လက်ပံတောင်းအရေး ပြေလည်ရန် ကြိုးစားမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောဆို | ဧရာဝတီ
သတင်း

လက်ပံတောင်းအရေး ပြေလည်ရန် ကြိုးစားမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောဆို

Hits:1
  | |

အကြမ်းဖက်ဖြိုခွင်းမှုနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် ထည့်သွင်း ပြောဆိုသွားခြင်း မရှိသေး (ဓာတ်ပုံ – ဧရာဝတီ)

လက်ပံတောင်းတောင် အရေးနှင့်ပတ်သက်၍ အဆင်ပြေစေရန် အတတ်နိုင်ဆုံး ကြိုးစားပေးသွားမည်ဟု ထိုဒေသကို ရောက်ရှိ နေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒေသခံ လူထုကို ပြောဆိုလိုက်သည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေး ငြိမ်းချမ်းစွာဆန္ဒပြ တောင်းဆိုသူများကို အာဏာပိုင်များက အကြမ်းဖက် ဖြိုခွဲခဲ့ပြီးနောက် ရောက်ရှိလာသည့် ဒေါ်အောင်ဆန်းစုကြည်က စောင့်ကြိုနေသည့် ထောင်သောင်းချီသော ဒေသခံ လူထုပရိတ်သတ်အား မိန့်ခွန်းပြောကြားရာတွင် ယင်းသို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

“အခုဒီဒေသမှာဖြစ်နေတဲ့ ကြေးနီစီမံကိန်းပြဿနာကို အေးအေးချမ်းချမ်းနဲ့ ပြေလည်သွားစေချင်တယ်၊ ဒီလိုအေးအေးချမ်းချမ်းနဲ့ ပြေလည်မှ ကျမတို့ပြည်သူတွေလည်း သက်သာမယ်၊ နိုင်ငံလည်း သိက္ခာရှိတယ်၊ ကျမတို့အနာဂတ်အတွက်လည်း ကောင်းတဲ့ ခြေလှမ်းဖြစ်တယ်၊ အဲဒါကို ကျမ ကြိုးစားမယ်၊ ကြိုးစားပေမယ့်လည်း ကျမ အောင်မြင်မယ် မအောင်မြင်မယ်ဆိုတာ ကိုတော့ ဘယ်လိုမှ အာမခံချက်မပေးနိုင်ဘူး၊ ဒါပေမယ့် ပြည်သူကသာ ကျမနဲ့ လက်တွဲပြီးတော့ လုပ်မယ်ဆိုရင်တော့ အောင်မြင် နိုင်မယ်လို့ ကျမ ယုံပါတယ်” ဟု လူထုပရိတ်သတ်ကို ပြောဆိုသည်။

စီမံကိန်းရပ်တံ့ရေး တောင်းဆိုခဲ့ကြသော ရဟန်းသံဃာများနှင့် ဒေသခံလူထုကို ယနေ့မနက် ၃ နာရီခန့်က အာဏာပိုင်များက အကြမ်းဖက်ဖြိုခွင်းမှုနှင့် ပတ်သက်၍ ထည့်သွင်း ပြောဆိုသွားခြင်းမရှိပေ။

မိန့်ခွန်းမပြောဆိုမီ ကြေးနီစီမံကိန်းကို အဓိကလုပ်ဆောင်နေသည့် ဝမ်ပေါင် ကုမ္ပဏီနှင့် ဦးပိုင်ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တစ်နာရီကျော်အကြာ တွေ့ဆုံဆွေးနွေးခဲ့သကဲ့သို့ သပိတ် စခန်း ဖြိုခွင်းခံရမှုမှ မျက်မြင်အချို့ကို ခေါ်ယူတွေ့ဆုံ မှုများလည်း ပြုလုပ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ညတွင် မုံရွာမြို့တွင် နားခိုမည်ဖြစ်ပြီး မနက်ဖြန်တွင် မြို့ခံတာဝန်ရှိသူများ၊ သပိတ်စခန်း အကြမ်းဖက်ခံရမှုတွင်ပါဝင်သူများ၊ ဒေသခံများနှင့် တွေ့ဆုံရန်ရှိကြောင်းနှင့် မနက်ပိုင်းတွင် မုံရွာမြို့ မြစ်ဆိပ်အောက်ဘက်တွင် မိန့်ခွန်းထပ်မံပြောကြားမည်ဖြစ်ကြောင်းလည်းသိရသည်။

မြန်မာ စစ်ဗိုလ်ချုပ်များ ဦးစီးထားသော ဦးပိုင် ကုမ္ပဏီနှင့် တရုတ် ဝမ်ပေါင်ကုမ္ပဏီတို့ ပူးပေါင်းလုပ်ဆောင်နေ သော အဆိုပါ ကြေးနီစီမံကိန်းကြောင့် သဘာဝတောင်တန်းများ ပျက်စီးခြင်း၊ ဒေသခံတို့၏ လယ်ယာမြေများ အဓမ္မ သိမ်းပိုက် ခံရခြင်း၊ စီမံကိန်းအညစ်အကြေးများမှ ကျန်းမာရေးထိခိုက်စေခြင်းနှင့် အခြားဆိုးကျိုးများကို ထောက်ပြကာ ဒေသခံ ကျေးရွာ ၂၆ ရွာက ယခုနှစ် မေလမှစတင်ကာ နှစ်ဝက်ကျော်ကြာ ဆန္ဒထုတ်ဖော်ခဲ့ပြီး ယနေ့မနက်ပိုင်းက အကြမ်းဖက်နှိမ်နှင်းခြင်း ခံခဲ့ရသည်။

ယင်းသို့ ဖြိုခွင်းမှုကြောင့် ရဟန်းသံဃာ ၉၇ ပါးနှင့် လူပုဂ္ဂိုလ် ၅၀ ကျော်ဒဏ်ရာရရှိခဲ့ပြီး သံဃာတော် ၁၅ ပါးနှင့် လူပုဂ္ဂိုလ် တစ်ဦးမှာ ဒဏ်ရာပြင်းထန်၍ အတွင်းလူနာအဖြစ် မုံရွာဆေးရုံကြီးနှင့် မန္တလေးဆေးရုံကြီးတို့တွင် ဆေးကုသမှုခံယူနေလျက်ရှိပြီး ကျန်ဒဏ်ရာရရှိသူများမှာ စိုးရိမ်စရာမရှိကြောင်း ဧရာဝတီက စုံစမ်းသိရှိရသည်။

ထို့အတူ သံဃာတော် ၆ ပါးနှင့် လူပုဂ္ဂိုလ်အချို့ကိုလည်း ရိုက်နက်ဖမ်းဆီးထားပြီး ပျောက်ဆုံးနေသူများလည်းရှိကြောင်း ဒေသခံ သပိတ် အဖွဲ့ ခေါင်းဆောင်များက ပြောသည်။

ယင်းဖြိုခွဲမှုနှင့်ပတ်သက်၍ အဓိကရုဏ်းနှိမ်နှင်းရေးအတွက် နိုင်ငံတကာ အသုံးပြုလျက်ရှိသော မီးသတ်ပိုက်များ၊ မျက်ရည်ယိုဗုံးများနှင့် မီးခိုးဗုံးများကိုသာ အသုံးပြုခဲ့ပြီး အင်အားအလွန်အကျွန် သုံးစွဲခြင်းမရှိကြောင်း လူအုပ်စုခွဲခြင်းကြောင့် ထိခိုက် ဒဏ်ရာရရှိသူများကို အစိုးရဆေးရုံတွင် ကုသပေးလျက်ရှိကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ခဲ့သည်။

ယင်းသို့ထုတ်ပြန်ချက်၌ “ထိုသို့ ဆောင်ရွက်ရခြင်းသည် တရားဥပဒေစိုးမိုးရေးအတွက် နိုင်ငံတော်၏ အကျိုးစီးပွားနှင့် အများပြည်သူတို့၏ အကျိုးစီးပွားအား ဥပဒေနှင့်အညီ အကာအကွယ်ပေးနိုင်ရန် ဒီမိုကရေစီ ကျင့်စဉ်နှင့် အညီဆောင်ရွက် ရခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်” ဟု သမ္မတရုံး အင်တာနက်စာမျက်နှာ၌ ဖော်ပြသကဲ့သို့ အစိုးရရုပ်သံ သတင်းများကလည်းကြေညာခဲ့သည်။

သို့သော်လည်း အင်အားသုံး နှိမ်နင်းမှုနှင့်ပတ်သက်၍ နိုင်ငံရေးနှင့် လူမှုရေး နယ်ပယ်အသီးသီးရှိ ခေါင်းဆောင်များက အစိုးရကို ဝေဘန်ပြောဆိုနေကြသည်။


14 Responses

Leave a Reply

  1. ဧရာဝတီကမဟုတ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန်ခွန်းအပြည့်အစုံကို ဖတ်ရပါတယ်။ သိပ်အဆင်မပြေဘူး။ တစ်ချို့ဒေါ်စုပြောသွားတဲ့ကစားတွေပေါ့။

    ”ကိုယ်လုပ်ချင်သလို လုပ်လို့ မရဘူး။ အများနဲ့ ညီအောင်လို့ အများကောင်းကျိုးအတွက် တစ်ခါတလေ ကိုယ့်ရဲ့ အကျိုးကို အနောက်မှာ ထားပြီးတော့ လုပ်ရတယ်။ အဲဒီလို လုပ်မှသာ တိုးတက်နိုင်မှာ ဖြစ်ပါတယ်။ ဒီဒေသမှာ ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေနဲ့ ပတ်သက်လို့ ကျွန်မတို့ဟာ နိုင်ငံကြီးသား အမြင်နဲ့ ဖြေရှင်းရမယ်။ ကျွန်မတို့ နိုင်ငံကို အပြစ်မရှိတဲ့ နိုင်ငံ၊ အပြစ်မဲ့တဲ့ နိုင်ငံ၊ ကမ္ဘာက လေးစားတဲ့ နိုင်ငံဖြစ်အောင် ဘယ်လို လုပ်မလဲ၊ ဘယ်လို နေမလဲ၊ ဘယ်လိုထိုင်မလဲ။ ဘယ်လို ပြဿနာတွေကို ကိုင်တွယ်မလဲဆိုတာ ကျွန်မတို့ ဆုံးဖြတ်ရလိမ့်မယ်။

    ကိုယ့်နိုင်ငံ သိက္ခာရှိဖို့ဆိုတာ လူတိုင်း လူတိုင်းမှာ တာဝန်ရှိဖို့ လိုပါတယ်။ နိုင်ငံတစ်နိုင်ငံ သိက္ခာရှိဖို့ဆိုတာ လူတစ်ယောက်တည်းနဲ့ လည်း မရဘူး။ အဖွဲ့အစည်းတစ်ခုတည်း လုပ်လို့လည်း မရဘူး။ အစိုးရချည်း လုပ်လို့လည်း မရဘူး။ ပြည်သူလူထုအားလုံး ပါဝင်မှ ကျွန်မတို့ နိုင်ငံ သိက္ခာရှိအောင် ကျွန်မတို့ လုပ်နိုင်မှာပါ။ ပြည်သူတွေနဲ့ သက်ဆိုင်တဲ့ အခါမှာ ပြည်သူတွေ အကြိုက်ကို ကျွန်မ အမြဲလိုက်ပြီးတော့ လုပ်တာ မဟုတ်ပါဘူး။ ကျွန်မ မှန်တဲ့အတိုင်းပဲ ပြောမယ်။ ပြည်သူတွေက မကြိုက်ရင်လည်း မကြိုက်ဘူးလို့ ပြောပိုင်ခွင့် ရှိတယ်။ ကြိုက်ရင်လည်း ကြိုက်တယ်လို့ ပြောပိုင်ခွင့် ရှိတယ်။ ဒါပေမဲ့ ကျွန်မ သေသေချာချာ ကတိပေးနိုင်တယ်။ ကျွန်မ ပြည်သူတွေကို လှည်ဖျားတဲ့ နိုင်ငံရေးမျိုး လုပ်လို့ မရဘူး။”

    ဘာမှ နားမလည်တဲ့ လက်ပံတောင်းက လယ်သမားများကို နိုင်ငံကြီးသားစိတ်ဓာတ်ထားပြီး ကိုယ်ကျိုးစွန့်ဖို့ပြောနေတယ်။ ဦးပိုင်ကလုပ်ပုံကြတော့ သူမမှာ ပြောပိုင်ခွင့်မရှိပါ။ နားမလည်တဲ့လယ်သမားနင်းပြားများကို ရှင်တို့ ရသလောက်ယူပြီး ပြောင်းပေးလိုက်ပါပေါ့။ သူတို့က ဒေါ်အောင်ဆန်းစုကြည်လို အထင်ကရဖြစ်သော၊ နာမည်ကြီးသော၊ နိုင်ငံတကာမှလေးစားချစ်ခင်သော သူများမှ မဟုတ်တာ။ ဒေါ်စု အတွေးက နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှုများ ယုံကြည်ချက်ရှိရှိနဲ့ အရင်ဆုံးဝင်လာနိုင်အောင်တွေးတယ်လို့ယူဆပါတယ်။ ဒါပေမယ့် အဲဒီရင်းနှီးမြှုပ်နှံမှုဟာ ဦးပိုင်ကပဲ ချယ်လှယ်နေပြီး နောက်ထပ် ကြေးနီတောင်လို ရင်းနှီးမြှုပ်နှံမှုတွေကို တရုတ်ပြည်က မခေါ်တော့ဘူးလို့ ဘယ်သူမှ မပြောနိုင်ပါဘူး။ ဒီမိုကရေစီပြောရ အောင် အဲဒီလောက်လဲ အစစ်အမှန်ကြီးမဟုတ်သေးပါ။ ဒေါ်စုဟာ ဦးပိုင်ကို ဘယ်လိုမှ ကျော်လွန်လို့မရတာကို နိုင်ငံသားတစ်ယောက်အနေနဲ့သိနေပါတယ်။ ကျွန်တော်နားလည်သလောက်ဝေဖန်ကြည့်တာပါ။ ကိုယ်ဆိုလည်း လယ်သမားများနေရာမှာ ဘယ်လိုခံစားရမလဲပေါ့။ ဒီလောက်ပါပဲ။

  2. သမတ ရုံးဝက်ဆိုက်မှာ ဒီကိစ္စဖော်ပြထားတယ်ဆိုတော့ ဒီလုပ်ရပ်က သမတမှာ တိုက်ရိုက်တာဝန်ရှိသွားပြီ။

    • ပြည်သူတစ်ယောက်

      သွားနေတဲ့လမ်းက မှန်နေတာကိုေ၇ှ့က ပိတ်လိုက်တော့…နောက်ပြန်လှည့်တော့မှာပေါ့..
      အစိုး၇က ပြည်သူအတွက် လမ်းကောင်းဖေါက်နေတဲ့အချိန်မှာ… ပြည်သူကလည်း လမ်းမှန်ကိုညွန်ပြ တက်ဖို့လိုတယ်…ဒီမိုကေ၇စီအကြောင်းပြ ပြီး ခွေးလိုချောင်ပိတ်၇ိုက်၇င်တော့ ပြန်ကိုက်မှာသေချာတယ်….ပြည်သူတွေစိတ်စေါပြီး တွန်းအားအ၇မ်းပေးလေ အစိုး၇ကလည်းကြောက်င်္ပြီး နောက်ဆုတ်ပြေးလေ ဖြစ်တော့မယ်..
      ပြည်သူကလည်း ည်နှစ်ဦးနှစ်ဘတ်အဆင်ပြေမဲ့ တောင်းဆိုမှုတွေကို တောင်ဆိုသင့်တယ်…
      အစိုး၇ကလည်း ပြည်သူတွေ၇ဲ့ နစ်နာမှုကို ဖြည့်ဆည်းပေးဖို သိပ်အေ၇းကြီးတယ်…
      ငါထင်၇ာငါဆိုင်း၇င်တော့ ….မတွေးဝံ့စ၇ာပဲေ၇ှ့စက်ပြီး…

  3. မင်းကြီးညို

    စီမံကိန်းလုပ်ငန်းတွေနဲ့ပတ်သက်ပြီး အရင်ကလဲ ကွန်မင့်တွေရေးခဲ့တယ်။ ဟိုကိစ္စလဲဆန္ဒပြ
    ဒီကိစ္စလဲဆန္ဒပြ၊ အရပ်ရှစ်မျက်နှာ တခုမှမလပ်အောင်ဆန္ဒပြ၊ ဘာမှလုပ်လို့မရအောင် ဆန္ဒ
    ပြနေကြတော့ အစိုးရအာဏာပိုင်တွေက အင်အားသုံးဖြိုခွင်းလိုက်ပြီပေါ့။ ဆန္ဒပြသမားတွေ
    အားတက်သွားတာက မြစ်ဆုံကိစ္စမှာ အောင်မြင်သွားတော့ နောင်လဲလူထုညီညွတ်ရင်ရ
    တယ် အထင်ရောက်သွားပြီ။ ဒီမိုကရေစီအပြောင်းအလဲကာလ နောက်ကြောင်းပြန်မလှည့်
    နှိုင်ဘူး အထင်ရောက်သွားပြီး လူအုပ်စုနဲ့ဆန္ဒပြကြတာပါ။ ရခိုင်ကိစ္စမှာ ရခိုင်ပြည်သူတွေနဲ့
    အစိုးရအာဏာပိုင်တွေ ညီညွတ်သွားတဲ့ပုံစံကတစ်မျိုးပါ မတူပါဘူး။အခုကိစ္စမှာ နိုင်ငံတော်
    အစိုးရက ရင်းနှီးမြှုပ်နှံမှုတွေရှိမှ တိုင်းပြည်အတွက် ၀င်ငွေအကျိုးအမြတ်ရမယ်။ ၀င်ငွေတွေ
    ရှိနေမှ ၀န်ထမ်းတွေကို လစာပေးနှိုင်မယ်။ တည်ဆောက်ရေးလုပ်ငန်းတွေလုပ်နှိုင်မယ်။
    ဖွံ့ဖြိုးရေးတွေလုပ်နှိုင်မယ်။ တဦးချင်းဝင်ငွေ ဂျီဒီပီတွေတက်လာမယ်။ လာအိုအစိုးရဟာ
    မဲခေါင်မြစ်အောက်ပိုင်းနိုင်ငံတွေကန့်ကွက်နေတဲ့ကြားက မဲခေါင်မြစ်ကိုပိတ်ပြီးရေကာတာ
    တည်ဆောက် ဓါတ်အားတွေထုတ် တရုပ်ကိုရောင်းတယ်။ သူ့နိုင်ငံကတော့ တပါတီကွန်မြူ
    နစ်နိုင်ငံဆိုတော့ ကန်ကွက်သူမရှိဘူး။ လာအိုနိုင်ငံဟာ အဲဒီလိုအရင်းအမြစ်တွေထုတ်ယူမှု
    ကြောင့် ဂျီဒီပီတွေတက်ပြီး တဦးချင်းဝင်ငွေ မြန်မာနိုင်ငံထက်များနေတာပါ။ မြန်မာနိုင်ငံမှာ
    ဒီလိုဆန္ဒပြမှုတွေသာ အမြဲတမ်းဖြစ်နေရင် တိုင်းပြည်မတည်မငြိမ်ဖြစ်ပြီး စစ်အုပ်ချုပ်ရေးကို
    ပြန်ရောက်သွားနှိုင်ကြောင်း အစီရင်ခံအပ်ပါသည်။

  4. ဒေါ်စုရေ တရားဥပဒေစိုးမိုးရေးအတွက် ဥက္ကဌလုပ်ရတာအခက်ခဲဆုံးအလုပ်ပဲ အစိုးရကလည်း
    ပညာသားပါပါနဲ့တာဝန်ခွဲပေးထားတာတွေ့ရတယ်။
    မြန်မာပြည်ကိုတရားဥပဒေစိုးမိုဖို့ဆိုတာ ခွေးမြီးကောက်ကျည်တောက်စွပ် တာနဲ့တူပါတယ်။
    တစ်နိုင်ငံလုံးမှာ ဒီမိုကရေစီကိုခုတုံးလုပ်ပြီးတော့ ဥပဒေမဲ့လုပ်ရပ်တွေတနေ့ထက်တနေ့ များ
ဲပြားလာတာ လုံးခြုံစိတ်ချတဲ့ဘ၀ကိုမရနိုင်သေးပါဘူး။
    ၂၇ ရက်နေ့က မြ၀တီမှာ သေနတ်ထောက်ပြီးရွှေတွေ ဓါးပြတိုက်တာ ဧရာဝတီကမသိသေး
    ဘူးနဲ့တူပါတယ်။ တနိုင်ငံလုံးရဲ့အရေးကိစ္စကိုလည်း သတိပြုပေးစေချင်ပါတယ်။

  5. အထိကရုန်းဖြိုခွဲတာ ကလည်း ဘယ်သူမှမသုံးဘူးသေးတဲ့ လက်နက်နဲ့ ဖြိုခွင်းတာဖြစ်လို ဒဏ်ရာရသူများပါသည်။ ဒီလက်နက်ကိုောနောက်ထပ်ဘယ်နိုင်ငံမှမသုံးစေရန်တားပေးကြပါ။ ယခုသုံးစွဲပစ်ခတ်မိန့်ပေးသူကိုလည်းပြစ်ဒဏ်ပေးသင့်ပါသည်။

  6. မြန်မာ တိုင်းရင်းသူ

    ဖမ်းဆီး ထိမ်းသိမ်းခံထားရသူတွေ အနှိပ်စက် မခံရပါစေနဲ့။
    ဒဏ်ရာ အနာတရ ရရှိသူတွေ အမြန်ဆုံး ပျောက်ကင်းပါစေ။
    ဒေသခံတွေ ဦးဆောင် စတင် လုပ်ပေမယ့် ဧရာဝတီလိုပဲ တနိုင်ငံလုံးနဲ့ သက်ဆိုင်ပါတယ်။ နိုင်ငံရဲ့ သယံဇာတ ထုတ်ရောင်းပေမယ့် ပတ်ဝန်းကျင် သဘာဝတွေ မပျက်ဆီးဘို့ အဓိက ထားရပါမယ်။

  7. Help mommy Su

  8. I write it again because I didn’t see previous comment I wrote.

    WHY Daw Aung San Su Kyi, champion of human rights & justice, is so silent on
    this tragic incident, could not even utter ” Use of force against the peaceful protest of the aggrieved citizens by the self proclaimed reformist government is extremely deplorable and undemocratic.”
    It seems she is in the same boat with the government who publicly admitted they are afraid of China.

  9. အမေရယ် ကြိုးစားလည်း မလွယ်ပါဘူး…လွှတ်တော်မှာ ပိုင်ဆိုင်မှု့ ကိုတင်ပြကြဖို့ အဆိုတင်သွင်းတော့ လည်း ပြင်းပြင်ထန်ထန် ကန့် ကွက်ကျတာဘဲလေ၊တိုင်ပြည်အတွက် အဖက်ဖက်က မသန့် ရှင်းဘူးဆိုတာ အကုန်သိနေတာဘဲလေ

  10. ဖိုးလုံး

    ဒေသခံတွေဆန္ဒပြတာကို မလိုလားဘူး။ တရုတ်ကြီးကိုလည်းကြောက်လို့ပဲဖြစ်ဖြစ် မိတ်ပျက်မှာစိုးလို့ပဲ ဖြစ်ဖြစ်၊ ဒီစီမံကိန်းက တကယ်ပဲ ပြည်သူ့အကျိုး တိုင်းပြည်အကျိုးရှိမဲ့ဟာဆိုရင် စာရင်းဇယားနဲ့ချပြလိုက်လေ။ မချပြရဲဘူးလား။ အဲ..ဆန္ဒပြနေတဲ့ပြည်သူတွေကို ငြိမ်သွားစေချင်တယ်၊ စီမံကိန်းလည်ဖျက်လို့မဖြစ်ဘူးဆိုရင် သူတို့ရဲ့ဘ၀တွေကို အခုထက်ပိုကောင်းအောင်စီစဉ်ပေးလိုက်ကြပေါ့။ အခုတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကိုယ်ပြည်သူစိတ်ချမ်းသာအောင်လုပ်ပေးဖို့မစဉ်းစားပဲ အဓမ္မအင်အားသုံးဖြေရှင်းတော့ လူကြားမကောင်းဖြစ်ကြရတာပေါ့။ ဒီလိုအစိုးရမျိုးကိုရော ဘယ်လိုပြည်သူမျိုးက ယုံကြည်အုံးမှာလဲ။

  11. မင်းကြီးညို ခင်ဗျားပြောတာကိုလက်ခံတယ်..ဒါပေမယ့် ..အကုန်လုံးမပာုတ်ဘူး..လာအိုအစိုးရက နိုင်ငံပိုင်သံယံဇာတတွေနဲ့ သူနိုင်ငံကိုတည်ဆောက်တယ်ဆိုတာ လက်ခံတယ်..သူနိုင်ငံကောင်းအောင်လုပ်သွားတာ၊အခု လူဝတ်လဲ တဲ့ လူတွေက..အရင် ၂၃နှစ်လုံး စစ်အစိုးရ လက်ထက်မှာ သူ့ နေရာကနေပါဝင်နေတဲ့ သူကြီးဘဲ..ဦသန်းရွှေ နဲ့ ဦးမောင်အေး ဘဲအနားယူသွားတာ..အဲ့ ဒီအချိန်တည်းက အဲ့ ဒီလူတွေပာာ တိုင်ပြည်ပေါ်မှာ လာအို ကခေါင်းဆောင်တွေလို စိတ်ဓါတ်နဲ့  တိုင်ပြည်ထူထောင်ေ၇းကို အဂတိတရား ကင်းကင်းနဲ့ လုပ်ခဲ့ မယ်ဆိုရင် ခင်ဗျား နဲ့ ကျွန်တော်တောင် ဒီလိုအချိန်ကုန်ခံပြီး ကွန်မန့် ရေးနေစရာတောင်မလိုပါဘူး..ခင်ဗျုားပြောတဲ့  အ၀တ်လဲအစိုးရပာာ မွေးရာပါအော်ရီဂျင်နယ် သူဌေးတွေလား..နိုင်ငံပိုင်သံယံဇာတတွေကို ဦးသန်းရွှေနဲ့ မောင်အေး ၂ယောက်တည်းယူပြီးထွက်သွားတာမပာုတ်ဘူး။အခုပာာက လူကော မူ ကောမယုံတာ..မူဆိုတာက မနေ့ တစ်နေ့ ကမှဖွဲ့ တာဆိုတော့ တစ်ချိန်လုံးအမှောင်ထဲမှာ နေနေရတဲ့ ပြည်သူက အပြည့် အ၀နားမလည်သေးတော့ အတိုင်းအတာတစ်ခုထိတော့ လက်ခံမယ်။လူကိုကတော့ ဘယ်လိုမှလက်မခံနိုင်ကြဘူး၊ခင်ဗျားလည်းလွတ်လပ်စွာပြောပိုင်ခွင့် ရှိပါတယ်၊သေသေချာချာစဉ်းစာပြီမှရေးရင် ဒီမှာ ကွန်မန့် ရေးတဲ့ ဘော်ဒါတွေအားလုံး ခင်ဗျားရဲ့ IQကိုလေးစားသွားမှပါ…တာ့ တာ့ ဘော်ဒါ

  12. ကျွန်မမှာ အားနည်းချက်တွေရှိလို့ ဆိုရင်လည်း ၀ိုင်းပြီးတော့ ပြုပြင်ပေးကြပါ။ ကျွန်မ လက်ခံဖို့ အဆင်သင့်ပါပဲ။ ဒါပေမဲ့ ကျွန်မတို့ ပြည်သူတွေ ကလည်း သေသေချာချာ စဉ်းစားပါ။ သဘောထားကြီးရမယ်။ ရေရှည်အမြင်ရှိရမယ်။ ကျွန်မတို့နိုင်ငံမှာ အဓိကလိုအပ်ချက်က အမျိုးသားပြန်လည် ရင်ကြားစေ့ရေးပဲ။
    အမျိုးသားပြန်လည်ရင်ကြားစေ့ရေးဆိုတာ ဘာလဲဆိုတော့ ဆယ်စုနှစ်ပေါင်းမြောက်မြားစွာ ကွာဟနေတဲ့ အသင်းအဖွဲ့တွေ၊ တိုင်းရင်းသားလူမျိုးတွေ၊ အုပ်စုတွေ စုစည်းပြီးတော့ နိုင်ငံ့အကျိုးအတွက်အတူ စွမ်းဆောင်နိုင်ဖို့ကိစ္စဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့ ဆိုလို့ရှိရင် ကျွန်မတို့ ပြည်သူအားလုံးဟာ ရေရှည်အမြင်နဲ့လုပ်ဖို့ လိုပါတယ်။ အဲ့ဒီလို ရေရှည်အမြင်နဲ့လုပ်မှ ကျွန်မတို့ အောင်မြင်နိုင်မှာပါ

    •ိဒေါ်စုနာက်ပြန်လှက်နိုင်သည်

      သံဃာ နဲ ပြည်သူကိုတော့ လက်လေးရှုပြီး တီပြတ်သာနာကို မရှင်လိုက်ပါနဲ