုသည်၊ ဘာကိုပြင်သလဲ အောက်ကလူတွေ
      သေချာမသိကြပါ၊ အောက်ကလူတွေပြင်ကြပါလို့တော့ ပြောသံကြားသည်၊ ဘာတွေပြင်ရမလဲဆိုတာ ဂဏနဃ ဘယ်သူမှမပြောပါ၊ လာဘ်စားတာတွေ မလုပ်ကြနဲ့တော့လို့ ပြောသံကြားရပါသည်၊ လာဘ်မစားဘဲ ၀န်ထမ်းတွေ လူနဲ့သူနဲ့ တူအောင်နေနိုင်ရေး ဘယ်လိုလုပ်ပေးမယ်ဆိုတာ မကြားရပါ၊ ၀န်ထမ်းတွေဟာ မိမိဝမ်းရေးတစ်ခုတည်းအတွက် လာဘ်စားနေရတာမဟုတ်ဘဲ၊ အစိုးရယန္တရားကြီး မှန်မှန် လည်ပတ်နိုင်ရေးအတွက်လည်း အဲဒီလာဘ်စားထားတဲ့ငွေတွေနဲ့ဘဲ လည်ပတ်ပေးနေရတယ်ဆိုတာ လူကြီးတိုင်း သိနေပါတယ်၊ အစိုးရကပေးတဲ့ တရားဝင် အသုံးစရိတ်တွေဟာ ( စာရွက်စာတမ်းစရိတ်၊ ခရီးစရိတ်၊ အဆောက်အဦ စက်ကိရိယာ ပြင်ဆင်ထိန်းသိမ်းစရိတ်၊ အစည်းအဝေးကျင်းပစရိတ်၊ ဧည့်ခံစရိတ်၊ ငှားရမ်းခစရိတ် စသည်တို့အပါအ၀င် အစိုးရဌာနတွေအနေနဲ့ နှစ်စဉ် ဌာနဆိုင်ရာတွေ
      အလိုက် မဖြစ်မနေပြုလုပ်နေရတဲ့ အခမ်းအနားတွေ၊ ဘာသာရေးပွဲတော်အလှူအတန်း
      တွေ ) စတဲ့အသုံးစရိတ်တွေအတွက် လုံလောက်နေပြီလို့ သင်တို့တွေ (လူကြီးတွေနဲ့၊ ပြည်သူတွေ) က ထင်နေပါသလား၊ ၀န်ထမ်းတွေက စေတနာပိုလို့ မြက်စားပြီး နိုင်ငံတော်အတွက် အလုပ်လုပ်ပေးမယ်ဆိုရင်တောင် အထက်ပါစရိတ်တွေအတွက် မလုံလောက်လို့ မတတ်နိုင်လို့ လာဘ်မစားဘဲ အလုပ်လုပ်လို့ မရပါကြောင်း၊ တင်ပြလိုက်ပါရစေ၊ လာဘ်ပေးလာဘ်ယူ တစ်ကယ်ပျောက်စေချင်ရင် ၊ ၀န်ထမ်းတွေ လုံလုံလောက်လောက်
      နေထိုင်စားသောက်နိုင်ဖို့ကို ခဏဘေးဖယ်ထားအုံး၊ လောလောဆယ် လာဘ်မစားဘဲ
      နိုင်ငံတော်စားရိတ်နဲ့ နိုင်ငံတော်အလုပ်တွေကို လုံလုံလောက်လောက်နဲ့ မှန်မှန်ကန်ကန်
      လုပ်နိုင်အောင်ဘဲ အရင်လုပ်ပေးကြပါဦးလို့ တောင်းဆိုပါရစေ၊ ( နိုင်ငံတော်ရဲ့ လုပ်ရပ်တွေကို အမှန်တကယ် အောင်မြင်စေချင်လို့ပါ )
      နိဂုံး- ကျွန်တော်ဟာ ခပ်ညံ့ညံ့ဝန်ထမ်းတစ်ဦးပါ၊ ဒါပေမယ့် ကျွန်တော်လို ခပ်ညံညံတောင် ဒါတွေသိနေပါတယ်၊ ဘာလို့ ———– မသိကြတာလဲ? မသိချင်ဟန်ဆောင်နေကြတာလဲခင်ဗျာ?

  13. သတင်းကောင်း

  14. ဘာ အမှန်လဲ

    ကာစတန်ဝန်ထမ်းတွေ လာဘ်ယူလို့ အရေးယူခံနေရတာ မရှိဟု အကောက်ခွန်ဌာန ငြင်းဆို
    မော်တော်ယာဉ်တင်သွင်းပြီး ဆိပ်ကမ်းကနေ ထုတ်ယူတဲ့အခါမှာ အကောက်ခွန်ဌာနက လာဘ်စားမှုတွေရှိနေလို့ ၀န်ထမ်း ၁၅ဦးကျော်ကို စသုံးလုံးက ၀င်ရောက် စစ်ဆေးနေတဲ့ကိစ္စ အကောက်ခွန်ဌာနက အရာရှိက ငြင်းဆိုလိုက်ပါတယ်။
    Kamayut Media က ပြန်လည် ချေပထားတာ ဒီမှာ ကြည့်ပါ…
    http://www.youtube.com/watch?v=HWvFWXwWDJs

  15. အကောက်ခွန်ဆိုတဲ့အတိုင်း အခွန်ဘဲကောက်ပြီး အသားအားလုံးသူတို့စားတာ နိုင်ငံတော်က အခွန်ဘဲရတာ ကော့သောင်းကိုဝင်လာတဲ့သင်္ဘောစက်လှေ တွေအားလုံး စစ်ဆေးကြည့်ပါ duty ပါတာက ငါးပုံတစ်ပုံပဲရှိတယ် အစိုးရသစ်က ကိုင်တွယ်မယ်ဆိုပြီးအသံဘဲဟစ်နေတာ ဘာမှအလုပ်မပြဘူး ကော့သောင်းသင်္ဘောလိုင်းက ကာစတန်ညွှန်မှုးဦးမြတ်လှပိုင် ၅၃၃ ပုဂံ ဖားအံ သင်္ဘောသုံးစီးစလုံးအစစ်အဆေးမရှိ စင်းလုံးပြတ်ခိုးတာ ခိုးတယ်ဆိုတာ တကယ်တော့ပေါင်းစားနေတာပါ စီးပွါးကူးသန်းဝန်ကြီးခင်္ဗျာ ကော့သောင်းကခုရက်ပိုင်းဝင်လာမမည်သည့်သင်္ဘောမဆို မယုံရင်စစ်ဆေးကြည့်ပါ ဦးမြတ်လှကိုမဖမ်းရဲတော့ကျန်တဲ့လှေတွေကလည်းအားလုံးလိုက်ကြလို့ တားမဲ့သူမရှိ စစ်မဲ့သူမရှိ တာဝန်ရှိသူများမယုံရင်ဝင်သမျှလှေစစ်ကြည့်ပါလို့။ဲ့

  16. That persons who are illegally gotten the money should be shown the photos , in the all the journels.

  17. နာတာရှည်ရောဂါကို ပရုတ်ဆီလိမ်း မန်းမှူတ်ရုံမျှသာဖြစ်ပါသည်။
    အနာနှင့်ဆေး မကိုက်ညီသေးပါ။အမြစ်ပြတ်အောင်ကုသသင့်ပါသည်။ နောက်ထပ်ဘယ်နှစ်ယောက်ပြောင်းပြောင်းဒီအခြေအနေမှ အတိုင်း သာဖြစ်နေပါမည်။ သူများစကားငှားပြောရပါက “ရွှံထူသောလမ်းတွင်လျှောက်စေပြီး ရွှံပေရကောင်းလား” ဟုဆိုပြီးအရေးယူနေခြင်းသည်တရားပါသလား? မူဝါဒအမှားများ၏ သားကောင်များအား ဝိုင်းဝန်းအပြစ်တင်နေသည့်အတွက် နောက်ကွယ်မှတရားခံအစစ်ကို မမြင်နိုင်ဖြစ်သွားပါမည်။ ဝန်ထမ်းများသည်လည်း ပြည်သူများပင်ဖြစ်ပါသည်-ယခုဝန်ထမ်းလောကတွင် မည်သည်အာဏာရှင်သားသမီးများ မရှိကြတော့ပါ ရှိခဲ့လျှင်လည်းအမည်ခံမျှသာဖြစ်ပါလိမ်မည်။ ယခုဖြစ်ရပ်များအတွက်အစိုးရတွင်သာတာဝန်ရှိပါသည်။ မိမိရသည်လစာကိုဘယ်လောက်မှန်း တိတိကျကျမပြောနိုင်သူ ကို interview တစ်ခုတွင်တွေလိုက်ရပါသည်-ဘယ်သူဆိုတာမပြောရဲပါ သူဘာဝင်ငွေတွေနဲ့ ရပ်တည်နေလည်း? ဝန်ထမ်းများဝဝလင်လင်နှင့်ဂုဏ်ရှိရှိရပ်တည်နိုင်အောင်ဘယ်သူတွေက လုပ်ပေးမှာလည်း? ဘယ်ဥပဒေတွေကကာကွယ်တားဆီးမှာလည်း?ဒါတွေကိုဘယ်သူက လုပ်သင့်ပါသလဲ? ဘယ်တော့လုပ်ကြမှာလည်း? ဌာနဆိုင်ရာ တွေမှာ နောက်ဆုံးတော့ မလုပ်မရှူတ်မပြုတ်တွေပဲကျန်ခဲ့ရင် ဘယ်သူတွေနစ်နာမှာလည်း?
    သေသေချာချာစဉ်းစားကြပါ-တိုင်းပြည်ကောင်းခြင်ရင် တစ်ယောက် တစ်ဖွဲ့ တည်းနဲ့ မရနိုင်ပါ။အားလုံးတက်ညီလက်ညီကျိုးစားဖို့ လိုပါ သည်-အပြစ်တင်သကဲ့သို့  နောင်မဖြစ်အောင်ဝိုင်းဝန်းအဖြေရှာသင့်ပါသည်။ အလုပ်ကြမ်းသမားတစ်ယောက်၏ ဝင်ငွေမျှသာရှိသော ဝန် ထမ်းများအား အရေးယူပြရုံနှင်ကျေနပ်မနေသင့်ပါ။ နိုင်ငံတွင်လူကောင်းရှားပြီး လူလိမ်ပေါအောင်မလုပ်ကြပါနှင်ဟုတောင်းပန် ပါသည်

  18. နာတာရှည်ရောဂါကို ပရုတ်ဆီလိမ်း မန်းမှူတ်ရုံမျှသာဖြစ်ပါသည်။
    အနာနှင့်ဆေး မကိုက်ညီသေးပါ။အမြစ်ပြတ်အောင်ကုသသင့်ပါသည်။ နောက်ထပ်ဘယ်နှစ်ယောက်ပြောင်းပြောင်းဒီအခြေအနေမှ အတိုင်း သာဖြစ်နေပါမည်။ သူများစကားငှားပြောရပါက “ရွှံထူသောလမ်းတွင်လျှောက်စေပြီး ရွှံပေရကောင်းလား” ဟုဆိုပြီးအရေးယူနေခြင်းသည်တရားပါသလား? မူဝါဒအမှားများ၏ သားကောင်များအား ဝိုင်းဝန်းအပြစ်တင်နေသည့်အတွက် နောက်ကွယ်မှတရားခံအစစ်ကို မမြင်နိုင်ဖြစ်သွားပါမည်။ ဝန်ထမ်းများသည်လည်း ပြည်သူများပင်ဖြစ်ပါသည်-ယခုဝန်ထမ်းလောကတွင် မည်သည်အာဏာရှင်သားသမီးများ မရှိကြတော့ပါ ရှိခဲ့လျှင်လည်းအမည်ခံမျှသာဖြစ်ပါလိမ်မည်။ ယခုဖြစ်ရပ်များအတွက်အစိုးရတွင်သာတာဝန်ရှိပါသည်။ မိမိရသည်လစာကိုဘယ်လောက်မှန်း တိတိကျကျမပြောနိုင်သူ ကို interview တစ်ခုတွင်တွေလိုက်ရပါသည်-ဘယ်သူဆိုတာမပြောရဲပါ သူဘာဝင်ငွေတွေနဲ့ ရပ်တည်နေလည်း? ဝန်ထမ်းများဝဝလင်လင်နှင့်ဂုဏ်ရှိရှိရပ်တည်နိုင်အောင်ဘယ်သူတွေက လုပ်ပေးမှာလည်း? ဘယ်ဥပဒေတွေကကာကွယ်တားဆီးမှာလည်း?ဒါတွေကိုဘယ်သူက လုပ်သင့်ပါသလဲ? ဘယ်တော့လုပ်ကြမှာလည်း? ဌာနဆိုင်ရာ တွေမှာ နောက်ဆုံးတော့ မလုပ်မရှူတ်မပြုတ်တွေပဲကျန်ခဲ့ရင် ဘယ်သူတွေနစ်နာမှာလည်း?
    သေသေချာချာစဉ်းစားကြပါ-တိုင်းပြည်ကောင်းခြင်ရင် တစ်ယောက် တစ်ဖွဲ့ တည်းနဲ့ မရနိုင်ပါ။အားလုံးတက်ညီလက်ညီကျိုးစားဖို့ လိုပါ သည်-အပြစ်တင်သကဲ့သို့  နောင်မဖြစ်အောင်ဝိုင်းဝန်းအဖြေရှာသင့်ပါသည်။ အလုပ်ကြမ်းသမားတစ်ယောက်၏ ဝင်ငွေမျှသာရှိသော ဝန် ထမ်းများအား အရေးယူပြရုံနှင်ကျေနပ်မနေသင့်ပါ။ နိုင်ငံတွင်လူကောင်းရှားပြီး လူလိမ်ပေါအောင်မလုပ်ကြပါနှင်ဟုတောင်းပန် ပါသည်
    အဖြေမှန်တွေ့နိုင်ပါစေ။

  19. ကျော်စိုး

    ကြာတော့ကြာခဲ့ပါပြီ။ တစ်ခါတစ်လောက် သတိရရင် ပြန် ဖေါ်ပါ။ အစထဲက ရှိနေတာ။ အကခ နဲ့ လ၀က အပြိုင်
    ဆွဲတဲ့ ငွေရှာပွဲ ရုတ်ရုတ်သည်းသည်း ဒို့ပြည်ထဲ ၊။

    • ကျော်စိုး မင်းကို လူပျက်ဌားမယ် ။ ပိုပြီးပြောနိင်အောင် မင်းအရင်ဝန်ထမ်းဝင်လုပ်လိုက် (မြက်စား/ဘုံဘိုင်ရေသောက်/ဗိုက်မှောက်ပြီး) ပျက်လုံး တွေစုဆောင်းလိုက်အုံး။သံခမောက်နဲ့  သံမဏိအက်ျီ ဝတ်ထားဖို့ မမေ့နဲ့ နော်။ တော်တော်ကြာ ပျက်လုံး မပြောရခင် ပြုတ်တဲ့အထဲပါသွားအုံးမယ်။

  20. အေးညိုမြင့်ရေ နင်လည်းကိုယ့်ကိုကိုယ်ပြန်မေးကြည့်ပါဦး။ }ငါကောလူကြီးနေရာရောက်ရင်နောင်တော်ကြီးများရဲ့လမ်းစဉ်ကိုမလိုက်ဘူးလို့ }နင်ကောကိုယ့်ကိုကိုယ်အာမခံနိုင်ရဲ့လား၊ ဟားဟားဟား။

    • ကိုညိုမြင့် ရေးတာတွေကမှန်လွန်းအားကြီးနေတော့ လက်ရှိအကောက်ခွန် က ၀န်ထမ်းတစ်ဦးဖြစ်မယ်လို့ထင်ပါတယ်။ ခုလိုဖြစ်ရတာ 2006 ခုနှစ်မှာ ၀န်ကြီးချုပ် ဦးစိုးဝင်းနဲ့ သူ့တပည့်ဦးတင့်နိုင်သိန်း တို့ (၂)ဦး ပေါင်းပြီး အသစ်ဖွဲ့စည်းထားတဲ့နကသ ၀န်ထမ်းတွေ
      လုပ်ချင်တိုင်းလုပ်လို့ရအောင် အကောက်ခွန်က ပညာရှင်အားလုံး ကို မတရား အမှုဆင်ပြီး
      မျှတတဲ့ တရားရုံး ဆုံးဖြတ်ချက် မရရှိဘဲ မတရား အပြစ်ပေးခံရအောင် လုပ်ခဲ့လို့ ခု ကိုညိုမြင့်ရေးတဲ့
      လာဘ်စားမှုဖြစ်စဉ်တွေနဲ့ လူကြီးမပီသတဲ့ လုပ်ရပ်တွေကို လက်ရှိ အကောက်ခွန်ဝန်ထမ်းအသစ်တွေ
      ခံစားနေရတာဖြစ်ပါတယ်။ မကောင်းတဲ့သူတွေကများနေတော့ အရင်ကလူပျက်တွေ ပျက်လုံးပျက်သလို
      ပြောရမယ်ဆိုရင် မှန်တဲ့သူတွေ ကျန်နေခဲ့ မမှန်တဲ့သူတွေ ရှေ့ဆက်တက် ဆိုတဲ့အတိုင်း လက်ရှိဖြစ်ပျက်
      တွေ့ကြုံနေရတာပါ။ အသစ်တွေဘယ်လိုခန့်ခန့် ခုအခြေအနေမှာတော့ ဘာအပြောင်းအလဲကောင်းမှ
      ရရှိခံစားရမယ်လို့မထင်ပါဘူး။ သမ္မတကြီးနဲ့ ဒုသမ္မတ တွေက ဘယ်လိုပဲ ကောင်းအောင်ပြောပြော
      အကောက်ခွန်မှာတော့ လက်သင့်ရာ စားတော်ခေါ် ပေးနိုင်တဲ့သူ ရာထူးတိုး နေရာကောင်းပို့ဖြစ်စဉ်
      တွေကတော့ ရှိနေတွေ့နေရအုံးမှာဘဲဖြစ်ပါတယ်။ နကသ က အရင်လိုခေါင်းဆောင်လုပ်ပြီး လာဘ်စား
      ချင်လို့ တက်ညီလက်ညီ အောက်ခြေ၀န်ထမ်းကအစ ၀န်ကြီးအဆုံး နိုင်ငံတော်သမ္မတဆီ လိမ်ညာတင်ပြ
      တဲ့ဖြစ်စဉ်တွေကိုလည်း တစ်နိုင်ငံလုံးသိသိကြီးနဲ့ ဘဏ္ဍာအခွန်က တာဝန်ရှိသူများ ကိုယ်နဲ့မဆိုင်သလို
      နေနေကြတာကို အရမ်းကိုအံ့သြမိပါတယ်။ တာဝန်ရှိသူတွေ ကိုယ်တိုင် အခြေခံစိတ်ဓတ်တွေကို မပြင်
      သရွေ့တော့ ခုလိုညစ်ပတ်တဲ့ဒဏ်တွေနဲ့ မတရားတဲ့ ဖြစ်စဉ်တွေကိုသိသိနဲ့ ခေါင်းငုံ့ခံနေရအုံးမှာဖြစ်ပါတယ်။