သတင်း

ဦးဂမ္ဘီရကို အစိုးရ ရုတ်တရက် ပြန်ဖမ်း

Hits:1
  | |
Print This Post

လူဝတ်မလဲမီ ဇွန်လက တွေ့ရသည့် အရှင် ဂမ္ဘီရ (ဓာတ်ပုံ – Reuters)

လက်ပံတောင်းတောင် အကြမ်းဖက်ကို ပြည်တွင်း၊ ပြည်ပ သံဃာတော်တွေနဲ့ လူထုတွေက ဆန္ဒပြတောင်းဆိုမှုတွေ ပြုလုပ်နေချိန် ၂၀၀၇ ရွှေဝါရောင်လှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ အရှင်ဂမ္ဘီရ ခေါ် ကိုညီညီလွင်ကို အာဏာပိုင်တွေက ရုတ်တရက် ဖမ်းဆီးလိုက်ပါတယ်။

ထောင်က လွတ်လာစဉ်ကာလက အကျဉ်းထောင်က လွတ်မြောက်လာတဲ့ သံဃာတော်တွေ သီတင်းသုံးနေထိုင်စရာ မရှိတဲ့အတွက် ချိတ်ပိတ်ထားတဲ့ မဂ္ဂင်ကျောင်း၊ ခြောက်ထပ်ကြီးကျောင်းနဲ့ သံလျင်က ဘုန်းကြီးကျောင်းတွေကို အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ် ဝင်ရောက်နေထိုင်မှု အကြောင်းပြချက်နဲ့ ယခုလ ၁ ရက်နေ့က ဖမ်းဆီးလိုက်တာလို့ သိရပါတယ်။

ကိုညီညီလွင်ရဲ့ ပြစ်မှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော် သံဃာ့မဟာနာယက ဆရာတော်ကြီးတွေရဲ့ သြဝါဒခံယူပြီး ကျေအေးမှု ရှိပြီးဖြစ်ပေမယ့် လက်ပံတောင်းတောင် ကိစ္စမှာ ပါဝင်လာမှာ စိုးတဲ့အတွက် အမှုဟောင်းကိုဖော်ပြီး ဖမ်းဆီးလိုက်တယ်လို့ ယူဆကြောင်း မိခင်ဖြစ်သူ ဒေါ်ရေးက ပြောပါတယ်။

“အခု သူက ကျန်းမာရေးမကောင်းလို့ ဆေးကုနေတုန်းပဲ ရှိသေးတယ်၊ သူ့ဦးနှောက်ကလည်း ပုံမှန်အနေအထား မရောက်သေးဘူး။ ဒီအမှုတွေကလည်း သံဃာ့မဟာနာယကက သာဓုခေါ်ပြီး အဆုံးသတ်သွားပြီလေ။ သူကလည်း သံဃာတွေနဲ့က ရင်းနှီးကျွမ်းဝင်မှုကလည်းရှိနေတော့ လက်ပံတောင်းတောင် ကိစ္စမှာ သူပါရင် ပိုပြီးအုံကြွလာမှာ စိုးတဲ့အတွက် ဖမ်းလိုက်တယ်လို့ ထင်တယ်” လို့ ဒေါ်ရေးက ဧရာဝတီ ကိုပြောပါတယ်။

ကိုညီညီလွင်ဟာ မိခင်ဖြစ်သူ ဒေါ်ရေးနဲ့အတူ ၂၉ ရက်နေ့မှာ မိတ္ထီလာကနေ ရန်ကုန်မြို့ကိုရောက်ရှိခဲ့ပြီး နောက်တနေ့ ဗြိတိသျှသံရုံး သံအရာရှိနဲ့တွေ့ဆုံခဲ့ပါတယ်။ ယခုလ ၁ ရက်နေ့မှာ သင်္ဃန်းကျွန်း ရဲစခန်းက ထောင်ကလွတ်စက ဖြစ်ပျက် ခဲ့မှုတွေကို ပြန်ဖော် ဖမ်းဆီးခဲ့တာဖြစ်ပြီး ယခုအခါ အင်းစိန်ထောင်ကို ပို့လိုက်ပြီလို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေး တောင်းဆိုတဲ့ သပိတ်စခန်းတွေကို အာဏာပိုင်တွေက နိုင်ဝင်ဘာလ ၂၉ ရက်နေ့ မနက်လင်းအားကြီးအချိန်မှာ အကြမ်းဖက် ဖြိုခွင်းခဲ့တဲ့ အတွက် သံဃာနဲ့ လူပုဂ္ဂိုလ် မူလက ၇၀ ခန့် ရှိပြီး နောက်တိုး စာရင်းများအရ ၁၀၀ ဦးခန့်အထိ မီးလောင်ဒဏ်ရာတွေ ရရှိခဲ့ကြကြောင်း သိရပါတယ်။

“မုံရွာဆေးရုံကြီးမှာက တချို့သံဃာတော်တွေ ကုနေရင်းက အနာတွေရင်းပြီး ကြီးလာတယ်။ နောက် ဖြစ်ဖြစ်ချင်း ဆေးရုံတက် မကုရဲဘဲ ပုန်းရှောင်နေတဲ့ သံဃာတွေ၊ လူထုတွေကလည်း အနာတွေရင်းလာတော့ ဒေသတွင်းမှာ လိုက်ရှာစုဆောင်းပြီး ဒီမန္တလေး ဆေးရုံကြီးကို ပြောင်းလာတယ်။ ဒီမှာလည်း ဆေးရုံအုပ်က တချို့ဒဏ်ရာ သိပ်မပြင်းတဲ့ သံဃာတွေကို ဆင်းခိုင်းနေလို့ အဆင်မပြေ ဖြစ်နေတယ်” လို့ အကူအညီပေး ဆောင်ရွက်နေတဲ့ သံဃာတော်တပါးက ဧရာဝတီကို မိန့်ကြားပါတယ်။

မီးလောင်ဒဏ်ရာ ရရှိခဲ့တဲ့ သံဃာတော် ၈၉ ပါးနဲ့ လူပုဂ္ဂိုလ် ၉ ဦးတို့ကို ဒေသခံ လူမှုအသင်းအဖွဲ့များက မုံရွာ ပြည်သူ့ ဆေးရုံကြီးမှ မန္တလေး ပြည်သူ့ဆေးရုံကြီးမှာ ကုသဖို့ အားလုံးကို ရွှေ့ပြောင်းလိုက်ပြီ ဖြစ်ကြောင်း သံဃာတော်တွေက မိန့်ကြားပါတယ်။

လက်ပံတောင်း သပိတ်စခန်းတွေကို အကြမ်းဖက် တိုက်ခိုက်ခဲ့တဲ့အပေါ် ပြည်တွင်း ပြည်ပရှိ သံဃာတော်တွေ၊ လူထုတွေက ဆန္ဒပြခဲ့ကြပြီး ဆန္ဒပြသူတွေကိုလည်း အာဏာပိုင်တွေက ထပ်ဆင့်ဖမ်းရှိမှုတွေ ရှိနေပါတယ်။

လက်ပံတောင်းတောင် အကြမ်းဖက်မှုကို ဖော်ထုတ်ပေးပြီး စီမံကိန်း ရပ်တန့်ပေးဖို့ နိုဝင်ဘာ ၃၀ ရက်နေ့က ရန်ကုန်မြို့ ဆန္ဒထုတ်ဖော်မှုမှာ ဦးဆောင် ပါဝင်ခဲ့တဲ့ မျိုးဆက်သစ်လူငယ်များ အစည်းအရုံးက ကိုမိုးသွေးနဲ့ ပြည်သူ့အကျိုးဆောင် ကွန်ရက်က ကိုအောင်စိုးတို့ကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်လိုက်ပါတယ်။

ဒါ့အပြင် နိုဝင်ဘာ၂၆ ရက်နေ့က လက်ပံတောင်းတောင် စီမံကိန်း ရပ်တန့်ရေးအတွက် ဆူးလေးဘုရားအနီးမှာ ဆန္ဒပြခဲ့တဲ့ ဒေါ်နော်အုန်းလှ၊ ဒေါ်ရှမ်းမ၊ ကိုညီညီ၊ ကိုဝေဠု၊ ကိုရဲလင်းနှင့် ကိုမျိုးချစ်တို့ကိုလည်း ပုဒ်မ ၅၀၅ (ခ) နဲ့ ကျောက်တံတား၊ ပန်းပဲတန်း မြို့နယ် တရားရုံးတွေမှာ ဒီကနေ့ ရရုံးထုတ် စစ်ဆေးခဲ့ပါတယ်။

ဒီမိုကရေစီအစိုးရ စနစ်ကို သွားနေပြီလို့ ကြွေးကျော်နေတဲ့ လက်ရှိအစိုးရသစ် အနေနဲ့ ပြည်သူလူထုတွေရဲ့ ဆန္ဒထုတ်ဖော်မှုတွေအပေါ် ကိုင်တွယ်မှုနဲ့ ပတ်သက်ပြီး ရှုတ်ချကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီရဲ့ နာယကတဦးဖြစ်သူ ဦးဝင်းတင်က ပြောပါတယ်။

“ကိုင်တွယ်တဲ့ ပုံစံတခုလုံးကို ကျနော်ကတော့ ရှုတ်ချတယ်၊ ကန့်ကွက်တယ်ဆိုတာ ဒေါ်စု မသွားခင် စဖြစ်တဲ့ နေ့ကတည်းက ကျနော်ပြောပြီးသား။ ဒီလိုကိုင်တွယ်တာတွေ ကျနော်တို့လက်မခံဘူး၊ ဒီလိုလုပ်လို့လည်း မရဘူး။ အထူးသဖြင့်ကတော့ ဒီမိုကရေစီ အပြောင်းအလဲအစိုးရ ဘာညာဆိုပြီးတော့ ကြွေးကျော်နေပြီးတော့ အခုလိုလုပ်တာဟာ စကားနဲ့မညီဘူးလည်း ဖြစ်နေတယ်” လို့ ဦးဝင်းတင်က ပြောပါတယ်။

ဒါ့အပြင် “နောက်ထပ် အဖမ်းအဆီးတွေ မဖြစ်အောင် ဒေါ်စုကလည်း တာဝန်ခံတယ်လို့ ပြောတာကို ကျနော်ကတော့ ကောင်းတယ်လို့ မြင်တယ်။ ဒေါ်စုလည်း စကားတည်အောင်လုပ်မယ်၊ သြဇာညီအောင်တော့ လုပ်မှာပဲ။ အဲဒါကြောင့် ဒီလို အဖမ်းအဆီးတွေနဲ့ ပတ်သက်ရင် သူ့ကိုတိုင် လူထုရှေ့မှောက် သတင်းစာဆရာတွေကိုလည်း ပြောတဲ့ဟာဆိုတော့ သူဒါနဲ့ပတ်သက်ပြီး ရဲရဲဝံ့ဝံ့ တာဝန်ခံချက်ရှိတယ်လို့ ကျနော်ကတော့ မြင်တယ်” လို့ ဦးဝင်းတင်က ဆက်ပြီးပြောပါတယ်။

လက်ပံတောင်းတောင် အရေးနဲ့ ပတ်သက်ပြီး သံဃာနဲ့ ပြည်သူများကို အကြမ်းဖက်နှိမ်နင်းခြင်း၊ ဆန္ဒပြသူတွေကို ဖမ်းခြင်းနဲ့ ယခုကိစ္စမှာ ပါဝင်ပတ်သက်ခြင်းမရှိသော ဦဂမ္ဘီရ ခေါ် ကိုညီညီလွင်ကို ရုတ်တရက် ဖမ်းဆီးခြင်းတို့သည် သံဃာနဲ့ ပြည်သူတွေကို သွေးကြွအောင် လှုံ့ဆော်မှုလုပ်နေသလို ဖြစ်နေကြောင်း၊ အစိုးရအနေဖြင့် ရိုးသားမှုရှိလျှင် လက်ပံတောင်းအရေး လွယ်ကူစွာရှင်းလင်းနိုင်ပြီး ဆန္ဒထုတ်ဖော်မှုများလည်း ရှိမှာမဟုတ်ကြောင်း မစိုးရိမ်တိုက်သစ် အရှင် ဝီရသူက မိန့်ကြားသည်။

“ဦးဂမ္ဘီရကို ဆူပူအုံကြွမှုလမ်းကြောင်းပေါ်ကို ဆွဲတင်မယ်လို့ ယူဆပြီးတော့ တခြားမြို့တွေ မကူးစက်အောင် ထိန်းသိမ်းမယ်ဆိုလို့ ရှိရင်တော့ ဦးပဉ္ဇင်းတို့ လက်ခံနိုင်တာပေါ့၊ အဲလိုမဟုတ်ဘဲနဲ့ ဆူပူအောင် တမင်ဖန်တီးတဲ့ အနေနဲ့ သံဃာတွေကို ထိခိုက်ထားလို့ ပြည်သူတွေက ဒေါသဖြစ်နေတဲ့ ဒီအချိန်မှာ အမှုဟောင်းတွေကိုလည်း ထပ်ဖမ်းနေတယ်၊ ဆန္ဒပြတဲ့လူတွေကိုလည်း ဆက်ဆွဲနေတယ်ဆိုရင် ပြည်သူတွေရဲ့ဒေါသကို အရှိန်မြှင့်ပေးနေတယ်ဆိုရင်တော့ အစိုးရက တရားခံပဲဗျ” လို့ အရှင် ဝီရသူက ဧရာဝတီသို့ မိန့်ကြားပါတယ်။

လက်ပံတောင်းတောင် အရေးဖြေရှင်းရန် အစိုးရက စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခဲ့ပေမယ့် အဲဒီအဖွဲ့အတွင်းမှာ ထိုစီမံကိန်း အကြောင်း နားလည်မှုနည်းပါးသူများ၊ တရားမျှတစွာ ဆုံးဖြတ်ပေးမယ့်သူများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ဝင်များ၊ လွတ်လပ်သောအဖွဲ့များ မပါဝင်တဲ့အတွက် ဒေသခံတွေက စနေနေ့က ဆက်လက် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး လက်ပံတောင်းတောင် သပိတ်မလှန်သေးကြောင်း ကြေညာထားလိုက်ပါတယ်။


WSJ LIVE VIDEO:

10 Responses

Leave a Reply

  1. ထင်မြင်ချက်တခုအနေနဲ့ဆိုရင်အရေးအခင်းနဲ့အကြမ်းဖက်မှုတွေဟာလက်ရှိအစိုးရရဲ့တီတွင်မှုပါ ဘဲ၊ဘာကြောင့်လဲဆိုရင်ရခိုင်အရေးအခင်းကိုမဖြေရှင်းနိုင်သေးခင်လူထုရဲ့စိတ်ဝင်စားမှုကိုလက် ပံတောင်းတောင်အကြမ်းဖက်မှုဘက်ကိုလှည့်လိုက်တာပါဘဲ၊အဲဒီကနေတဆင့်ဘုန်းတော်ကြီး တချိုနဲ့ကိုညီညီလွင်တို့ကိုဖမ်းဆီးခြင်းမှတနိုင်ငံလုံးတွင်လူထုနှင့်သံဃာတော်များအုံကြွမှုဖြစ် လာစေခြင်းကိုအစိုးရမှတမင်လိုလား၍ဖန်တီးနေခြင်းလားနိုင်ငံအတွင်းငြိမ်သက်မှုမရှိခြင်းကို ပြသ၍နောက်ပြန်လှဲ့ရန်ရည်ရွယ်ခြင်းလား၊အကြောင်းဆက်၍ရခိုင်အရေးအခင်းအတွင်းဖြစ် ရပ်တခုကိုတင်ပြလိုပါသည်၊ရခိုင်နှင့်ဘင်ဂါလီတို့အကြားတိုက်ခိုက်မှုများဖြစ်ပွါးနေချိန်တွင် ဗုဒ္ဒဘာသာဝင်မရမာကြီးလူမျိုးများ၏နေအိမ်အလုံး ၂၀ ကျော်ကိုဖျက်ဆီးပြီးသူတို့၏ပိုင် ဆိုင်မှုများကိုပါသိမ်းဆီးပြီးနေရပ်မှမောင်းထုပ်ခြင်းခံခဲရပါသည်၊ထိုဖျက်ဆီးခြင်းများကိုဦး ဆောင်သူများမှာရခိုင်တိုးတက်ရေးပါတီဥက္ကဋ္ဌ နှင့်နာရေးအဖွဲ့ခေါင်ဆောင်ဦးအေးသာ ဇံတို့သာလျှင်ဖြစ်ပါသည်၊သူတို့၏ပိုင်ဆိုင်မှုများကိုသိမ်းပိုက်ရန်ဗုဒ္ဒဘာသာဝင်အချင်းချင်း တိုက်ခိုက်ခြင်းဖြစ်ပါသည်၊ထိုအကြောင်းအရာအားလုံးကိုသမတကြီးကိုတိုင်ကြားထားသော် လည်းကနေ့အထိထူးခြားမှုမရှိသေးပါ၊ ရခိုင်တိုးတက်ရေးပါတီကိုသမတကြီး ကိုယ်တိုင်ခွင့်ပြုချက်ပေးထားခြင်းဖြစ်နေပါသလား၊ရခိုင်အရေးအခင်းတရာခံများကိုဖေါ်ထုတ် အရေးယူမည်ဆိုပြီးဒေါက်တာထွန်းအောင်ကိုဘာမဟုတ်သည့်စုတောင်းပွဲကိုရည်ညွန်းပြီး ထောင် ၁၂ နှစ်ချမှတ်ခဲ့ပြီးကနေ့ဒေါက်တာအေးသာဇံတို့အဖွဲ့ကြတော့လွတ်လပ်နေခြင်းကသက်သေထူ နေပါသည်။

  2. ရခိုင်ပြည်နယ်မြောက်ဦးမြို့အလယ်ဈေးအုပ်စုကြက်လျှာကျွန်းရပ်ကွက်နေဗုဒ္ဒဘာသာဝင်မရမာ ကြီးလူမျိုးများအားရခိုင်အမျိုးသားတိုးတက်ရေးပါတီ RNDP ဝင်များကမင်းမဲ့စရိုက်ပုံစံဖြင့် ၁၂.၆.၂၀၁၂ နေ့ကဝင်ရောက်ဖျက်ဆီးခဲ့သဖြင့်မိသားစုဝင် ၂၁ ဦးခန့်အိုးမဲ့အိမ်မဲ့ဘဝဖြင့်ရန် ကုန်သို့ထွက်ပြေးလာခဲ့ရပြီးမိသားစုတစုထဲမှကျပ်သိန်း ၃၅၀၀ ဘိုးခန့်ပျက်ဆီးဆုံးရှုံးခဲ့ရ သည့်ဖြစ်ရပ်ဖြစ်ပွါးခဲ့ပါသည်၊ထိုဖြစ်ရပ်အားရခိုင်ပြည်နယ်စုံစမ်ရေးကော်မရှင်မှစုံစမ်သောအခါ ဘင်ဂါလီအိမ်တွေနဲ့မှားပြီးဖျက်လိုက်တာဟု RNDP မှဦးထွန်းလှိုင်ကဖြေကြားခဲ့ကြောင်း ကျပ်သိန်းထောင်ချီဆှုံးရှုံးခဲ့ရသည့်ဦးညီညီထွေးမှပြောကြားသည်။(မရမာကြီးလူမျိုးများမှာနှစ် ပေါင်းများစွာထိုရပ်ကွက်တွင်နေထိုင်သူများဖြစ်ပါသဖြင့်ဘင်ဂါလီများနှင့်အိမ်မှား၍ဖျက်ဆီး သည်ဆိုခြင်းမှာမဖြစ်နိုင်သောဇာတ်လမ်းတခုပါ)RNDP အဖွဲ့ဝင်များနေ့လယ်ကြောင် တောင်ဒုတ်ဒါးလက်နက်များဖြင့်ဖျက်ဆီးနေချိန်တွင်လမ်းမ ကြီးပေါ်တွင်လုံခြုံရေးများဆိုင်ကယ်များဖြင့်ဖြတ်သန်းသွါးလါနေပါသော်လည်းတစုံတရာတား ဆီးခြင်းမရှိကြောင်းကာယကံရှင်မိသားစုများမှသိရပါသည်။ဝင်ရောက်ဖျက်ဆီးသူများတွင် ဦးထွန်းလှိုင်(ရခိုင်အမျိုးသားတိုးတက်ရေးပါတီ)ဒေါက်တာဦးအေးမောင်ဇံ(နာရေးကူညီမှုအသင်းနာယကကြီး)ဦးရွှေတင်(နာရေးကူညီမှုအသင်းအတွင်းရေးမှုး)ဦးမောင်သန်း(ဈေးကော် မတီဥက္ကဋ္ဌ)ဦးလှမောင်(ရယကစာရေး)နှင့်အပေါင်းအပါများဖြစ်ပါသည်။ အထက်ပါပထမ (Comment)တွင်ဒေါက်တာဦးအေးမောင်ဇံအမည်နေရာ၍ဦးအေးသာဇံဟုမှားယွင်းသုံးဆွဲမိပါ သဖြင့်ခွင့်လွှတ်ပါရန်ပန်ကြားအပ်ပါသည်။

  3. Dogs are always dogs. Wolves are always wolves. Burmese crooked generals are always crooked generals. Even if you put the dog’s tail in the bamboo, the dog’s tail will not become straight when you pull it out of the bamboo. The leopard will never change its spots and the Ethiopian man will not change his skin. So, the Burmese military junta will be remembered as crooked and wicked in history.The only thing we can hope is the Union of Burma will be better off without military. We all can take care of our village, township and state/division. If we let the cats watch the fried fish, then they will eat them all. The crooked and wicked military needs to stay away from us. We do not need them at all, we did not need them, we do not need them, and we will not need them. Only stupid people join evil military service.

  4. တစ်ကယ်တော့သံဃာအလုပ် သံဃာလုပ်နေရင်ဘာပြဿနာမှမရှိနိုင်ပါဘူး၊သာသနာမှာသံဃာလုပ်ရမဲ့အလုပ်တွေက၊ပဋိဝေဒ ၊ပဋိပတ္တိ၊နဲ့ပဋိယတ္တျိတွေပါပဲ၊တစ်ကယ်လုပ်ရင်ဆွမ်းဘုန်းပေးချိန်တောင်မရှိဘူး၊ဘယ်ဘာသာ ရေးကမှနိုင်ငံရေးဝင်မစွက်ဘို့ပြဋ္ဌာန်းထားပြီးသားလေ။ဒါကြောင့်ုသာသနာ့နွယ်ဝင်တွေမဲပေးခွင့် မပြုတာပေါ့၊အခုလှုတ်ရှားနေတဲု့ဘုန်းကြီးတွေဘုရားရဲ့ဝိနည်းပညတ်တော်တွေကိုဖေါက်ဖျက်နေကြတာအထင်အရှားဘဲပေါ့၊ဆင်ခြင်သင့်ကြပါတယ်။

    • သောက်ရူး- မိချောင်းမင်း ရေခင်းပြနေတယ်။ သံဃာတွေမပါလဲ ဒီလိုအကြမ်:ဖက်မှူက ဖြစ်မှသေခြာတယ်။ အခြေခံ ဥပဒေက တရားမျှတမှူမှ မရှိတာ။ ကချင်ပြည်နယ်မှာ အကြမ်းဖက်သတ်ဖြတ်နေတာ- ဘယ်သံဃာပါလို့ လဲ- အစိုးရ သောက်သုံးမကျလို့ ဖြစ်နေတဲ့ အကြမ်းဖက်မှူတွေကွ။ ပြဿနာရဲ့ ဇာတ်မြစ်ကို သေသေချာချာ မြင်အောင်ကြည့်-

      • မြန်မာ တိုင်းရင်းသူ

        အဲသည် balance ဆိုတဲ့ဟာ အလကား ရူးချင်ယောင်ဆောင်ပြီး အပြစ်လျော့အောင် လာရေးနေတာ။ သံဃာကိစ္စ တကယ်လုပ်ရင် ဆွမ်းဘုန်းပေးချိန်မရှိဘူး ဆိုတာ ဟုတ်တယ်။ ဒါပေမယ့် အဲသလို သံဃာကိစ္စပဲ လုပ်နိုင်အောင် ဆွမ်းအသင့်ချက်ပြီး ကပ်သူ လှုသူ ရှိမှ လုပ်နိုင်မှာကို တွေးတတ်တဲ့ ဦးနှောက် balance ဆိုတဲ့ သတ္တ၀ါမှာ မရှိဘူး ထင်တယ်။ ဒါကြောင့် သံဃာတွေက ဆွမ်းကွမ်းတကာတွေ ကောင်းကျိုး ၀င်ကူ လုပ်ပေးတာ၊ balance နာမနေနဲ့။

  5. အထက်ကထင်မြင်ချက်အတိုင်းပဲပေါ့…
    အပြစ်မရှိအပြစ်ရှာတာတော်တယ်..ထင်မြင်ချက်တခုအနေနဲ့ဆိုရင်အရေးအခင်းနဲ့အကြမ်းဖက်မှုတွေဟာလက်ရှိအစိုးရရဲ့တီတွင်မှုပါ ဘဲ၊ဘာကြောင့်လဲဆိုရင်ရခိုင်အရေးအခင်းကိုမဖြေရှင်းနိုင်သေးခင်လူထုရဲ့စိတ်ဝင်စားမှုကိုလက် ပံတောင်းတောင်အကြမ်းဖက်မှုဘက်ကိုလှည့်လိုက်တာပါဘဲ၊အဲဒီကနေတဆင့်ဘုန်းတော်ကြီး တချိုနဲ့ကိုညီညီလွင်တို့ကိုဖမ်းဆီးခြင်းမှတနိုင်ငံလုံးတွင်လူထုနှင့်သံဃာတော်များအုံကြွမှုဖြစ် လာစေခြင်းကိုအစိုးရမှတမင်လိုလား၍ဖန်တီးနေခြင်းလားနိုင်ငံအတွင်းငြိမ်သက်မှုမရှိခြင်းကို ပြသ၍နောက်ပြန်လှဲ့ရန်ရည်ရွယ်ခြင်းလား၊အကြောင်းဆက်၍ရခိုင်အရေးအခင်းအတွင်းဖြစ် ရပ်တခုကိုတင်ပြလိုပါသည်၊ရခိုင်နှင့်ဘင်ဂါလီတို့အကြားတိုက်ခိုက်မှုများဖြစ်ပွါးနေချိန်တွင် ဗုဒ္ဒဘာသာဝင်မရမာကြီးလူမျိုးများ၏နေအိမ်အလုံး ၂၀ ကျော်ကိုဖျက်ဆီးပြီးသူတို့၏ပိုင် ဆိုင်မှုများကိုပါသိမ်းဆီးပြီးနေရပ်မှမောင်းထုပ်ခြင်းခံခဲရပါသည်၊ထိုဖျက်ဆီးခြင်းများကိုဦး ဆောင်သူများမှာရခိုင်တိုးတက်ရေးပါတီဥက္ကဋ္ဌ နှင့်နာရေးအဖွဲ့ခေါင်ဆောင်ဦးအေးသာ ဇံတို့သာလျှင်ဖြစ်ပါသည်၊သူတို့၏ပိုင်ဆိုင်မှုများကိုသိမ်းပိုက်ရန်ဗုဒ္ဒဘာသာဝင်အချင်းချင်း တိုက်ခိုက်ခြင်းဖြစ်ပါသည်၊ထိုအကြောင်းအရာအားလုံးကိုသမတကြီးကိုတိုင်ကြားထားသော် လည်းကနေ့အထိထူးခြားမှုမရှိသေးပါ၊ ရခိုင်တိုးတက်ရေးပါတီကိုသမတကြီး ကိုယ်တိုင်ခွင့်ပြုချက်ပေးထားခြင်းဖြစ်နေပါသလား၊ရခိုင်အရေးအခင်းတရာခံများကိုဖေါ်ထုတ် အရေးယူမည်ဆိုပြီးဒေါက်တာထွန်းအောင်ကိုဘာမဟုတ်သည့်စုတောင်းပွဲကိုရည်ညွန်းပြီး ထောင် ၁၂ နှစ်ချမှတ်ခဲ့ပြီးကနေ့ဒေါက်တာအေးသာဇံတို့အဖွဲ့ကြတော့လွတ်လပ်နေခြင်းကသက်သေထူ နေပါသည်။

  6. အထက်ကထင်မြင်ချက်အတိုင်းပဲပေါ့…
    အပြစ်မရှိအပြစ်ရှာတာတော်တယ်..
    လုပ်နေကြအလုပ်ပဲလေ။။

    • မြန်မာ တိုင်းရင်းသူ

      သေချာပါတယ်။ သည်အတိုင်း တိုင်းပြည်အာဏာ တက်သိမ်းလိုက်လျှင် သိပ် ပေါ်ထင် ဖြစ်လွန်းလို့ တတိုင်းပြည်လုံး မဆူ ဆူအောင် ပွဲလှန့်နေတာ။

  7. မြန်မာပြည်သား

    လူတွေ တွေတော့ကြ ဘ၀ရှေ့အတွက်
    အပြစ်ပဲမြင်နေကြတာလား၊ မင်းအမှန်ရှိ၇ဲလား